Chapter 14
Viewers 4k

Ch14-အသိအကျွမ်း


ဖန်ယင်းယင်းသည် ဆုပ်ကိုင်မှုကို အလျင်အမြန် ဖြေချလိုက်ကာ ဖန်ချန်းကို ဘာမှ မပြောဘဲ ထွက်သွားလေသည်။

ဧည့်ခန်းက ကျယ်လှသည်။ မိန်းကလေးတွေက ဆိုဖာပေါ်မှာ ထိုင်နေကြသည်။ ယောက်ျားတွေအတွက်တော့ ကျန်းရွေ့က ရှောင်တခင်ခုံရှာထိုင်လိုက်ပြီး နျဲ့ရှီ နံရံကိုမှီပြီးထိုင်နေကာ ဖန်းချန်က သူ့ဘယ်ဘက်အရှေ့မှာ ထိုင်လိုက်သည်။ ထိုင်စရာနေရာမရှိသော ကောင်းချန်သည်လည်း ဖန်ချန်းအနီးတွင် ရပ်နေ၏။

ပြတင်းပေါက်မှန်ပေါ်ကိုမိုးစက်များ တဖျပ်ဖျပ်ရိုက်ခတ်ကာ သူတို့၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်လာသည်။ အဆောက်အဦရှိ အသိအကျွမ်းလူခုနစ်ဦးသည် ဤနေရာတွင် စုဝေးနေခဲ့ကြသည်။

ကောင်းကင်က မှောင်မိုက်နေတဲ့ တိမ်တိုက်တွေက နေရာခွဲဖို့ ငြင်းဆန်နေသည်။ ရုတ်တရက် လျှပ်စီးတစ်ချက်လက်သွားတော့ ဖန်ယင်းယင်း တုန်သွားသည်။ ရှဲ့ယင်းက သူမ ပခုံးကို ကိုင်ကာ ဂရုစိုက် နှစ်သိမ့်ပေးလိုက်သည်။

"ဒီနေရာက ဘယ်နေရာလဲ" ဖန်ချန်းက ပထမဆုံးမေးခွန်းကို မေးလိုက်သည်။

ကောင်းချန်က သူဘာကိုဆိုလိုတာကို နားမလည်သဖြင့် "အာ?"

"ငါတို့ဒီမှာနေတာက တကယ်ရောဟုတ်ရဲ့လား?" ရှဲ့ယင်းသည်လည်း အကြည့်များပင့်တင်ကာ မေးခွန်း ထုတ်လာခဲ့လိုက်သည်၊။သူမ၏ လက်များသည် ဖန်ယင်းယင်းရဲ့ ပခုံးပေါ်တွင် တင်ထားဆဲဖြစ်ပြီး "... တစ်ခါတလေ ဒီလိုမျိုးမတွေးဘဲမနေနိုင်ဘူး"ဟုဆိုလာသည်။

ဘယ်နေ့မှန်းမသိတဲ့နေ့ကစပြီးတော့ သူတို့ဟာ သာမန်နေ့တစ်နေ့လိုမျိုး နိုးလာကြပြီး မရင်းနှီးပေမယ့်ရင်းနှီးတယ်လို့သိထားရတဲ့ အိမ်နီးနားချင်းတွေနဲ့ ရင်ဆိုင်ခဲ့ကြရသည်။ တစ်ယောက်နဲ့တစ်ယောက်ကို မှတ်မိကြပေမယ့် တွေ့ဆုံခဲ့ပုံ အသေးစိတ်ကိုတော့ မေ့သွားခဲ့ကြသည်။

သူတို့ဒီကို ဘယ်တုန်းက ပြောင်းရွှေ့ခဲ့ကြတာလဲ? မသိပေ... အရင်က တစ်ယောက်နဲ့တစ်ယောက် စကားပြောဖူးကြရဲ့လား? မသိပေ....သူတို့ ဘာမှမပြောဖူးခဲ့ရင် ဒါဆိုဘာလို့တစ်ယောက်နဲ့တစ်ယောက် သိနေကြတာလဲ? အဆောက်အအုံက အထပ် ဆယ့်နှစ်ထပ်ရှိပေမယ့်လည်း ခြောက်ထပ်ကနေအပေါ်ထပ်မှာ နေထိုင်တဲ့ လူများကိုတစ်ယောက်ကိုမှ မတွေ့ခဲ့ရပေ။ ဒီအုပ်စုငယ်လေးကသာ တစ်ဦးတည်းနဲ့တစ်ဦး ထိတွေ့ဆက်ဆံမှုများပြီး သိကျွမ်းကြတာဖြစ်သည်။

“ဒီနေရာက ဘာနေရာလဲ…” ဝမ်ဟွေ့ဝမ်က ဖန်ချန်း၏မေးခွန်းကို ထပ်ခါတလဲလဲ ပြန်ရွတ်နေခဲ့သည်။

အအေးဓာတ်က လူတိုင်း၏ ကျောရိုးကို ဖြတ်ဆင်းသွားသည်။ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းမှုတစ်ချို့ရှိပေမယ့် သိကျွမ်းမှုက အပေါ်ယံဆန်လွန်းနေပြီး အသေးစိတ်မရှိတာကြောင့် ဒီနေရာက အရာအားလုံးကို သံသယဝင်လာပြီး အရာအားလုံး ပြိုပျက်သွားသလို ခံစားလိုက်ရသည်။

ဖန်ချန်းသည် နောက်က တစ်ယောက်ယောက်ပိကျလာတယကြောင့် လှည့်ကြည့်လိုက်တော့ နျဲ့ရှီမှာ အိပ်ပျော်လုနီးပါး ဖြစ်နေတာကို တွေ့လိုက်ရသည်။ တစ်ဖက်လူ၏ခေါင်းသည် ဖန်ချန်း၏နောက်ကျောနှင့်ထိကပ်နေပြီး သူ၏ဆံပင်များက သူ့လည်ပင်းကို ညင်သာစွာလာထိကပ်နေလေသည်။

ကောင်းချန်က သူ့ခေါင်းကိုပင့်လိုက်ပြီး ဖန်ချန်းအား နျဲ့ရှီ၏ခါးက သေနတ်ကို မျက်လုံးနဲ့ညွှန်ပြလိုက်ပြီး "အဲ့ဒါက ဘာတွေလဲ?" ဟုမေးလာသည်။အမှန်တော့ သူက နျဲ့ရှီ တိုက်ခန်းထဲ ဝင်လာတဲ့အချိန်ထဲစမေးချင်နေတာဖြစ်သည်။နျဲ့ရှီ၏အကြည့်များကြောင့်သာ မမေးဝံ့ဘဲ အချိန်အတော်ကြာအောင် ထိန်းချုပ်နေခဲ့ရတာဖြစ်ပြီး တခြားသူတွေလည်း ဒီလိုပင်။

နျဲ့ရှီက သူ့အပေါ်ကို မှီထားတာကြောင့် ဖန်ချန်းသည် မလှုပ်ဝံ့ဘဲ မျက်လုံးများဖြင့်ပြန်ကြည့်နိုင်သည်။

ကောင်းချန်သည် ချက်ချင်းပင် ကိုယ်ချင်းစာသောအကြည့်ဖြင့် ဖန်ချန်းအားကြည့်လိုက်သည်။သူ့အတွေးထဲတွင် နျဲ့ရှီက ဖန်ချန်းကို သူ၏နောက်လိုက်လေးအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဖိအားပေးခဲ့သည်ဟု တွေးလိုက်မိသည်။

ဤအတွေးမှာ ဝမ်းနည်းခြင်းများထဲမှ ပျော်ရွှင်မှု အနည်းငယ်ရှာဖွေသည့်အတွေးသာဖြစ်သည်။ ဤနေရာတွင် အလွန်ထူးဆန်းသောအရာများ ဖြစ်ပျက်နေသည်ကို လူတိုင်းသိကြသည်။ အပြင်မှာလည်း ဘယ်သူမှမရှိတော့ပေ။ ဒုတိယထပ်က အလောင်းကလည်းပျောက်သွားခဲ့သည်။ ကောင်းကင်က ပိုမှောင်လာတာနဲ့အမျှ အချိန်တွေက ဖရိုဖရဲဖြစ်လာပြီး အပူချိန်က တဖြည်းဖြည်း ကျဆင်းလာခဲ့သည်... သူတို့ထင်တဲ့အတိုင်းပဖြ အရာအားလုံးက မှားနေတာဖြစ်သည်။

စကတ်တိုများ ၀တ်ထားသော အမျိုးသမီး သုံးဦးသည် အအေးဒဏ်ကြောင့် တုန်တုန်ယင်ယင် ဖြစ်နေကြပြီး ကောင်းချန်ကသာလျှင် လူသားမီးဖိုကြီးလိုများ ချွေးများ ဆက်ထွက်နေတာဖြစ်သည်။

ကျန်းရွေ့က TV ခလုတ်ကို ရုတ်တရက်ဖိမိလိုက်ပြီး မတော်တဆဖွင့်လိုက်မိသည်။နျဲ့ရှီက သူ့လက်ကို ဖန်ချန်း၏ပခုံးပေါ်တင်ထားပြီး သူ့ခေါင်းကို မှီထားရင်းနဲ့မှ မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်လာခဲ့သည်။

တီဗီတွင် နန်းတော်၏ လျှို့ဝှက်ဆန်းကြယ်သောဆိုတဲ့ ဒရာမာကို ပြသနေပြီး အမျိုးသမီးတစ်ဦးသည် "မင်းက ကြောက်စရာကောင်းတဲ့သေခြင်းတရားနဲ့ပဲထိုက်တန်တယ်!" ကျယ်လောင်တဲ့ကြိမ်းမောင်းသံကြီးကပေါ်လာခဲ့သည်။ ဖန်ချန်းသည် နျဲ့ရှီရဲ့ပါးနဲ့သူ့နားနဲ့တိုက်မိသွားသည်နှင့်အမျှ လည်ပင်းကိုကြုံ့မိသွားသည်။

"အရုဏ်တက်ချိန်ကို စောင့်ရအောင်.... ပြီးရင် ငါတို့ ထွက်သွားကြမယ်" ကျန်းရွေ့က တီဗီခလုတ်ကို နှစ်ကြိမ်ဖိလိုက်သည်။ နိုင်ငံတွင်းရှိ ဒေသအသီးသီးမှ သတင်းများ အင်တာဗျူးများ ထွက်ပေါ်လာခဲ့သည်။ သူ့ရင်ထဲမှာ စိုးရိမ်ပူပန်မှုတစ်ခု တိုးလာသည်။ " နေထွက်လာတာနဲ့ ထွက်သွားကြမယ်"

"ဘယ်ကိုသွားကြမှာလဲ?" ဖန်ယင်းယင်းက နှာသံနဲ့ မေးလာသည်။

ကျန်ရွေ့က နျဲ့ရှီကို အလျင်အမြန် တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့အကြည့်ကို ချက်ချင်းပြန်ရုတ်လိုက်သည်။ "ကောင်းပြီ...ဘယ်သွားရမလဲတော့မသိပေမယ့် မင်းမြင်တဲ့အတိုင်း... ငါတို့ဒီမှာဆက်မနေနိုင်ကြတော့ဘူး " ဟု ချန်နယ်များစွာကို ပြောင်းရင်း သူကပြောလိုက်သည်။

"ဒီမှာ!အားလုံးအဆင်ပြေကြလား? ဘာပဲဖြစ်ဖြစ် ဒီကျိန်စာမိနေတဲ့အရပ်မှာ မနေကြရအောင်!"

သူ့စကားကို တုံ့ပြန်လိုက်သလိုပဲ တံခါးဝကနေ ခေါက်သံတွေ ထွက်ပေါ်လာခဲ့သည်။ အနည်းငယ်ခေါက်သံထွက်လာပြီးနောက် လူတိုင်း၏စိတ်နှလုံးများ တုန်ခါစေပြီး ဦးရေပြားများ တုန်တက်သွားစေတဲ့ ကုတ်ခြစ်ရာအဖြစ်သို့ ပြောင်းလဲသွားသည်။

ဖန်ယင်းယင်းက သူမ၏ နားရွက်များကို တင်းတင်းကြပ်ကြပ်အုပ်လိုက်ကာ အော်ဟစ်လာတော့သည်။ ရှဲ့ယင်းက ကော်ဖီစားပွဲပေါ်မှ မီးဖိုချောင်သုံးဓားကို ကောက်ကိုင်လိုက်ပြီး ဝမ်ဟွေ့ဝမ် နှင့် ကျန်းရွေ့တို့က နှစ်ယောက်သား ပွေ့ဖက်ကြတော့သည်။

"သာ့ကော ငါတို့ ဘာလုပ်ကြမလဲ" ကျန်းရွေ့က တုန်တုန်ယင်ယင်နဲ့ နျဲ့ရှီကို မေးလာခဲ့သည်။

ဖန်ချန်းရဲ့ပခုံးပေါ်က အလေးချိန်သည် သက်သာရာရသွားသည်။ နျဲ့ရှီက မောပန်းနေသယောင်ဖြင့် မတ်တပ်ထရပ်လိုက်သည်။ "ဒီမှာ လူအရမ်းများတာပဲ"

လူတိုင်းက အခန်းတစ်ခန်းထဲတွင် စုဝေးနေကြတာကြောင့် ငြူစူစိတ်သည် သဘာဝအတိုင်း လိုက်လာခဲ့သည်။

တံခါးအပြင်ဘက်တွင်၊ "အားးးးး" ဆိုပြီးပဲ့တင်ထပ်သံများကထွက်လာခဲ့ပြီး အချိန်မရွေး ရိုက်ချိုးခံရနိုင်သကဲ့သို့ တံခါးကို ထုသံတို့က လိုက်ပါလာသည်။

ဖန်ချန်းသည် သူအပါအဝင် နျဲ့ရှီအပေါ်ကို လူတိုင်းက စူးစူးစိုက်စိုက်ကြည့်နေတာကို ခံစားလိုက်ရသည်။

"ဘာလုပ်ကြမလဲ?" ကောင်းချန်က ကြောက်ရွံ့စွာ တံတွေးမျိုချလိုက်သည်။

နျဲ့ရှီရဲ့ဘေးတွင် ရပ်နေရင်း ဖန်းချန်းသည် အကြည့်များက သူ့နဲ့နျဲ့ရှီအား ထိုးဖောက်ဝင်ရောက်နိုင်သလိုမျိုးတိုက်ရိုက်ခံစားလိုက်ရသည်။

သူကဘာလုပ်နိုင်မှာလဲ? နတ်ဆိုးများကို သတ်ရန် ရဲရင့်သူမှာ နျဲ့ရှီသာဖြစ်သည်။

နျဲ့ရှီက လူတိုင်းကိုကြည့်လိုက်ပြီး "သွားချင်ကြလား?" ဟုမေးလိုက်သော်လည်း ဘယ်သူမျှ မပြောဝံ့ကြပေ။

ဖန်ချန်းက အမည်မသိ တွန်းအားကို ခံစားလိုက်ရပြီး နျဲ့ရှီ၏လက်ကို ဆုပ်ကိုင်လိုက်မိသည်။ "ငါလည်း မင်းနဲ့အတူလိုက်ခဲ့မယ်"

"အမ်.." နျဲ့ရှီက တွေးတောနေပုံရပြီး ခေါင်းကို မော့လာခဲ့ပြီး "မလိုဘူး...အပြင်မှာ ဘယ်လောက်ရှိလဲမသိဘူး..မင်းကိုပါ..ငါလိုက်မကြည့်နိုင်လောက်ဘူး"

ဖန်ချန်း : "......." သူ့ကို တာဝန်ယူစရာတစ်ခုလိုမျိုး မြင်နေတာ မလား!!

"ဒါဆို ငါလည်း လိုက်မယ်" ရှဲ့ယင်းက ရုတ်တရက် ထရပ်လာသည်... "ကျွန်မ ရဲဝန်ထမ်းလုပ်လာတာ တစ်နှစ်ခွဲရှိပြီ"

ဒါကြောင့်ပဲ သူမက တည်ငြိမ်တဲ့ အပြုအမူရှိနေတာဖြစ်လောက်သည်။ ထောင့်တစ်နေရာက တစ်ယောက်ယောက်ထဲ တိတ်တိတ်လေးထိုင်နေတဲ့ ဝမ်ဟွေ့ဝမ်က သက်ပြင်းချလိုက်ကာ သူမလက်ကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။ "အဲ့အရာတွေက ဘယ်လိုပုံစံမျိုးလဲဆိုတာ မြင်ဖူးလို့လား... မိုက်ရူးရဲမဆန်ပါနဲ့ ပြန်ထိုင်လိုက်ပါ"

"ဒါပေမယ့်....သူတစ်ယောက်တည်း သွားနိုင်ပါ့မလား"

နျဲ့ရှီက သူ့သေနတ်ကို တိုက်ရိုက်ဆွဲထုတ်လိုက်ပြီး တံခါးဆီသို့ လျှောက်သွားလိုက်သည့်အချိန်တွင် လေထုက ငြိမ်သက်သွားခဲ့သည်။

ဖန်ချန်းက မသေချာသေးသော်လည်း သူ့ခြေထောက်များကအလိုလို နျဲ့ရှီနောက်သို့ လိုက်သွားခဲ့မိသည်။ သို့သော် နျဲ့ရှီက သူ့နဖူးကို ပြန်တွန်းလိုက်ပြီး "ဒီမှာနေ.. ငါချက်ချင်းပြန်လာခဲ့မယ်" သူ့စကားပြောပြီးတာနဲ့ လှည့်ပြီး ဝင်ပေါက်ဆီသို့ ချက်ချင်းလျှောက်သွားခဲ့လိုက်သည်။

ဖန်ချန်းသည် နျဲ့ရှီက တစ်ယောက်ထဲမထိန်းနိုင်မှာကိုစိုးရိမ်သွားသည်။ သူစဉ်းစားနေတုန်းမှာပဲ တစ်စုံတစ်ယောက်က သူ့ကို "ဖန်ချန်း" လို့ခေါ်လာသည်။ ဖန်ယင်းယင်းသည် ပြူးကျယ်သော မျက်လုံးများဖြင့် ဆိုဖာပေါ်မှ ထလာပြီး "ရှင်နဲ့ နျဲ့ရှီနဲ့က ဘယ်တုန်းက အရမ်းရင်းနှီးသွားတာလဲ" ဟု မေးလာသည်။

တံခါးဖွင့်လိုက်သည်နှင့်အမျှ ခြေသည်းတစ်စုံက အတင်းဝင်လာခဲ့သည်။ နျဲ့ရှီက သူ့ခြေထောက်ကို မြှောက်ပြီး တံခါးဘောင်ကိုအတင်းတွယ်ကပ်နေတဲ့ မကောင်းဆိုးဝါးကို တက်နင်းလိုက်သည်။ သူက ဧရိယာတစ်ခုလုံးကို လျင်လျင်မြန်မြန် စကင်န်ဖတလိုက်ပြီး သေနတ်ကိုချိန်ရွယ်ကာ ညာဖက်အရှေ့သို့ ပထမဆုံး ပစ်ခတ်ခဲ့သည်။

နှစ်ကောင်ပဲရှိသည်။

ငွေကျည်ဆံက အနက်ရောင် ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။သေနတ်ပစ်ခံရပြီးနောက် နတ်ဆိုးက လျင်မြန်စွာ တုန်ခါသွားပြီး နောက်ဆုံးတွင် ရွံရှာဖွယ်ကောင်းသော အရေခွံအဖြစ်သို့ ပြောင်းလဲသွားကာ လေထဲသို့ ပြာများအဖြစ် ပျံ့လွင့်သွားလေသည်။

ဖန်ချန်းသည် သေနတ်သံကြောင့် တုန်တက်သွားပြီး တံခါးအပြင်ဘက်သို့ လှည့်ကြည့်ချင်ခဲ့သည်။ ဖန်ယင်းယင်းက ထိတ်လန့်သွားသော်လည်း သူမက "ရှင်တို့နှစ်ယောက် အရင်က သိပြီးသားလား" သူမက အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး လက်တွေ တုန်နေကာ "မဖြစ်နိုင်ဘူး မလား?"

ဖန်ယင်းယင်းသည် သူတို့နှစ်ယောက်ကို စောင့်ကြည့်နေတာကြာပြီဖြစ်သည်။ သူမက ဖန်ချန်းကိုပဲ အမြဲ ကြည့်နေခဲ့သည်။ဒါကြောင့်လည်း သူ့ဘေးနားကလူကို သဘာဝအတိုင်း လျစ်လျူရှုလို့မရခဲ့ပေ။ သူတို့၏ ဆက်ဆံရေးက ထူးဆန်းသည်... ရင်းနှီးလွန်းနေသည်။ သူတို့အပြုအမူတွေက အပေါ်ယံစကားသာသာပြောနေရုံ မဟုတ်ပေ။

နျဲ့ရှီမှ ဖန်ချန်းကိုပြုမူတဲ့ အပြုအမူများသာမက ဖန်ချန်းမှ နျဲ့ရှီကိုပြန်ဆက်ဆံသည့်အမူအရာများကလည်းအရမ်းရင်းနှီးလွန်းနေသည်။

ဒါပေမယ့် သူတို့အရင်က တစ်ယောက်နဲ့တစ်ယောက် သိဖူးကြလို့လား?

ဒုတိယမြောက် သေနတ်သံ ထွက်ပေါ်လာပြီး နျဲ့ရှီက သူ့ခြေဖဝါးအောက် ပျော့ပျောင်းတဲ့ အသားတွေ ပျောက်ကွယ်သွားတာကို အေးစက်စွာ ကြည့်နေခဲ့သည်။

ဖန်ချန်းသည် အချိန်အတော်ကြာအောင် စိတ်တည်ငြိမ်မှုကို ပြန်မရရှိနိုင်ခဲ့ပေ။

ဤနေရာရှိ လူတိုင်းအတွက် မှတ်ဉာဏ်များက ရောယှက်နေခဲ့သည်။ တစ်ယောက်နဲ့တစ်ယောက် သိကြတယ်လို့ပဲ ယုံကြည်ကြပေမယ့် အဖြစ်မှန်က ကွာခြားလွန်းသည်။ သူတို့အားလုံးမှာ လူမှုအသိုင်းအဝိုင်းနဲ့ အသိအကျွမ်းတွေ ရှိကြသည်။ ဒါပေမယ့် ဖန်ချန်းမှာကော ဘယ်လိုလဲ?

ဖန်ယင်းယင်း စကားများက သူ့လည်ချောင်းကို တိတ်တဆိတ် ညှစ်လာသလိုမျိုးခံစားလာရသည်။

သူ့ကို သိတာလား?

သူ့ကို... အထူးအဆန်းတစ်ခုလို....

ဖန်ချန်းသည် လေများရှုမရတော့သလို ခံစားလိုက်ရပြီး သူ့လက်ဖြင့် လည်ပင်းကို အတင်းဖိထားခဲ့သည်။

သူ..နျဲ့ရှီကို မသိဘူး... တကယ်တော့ သူဘယ်သူ့ကိုမှ မသိခဲ့ဘူး... တခြားသူတွေက ဆက်သွယ်စရာ မိသားစုသူငယ်ချင်း အသိအကျွမ်းရှိကြ‌ပေမယ့်လို့ သူ့မှာတော့ဘာမှမရှိပေ...

သူတို့က ဒီအဆောက်အဦးတစ်ခုထဲမှာ အတူတူရှိနေဖို့ စီစဉ်ပေးခံခဲ့ရပြီး အခုဆို လူသုံးယောက်သေပြီးနေကာနောက်ဆို သေဆုံးမှုတွေ ပိုများလာနိုင်သည်။

နျဲ့ရှီက ထူးဆန်းသည်။ သူက ထိုနတ်ဆိုးများကို မျက်နှာတစ်ချက်မပျက်ဘဲ သတ်ပစ်နိုင်ခဲ့သည်။ လူတိုင်းက သူ့ကိုကြောက်ကြပေမယ့် သူ့ကိုအားကိုးဖို့ကလွဲလို့ ရွေးချယ်စရာမရှိပေ။

တံခါးပိတ်သံ ထွက်ပေါ်လာပြီးနောက် ခြေသံများ ပဲ့တင်ထပ်လာကာ နျဲ့ရှီပြန်ရောက်လာခဲ့သည်။

ဖန်ချန်းအမူအရာသည် မည်းမှောင်သွားပြီး သူ့မျက်လုံးများထဲတွင် မှိန်ဖျော့ဖျော့အလင်းရောင်ပဲရှိတော့သည်။ သူဘာလို့ အရာအားလုံးကို မေ့သွားရတာလဲ?

"ဘာမှားလို့လဲ?" နျဲ့ရှီက ဖန်ချန်း၏မျက်နှာကို ကြည့်လိုက်ပြီး တိုက်ခန်းထဲကလူတိုင်းကို ဝေ့ကြည့်လိုက်သည်။

သူ သဘောမကျနေပေ...

ဖန်ယင်းယင်းသည် ခလုတ်တိုက်မိသွားပြီး ဆိုဖာပေါ်ကို ထိုင်ကျသွားကာ မျက်ရည်များ စီးကျလာသည်။သူမက မျက်နှာကို အုပ်ထားလိုက်သည်။ နျဲ့ရှီ၏ နွေးထွေးမှုမရှိဘဲ သေနေတဲ့လူကို ကြည့်နေသလိုမျိုး အကြည့်ကို သူမ မခံနိုင်ပေ...

"အပြင်မှာ ဖြေရှင်းပြီးသွားပြီလား? အဲဒါက ဘာလဲဆိုတာ အတိအကျသိလား..." ရှဲ့ယင်းက မီးဖိုချောင်သုံးဓားကို ကော်ဖီစားပွဲပေါ်ပြန်တင်လိုက်ပြီး မေးလိုက်သည်။ သူမကိုယ်တိုင်လည်း ထိတ်လန့်နေပေမယ့်လို့ ဖန်ယင်းယင်းရဲ့ မျက်နှာအုပ်ထားတဲ့လက်ကို ဖွဖွဆွဲဖယ်ပေးလိုက်ပြီး "ပြီးသွားပြီ... မကြောက်နဲ့တော့နော်" ဆိုပြီး နှစ်သိမ့်ပေးနေသည်။ ဖန်ယင်းယင်းသည် တံခါးအပြင်ဘက်ရှိ ထူးဆန်းသော သတ္တဝါများကြောင့် ထိတ်လန့်နေသည်ဟု သူမထင်ခဲ့သည်။

တစ်စုံတစ်ယောက်က မီးကိုဖွင့်လိုက်ပြီး အတွင်းခန်းသည် ရုတ်တရက် တောက်ပလာခဲ့သည်။

ဖန်ချန်းက နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ မှောင်ရိပ်ထဲသို့ ဆုတ်သွားချင်သော်လည်း သူ့ခါးနောက်မှ လက်တစ်ဖက်က သူ့ကို တားလာသည်။

"ဘာမှားလို့လဲ?" နျဲ့ရှီကထပ်မေးလာပြီး သူ၏ အသက်ရှူသံက ဖန်ချန်းနားကို ဖြတ်သွားခဲ့သည်။

ဖန်ချန်း၏ ဖရိုဖရဲ ခံစားချက်များ ပြန်လည်ပြေလျော့သွားခဲ့ပြီး သူ့နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုက ပေါ်လာသည်- သူတို့က တစ်ယောက်နှင့်တစ်ယောက် တကယ်ရင်းနှီးနေတာလား?

"အဲဒါတွေ...သေသွားပြီလား" နျဲ့ရှီက အမြန်ပြန်ရောက်လာတာကြောင့် ကောင်းချန်က ထိတ်လန့်တကြားနှင့်မေးကာ နျဲ့ရှီ၏ခါးက သေနတ်ကို စိုက်ကြည့်နေသည်..."ဒါက အရမ်းမိုက်တာပဲ ဟုတ်တယ်မလား"

သူ့ကို ဘယ်သူမှ တုံ့ပြန်မလာခဲ့ပေ...

အဆောက်အအုံအတွင်း ငြိမ်သက်နေပြီး လူတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင်အတွေးအမြင်များကို ဖုံးကွယ်ထားကြသည်။

ဖန်ယင်းယင်း၏ ငိုသံသည် တဖြည်းဖြည်း လျော့ပါးလာသည်။

"အခုအရေးကြီးဆုံးက ငါတို့ဘာလို့ဒီကိုရောက်နေလဲဆိုတာကို အဖြေရှာဖို့ပဲ" ရှဲ့ယင်းက အခန်းထဲကလူတွေကို စစ်တမ်းကောက်ကြည့်လာသည်။ "ငါတို့က ဒီအဆောက်အဦးမှာ နေဖို့ စီစဉ်ပေးခံခဲ့ရတာ.. ငါတို့ကြားထဲမှာ တစ်ခုခုဖြစ်ခဲ့ကြတာလား?"

"မသိဘူး နိုးလာတော့ ဒီကိုရောက်နေခဲ့တာ..." ဖန်ယင်းယင်းက သူမကိုသူမ ပွေ့ဖက်လိုက်ပြီး ဖန်ချန်းကိုတစ်ချက်ကြည့်ကာ အမြန်ပြန်ဆုတ်လိုက်ပြီး "မသိတော့ဘူး..."

ဖန်ချန်းက နျဲ့ရှီကို သတိရှိရှိ ကြည့်နေသည်။ ခိုးကြည့်ဖို့ကြိုးစားတာက ဆိုးဆိုးရွားရွား မအောင်မြင်သလို သူ့ကို နျဲ့ရှီက ဖမ်းမိခဲ့သည်။ တတိယအကြိမ် နျဲ့ရှီက ထပ်မေးလာသည်။

"ဘာမှားလို့လဲ?"

"ဘာမှမဖြစ်ပါဘူး" ဖန်ချန်းက မျက်လုံးချင်းဆုံနေရာမှ ရှောင်လိုက်သည်။

"ဘာရှိသေးလဲ?" ဝမ်ဟွေ့ဝမ်က မေးလာသည်။

"ငါလည်း မသိဘူး..." ပြီးနောက် ရှဲ့ယင်းက ခေါင်းညိမ့်လိုက်ပြီး " ဒါပေမယ့် တစ်ခုခုတော့ထပ်ရှိမှာပါ..."

"စောစောက သေသွားတဲ့ လူသုံးယောက်ကကော သူတို့အချင်းချင်းတူညီတာတစ်ခုခုများမျှဝေခဲ့ကြသေးလားမသိဘူး..."

"ဘာပဲဖြစ်ဖြစ် ဒီကနေအရင်လွတ်အောင်လုပ်ကြရအောင်!" ကျန်းရွေ့က သူတို့ရဲ့ တွေးတောနေမှုများကို ရပ်တန့်လိုက်သည်။ "ငါတို့ ဒီနေရာမှာပဲ ဆက်မနေနိုင်ဘူး။ ငါ့မှာ ကားတစ်စီးရှိတယ်... လူငါးယောက်လောက်တော့ စီးလို့ရတယ်..."

"ဘယ်ကို သွားကြမှာလဲ"

"မသိဘူး...ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဒီမှာနေလို့မရဘူးလေ ဟုတ်တယ်မလား?" ကျန်းရွေ့ သူ့ခေါင်းကို နောက်ပြန်ဆုတ်လိုက်ပြီး ချွေးတွေ တဖျပ်ဖျပ် စီးကျလာသည်။ "အရင်ဆုံး ဒီကနေ ထွက်ပြေးကြအောင်...အပြင်မှာ...အပြင်မှာမရှိတော့ဘူးမလား အခုသွားကြလို့မရဘူးလား?" သူက နျဲ့ရှီကို ကြည့်လိုက်သည်။ သူ့ခွင့်ပြုချက်ပေးတာနဲ့ သူတို့ ချက်ချင်း ထွက်သွားလို့ရနိုင်သည်။

နျဲ့ရှီကို သူတို့ကြောက်နေကြတာလား? ဖန်ချန်းက နျဲ့ရှီရှေ့မှာ တစ်ဝက်လောက်ကာရပ်လိုက်ကာ ရှေ့ကို ခြေထပ်မလှမ်းတော့ပေ။

"နေထွက်ချိန်အထိ စောင့်ပြီးမှ အပြင်ထွက်ကြည့်ကြရအောင်" ရှဲ့ယင်းက အကြံပြုလာသည်။ "ကျွန်မမှာလည်း ကားတစ်စီးရှိတယ်...ကားနှစ်စီးက လူခုနစ်ယောက်အတွက် လုံလောက်တယ်"

ဤအဆောက်အဦးတွင် ဆက်နေရန်မှာ မဖြစ်နိုင်တော့ချေ။ဒါကြောင့် သူတို့ လွတ်မြောက်ရန်သာ ကြိုးစားရတော့မည်.......