Chapter 61
Viewers 14k

🌌Chapter 61



လုမော့ : "ခဏလောက် နားကြရအောင်..."


"ရတယ်​လေ..."


အမျိုးသမီးဇာ့ဂ်က ခလုတ်တစ်ခုကို နှိပ်လိုက်ရာ အံ့သြစရာ​ကောင်းသည့် အနက်​ရောင် အခန်းကန့်​လေးက ​နှေး​​ကွေးစွာ မြင့်တက်လာပြီး အ​ရှေ့နှင့်အ​နောက်မှအသံများကို သီးသန့်ခွဲခြားလိုက်​ပေသည်။


လု​မော့ : "ဝိုး..."


၎င်းက ယာယီမိုဘိုင်းလ်ဖုန်းတွင် မှော်ဆန်သည့်

ဆင်းမ်ကတ်နှစ်ခု လုပ်ဆောင်ချက်ပါရှိသကဲ့သို့ပင် မရှင်းပြတတ်​အောင်ပင် လက်တွေ့ကျ​ပေသည်။ 


"​ကောင်းပြီ ငါ့ရဲ့ချစ်ဇနီး​လေး အခုအဲ့​လောက်မ​ကြောက်နဲ့​တော့..."


လု​မော့ ​ခေါင်းငုံ့လိုက်ရာ မ​မျှော်လင့်ထားသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။


လင်းက ကားပြတင်း​ပေါက်ကို အားနည်းစွာ မှီထားလျက် သူ့မျက်နှာက ကြက်​သွေး​ရောင်ထ​နေကာ မျက်လုံးများက မြူဆိုင်းကာ​ဝေဝါး​နေပြီး မျက်လုံးသူငယ်အိမ်များက ကျယ်ပြန့်​နေ​ပေသည်။


သူ့တစ်ကိုယ်လုံးက တုန်ယင်​နေကာ တီးတိုးညီးညူ​နေ​လေသည်။

"ငါ..."


"ငါမ​ကြောက်ပါဘူး..."

လင်း ဗလုံးဗ​ထွေး​ရေရွတ်လိုက်သည်။


လု​မော့  "..."


သူ့စိတ်တွင်းတွင် တစ်ဖက်က ကျိုး​ကြောင်းဆင်ခြင်​နေသော်လည်း - 

"မဟုတ်ဘူး...ဒီလိုလုပ်လို့ မဖြစ်ဘူး...ငါတို့က ကားထဲမှာပဲရှိ​သေးတယ်...ပြီး​တော့ အဲ့ဒါကတခြားတစ်​ယောက်ရဲ့ကားကြီး​နော်..."


အခြားတစ်ဖက်က သူ့အား တိုက်တွန်းနှိုး​ဆော်လျက်ရှိသည် - 

"အဆင်​ပြေပါတယ်...ဘယ်လို​နေ​နေ ဒါက ဇာ့ဂ်ကမ္ဘာကြီးပဲ​လေ...ဇာ့ဂ်​တွေက ဒီလိုအရာ​တွေကို စိတ်မရှိဘူးမလား..."


လင်း အသက်ခပ်ပြင်းပြင်းရှူကာ ​အောက်ကိုကိုင်းညွတ်လိုက်​ပေသည်။


အချိန်အ​တော်ကြာပြီး​နောက် ​နောက်ဆုံးတွင် သူ့​ခေါင်းအား ​မော့လိုက်သည်။ ပိန်းပိတ်​အောင်မည်းမှောင်​နေသည့် ကားအတွင်းတွင် သူ့မြစိမ်း​ရောင်မျက်ဝန်းများက သား​ကောင်ကို ​ရွေးချယ်​နေသည့် သားရဲတစ်​ကောင်ကဲ့သို့ပင်။

"ငါ့ရဲ့ချစ်ဇနီး​လေး အခုတစ်ခါတော့ မင်းကိုလွှတ်​ပေးလိုက်မယ်..."


လင်းက ကားပြတင်းပေါက်ကို ကို့ရိုးကားရား မှီထားလျက် မည်သည်ကိုမှ ကြားနိုင်စွမ်း မရှိ​နေ​ချေ။


ကားက နောက်ဆုံး၌ ​ဖြည်း​ဖြည်းချင်းရပ်သွားခဲ့သည်။


အမျိုးသမီးဇာ့ဂ်က ကန့်ထားသည့် အခန်းကန့်အား သတိတကြီးဖြင့် အသာအယာ ပုတ်လိုက်သည်။

"အရှင်ပိုင်လျှိုနဲ့ အရှင်ယိ ကျွန်တော်တို့ရောက်ပြီ..."


ကားတံခါးက ပွင့်သွားပြီး အနက်​ရောင်ဆံပင်၊ အစိမ်း​ရောင်မျက်လုံးများနှင့် အမျိုးသားဇာ့ဂ်က ကိုယ်ကို​ကွေးညွှတ်ကာ ကားထဲသို့ လက်ကိုပြန်ဆန့်တန်းလိုက်သည်။


"မင်းက တကယ်ကို နူးညံ့ပြီး အထိခိုက်လွယ်တာပဲ...မင်းကိုကူပြီး အပြင်ထုတ်​ပေးဖို့ လို​သေးလား..."


အဖြူ​ရောင်လက်အိတ်ဝတ်ထားသည့်လက်တစ်ဖက်က လု​မော့လက်ကို ကိုင်လိုက်သည်။


လု​မော့ သူ့​ခေါင်းကို မတ်လိုက်ရာ သူ့​​​ရှေ့တွင်ရှိသည်က ဇိမ်ခံပစ္စည်းများဖြင့် အလှဆင်ထားသည့် ဟိုတယ်တစ်ခုပင် ဖြစ်သည်။ 'မစ္စတာလု​မော့' က ဤ​နေရာတွင် ဖြစ်ရမည်ပင်။


ဤသတင်းကို ကြားသည်နှင့် ချက်ချင်းပင် မီးသီး​လေးတစ်လုံးက သူ့စိတ်ထဲတွင် လင်းသွားပြီး လု​မော့ အ​ရေးကြီးသည့် တစ်စုံတစ်ရာကို မှတ်မိသွားသည်။


ဇာ့ဂ်မျိုးနွယ်စုရဲ့ မျက်လုံးများထဲမှာ ငါက ဘယ်လိုပုံရိပ် အမျိုးအစားနဲ့ တည်ရှိခဲ့တာလဲ...ဘာလို့ အမှိုက်ဆန်မှုတန်ဖိုးတွေ မစုဆောင်းနိုင်ရသေးတာလဲ...


လူ​တစ်​ယောက်က သူ့ကိုယ်သူ မှန်ထဲကြည့်ခြင်းဖြင့် ​အောင်မြင်မည်လား ကျရှူံးမည်လားကို ခန့်မှန်းနိုင်​ပေသည်။


သူ့အနာဂတ်လုပ်​​ဆောင်မှုများကို ထိန်းညှိရန် ​ဂရုတစိုက် မှီငြမ်း​ပြောဆိုရန် လိုအပ်ပေသည်။ အဆုံးတွင် အမှိုက်ဆန်မှုတန်ဖိုး 10 ပွိုင့်သာ အဖတ်တင်ကျန်ရှိနေရသည်မှာ အလွန်နာကျင်စရာ ကောင်းလှ​ပေသည်။


( T/N - သူ ဆန်ကုန်မြေလေးဖြစ်အောင်လုပ်လိုက်တိုင်း လူတွေက သူ့ကိုအထင်တွေလွဲပြီး လူကြီးလူကောင်းလို့ပဲ ထင်သွားကြတာများလို့ နောက်ဆုံးမှာ ရထားတဲ့ အမှိုက်ဆန်မှုပွိုင့်တွေ အမြဲအနှုတ်ခံရလို့ နောက်ဆုံးမှာ 10ပွိုင့်ပဲ အဖတ်တင်တယ်လို့ ပြောချင်တာပါ 😆 )



"​ကျေးဇူးပြုပြီး ​နောက်ကလိုက်ခဲ့​ပေးပါ သူငယ်ချင်း​လေး..."

မီ​​နော့ခီက လမ်းကိုဦး​​ဆောင်သွားပြီး သူ့ကြည့်ရသည်မှာ ​အလွန် ပျော်ရွှင်အားရ​နေဟန်ပင်။


ဟိုတယ်အတွင်းပိုင်းက အလွန်အဆင့်မြင့်လှပေသည်။ ​​လှေကားထစ်ကိုတက်ကာ ​ဝရံတာကို ဖြတ်သွားပြီး​နောက် ထူထဲ​လေးလံလှသည့် အခန်းတံခါး​တစ်ခုကို​ ရောက်သွားခဲ့သည်။


မီ​နော့ခီက ​လေး​​လေးစားစားဖြင့် တံခါးဘဲလ်ကို နှိပ်လိုက်ပြီး​နောက် ​ခြေတစ်လှမ်းဆုတ်ကာ တံခါး​ရှေ့တွင် စောင့်​နေလိုက်သည်။ 


တံခါးတွင် ဆက်သွယ်​ရေးစက်တစ်ခုကို တပ်ဆင်ထားပြီး ခပ်ပြတ်ပြတ်အသံတစ်ခုက စက်အတွင်းမှ ထွက်လာခဲ့သည်။ 

"ဘယ်သူလဲ..."


"ငါပါ..."

မီနော့ခီ ​ပြောလိုက်သည်။

" မင်းရဲ့သစ္စာရှိသူငယ်ချင်း မီနော့ခီက မင်းကို​လေးစားသ​ဘောကျတဲ့ သူငယ်ချင်းနှစ်​ယောက်နဲ့ ​တွေ့ဖို့​ခေါ်လာခဲ့ပါတယ် အရှင်လု​မော့..."


"အိုး မင်းပဲ..​.ဟေး ငါ့အစား တံခါး ဖွင့်လိုက်ကြစမ်း..."


မြန်ဆန်လှသည့်​ ခြေသံအတွဲလိုက်ကို ကြားလိုက်ပြီး​နောက် တံခါးလက်ကိုင်က ညင်ညင်သာသာ လှည့်သွားကာ ရှက်​ကြောက်တတ်သည့် မျက်နှာ​သေး​သေး​လေးတစ်ခုက ထွက်​ပေါ်လာ​လေသည်။ ထိုသူက ထစ်​​ငေါ့စွာ ပြောလိုက်သည်။

"​ကျေး..​.ကျေးဇူးပြုပြီး ဝင်လာပါ..."


အခန်းတွင်းတွင် အနက်​ရောင်ဆံပင်နှင့် အမျိုးသားဇာ့ဂ်က ကုလားထိုင်အမြင့်တစ်ခုတွင် ထိုင်​နေပေသည်။ ထိုသူက အရပ်ပုကာ အဝလွန်​နေပေသည်။ သူ၏ လက်ဆယ်​ချောင်းလုံးအား ​ကျောက်မျက်ရတနာလက်စွပ်များဖြင့် တန်ဆာဆင်ထား​​ပေသည်။ သူ့မျက်လုံးသေး​သေး​လေးများက ကျဥ်း​မြောင်းလွန်း၍ ဓါးနှင့်လှီးထားသကဲ့သို့ ဟရာ​လေးပင်ရှိပြီး အစိမ်းဟုသတ်မှတ်၍ မရနိုင်​အောင် မှုန်ဝါး​နေ​သေးသည်။


လု​မော့ ​နေကာမျက်မှန်ကို အမြန်တပ်လိုက်သည်။ 


ထို 'လု​မော့' ၏​ဘေးတွင် ရပ်​နေသည်မှာ ​ငွေ​ရောင်ဆံပင်နှင့်အမျိုးသမီးဇာ့ဂ်တစ်ယောက်ဖြစ်​သော်လည်း သူ့ဆံပင်များက အလွန်​ခြောက်​သွေ့​​နေ​​ပေသည်။ သူ့မျက်လုံးများက အနီဟု​​ပြောရန်ထက် လိ​မ္မော်နှင့် ပိုနီးစပ်​ပေသည်။ ပိန်လှီ​နေလျက် မည်သည့်​နေရာကမှ လင်းကဲ့သို့ ဆွဲ​ဆောင်မှုမရှိ​ချေ။


လု​မော့ သူ့နေကာမျက်မှန်အား​​ အောက်နိမ့်လိုက်ကာ လင်းအား အသံတိတ်​ ပါးစပ်လှုပ်​ပြောလိုက်သည်။

"မင်းလည်း သူတို့(​မျက်မှန်)ကို တပ်မှာလား..."


လင်းက တိတ်ဆိတ်စွာပင် ​နေကာမျက်မှန်ကို ထုတ်ကာ တပ်လိုက်​လေသည်။


ထိုအခိုက်တွင် သူတို့၏ အ​ထောက်အထားအစစ်အမှန်ကို မ​ဖော်ထုတ်ရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက် ချလိုက်သည်။


သို့မဟုတ်လျှင် အလွန်အမင်း ကို့ရိုးကားရားနှင့် ကသိကအောက် ခံစားရလိမ့်မည်ပင်။


----------


၎င်းက အခန်းကျယ်ကြီးတစ်ခုဖြစ်ပြီး အခန်းငယ်ပေါင်းများစွာကို တစ်​နေရာတည်းအဖြစ်​ ပေါင်းစပ်ထားခြင်းဖြစ်သည်။


အခန်းထဲဝင်လျှင် ဝင်ဝင်ချင်းပင် အခန်းထဲရှိ အရာရာတိုင်းကို မြင်ရလေသည်။


​နေ့ခင်းဖြစ်​သော်ငြား လိုက်ကာထူထူများက ​နေ့အလင်း​​ရောင်အား တားဆီးပိတ်ပင်ထားသည်။ သူတို့နောက်မှ တံခါးပိတ်သွားသည်နှင့် အခန်းက အဝါ​ရောင်မီးမှိန်မှိန်​လေးသာ ကျန်​ရှိပေသည်။


၎င်းက အလွန်ထက်မြက်လှသည့် ​ကြံစည်မှုတစ်ခုဖြစ်သည်ကို ဝန်ခံရ​ပေမည်။


အခန်းတွင်းတွင် များပြားလှ​သော စားပွဲခုံကြီးကြီးများရှိပြီး စားပွဲခုံတစ်လုံးချင်းစီအား ​လောင်းကစားပစ္စည်းပစ္စယများဖြင့် တန်ဆာဆင်ထား​လေသည်။ စားပွဲဝိုင်းအား များပြား​​သောဇာ့ဂ်များက ဝန်းရံထားပြီး သူတို့၏မျက်လုံးများက နီရဲ​နေကာ စားပွဲ​ပေါ်ရှိ အံစာတုံးသေး​သေး​လေးများ​အ​ပေါ် နစ်မြှုပ်​နေကြသည်။ 


"အကြီးကွ အကြီး..."


"အကုန်​လောင်းမယ်..."


"နှစ်ဆ နှစ်ဆ ​သေစမ်း..."


သူတို့ ဤအခန်းထဲ၌ မည်မျှကြာ​အောင် ရှိ​နေခဲ့ကြသည်ကို သတိမပြုမိကြ​ပေ။ ၎င်းက ​မှေးမှိန်​သောအလင်း​ရောင်ဖြင့် ပိတ်​လှောင်ကျဥ်းကြုတ်​နေသည့် အဆုံးသတ်မရှိသည့် ဒုစရိုက်ရိပ်မြုံ​လေးတစ်ခုပင်ဖြစ်သည်။


အ​သေအချာလေ့ကျင့်​ပေးထား​သော အမျိုးသမီးဇာ့ဂ်များက ဘယ်လက်ကို​​​​ နောက်ကျောတွင်ထားကာ ညာဘက်လက်က ဝိုင်ခွက်များပြည့်​နေ​​သော လင်ဗန်းကို မြဲမြဲမြံမြံ တည်တည်ငြိမ်ငြိမ် ကိုင်ထား​ကြသည်။ သို့သော်ငြား ​ဘေးဘီကိုတစ်ချက်ပင်​ စောင်းငဲ့၍မကြည့်ဘဲ ၎င်းအစား သူတို့၏​ခေါင်းများကို ဂုဏ်ယူစွာ မြှင့်မြှင့်​မြှောက်ထားလျက် ဝိုင်တစ်စက်ပင် မဖိတ်ကျ​စေဘဲ စိတ်လှုပ်ရှား​နေကြ​သော လူအုပ်ကြီးကို ဖြတ်​ကျော်သွားကြသည်။


မ​ဝေး​လှသော​နေရာတွင် စား​သောက်ဆိုင်အ​သေး​လေးတစ်ခု ရှိ​သော်လည်း ထက်သန်ပြင်းပြ​​နေကြသည့်​လောင်းကစားသမားများက ဆာ​လောင်မှုကို မခံစားကြရ​ပေ။ အကယ်၍ သူတို့၏နှုတ်ခမ်းများ​ခြောက်သွေ့​နေပါက ဝိုင်တစ်ခွက်ကို သာမာန်ကာလျှံကာ ဆွဲယူလိုက်မည်ဖြစ်ကာ ဝိုင်​သောက်နေစဥ်တွင်ပင် သူတို့၏မျက်လုံးများကို စားပွဲမှာ အကြည့်လွှဲလိမ့်မည် မဟုတ်​ပေ။ 


စားရန်၊​သောက်ရန်နှင့် အသုံးပြုရန်အတွက် လိုအပ်သည့်အရာအားလုံးကို ဤအခန်း၌ရနိုင်သည်ကို လု​​​မော့သတိပြုမိလိုက်သည်။ တစ်ခုမှလွဲ၍ပင်...


မှန်များ...


အကယ်၍ မှန်များသာ ဤ​နေရာတွင်ရှိ​နေပါက ဤ​လောင်းကစားများသာ သူတို့၏ ကိုယ်ပိုင်ရုပ်ပုံများကို မှန်တွင်မြင်လိုက်လျှင် မည်မျှ ရူးသွပ်သည့်ပုံ​ပေါက်နေသည်ကို သိလိုက်ရ၍ အံ့သြထိတ်လန့်သွားကြလိမ့်မည်ဖြစ်သည်။


စီစဥ်ထားသမျှအရာအားလုံးက ​​လောင်းကစားသမားများ အားလုံးကို ဝင်လာ​စေရန် ​​သွေးဆောင်ဖြား​ယောင်းထားသည့် ထောင်​ချောက်များသာဖြစ်ပြီး သူတို့၏​ နောက်ဆုံးလက်ကျန်ပိုက်ဆံများ အလဟဿ ကုန်ဆုံးမသွားခင်အထိ သူတို့က နိုးထလာကြလိမ့်မည်မဟုတ်​ပေ။


"ဒီက အရာအားလုံးက အရှင်လု​မော့ ပိုင်တာ​တွေပဲ..." 

မီ​နော့ခီ၏ အသံက ​လေးစားသ​ဘောကျမှုများဖြင့် ပြည့်နှက်​နေ​ပေသည်။ 

"သူ ဘယ်​လောက်ချမ်းသာလိုက်လဲ ကြည့်လိုက်စမ်း...အင်ပါယာကြယ်​​ပေါ်မှာဆိုရင်​တောင်မှ အရှင်လု​မော့ က ထိပ်တန်းအမျိုးသား​တွေထဲက တစ်​ယောက်လို့ ငါပြောရဲတယ်..."


လင်း အပြုံး​ဖျော့​ဖျော့​လေးဖြင့် ပြောလိုက်သည်။

"​ဟုတ်တာ​ပေါ့...မင်း​​ပြောတာကို အကြွင်းမဲ့သဘောတူတယ် .."


အခန်း၏မှုန်ဝါးနေသည့်​ ထောင့်တွင်ထိုင်လျှက် ဝိုင်နီများဖြည့်ထားသည့် ဖန်ခွက်တစ်ခွက်အား ညင်ညင်သာသာ လှုပ်ယမ်း​နေသည့် "လု​မော့" ကို သူကြည့်လိုက်သည်။ ​သူ့လက်ငါး​ချောင်းတွင် ဝတ်ထားသည့် ကျောက်မျက်တုံးများဖြင့်ပြုလုပ်ထားသည့် လက်စွပ်များက သူ့အသားထဲသို့ နက်နက်ရှိုင်းရှိုင်း မြှုပ်​ဝင်နေ​ပေသည်။ 


အခန်းက ပို၍​တောက်​တောက်ပပ လင်းထိန်​နေလျှင် သို့မဟုတ် ​နေ့အလင်း​ရောင်သာရှိပါက ထိုသူ၏ပုံမှာ အလွန်ရယ်ရွှယ်ဖွယ်ကောင်းနေ​ကြောင်း ​တွေ့ရမည်ပင်။ သို့​သော် လက်ရှိအလင်းမှိန်မှိန်ထဲတွင်မူ သူက ခမ်းနားထည်ဝါသည့်​လေထုအား ဖော်ထုတ်​နေခဲ့သည်။ ​​ကြော့ရှင်းရည်မွန်မှုကင်းမဲ့​နေပြီး ကျက်သ​ရေမရှိ​နေ​သော်လည်း ရင့်ကျက်သည့်ပုံ​​ ပေါက်​နေပေသည်။


မီ​​နော့ခီက လု​မော့ကိုပြောလိုက်သည်။

"ပိုင်လျှို..ငါ အရှင်လု​မော့နဲ့ စီးပွား​ရေးကိစ္စ​​လေး ပြောမလို့ ...ဒီမှာခဏ​စောင့်​နေ...မင်းပျင်းလာရင် ဘယ်ဝိုင်းမှာဖြစ်ဖြစ် အလကား ကစား​နေလိုက်..."


သူက အနီးနားရှိစားပွဲ​​ပေါ်မှ လက်တစ်ဆုပ်အပြည့် တိုကင်ပြားများကို သာမာန်ကာလျှံကာပင် ဆွဲယူလိုက်ပြီး လု​မော့လက်ထဲ ထိုးထည့်​ပေးကာ တိုးတိုးပြောလိုက်သည်။

"မင်းစိတ်ဝင်စားတဲ့ ဘယ်မျိုးသမီးဇာ့ဂ်ကိုမဆို မင်းကစားလို့ရတယ်..."


လု​မော့​ တောင့်တင်းစွာဖြင့် တိုကင်ပြားများကို ကိုင်လိုက်သည်။

"​ကျေးဇူးတင်ပါတယ်..."


​ကျောက်တုံး၊ ကတ်​ကြေး၊ စက္ကူဂိမ်းကိုပင် မနိုင်သည့်အပြင် အထူးသဖြင့် ကတ်ကစားပွဲများတွင် အမြဲရှူံးတတ်သူတစ်​ယောက်ဖြစ်သော လုမော့က လောင်းကစားနှင့်ပတ်သတ်လျှင် အမြဲယဥ်​​ကျေး​ပေသည်။ 


စနစ်၏ထစ်​ငေါ့နေသည့်အသံက သူ့စိတ်ထဲတွင်​ပေါ်လာသည်။

[အိုး ဘာလို့ ကတ်ဆွဲဖို့ မင်းရဲ့သက်တမ်းကို မသုံးလိုက်တာလဲ...ဘာလို့ မင်းရဲ့ကံ​ကောင်းမှုကိုသုံးပြီး မကြိုးစားကြည့်တာလဲ...]


လု​မော့ လစ်လျူရှုလိုက်ကာ ခေါင်းကိုလှည့်၍ လင်းအား တိတ်တိတ်​လေး ကြည့်​နေလိုက်သည်။


လင်း နှာ​ခေါင်းကိုထိလိုက်ကာ လု​မော့လက်ထဲမှ တိုကင်ပြားနှစ်ခုကို ယူလိုက်သည်။ 

"အရှင် ကစားချင်လား.."


လု​မော့က တည်ကြည်စွာ ​​ခေါင်းယမ်းပြလိုက်သည်။

"မျိုးရိုးမြင့် အထက်တန်းစားတစ်​ယောက်အ​နေနဲ့​လောင်းကစား​တွေက​​နေ ​ဝေး​ဝေး​နေသင့်တယ်..."


ငါကစားချင်တယ် ဒါ​ပေမဲ့ မကစားရဲဘူး...


ရှုံးမှာ​ကြောက်​ပေမဲ့ ကစားချင်သေးတယ်...


အတိုချုပ်ပြောရလျှင် သူက လူသားတို့၏ မကောင်းမှုများကို အလွန်အမင်း ခံတွင်းတွေ့နေ​ပေသည်။


"​ကောင်းပါပြီ..."

လင်းက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချကာ မျက်မှောင်ကြုတ်လိုက်သည်။

"ဒါ​ပေမဲ့ ကျွန်​​​တော် တကယ်ကစားချင်​နေတာ...အရှင်က မပူး​ပေါင်း​ပေးဘူးဆို ကျွန်​​​တော်အချိန်ကြာ​အောင် စိတ်မ​ကောင်းဖြစ်နေ​​တော့မှာပဲ..."


​နေကာမျက်​မှန်​အောက်က လု​မော့၏မျက်ဝန်းများ ဝင်းလက်သွားသည်။ သူက တည်ငြိမ်ဟန်​ဆောင်ကာ လည်​ချောင်းရှင်းလိုက်သည်။

"​တခြား​ရွေးချယ်စရာမှ တကယ်မရှိ​​တော့တာ...ငါက ဘယ်လိုလုပ်ပြီး မင်းလို ဆန္ဒပြင်းပြီး အကျိုး​ကြောင်းမညီညွတ်တဲ့ အမျိုးသမီးဇာ့ဂ်ကို ငြင်းနိုင်မှာလဲ...ငါက သည်းခံစိတ်ရှိပြီး ကရုဏာတရားကလည်းကြီးမားတဲ့သူဆို​​​တော့လည်း  မင်းမ​ပျော်တာကို မကြည့်ရက်ဘူး​​လေ...ဒီ​​နေ့​တော့ ငါက သ​ဘောထားကြီးကြီးနဲ့ပဲ မင်းကို​ ပျော်ခွင့်​ပေးလိုက်ပါ့မယ်..."


လင်း၏ နှုတ်ခမ်း​ထောင့်များ မမြင့်တက်သွားသည်။

"ကျွန်​​တော် အရမ်းကို အံ့သြဝမ်းသာမိပါတယ်..."


လု​မော့၏ ​​ပျော်ရွှင်မှုများ​ပေါက်ကွဲထွက်လာပြီး သူ့အပြုံးအား အတင်းအကြပ် ဖိနှိပ်ထားလိုက်ရသည်။


လင်းက သူ့လက်​မောင်းကိုကိုင်ကာ စားပွဲတစ်ခုသို့ ဦး​ဆောင်​ခေါ်သွားလိုက်သည်။


ထိုစားပွဲက ဖဲချပ်ကစားနည်းနှင့် ဆင်တူသည့် ကစားပွဲတစ်ခုပင်။ အနက်​ရောင်ယူနီ​ဖောင်း ဝတ်ထားသည့် ဖဲ​ဝေသူက ကတ်များဝေ​​ပေးရန် ကိုယ်ကို ကွေးလိုက်သည်။ သူ၏သွယ်လျသည့်ခါးအား အဝတ်နှင့်တင်းကြပ်စွာ ချုပ်နှောင်ထားပြီး သူ၏ ​ပေါ့ပါးသွက်လက်သည့် လက်​ချောင်း​​လေးများက ကတ်များကြား ကျွမ်းကျင်စွာ​ ရွေ့​နေ​ပေသည်။ 


သူက ကတ်နှစ်ခုကို ဖုံးလိုက်သည်။

"လူကြီးမင်းတို့အားလုံး လောင်း​ကြေးထပ်​ပေးပါ..."


ဤကဲ့သို့ ပြင်းပြထက်သန်​နေသည့် အ​ခြေ​အ​နေတွင် ဖဲ​ဝေသူက ဤ​နေရာမှ ကွဲထွက်​​နေသယောင် ထင်ရပေသည်။


"အကြီး​လောင်းမယ်...နှစ်ဆ…"


"ငါအ​သေး​လောင်းမယ်...ငါ တိုကင်ပြားသုံးခု​လောင်းမယ်..."


နူးညံ့သည့် အရုပ်​လေးတစ်ရုပ်နှင့်တူသည့် ​ဖဲ​​ဝေသူက အကြည့်များကို ​အောက်ငုံ့လိုက်ကာ သူ့မျက်ဆံက တစ်ကြိမ်​​လေးပင်​ ရွေ့မသွား​​ချေ။


"ကလပ်တ်…"


တိုကင်ပြားနှစ်ခုကို စားပွဲ​ပေါ်သို့ ပစ်တင်လိုက်ပြီး ရယ်ရွှင်မှုများ ပြည့်နှက်​နေသည့် အသံကို ကြားလိုက်ရသည်။

"အိုး ချစ်ရတဲ့အရှင်... ကျွန်​တော် လက်ချော်သွားပြီ ကြည့်ရတာ ​လောင်း​ကြေး အမှားလုပ်မိသွားပုံပဲ.."


ထို့​နောက်တွင် အသံနက်နက်တစ်သံက ​နောက်က​​ပြောလိုက်သည်။

"စိတ်မပူနဲ့..."


အထီးကျန်တိုကင်ပြားနှစ်ခုကို ကြည့်ပြီး ဖဲ​ဝေသူ၏မျက်​တောင်များ တုန်ယင်သွားသည်။ 


သို့​သော် သူက မည်သည်ကိုမှ မ​ပြောလာဘဲ ကတ်နှစ်ခုကိုလှန်ဖွင့်ရန် ကိုယ်ကိုကိုင်းလိုက်သည်။


ကတ်နှစ်ခုက စားပွဲ​ပေါ်တွင် ​ပေါ်လာပြီး ဖဲ​ဝေသူက သူ့လက်များကို ဖြန့်လိုက်သည်။

"ဂျိုကာဘုရင် အကုန်အနိုင်ရပါတယ်..."


"​ဟေး..."


"WTF..."


ထိတ်လန့်ရာမှ ထွက်လာသည့် အာ​မေဍိတ်သံများကဘတစ်​လျှောက်လုံး ပျံ့နှံ့သွားသည်။ ဂျိုကာကတ်နှစ်ခု တစ်ပြိုင်နက် ထွက်လာနိုင်​ချေက အလွန်အမင်းကိုနည်းသည်ကို ကစားသမားများက သိ​​ပေသည်။ မည်သူကမှ ထိုကဲ့သို့ ဖြစ်နိုင်​ခြေတစ်ခုကို ​လောင်းကြလိမ့်မည် မဟုတ်​ပေ။


"အရှင်...ကြည့်ရတာ ကျွန်​​တော်တို့နိုင်သွားတဲ့ပုံပဲ..."

လင်းက လု​မော့အား ပြုံးရယ်ပြလိုက်သည်။

"တစ်ခါတစ်ရံ လက်​ချော်သွားတာမျိုးကလည်း အရမ်းဆိုးပုံ​ မ​ပေါ်ဘူးပဲ..."


လု​မော့ သူ့​အ​တွေးများကို တည့်တည့်မတ်မတ်ထားလိုက်ကာ စားပွဲ​ပေါ်မှ တိုကင်ပြားများကို သတိတကြီးဖြင့် ညွှန်ပြလိုက်သည်။

"ဒီ​တော့ ဒီတိုကင်ပြား​တွေအားလုံးကို ငါတို့ပိုင်သွားပြီပေါ့..."


လင်း​ ခေါင်းညိတ်ပြလိုက်သည်။

"​​အမှန်ပါပဲ..."


လု​မော့ : "..."


သူ တိုကင်ပြားများများအားလုံးကို စုဆောင်းနေစဉ်တွင် လု​မော့က ၎င်းတို့၏အလေးချိန်ကိုသတိထားမိပြီး တစ်နည်းတစ်ဖုံ မယုံကြည်နိုင်လောက်အောင် မူးဝေနေသေးသည်ဟု ခံစားလိုက်ရသည်။


သူ လင်းဘက်သို့ လှည့်ကာ တတွတ်တွတ်​ရေရွတ်လိုက်သည်။

"မင်း တကယ်ကြီး အဲ့​လောက်​တောင် ကံ​ကောင်းတာလား..."


လင်းက ရယ်​မောလာပြီး သူ့လည်ချောင်းထဲမှ ထိန်းချုပ်ထားရသည့်အသံများက လု​မော့၏နားရွက်များအားအား ယားယံသွားစေသည်။ ထို့​နောက် လင်းက ​ပြောလိုက်သည်။

"အရှင်​ပြောတာလုံးဝမှန်တယ်...ကျွန်​တော့်မှာ အဲ့​လောက်​ကောင်းတဲ့ကံ တကယ်ပဲ ရှိတယ်..."


လု​မော့က 'ဟမ်းး'ဟု တုံ့ပြန်လိုက်ပြီး "လူ​တွေကြားက ကွာခြားချက်က တကယ်ပဲ များလွန်းတယ်"ဟု ခံစားလိုက်ရသည်။ သို့​သော် သူက အလွန် စိတ်သ​​ဘောထားကြီးသည့် အမျိုးသား၏ဇာ့ဂ်တစ်ယောက်ဖြစ်၍ ဥ​ရောပ​ခွေးနှင့်  ငြင်းခုံ​နေရန်အတွက် စိတ်အ​နှောင့်ယှက်ဖြစ်ခံ​မည် မဟုတ်​ပေ။



🌌🌌🌌