Chapter - 28
(ကျောင်းမြန်၏ကလေး သက်တော်စောင့်)
ထိုမိန်းကလေးပြောသည်မှာ အမှန်ဖြစ်သည်။
ကျောင်းမြန်က ကောင်မလေးကို ကယ်မည့်အချိန်တွင် အနောက်တွင်ရပ်နေသော စီဆဲလ်က သူ့အား သေနတ်ဖြင့် ပစ်သတ်ရန် ချိန်ရွယ်ထားသည့် စနိုက်ပါသမားကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။
သေနတ်ပြောင်းဝက ကျောင်းမြန်အား ချိန်ထားပြီးဖြစ်သည်။
စီဆဲလ်လည်း အံ့အားသင့်သွားပြီး ထိုနေရာ၌ စနိုက်ပါသမားများပါ ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
ပထမဆုံးအချက် အနေဖြင့်ပြောရမည်ဆိုလျှင် ဒီဘက်ခေတ်တွင် စနိုက်ပါသမားများသည် အလွန်ရှားပါးပါသည်။
နောက်ဆုံးတွင်၊ သူတို့သည် လုပ်ကြံသတ်ဖြတ်သည့်အလုပ်ကိုသာ လုပ်ဆောင်နိုင်ကြပြီး လူသားများနှင့် ဇာစ့်များ အချင်းချင်း တိုက်ခိုက်သောအခါ ရှုပ်ထွေးသောစစ်ပွဲများတွင် မက်ခါကို အသုံးပြုခြင်းသည် စနိုက်ပါထက် ပို၍ အသုံးဝင်ပါသည်။
ဒုတိယအချက်မှာ စနိုက်ပါသမားသည် ကျောင်းမြန်ကို အမှန်တကယ် ရည်ရွယ်ချက်ရှိရှိလုပ်ကြံသတ်ပစ်ရန် တော်ဝင်မိသားစုမှ ငှားထားခြင်းဖြစ်သည်။
စီဆဲလ်သည် ဤမျှလောက် စဉ်းစားရန် အချိန်မရှိသောကြောင့် ကျောင်းမြန်အား ရှောင်တိမ်းစေရန်အတွက် တစ်ဖက် လူ၏အသားကို ကန်ကျောက်ရန် ခြေထောက်ကိုမြှောက်ရုံသာတတ်နိုင်တော့သည်။
သို့သော် သူ၏ လုပ်ရပ်များသည် ရန်သူအား အခွင့်ကောင်းယူနိုင်ရန် အားနည်းချက်များကို ထုတ်ဖော်ပြသမိသလို ဖြစ်နေခဲ့သည်။
အနီးနားရှိ တော်ဝင်စစ်သား၏ ဓားမြှောင်သည် သူ့ခါးကို ထိုးသွင်းလိုက်ရာ စီဆဲလ်သည် တစ်ချက် လှောင်ရယ်လိုက်ပြီး တိုက်ခိုက်သူ၏ လည်ပင်းကို ခြေလည်ကန်ချက်ဖြင့် ကန်လိုက်ကာ တစ်ခါတည်း ချိုးပစ်လိုက်သည်။
"ခင်ဗျား...."
ဤအခိုက်တွင် ကျောင်းမြန်သည် စီဆဲလ်ကို နင့်နင့်နဲနဲ စိုက်ကြည့်လိုက်ကာ သူ့စိတ်တွေက ကမောက်ကမ ဖြစ်နေလေသည်။
"ကောင်းပြီ... ကောင်းပြီ မင်းရဲ့ဗိုလ်ချုပ်ကြီးက ချောမောပြီး ရဲရင့်တယ်လေ... ကိုယ် တကယ်အဆင်ပြေပါတယ်"
ကျောင်းမြန်၏တုံ့ပြန်မှုကိုမြင်လိုက်ချိန်တွင် စီဆဲလ်က လက်ကိုလှမ်းဆွဲလိုက်ပြီး ခွေးကလေး၏ခေါင်းကို နမ်းကာ နှစ်သိမ့်သကဲ့သို့ချော့မော့လိုက်ပြီး ပြောလိုက်သည်-
"ကိုယ့် ဒဏ်ရာတွေ ကုဖို့ လေယာဉ်ပေါ်တက်ကြရအောင်လေ...။"
"ဟမ်။"
ကျောင်းမြန်သည် စီဆဲလ်၏လက်ကို မကာ သူ့ပခုံးပေါ် တိုက်ရိုက်တင်လိုက်တော့သည်။ အကယ်၍ စီဆဲလ်သည် ကျောင်းမြန်၏လက်ကို လှမ်းမကိုင်ခဲ့ပါက၊ သူသည် စီဆဲလ်အား ပွေ့ချီလုနီးပါး ဖြစ်ပေလိမ့်မည်။
ခရစ်က သူတို့အား ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးထဲ၌ အမည်မသိခံစားချက်များ ဖြတ်ပြေးသွားလေသည်။
ကျောင်းမြန်သည် စီဆဲလ်အား အလွန်ဂရုစိုက်လေသည်။
ဒါပေမယ့် ဒီလောက် အချိန်တိုလေးအတွင်းမှာ အတူတူရှိနေကြရင် ဘယ်လိုတွေဆက်ဖြစ်လာမလဲ........။
"မာရှယ်...သေတ္တာတွေကို စစ်ဆေးပြီးပါပြီ၊ ဇာစ်ကြယ်က ဟောင်လုလု တွေပါနေတယ်ဆိုတာ အမှန်ပါပဲ"
ခရစ် က ဘေးပတ်ဝန်းကျင်အား အာရုံပြန်စိုက်လိုက်ရင်း လှည့်ကြည့်လိုက်သည်။
တော်ဝင်စစ်တပ်နှင့် ဇာစ်တို့သည် သေနတ်များနှင့် ပစ်ခတ်ကာ ဖမ်းဆီးထားခြင်းကြောင့် အကျဉ်းသားများအတွက် ယူဆောင်လာသည့် လေယာဉ်များတွင် ထိန်းသိမ်းခံထားရပြီး ကုန်သေတ္တာများအား ရုပ်ပိုင်းဆိုင်ရာ သက်သေအဖြစ် ယူဆကာ ပင်မတိုက်ပွဲဝင်သင်္ဘောပေါ်သို့ တင်ဆောင်ထားလေသည်။
ယခု မိန်းကလေးသည်လည်း အရေးကြီးသော သက်သေတစ်ဦးဖြစ်သောကြောင့် ပင်မတိုက်ပွဲဝင်သင်္ဘောပေါ်တွင် စောင့်ကြပ်ထိန်းသိမ်းခံထားရသည်။
ခရစ်က မျက်လုံးကို မှိတ်ထားလိုက်သည်။
နောက်ဆုံးတော့ တော်ဝင်မိသားစုမှာလည်း စိုးရိမ်မှုများ ရှိလာတော့မည်။
လေယာဉ်ပေါ်တွင် ကျောင်းမြန်သည် စီဆဲလ်ကို ကုသပေးတေသည့် ဆရာဝန်ကို ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
သန့်ရှင်းရေးလုပ်ပေးကာ ပတ်တီးများစီးပေးပြီး ဆရာဝန် ထွက်သွားပြီးသည့်နောက်တွင် ကျောင်းမြန်က ပြော၏။
"ဗိုလ်ချုပ်ကြီး၊ ကျွန်တော့မှာ ဒဏ်ရာ အကျက်ပိုမြန်ပြီးတော့ နာကျင်ကိုက်ခဲတာလည်း သက်သာစေနိုင်တဲဘ လိမ်းဆေးရှိတစ်မျိုးရှိတယ်..."
စီဆဲလ်က မျက်ခုံးကိုပင့်ကာ မေးလိုက်၏။
"အပင်ကနေထုတ်တဲ့ လိမ်းဆေးဆီမွှေးလား..."
ကျောင်းမြန်က ခေါင်းညိတ်ပြလိုက်သည်။
လူအများသည် ထိုလိမ်းဆေးဆီမွှေးများကို မသုံးရဲကြသော်လည်း သူတို့၏စစ်တပ်တွင် တစ်စုံတစ်ဦး ဒဏ်ရာရသွားသည်ရှိသော် အတော်ကြာကြာဆွဲဆောင်ထားသည့်အလျောက် တိတ်တိတ်ဆိတ်ဆိတ်သာ အသုံးပြုကြမည်ဖြစ်သည်။
စီဆဲလ်က သူ့၏ခေါင်းအား သူ့လက်မောင်းပေါ် တင်ကာ မှီလိုက်ပြီး ပြုံး၍ ပြောသည်-
"မင်း ကိုယ့်ကို ကြိုက်သလိုလုပ်လို့ရတယ်..."
ကျောင်းမြန်က ပြုံးပြီး စီဆဲလ်အတွက် စောင်ကိုယူကာ ခြုံပေးလိုက်ပြီး ပြောလိုက်သည်-
"ဗိုလ်ချုပ်ကြီး၊ ကောင်းကောင်း အနားယူပါ"
"ကိုယ်တို့ အခု ကျောင်းစံအိမ် ကို ပြန်သွားကြမှာမလား"
ကျောင်းမြန်က ခေါင်းယမ်းပြီး ပြောလိုက်သည်-
"ဗိုလ်ချုပ်ကြီးကို အဖွဲ့ချုပ်ကို အရင်ပြန်ပို့ပေးလိုက်ပါ"
"ဟေး... ကိုယ် အဲ့လောက်လည်း မနူးညံ့ပါဘူး။"
စီဆဲလ်က ကူကယ်ရာမဲ့စွာပြောလိုက်သည်-
"မလိုဘူး၊ .....တကယ်မလိုပါဘူး"
"ခင်ဗျား ဒဏ်ရာမရရင်တောင် ကျွန်တော်တို့က အဖွဲ့ချုပ်ကို ပြန်သွားမှာ..."
ကျောင်းမြန်က ခေတ္တရပ်လိုက်ပြီး ပြောလိုက်သည်..
"ဒါက ခရစ် လိုချင်တဲ့အရာပဲ"
".အမ်..."
ကျောင်းမြန်က အေးစက်စွာပြောလိုက်သည်-
"ကျွန်တော်က သံသယတွေကို ရှောင်လို့ရအောင်လို့ အစက ဒီကိုလာခဲ့တာ....ပြီးတော့ ခရစ်နဲ့ တခြားသူတွေက တော်ဝင်မိသားစုကို စုံစမ်းပြီး ဖမ်းဆီးကြတော့မှာ အဲ့ဒါကြောင့်....မကြာခင်.. ရေခဲမြစ်မြို့တော်က မမြင်ရတဲ့ သွေးမုန်တိုင်းထဲကို ကျတော့မယ်... ကျွန်တော် အဲမှာ နေဖို့ မသင့်တော်ဘူး၊ ကျောင်း မိသားစုရဲ့ တပ်ဖွဲ့တွေလည်း ပြန်တိုက်လို့ရအောင် မြို့တော်မှာရှိနေတာပဲ...။ ပြီးတော့ . နောက်တစ်ချက်က ကျွန်တော့် လုံခြုံရေးအတွက်ပဲ...တော်ဝင်မိသားစုက ကျွန်တော့်ကို ပစ်မှတ်ထားဖို့ လူသတ်သမားကိုတောင် ငှားထားတာဆိုတော့ ...."
စီဆဲလ်သည် စနိုက်ပါသမားကို သတိရလိုက်ပြီး နားလည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ကျောင်းမြန် သေဆုံးခြင်းတွင် အားသာချက်များစွာရှိသည်။ ပထမဦးဆုံးအချက်မှာ ထိုသို့ဖြစ်လျှင် ဖက်ဒရေးရှင်းနှင့် ရေခဲမြစ်ကြားရှိ မဟာမိတ်အဖွဲ့အစည်းကို ရှုပ်ထွေးမှုများ ဖြစ်စေနိုင်သည်။
ဒုတိယအချက်သည် ကျောင်းမြန် ၏အချက်အလက်သည် ထိလွယ်ရှလွယ်ဖြစ်သည်။
တတိယအချက်မှာ ကျောင်းမြန်သည် အရာအားလုံး၏အစဖြစ်ပြီး တရားရုံးတွင် ထိုအရာအားလုံး၏ ပထမဆုံးသက်သေလည်း ဖြစ်သည်။
ကျောင်းမိသားစုကို ဖျက်ဆီးခြင်း၏ အဓိက နောက်ကွယ်မှ တရားခံမှာ တော်ဝင်မိသားစုဖြစ်သည်။
အတိအကျပြောရလျှင် ကျောင်းမိသားစုသည် တရားခံ၏ သက်သေအထောက်အထားဖြစ်သည်။
"ပြီးခါနီးပါပြီ။"
စီဆဲလ်က ခဏရပ်လိုက်ပြီး ကျောင်းမြန် ၏လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။
"ဘာမှားနေလို့လဲ?"
စီဆဲလ်က မေးလိုက်သည်။
"မင်းအဖေကို မတွေ့ရသေးဘူးမလား"
ကျောင်းမြန် အံ့အားသင့်သွားလေသည်။
စီဆဲလ်ပြောတာ မှန်သည်။
သူသည် ဈာပနကို တက်ရောက်ရန် အချိန်မရှိခဲ့ပေ။
ကျောင်းမြန်က အောက်သို့ငုံ့လိုက်ပြီး
"အေးစက်နေတဲ့ သင်္ချိုင်းကျောက်တုံးတွေပဲ ကျန်တော့တဲ့.... အဲ့လိုနေရာကို အခုမှ သွားတာက အဓိပ္ပာယ်မရှိဘူးမလား။"
စီဆဲလ်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ တစ်ခုခုပြောမည့်အချိန်တွင် လေယာဉ်သည် တံတားအနီးသို့ ချဉ်းကပ်လာကာ ရေခဲမြစ်မြို့တော်မှ ထွက်ခွာတော့မည်ဖြစ်သည်။
ထိုအချိန်တွင် နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။
တံတား၀င်ပေါက်တွင် လူများစွာ စုဝေးကြပြီး ၎င်းတို့အားလုံးသည် 'ရေခဲမြစ်မှပြည်သူများ'ဟူသော ဆိုင်းဘုတ်များကို ကိုင်ထားကြသည်။
ကျောင်းမြန် နှင့် အခြားလူများရောက်လာသည်နှင့် တပြိုင်နက် လူများ စိတ်လှုပ်ရှားစွာဖြင့် ချက်ခြင်းရောက်လာကြသည်။
၎င်းတို့သည် လေယာဉ်ငယ်များကို အသုံးပြု၍ ရေခဲမြစ်အစိုးရနှင့် ဖက်ဒရေးရှင်းတို့၏ များစွာသော အစောင့်အကြပ်များ မမြင်အောင် ပုန်းလျှိုးကွယ်လျှိုး လိုက်ပါခဲ့ကြသည်။
သူတို့အားလုံး ပျံသန်းပြီးသည်နှင့် ကောင်းကင်၌ အမြင် အဖမ်းစားနိုင်ဆုံး မြင်ကွင်းဖြစ်လာခဲ့သည်။
"ဗိုလ်ချုပ် ကျောင်း! ရေတပ်ဗိုလ်ချုပ် ကျောင်း!"
ကျောင်းမြန်သည် ဘေးသို့ အနည်းငယ်လှည့်ကာ ပြတင်းပေါက်ကို လှမ်းကြည့်စဥ်တွင် အံ့အားသင့်သွားတော့သည်။
လူတစ်ယောက်သည် ဆိုင်းဘုတ်တစ်ခုအားကိုင်ကာ ဤသို့အော်ဟစ်လိုက်သည်။
-ရေတပ်ဗိုလ်ချုပ်ကျောင်း.......ငါတို့ မင်းကို ထောက်ခံပါတယ်။
-ရေတပ်ဗိုလ်ချုပ်ကျောင်း....ငါတို့ မင်းကို အမြဲယုံကြည်နေပါတယ်။
သူ့နာမည်သည် ထူထပ်သော အထူးပြုလုပ်ထားသည့် ဆိုင်းဘုတ်များရှိ နေရာတိုင်းတွင် ရှိနေလေသည်။
ကျောင်းမြန်သည် ခေတ္တရပ်ပြီး ပြတင်းပေါက်ကိုဖွင့်လိုက်ကာ လက်ကိုအနည်းငယ်ထုတ်လိုက်ပြီး အောက်မှ လူများကို ဝှေ့ယမ်းပြလိုက်သည်။
"ဗိုလ်ချုပ်ကျောင်း..!... ရေတပ်ဗိုလ်ချုပ် ကျောင်း!"
လေတိုးသံသည် အောက်မှ ဆူညံသံများကို ဖုံးလွှမ်းထားသော်လည်း ကျောင်းမြန်သည် သူတို့၏မျက်နှာမှ တောက်ပနေသောမျက်လုံးများကို မြင်နေရသည်။
စီဆဲလ်က ပြုံးပြီးပြောလိုက်သည်-
"အရင်တစ်ခေါက် နောက်ဆုံးမတော်တဆ ဖြစ်တဲ့အချိန်တုန်းက မင်းရဲ့ *အနက်ရောင်ဖန် တွေက မင်းကို ရိုက်ချချင်နေကြတာ....ကိုယ့်အထင်မမှားရင် အဲ့တုန်းကလည်း အဲ့ဒီ့လူတွေက မင်းအတွက် သူတို့ကို ကူပြီး ဆူပူကြိမ်းမောင်း ပေးခဲ့ပြီး ရန်ကူဖြစ်ပေးခဲ့တာ...မင်းအတွက် ကူပြောပေးမယ့်လူတွေရှိပါသေးတယ်...."
တော်ဝင်မိသားစု၏ ပူးပေါင်းကြံစည်မှုအား အပြည့်အ၀ထုတ်ဖော် ပြောဆိုခြင်းမရှိသေးသော်လည်း ယခုအချိန်တွင် ကျောင်းမြန် အား ထောက်ခံသူများရှိနေဆဲဖြစ်သည်။
ကျောင်းမြန်က စီဆဲလ်ကို လှည့်ကြည့်လိုက်သည်။
စီဆဲလ်က ခေါင်းခါပြီး ပြောလိုက်သည်။
"ဒါက ကိုယ် စီစဉ်ထားတာမဟုတ်ဘူး အခု ကိုယ်လည်း အံ့သြနေတာ"
အောက်ဘက်ရှိ လူအုပ်ကြီးသည် ရွေ့လျားနေကြပြီး ထိုအခိုက်အတန့်တွင် လေငြိမ်သွားသောကြောင့် ကျောင်းမြန်သည် စကားတစ်ခွန်းကို ကြားလိုက်ရသည်။
"ရေတပ်ဗိုလ်ချုပ် ကျောင်း ၊ ဒီနေရာက အမြဲတမ်း မင်းရဲ့အိမ်ပါပဲ.."
အောက်မှ လူငယ်တစ်ဦးက ဆိုင်းဘုတ်ကိုင်ထားပြီး အော်ပြောလိုက်လေသည်။
ကျောင်းမြန်က ခဏအကြာတွင် ပြတင်းပေါက်ကို ပိတ်လိုက်သည်။
ဤအခိုက်အတန့်တွင် သူ့ရှေ့မှ မြူခိုးများသည် တစ်စုံတစ်ယောက်မှ ရှင်းလင်းပေးလိုက်သကဲ့သို့ မြင်ကွင်းသည် ပို၍ရှင်းလင်းလာသည်။
ကျောင်းမြန်က စီဆဲလ်ကို ရုတ်တရက် ပြုံးပြလိုက်သည်။
စီဆဲလ်က ခေါင်းခါလိုက်ပြီး ကျောင်းမြန်၏လက်ကိုဆွဲကာ
"ကိုယ့်နောက်ကျောက နာသွားပြီ...၊ လာ..ကိုယ့်ကို နည်းနည်းထုပေးဦး..."
ကျောင်းမြန်က သူ၏သန်မာသောလက်အား ပြန်ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်
"ခင်ဗျား အိပ်လိုက်တာ ပိုကောင်းမယ်ထင်တယ်"
"ကိုယ် အိပ်လို့မရဘူး။"
စီဆဲလ်က ဆက်ပြောလိုက်သည်။
"ရေခဲမြစ်က လူတွေရဲ့ စိတ်အားထက်သန်မှုကြောင့် ကိုယ် လန့်သွားလို့...."
အဖွဲ့ချုပ်သို့ရောက်ရှိပြီးသည့်နောက်ပိုင်းတွင် ယခုအချိန်သည် အဖွဲ့ချုပ်က အမှန်တကယ် စိတ်အားထက်သန်စွာဖြင့် ကြိုဆိုမှု အစစ်အမှန်ဖြစ်ကြောင်း စီဆဲလ် အား ပြောပြလိုက်သည်။
ကျောင်းမြန်သည် သူ့ရှေ့ရှိ စစ်မြေပြင်ကဲ့သို့သော မြင်ကွင်းကို မြင်လိုက်ချိန်တွင် ကြက်သေသေသွားသည်။
သူတို့နှစ်ဦးသည် လေဆိပ်မှတဆင့် ရေခဲမြစ်သို့ သွားလိုက်ပြန်လိုက် လုပ်သည်မှာ အခုအကြိမ်သည် ပထမဦးဆုံးမဟုတ်သော်လည်း ယခင်က ထိုသိုသွားလာသည့် ခရီးစဥ်များကို လျှို့ဝှက်ထားခဲ့သည်။
ဤတစ်ကြိမ်တွင် စီဆဲလ်သည် ကျောင်းမြန်အား အင်ပါယာနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးရန်အတွက် လူသိရှင်ကြား ကြေညာကာ ခေါ်သွားခြင်းဖြစ်သည်။
ထို့ကြောင့် လူများသည် လေဆိပ်ဝင်ပေါက်များတွင် အပြင်းအထန် ကြိတ်ကြိတ်တိုးနေကြပြီး သူတို့၏ နတ်ဘုရားနှစ်ပါးကို အနီးကပ်မြင်ချင်နေကြသည်။
ဖျော်ဖြေရေးလောကတွင် အနုပညာရှင်များအား သတင်းထောက်များက နောက်မှ လိုက်ဖမ်းသော မြင်ကွင်းနှင့် ယှဉ်ကြည့်၍ရပါသည်။
ဖက်ဒရယ်စစ်သားများနှင့် လေဆိပ်ရှိအစောင့်များသည် ထိုလူများကို နေရာ၌ ငြိမ်သက်အောင်ထိန်းချုပ်နိုင်ခဲ့ပြီး သူတို့နှစ်ဦး လေဆိပ်အနီးတစ်ဝိုက်မှ အေးအေးဆေးဆေး ထွက်ခွာလို့ရနိုင်မည့် လမ်းကြောင်းကို ရှင်းလင်းရန် ကြိုးပမ်းခဲ့ကြသည်။
နောက်ဆုံးတွင်၊ သူတို့သည် ရန်သူမဟုတ်ဘဲ.. အစွန်းရောက်ပရိသတ်များသာ ဖြစ်သောကြောင့် ကြမ်းတမ်းသောနည်းလမ်းကို အသုံးပြု၍မရနိုင်ပေ။
ကျောင်းမြန်က ပြောလေသည်။
"ဒါ...ဒါဆို.. ကျွန်တော်တို့ ဘယ်လိုလုပ်သင့်လဲ"
"ကိုယ်တို့က ဘာလုပ်လို့ရဦးမှာလဲ..၊ဒီက..လူတိုင်းရဲ့အချစ်တွေက ကိုယ့်ကိုအနှောက်အယှက်ပေးပေမယ့် ကိုယ်က ကျည်ဆံကိုကိုက်ပေးလိုက်ရုံနဲ့ ကိုယ့် အတွက်လူတိုင်းရဲ့လေးစားမှုကိုလက်ခံနိုင်ပါတယ်"
စီဆဲလ်သည် အချိန်အတော်ကြာကတည်းက ကျင့်သားရလာခဲ့ပြီး ဖြစ်သဖြင့် ကျောင်းမြန် ၏လက်ကို ကိုင်ကာ အားပေးစကားဆို၏။ "သွားကြရအောင်၊.... ဘာမှမကြောက်နဲ့"
သူတို့နှစ်ယောက် လေယာဉ်ပေါ်မှ ဆင်းလာသည့်အချိန်တွင် အော်သံများက ပို၍ကျယ်လောင်လာသည်။ လမ်းနှစ်ဖက်လုံးတွင် လူများဖြင့် စည်ကားနေပြီး သူတို့နှစ်ယောက်အား လက်ဆွဲနှုတ်ဆက်နိုင် အပြေးအလွှား လာချင်နေကြသည်။ သူတို့ ပြန်လာမည့် လျှောက်လမ်းအား ကော်ဇောနီ ခင်းထားလေသည်။
သနားစရာကောင်းသော ဖက်ဒရယ်စစ်သားများသည် လူသားနံရံများဖြစ်လာပြီး ပြေးလာသော လူများကို စီဆဲလ်နှင့် ကျောင်းမြန် တို့ထံမှ ခွဲထုတ်နိုင်ရန် ကြိုးစားကြရသည်။
ကျောင်းမြန် သည် ထိုသို့သော အပြင်အဆင်အား ဆုံးရှုံးခဲ့ရသော်လည်း လေယာဉ်ပေါ်မှ ဆင်းလာပြီးနောက်တွင် စီဆဲလ်အား ကာကွယ်ပေးနေဆဲဖြစ်သည်။
စီဆဲလ်က ဒဏ်ရာရထားသောကြောင့် ကျောင်းမြန်သည် ဒဏ်ရာအား ထိမိမည်ကို စိုးရိမ်သောကြောင့် သူ၏လက်နှစ်ဖက်အား ကာကွယ်ပေးလိုသောဆန္ဒဖြင့် တစ်ချိန်လုံး စီဆဲလ်အား ဖက်ထားလေသည်။
ကျောင်းမြန်သည် စီဆဲလ်ထက် ဦးခေါင်းတစ်လုံးစာလောက် အရပ်နိမ့်သော်လည်း စီဆဲလ် အား ဖက်ထားနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေဆဲဖြစ်သည်။
စိတ်အားထက်သန်လွန်းနေသည့် လူများနှင့် နောက်သို့တွန်းနေသောစစ်သားများ၏ လက်များကို ရှောင်ရှားရန် ထွက်လာခဲ့သည်။
ပထမတော့ စီဆဲလ်က သူ့ကို တားချင်သော်လည်း ကျောင်းမြန်၏ အမူအရာမှာ အလေးအနက်ဖြစ်နေသည်အား တွေ့လိုက်ရချိန်တွင် သူသည် ဒီလိုမျိုး ကာကွယ်ပေးခံရသည့် ခံစားချက်အား အရမ်းသဘောကျသွားလေသည်။
ဒါက...ပထမဆုံးအကြိမ်ဖြစ်သည်။
စီဆဲလ်၏ ရင်ထဲတွင် အနည်းငယ် နူးညံ့သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ရေတပ်ဗိုလ်ချုပ်ကြီး...မဒမ်.. ဒီတစ်ကြိမ် ရေခဲမြစ်စနစ်ကိုသွားတာ ဘယ်လိုအကျိုးအမြတ်တွေရခဲ့လဲဆိုတာ မေးလို့ရမလား..."
"ဗိုလ်ချုပ်ကြီးတို့ ဒီတစ်ကြိမ် သွားခဲ့တာ ရေခဲမြစ် တော်ဝင်မိသားစုရဲ့ ပူးပေါင်းကြံစည်မှုကို အောင်မြင် အောင် ဖော်ထုတ်နိုင်ခဲ့တယ်လို့ ကြားတယ်...အဲ့ဒါ အမှန်ပဲလား..."
ဟမ်.....
စီဆဲလ် သည် မျက်ခုံးပင့်ကာ သတင်းထောက်ကို ကြည့်လိုက်သည်။
"မင်း..ဘာပြောလိုက်တာလဲ.."
ဆူညံနေသော လူအုပ်ကြီးသည် တိခနဲ တိတ်သွားလေသည်။
သတင်းထောက်သည်လည်း နေရာ၌ပင် အေးခဲသွားကာ လေထုသည် ကြောက်စရာကောင်းစွာ ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။
_________________________________________