🌌Chapter 56
"အဟွတ်…"
လီတိုင်တန်က မျက်မှောင်ကြုတ်ပြီး မျက်လုံးများကို မဖွင့်မီ ချောင်းဆိုးလိုက်၏။ သူက မြေပြင်ပေါ်တွင် ပျော့ညံ့စွာ ဒူးထောက်ထိုင်ချလိုက်၏။ သူ့ဘေးနားရှိ စစ်သည်များက သူ့ကို လက်လှမ်းကာ ထိန်းထားချင်သော်လည်း သူက တွန်းဖယ်လိုက်သည်။
သူက လုမော့ကို ခိုင်မြဲစွာ စိုက်ကြည့်နေ၏။
လုမော့က မတ်တပ်ရပ်ပြီး အနားယူနေသကဲ့သို့ လင်း၏ ရင်ဘတ်ကို ငြိမ်သက်စွာ မှီထားပြီး လက်ပိုက်ထား၏။
"လုမော့..."
လင်း၏ အကြည့်အောက်တွင် လုမော့မျက်တောင်နက်များက တုန်လှုပ်သွားပြီး မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်၏။ စိမ်းမြသောမျက်လုံးများက ရွှေရောင်နေဝင်ချိန်ကို ရောင်ပြန်ဟပ်နေသော ရေကန်တစ်ခုသဖွယ် တောက်ပနေ၏။
သို့သော် ဤနူးညံ့သိမ်မွေ့သောအကြည့်က ထင်ယောင်ထင်မှားပုံရိပ်ကဲ့သို့ လျင်မြန်စွာ ဖြတ်သွားရုံသာ။
လုမော့က လင်း၏ ပခုံးကို လက်ညိုးဖြင့်ထိလိုက်ပြီး မကျေမနပ် မေးလိုက်၏။
"ဘာလို့ ငါ့ကို ကြည့်နေတာလဲ..."
လင်း ခေါင်းကို လှည့်ကာ ပါးစပ်ထောင့်ရှိ အပြုံးကို ဖိနှိပ်ရန် ကြိုးစားလိုက်၏။
လုမော့ မျက်လုံးများကို မှေးလိုက်ပြီး လင်း၏ မေးစေ့ကို နောက်ပြန်ဆွဲရန် လက်ကို ဆန့်တန်းလိုက်၏။ လင်း၏ မျက်လုံးနီနီများက အတန်ငယ် ဝိုင်းသွားပြီး လုမော့မျက်နှာက ရောင်ပြန်ဟပ်လာ၏။
လုမော့က ပို၍မှီချလိုက်ပြီး လင်း၏ နှုတ်ခမ်းများကို ဖိကာ ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။
လင်းကို လွှတ်မပေးမီ ငါးမိနစ်အလိုတွင် သူ့နှုတ်ခမ်းထောင့်များကို အောင်ပွဲခံကာ ကွေးလိုက်၏။
"ဒါက ဆုလာဘ်ပဲ..."
"အခု မင်းက ငါ့အပိုင်ဆိုတာ မင်းအသိစိတ်ထဲ အမြဲမှတ်ထား...မင်းရဲ့ ခန္ဓာကိုယ်နဲ့ စိတ်အားလုံးက ငါ့အပေါ်မှာပဲ ထားရမယ်..."
"ငါ့ရဲ့ အိမ်သူဘုရင်မလေး..."
…
“အိုး...”
“အိုး...”
“အိုးးးးးးးးးးးးးးးးး...”
တစ်ခဏအတွင်းမှာပင် စကားပြောခန်းတွင် အတောမသတ်နိုင်သည့် မှတ်ချက်များ ပြည့်သွား၏။
“သူက အရမ်းပိုင်ဆိုင်လိုစိတ်ပြင်းပြတာပဲ....အရမ်းသန်မာလိုက်တာ...အရမ်းလည်း မိုက်တယ်... သူက ငါ့အိမ်မက်တွေထဲကလို လွှမ်းမိုးချုပ်ကိုင်တတ်တဲ့ စီအီးအိုပုံမျိုးပဲ...”
“မဖြစ်နိုင်လိုက်တာ...လုမော့ တကယ်မသေဘူးလား...”
“တိုင်တန်အမျိုးသားဇာ့ဂ်ရဲ့ အခြေအနေက ဆိုးနေသလိုပဲ...အဲဒါအမှန်ပဲလား...”
မှတ်ချက်များက ဖန်သားပြင်အပြည့် ဖုံးလွှမ်းသွားပြီး မြင်ကွင်းကိုပင် ကွယ်သွား၏။
လုမော့က လင်းကို လွှတ်လိုက်ပြီး လီတိုင်တန်ဆီ ချဉ်းကပ်သွား၏။ သူ ဘောပင်တစ်ချောင်းကို ကိုင်ကာ စာရွက်ဖြူတစ်ရွက်ပေါ်တွင် တစ်စုံတစ်ခုကို အမြန်ရေးလိုက်၏။ လင်း၏လက်ရေးနှင့် ယှဉ်လျှင် လုမော့၏လက်ရေးက ပိုလှပေသည်။
သေသပ်လှပသောလက်ရေးကိုသာကြည့်လျှင် ဤလက်ရေးပိုင်ရှင်က စာရိတ္တကောင်းမွန်သော ကျောင်းသားကောင်းတစ်ဦးဖြစ်မည်ထင်ရ၏။ ထိုလက်ရေးကိုကြည့်ပြီး တစ်ခါတစ်ရံပြသနေသည့် ရူးသွပ်မှုရောင်ဝါကို မဆိုထားနှင့် သူ့၏ သာမာန် အေးစက်သောအကြည့်ကို တွေးကြည့်၍ပင် မရချေ။
သူက လီ၏ရှေ့မှာ ထိုင်ချလိုက်ပြီး စာရွက်ကို ကမ်းပေးလိုက်၏။
"ဒါက စာချုပ်ပဲ...မိတ္တူနှစ်စုံပါတယ်...ပြဿနာမရှိရင် ကျေးဇူးပြုပြီး လက်မှတ်ထိုးလိုက်..."
စစ်သည်ခေါင်းဆောင်က လေးနက်သော အမူအရာရှိနေ၏။
"လူကြီးမင်းလီရဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ ပျက်ကွက်တာ ငါတို့ ပေါ့ဆမှုဘဲ...လူကြီးမင်းလီနဲ့ ငါတို့ နှစ်ယောက်လုံး သင့်တော်တဲ့ အပြစ်ပေးမှုကို ခံယူပါ့မယ်...ဒါပေမယ့် မင်း သူ့ကို ကျွန်အဖြစ် ယူဖို့က မဖြစ်နိုင်ပါဘူး..."
"..."
လုမော့က ခေါင်းပင် မထောင်လာပေ။
"ဘာလို့လဲ..."
“အဖြေက ရှင်းပါတယ်”
စစ်သည်ခေါင်းဆောင်က လေးနက်စွာ ပြော၏။
"သူက အမျိုးသမီးဇာ့ဂ်ဆိုရင် ဒီနေရာမှာ မင်းရဲ့ အပြုအမူက ပြဿနာမရှိပါဘူး...ဒါပေမယ့် သူက အမျိုးသားဇာ့ဂ်တစ်ဦးဖြစ်တဲ့အပြင် မြင့်မြတ်တဲ့ A အဆင့်အမျိုးသားဇာ့ဂ်လည်းဖြစ်လို့ပါ... ဆိုရိုးစကားတစ်ခုကို မင်းကြားဖူးလား..."
လုမော့မေးလိုက်၏။
"အသေးစိတ် ကြားချင်တယ်..."
စစ်သည်ခေါင်းဆောင်က ဖြည်းညင်းစွာ ပြောလိုက်၏။
"အမျိုးသားဇာ့ဂ်တစ်ဦးက သေသွားရင်တောင် သူတို့က မွန်မြတ်နေတုန်းပါပဲ...ဇာ့ဂ်မျိုးနွယ်တစ်ခုလုံးဟာ အမျိုးသားဇာ့ဂ်တွေရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်..."
အမျိုးသားဇာ့ဂ်များက ကျွန်ဖြစ်၍မရပေ။
"တကယ်ကို ထူးဆန်းတာပဲ..."
လုမော့က မတ်တပ်ထရပ်ပြီး ခေါင်းစောင်း၍ စစ်သည်ခေါင်းဆောင်ကို ကြည့်လိုက်၏။ သူ တီးတိုးပြောလိုက်၏။
"ငါတော့ အဲ့လို မထင်ဘူးနော်..."
"အမျိုးသားနဲ့ အမျိုးသမီးဇာ့ဂ် ကွာခြားချက်က ဘာလဲ...သူတို့က အတူတူပဲ မဟုတ်ဘူးလား...သူတို့က စိတ်လှုပ်ရှားတတ်တယ်...ဒေါသဖြစ်တတ်တယ်...ပျော်ရွှင်တတ်တယ် ...နာကျင်တတ်တယ်..မဟုတ်ဘူးလား..."
သူပြောပြီးသည်နှင့် ကြည့်ရှုသူအားလုံး တိတ်ဆိတ်သွားကြ၏။
“စုန့်ကျန်းရှူးလည်း အဲ့လိုပြောသေးတယ်...”
[“ဟုတ်တယ်... ငါတို့ အမျိုးသမီးဇာ့ဂ်တွေကလည်း ဇာ့ဂ်တွေပဲလေ...ဘာဖြစ်လို့ အမျိုးသမီးဇာ့ဂ်တွေက အမျိုးသားဇာ့ဂ်တွေလို ဘဝအတွက် လွယ်လွယ်ကူကူ ဆုံးဖြတ်လို့မရတာ ဘာကြောင့်လဲ...]
[“ငါလည်း တန်းတူညီမျှမှု လိုချင်တယ်...]
"မင်း…"
စစ်သည်ခေါင်းဆောင်က မျက်လုံးပြူးသွား၏။
"မင်း...ဒီလိုမျိုး တကယ်ထင်နေတာလား...အမျိုးသားနဲ့ အမျိုးသမီးဇာ့ဂ်က တကယ်တူညီတာလား..."
သူ့ရှေ့ရှိ ဤအမျိုးသားဇာ့ဂ်က အလွန်ထူးခြား၏။
သို့သော် ထိုအခိုက်တွင် လုမော့က ရယ်မောလိုက်သည်။
သူက အသည်းအသန် ရယ်မောလိုက်၍ သူ့ရယ်သံများက ခန်းမတစ်ခုလုံးကို တုန်ခါသွားစေ၏။
နောက်ဆုံးတွင် သူ့ရယ်မောသံက ရပ်တန့်သွားပြီး သူ့အသံက အနည်းငယ်လှိုက်နေကာ သူ့မျက်လုံးထောင့်မှမျက်ရည်တွေ ထွက်လာ၏။
"မဟုတ်ဘူး...ဖြစ်နိုင်လားတဲ့လား..."
သူ့မျက်ရည်များကို သုတ်လိုက်ပြီး မေးလိုက်၏။
"ဘာတွေပြောနေတာလဲ...လူကြီးမင်း...အမျိုးသားနဲ့ အမျိုးသမီးဇာ့ဂ်တွေက တကယ်ကို တူတူပါပဲ..."
သူ့လက်ကိုဖွင့်၍ ပြေပြစ်သော ကိုယ်ဟန်ဖြင့် ခေါင်းဆောင်ကို အလေးပြုလိုက်ပြီး ခေါင်းမော့၍ တိုးညှင်းစွာပြောလိုက်၏။
"ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ်...အားလုံးက ငါ့ရှေ့မှာ အမှိုက်တွေပဲ..."
"အမှိုက်နဲ့ အမှိုက်က ဘာများကွာခြားလို့လဲ..."
[ဒင်...'မာနကြီးပြခြင်း' အောင်မြင်မှုကို ရရှိခဲ့ပြီး အမှိုက်ဆန်မှုတန်ဖိုးက ၁၀,၀၀၀ တိုးလာပါတယ်...]
[ဒင်...မရေမတွက်နိုင်တဲ့ လူများ၏ တုန်လှုပ်ခြောက်ခြားမှုကို နှိုးဆော်နိုင်လိုက်လို့ အမှိုက်ဆန်မှုတန်ဖိုးက တစ်ထောင်တိုးလာပါတယ်...]
လုမော့ "..."
အာ...ဒါက ချမ်းသာတဲ့ ခံစားမှုလေးပဲ...တော်တော်ကြာကြာပျောက်နေတဲ့ အံ့ဩစရာ အရသာလေး...
စနစ်၏ အသံက အရက်မူးနေသလိုပုံ ပေါက်နေ၏။
[အင်း...ငါ့ရဲ့ ပင်လယ်မြင်ကွင်းဗီလာလေး...ငါ့ရဲ့ အံ့ဩစရာဘဝလေး...အားးးးးး...]
အတွေ့အကြုံဘားက တိုးမြင့်လာကာ လုမော့က ဆေးစွဲသူတစ်ဦးကဲ့သို့ပင် အမြင့်သို့ ရောက်နေ၏။
သို့သော် ထိုအခိုက်တွင် သူတစ်စုံတစ်ခု ရုတ်တရက် သတိရသွား၏။
စနစ်ရေ...အဆင့်မြှင့်သွားရင် ဘာဖြစ်မလဲ...
[S အဆင့် အမျိုးသားတစ်ဦး ချက်ချင်းဖြစ်လာလိမ့်မယ်...]
လုမော့:အာ...အခု ရပ်လိုက်တော့...အခု ရပ်လိုက်...
လူတစ်ဦးနှင့် စနစ်တစ်ခု၏ ပြင်းထန်သောအကြည့်အောက်တွင် အတွေ့အကြုံဘားက နောက်ဆုံးဆယ်မှတ်တွင် ဖြည်းဖြည်းချင်းရပ်တန့်သွား၏။
လုမော့: ဟား...
သူ ရှူံးနိမ့်လုနီးပါးပင်။
…
ဤအလွန်မောက်မာပြီး ရိုင်းပြသောစကားကြောင့် ကြည့်ရှုသူအားလုံး အံ့အားသင့်သွားကြပြီး စစ်သည်ခေါင်းဆောင်က စကားပင် မပြောနိုင်တော့ပေ။
လင်း၏ မျက်လုံးများက လုမော့ကို ကြည့်နေရုံမျှသာဖြစ်ပြီး သူ လုံးဝမအံ့သြပေ။
အဘယ့်ကြောင့်ဆိုသော် လုမော့က ဤကဲ့သို့ စရိုက်မျိုးရှိသူပင်။
"ကောင်းပြီ...တို့တွေ အခု လက်မှတ်ထိုးလို့ရပြီလား..."
လုမော့က ပြုံးပြီး စာချုပ်ကို လီထံ လွှဲပေးလိုက်၏။
"မင်း ကြည့်ရတာ အခြေအနေကောင်းပုံမပေါ်ဘူး...မင်း မူးမလဲခင် စာချုပ်ချုပ်နိုင်မယ်လို့ ငါမျှော်လင့်တယ်...မဟုတ်ရင် မင်းကို ထပ်ခါထပ်ခါ မတိုက်တွန်းချင်ဘူး... အရမ်းဒုက္ခများတာပဲ..."
လီတိုင်တန်က လုမော့ကို လေးလေးနက်နက် စိုက်ကြည့်လိုက်၏။
ထိုမတိုင်မီက “သတ်ဖြတ်လိုစိတ်မရှိတဲ့ လူသတ်သမား” က မည်သို့သောဘယ်လိုဖြစ်တည်မှုမျိုးဆိုသည်ကိုပင်သူ မတွေးနိုင်ခဲ့ချေ။ သူက စုလင်းနှင့်တန်းတူရှိသောကြောင့် အမြဲတမ်း မကျေနပ်ခဲ့ပေ။ ဤအမျိုးသားဇာ့ဂ်အတွက်မူ လေးနက်စွာ ယုံကြည်မှုသာရှိခဲ့သည်။
စုလင်းတစ်ယောက်တည်း ထိုလူ၏ဘေးတွင် ရှိနေခြင်းက လုံလောက်ပြီဖြစ်သည်။
လီတိုင်တန်က စာချုပ်ကို ယူပြီး မျက်လုံးမှိတ်ထားကာ အသက်ပြင်းပြင်းရှုလိုက်၏။
ဘဝတွင် ထိုကဲ့သို့ လူကြီးလူကောင်းနှစ်ယောက်ကို တစ်ပြိုင်နက် တွေ့ခွင့်ရသည့်အတွက် သူကျေနပ်မိ၏။
ကံကောင်းထောက်မစွာဖြင့် ဤအရာက သူ့ကိုယ်ပိုင် ဝိညာဉ်ရေးရာနယ်ပယ်ဖြစ်ပြီး မည်မျှပင် ပျက်စီးစေကာမူ အရင်းခံကို ထိခိုက်မည်မဟုတ်ပေ။ လာမယ့်အချိန်အတွင်း ဤလူကြီးမင်းကို မကူညီမီ သူ့ဒဏ်ရာများကို သေချာဂရုစိုက်ရမည်။
…
အရာအားလုံးကို မြင်လိုက်ရသူ မောလ်က အတွေးများဝေဝါးနေ၏။
ဟမ်…
ဟမ်...
အမျိုးသားနဲ့ အမျိုးသမီးဇာ့ဂ်နှစ်မျိုးလုံးက အမှိုက်တွေပဲလား...
ယင်းက ထူးဆန်းနေသော်လည်း သူတို့စိတ်ကူးများဖြင့် ထူးထူးခြားခြား လိုက်လျောညီထွေနေသည်။
...မဟုတ်ဘူး..မဟုတ်ဘူး...မဖြစ်သင့်ဘူး...ဒီအမျိုးသားဇာ့ဂ်က တကယ်ကို ပြဿနာပဲ... ဒါက လုံးဝ မပတ်သက်ဘူး...မှန်တယ်မလား....
ခဏစဉ်းစားပြီး နောက်ဆုံးတွင် သူ လုမော့ကို "လေ့လာရမည့်" စာရင်းထဲ ထည့်လိုက်၏။
လူအားလုံး ထွက်သွားတော့မည်ကို မြင်ပြီး အမျိုးသားဇာ့ဂ်၏ဖခင်က တံခါးဝမှာ အော်ငိုနေပြီး လုမော့ကို စိတ်အားငယ်စွာ ကြည့်နေ၏။
ဟင်းးး…
မောလ် ခေါင်းယမ်းကာ ခေါင်းကိုက်သလိုခံစားရ၏။ သူ့အမျိုးသားအဖေအတွက် အပြစ်ရှိသည်ဟု ခံစားရသော်လည်း ခန်းမထဲမှ တိတ်တဆိတ် ပြန်ထွက်လာခဲ့၏။
သူက အမှောင်ထဲတွင် ပုန်းအောင်းရင်း ထွက်ခွာသွားသော လုမော့ကို လိုက်မှီသွား၏။
"ကျေးဇူးပြုပြီး...ခဏနေပါဦး..."
လုမော့က လှည့်ကြည့်လိုက်၏။
"အိုး... မင်းပဲ..."
မောလ်က သူ့အဝတ်အနားစများကို တင်းတင်းကျပ်ကျပ် ညှစ်လိုက်ကာ နှလုံးခုန်မြန်လာ၏။ မြေပုံက လုမော့လက်ထဲတွင်ရှိနေဆဲဖြစ်သော်လည်း ၎င်းက မြေပုံဖြစ်ကြောင်း မပြောနိုင်ဘဲ သူမည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်မပြောနိုင်ပေ။
ဒီလိုအခြေအနေမျိုးမှာ လုမော့ဆီက ပစ္စည်းတွေကို ဘယ်လိုပြန်ရနိုင်မလဲ...
ထိုသို့နားမလည်နိုင်သော အမျိုးသားဇာ့ဂ်တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် မောလ်က ပထမဆုံး အကြိမ် ရှက်ရွံ့သွားသလို ခံစားလိုက်ရ၏။ သူ ထစ်ထစ်ငေါ့ငေ့ါ ပြောလိုက်၏။
"အမ်...လူကြီးမင်း...မင်းလက်ထဲ တစ်ခုခုကိုင်ထားတာ ငါမြင်ခဲ့လို့ပါ..."
မြန်မြန်စဉ်းစားစမ်း...မောလ် မြန်မြန်စဉ်းစားလိုက်...
မင်း အခု မဟာမိတ် တစ်ခုလုံးရဲ့ မျှော်လင့်ချက်ကို မင်းလက်ထဲ ဆုပ်ကိုင်ထားတာ...မင်းကျရှုံးလို့ မဖြစ်ဘူး...မင်းအောင်ကို အောင်မြင်ရမယ်...
သို့သော် ထိုအခိုက်အတန့်တွင် တက်ကြွနေသည့် သူ့စိတ်က မောပန်းနွမ်းနယ်နေသလို ခံစားရ၏။ သူက စကားပြောရန် သင်ယူနေသော သားပေါက်ကလေးလိုပင်။
"အဲ့ဒါ...အဲ့ဘောလုံးလေး... မင်းမှာ ရှိသေးလား..."
လုမော့က မျက်မှောင်ကြုတ်လိုက်၏။
"ငါ့မှာ မဟုတ်ဘူး..."
မောလ်၏မျက်နှာ ဖြူဖျော့သွား၏။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ..."
"ဒါပေမယ့်..."
လုမော့က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး လင်း၏ ရှည်လျားသော ငွေရောင်ဆံပင်ကို လက်ချောင်းသွယ်သွယ်လေးများဖြင့် ပွတ်သပ်လိုက်သည်။ ဖောက်ထွင်းမြင်ရသော ဘောလုံးလေးက သူ့လက်ချောင်းထိပ်တွင် အပြာရောင်အမှုန်များ တောက်ပလျက် ပေါ်လာ၏။
အမှောင်ထဲတွင် ၎င်းက ကြယ်လေးလိုပင်။ လုမော့ ပြောလိုက်၏။
“ဒါ မင်းဟာလား...”
မောလ် ထပ်မံဖြူဖျော့သွားပြန်၏။
အဲပစ္စည်း ငါ့ဆီက လာတယ်ဆိုတာကို ခန့်မှန်းမိသွားတာလား...သူက အဲ့ထက်ပိုတဲ့ အမှန်တရားကိုလည်းပဲ ခန့်မှန်းနိုင်တာလား...
ကောင်းပြီ...လုမော့လို အမျိုးသားဇာ့ဂ်မျိုးက ဒီလိုခန့်မှန်းမှုမျိုး လုပ်နိုင်တာ အံ့ဩစရာတော့ မဟုတ်ဘူး...အထူးသဖြင့် ဒီအမျိုးသားဇာ့ဂ်က “သူပုန်တပ်” ကိုဖော်ထုတ်နိုင်ခဲ့တာပဲ...ဒါပေမယ့် သူ ဘာထပ်လုပ်နိုင်သေးလဲ...
ဘောလုံးက မျဉ်းကွေးပုံစံလမ်းကြောင်းဖြင့် ကွေ့ဝိုက်ကာ မောလ်၏လက်ပေါ်သို့ ရောက်ရှိလာ၏။ သူက လုမော့ကို အူကြောင်ကြောင်ကြည့်၍ မေးလိုက်၏။
“မင်း...”
ဆံပင်အနက်ရောင်၊ မျက်လုံးစိမ်းနှင့် အမျိုးသားက လက်ဖြန့်ကာ ပြောလိုက်၏။
“ငါပြောတယ်လေ...အဲ့ဒါငါ့မှာ မရှိဘူးလို့...”
“တတိယစစ်တပ်ရဲ့ ဗိုလ်မှူးက သူ့ဂုဏ်သိက္ခာနဲ့ အာမခံခဲ့တာလေ...အဲ့ဘောလုံးက သူ့အမျိုးသား သခင်ဆီမှာ မရှိဘူးဆိုတာကို...”
လုမော့ ပြုံး၍ မောလ်ကို ကြည့်လိုက်၏။
“ဒါဆို ငါ မင်းကို ဒီဟာနဲ့ လာဘ်ထိုးလိုက်မယ်...ဘယ်သူ့ကိုမှ မပြောနဲ့နော်...”
မောလ် : “ဟမ်...”
လုမော့က မောလ်ကို လက်ပြကာ အဝေးသို့ လျှောက်သွား၏။
......
သေစမ်း...ငါ အဲထဲမှာ ဘာရှိနေတယ်ဆိုတာကို တကယ်သိချင်သေးတာကို…
အို ကောင်းပါတယ်လေ...ဒီနေ့တော့ အကျိုးအမြတ်လေးတွေ စိုက်ပျိုးထားတယ်လို့ တွေးလိုက်ပြီ...
မဟုတ်ဘူးနော်...ငါ တကယ်သိချင်သေးတယ်လို့...
ညလေညင်းက သူ့တို့ပါးပြင်ပေါ် ဖြတ်တိုက်သွား၏။ လုမော့က လင်း၏ရယ်သံကို ကြားလိုက်၍ မကျေမနပ် လှည့်ကြည့်လိုက်၏။ သူက လင်း၏ဘေးနားသို့ ရောက်သွားပြီး လင်း၏ နူးနူးညံ့ညံ့ ပါးပြင်လေးကို အားပြင်းပြင်းဖြင့် ပုတ်လိုက်၏။
“မင်း ဒီနေ့ တစ်နေ့လုံး ရယ်နေတာနော်...”
“လုံလောက်ပြီ...”
“ဒါပေမယ့် ငါ အခု မပျော်တော့ဘူး...ငါ့ရဲ့ ချစ်အိမ်သူဘုရင်မလေး...ငါ့ကို အခုချက်ချင်း ပျော်အောင် လုပ်ပေးဖို့ မင်းကို အမိန့်ပေးတယ်...”
လင်း: “ မင်းက ကျိုးကြောင်းဆီလျော်မှုမရှိလိုက်တာ...”
လုမော့က မယုံသင်္ကာဖြစ်စွာ မေးလိုက်၏။
“မင်း အခု စဉ်းစားပြီးပြီလား...”
နောက်အခိုက်အတန့်တွင် လင်းက လုမော့နှုတ်ခမ်းကို အလွန်လျင်မြန်စွာ နမ်းလိုက်၏။
လင်းက မတ်မတ်ရပ်လိုက်ပြီး နီရဲလာသောနားရွက်များကို ညအမှောင်ထဲတွင် ဖွက်ထားလိုက်၏။ သူက ရှက်ကိုးရှက်ကန်း ချောင်းဆိုးလိုက်၏။
“ပျော်သွားပြီလား...”
“ငါတို့ ဒါကို နစ်နာကြေးပေးတယ်လို့ ခေါ်သင့်လား...”
“အင်း အဓိပ္ပါယ်တော့ ရှိသား...”
ကောင်းပြီလေ…
လုမော့က ယခုအခါတွင် သူ အမှန်တကယ်ပျော်သွားသည်ကို ဝန်ခံရပေမည်။
🌌🌌🌌