Chapter 36
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၃၆)

တံခါးရှေ့တွင် ဆိုဗက်စ်စတာ ရပ်နေခဲ့သည်။ယနေ့တွင် မြို့စားမင်းကြီးထံသို့ ကျွန်မ တစ်ယောက်တည်း သွားရမည်မှာ သေချာပါသည်။အဘယ့်ကြောင့်နည်း။ကျွန်မ အံ့ဩစွာဖြင့် ခေါင်းကို စောင်းငဲ့လိုက်သည်။ဆိုဗက်စ်စတာသည် ကျွန်မကို ခေါင်းအစ ခြေအဆုံး ကြည့်နေလေသည်။

"မင်းက ကြည့်ကောင်းဖို့အတွက် ကိုယ်ရွေးပေးထားတဲ့ ဝတ်စုံကို ဝတ်ထားတာလား။"

ဟမ်

ကျွန်မ ဝတ်စုံအများကြီး ဝယ်ခဲ့ခြင်းဖြစ်ရာ ဘယ် ဝတ်စုံကို သူရွေးပေးထားမှန်း ကျွန်မ သေချာမသိပေ။ကျွန်မ ပြောစရာစကားမရှိ ဖြစ်သွားပြီး အလဟဿ ရယ်လိုက်မိသည်။

"ရှင် ဒီနေရာကို အဲ့ဒီစကားပြောဖို့ လာတာဆိုရင် ဘာဖြစ်လို့ ရှင် မပြန်သေးတာလဲ။ကျွန်မ အလုပ်ရှုပ်နေတယ်။"

ကျွန်မ ခံစားချက်မရှိသလို ပြောလိုက်ပြီး သူဘေးနားမှ ဖြတ်လျှောက်သွားရန် ကြိုးစားလိုက်သည်။သို့သော် သူက ကျွန်မ၏ ပခုံးကို လှမ်းဆွဲလိုက်သည်။

"ကိုယ် မင်းနဲ့ အတူ လိုက်မယ်။"

"ဘာ"

"ဟိုတစ်နေ့က မြို့စားမင်းကြီးက ကိုယ့်ကို ဖိတ်ထားတာကို ငြင်းလိုက်မိတော့ ကိုယ်ကို ဒီနေ့လာခဲ့ဖို့ ပြောလာတယ်။ကိုယ်လဲ သွားဖို့ ပျင်းနေတယ်ဆိုပေမဲ့ သွားမှရမယ်လေ။"

သူက အမှန်တကယ် စိတ်ညစ်နေသော ပုံစံဖြင့် မျက်မှောင်ကြုတ်လိုက်သေးသည်။

မဟုတ်ဘူး၊ကျွန်မလဲ ရှင်နဲ့ အတူတူ သွားဖို့ တွေးမိတာနဲ့ကို စိတ်ညစ်ရတယ်။မျက်မှောင်ကြုတ်ချင်တဲ့သူက ရှင် တစ်ယောက်ထဲ မဟုတ်ပါဘူး။အိုး... ဘုရားသခင်။

"ဒါကြောင့် ကိုယ် ကြည့်ဖို့အတွက် မင်း ဒါကို ဝတ်ထားတာလား။"

"ဟမ်"

ဆိုဗက်စ်စတာက ဒီအတိုင်း ရယ်မောလိုက်သည်။

"အင်း၊မြို့စားမင်းကြီးဆီကို ကိုယ်တို့ နှစ်ယောက် အတူသွားရင် လူတွေက တကယ် သဘောကျလိမ့်မယ်။"

ဆိုဗက်စ်စတာက သူ၏အပေါ်အင်္ကျီကို လှမ်းယူလိုက်ပြီး ပြောသည်။

"သွားရအောင်"

ထို့နောက် သူက ကျွန်မဆီသို့ လက်ကမ်းပေးလာခဲ့ပြီး ကျွန်မကလည်း အလိုက်တသင့်နှင့် သူ့လက်မောင်းကို လက်ဖြင့် ချိတ်လိုက်ပြီး စင်္ကြံလမ်းအတိုင်း ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။

*

"မနေ့က ကလေး လေ"

ရထားလုံးပေါ် ရောက်သည်နှင့် ဆိုဗက်စတာက ပြောလာသည်။

"ရစ်ဗက်လား"

"အင်း"

"သူ ဘာဖြစ်လို့လဲ။"

ကျွန်မ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ဆိုဗက်စ်စတာ ဘာဆက်ပြောမည်ကို ကျွန်မ သိချင်နေခဲ့သည်။

"အဲ့ဒီကလေးက ..."

ဆိုဗက်စ်စတာသည် ကျစ်ခနဲ စုတ်သပ်လိုက်ပြီး စကားအဆုံးသတ်တွင် အနည်းငယ် ဝေဝေဝါးဝါး ဖြစ်သွားသည်။

"သူက လိမ္မာပါးနပ်တယ်။"

"ကျွန်မ ပြောသားပဲ။"

ကျွန်မသည် အောင်မြင်မှု ရသွားသကဲ့သို့ ပျော်ရွှင်စွာဖြင့် မျက်နှာကို မော့ထားလိုက်သည်။

"တော်တယ်လေ၊ ဟုတ်တယ်မလား။ဒီကလေးကို ရှင် ပညာသင်ကြားပေးမှာလား။"

ဆိုဗက်စ်စတာသည် တစ်စုံတစ်ရာကြောင့် မပျော်ရွှင်သလို ပုံစံပေါက်နေသော်လည်း သိပ်မကြာလိုက်ဘဲ ခေါင်းငြိမ့်၍ ပြန်ဖြေခဲ့သည်။

"ကိုယ်က သူ့ကို နေးလ်ရဲ့လက်ထောက်အဖြစ် ကူညီခိုင်းထားလိုက်တယ်။သူတို့ကို ကျောင်းနဲ့မိဘမဲ့ ဂေဟာ အတူတူ ဆောက်လို့ရမဲ့ နေရာတစ်ခု ရှာဖို့ ကိုယ် ခိုင်းထားတယ်။

"အိုး၊ကောင်းလိုက်တာ။ရစ်ဗက်က နောက်ဖေးလမ်းကြားတွေ အကြောင်း သိတယ်။ဒါကြောင့် သူက သင့်တော်မဲ့နေရာကို အကြံပြုနိုင်လိမ့်မယ်။"

"အင်း ၊ကိုယ်လဲ ဒါကိုပဲ သိချင်နေတာ။"

ဆိုဗက်စ်စတာ၏ မျက်လုံးများ ကျဥ်းမြောင်းသွားသည်။

"မင်းက ဘယ်လိုလုပ်ပြီး သိနေရတာလဲ။"

"ဘာကိုလဲ"

"သီယို ပြီးတော့ ရစ်ဗက်"

သူက ကျွန်မကို သံသယဝင်နေသော မျက်လုံးများဖြင့် ကြည့်လာသည်။

"မင်းဘာသာ ရှာပြီး ခေါ်လာတဲ့ ကလေးတွေက အရမ်းထက်မြက်နေလို့ ကိုယ် အံ့ဩနေရတာ။ဒါကြောင့် ကိုယ်လဲ သံသယဖြစ်မိတာတော့ မတတ်နိုင်ဘူးလေ။"

သံသယ ဖြစ်မိတယ်။

ကျွန်မ မျက်လုံးလှိမ့်လိုက်မိသည်။ကျွန်မသည် ဆိုဗက်စ်စတာ၏နောက်ကျောကို ဓါးနှင့် ထိုးသည့် လုပ်ရပ်များကို လုပ်ထားခဲ့၍ ဖြစ်သည်။သတင်းအချက်အလက် အဖွဲ့အစည်းတစ်ခုကို အိမ်ရှေ့စံမင်းသားနှင့် ချိတ်ဆက်ပေးခဲ့သည်။

ဆိုဗက်စ်စတာ မသိလောက်ပါဘူး၊ဟုတ်တယ်မလား။

ကျွန်မ စိတ်လှုပ်ရှားသွားပြီး ပခုံးတွန့်လိုက်မိသည်။

"မင်း ..."

ဟမ်

"ကိုယ်ရဲ့ သတင်းအချက်အလက်ဂိုဏ်းကို ကိုယ်မသိအောင် သုံးနေတာလား။"

ဝါး ၊ကြက်သီးထလိုက်တာ။

ရှင်က လမ်းနောက်ပြန်လျှောက်ရင်းနဲ့ ကြွက်ဖမ်းမိမယ်လို့ ဘယ်လိုများ ခန့်မှန်းလိုက်ပါလိမ့်။

ကျွန်မ ကြက်သီးထလာသဖြင့် လက်မောင်းများကို ပွတ်သပ်လိုက်ရသည်။

"ကိုယ်ပြောတာ မှန်လား။"

ဆိုဗက်စ်စတာက ကျွန်မကို သံသယဝင်နေသော မျက်လုံးများဖြင့် ကြည့်နေဆဲပင်။ကျွန်မ အလျင်အမြန် ခေါင်းခါလိုက်မိသည်။

"အဲ့လို မဟုတ်ပါဘူး။"

သူထံတွင် လက်ဆုပ်လက်ကိုင် ပြစရာ သက်သေ မရှိဘဲနှင့် ဝန်ခံလိုက်လျှင် ကျွန်မက အရူးတစ်ယောက် ဖြစ်သွားလိမ့်မည်။ကျွန်မအနေဖြင့် မသိသလို ဟန်ဆောင်နေသည်က အကောင်းဆုံး ဖြစ်သည်။

"ကျွန်မက ဒီအတိုင်း ကံကောင်းနေတာပါ။သီယိုရဲ့ ဓါးရေးကို ကျွန်မက သွားရင်း လာရင်းနဲ့ ရထားလုံးပေါ်ကနေ မြင်ခဲ့မိတာ။ရစ်ဗက်ကတော့ ရှင်သိတဲ့အတိုင်းပဲ ဆိုင်ရှေ့မှာ တွေ့ခဲ့ရတာလေ။"

"အမှန်ပဲ။"

"ကျွန်မမှာ သတင်းပေး ရှိနေရင်တောင်မှ ဒီလိုမျိုး တိုက်ဆိုင်မှုဆိုတာက ဖန်တီးယူလို့ ရနိုင်ပါ့မလား။ကျွန်မဖြင့် တွေးကို မတွေးမိဘူး။"

အမှန်အတိုင်း ပြောလိုက်ခြင်း ဖြစ်ပါသည်။သီယိုကို ရှာတွေ့ခဲ့သည်မှာ တိုက်ဆိုင်မှုတစ်ခု ဖြစ်သလို ရစ်ဗက်နှင့်လည်း တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ရခြင်း ဖြစ်သည်။ဆိုဗက်စ်စတာအနေဖြင့် နောက်ကြောင်းကို ပြန်လည်တူးဆွလျှင်ပင် သူ ဘယ်အရာကိုမှ ရှာတွေ့နိုင်မည် မဟုတ်ပေ။ကျွန်မ ထိုသို့ ရှည်ရှည်ဝေးဝေး ရှင်းပြပြီးနောက် စိတ်ပျက်နေသော မျက်နှာထားဖြင့် ဆိုဗက်စ်စတာကို ကြည့်လိုက်သည်။

"ရှင့်ရဲ့ တစ်ဦးတည်းသော ဇနီးဖြစ်သူကို ဘယ်လိုဖြစ်ပြီး သံသယဝင်နေရတာလဲ။ဒါက အရမ်းလွန်တာပဲ။"

"..."

ဆိုဗက်စ်စတာက သူ့ပါးစပ်ကို ပိတ်ထားလိုက်ရသည်။သူ အနည်းငယ် ရှက်ရွံ့နေပုံရ၏။

"ကိုယ်က မင်းကို သံသယမဝင်ပါဘူး။"

သူက ဆက်ပြောသည်။

"ကိုယ် ဒီတိုင်း မေးကြည့်တာပါ။မင်းက ကိုယ့်ကို အသိမပေးဘဲ သတင်းပေးတစ်ယောက်ကို အသုံးပြုခဲ့မယ်ဆိုရင် အဲ့ဒါက..."

ကျွန်မ သုံးရင် ဘာဖြစ်မှာလဲ။

"ကိုယ်က မင်းကို ချီးကျုးမလို့လေ။ကိုယ်က အင်ပါယာမှာ အကောင်းဆုံး သတင်းအချက်အလက်ဂိုဏ်းကြီးကို လည်ပတ်နေတယ်။ပြီးတော့ မင်းက ကိုယ့်နောက်ကွယ်မှာ တစ်ခုခု လုပ်နေမလား ဆိုပြီး ကိုယ်က သိချင်နေမိပြန်တယ်။"

ကျွန်မသည် ဆိုဗက်စ်စတာကို အများကြီး လျှော့တွက်ထားမိသည်။သူက အမြဲတမ်း ထိုသို့ ပြုမူတတ်သူပင်။

ကောင်းပြီလေ၊သူက ငါ ပိုက်ဆံခိုးတာကိုတောင် ချီးကျူးချင်တဲ့သူပဲ။ငါ တခြားဘာများ လိုချင်နေရဦးမှာလဲ။

သူက စိတ်ရှုပ်ထွေးစွာဖြင့် ရယ်မောလိုက်သည်။

"ဒါပေမဲ့ မင်း သေချာသိဖို့ လိုတဲ့ တစ်စုံတစ်ရာ ရှိတယ်။"

ဤအချိန်တွင် ဆိုဗက်စ်စတာ၏ မျက်လုံးများမှာ စူးရှနေသည်။သူက ကျွန်မကို အနည်းငယ် ခက်ထန်သော အကြည့်ဖြင့် ကြည့်လာသည်။

"မင်း ဘာတွေပဲ လုပ်လုပ်"

သူက ကျွန်မအနားသို့ တိုးလာသည်။

"ကိုယ့်နားထဲ ရောက်မှာ မဟုတ်ပါဘူးလို့ တွေးမနေနဲ့။"

ထို့နောက် သူက ကျွန်မ၏ဆံပင်ကို ပွတ်သပ်လိုက်သည်။အချိန်မရွေး ဆောင့်ဆွဲလိုက်နေသော အကွာအဝေးတစ်ခု၌ ရှိနေသည်။ကျွန်မ ထိတ်လန့်သွားပြီး တံတွေးမြိုချလိုက်သည်။

"ကိုယ့်ကို အရူးလုပ်ဖို့ မကြိုးစားနဲ့။"

သူ့လက်ထဲမှ ကျွန်မ၏ ဆံပင်များ လျှောကျလာသည်။ရုတ်တရက် အေးခဲလာသော လေထုကြောင့် ကျွန်မ ကြောက်ရွံ့လာတော့သည်။ကျွန်မ၏နှလုံးသားက တဒိန်းဒိန်းနှင့် မြည်နေခဲ့သည်။

ဟူး ဟူး

ကျွန်မ သက်ပြင်းချလိုက်သည်။

ဒီလိုမျိုး ဖြစ်လာတာပဲ။

ကျွန်မ မျက်လုံးများကို မှေးစင်းပြီး ကြည့်လိုက်သည်။

"ကျွန်မ တတ်နိုင်သမျှ နည်းလမ်းအားလုံးနဲ့ အိမ်ရှေ့စံမင်းသားကို သွေးဆာင်ဖြားယောင်းရမယ်ဆိုပြီး ရှင် ဘယ်တုန်းက ပြောခဲ့တာလဲ။"

"ကိုယ် ပြောမိလို့လား။"

"ရှင်က အဲ့လို ခပ်ဆင်ဆင်ပဲ ပြောခဲ့တာလေ။"

"ဒါနဲ့ပဲ မင်းက ကိုယ့်ကို သစ္စာဖောက်တော့မယ်ပေါ့လေ။"

ကျွန်မ ရယ်လိုက်သည်။

"ကျွန်မ ရှင့်ကို မသတ်ပါဘူး။"

"ဟား ဟား ဟား"

ဆိုဗက်စ်စတာက အကျယ်ကြီး ထရယ်လေသည်။သူ ဤမျှ အသည်းအသန် ရယ်မောသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ထို့ကြောင့် ကျွန်မလဲ မတတ်နိုင်ဘဲ ရှက်လာမိတော့သည်။

ကျွန်မက ဟာသတစ်ခု ပြောလိုက်မိလို့ ရှင်က ဒီလောက်ထိ ရယ်နေရတာလား။ကျွန်မ အရမ်းရှက်တယ်။

အတော်ကြာသည်အထိ ရယ်မောနေခဲ့သော ဆိုဗက်စ်စတာသည် ခေါင်းငြိမ့်လိုက်ပြီး ကျွန်မ အနားသို့ ပြန်တိုးကပ်လာခဲ့သည်။

"ကြိုးစားကြည့်လေ။"

ထို့နောက် သူက ကျွန်မလက်ကို ဆုပ်ကိုင်လိုက်သည်။သူ့၏ အေးစက်နေသော ကိုယ်အပူချိန်ကို ကျွန်မ ခံစားလိုက်မိသည်။

"အခြေအနေအရတော့ မင်းက ကိုယ့်ကို မသတ်လောက်ပါဘူး။"

ထိုသို့ ပြောပြီးနောက် သူက ဆက်ရယ်နေခဲ့ရာ ကျွန်မကို အနည်းငယ် စိတ်တိုလာစေသည်။

မူလဇာတ်ကြောင်းထဲကလို ရှင်က ကျွန်မ လက်ထဲမှာ တကယ်ပဲ သေချင်နေတာလား။ကျွန်မက အရမ်းတော်တဲ့သူ မဟုတ်လား။

ကျွန်မ ထိုသို့ ပြော၍ မရလေရာ ပါးစပ်ကိုသာ ပိတ်ထားလိုက်တော့သည်။

*

မြို့စားမင်းကြီး နေထိုင်ရာနေရာသို့ ကျွန်မတို့ ရောက်ရှိလာခဲ့သည်။ကျွန်မ ခြုံထားသော ပဝါကို ဖယ်လိုက်ပြီး ရထားလုံးပေါ်မှ ဆင်းလိုက်သည်။ထူထဲသည့် ဝတ်စုံကို ဝတ်မလာမိသည့်အတွက် ကျွန်မ ဝမ်းသာမိသည်။မြို့စားမင်းကြီး နေထိုင်သော နေရာသည် အနောက်ပိုင်းနယ်မြေ အလွန်တွင် တည်ရှိသည်ဖြစ်ရာ ရိုင်ဇန်မြို့စားကြီး နေထိုင်သည့် မြောက်ပိုင်းဒေသထက် အများကြီး ပို၍ ပူနွေးလှသည်။ 

ဤနေရာတွင် ပင်လယ်ရှိသည်ဟု ကျွန်မကြားဖူးသည်။

ငါ ပင်လယ်ကို မြင်ရမှာလား။

အိမ်တော်မှ အပြင်မထွက်လျှင် ကျွန်မ ပင်လယ်ကို မြင်ရမည် မဟုတ်ပေ။ကံဆိုးစွာဖြင့် နောက်ထပ် အခွင့်အရေး ရလာလိမ့်မည်ဟု ကျွန်မ ဘာသာ ကတိပေးထားသည်။ဟုတ်ပါသည်၊နောက်ထပ်တစ်ကြိမ် ဖြစ်၏။ကျွန်မသည် မြို့စားမင်းကြီးဆီသို့ လာလည်ရန် အခွင့်အရေး နောက်တစ်ခု ရှာဖွေနေခဲ့သည်။အဘယ်ကြောင့်ဆိုသော် ကျွန်မက မြို့စားမင်းကြီးနှင့် ရင်းနှီးသောကြောင့် ဖြစ်သည်။

"အိုင်ရင်း၊ နင် အဲ့ဒါကို ဂရုစိုက်ရဲ့လား။"

ထို့ကြောင့် ကျွန်မ အိုင်ရင်းနှင့်အတူ နှစ်ကြိမ်တိတိ စစ်ဆေးခဲ့သည်။ ကျွန်မနောက်ကို လိုက်လာသော အိုင်ရင်းက ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ကဲ့၊စိတ်မပူပါနဲ့ရှင်။"

"ကောင်းတယ်"

အိုင်ရင်း၏ လက်ထဲမှ သေတ္တာကို ကြည့်ပြီး ကျေနပ်စွာဖြင့် ကျွန်မ ခေါင်းပြန်လှည့်လိုက်သည်။သူမ၏ ဘေးတွင် ရပ်နေသော ဆိုဗက်စ်စတာက ခေါင်းကို အနည်းငယ် စောင်းငဲ့၍ အိုင်ရင်းကို ကြည့်လိုက်သည်။

"အဲ့ဒါ ဘာလဲ။"

ရှင် ဒီလို မေးမယ်ဆိုတာ ကျွန်မ သိသားပဲ။

ကျွန်မ ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။

"ကျွန်မက အရှင်မြို့စားမင်းကြီးကို ပေးမလို့ပါ။အဲ့ဒါက တန်ဖိုးမဖြတ်နိုင်တဲ့ အရာပဲ။"

ဆိုဗက်စ်စတာသည် မျက်ခုံးများကို အနည်းငယ် တွန့်လိုက်မိသည်။

"သူ့နေရာမှာ ကိုယ်သာဆိုရင်တော့ မင်း ကိုယ့်ကို ဘာပဲပေးပေး ကိုယ် ယူမှာ မဟုတ်ဘူး။"

"ဘာကြောင့်လဲ"

"မင်းပဲ သူကို ကွတ်ကီးတွေက ချိုပါတယ်လို့ ပြောပြီး ဆားတွေ ထည့်ကျွေးတဲ့ လှည့်ကွက်တွေ လုပ်ခဲ့တာ မဟုတ်ဘူးလား။လူသားတစ်ယောက် ငန်တူးနေတဲ့ စားစရာကို စားမိရင် ဘယ်လောက်တောင် ခံစားရမလဲ မင်း မေ့သွားပြီလား။"

"..."

အိုဖီလီယာ၊ နင်ကတော့ ...

မြို့စားမင်းကြီးကတော်ကို ကြွက်တောင်မစားတဲ့ မကျက်တကျက် ထမင်းစေ့နဲ့ တူတယ်လို့ ပြောခဲ့တဲ့အပြင် မြို့စားကြီးကိုတော့ ဒီလို နောက်ပြောင်ကျီစယ်ခဲ့သေးတယ်ပေါ့။

သူမက အတော်ကို ဆိုးရွားလိုက်တာ။ဒါပေမဲ့ အခုတော့ ငါ ဖြစ်သွားပြီ။

မြို့စားမင်းကြီးကို မြင်မြင်ချင်း တောင်းပန်ရမည်ဟု ကျွန်မ ဆုံးဖြတ်လိုက်သည်။

"ကျွန်မက နောက်ပြောင်ကျီစယ်တတ်တဲ့သူပဲလေ။ဒီနေ့ ကျွန်မ တောင်းပန်လိုက်မှာပါ။"

"နောက်ပြောင်ကျီစယ်တတ်တဲ့သူ ဟုတ်လား။"

ဆိုဗက်စ်စတာက လှောင်ပြုံးလေး ပြုံးလိုက်သည်။ 

"သူတို့က မင်းကို သတ်ပစ်တော့မဲ့အထိ ဖြစ်သွားတာလေ။ဒါပေမဲ့ မင်းက ဒီလိုအရှုပ်အထွေးကြီးကို မှတ်မိမယ်လို့ ကိုယ် မထင်ပါဘူး။"

ကျွန်မ မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်မိသည်။

ဒီလို ဖြစ်ခဲ့တာလား။ဒါဆို ရှင်က ကျွန်မကို သတ်ပစ်မဲ့အိမ်က ဖိတ်တဲ့ ဖိတ်ကြားစာကို ခိုးလာပေးပြီး ကျွန်မကို အထဲဝင်သွားစေချင်တာပေါ့လေ။ကျွန်မမှာ ကိုယ့်ဘာသာကိုယ်အတွက် ဖြေစရာ အဖြေ မရှိတော့ဘူး။

ကျွန်မ၏ အမူအရာမှာ မည်းမှောင်သွားပြီး ကျွန်မ၏ မျက်နှာကို လက်ဖြင့် ပွတ်သပ်လိုက်မိသည်။

"ကိုယ်သာ မင်းကို ဝင်မတားဘူးဆိုရင် မင်း သေသွားမှာ။ကိုယ် ဘယ်လောက်ထိ ကြိုးစားခဲ့လဲဆိုတာ မင်း သိဖို့လိုတယ်။"

"ရှင်က ဒီကိစ္စအတွက် ဂုဏ်ပြုမှတ်တမ်းတင်စေချင်တာလား။"

"ဟုတ်တယ်လေ"

"ဟုတ်ကဲ့၊ဟုတ်ကဲ့ပါ၊ ရှင့်ကို ကျေးဇူးတင်ပါတယ်နော်။ကျွန်မဖြင့် အရမ်းကို ကျေးဇူးတင်လွန်းလို ဘာလုပ်ရမလဲတောင် မသိတော့ဘူး။"

"ဒါတွေအကုန်လုံးက မင်း သိဖို့ လိုအပ်တာတွေပဲ။"

ဆိုဗက်စ်စတာက ကျွန်မ ထေ့ငေါ့နေသည်ကို သတိမထားမိပေ။

ဒီလိုခက်ခဲကြမ်းတမ်းတဲ့ ကမ္ဘာကြီးမှာ ရှင် ဘယ်လိုများ ရှင်သန်နေနိုင်တာလဲ။

ကျွန်မ ထိုသို့ ပြောလိုက်ချင်သော်လည်း ဆိုဗက်စ်စတာလို လူမျိုးကတော့ ဘာကိုမှ သတိထားနေစရာမလိုပဲ အဆင်ပြေနေမည့် ပုံပေါ်သည်။

ဩဇာအာဏာရှိတဲ့ လူအဖွဲ့အစည်းကို ဖျက်ဆီးပစ်လိုက်။

ကျွန်မ ရေရွတ်လိုက်ပြီး သူ့ကို ကြည့်လိုက်သည်။

"ဒါပေမဲ့ မြို့စားမင်းကြီးက ဒီပစ္စည်းကို လက်ခံလိမ့်မယ်။ဒါက အမှန်တကယ်ကို တန်ဖိုးရှိတယ်လေ။"

ကျွန်မ မျက်စိတစ်ဖက် မှိတ်ပြပြီး ရှေ့ကို ဆက်လျှောက်လာခဲ့သည်။နောက်တွင် ကျန်ခဲ့သော ဆိုဗက်စ်စတာက "အရူးမလေး" ဟု ရေရွတ်လိုက်သည်ကို ကျွန်မ ကြားလိုက်သည်။

ငါ့ကို အရူးမလေးလို့ ခေါ်တဲ့ ရူးနေတဲ့လူက ဘယ်သူလဲ။

ဟွန်း

ကျွန်မ နှာမှုတ်လိုက်ပြီး ဂိတ်တံခါးအစောင့်ကို ဖိတ်ကြားစာ လှမ်းပေးလိုက်သည်။ဖိတ်ကြားစာကို ကြည့်နေသော ဂိတ်တံခါးအစောင့်သည် တစ်ခုခု ပြောချင်ဟန်ဖြင့် ကျွန်မ၏ မျက်နှာကို ကြည့်လာသည်။

ဘာကြောင့်လဲ။ဘာလဲ။နင်က ငါ့ကို ဘာလုပ်ချင်လို့လဲ။

"ဒီဖိတ်ကြားစာက ကောင့်မြို့စားကတော်ကာဒယ်လ်ကို ဖိတ်ထားတာပါ ခင်ဗျ။"

ဤသို့ ဖြစ်လာမည်ဟု ကျွန်မ သိပြီးသားပင်။ထို့ကြောင့် ကျွန်မ၏ မျက်နှာထက်တွင် ခက်ထန်သည့် အမူအရာနှင့် ဂိတ်တံခါးအစောင့်ကို ပြန်ကြည့်လိုက်သည်။

"အဲ့ဒီတော့"

"ဒါက ...မဒမ်က ကောင့်မြို့စားကတော်ကာဒယ်လ်လို့ ကျွန်တော် မထင်ပါဘူး ခင်ဗျာ။"

"ကောင့်မြို့စားကတော်က နေလို့မကောင်းဘူးလို့ ပြောတယ်။ဒါကြောင့် သူမကိုယ်စား ငါ လာခဲ့တာပဲ။ငါ လာလို့မရဘူးလား။"

"မဟုတ်ပါဘူး။မဒမ် လာလို့ရပါတယ် ခင်ဗျ။"

ဂိတ်တံခါးအစောင့်၏လက်များမှာ အထိတ်တလန့်ဖြင့် တုန်ယင်သွားသည်။သူက အလွန်ကြောက်လန့်နေပုံရသည်။

အိုး၊ငါ့မျက်နှာက အကောင်းဆုံးပဲ။

"ငါ ဘယ်သူလဲဆိုတာ နင် သိပါတယ်၊ဟုတ်တယ်မလား။"

"ဟုတ်ကဲ့၊မြို့စားကြီးကတော် အိုဖီလီယာရိုင်ဇန် မဟုတ်ပါလား ခင်ဗျာ။"

"ဒါဆို သူတို့ကို ပြောလိုက်ချေ။"

ကျွန်မ မျက်နှာကို မော့လိုက်ပြီး နောက်ကနေ လိုက်လာသော ဆိုဗက်စ်စတာ၏လက်မောင်းကို ကျွန်မ၏လက်ဖြင့် ချိတ်တွယ်လိုက်၏။

"ငါတို့ ရောက်လာပြီလို့။"

ဟစ်

ဂိတ်တံခါးအစောင့်သည် ဆိုဗက်စ်စတာကို ကြည့်လိုက်ပြီး ပခုံးများတွန့်သွားကာ နောက်တစ်ကြိမ် လန့်ဖျတ်သွားလေသည်။ဆိုဗက်စ်စတာက ဘာတစ်ခုမှ မလုပ်ခဲ့ပေ။သတိရှိသော ဂိတ်တံခါးအစောင့်က ဂိတ်တံခါးကို တွန်းဖွင့်လိုက်ပြီး ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်သည်။

"ရိုင်ဇန်မြို့စားကြီးနဲ့ မြို့စားကြီးကတော်တို့ ကြွရောက်လာပါပြီ ခင်ဗျား။"

လေးလံသော တံခါးကြီးက တဖြည်းဖြည်း စတင်ပွင့်လာခဲ့သည်။

တောက်ပသော အလင်းရောင်များ ဖြာထွက်လာ၏။

ထို့နောက် လူတိုင်း၏စိန်းစိန်းဝါးဝါးအကြည့်များက ကျွန်မ၏ မျက်လုံးကို ဖမ်းစားသွားခဲ့သည်။


TK Team
++++++++