Chapter 135
Viewers 19k

👾Chapter 135




ကြယ်စုဝေး၏ ဗဟိုသည် ခံတပ်၏ အဓိကလက်နက်ရှိနေသည့် နေရာဖြစ်သည်။ ထိုနေရာ၌ ဧကရာဇ်ကိုယ်တိုင် နေရာချခဲ့သည့် ပင်မလက်နက်ရှိနေ၏။ ထို့အပြင် ၎င်းလက်နက်သည် သာမန်အမြောက်ကဲ့သို့ ကြယ်သင်္ဘောအား မလိုအပ်ချေ။ ၎င်းလက်နက်အား အသက်သွင်းရန် မြင့်မားသော စွမ်းအင်နှင့် အရှိန်မြှင့်စက်သာ လိုအပ်၏။


အဆိုပါလက်နက်၌ ထိပ်ဖူးတစ်ခု ပါရှိပြီး အရှိန်မြှင့်စက်၏ စွမ်းအင်ထောက်ပံ့မှု၊ ခံတပ်၏ ဗဟိုစက်ကွင်းတို့အား အသုံးပြုခြင်းဖြင့် ပေါက်ကွဲစေနိုင်၏။ ၎င်းသည် ခံတပ်အတွင်းပိုင်း၌ ရှိနေခြင်းဖြစ်ရာ ကိုယ်ပိုင်တွန်းအားနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းတို့ ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ပစ်မှတ်များကိုသာ တိတိကျကျ ပစ်ခတ်နိုင်ပြီး မိမိ၏ ဘက်တော်သားများအား ထိခိုက်စေမည် မဟုတ်ပေ။ 


တစ်ခုထဲသော ပြဿနာမှာ ၎င်း၏ စွမ်းအင်နှင့် အဆင့်တို့ကြောင့် အဆိုပါ ဗဟိုချက်အား ထိန်းချုပ်ရခြင်းသည် အလွန်အရေးကြီးလှ၏။ 


သော့မှာလည်း ထိုနည်းတူပင်။ 

သော့ကို ဧကရာဇ်ကိုယ်တိုင် ကိုင်ဆောင်ထားလေသည်။ 

ဧကရာဇ်၏ အမိန့်ဖြင့်သာ အဆိုပါ ကြောက်မက်ဖွယ် လက်နက်အား အသက်သွင်းနိုင်၏။ 


“ထောက်ခံချက် လိုအပ် …” 

ယဲ့လင်က မသိစိတ်ဖြင့် ပြောလိုက်မိ၏။ 


“ငါ ခွင့်ပြုချက်ရပြီးပြီ …” 

M2742 သည် ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် လှပသော စက်ဝိုင်းခြမ်းအဖြစ် အောက်သို့ ဆင်းသက်လာ၏။ သတ်ဖြတ်ခံရသော ဇာ့ဂ်အရေအတွက်သည် ချက်ချင်းဆိုသလို ဂဏန်း ဆယ်လုံးအထိ တိုးမြင့်လာသည်။ 


“ဧကရာဇ်က ငါတို့နဲ့အတူ ရှိနေတယ် …” 


“ဧကရာဇ် ကလား …” 


မရေမတွက်နိုင်သည့်အသံများ ထွက်ပေါ်လာ၏။ queen ၏ ပေါ်ထွက်လာမှုကြောင့် ထိတ်လန့်နေကြသည့် တော်ဝင်စစ်သည်တော်များသည် အဆိုပါ စကားကြောင့် လှုံ့ဆော်ခံလိုက်ရကာ စစ်မြေပြင်ထံသို့ အမြန်ဦးတည်လိုက်ကြသည်။ 


တစ်ချိန်ထဲမှာပင် M2742 မက်ခါ၏ နှစ်ယောက်ထိုင်ခုံပေါ်တွင် လင်းဟန်သည် အသက်ပြင်းပြင်းရှိုက်လိုက်၏။ သူက တော်ဝင်မိသားစု၏ ဆက်သွယ်မှုလိုင်းအား ခေါ်ဆိုလိုက်၏။ 


ဟယ့်ယွင်ထင်သည် စစ်ပွဲအခြေအနေအား အာရုံစိုက်နေရလေသည်။ လုအန်းဟယ်နှင့် အခြားလူများက ဟယ့်ယွင်ထင်အား အချိန်ပြည့် တင်ပြလျက်ရှိ၏။ လင်းဟန်သည်လည်း အချက်အလက်များကို ရရှိပြီး ဟယ့်ယွင်ထင်သို့ တင်ပြရလေ့ရှိသည်။ 


မူလက လင်းဟန်သည် ဟယ့်ယွင်ထင် ပြောသည့်အတိုင်း တော်ဝင်မိသားစု၏ လိုင်းနှင့် ချိတ်ဆက်ပေးလိုခဲ့ခြင်းဖြစ်သည်။ သို့သော် သူက ဆက်သွယ်မှုလိုင်းအား ချိတ်လိုက်သည်နှင့် တစ်ဖက်လူက ဗီဒီယို ခေါ်ဆိုမှု ပြုလုပ်လာခဲ့သည်။ 


လင်းဟန်သည် တစ်ဖက်လူအား မြင်လျှင်မြင်ချင်း တောင့်တင်းသွား၏။ ထို့နောက် ချက်ချင်း အလေးပြုလိုက်သည်။ 

“ဘုရင်မင်းမြတ် …” 


“ကျွန်တော် နောက်ပိုင်းမှာ ဗိုလ်ချုပ်ကို တိုက်ရိုက်ဆက်သွယ်ပေးပါ့မယ် …”


လင်းဟန်က ဝမ်ကျောက်ကောနှင့် ပါလီမန်အဆောက်အဦး၌ နောက်ဆုံးတစ်ကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ သူက ထိုသူအား ယခုကဲ့သို့ ထပ်မံတွေ့ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ 


“မဟုတ်ဘူး ..” 

ဝမ်ကျောက်ကောသည် နူးညံ့သော ဆိုဖာပေါ်၌ လဲလျောင်းနေ၏။ သူက စောင်ပါးတစ်ထည်ကို သက်သောင့်သက်သာ လွှမ်းခြုံလျက်ရှိသည်။ 


သူက လင်းဟန်အား လက်ဝေ့ယမ်းပြကာ ဆို၏။ 

“ကျုပ်ကို M2742 က ဆက်သွယ်ခဲ့တာပဲလေ … မင်းက မက်ခါကို မောင်းနိုင်စွမ်းရှိနေမှတော့ မင်းလည်း ပြောခွင့်ရှိပါတယ် …” 


“အိုး …” 

လင်းဟန် ခေါင်းညိတ်လိုက်သည်။ 


တစ်ဖက်လူ၏ အရှေ့၌ အဆုံးသတ်သွားပုံရသည့် ချက်စ်ကစားပွဲတစ်ခု ရှိနေသည်။ သူ၏ ချစ်ရသော ဘုရင်မ ချက်စ်အပိုင်းအစသည် ချက်စ်ဘုတ်ပေါ်တွင် အချက်အချာအဖြစ်ဆုံး နေရာ၌ တည်ရှိနေ၏။ ထိုသူက ကစားပွဲကို အနိုင်ပိုင်းလိုက်ပုံရသည်။


ဝမ်ကျောက်ကောက စိတ်ကောင်းဝင်နေပုံရသည်။ ထိုသူ၏ ထူးချွန်သော ပုံရိပ်နှင့် နူးညံ့သော ပုံရိပ်သည် ဖန်သားပြင်၌ ထင်ဟပ်နေ၏။ သူ၏ ခြေလက်များသည် သက်သောင့်သက်သာ အနေအထားအတိုင်း ရှိနေသည့်တိုင် လူများကို လျစ်လျူမရှုနိုင်စေသည့် အရှိန်အဝါတစ်မျိုး လွှမ်းခြုံလျက်ရှိနေသည်။ 


ထိုသူက အလွန်ငယ်ရွယ်ပုံပေါ်ပြီး စိတ်ရောကိုယ်ပါ အေးချမ်းနေပုံရ၏။ သို့သော် သူပြောလိုက်သည့် စကားကမူ လက်ရှိစစ်ပွဲနှင့် တစ်ထပ်ထဲကျနေခဲ့သည်။ 

“ကြယ်စုဝေးဗဟိုချက် ကို အသက်သွင်းပြီးပြီလား …” 


လင်းဟန်က ထိတ်လန့်သွားကာ အမှန်အတိုင်း ပြန်ဖြေလိုက်၏။ 

“မှန်လှပါ …” 


“ကောင်းတယ် … လေကုန်ခံပြီးပြောနေစရာ မလိုတော့ဘူး …” 

ဝမ်ကျောက်ကောက တည်ငြိမ်စွာ ဆို၏။ 

“ကျုပ် သော့ကို ပို့လိုက်မယ် …” 


“တော်ဝင်ဗိုလ်ချုပ်က ခံတပ်မှာ တိုက်ခိုက်နေပြီ … ချက်စ်ပဲ ကစားနေတဲ့လူတွေက သူ့ကို ထိန်းထားနိုင်မှာ မဟုတ်ဘူး … ကျုပ် အဲဒါကို တွေးမိပေမယ့် မေ့သွားမှာ စိုးရိမ်ခဲ့ရတာလေ … ဒါ့ကြောင့် နောက်ပိုင်း ပြဿနာတွေမဖြစ်အောင် အဲဒါကို အရင်ဖြေရှင်းဖို့ တွေးခဲ့တာ …” 


ဝမ်ကျောက်ကော သော့အား လွှဲပြောင်းပေးတော့မည် ဖြစ်ကြောင်း သတိပြုလိုက်မိသဖြင့် လင်းဟန်၏ နှလုံးသားက တုန်လှုပ်သွား၏။ သူက ကျောကို မတ်မတ်ထားလိုက်သည်။ 

“ခဏစောင့်ပါ … ကျွန်တော် ချက်ချင်း အကြောင်းကြား …” 


“ဟေး … လာဦး … လာဦး …” 

လင်းဟန်အား ဝမ်ကျောက်ကောက စကားဖြတ်ပြောလိုက်သည်။ 


“ဒါက ကိစ္စကြီးမဟုတ်ပါဘူး …” 

ဝမ်ကျောက်ကောက နှုတ်ခမ်းထောင့်ကို လက်ချောင်းဖြင့် ထောက်ရင်း ပြုံးလိုက်၏။ 

“မင်း ကျုပ်ကိုပြောပြော ဗိုလ်ချုပ်ကို ပြောပြော ကိစ္စမရှိဘူး …” 


ဝမ်ကျောက်ကောက ‘ကြယ်စုဝေးဗဟိုချက်’ ၏ သော့အား အရေးမကြီးဟု ပြောနေသဖြင့် လင်းဟန် မယုံနိုင် ဖြစ်သွားရသည်။


ဝမ်ကျောက်ကောက သဘောထားကြီးစွာဖြင့် လူငယ်လေးအား စိတ်တည်ငြိမ်စေရန် အချိန်ပေးခဲ့၏။ တစ်မိနစ်အကြာ၌ သူက ဆက်ပြောသည်။ 

“ဗိုလ်ချုပ်က မင်းကို သူ့မက်ခါထဲဝင်ခိုင်းလိုက်တဲ့အချက်ကို ကြည့်လေ …” 


“မကြောက်ပါနဲ့ … ဧကရာဇ်က တခြားလူတွေရဲ့ အချစ်ရေးကို ခွဲဖို့အစီအစဉ်မရှိပါဘူး …” 

ဝမ်ကျောက်ကောက နောက်ပြောင်လိုက်၏။ 

“သံမဏိပင်ကြီး နှစ်ပေါင်းများစွာကြာမှ ပွင့်လန်းလာတာကို ကြည့်ရတာ နည်းနည်းတော့ အသားမကျသေးဘူး … ဒါပေမယ့် ကျုပ် ဆုံးဖြတ်ပြီးပြီ …” 


“ဒါပေါ့ …” 

ဝမ်ကျောက်ကောပြုံးလိုက်သဖြင့် သူ့အနီးရှိ ထက်ရှမှုက များစွာလျော့ပါးသွား၏။ 

“အဓိကအချက်ကတော့ မင်းနဲ့ပတ်သက်ပြီး ကျုပ်ခံစားချက်ကောင်းနေလို့ပဲ …” 


လင်းဟန်သည် ဧကရာဇ်အား ပို၍ နားမလည်ဖြစ်လာရသည်။ ထို့ကြောင့် သူက တစ်ဖက်လူအား တလေးတစားဖြင့် ကျေးဇူးတင်ရန်သာ တတ်နိုင်ခဲ့၏။ 


သို့သော် သူခေါင်းမော့လိုက်သည်နှင့် ဧကရာဇ်၏ လက်တွင်း၌ တောင်ဝှေးတစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။ ဧကရာဇ်၏ တောင်ဝှေးသည် အနှိုင်းမဲ့စွမ်းအားကို ကိုယ်စားပြုသည်။ ၎င်းက သူ၏ စကားများကိုလည်း ကိုယ်စားပြု၏။ 


လင်းဟန်က စံအနေအထားနှင့် ကိုက်ညီစွာ ကိုယ်ကို မတ်လိုက်၏။ ဝမ်ကျောက်ကောက လက်ကို ဝေ့ယမ်းလိုက်သည်။ 

“စည်းမျဉ်းတွေကို အရမ်းဂရုစိုက်မနေပဲ သေချာနားထောင်ပါ …” 


“ကျုပ် ဗိုလ်ချုပ်ဟယ့်ယွင်ထင် ‘ကြယ်စုဝေးဗဟိုချက်’ ကိုသုံးဖို့ ခွင့်ပြုတယ် … အခုကစပြီး ကျုပ်က သော့ကို ကိုယ်တိုင် လွှဲပြောင်းပေးလိုက်ပြီ …” 


လင်းဟန်က သူ့နှလုံးခုန်သံ ပို၍ မြန်ဆန်လာသည်ကို သတိပြုမိလိုက်သည်။ 


“နားလည်ပါပြီ …” 


သော့များက အထူးချန်နယ်များမှတဆင့် ဝင်ရောက်လာကြသည်။ ဝမ်ကျောက်ကောက အမိန့်ပေးပြီးသည်နှင့် ပုံမှန်နူးညံ့သော အမူအရာအား ပြန်လည် တပ်ဆင်လိုက်၏။ ထို့နောက် သူ့အရှေ့ရှိ ချက်စ်အပိုင်းအစအား ကောက်ယူလိုက်သည်။ 


“ကျုပ်တို့ နောက်ဆုံးတစ်ခေါက် တွေ့တုန်းက အလျင်စလိုဖြစ်နေခဲ့တာကြောင့် မစ္စတာလင်းကို ချက်စ်ကစားဖို့ မခေါ်လိုက်ရဘူး ...”

ဝမ်ကျောက်ကောက ချက်စ်အပိုင်းအစတစ်ခုကို ကောက်ကိုင်လျက် ပြောသည်။ 

 “မစ္စတာလင်း ခံတပ်က ပြန်လာရင် အရံခန်းဆောင်ကို လာခဲ့လေ … ကျုပ် တစ်ယောက်ယောက်နဲ့ ချက်စ်မကစားရတာ တော်တော်ကြာပြီ …” 


လင်းဟန်က သူ ချက်စ်ကစားချင်သည်ဟု ပြောခဲ့သည်ကို ဝမ်ကျောက်ကော အမှတ်ရနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ 

“ကောင်းပါပြီ …” 


“ဗိုလ်ချုပ်ကို လိုအပ်တာရှိရင် ကျုပ်ကို ဆက်သွယ်ဖို့ ပြောလိုက်ပါ … ဘာပဲတောင်းဆိုတောင်းဆို ကိစ္စမရှိဘူး …” 

ဝမ်ကျောက်ကောက ချက်စ်အပိုင်းအစအား ချက်စ်ဘုတ်ပေါ်တွင် နေရာပြန်ချထားလိုက်သည်။ 

“မစ္စတာလင်းကိုယ်တိုင် ဆက်သွယ်ရင်လည်း ကျုပ်စိတ်မရှိပါဘူး …” 


ဆက်သွယ်မှု ဖြတ်တောက်လိုက်ချိန်အထိ ဝမ်ကျောက်ကောသည် ဇာ့ဂ်များနှင့် ပတ်သတ်၍ တစ်ခုပင် မမေးခဲ့ချေ။ 


လင်းဟန် သိချင်စိတ်ဝင်လာ၏။ ဝမ်ကျောက်ကောသည် သူ့အား နှစ်ကြိမ်သာ တွေ့ဖူးခဲ့ခြင်း ဖြစ်သည့်တိုင် ယုံယုံကြည်ကြည်ဖြင့် သော့ကို လက်လွှဲပေးခဲ့လေသည်။ ဟယ့်ယွင်ထင်က ‘ကြယ်စုဝေး၏ ဗဟိုချက်’ အား အသုံးပြုခွင့်ရလိမ့်မည်ဟု ယုံကြည်ချက် အပြည့်ရှိနေသကဲ့သို့ပင်။ 


ထိုသူက ဟယ့်ယွင်ထင် ကျရှုံးမည်မဟုတ်ဟု ယုံကြည်သလို၊ ‘ကြယ်စုဝေးဗဟိုချက်’၏ သော့ကိုလည်း အသာတကြည် လွှဲပေးလိုက်၏။ 


တစ်ချိန်ထဲမှာပင် စစ်သားများ၏ သေဆုံးနှုန်းသည် အလွန်တရာ မြင့်တက်လာ၏။ သူတို့က အဆက်မပြတ် အမြောက်များကို ပစ်လွှတ်နေကြသည်။ အမြောက်တိုက်ခိုက်မှုသည် တာဝေးပစ်ဒုံးများဖြင့် အစားထိုးခံလိုက်ရ၏။ အာကာသ ရပ်နားစခန်းသည် အသုံးပြုမှု အများဆုံး ဖြစ်နေသည်။ အောက်မှအထက်အထိ ရန်သူအား ခုခံတိုက်ခိုက်နေကြ၏။ ဇာ့ဂ်ဘုရင်မသည် သူမ၏ ကလေးများဖြင့် ဝန်းရံခံနေရသည်။ ဇာ့ဂ်များက ဆက်တိုက် ပစ်ချခံနေရပြီး မကြာခင်မှာပင် ဇာ့ဂ်အသစ်များက ဇာ့ဂ်ဘုရင်မအတွက် အမြောက်စာဇာတ်ကောင်အဖြစ် ရင်ဆိုင်ပေးကြပြန်၏။ အဆုံးသတ်တွင် ဇာ့ဂ်ဘုရင်မသည် ထိုနေရာ၌ ရှိနေသမျှ ဇာ့ဂ်များသည် အသက်စတေးနေရမည်သာ။ 


ထူးဆန်းသော ရင်ဆိုင်တိုက်ခိုက်ခြင်းက အချိန်ကြာကြာ မတည်ရှိခဲ့ချေ။ 


ခံတပ်၏ စွမ်းအင်များသည် အင်ပါယာရှိ စွမ်းအင်များထက် အဆရာချီ မြင့်မား၏။ သို့သော် အရာအားလုံးက အမြောက်စာဇာတ်ကောင်အား ဖျက်ဆီးရန်အတွက်သာ အသုံးပြုကြခြင်းဖြစ်သည်။ 


ဇာ့ဂ်များသည် queen အား အထပ်ထပ် ဝန်းရံထားကြသည်။ သူတို့က ကြယ်ဂိတ်အား အလွယ်တကူ ချိုးဖျက်နိုင်မည် မဟုတ်ကြောင်း သိရှိသွားပြီးနောက် ဖြည်းဖြည်းချင်း ပြန်လည် ဆုတ်ခွာသွားကြ၏။ ထို့နောက် လေပိုင်နက်တစ်ခု ရှာဖွေကာ ယာယီအသိုက်ဖွဲ့လိုက်ကြ၏။ သံမဏိပိုးကောင်များနှင့် မြှားပုရွက်ဆိတ်များက အကာအကွယ်အဖြစ် ဆောင်ရွက်ကြသည်။ ဤသို့ဖြင့် ရွံရှာဖွယ်ကောင်းသည့် ဧရာမ အနက်ရောင်ထုကြီးသည် ကောင်းကင်ထက်၌ ဖြစ်တည်လာ၏။ 


မဟူရာမြှားပုရွက်ဆိတ် ပထမလှိုင်းကို ဖိနှိပ်ပြီးသည့်နောက် အာကာသ စခန်းသည် ယာယီ တိုက်ခိုက်မှု ရပ်စဲလိုက်ပြီး စွမ်းအင်များကို ပြန်လည်ဖြည့်တင်းနေတော့သည်။ 


တစ်ဖက်လူသည် လုအန်းဟယ်၏ တင်ပြချက်ကို နားထောင်နေ၏။ ခဏအကြာတွင် သူက ခလုတ်ခုံအား ကြည့်နေရာမှ မော့ကြည့်လာသည်။


သူက လင်းဟန်အား တော်ဝင်မိသားစုလိုင်းသို့ ဆက်သွယ်ခိုင်းခဲ့သည်ကို သတိရလိုက်၏။ သို့သော် မည်သည့်တုံ့ပြန်မှုကိုမှ မရသေးချေ။ သူက ထိုသူတို့ ဆက်သွယ်မှု ပြတ်တောက်သွားသည်ဟု ထင်ကာ ဆက်သွယ်ရေးစက်ကို ထပ်မံဖွင့်ရန် ပြင်လိုက်သည်။ သို့သော် လင်းဟန်က သူ့အား တားလိုက်၏။ 


“ကျွန်တော် ဧကရာဇ်နဲ့ ဆက်သွယ်ခဲ့ပြီးပြီ …” 


လင်းဟန်က ဝမ်ကျောက်ကောအကြောင်း ပြောကြားလိုက်ပြီးနောက် သူရရှိခဲ့သည့် သော့အား ဟယ့်ယွင်ထင်ထံသို့ ကမ်းပေးလိုက်သည်။ 


တစ်ဖက်လူသည် အံ့အားသင့်သွားခြင်းမရှိခဲ့ချေ။ 

“ကိုယ်သိတယ် …” 


ဟယ့်ယွင်ထင်က ဝမ်ကျောက်ကော၏ အမူအကျင့်ကို လင်းဟန် နားမလည်နိုင်ဖြစ်နေကြောင်း နားလည်လိုက်၏။ သူက ရှင်းပြလာသည်။ 

“ဧကရာဇ်က အဲဒီ့လိုပဲ … စိတ်မပူပါနဲ့ …” 


ဘယ်လိုပဲဖြစ်ဖြစ် … ဒါက သာမန်မှမဟုတ်တာ … 


အဆုံးသတ်တွင် ဝမ်ကျောက်ကောသည် ငယ်ရွယ်စဉ်က အာကာသဓားပြများ ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ရသူဖြစ်သည်။ 


ဟယ့်ယွင်ထင်က ခဏတွေးကာ ဝမ်ကျောက်ကောနှင့် တူညီသည့် ဖြေရှင်းချက်တစ်ခု ပေးလာခဲ့၏။

“သူက လူတွေကို တိတိကျကျ ခန့်မှန်းနိုင်တယ်လေ …” 


“ကိုယ်သူနဲ့ အတူတူတိုက်ပွဲဝင်ဖူးတယ် … ဒါ့ကြောင့် သူကိုယ့်ကို ကောင်းကောင်းသိတယ်လေ … ကိုယ်သူ့ကို တောင်းရင်လည်း သော့ကို အလွယ်တကူ ပေးလိုက်မှာပဲ …” 


“မကြောက်ပါနဲ့ …” 

သူက စိုးရိမ်နေသည့် လူငယ်လေးကို ကြည့်ကာ ပြောလိုက်သည်။ ထို့နောက် လင်းဟန်၏ လည်ပင်းအား ခပ်ဖွဖွ ပွတ်သပ်လိုက်၏။ 

“သူ့မှာ မင်းနဲ့ပတ်သတ်ပြီး အမြင်ကောင်းရှိလို့နေမှာ …” 


“ကောင်းပြီလေ …” 


အချိန်သည် တန်ဖိုးအကြီးဆုံးအရာဖြစ်၏။ ထို့ကြောင့် လင်းဟန်က စိတ်ပူနေခြင်းကို ရပ်တန့်လိုက်သည်။ 


အတည်ပြုမှုသည် အချိန်ဘယ်လောက်မှ မယူခဲ့ရချေ။ မကြာခင်မှာပင် 3-M487 အချက်ပြစက်က ကြီးမားသော အနက်ရောင်အရိပ်များအား စတင်ပြသလာ၏။ 


Queen သည် သူမ၏ စွမ်းအားကို အမှန်တကယ်ဖြန့်ကျက်နေပုံရသည်။ ဇာ့ဂ်အသစ်များက အရိပ်များကို ချိုးဖျက်လာကာ နှင်းလုံးတစ်လုံးပမာ ကြီးမားလာကြ၏။ 


“စွမ်းအင်သိုလှောင်တာ ပြီးဖို့ ဘယ်လောက်လိုသေးလဲ …” 


ပြန်လည်ဖြေကြားသံက အာကာသစခန်းမှ ချက်ချင်း ထွက်ပေါ်လာ၏။

“တစ်ရက်ပါ …” 


တစ်ရက်တောင်လား … 


အဆုံးသတ်တွင် ၎င်းက queen နှင့် တိုက်ခိုက်ရမည့် လက်နက်ဖြစ်သည်။ အတားအဆီးမရှိပဲ စွမ်းအင်စုဆောင်းနိုင်လျှင်ပင် ပင်မစွမ်းအင်စက်ကွင်း၏ သုံးပုံတစ်ပုံအား ခမ်းခြောက်သွားစေလိမ့်မည်သာ။ 


လက်ရှိအချိန်၌ မည်သူကမှ ထိုတစ်ရက်တာအတွင်း ဖြစ်ပျက်မည့် အရာများကို မခန့်မှန်းနိုင်တော့ချေ။ မည်သူကမှ queen မည်မျှ မျိုးပွားနိုင်မည်ကိုရော၊ မည်သည့်ပမာဏအထိ အမြောက်စာ ဇာ့ဂ်များ မွေးဖွားလာဦးမည်ကိုရော မသိနိုင်ကြတော့ချေ။ 


“ဘော့စ် …” 

လုအန်းဟယ်က ဆက်သွယ်ရေးစက်မှပြောလိုက်၏။ 

“ထိပ်ဖူးက ထိတွေ့လို့ရတဲ့အရာပါ … တွက်ချက်မှုအရ အဲဒီ့အရာက queen  ကို သေချာပေါက် တိုက်ခိုက်နိုင်ပါလိမ့်မယ် …” 


“ဒါပေမယ့် ကျွန်တော်တို့ queen  ကိုအားနည်းစေရုံပဲရှိတာလည်း ဖြစ်နိုင်တယ် …” 


အခြားစကားဖြင့်ဆိုရသော် ကြယ်စုဝေးဗဟိုချက်သည် ဖြေရှင်းနည်းမဟုတ်ချေ။ queen  အား ဖျက်ဆီးလိုက်လျှင်ပင် များပြားလှသည့် ဇာ့ဂ်များအား ကိုင်တွယ်ရန် လိုအပ်နေသေး၏။ 


မည်သို့ပင်ဖြစ်စေ၊ စွမ်းအင်ထိန်းသိမ်းခြင်းနှင့် ကြယ်စုဝေးဗဟိုချက်အား ပစ်လွှတ်ခြင်းတို့သည် ခံတပ်၏ စွမ်းအင်တစ်ဝက်နီးပါး အသုံးချရပေလိမ့်မည်။ လေဆာအမြောက်များ၊ တာဝေးပစ်ဒုံးများ၊ စွမ်းအင်နိမ့်လက်နက်များအား တတ်နိုင်သမျှ အသုံးပြုလျှင်ပင် သူတို့အားလုံး ဖျက်ဆီးခံရခြင်းမရှိဟု အာမခံချက် အပြည့်မပေးနိုင်ချေ။ 


အဆုံးသတ်တွင် မက်ခါများ၊ ကြယ်သင်္ဘောများနှင့် အာကာသစခန်းတို့အား ထိန်းချုပ်ရန် စွမ်းအင်လိုအပ်၏။ 


ထောက်ပံ့သင်္ဘောမှ စွမ်းအင်ရနိုင်သည့်တိုင် ခံတပ်နှင့် ယှဉ်၍မရချေ။ 


ဆက်သွယ်ရေးစက်တစ်ခုလုံး ခဏကြာ တိတ်ကျသွား၏။ သို့သော် မကြာခင်မှာပင် အမိန့်အသစ်တစ်ခု ရောက်ရှိလာခဲ့သည်။ 


“စွမ်းအင်ကုန်ခမ်းမှာကို ထည့်မတွက်နဲ့ … ဇာ့ဂ်ဘုရင်မကို အားနည်းစေဖို့ပဲ အာရုံစိုက်ထားပါ … တပ်ဖွဲ့တွေအားလုံး မူလနေရာပြန်သွားမယ် … ကြယ်သင်္ဘောအုပ်စု ချီတက်မယ် …” 


“နားလည်ပါပြီ …” 


ဟယ့်ယွင်ထင် စကားဆုံးသည်နှင့် လင်းဟန်သည်လည်း ဒုတိယစက်ခန်းသို့ ပြန်သွားလိုက်၏။

“ဒါဆို ဆက်သွားရအောင် …”


ထိုနေ့တစ်နေ့လုံး စခန်း၌ မည်သူကမှ မျက်လုံးမမှိတ်နိုင်ခဲ့ကြချေ။ 


ချီကျားမူသည် ကွင်းဆင်းလေ့ကျင့်ရေး၌ အထူးချွန်ဆုံး တပ်သားတစ်ဦးဖြစ်ရာ တိုက်ခိုက်ရေးအဖွဲ့ကို ဦးဆောင်နေရ၏။ ယဲ့လင်ကမူ ဗိုလ်ချုပ်နှင့်အတူ ဗျူဟာ ချမှတ်ရာ၌ တာဝန်ယူရသည်။ လုအန်းဟယ်ကမူ အာကာသစခန်း၏ ခံစစ်အတွင်း မည်သူမှ ချိုးဖောက်နိုင်စွမ်း မရှိရလေအောင် တာဝန်ယူလျက်ရှိ၏။ 


ညအချိန်၌ ပြောင်းလဲမှုများ ထွက်ပေါ်လာသည်။ 


ပို၍ ကျယ်ပြန့်လာသည့် အနက်ရောင်အရိပ်များအတွင်း၌ အထီးကျန်မှုကို သည်းမခံနိုင်သော ဇာ့ဂ်များလည်း ပါဝင်လာ၏။ ဧကရာဇ်၏ သုတေသနအဖွဲ့သည် ၎င်းတို့အား ဇာ့ဂ်သူပုန်များဟု အမည်ပေးထားကြသည်။ 


ထိုသို့သော ဇာ့ဂ်မျိုးသည် ပုံမှန်ဇာ့ဂ်များနှင့် ကွဲပြား၏။ ဇာ့ဂ်သူပုန်များသည် အကျည်းတန်ကြပြီး ၎င်းတို့၏ ချွန်မြသော ပါးစပ်များမှအပ အခြားဇာ့ဂ်များနှင့် တူညီသည့် အစိတ်အပိုင်းမရှိကြချေ။ အဆိုပါ ဇာ့ဂ်များသည် တိုက်ခိုက်ရန် မလိုအပ်သည့် သာမန်အချိန်တွင် ငါးညှီနံ့နံသည့် အကျိအချွဲများအား ရှည်လျား၍ ချွန်မြသော ပါးစပ်ထဲမှ ထုတ်လွှတ်ကြလေ့ရှိ၏။ 


စစ်ပွဲအတွင်းသို့ ဝင်လိုက်သည်နှင့် အဆိုပါဇာ့ဂ်များ၏ သွင်ပြင်လက္ခဏာက ဖြည်းဖြည်းချင်း ထွက်ပေါ်လာပေလိမ့်မည်။ 


သူတို့ခန္ဓာကိုယ်ရှိ အကျိအချွဲများသည် ထောင်ချီသည့် လက်တံရှည်များအဖြစ် ပြောင်းလဲသွားကြ၏။ ထို့အပြင် အဆိုပါ လက်တံရှည်များက သူတို့အား လျင်မြန်လှသည့် အမြန်နှုန်းဖြင့် ခေါ်ဆောင်လာနိုင်၏။ သူတို့၏ ရန်သူသည် လက်တံရှည်များဖြင့် အထပ်ထပ် ရစ်ပတ်ခံရပြီး ပေါက်ကွဲသေဆုံးသွားရလေ့ရှိသည်။ 


၎င်းက သတ်သေသည့် တိုက်ခိုက်မှုမျိုး ဖြစ်နေသည့်တိုင် အပိုင်းပိုင်းအစစ ဖြစ်သွားလေ့မရှိချေ။ သူတို့က ပို၍ပို၍ ကြီးထွားလာကာ တဖန်ပြန်လည်၍ မူလအရွယ်အစားသို့ ရောက်ရှိသွားကြ၏။ အချက်ပြစက်သည် အခြေအနေအား အဆက်မပြတ် သတင်းပို့လျက်ရှိသည်။ သန်းခေါင်ယံသို့ ရောက်ရှိလာချိန်၌ နို့နှစ်ရောင် အရာဝတ္ထုများသည် ဖန်သားပြင်ပေါ်၌ ထွက်ပေါ်လာကြ၏။ 


ဘုန်း ဟူသည့် အသံနှင့်အတူ အချက်ပြစက် ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။ 


အဆိုပါ အသံသည် နှစ်ဖက်၏ နောက်ထပ်ထိပ်တိုက်တွေ့ဆုံမှုကို ဖွင့်လှစ်လိုက်သကဲ့သို့ပင်။ ဒိုင်းကာများက ချက်ချင်း ဖြန့်ကျက်ခံလိုက်ရ၏။ တိုက်ခိုက်ရေးအဖွဲ့က ပို၍ပင် လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ M2742 သည် မက်ခါများကို ကြယ်ဂိတ်ဝထံသို့ ဦးဆောင်သွား၏။ 


“အဲဒါက ဇာ့ဂ်သူပုန်တွေပဲ …”

တစ်စုံတစ်ဦးက ဆက်သွယ်ရေးစက်ကို ကြည့်ရင်း ပြောလိုက်သည်။ 

“ပေါက်ကွဲမှုက ကျန်တဲ့ဟာတွေကို ဂရုစိုက်ပါ … ကိုယ့်ကိုယ်ကိုယ် စစ်ဆေးပြီးမှ သေချာသုတ်သင်ရမယ် …” 


“ရှင်းလင်းပြီးရင် ပြန်သွားစရာမလိုဘူး …” 

ဟယ့်ယွင်ထင်က ပြောလိုက်၏။

“ကြယ်စုဝေးဗဟိုချက် အသက်ဝင်လာဖို့ ဘယ်လောက်လိုသေးလဲ …” 


“လေးနာရီ လိုပါသေးတယ် …” 


“အပြည့်အဝ အားသွင်းနေစရာမလိုဘူး …” 

ဟယ့်ယွင်ထင်က ပြောလိုက်သည်။ 

“ဒုတိယအဖွဲ့က ညာဘက်က ဝင်တိုက်မယ် … ကျန်တဲ့အဖွဲ့က ငါနဲ့အတူ ရှေ့က ဝင်တိုက်မယ် … ခံစစ်က သေချာကာကွယ်ဖို့ အာရုံစိုက်ထားပါ … ကျန်တဲ့ အာကာသစခန်းကတော့ …”

သူက ရပ်လိုက်ပြီးမှ ဆက်ပြော၏။ 

“အရှိန်မြှင့်စက်ရဲ့ စွမ်းအင်တစ်ဝက်ကို ပင်မအမြောက်ဆီ ပြောင်းလိုက်ပါ … စွမ်းအင်သိုလှောင်မှုကို အရှိန်တင်လိုက် … ပြီးရင် နောက်ထပ်တစ်နာရီအတွင်း ပစ်ခတ်ဖို့ အသင့်ပြင်ဆင်ထားပါ …” 


ဟယ့်ယွင်ထင်သည် ဝမ်ကျောက်ကော ပေးခဲ့သည့် သော့အား ကြယ်စုဝေးဗဟိုချက် ၏ ဒေတာဘေ့စ် ထံ ထိုးသွင်းလိုက်သည်။ 

“သော့ကို ထိုးပြီးသွားပြီ … ဒီတစ်နာရီက ငါတို့အတွက်ပဲ ..” 

သူက ခုံတွင် ပြန်ထိုင်လိုက်ရင်း ရှားရှားပါးပါး သက်သောင့်သက်သာ ရှိနေသည့် အသံဖြင့် ပြောလိုက်၏။ 

“မစ္စတာလင်း … အသင့်ပဲလား …” 


M2742 သည် လေထုထဲသို့ မြင့်တက်သွားခဲ့သည်။ ပစ်မှတ်အား ရှာဖွေနေသည့် ဇာ့ဂ်သူပုန်များသည် ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှားလာကြပြီး သာမန်မျက်စိဖြင့် မမြင်နိုင်သည့် အမြန်နှုန်းဖြင့် သူတို့ထံ ဦးတည်လာကြ၏။ 


သို့သော် တစ်ဖက်လူက သူတို့၏ လှုပ်ရှားမှုကို ခန့်မှန်းခဲ့ပြီး ဖြစ်ဟန်တူသည်။ အင်ဂျင်များသည် အရှိန်မြှင့်တင်ခံလိုက်ရပြီး မက်ခါများက ရှေ့သို့ လျင်မြန်စွာ တိုးလာခဲ့၏။ ၎င်းတို့က နို့နှစ်ရောင်အရာဝတ္ထုများနှင့် ထိတွေ့တော့မည့်အချိန်၌ ချက်ချင်း ပြန်ကန်ထွက်သွားခဲ့သည်။ နောက်တစ်စက္ကန့်၌ ညာဘက်ရှိ မက်ခါများက ချက်ချင်းဆိုသလို အမြောက်များဖြင့် တရစပ် ပစ်ခတ်ကြတော့၏။ 


ဇာ့ဂ်အချို့သည် မရှောင်တိမ်းနိုင်ပဲ ချက်ချင်း ပေါက်ကွဲသွားခဲ့ကြသည်။ ကျန်ဇာ့ဂ်များကမူ သေးငယ်သော အပိုင်းအစလေးများအဖြစ် ပြိုကွဲကာ လေထုထဲရှိ အသန်မာဆုံးနှင့် အကြီးဆုံး မက်ခါထံသို့ တက်ရောက်ရန် ကြိုးစားကြ၏။ 


အဆိုပါ မက်ခါသည် ညာဘက်တွင် အလင်းဓားတစ်ချောင်း ကိုင်စွဲထားလေသည်။


အဆိုပါ နို့နှစ်ရောင် ဇာ့ဂ်သူပုန်များသည် မက်ခါ၏ ညာလက်မောင်းထံသို့ ဦးတည်လိုက်ကြသည်။ သူတို့က ထောင်နှင့်ချီသည့် အပိုင်းအစလေးများအဖြစ် စုဝေးလာကာ မက်ခါအား သူတို့၏ လက်တံရှည်များဖြင့် ရစ်ပတ်ရန် ကြိုးစားကြပြန်၏။ 


ဘန်း …




👾