Chapter 137
Viewers 19k

👾Chapter 137


 


ထိုသူ၏ တုံ့ပြန်မှုကို ကြည့်လျှင်ပင် လင်းဟန်သည် ထိုအရာမှာ မည်သည့်အရာဖြစ်ကြောင်း နားလည်နေပြီဖြစ်၏။ 


၎င်းက အာဟာရဓာတ်စာ မဟုတ်ချေ။ 


သူ မမှတ်မိသည်ကို သူ မယုံနိုင်ဖြစ်နေ၏။ 


ဤမျှ များပြားလှသည့် စွမ်းအင်ကုန်ခမ်းခြင်း၊ ငါးရက်ကြာ မအိပ်စက်ရခြင်း၊ ပိုင်းလော့များ၊ စစ်တပ်နှင့် မက်ခါတို့အား ထိန်းချုပ်ရခြင်း . 


၎င်းက မည်သူ၏ ခန္ဓာကိုယ်ကိုမဆို ပြောင်းလဲစေမည်ဖြစ်ပြီး သူတို့၏ ဦးနှောက်သည်လည်း ထုံကျဉ်သွားပေလိမ့်မည်။ 


အံ့အားသင့်စရာ မရှိတော့ဘူး . 


လင်းဟန်၏ နှလုံးသားသည် ခါးသီးမှုတို့ဖြင့် ပြည့်နှက်သွား၏။


၎င်းက ကောင်းမွန်သည့် အရာမဟုတ်ကြောင်း သူသတိပြုမိလိုက်သည်။


“အဲဒါက ကြွက်သားနှောင့်နှေးဆေးရည် မဟုတ်လား …” လင်းဟန်၏ အသံသည် တုန်ယင်လျက်ရှိ၏။ 


သူက ထိုအရာအား သတင်းထဲတွင် တွေ့ဖူးခဲ့သည်။ 


၎င်းအား ကန့်သတ်ထားခြင်းမရှိချေ။ ၎င်းက ဆေးကုသရန်အတွက် အသုံးဝင်၏။ သို့သော် စစ်တပ်မှအပ လူနည်းစုသာလျှင် အဆိုပါ ဆေးကို အသုံးပြုကြသည်။ အဘယ့်ကြောင့်ဆိုသော် ဆေး၏ ဘေးထွက်ဆိုးကျိုးများက အလွန်ဆိုးဝါး၍ပင်။ 


ကြွက်သားနှောင့်နှေးဆေးရည် အမြောက်အများကို ထိုးသွင်းလိုက်ပါက အသုံးပြုသူသည် ခန္ဓာကိုယ်ရှိ ကြွက်သားအလုပ်လုပ်ပုံကို ကာလတစ်ခု ထိန်းထားနိုင်လိမ့်မည်။ သို့သော် ပေးဆပ်မှုကမူ ကြီးမားလှ၏။ 


မည်မျှအရေးပေါ် အခြေအနေဖြစ်စေ၊ အဆက်မပြတ် ထိုးသွင်းပါက အသန်မာဆုံး အယ်လ်ဖာများပင် ကြွက်သားနှောင့်နှေးခြင်းနှင့် ရင်ဆိုင်ရနိုင်၏။ ကိုယ်လက်အင်္ဂါများ သေးကျုံ့သွားခြင်း၊ စိတ်စွမ်းအား ကုန်ခမ်းခြင်းတို့အပြင် ကျန်းမာရေးမကောင်း၍ ရာထူးမှ ထုတ်ပယ်သည်အထိ ရင်ဆိုင်ရနိုင်၏။ 


ဟယ့်ယွင်ထင်သည် ဆေးထိုးအပ်တစ်ခုကို ထိုးသွင်းလိုက်ပြီဖြစ်ရာ သူ့အား တားဆီးရန် ခက်ခဲနေလေပြီ။ လက်မောင်းမှ တစိမ့်စိမ့် ထွက်လာသည့် သွေးများသည် မရပ်တန့်တော့ချေ။ အမိခံလိုက်ရသည့် ရှက်ရွံ့မှုကြောင့် ဟယ့်ယွင်ထင်သည် အသေးစိတ် ဂရုမစိုက်နိုင်တော့ပဲ သွေးများအား စီးကျလာခွင့်ပေးလိုက်ရ၏။ 


လင်းဟန်၏ လည်ချောင်း၌ တစ်စုံတစ်ခု တစ်ဆို့နေသည့်နှယ် ခံစားလိုက်ရသည်။ သူက အသက်ရှူရန်ပင် ခက်ခဲလာ၏။ 


“ခင်ဗျား ကျွန်တော့်ကို ညာတယ် …” အနီရောင်သွေးများက လင်းဟန်အား မည်သည့်အရာကိုမှ မမြင်နိုင်ဖြစ်သွားစေသည်။ သူ၏ အသံ၌ အလိုမကျမှုများ ပါဝင်နေ၏။ 

“ခင်ဗျားပြောတော့ အဲဒါ အာဟာရဓာတ်စာဆို …” 


“ကျွန်တော် မောင်းနိုင်တယ် …” 

လင်းဟန်က ဟယ့်ယွင်ထင်၏ အရေပြားထက်ရှိ သွေးများကို သုတ်ပေးလိုက်သည်။ 

“ခင်ဗျား ဒုတိယစက်ခန်းကို သွားလိုက် … ကျွန်တော် …” 


သူ စကားမဆုံးသေးခင် တစ်ဖက်လူ၏ ထွေးဖက်မှုအတွင်း ကျဆင်းသွားခဲ့ရသည်။ 


“ကိုယ်တောင်းပန်ပါတယ် …” 

ဟယ့်ယွင်ထင်က အရင်ဆုံး တောင်းပန်လိုက်၏။ သူ၏ အသံနိမ့်နိမ့်ထဲတွင် ဖုံးကွယ်၍ မရသော စိုးရိမ်မှုများ အတိုင်းသား ပေါ်လွင်နေသည်။ 

“ကိုယ်အဆင်ပြေပါတယ် …” 


“ခင်ဗျား ဒါတွေသုံးနေရတာတောင် အဆင်ပြေနေသေးတာလား …” 

လင်းဟန်က သူ၏ ခံစားချက်များအား မည်သို့ဖော်ပြရမည်ကိုပင် မသိတော့ချေ။ သူက အလွန်စိတ်ဆိုးနေ၏။ ဟယ့်ယွင်ထင်က သူ့အား မပြောခဲ့သည်ကို စိတ်ဆိုးရသည်ထက် တစ်ဖက်လူကြောင့် အသည်းကွဲသွားရသည့် ခံစားချက်က ပို၍ အလေးသာနေခဲ့သည်။ 


လွန်ခဲ့သော ရက်များအတွင်း ဟယ့်ယွင်ထင် ဖြတ်သန်းခဲ့ရပုံကို စဉ်းစားကြည့်ပြီးနောက် လင်းဟန် ထိုသူ့အား အပြစ်ပင် မတင်နိုင်တော့ချေ။ 


သို့သော် … 


သူ့အသံက ပို၍ ကျယ်လာ၏။ သူ့မျက်ဝန်းများက ဒေါသကြောင့် နီရဲနေသည်။ 

“ကျွန်တော်သာ သတိမပြုခဲ့မိရင် ခင်ဗျား ဘယ်လောက်ထိ ထိုးသွင်းနေဦးမှာလဲ … သုံးခုလား … ငါးခုလား …” 


တစ်ဖက်လူသည် လူငယ်လေးသာ ဖြစ်နေသော်လည်း ဟယ့်ယွင်ထင်က သူ့ကိုယ်သူ ကာကွယ်၍ မပြောနိုင်ခဲ့ချေ။ သူက လင်းဟန်ကိုသာ ညှင်သာစွာ ပွေ့ဖက်ရန် ညာလက်ကို ဆန့်တန်းလိုက်၏။ သူ့အသံထဲတွင် အပြစ်ရှိမှု တစ်စွန်းတစ်စ ပါဝင်နေခဲ့သည်။ ထောင်ချီသည့် ရန်သူများကိုပင် စိတ်ခံစားချက်ကင်းမဲ့စွာ ရင်ဆိုင်ခဲ့သည့် ဗိုလ်ချုပ်ကြီးသည် ယခုအခါ ထိတ်လန့်နေ၏။ သူက လင်းဟန်၏ ဆံစများကို ပွတ်သပ်လျက် တောင်းပန်နေခဲ့သည်။ 

“ကိုယ်တောင်းပန်ပါတယ် … ကိုယ်တောင်းပန်ပါတယ် …”


[ကိုယ်တောင်းပန်ပါတယ်]


[တောင်းပန်ပါတယ်]


[တောင်းပန်ပါတယ်]


[ကိုယ်အမှားလုပ်ခဲ့မိတာလား]


[ငါက ထိန်းထားလို့ရပေမယ့် မစ္စတာလင်းက အနားယူဖို့လိုတယ်လေ]


လင်းဟန် ထိုစကားကို ကြားချိန်၌ သူစိတ်ဆိုးနေကြောင်းကိုပင် မပြောနိုင်တော့ချေ။ သူက ပါးစပ်ကိုဖွင့်ကာ တစ်ဖက်လူ၏ ပခုံးကိုကိုက်ချလိုက်သည်။ လင်းဟန်က တစ်ဖက်လူအား နာကျင်စေလိုခြင်းမဟုတ်ပဲ သူ၏ ခံစားချက်များကို ဖွင့်ချလိုက်ချင်ရုံသာဖြစ်၏။ သူက စိတ်ကို တည်ငြိမ်အောင်ထားကာ ပြောလိုက်သည်။ 

“ကျွန်တော် မပင်ပန်းပါဘူး … လွန်ခဲ့တဲ့ရက်တွေက သေချာအနားယူခဲ့တယ်လေ … ဒီတော့ ကျွန်တော် ပထမစက်ခန်းကို သွားနိုင်ပါတယ် …” 


“ကိုယ်အဆင်ပြေပါတယ် … တကယ်ပြောတာ …” 

ဟယ့်ယွင်ထင်၏ အသံသည် ပို၍ ပျော့ပျောင်းလာသည်။ သူက လင်းဟန်အား ထပ်မံချော့မော့လိုက်၏။ 

“လိမ္မာပါ ဘေဘီ …” 


“ခင်ဗျား …” 

လင်းဟန်က သစ်မွှေးရနံ့ဖျော့ဖျော့ကြောင့် ကြောင်အသွား၏။ 


သူက ဟယ့်ယွင်ထင်သည် သူ့အား နှစ်သိမ့်ရန် ဖယ်ရိုမုန်းအချို့ ထုတ်လွှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိထားသည်။ သို့သော် လင်းဟန်က ခေါင်းကို ခက်ခက်ခဲခဲ မော့လိုက်၏။ 

“ဟယ့်ယွင်ထင် … ခင်ဗျား ကျွန်တော့်ကို ဖယ်ရိုမုန်းနဲ့ တိုက်ဖို့ကြိုးစားရင် …”


ကျွန်တော် ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး … 


သို့သော် လင်းဟန်က တွေးလေလေ၊ စိတ်ပူလာလေပင်။ သူက ဟယ့်ယွင်ထင်၏ ပခုံးကို လွှတ်ပေးရင်း ပြောလိုက်သည်။ 

“ခင်ဗျား ထပ်လုပ်ဦးမှာလား …”


လင်းဟန်က ဟယ့်ယွင်ထင်၏ အခြားလက်တစ်ဖက်ထဲရှိ ဆေးထိုးအပ်ကို ယူကာ လွှင့်ပစ်လိုက်သည်။ ထို့နောက် တစ်ဖက်လူအား ပို၍တင်းကျပ်စွာ ပွေ့ဖက်လိုက်၏။ 

“ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် အကြာကြီးလွဲချော်ခဲ့ရတာ … ခင်ဗျား ကျွန်တော့်ကို နှစ်ပေါင်းများစွာ မေ့သွားတာလေ … အခုမှ ခက်ခက်ခဲခဲ ရှာတွေ့ထားတာကို ကျွန်တော့်ကို ပစ်ခဲ့မလို့လား … ကျွန်တော်က ဖန်လုံအိမ်ထဲက ပန်းတစ်ပွင့်မဟုတ်ဘူးနော် … ခင်ဗျား ကျွန်တော့်ကို ချစ်တာ ကျွန်တော်သိတယ် … ပြီးတော့ အခု ခင်ဗျား ကျွန်တော့်ကို မက်ခါအတူတူ မောင်းရအောင် လုပ်ပေးထားတာလေ … အခုထိတောင် ခင်ဗျားက အရာအားလုံးကို တစ်ယောက်ထဲ ထမ်းထားချင်တုန်းလား …” 


သူက လက်ရှိအချိန်၌ စိတ်ကို မလွှတ်လိုက်သည့်ကြောင်း သိရှိထား၏။ သို့သော် လင်းဟန်သည် ဝမ်းနည်းနေမိသည်။ သူက မျက်ရည်များကို ထိန်းထားရန် ကြိုးစားလျက် နှုတ်ခမ်းလေး မဲ့လာ၏။ သူ၏ နှာခေါင်းထိပ်နှင့် မျက်သားများသည် နီရဲနေသည်။ သူ၏ မျက်ဝန်းအိမ်၌ မျက်ရည်များ ပြည့်လျှံနေသည့်တိုင် ခပ်ဖြည်းဖြည်းသာ ကျဆင်းလာကြလေသည်။ 


“ခင်ဗျား ဘာလို့ ကျွန်တော့်ဆီမလာခဲ့တာလဲ ကျွန်တော်နားမလည်ဘူး … ခင်ဗျားက ကျွန်တော့်ကို ကာကွယ်ချင်ခဲ့တာမှန်း သိတယ် … ဒါပေမယ့် ဟယ့်ယွင်ထင် … ကျွန်တော်လည်း အတူတူပဲလေ … ကျွန်တော်က ဘာမှမသိတဲ့ ကျောင်းသားလေးမဟုတ်တော့ဘူး …. ကျွန်တော်က ခင်ဗျား ချစ်သူပါ … ကျွန်တော်တို့ မလုပ်ရသေးတာ ရှိလို့လား … ဒါဆို လာ … ကျွန်တော့်ကို အပြည့်အဝ အမှတ်အသားပေးလိုက်ပါ … ခင်ဗျား ကျွန်တော့်ကို ပြင်းပြင်းကိုက်လိုက်တာနဲ့ ခင်ဗျား အန္တရာယ်ကျရောက်နေရင်တောင် ကျွန်တော့်ကို တွန်းထုတ်လို့မရတော့ဘူး .. ခင်ဗျား ဘာလို့ ဘာမှမပြောတာလဲ …” 


သူ၏ အလိုမကျမှုက ပို၍သာကြီးမားလာသည်။ သူ့မျက်ရည်များသည်လည်း အဆက်မပြတ် ကျဆင်းလာ၏။ သူက ခေါင်းမော့ကာ ဟယ့်ယွင်ထင်အား ကောင်းကောင်းမွန်မွန် ပြောချင်ခဲ့သည်။ သို့သော် သူ ခေါင်းမော့လိုက်ပါက သူ့မျက်ရည်များသည် စတင်၍ ကျဆင်းလာမည်သာ။ သူ၏ ဖြူဖွေးသော မျက်နှာထက်တွင် မျက်ရည်ကြောင်းများ ရှိနေနှင့်ပြီးဖြစ်သည်။ ထို့အပြင် ဟယ့်ယွင်ထင် သူ့အား ကြည့်နေသရွေ့ မျက်ရည်မကျအောင် သူထိန်းထားနိုင်မည် မဟုတ်ပေ။ 


“ခင်ဗျား အနာဂတ်ကို တွေးမိရဲ့လား …” 

လင်းဟန်က ငိုပြီးနောက် ပြောလိုက်သည်။ 

“ခင်ဗျား ကျွန်တော်ဘာလုပ်ချင်လဲ စဉ်းစားမိရဲ့လား … ခင်ဗျားက သန်းနဲ့ချီတဲ့လူတွေကို ကာကွယ်ရမယ်မှန်း ကျွန်တော်သိတယ် … သူတို့ခင်ဗျားကိုလိုမှန်း ကျွန်တော်သိတယ် …” 


လင်းဟန်၏ အသံက တဖြည်းဖြည်း မကြားရတော့သည်အထိ တိုးလာသည်။ 

“ဒါပေမယ့် ကျွန်တော်လည်း ခင်ဗျားကိုလိုတယ်လေ …” 


“ကျေးဇူးပြုပြီး ကြွက်သားနှောင့်နှေးဆေးရည်ကို မသုံးပါနဲ့ …. ကျွန်တော့်ကိုလည်း မတွန်းထုတ်ပါနဲ့ …” 

လင်းဟန်က မျက်နှာမော့လိုက်သည်။ သူ့မျက်ဝန်းများသည် မျက်ရည်များဖြင့် ဝေဝါးနေ၏။ သူက သူ့အရှေ့ရှိလူကို ခပ်ဝါးဝါးသာ တွေ့နေရသည်။ 


“ကျွန်တော် သေချာပေါက် ကူညီနိုင်ပါတယ် …” 


“ကျွန်တော့်ရဲ့ အိုမီဂါစိတ်စွမ်းအားကလည်း အရမ်းသန်မာပါတယ် … ခင်ဗျားရဲ့ ဖိအားတွေကို မျှဝေနိုင်မှာပါ …” 

လင်းဟန်က တစ်ဖက်လူအား မျက်ရည်အကြားမှ ခက်ခက်ခဲခဲပြောနေရ၏။ သို့သော် သူ့အသံမှာ တည်ငြိမ်လျက်ရှိသည်။ 

“ဒါဆို … ကျွန်တော် နောက်ဆုတ်လိုက်မယ် … စက်ခန်းက ခင်ဗျားအပိုင်ပါ …ဒါပေမယ့် ကျွန်တော်တို့ စိတ်ချင်းဆက်သွယ်ထားစရာမလိုပါဘူး … ကျွန်တော့်ဟာကျွန်တော် အဆင်ပြေပါတယ် …” 


ဟယ့်ယွင်ထင်က စကားမဆိုသေးပဲ ရှိနေ၏။ လင်းဟန်က တစ်ဖက်လူ၏ အင်္ကျီကော်လံကို ဆွဲယူလိုက်သည်။ အင်ပါယာ၏ အထူးချွန်ဆုံး မက်ခါမာစတာသည် ကလေးတစ်ဦးနှယ် ပြုမူနေ၏။ သူ့မျက်နှာထက်ရှိ တည်ငြိမ်မှုနှင့် နူးညံ့မှုတို့သည် ပျောက်ဆုံးသွားပြီဖြစ်သည်။ သူက ဟယ့်ယွင်ထင်၏ အဝတ်အား သူ၏ မျက်ရည်များကို အသုံးပြုရန် စည်းမဲ့ကမ်းမဲ့ ပြုမူနေ၏။ 


“ခင်ဗျားလည်း … ခင်ဗျားလည်း ကျွန်တော့်အပေါ် မှီခိုနိုင်ပါတယ် … အ …” 

လင်းဟန်က ငိုရင်းစကားဆိုနေသည်ဖြစ်ရာ သူ့မျက်နှာတစ်ခုလုံး မျက်ရည်စီးကြောင်းများ ရှိနေ၏။ သူ၏ အပေါ်နှုတ်ခမ်းမှာလည်း အနည်းငယ် နီကာ ယောင်နေသည်။ 


“ကောင်းပြီ …” 


အချိန်မှာ တစ်မိနစ်ပင် မရှိသေးချေ။ 


သို့သော် နောက်ပိုင်းတွင် လင်းဟန်က ထိုမိနစ်များသည် ဟယ့်ယွင်ထင်၏ ဘဝတစ်လျှောက် အရှည်ကြာဆုံး အချိန်ဖြစ်သည်ဟု တွေးခဲ့မိသည်။ 


ဟယ့်ယွင်ထင်က လူများကို တွန်းထုတ်၍ အန္တရာယ်အား တစ်ဦးထဲရင်ဆိုင်ခြင်းကို ရပ်တန့်ခဲ့သည်။ သူက ချစ်မြတ်နိုးခြင်းကို သင်ယူခဲ့၏။ သူက ချစ်ရသူအား နှလုံးသားတစ်ခုလုံး အပ်နှင်းခဲ့သည့် လင်းဟန်အား နားလည်လာခဲ့သည်။


သို့သော် လင်းဟန်သည် စိတ်မဖတ်ခဲ့ချေ။ 


ဟယ့်ယွင်ထင်၏ ပွေ့ဖက်မှုသည် ပို၍ တင်းကျပ်လာသည်ကိုသာ သူခံစားမိနေ၏။ တစ်ဖက်လူက သူ့အား တင်းတင်းပွေ့ဖက်လျက် မျက်ရည်များအကြားတွင် ညှင်ညှင်သာသာ နမ်းရှိုက်ခဲ့သည်။ ထို့နောက် လင်းဟန်အား သူ၏ စက်ခန်းထံ ပွေ့ခေါ်သွားခဲ့၏။ 


လင်းဟန်က ဟယ့်ယွင်ထင်၏စကားကိုသာ နားထောင်ခဲ့သည်။ 


ကောင်းပြီ … ကောင်းပြီ … 


မငိုပါနဲ့ … ကိုယ်မင်းပြောသမျှ သဘောတူပါ့မယ် … 


ကိုယ်တို့ကို ဘယ်သူမှ အနိုင်ယူလို့မရစေရဘူး …


*****


တစ်ချိန်ထဲမှာပင် ဝမ်ယွီကျစ်သည် ဆိပ်ကမ်းသို့ ရောက်လာသည်။ 


လုဟွိုက်က သူ၏ အသင်းကို စခန်းချရသည်မှာ ယနေ့သည် စတုတ္ထနေ့ဖြစ်၏။ 


သူ၏ ဖယ်ရိုမုန်းနှင့် စိတ်စွမ်းအားတို့ကြောင့် သူ၏ ရုပ်ရည်သွင်ပြင်သည် သာမန်အယ်လ်ဖာတစ်ဦးနှင့် မခြားနားချေ။ ထို့အပြင် သူ၏ စိတ်စွမ်းအားသည် B အဆင့်ဖြစ်၏။ အကယ်၍ စခန်း၏ လက်တွေ့ကွင်းဆင်းရေး စံနှုန်းများနှင့် တိုင်းတာပါက ထိုသူသည် စတုတ္ထပတ်ကိုပင် တောင့်ခံနိုင်ခြင်းရှိမရှိ ပြောရခက်ပေလိမ့်မည်။ 


သူက စစ်ဘက်ဆိုင်ရာ မိသားစုမှ မွေးဖွားလာသူဖြစ်၏။ သူ၏ ဖခင်သည် ဗိုလ်ချုပ်ဟောင်းဖြစ်သည်။ ထိုသူက နှစ်တစ်နှစ်၏ အခက်ထန်ဆုံး စစ်ပွဲတွင် သူ၏လူများကို ခုန်မှတ်သို့ အရောက်ပို့ပေးနိုင်ခဲ့သည်။ သို့သော် အခြားလူများ ထိုနေရာကို ရှာတွေ့ခြင်းမှ ကာကွယ်နိုင်ရန်အတွက် သူကိုယ်တိုင်ကမူ ရန်သူများနှင့် အသက်ချင်းလဲခဲ့၏။ 


လုဟွိုက်သည် ဖခင်၏ စိတ်ဆန္ဒကို အမွေခံသူဖြစ်သည်။ သူ၏ အခြေအနေမှာ သင့်ရုံသာ ရှိသည့်တိုင် အလုပ်ကြိုးစားမှုဖြင့် အားလုံး၏ သံသယများကို ဖယ်ရှားရင်း ဤနေရာသို့ တစ်လှမ်းချင်း တက်လှမ်းလာခဲ့၏။ 


လုဟွိုက်သည် ဟယ့်ယွင်ထင်ထက် အနည်းငယ် ပို၍ အသက်ကြီးသည်။ ထိုသူက ပေါ့ပေါ့ပါးပါးနေတတ်ပြီး စကားများတတ်သူဖြစ်၏။ သူသ် တစ်ဖက်လူအပေါ်ကိုလည်း စစ်မှန်စွာ ယုံကြည်လေ့ရှိသည်။ သူက ကြယ်ခွဲအား ထိန်းသိမ်းရမည့် အမိန့်ကို ရခဲ့သည့်အချိန်၌ သံသယဝင်ခဲ့သည်။ သို့သော် ဟယ့်ယွင်ထင်၏ အမိန့်အတိုင်း လိုက်ပါနေဆဲပင်။ 


လုဟွိုက်က အင်ပါယာမှ ရရှိသော သတင်းမှတဆင့် အခြားဆိပ်ကမ်းများသည်လည်း ဇာ့ဂ်များ၏ ကျူးကျော်ခြင်း မခံခဲ့ရသလို၊ ပင်မကြယ်၌ အသေအပျောက်မရှိကြောင်း သိခဲ့ရသည်။ အရပ်သားနယ်မြေဖြစ်စေ၊ အဓိကနယ်မြေဖြစ်စေ တည်ဆဲအမိန့်သည် အပြောင်းအလဲမရှိ ရှိနေဆဲဖြစ်၏။ 


ပင်မကြယ်၏ ရပ်နားစခန်းအားလုံးသည် ရှင်းလင်းခံခဲ့ရပုံပေါ်၏။ ကြယ်ခွဲတစ်ခုထဲသာလျှင် ဇာ့ဂ်များ ကျူးကျော်မှုနှင့် မရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။


အဆုံးသတ်တွင် အကယ်၍ ပင်မကြယ်ဝင်ပေါက်အား တိုက်ခိုက်ခြင်းသာ အောင်မြင်သွားပါက ဇာ့ဂ်များသည် အင်ပါယာသို့ ရပ်နားစခန်းမှတဆင့် ဝင်ရောက်လာနိုင်ပေလိမ့်မည်။ သူတို့ကာကွယ်နေသည့် ကြယ်ခွဲသည် အင်ပါယာကြယ်စုဝေး၏ မထင်မရှား နယ်မြေတစ်ခုသာဖြစ်၏။ ဤကြယ်ခွဲအား တိုက်ခိုက်ခဲ့လျှင်ပင် ဇာ့ဂ်များသည် ပင်မကြယ်သို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ 


သို့သော် မည်သူမှ မသိသည့်အချက်မှာ အဆိုပါ ကြယ်ခွဲ၏ အောက်ခြေ၌ အဓိကနယ်မြေနှင့် တိုက်ရိုက်ဆက်သွယ်ထားသော ခုန်မှတ် ရှိနေသည်ကို ဖြစ်၏။ 


မင်းသားဝမ်ယွီသည် လုဟွိုက်မလာခင်ကတည်းက ထိုအချက်ကို သိရှိထားခဲ့သည်။ ကံကောင်းစွာဖြင့် ဤစခန်းသည် အစွန်အဖျားနေရာ၌ ရှိနေသည်ဖြစ်ရာ ဝမ်ယွီသည် ဤနေရာအား နှစ်ပေါင်းများစွာ အချည်းနှီးဖြစ်စေခဲ့၏။ ထို့ကြောင့် ၎င်းအား ဖောက်ခွဲလိုက်သည့်တိုင် ကျစ်ရှင်းအပေါ်တွင် များများစားစား သက်ရောက်နိုင်မည် မဟုတ်ပေ။ 


မည်သို့ပင်ဖြစ်စေ၊ လုဟွိုက် ခေါ်ခဲ့သည့် စစ်သားများသည် အဘယ့်ကြောင့် ဖောက်ခွဲပစ္စည်းအမြောက်အများ သယ်လာခဲ့ခြင်းဖြစ်ကြောင်း မသိကြချေ။ သူတို့က ရပ်နားစခန်းသည် နောက်ဆုံးရက်တွင် ဖောက်ခွဲရန် လိုအပ်သည်ဟုသာ ကြားသိခဲ့ရ၏။ ထိုအမိန့်သည် ခံတပ်တွင် ရှိနေသည့် ဗိုလ်ချုပ်၏ တစ်ချက်လွှတ်အမိန့်ဖြစ်သည်။ 


မည်သူကမှ ဗိုလ်ချုပ်၏ အမိန့်များကိုမေးခွန်းမထုတ်ဝံ့ကြချေ။ 


သူတို့က လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့သည့် စစ်ပွဲကြောင်း ထိတ်လန့်မှုအတွင်း နစ်မြုပ်နေဆဲဖြစ်၏။ 


လုဟွိုက်က ခဏအနားယူနေသည့် စစ်သားနှစ်ဦးထံ လျှောက်လာခဲ့သည်။ သူတို့နှစ်ဦးက ထိုအကြောင်းအရာအား ပြောဆိုနေခဲ့ကြ၏။ 


သူတို့က လုဟွိုက်ကို မြင်လိုက်သည်နှင့် ချက်ချင်း အလေးပြုလိုက်သည်။ 

“ဗိုလ်ချုပ် … ပထမနေ့ဝက် ကင်းလှည့်မှုမှာ မူမမှန်တာ မတွေ့ရပါဘူး …” 


“သိပြီ …” 

လုဟွိုက်က နွေးထွေးစွာပြုံးကာ သူ၏ စစ်သားကို သက်သောင့်သက်သာနေရန် ပြောလိုက်သည်။

“မင်းအနားယူချိန်ဆိုမှတော့ ခဏအနားယူလိုက်ပါ …”


“ဟုတ်ကဲ့ …” 


လုဟွိုက်က တစ်ဖက်လူ ကမ်းပေးလိုက်သည့်ရေအား ပုံမှန်အတိုင်း သောက်လိုက်၏။ ထို့နောက် နားလည်ဟန်ဖြင့် ပြောသည်။

“မင်းတို့ ခံတပ်အကြောင်း ပြောနေကြတာလား …”


စစ်သားနှစ်ဦးက ခေါင်းညိတ်လိုက်သည်။ 

“ဟုတ်ပါတယ် …” 


လုဟွိုက်သည် ပုံမှန်အားဖြင့် ပေါ့ပေါ့ပါးပါး နေတတ်သူဖြစ်ရာ စစ်သားနှစ်ဦးက ဆက်လက်၍ တီးတိုးပြောလာကြ၏။ 

“အရေးအကြီးဆုံးက ကျွန်တော် ကြယ်စုဝေးဗဟိုချက်ကို တကယ်ပဲ အသုံးပြုရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး …” 


“ဟုတ်တယ် … အဲဒါက ဧကရာဇ်ရဲ့ ခွင့်ပြုချက်လိုတယ်မဟုတ်လား …” 


“ဒီတော့ အရှင်မင်းကြီးက ကျွန်တော်တို့ကို စောင့်ကြည့်နေကြတာပေါ့ …” 

စစ်သားများအနက် တစ်ဦးက စိတ်လှုပ်ရှားမှု၊ စိတ်အားထက်သန်မှုဖြင့် ပြောလိုက်သည်။ 


“ဘုရင်မက တကယ်ပဲ ရှေ့တန်းကို လာခဲ့တာလား … သူမက အနိုင်ရမယ်လို့ ဆုံးဖြတ်ပြီး လာခဲ့ပုံပဲ … တကယ်ဆို အသိုက်ထဲပဲ နေခဲ့သင့်တာ …” 


“ကောင်းတဲ့ကိစ္စပဲလေ … အခုဆိုရင် ဘုရင်မက အသတ်ခံလိုက်ရပြီ … နောက်ပိုင်း ဘုရင်မအသစ်တွေက အရွယ်ရောက်လာဖို့ နှစ်ပေါင်းများစွာ အချိန်ယူရမှာပဲ … ဘာပဲဖြစ်ဖြစ် ဒီစစ်ပွဲပြီးရင် အချိန်အကြာကြီး အေးချမ်းနေတော့မှာ …” 


“ဒါပေမယ့် ဘာလို့ ခံတပ်က အခုထိ စစ်ဆင်ရေးရှိနေတာလဲ …”


“အဲဒါက ‘အမေ့အတွက် လက်စားချေမယ်’ ဆိုတာမျိုး နေမှာပေါ့ …” 


လုဟွိုက်သည် ဆာဂျင်၏ စကားကြောင့် ခေါင်းမော့ကာ ပြုံးလိုက်သည်။

“ဒါဆို မင်းတို့ ဇာ့ဂ်တွေဘာ့ကြောင့် ခုထိ တိုက်ခိုက်နေရသလဲ သိလား …” 


စစ်သားနှစ်ဦးက မသိကြချေ။ သူတို့က ချက်ချင်း အကြည့်လွှဲလိုက်ကြ၏။


“ဆိပ်ကမ်းကို လာတဲ့ အရာအများစုက မဟူရာမြှားပုရွက်ဆိတ်တွေပဲ …”

လုဟွိုက်သည် သူတို့အား စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ 

“အဲဒီ့ အင်းဆက်အမျိုးအစားက ခုန်တာနဲ့ သွားလာရေးအတွက် အသုံးပြုတာ … တိုက်ခိုက်တဲ့စွမ်အား ကောင်းကောင်းမရှိဘူး …” 


“ဘုရင်မကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်မထားကြဘူး … ဒါပေမယ့် အခု သူမ ထွက်လာပြီဆိုတော့ တခြားအင်းဆက်တွေက ဘယ်အရေးကြီးတော့မလဲ … ဇာ့ဂ်တွေရဲ့ သွားလာရေးအတွက် မဟူရာမြှားပုရွက်ဆိတ်တွေက သေချာပေါက် အများကြီး ထွက်လာကြတာပေါ့ …” 


စစ်သားငယ်တစ်ဦးက ခေါင်းညိတ်လိုက်သည်။ 

“ကျွန်တော်နားလည်ပြီ … ဘာပဲဖြစ်ဖြစ် မဟူရာမြှားပုရွက်ဆိတ်တွေက ဈေးအကြီးဆုံးပဲ … ဘာ့ကြောင့်လဲဆိုတော့ သူတို့လာတာနဲ့ တခြားဇာ့ဂ်တွေလည်း ပါလာတတ်တာကိုး …” 


လုဟွိုက်က စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားလိုက်ရပြီး ပြုံးလိုက်၏။

“အမှန်ပဲ … အသစ်မွေးလာတဲ့ အင်းဆက်တွေ မရှိပေမယ့် မဟူရာမြှားပုရွက်ဆိတ်နဲ့ ပါလာတဲ့ အင်းဆက်တွေကတော့ သူတို့ရဲ့ မိခင်အင်းဆက်အတွက် လက်စားချေဖို့ ကြိုးစားကြလိမ့်မယ် …” 


တစ်စုံတစ်ဦးက ထိုစကားကြောင့် တောင့်တင်းသွား၏။

“ဗိုလ်ချုပ်နဲ့ တခြားလူတွေ အဆင်ပြေရဲ့လား … သူတို့ထိန်းထားနိုင်ပါ့မလား …” 


လုဟွိုက်၏ မျက်နှာတစ်ခုလုံး မှောင်မဲသွားသည်။ 


သူကိုယ်တိုင်သည်လည်း ခံတပ်မှ စစ်သည်တော်များသည် ဇာ့ဂ်တို့၏ လက်စားချေမှုကို တောင့်ခံနိုင်စွမ်း ရှိမရှိ သေချာမသိချေ။ 




👾