Chapter - 29
(ကျွန်တော့် မှတ်ဉာဏ်ထဲမှာ အကိုကြီးတစ်ယောက်နဲ့ နှင်းလူရုပ် ပဲရှိတယ်)
"ကောလဟာလတွေအရ ရှင်တို့နှစ်ယောက်က စည်းကမ်းတင်းကြပ်ပြီး သီးခြားအခန်းမှာ အိပ်ကြတယ်ဆိုတာ...အမှန်ပဲလား..."
ဘယ်သတင်းထောက်က ဒီလိုမေးခွန်းမျိုး ရုတ်တရက်မေးလာမယ်မှန်း သူတို့မသိခဲ့ပေ။
စီဆဲလ်က အတွေးထဲတွင် နစ်မြုပ်သွားခဲ့သည်။
ဒီကိုယ်ရေးကိုယ်တာ ကိစ္စကို ဘယ်သူဖြန့်တာလဲ.......
စီဆဲလ်၏ပထမဆုံးဦးစားပေးသည် ဗိုလ်ချုပ်စံအိမ် ၏လုံခြုံရေးကိုစဉ်းစားရန်ဖြစ်သည်။
ထို့နောက်တွင်သူသတိရသွားလေသည် ၊ သတင်းဖြန့်သူမှာ သူကိုယ်တိုင်ဖြစ်သည်။
စစ်ရုံးကို ရောက်သောအခါ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူ့ကို 'မဒမ်ဘာလို့ မနိုးသေးတာလဲ 'ဟု အထာနဲ့ မေးလိုက်သည်။
ဤသည်ကို သူ၏အဖြေမှာ...
"ငါလည်းသေချာမသိဘူး သူ့အခန်းကတော့ မီးပိတ်ထားတယ်....."
စီဆဲလ်: "..."
ဤမေးခွန်းကို ရင်ဆိုင်ရသည့်အချိန်တွင် သူ့ဘေးရှိ ကျောင်းမြန်သည်လည်း အံ့သြသွားသောမျက်နှာဖြင့် စီဆဲလ်အား ကူကယ်ရာမဲ့စွာကြည့်လိုက်သည်။
ဒါကို....ဘယ်လိုဖြေရမလဲ..
စီဆဲလ်က ပြုံးလိုက်ပြီး ကျောင်းမြန်၏ခါးကိုဆွဲဖက်ကာ မျက်ခုံးကိုပင့်လျက် ပြန်မေးလိုက်သည်-
"ငါတို့ကို ဆက်ဆံရေးမကောင်းဘူး ထင်နေတာလား.....။"
........
နေရာတစ်ခုလုံး စိတ်လှုပ်ရှားနေသည်။
သတင်းထောက်က စိတ်လှုပ်ရှားစွာဖြင့် ကြောက်ရွံ့နေသော်လည်း ထပ်မေးလိုက်သည်- “ဒါဆို ဘာလို့ အခန်းတွေအများကြီးရှိနေရတာလဲ...."
ကျန်သောလူများလည်း သတင်းထောက်အား *ကြက်ခြေထောက်ထပ်ထည့်ပေးရန် ပူးပေါင်းတောင်းဆိုဖို့ မစောင့်နိုင်တော့ပေ။
(*သတင်းထပ်သိဖို့)
စီဆဲလ်က ဒီသတင်းထောက်သည် ဒီလောက် အရည်အချင်းရှိလိမ့်မယ်လို့ မမျှော်လင့်ထားသောကြောင့် သူ့အောက်နှုတ်ခမ်းကို ကိုက်လိြက်ပြီး လူအုပ်ကို လှောင်ပြောင်လိုသောမျက်လုံးနှင့် ကြည့်ကာ ပြုံး၍ပြောလိုက်သည်
"ဒါဆို ငါ ထိန်းနိုင်လောက်မှာ မဟုတ်ဘူးဆိုတာကို စိတ်ပူလို့..."
..!!!!!!
မထိန်းနိုင်ဘူးလား?
ထိန်းချုပ်တာ မရဘူး!!!!
သတင်းအချက်အလက် ပမာဏသည် အနည်းငယ် ကြီးမားသောကြောင့် ကျောင်းမြန်အပါအဝင် လူအများသည် အသက်ကို ပြင်းပြင်းရှူရှိုက်လိုက်ပြီး စီဆဲလ်အား စိုက်ကြည့်နေကြသည်။
သူဘာပြောလိုက်တာလဲ!!.....
စီဆဲလ်သည် လူအုပ်ကြီးအား စဥ်းစားစရာဗုံးတစ်လုံး ပစ်ချပေးခဲ့ရာ ပေါက်ကွဲသံများကြားတွင် ကျောင်းမြန်၏လက်အားဆွဲကာ ထွက်လာခဲ့သည်။
"သွားကြမယ်...."
နှစ်ယောက်သား လေယာဉ်ပေါ်သို့ အောင်မြင်စွာတက်လာနိုင်ပြီး လေဆိပ်မှ ထွက်ခွာခဲ့သည်။
"တောင်....တောင်....တောင် ..!"
ကျောင်းမြန်၏တာမီနယ်မှ အသံများဆက်တိုက်မြည်နေသောကြောင့် သူမကြည့်သော်လည်း ဘာအကြောင်းအရာမှန်းသိနေသည်။
"ဘာတွေဖြစ်နေတာလဲ?"
စီဆဲလ်သည် ကျောင်းမြန်၏ တာမီနယ်ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။
ကျောင်းမြန်က ရှင်းပြလေသည်။
"ခင်ဗျားအရင် ဆော့ဖ်ဝဲလ်ကို အရင် ထည့်လိုက် ပြီးရင် စာလုံးတစ်ချို့ရိုက်ပြီးရှာလို့ရတယ်....အနာဂတ်မှာ ကြယ်ကွန်ယက်နှင့် ပတ်သက်ပြီး ဘယ်အရာတွေခေတ်စားနေလဲဆိုတာသိနိုင်ဖို့ အရင်က ကြော်ငြာတစ်ခုရှိခဲ့ဖူးတယ် ...ဒါကြောင့် ပေါ့ပေါ့ပါးပါး installလုပ်လိုက်ပါတော့.."
ဤအခိုက်အတန့်တွင် စတားကွန်ရက်သို့ ဝင်ခဲ့ရာ သူမျှော်လင့်ထားသည့်အတိုင်းပင်ဖြစ်သည်။
#ရေတပ်ဗိုလ်ချုပ်ကြီး၏ ထိန်းချုပ်မှု
#ဗိုလ်ချုပ်ကြီးက ထိန်းချုပ်လို့မရကြောင်း ပြောတယ်။
#လှပသောဇနီးလေး၏ သွေးဆောင်မှု
ကျောင်းမြန်: [အပြုံးများ]
ဟား......ဟား.....
#ဗိုလ်ချုပ်ကျောင်း၏ကာကွယ်သူ
#ရေတပ်ဗိုလ်ချုပ်ကျောင်း၏ နက်နဲသောအချစ်
ကျောင်းမြန် ခဏတာ အံ့အားသင့်သွားသည်။
ရေတပ်ဗိုလ်ချုပ်ကြီး၏ ထိန်းချုပ်မှုကဲ့သို့သော ဆိုးရွားသည့်အကြောင်းအရာများအပြင်၊ ကျောင်းမြန် နှင့်ပတ်သက်သည့် အရာများလည်း အမှန်တကယ်ရှိသေးသည်။
{ အာ.....! ဗိုလ်ချုပ်ကျောင်းက အရမ်းနွေးထွေးတာပဲ ....ပြီးတော့ သူ့ယောက်ျားကိုလည်း အကာအကွယ်ပေးသေးတယ်}
{ဗိုလ်ချုပ်ကြီး စီဆဲလ်က ဗိုလ်ချုပ်ကျောင်းကို ကာကွယ်ပေးခဲ့လို့ ဒဏ်ရာရသွားတယ်လို့ကြားတယ်........အား.....ဒါ...နတ်သမီးချစ်ပုံပြင်ပဲ}
ကျောင်းမြန် အံသြသွားသည်။
ဘာပဲဖြစ်ဖြစ် စီဆဲလ်က သူ့ကြောင့် ဒဏ်ရာရခဲ့တာဆိုတော့ ကျေးဇူးပြန်ဆပ်ရမည်။
လေယာဉ်သည် ဗိုလ်ချုပ်ကြီးစံအိမ်သို့ ရောက်ရှိသည့်အခါ စီဆဲလိသည် မူလက လုပ်ငန်းစစ်ဆေးရန် သွားလိုသော်လည်း ကျောင်းမြန်မှ အခန်းထဲ့သို့ သူ့အား ဆွဲသွင်းလိုက်လေသည်။
"ဒီဒဏ်ရာက ပိုးဝင်ရင် ပိုဆိုးသွားလိမ့်မယ်... ခင်ဗျား တစ်ရက်လောက်နားလိုက်ရင် ပို ကောင်းမယ်..ခင်ဗျားရဲ့ ကျန်းမာရေးက ပို အရေးကြီးတယ်။"
ကျောင်းမြန်သည် စီဆဲလ်ကို ကုတင်ပေါ်တွင်ဖိချကာ စောင်ခြုံပေးလိုက်ရင် ပြောလိုက်သည်-
"ကောင်းကောင်း အနားယူပါ"
စီဆဲလ်က သူ့ကုတင်ဘေးတွင် ရပ်နေသော ကျောင်းမြန်ကို ကြည့်ပြီး သက်ပြင်းချလိုက်ကာ မေး၏။
"ဒါက ဘာဆေးလဲ မွှေးလိုက်တာ.."
စီဆဲလ်သည် သူအလုပ်မလုပ်နိုင်သေးသည့် အတွက် ကျောင်းမြန်နှင့် စကားပြောနေခဲ့ရပါသည်။
သို့သော် သူတို့နှစ်ယောက်သည် စီးပွားရေးကိစ္စအကြောင်းပြောနေကြတုန်းဖြစ်သည်။
စီဆဲလ်သည် ကျောင်းမြန်ကို ဖတ်ရန်အတွက် တာမီနယ်မှတဆင့် လျှို့ဝှက် ကုဒ်ခံထားသောဖိုင်ကို လွှဲပြောင်းပေးခဲ့သည်။
"ဒါက.."
ကျောင်းမြန်က မျက်မှောင်ကြုတ်ကာ စာရွက်ထဲက ဒီဇိုင်းပုံများကို ကြည့်ပြီး မေးလိုက်သည်- "စက်.....စက်ရုံလား...."
"ဟုတ်တယ်.... မင်းအတွက်လုပ်ထားတဲ့ သုတေသနအဖွဲ့တစ်ခုလည်း ရှိတယ်။"
စီဆဲလ်က ပြုံးလိုက်ပြီး ဆက်ပြောသည်။
"အဲ့ဒါက တံတားနဲ့ဆို ခြေလှမ်းနည်းနည်းလောက်ပဲဝေးတဲ့ ဖက်ဒရေးရှင်းနယ်စပ်မှာရှိတာ... ကုန်ကြမ်းစုဖို့ အပြင်ထွက်ဖို့ဆိုလည်း... အဆင်ပြေတယ်... စစ်ရေးကိစ္စများကို ဂရုစိုက်ဖို့ ရေခဲမြစ်ကို ပြန်သွားမယ်ဆိုလည်း အဆင်ပြေတယ်....."
ကျောင်းမြန်က ပြုံးပြီး ပြောလိုက်သည်။
"အရမ်း....ကောင်းတယ်"
စီဆဲလ်နှင့် ကျောင်းမြန်တို့သည် အပင်များကို ကုန်ကြမ်းအဖြစ် အသုံးပြုသော ဆေးဝါးများ စတင်တီထွင်ရန်အတွက် ဆွေးနွေးခဲ့ကြလေသည်။
ဒါပေမယ့် ဒီလမ်းက မလွယ်ကူဘူး...
ကျောင်းမြန်က စက်ရုံအကြောင်း တိတ်တဆိတ်တွေးနေသည်ကို စီဆဲလ်မြင်လိုက်ချိန်တွင်
"ဒီစက်ရုံအတွက် ဖက်ဒရယ် ခုံရုံးကနေ ခွင့်ပြုချက်မရခဲ့ဘူး.....ဒါကြောင့် အခုပဲဖွင့်ဖို့ဆိုရင် ကိုယ့်နာမည်အောက်မှာပဲ ထည့်ထားလိုက်မယ် ကိုယ် သေချာ ဂရုစိုက်ပါ့မယ်"
စီဆဲလ် ပြောတာမှန်သည်။
ဤအစီအစဥ်သည် အခြားသူများနှင့် ညှိနှိုင်းသည့်အခါ တချို့၏အမြင်တွင် ရူးနေသည်ဟု အထင်ခံရနိုင်သောကြောင့် ဒုက္ခဖြစ်စေနိုင်သည်။
"ခင်ဗျား နာမည်ထည့်လို့မရဘူး။"
ကျောင်းမြန်က ပြော၏။
" ခင်ဗျားက လူတိုင်း အားကိုး ယုံကြည်ရတဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်....သူရဲကောင်းဆိုလည်း မမှားဘူး...အဲ့ဒါကြောင့် ခင်ဗျားရဲ့ ဂုဏ်သိက္ခါကို ထိခိုက်ခံလို့မရဘူး...ဒီစက်ရုံက ပြသနာဖြစ်ဖို့ အရမ်းလွယ်လွန်းတယ်....ဒါမှမဟုတ်ရင်လည်းယုံကြည်ကိုးကွယ်မှုတစ်ခုလို့ မှတ်လိုက်မယ်ဆိုရင် သွားပြီပဲ.."
စီဆဲလ်က မျက်မှောင်ကြုတ်ပြီး ပြောသည်။
"ဒီစက်ရုံကို အကောင်အထည်ဖော်ဖို့ ဘယ်လောက်ထိခက်ခဲလဲဆိုတာ မင်းလည်းသိပါတယ်....အဲ့ဒါကြောင့် မင်းတစ်ယောက်တည်းလုပ်မယ်ဆိုရင် အဲဒီ့ကန့်ကွက်တဲ့အသံတွေကြောင့် မင်း နလန်ထူလို့ရမှာမဟုတ်ဘူး"
ကျောင်းမြန်သည် ကျောထောက်နောက်ခံ တစ်ဦး လိုအပ်သည်။
"ဒါပေမယ့် ခင်ဗျားကို ရေနောက်ကြီးထဲ ဆွဲချလို့ မရဘူး..."
ကျောင်းမြန်က က မတ်တပ်ထရပ်လိုက်သည်။
စီဆဲလ်က ဆို၏။
"ဒီအစီအစဥ်ကို အစကတည်းက အကောင်အထည်ဖော်ဖို့ ကိုယ်ပဲ မင်းကို တောင်းဆိုခဲ့တာ မင်းကို ရေနောက်ကြီးထဲဆွဲချပြီးမှ အခု လျစ်လျူရှုရမယ်တဲ့လား ကိုယ်လုပ်နိုင်မယ်ထင်လို့လား...."
ကျောင်းမြန်က ပြန်ပြော၏။
"ကျွန်တော်က ခင်ဗျားရဲ့ ကာကွယ်မှုကို လိုအပ်တာကြောင့် ဒီကိစ္စထဲဝင်လာရင်တားရမှာပဲ ....ခင်ဗျားနာမည်ကိုမသုံးရဘူး.."
စီဆဲလ်သည် မျက်ခုံးကိုပင့်လိုက်သည်။
ကျောင်းမြန်က ဆက်ပြော၏။
"ခင်ဗျားက ဒီကိစ္စထဲမှာ မပါတဲ့အတွက်ကြောင့် အကယ်၍ တစ်ခုခုဖြစ်သွားရင် အပြင်လူတွေရှေ့မှာ ကျွန်တော့်ရာထူးကို ဖျက်ဆီး ချေမှုန်းဖို့ဆိုရင် ခင်ဗျားစစ်တပ်ကို သုံးလို့ရတယ်လေ"
စီဆဲလ်သည် အနည်းငယ် မျက်မှောင်ကြုတ်ကလိုက်ပြီး ကုတင်ခေါင်းရင်းအား မှီကာ သူ၏ဒူးကို လက်ချောင်းများဖြင့် အသာအယာ ထိနေလိုက်သည်။
"ကောင်းပြီလေ"
စီဆဲလ် က တစ်ခုခုကို တွေးနေရာမှ ပြုံးလိုက်သည်။
"နောက်ဆုံးတော့ တစ်နေ့လုံး စားလိုက် သောက်လိုက် ဆော့လိုက် လုပ်နေတဲ့ မင်းသားက အခုမှ အသုံးဝင်တော့တယ်"
အဲဒါကို အယ်လန်၏နာမည်နှင့် ဖွင့်ရသည်မှာလည်း မဆိုးပါဘူး.....၊
စီဆဲလ်က ထိုအချက်အား လျှို့ဝှက်စွာ အာမခံပေးလေသည်။
စီဆဲလ်က ခွေးကလေး၏ခေါင်းကို ပုတ်သကဲ့သို့ ကျောင်းမြန်၏ခေါင်းအားပုတ်ကာ ပြောလိုက်သည်-
"ကျောင်းမြန်က အရမ်းစမတ်ကျတာပဲ.."
ကျောင်းမြန်: "......."
ကျောင်းမြန်သည် စီဆဲလ်အား ကြင်နာစွာ ကြည့်လိုက်သည်။
'အကယ်၍ တစ်ယောက်ယောက်က မင်းကို ရိုက်ရင် မင်းက သူ့ကိုပြန်ရိုက်လို့ရတယ်..'
စီဆဲလ်က သူ့နှာခေါင်းကို ထိလိုက်ပြီး ပြောသည်။
"အင်း၊ ဒီစက်ရုံက နှစ်ရက်အတွင်း ပြီးတော့မှာ ဖြစ်ပြီး အထဲမှာရှိတဲ့ ဝန်ထမ်းတွေက အမှတ် (၁၂) တပ်ဖွဲ့နဲ့ မင်းရဲ့ စစ်တပ် က ပဲသုံးထားတယ်...ပထမအချက်က စက်ရုံ ဘေးကင်းဖို့နဲ့ ဒုတိယအချက်က မလိုအပ်ဘဲ ဘာပြသနာမှမတက်ဖို့ပဲ.."
"ကောင်းပြီ"
ကျောင်းမြန်က ပြောလေသည်-
"ဒါဆို မနက်ဖြန် ကျွန်တော်ကုန်ကြမ်းတွေ စုဆောင်းဖို့ စွန့်ပစ်ကြယ်ကိုသွားလိုက်မယ် ဒါမှ ခင်ဗျားအတွက် ဆေးဖော်ပေးလို့ရမှာ..."
နှစ်ယောက်သား ခဏလောက် စကားစမြည်ပြောပြီးနောက်တွင် စီဆဲလ်သည် ကျောင်းမြန်၏ ချော့တလှည့် ခြောက်တလှည့် အပြောအောက်တွင် အိပ်ပျော်သွားခဲ့သည်။
ကျောင်းမြန်သည် အခန်းထဲမှ ထွက်လာပြီးနောက်တွင် မီးဖိုချောင်သို့ သွားကာ စီဆဲလ် အတွက် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်နေထိုင်မှုဇယားတစ်ခုကို ပြုလုပ်ရန် စီစဉ်ခဲ့သည်။
ထိုအချိန်တွင် အိမ်ထိန်းလည်းရှိနေကာ လက်ဖက်ရည်သောက်နေလေသည်။
"သခင်လေး ဒီမှာ ၊ သခင်လေးလိုချင်တဲ့ ပစ္စည်းတွေ အကုန်ပြင်ပြီးပါပြီ "
ကျောင်းမြန်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။
ကျောင်းမြန်သည် သူ့လက်ကို ဆေးပြီး အလုပ်စလုပ်မည်အပြု ပြတင်းပေါက် အပြင်ဘက်ရှိ ရှုခင်းအား မတော်တဆ ကြည့်မိလိုက်သောအခါ အံ့အားသင့်သွားသည်။
မီးဖိုချောင်သည် တံခါးတစ်ဝက်ဖွင့်လို့ရသည့် ဒီဇိုင်းဖြစ်သောကြောင့် ကြမ်းပြင်မှ မျက်နှာကြက်ထိ ပြတင်းပေါက်များစွာရှိလေသည်။
ကျောင်းမြန်သည် ယခုအချိန်တွင် အပြင်ဘက်၌ နှင်းများကျနေသည်ကို မြင်နေရသည်။
ကျောင်းမြန်၏ ဆွဲဆောင်ခံလိုက်ရသည့် အမူအရာကို မြင်လိုက်ချိန်တွင် အိမ်ထိန်းကပြုံးပြီး မေးလိုက်သည်။
"သခင်လေး နှင်းကျတာ မတွေ့ဖူးဘူးလား.."
ရေခဲမြစ်စနစ်သည် တစ်နှစ်ပတ်လုံး အေးခဲနေပြီး ရာသီလေးခု ပြောင်းလဲမှုမရှိပေ။
ကျောင်းမြန်က ခေတ္တရပ်လိုက်ပြီး ပြန်ဖြေလိုက်သည်
"အင်း... ကျွန်တော် သဘောကျတယ်.."
အိမ်ထိန်းက အနည်းငယ် အံ့ဩသွားသော်လည်း ထိုအကြောင်းရင်းကို တွေးနေလေသည်–
“သခင်လေး ရေခဲမြစ်စနစ် အပြင်ဘက်က စွန့်ပစ်ကြယ်တစ်လုံးမှာတောင် မမြင်ဖူးဘူးလား.."
ကျောင်းမြန်က ခေါင်းကိုခါယမ်းလိုက်သည်။
သူက ရေခဲမြစ်စနစ်ကနေ ဘယ်တုန်းကမှ ထွက်မသွားဖူးဘူး...။
အိမ်ထိန်းက အံ့အားသင့်သွားသည်-
"ဟမ်"
ကျောင်းမြန်လည်း အံ့ဩနေသည်။
သူသည် ရေခဲမြစ် စနစ်မှ ထွက်မသွားဖူးဘဲ သူ၏မှတ်ဉာဏ်ထဲတွင် နှင်းနှင့် ပတ်သက်သည့် မှတ်ဉာဏ်အပိုင်းအစများ ဘာလို့ရှိနေရတာလဲ.....။
"ပြီးတော့ ... နှင်းလူသားရော..."
ကျောင်းမြန်က ခဏရပ်လိုက်ပြီး သေချာစွာထပ်ပြောသည်။
"ဟုတ်တယ်....နှင်းလူသားပဲ"
နှင်းမုန်တိုင်းထဲမှာ သူ့ကို ပြုံးပြပြီး အနီရောင် မာဖလာပတ်ထားသော အလွန်ချစ်စရာကောင်းသည့် နှင်းလူသား......။
ကျောင်းမြန် က သူ့အကြောင်းကို တွေးရင်း နှုတ်ခမ်းများ တွန့်ကွေးနေသည်မှာ မရပ်တန့်နိုင်တော့ပေ။
အိမ်ထိန်းက ကျောင်းမြန် သည် စတားကွန်ရက်မှ ပုံများကိုမြင်ယောင်နေသည်ဟုထင်လိုက်သောကြောင့် ခေါင်းခါကာ ပြုံးလိုက်သည်။
တစ်ဖက်ခြမ်းတွင် လဲလျောင်းလျက် တဖြည်းဖြည်း အိပ်မောကျနေသော စီဆဲလ်သည် အိပ်မက်တစ်ခုကို မက်နေလေသည်။
သူသည် ဓါတ်ခွဲခန်းထဲသို့ ရောက်နေလေသည်။
Dark Phoenix အဖွဲ့မှ ပြန်ပေးဆွဲခံရပြီးနောက်ပိုင်း စီဆဲလ်၏ကလေးဘဝမှတ်ဉာဏ်ထဲတွင် ဓာတ်ခွဲခန်းအတွင်းရှိ ကျဉ်းမြောင်းသောနေရာ၊ အဖြူရောင်ဝတ်စုံဖြင့် သိပ္ပံပညာရှင်နှင့် အမြဲတမ်းပြုံးနေတတ်သော ကောင်လေးတို့သာ ပါဝင်လေသည်။
နေရာတိုင်းတွင် နှင်းများကျနေပြီး အရာအားလုံးကို အဖြူရောင်နှင်းများက ဖုံးလွှမ်းထားသည်။
စီဆဲလ်သည် မနက်စောစောထကာ ကောင်လေး၏ ပြတင်းပေါက်သို့သွားကာ ကောင်လေးမထသေးကြောင်းသိလျှင်.......
ကောင်လေး၏ပြတင်းပေါက်မှကြည့်လျှင် မြင်နိုင်လောက်မည့်နေရာ၌ နှင်းလူသားတစ်ရုပ်ကို ပြုလုပ်လေသည်။ ထိုနှင်းလူသားတွင် လည်ပင်း၌ အနီရောင် မာဖလာတစ်ထည်ရှိပြီး နှာခေါင်းနေရာ၌ မုန်လာဥနီတစ်လုံးရှိလေသည်။
ထိုကလေးပျော်ရွှင်စေရန် သူသည် အရူးတစ်ယောက်ကဲ့သို့ ပြုမူလေ့ရှိသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ကောင်လေးက အရမ်းပျော်ရွှင်ကာ ရယ်မောလေသည်။
နှင်းမုန်တိုင်းက ကြမ်းတမ်းသောကြောင့် ထိုနှင်းလူသားအား မနက်တိုင်း စီဆဲလ်က အသစ်တစ်ရုပ်လုပ်ပေးခဲ့ရသည်။
ထိုကောင်လေးက မသိခဲ့ဘဲ သူ့အား မှော်ဆရာက လက်ဆောင်ပေးသည်ဟုသာထင်နေခဲ့သည်။
ထို့နောက် ဆောင်းရာသီကုန်သွားသောအခါ နှင်းလူသားသည် အရည်ပျော်သွားတော့သည်။
ကောင်လေးက အရည်ပျော်သွားသောနှင်းများကို ကြည့်ကာ ပြတင်းပေါက်ဘက်ကို မျက်နှာမူကာ လှဲလျောင်းရင်း အသက်ရှုကြပ်သည်အထိ ငိုကြွေးတော့သည်။
စီဆဲလ်က သူ့ကို ပွေ့ဖက်ပြီး ချော့သော်လည်း ကောင်လေးကတော့ ငိုနေဆဲဖြစ်သည်။
စီဆဲလ်သည် ထိုကလေး ဝမ်းနည်းစွာ ငိုကြွေးသည်ကို အခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
"အင်း.. မင်းက အငိုသန်လေးပဲ....။"
"ငါ မင်းကို ကတိပေးတယ်၊ ငါတို့ ကြီးလာလို့ ဒီက လွတ်ရင် ဒီက ကိုကိုက မင်းကို အခန်းထဲမှာ နှင်းလူသားရုပ် အမြဲတမ်း ထားပေးမယ်"
"ဟုတ်......"
______________________________________