Chapter 50
Viewers 4k

🌌 Chapter 50



"မင်း ဒီစျေးနှုန်းလက်ခံနိုင်ရင် စာချုပ်ကို နောက်မှချုပ်လို့ရတယ်..."


ဆက်သွယ်ရေးစက်၏ အဝေးရောက်ဆက်သွယ်မှုမှတစ်ဆင့် မျက်လုံးစိမ်းနှင့် ဆံပင်အနက်ရောင် အမျိုးသားဇာ့ဂ်က တင်းမာသောအသွင်အပြင်ရှိပြီး လူများကို ဖန်သားပြင်မှပင် ဖိနှိပ်မှုကို ခံစားရစေ၏။


"ငါတို့ အဲဒါနဲ့ပတ်သက်ပြီး ဘာပြဿနာမှ မရှိပါဘူး..."


အမျိုးသားဇာ့ဂ်က ခေါင်းညိတ်လိုက်၏။

 "ဒါဆို ဒါပဲ အတည်ပြုလိုက်ပြီ..."


ဆက်သွယ်မှုပြီးဆုံးသွားသည့်အချိန်တွင် အမျိုးသမီးဇာ့ဂ်က နောက်ဆုံး သူ့မျက်နှာမှ ချွေးများကိုသုတ်ရန် လက်ကိုဆန့်ထုတ်၍ စားပွဲပေါ်တွင် လှဲချလိုက်ရင်း သက်ပြင်း တစ်ချက်ချလိုက်၏။


ဤမတိုင်မီက မစ္စတာကျင့်ချီ သိမ်မွေ့နက်နဲသည့်အမူအရာ ပြနေသည်က အံ့ဩစရာမဟုတ်တော့ပေ။ ယခုတစ်ကြိမ် အလုပ်ရှင်က အနည်းငယ် ထူးဆန်းသည့် အမျိုးသားဇာ့ဂ်ဖြစ်ကြောင်း သူ ပြောခဲ့၏။ သူက ထိုသူကို အတွေ့အကြုံမရှိသည့် အမျိုးသားဇာ့ဂ်ဟု ထင်ခဲ့သော်လည်း လုမော့ဖြစ်မည်ဟူ၍ မမျှော်လင့်ခဲ့ပေ။ 


ထိုအမျိုးသားက လုပ်ငန်းနယ်ပယ်တွင် အလွန်နာမည်ကြီးပြီး သူ့မိသားစု၏ ချမ်းသာကြွယ်ဝမှုရာဇဝင် အစကလည်း  ပေါင်းစပ်မှုအရသာ ပြည့်စုံသည်ဟု ဆိုနိုင်၏။


အစပိုင်းတွင် သူက ကျတ်တီးကြယ်ပေါ်ရှိ သာမန်အဆင့်နိမ့်အမျိုးသားတစ်ဦးမျှသာ ဖြစ်သော်လည်း သူ့အမျိုးသားဖခင်၏ ပိုင်ဆိုင်မှုအားလုံးကို အမွေဆက်ခံခဲ့၏။ ဤငွေပမာဏက ကျတ်တီးကြယ်တွင် တစ်သက်တာသုံးစွဲရန် လုံလောက်၏။ သို့သော် သူက ပိုက်ဆံအားလုံးကို ထုတ်ကာ အသုံးမဝင်လုနီးပါးရှိသော ဆိပ်ကမ်းကို ပြုပြင်ခဲ့သည်။


ယင်းကို မလုပ်ဆောင်ပါက ဆိပ်ကမ်းက လုံးဝရပ်တန့်သွားပြီး ထိုကျတ်တီးကြယ်က ပြင်ပကမ္ဘာနှင့် ဆက်သွယ်နိုင်မှု ဆုံးရှုံးသွားကာ တဖြည်းဖြည်း အဆက်အသွယ်ပြတ်သွားမည်။


မည်သို့ပင်ဆိုစေကာမူ ယခုမှစ၍ နောင်နှစ်ပေါင်းရာနှင့်ချီမှသာ ၎င်းကို ဖြစ်ပေါ်လာလိမ့်မည်။ ပိုက်ဆံရှိအမျိုးသားဇာ့ဂ်များက သူတို့ကိုယ်သူတို့ သာယာခြင်း၌ ယစ်မူးနေပြီး သေသည်အထိ အကြီးအကျယ်ပျက်စီးသွားနိုင်သည်ကို အာရုံမထားကြပေ။ 


အစတွင် လူတိုင်းက အမျိုးသားဇာ့ဂ်ကို ရူးသွားပြီးလို့ ထင်ကြ၏။ ကျတ်တီးကြယ်ပေါ်တွင် ဆိပ်ကမ်းတစ်ခုတည်ဆောက်ခြင်းက ရေခဲနှင့် နှင်းများတွင် အနွေးဓာတ်ရစေရန် ငွေစက္ကူများဖြင့် မီးမွှေးနေသကဲ့သို့ပင်။ ရင်းနှီးမြုပ်နှံမှု ကြီးမားသော်လည်း အကျိုးသက်ရောက်မှု နည်းပါး၏။


ဆိပ်ကမ်းစဖွင့်သည့်နေ့တွင် ဖြတ်သန်းသွားသော သင်္ဘောများတွင် အဆင့်န်ိမ့်အမျိုးသမီးများနှင့် အမျိုးသမီးဇာ့ဂ်များဖြင့် စည်ကားနေ၏။


သူတို့က အနိမ့်ဆုံးအဆင့်တွင် နေထိုင်သည့် ဇာ့ဂ်အမျိုးအစားများဖြစ်ပြီး ဂြိုလ်အမျိုးမျိုးကြားတွင် ရွေ့ပြောင်းရန် အစွမ်းကုန်ကြိုးစားခဲ့ကြကာ အချို့သော ကောလဟာလများကို နားထောင်၍ ဂြိုဟ်တစ်ခုပေါ်တွင် အခြေချရန် အခွင့်အလမ်းကို ရှာဖွေနေကြ၏။ ဤနေရာတွင် ဆိပ်ကမ်းအသစ်တစ်ခု ဖွင့်လှစ်ထားကြောင်း ကြားသိရချိန်တွင် သူတို့ကံကောင်းမှုကို အပြေးအလွှား လာစမ်းသပ်ကြ၏။


ကြည့်ရှုသူဇာ့ဂ်များအားလုံး ခဏမျှ ဆွံ့အသွားကြ၏။ ဤအရာက ကောင်းသောကိစ္စမဟုတ်ပေ။


ဂြိုလ်တစ်လုံး - အထူးသဖြင့် ကျတ်တီးကြယ်ပေါ်ရှိ အရင်းအမြစ်များကအကန့်အသတ်ရှိ၏။ ဒေသခံ ဇာ့ဂ်များက အလုပ်များအတွက် ရဲဝံ့စွာ တိုက်ပွဲဝင်နေပြီး ယခုအခါ ရှင်သန်နိုင်ရန်က ပိုခက်လာ၏။


ထို့အပြင် ဤဇာ့ဂ်များက အလွန်ဆိုးရွားသော စရိုက်လက္ခဏာနှင့် လွန်ကဲသော အပြုအမူများဖြင့် လှည့်လည်သွားလာလေ့ရှိကြပြီး ကျတ်တီးကြယ်၏ ပြည်သူ့လုံခြုံရေးအခြေအနေက လျင်မြန်စွာ ဆိုးရွားလာခဲ့သည်။


ဇာ့ဂ် အားလုံးက လုမော့ကိုစွပ်စွဲ ပြောဆိုနေကြသည်။ 

အကယ်လို့ သူ့ပိုက်ဆံကို ဆုံးရှုံးချင်ရင် လောင်းကစားလုပ်ပြီး ဖြုန်းတီးပစ်လို့ရတာပဲ… သူ ဘာကြောင့် ဒီလိုမျိုး ပြင်းထန်တာတွေ လုပ်ခဲ့တာလဲ...


ယခုအချိန်အထိ သူက အလွန်အသုံးအဖြုန်းများသော ယ အမျိုးသားဇာ့ဂ်တစ်ဦးဟု ထင်ရသော်လည်း နောက်ပိုင်းတွင် အံ့အားသင့်စရာ တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့သည်။


ဆိပ်ကမ်းဖွင့်ပြီး တစ်လအကြာ ကြီးမားသောဟိန်းသံတစ်ခုက နံနက်ခင်းတိတ်ဆိတ်မှုကို ဖြိုခွင်းခဲ့ပြီး ထိုနေရာတွင် စက်ရုံကြီးတစ်ခု စတင်တည်ဆောက်ခဲ့သည်။


စက်ရုံများတည်ဆောက်ခြင်းမှ ထုတ်ကုန်ထုတ်လုပ်ခြင်းအထိ၊ နောက်ဆုံးတွင် ထုတ်ကုန်သယ်ယူပို့ဆောင်ရေးအထိ  ထိုစက်ရုံတစ်ခုတည်းက သောင်းနှင့်ချီသော အလုပ်အကိုင်များကို ထောက်ပံ့ပေးခဲ့သည်။ ၎င်းက ဇာ့ဂ်အများအပြားကို အလုပ်ရစေနိုင်ရုံသာမက ပတ်ဝန်းကျင်ဒေသ၏သာယာဝပြောမှုကိုပင် မြှင့်တင်ပေးနိုင်သည်။


ဒါပေမယ့် လုမော့က သူ့အဖေရဲ့ ပိုင်ဆိုင်မှုအားလုံးကို အမွေဆက်ခံခဲ့ရင်တောင် ဆိပ်ကမ်းကို ပြုပြင်ပြီးရင် သူ့မှာ ပိုက်ဆံရှိတော့မှာ မဟုတ်ဘူးဆိုတော့ ဒီစက်ရုံက ဘာဖြစ်သွားမှာလဲ...


"ကောင်းပြီ...ဆိပ်ကမ်းကို ပြင်ဖို့ အခြေအနေတစ်ခုက ဆိပ်ကမ်းရှယ်ယာရဲ့ ၈၀ ရာခိုင်နှုန်းကို ပေးရမှာဆိုတော့..."


ဆံပင်အနက်ရောင်နှင့် မျက်လုံးစိမ်းအမျိုးသားက ပွဲတစ်ခုတွင် သူ၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားခဲ့၏။

"ရိုးရိုးသားသားပြောရရင်တော့ ရန်ပုံငွေတွေ ပြန်ရဖို့အတွက် အနည်းဆုံး ငါးနှစ်လောက် အချိန်ယူရလိမ့်မယ်...ဒါပေမယ့် ကျွန်တော် မျှော်လင့်ထားတာထက် အများကြီး ပိုမြန်မယ်ထင်တယ်..."


သို့သော် ထိုသို့သိပြီးနောက်မှာပင် ဇာ့ဂ် အနည်းငယ်သာ လာလျှောက်ထားခဲ့၏။


ဆိပ်ကမ်းရှယ်ယာများရယူရန်မှာ လွယ်ကူသည်မဟုတ်ဘဲ ဆိပ်ကမ်းကိုပြုပြင်ခြင်းက ကြီးမားသော ဘဏ္ဍာရေးအရင်းအမြစ်များလိုအပ်၏။ လုမော့က သူ့မျိုးရိုးမြင့်၏ နာမည်နှင့် အမျိုးသားဇာ့ဂ်တစ်ဦး၏ အခွင့်အရေးအားလုံးကို ပေါင်နှံထားပြီး အစောပိုင်းအဆင့်တွင် လုံလောက်သော ရန်ပုံငွေများရရှိခဲ့သည်။


ထိုသို့ပြုလုပ်ပြီးလျှင်ပင် ဆောက်လုပ်မှုပြီးစီးပြီးနောက် ရန်ပုံငွေပြန်လည်ရရှိမှုအရှိန်က အခြားစက်မှုလုပ်ငန်းများထက် များစွာနည်းပါး၏။ လုမော့၏ အခြေအနေများက ကဏ္ဍပေါင်းစုံတွင် အလွန်ကောင်းမွန်ပြီ အံ့ဩဖွယ်ရာများကို ရရှိခဲ့၏။


ထိုမှစ၍ ယင်းအမျိုးသားဇာ့ဂ်က သူ့စည်းစိမ်ဥစ္စာကို တိုးပွားအောင် ဆက်လက်စုဆောင်းခဲ့၏။ သုံးနှစ်ဆိုသည်က ဇာ့ဂ်များအတွက် အလွန်တိုတောင်းပြီး အားအနည်းဆုံးအဆင့်န်ိမ့်အမျိုးသမီးတစ်ယောက်က နှစ်ပေါင်း နှစ်ရာမှ သုံးရာအထိ အသက်ရှင်နိုင်၏။ သို့သော် သုံးနှစ်အတွင်းမှာ ထိုအမျိုးသားဇာ့ဂ်က သူ့ကမ္ဘာကို ဖန်တီးနိုင်ခဲ့၏။


ထိုသို့တွေးပြီး အမျိုးသမီးဇာ့ဂ်က သည်းမခံနိုင်တော့ဘဲ ပါးရိုက်ပြီး  တိုးတိုးလေးပြောလိုက်၏။

“သူ့ကို ဖန်သားပြင်ပေါ်ကနေကြည့်တုန်းက အမျိုးသမီးဇာ့ဂ်လို့တောင် ငါထင်ခဲ့တာ…”


သူ့ပုံစံက အမျိုးသမီးဇာ့ဂ်တစ်ယောက်သဖွယ်ဖြစ်ပြီး စိတ်နေစိတ်ထားက အမျိုးသမီးဇာ့ဂ် တစ်ယောက်လိုပင်။ ဗိုလ်မှူးနှင့်အတူ ယှဉ်တွဲရပ်နေစဉ် သူ့ပုံစံက တားမြစ်ထားသော အချစ်တစ်ခုလိုပင်။

( အမျိုးသမီးဇာ့ဂ်တွေက အချင်းချင်းမချစ်ကြိုက်ကြတာများလို့ တားမြစ်ထားတဲ့အချစ်လို့ သုံးနှုန်းလိုက်တာပါ )

"အို...စကားမစပ်..."


ဆက်သွယ်ရေးစက်ကို ပြန်ဖွင့်လိုက်သည်နှင့် လုမော့မျက်နှာက ဖန်သားပြင်ပေါ်တွင် ပေါ်လာ၍ အမျိုးသမီးကို အံ့ဩသွားစေ၏။

 "ဒီမှာ..."


အမျိုးသားဇာ့ဂ်က သူ့ကို သိမ်မွေ့သောအကြည့်ဖြင့် ကြည့်လိုက်၏။

"အားလုံးက တစ်လအတွင်း အကုန်ပြီးသွားနိုင်လား..."


အမျိုးသမီးဇာ့ဂ်က အချိန်ကို ခန့်မှန်းပြီး မဆိုင်းမတွ ဆို၏။

“ဟုတ်ကဲ့...”


"ဒါက စာချုပ်အသေးစိတ်ပါ...စစ်ဆေးပြီးရင် လက်မှတ်ထိုးလို့ရပါတယ်..."


"ကောင်းပြီလေ..."

လုမော့ ဆက်သွယ်ရေးစက်ကို ပိတ်လိုက်ပြီး ကိုက်ခဲနေသော အသိစိတ်ကို ဖုံးအုပ်ကာ စားပွဲပေါ်လှဲ၍ နာကျင်စွာ ရှူရှိုက်လိုက်သည်။


ရိုးသားသည့်လူများကို အနိုင်ကျင့်ခြင်းက အပြစ်ရှိသည်ဟု သူ ခံစားရ၏။


ဇာ့ဂ်များတွင် ပုံမှန်မဟုတ်သော ကိုယ်လက်ကြံ့ခိုင်မှု ရှိသော်လည်း တစ်လအတွင်း ပြီးမြောက်ရမည့် အလုပ်အားလုံးက သူတို့ကို ကန့်သတ်ချက်အထိ တွန်းပို့နေဆဲဖြစ်သည်။


သူ စက်ရုံကို စတင်တည်ဆောက်စဉ်က အစားအသောက်နှင့် တည်းခိုခန်းများကိုသာ ပံ့ပိုးပေးခဲ့၏။ ထိုဇာ့ဂ်များကို လစာမပေးဘဲ တစ်နေ့လျှင် ဆယ်နာရီ အလုပ်လုပ်နိုင်ရန် စီစဉ်ခဲ့၏။


စနစ်ကပင် အံ့အားသင့်သွား၏။

[တစ်လတောင်လား...]


လုမော့က နာကျင်စွာ သက်ပြင်းချလိုက်၏။

"သူက စျေးကိုတောင် ညှိနှိုင်းဖို့ မရည်ရွယ်ထားဘူးလေ..."


စနစ်က ခဏမျှ တိတ်ဆိတ်သွားပြီး နောက်ဆုံး ပြောလာ၏။

[ငါ့ရဲ့ ဆိုးယုတ်တဲ့ အကျင့်စရိုက် ၁၇၂ခုနဲ့ ယှဉ်ကြည့်ရင်တောင် ကိုယ်ရည်ကိုယ်သွေးနှိုင်းယှဉ်ချက်အရ မင်းက တော်တော်လေးကို ဆိုးဆိုးရွားရွားအနောက်မှာရှိတာ...]


လုမော့: " ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်..."


နောက်ဆုံးတွင် အလုပ်အားလုံးကို ဖယ်ရှားပြီးနောက် လုမော့က ခေါင်းမော့၍ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ မှောင်နေပြီဖြစ်သည်။


ဤတစ်ခဏတွင် သူ့ယခင်ဘဝထဲကို ပြန်ရောက်သွားပုံပင်။


သူ ယခင်ဘဝက သာယာဝပြောသောမြို့တစ်မြို့၌ လှည့်လည်နေထိုင်ခဲ့ပြီး ညဘက်အခါ အခန်းထဲတွင်ထိုင်၍ လင်းထိန်နေသော မီးရောင်များပြည့်နေသော လမ်းများပေါ်ကိုကြည့်ကာ ရှင်းချီကျီ၏ ကဗျာတစ်ပုဒ်ကို အမှတ်ရမိစေသည်။


လမ်းမပေါ်မှာ တန်ဖိုးကြီးကားများ၊ ဖီးနစ်ပုလွေသံများ၊ ကျောက်စိမ်းဝိုင်အိုးကြီးများနှင့် တစ်ညလုံး ပျော်ရွှင်မြူးတူးကခုန်နေမယ်...


အခန်းထဲတွင် မီးရှူးမီးခွက်ဟောင်းတစ်ခုကို ထွန်းညှိထားပြီး ပိုးဖလံများက ၎င်းကို ဝန်းရံကာ ကခုန်နေပြီး ရံဖန်ရံခါ ကျဆင်းလာကာ မီးစုန်းမှုန့်များက တောက်ပနေ၏။  ပိုးဖလံတစ်ကောင်က မီးခွက်ကို ထိလိုက်သည်နှင့် ၎င်းက လောင်ကျွမ်းသွားလိမ့်မည်ဖြစ်ပြီး ရှဲရှဲမြည်သံထွက်လာမည်။


လုမော့က ကျလာသော ပိုးဖလံများကို အမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။ အခန်း၏ အသံလုံခြင်းမှာ အလွန်ကောင်းမွန်ခြင်းမရှိပေ။ ညဉ့်နက်သန်းခေါင်တွင် ဘေးအိမ်မှ လူငယ်စုံတွဲ၏ ရယ်မောသံကို သူကြားရပြီး တစ်ဖက်တွင် ကလေးငိုသံနှင့်အတူ လူလတ်ပိုင်း ဇနီးမောင်နှံ၏ ဆူညံသံကို ကြားရသည်။


သူ့ပါးလွှာသောအိမ်မှုမှတ်တမ်းကဲ့သို့ သူ့အခန်းကသာ တိတ်ဆိတ်နေပြီး ဗလာဖြစ်နေသည်။


ရန်ဖြစ်သံများကိုပင် သူ့ မနာလိုဖြစ်မိခဲ့၏။


ဇာ့ဂ်မျိုးနွယ်၏ အင်ပါယာကြယ်က သူ့ယခင်ဘဝက မြို့ထက် များစွာချမ်းသာသည်။ ဇာ့ဂ်များက ဆောက်လုပ်ရေးတွင် မကျွမ်းကျင်သည့်အပြင် သူတို့က စကြဝဠာ၏ လွှမ်းမိုးနိုင်ဆုံးသော မျိုးနွယ်ဖြစ်သည်။


စနစ်က တွတ်ထိုးနေသေးသည်။

[လုမော့...မင်း အရမ်းကြီး စိတ်ဓာတ်မကျနဲ့...ငါ့မှာ အတွေ့အကြုံရှိပါတယ်...ငါ့မှာ နှစ်ထောင်ပေါင်းများစွာ ရုန်းကန်နေရတဲ့ ပိုင်ရှင်တစ်ဦးရှိခဲ့ဖူးတယ်...အဲ့ဒါက သနားစရာပဲ...ကျစ်...ကျစ်... ပျော်ရွှင်ပါစေ...]


စနစ်က လုမော့၏ ခံစားချက်ကို ထောက်လှမ်းနိုင်သော်လည်း သူက လုမော့မှာ အမှိုက်ဆန်မှုတန်ဖိုးကြောင့် စိတ်ဓာတ်ကျနေသည်ဟု ထင်ခဲ့၏။


လုမော့ ထိုအတိုင်းသာ ဆက်ပြီးပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်...ငါ အခု ပိုကောင်းလာပါပြီ..."


[ဟမ်...ဒါဆို မင်းမှာ ငါမရှိရင် ဘာလုပ်နိုင်မလဲ...မင်းက အားနည်းတဲ့ ပိုင်ရှင်ပဲ...]


"ကျေးဇူးတင်ပါတယ်...ကျေးဇူးအများကြီးတင်ပါတယ်..."


သူ့ယခင်ဘဝပဲဖြစ်စေ ယခုဘဝပဲဖြစ်စေ လုမော့က အမြဲတမ်း အထီးကျန်ဆန်သည့် ခံစားချက်မျိုး ရှိနေ၏။


သူ မည်သည့်နေရာ၌ နေထိုင်ပါစေ သူက အပြင်လူသာ။


—


လင်းက လုမော့၏ တံခါးဝတွင်ရပ်နေပြီး သူ့လက်ထဲတွင် ခွက်တစ်ခုကိုကိုင်ထားသည်။


သူ့အခန်းထဲမှ အောက်ထပ်ကိုဆင်းရန် လုမော့၏ အခန်းတံခါးကို ကျော်သွားရမည်ဖြစ်သည်။


သူ အောက်ထပ်သို့ ဆင်းပြီး ရေသောက်ရန် ခြေလှမ်းနည်းနည်း လှမ်းလိုက်၏။ ကျင့်ချီက ဒုက္ခပေးသော မျိုးရိုးမြင့်တစ်ဦးဖြစ်ပြီး မြေကြီးကို သစ်သားပျဉ်ပြားများဖြင့် ခင်းထား၏။ အချိန်အတော်ကြာပြီးနောက် သူတို့က ပြေလျော့သွားကာ လမ်းလျှောက်သည့်အခါတွင် ကျွိကျွိမြည်သံကို မကြားရဘဲမနေပေ။


လုမော့က သူ့ခြေသံကို ကြားနေရသည်။


-ဒါဆိုဘာလဲ...


အဲတော့ရော ဘာဖြစ်လဲ...

လင်းက သူ့ရည်ရွယ်ချက်ကို ကောင်းကောင်းမသိပေ။ သူက ကျိုးကြောင်းမဆီလျော်၊ အသုံးမဝင်ဘဲ အခြေအမြစ်မရှိသော အရာတစ်ခုကို ပြုလုပ်နေပုံရသည်။


ဒါပေမယ့် စိတ်ထဲမှာတော့ ပေါ့ပေါ့ပါးပါး မျှော်လင့်ချက်တွေ ရှိသေးတယ်... ငါ လုမော့ရဲ့ အာရုံစိုက်မှုကို အမြဲလိုချင်နေတာလား...


လင်းက သူ့ခြေလှမ်းကို နှေးလိုက်ပြီး သစ်သားပြားများကို နင်းသံက ရှည်လျားပြီး နားမခံနိုင်အောင် အသံထွက်လာသော်လည်း လုမော့၏ အခန်းတွင် လှုပ်ရှားမှုမရှိပေ။


လုမော့ အခု ဘာလုပ်နေလဲ...


တံခါးကိုဖြတ်၍ လင်းက သစ်သားပျဉ်ပြားမှတစ်ဆင့် လုမော့၏ ငြိမ်းချမ်းသော အသက်ရှုသံကိုလည်း ကြားနေရ၏။ 

သူအခန်းထဲမှာပဲ အနားယူနေတာလား...


လင်းက အောက်ထပ်သို့ ဆင်းလာစဉ် တွေးလိုက်သည်။ သူရေခဲသေတ္တာကိုဖွင့်ပြီး ရေခဲတုံးများကို ထုတ်ယူလိုက်ပြီး ၎င်းတို့ကို ခွက်ထဲသို့ ထည့်လိုက်ရာ ကလုံကလုံမြည်သံများ ပေါ်လာ၏။ သူ နောက်ထပ် ကာဗွန်ရေသန့်ဘူးကို ထုတ်၍ ဖွင့်လိုက်ရာ “ဖောက်”ခနဲ အသံမြည်ပြီး  ခွက်ထဲသို့ လောင်းချသံများ ထွက်ပေါ်လာ၏။


သူက ခွက်ကို အပေါ်ထပ်သို့ ယူဆောင်သွား၍ ခွက်နံရံတွင် ငွေ့ရည်များ ရှိနေသဖြင့် သူ့လက်ဖြင့် လှိမ့်ချလိုက်သည် ။


သစ်သားပျဉ်ပြားများပေါ်လျှောက်လိုက်ရာ ကျွိကျွိမြည်သံများထွက်လာသောကြောင့် လုမော့က ရုတ်တရက် တံခါးကို ဖွင့်လိုက်၏။ လင်း၏ လက်က တုန်ခါသွားကာ ခွက်ထဲမှ ရေများ ဖိတ်စင်လုနီးပါး ဖြစ်သွားသည်။


"ကိုယ့်ရဲ့ ချစ်ရတဲ့ အိမ်သူဘုရင်မလေးရေ..."

အမျိုးသားဇာ့ဂ် သူ့ရင်ဘတ်ရှေ့ လက်နှစ်ဖက်ပိုက်ပြီး တံခါးဘောင်ကို မှီကာ မပျော်ရွှင်သော မျက်နှာဖြင့် ပြောလိုက်၏။

“ညနက်နေပြီးလေ...မင်းက ဆူညံသံတွေလုပ်နေတာဆိုတော့ …တကယ်ပဲ ဘာကို လိုချင်နေတာလဲ...”


သူရုတ်တရက်ရပ်ပြီး လင်းကို အပေါ်အောက် ခြုံကြည့်လိုက်ရာ လင်း၏ နှလုံးခုန်နှုန်းကို မြန်ဆန်လာစေသည်။


"အရမ်းနောက်ကျနေပြီ အခုထိ စစ်တပ်ယူနီဖောင်းဝတ်ထားသေးတာလား..."


လင်း: "..."


သူ အပြစ်ရှိသလို ခံစားရပြီး ပေါက်ကွဲလုနီးပါးဖြစ်လာ၏။ လင်း၏မျက်နှာက ပူတက်လာသည်။


လုမော့... သူက စစ်တပ်ယူနီဖောင်းကို မကြိုက်ဘူးလား...


သူက ရှင်းပြ၏။

"ပြန်ရောက်ကတည်းက အစည်းအဝေး ရှိနေလို့ပါ...အစည်းအဝေးပြီးတော့ ရေတစ်ဖန်ခွက် လောက်သောက်ချင်လာလို့ လဲဝတ်ဖို့ အချိန်မရှိလိုက်ဘူး..." 


လင်းက ရေဖန်ခွက်ကို မြှောက်လိုက်ပြီး သူအမှန်အတိုင်းပြောနေကြောင်း ပြလိုက်၏။

သူ့ကိုကြည့်ရတာဖုံးကွယ်ဖို့ ကြိုးစားနေသလိုပါပဲ...


လုမော့၏ မျက်လုံးများမှ တောက်ပသော အပြုံးကို မြင်ရမည်ကို ကြောက်သောကြောင့် သူ့အကြည့်ကို လွှဲလိုက်သည်။


နောက်အခိုက်အတန့်တွင် လုမော့ သူ့လက်ကိုဆွဲကာ အခန်းထဲသို့ ဆွဲခေါ်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်၏။

“ငါ့ကို စိတ်မသက်မသာဖြစ်စေဖို့က မင်းရည်ရွယ်ချက်ပဲလား...အဲ့ဒါဆိုရင် မင်းကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရသာကို မြည်းစမ်းကြည့်စေချင်တယ်..."


သူက လင်းကို ရေချိုးခန်းထဲ တွန်းလိုက်ပြီး ခေါင်းငုံ့ကာ လင်းလက်မှ ရေတစ်ကျိုက်ကို သောက်လိုက်ပြီး  ရွံရှာစွာ ပြောလိုက်သည်။

"အချိုမပါတဲ့ ကာဗွန်ရေတွေကို ငါမုန်းတယ်..."


လင်းက သူ၏ အိမ်သူဘုရင်မပင်။


အတိတ်ဘဝနှင့် ပစ္စုပ္ပန်ဘဝ နှစ်ခုလုံး၌ လုမော့တွင် ယခုမှ အတွင်းကျကျရင်းနှီးသော လက်တွဲဖော်ကို ပထမဆုံး အကြိမ်အဖြစ် ရှိခဲ့ဖူးခြင်းပင်။


စနစ်ထက် ပိုစိတ်အနှောက်အယှက်ပေးပြီး ပိုဆူညံပွက်လောရိုက်နေတဲ့  ဇာ့ဂ်က အမြဲတမ်း သူ့ဆီက အရာတွေကို တောင်းဆိုနေပြီး သူ့ရှေ့မှာမဟုတ်ရင်တောင် လှုပ်ရှားမှုမျိုးစုံကို အမြဲလုပ်နေတတ်တယ်...


အထီးကျန်နေသည့် သူ့ဘဝက အိမ်သူဘုရင်မကြောင့် အမြဲတမ်း ရှုပ်ထွေးနေပြီး သူ့ကို ကာကွယ်နေရ၏။


"ဝင်သွားလိုက်..."

လုမော့က မျက်လုံးမှေးလိုက်၏။

"ပြီးတော့ ကလေးလေးလို အရှုပ်တွေမလုပ်နေနဲ့..."


သူက အမျိုးသမီးဇာ့ဂ်ကိုထည့်ပြီး ရေချိုးခန်းတံခါးကို မညှာမတာ ပိတ်လိုက်၏။


လင်းက ရေချိုးခန်းထဲရှိ တောက်ပသောအလင်းရောင်အောက်တွင် ရပ်လိုက်ပြီး ခွက်ကို စင်ပေါ်တင်ကာ တစ်ဖက်တွင် ထိုင်လိုက်၏။


သူ့တွင် အဝတ်လဲရန် အချိန်မရှိခဲ့ချေ။


သို့သော် သူ့နှလုံးသားထဲမှာ သူ့ကိုပြောနေသည့် အသံတစ်ခုရှိ၏။

မင်းရဲ့အမျိုးသားဇာ့ဂ်က မင်းကို အစွဲအလမ်းကြီးနေတာပဲ မြင်ချင်နေတာမလား...


ကျစ်...


သိသာထင်ရှားသည်မှာ သူက အသက်တစ်ရာကျော်နေပြီဖြစ်သော်လည်း ပို၍ ပို၍ ကလေးဆန်နေပြီဖြစ်၏။ 

ယင်းက အပေါစားအချစ်ဝတ္ထုတွင်သာ ပေါ်လာတတ်သည့် ဇာတ်ကွက်မျှသာ။


မှန်ထဲမှ သူ့နှုတ်ခမ်းထောင့်များက အထိန်းအကွပ်မရှိ ကွေးတက်သွား၏။



🌌🌌🌌