Chapter 268
Viewers 23k

Volume 12 : ရူပဗေဒဌာန


Chapter 268 (ကြယ်ရောင်ကောင်းကင်ချောက်နက် ၂၀)

တာဝန်စုဆောင်းမှုနှုန်းက 95% ဖြစ်သည်။ အသေးစိတ်တွက်ချက်မှုများပြီးနောက် ကျန်းဖျင်စစ်နှင့် ခယ်ရှောင်ပင်းတို့သည် ဤကမ္ဘာမြေပေါ်ရှိ တောင်တန်းငါးခု၏ လမ်းဆုံကို တွေ့ရှိခဲ့သည်။ ဒါက လူတိုင်း၏ နောက်ဆုံးမျှော်လင့်ချက်ပါပဲ။

ယွဲ့ရှင်းဝမ်က သူ့အဖွဲ့ဝင်များကို ကြည့်လိုက်သည်။ "မနက်ဖြန်ကစပြီး တစ်ခုပြီးတစ်ခု စစ်ဆေးကြည့်ရအောင်!"

7 ရက်ကျန်ပါသေးသည်။ ဤထင်မြင်ယူဆချက်မှန်ကန်ပါက လမ်းဆုံငါးခုသည် နောက်ဆုံးသတ္တုရိုင်းငါးခုကို တွေ့ရှိမည်ဖြစ်ပြီး တာဝန်ပြီးမြောက်မည်ဖြစ်ကာ သင်တန်းအောင်မြင်မည်ဖြစ်သည်။ သို့သော် ကျန်းဖျင်စစ်နှင့် ချင်လုတို့ ခန့်မှန်းခြင်းမှားတာ၊ ဒါမှမဟုတ် ခယ်ရှောင်ပင်းနှင့် ကျန်းရှောင်နျန်တို့၏ စစ်တမ်းကောက်ပြီး မြေပုံဆွဲသည့်အချက်အလက် မှားသွားပါက သူတို့ စာမေးပွဲကျမှာ သေချာပါသည်။

သင်တန်းကျရှုံးသူများသည် ပထမထပ်ရှိ ဆေးပညာဌာနမှ စတင်ရန် လိုအပ်သော သင်တန်းများကို အစမှ အဆုံးထိ ဖြေဆိုရပါမည်။ ယင်းသည် အချိန်နှင့် ခွန်အားကို ဖြုန်းတီးရုံသာမက သင်တန်းကျရှုံးခြင်းဖြစ်စဉ်တွင် အမှားအယွင်းများရှိပါက စာကြည့်တိုက်မှ လုံးလုံးလျားလျား ဖျက်ဆီးပစ်မည်ဖြစ်သည်။

သူတို့အသက်ကို လောင်းကြေးထပ်ဖို့ မဆိုထားနှင့် ဘယ်သူမှ ပြန်လည်မဖြေဆိုချင်ကြဘူး။

သို့သော်လည်း နောက်ဆုံးသတ္တုရိုင်းငါးခုသည် ဤလမ်းဆုံငါးခုတွင်ရှိမရှိကို လူတိုင်းသည် အပြည့်အဝမသေချာသေးဘဲ ကျန်းဖျင်စစ်နှင့် ချင်လု၏ ခန့်မှန်းချက်ကို ယုံကြည်ရန် ကိုယ့်ကိုကိုယ်သာ အယုံသွင်းနိုင်မည်ဖြစ်သည်။

အဲဒီညမှာ လူတိုင်း ကောင်းကောင်း အိပ်မပျော်ကြဘဲ နောက်နေ့မနက် ရှောင်ထူ နိုးလာသောအခါ အားလုံးက ငြိမ်သက်နေဟန် ဆောင်ကြပေမဲ့ တကယ်တမ်းမှာတော့ သူတို့ အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။

ခယ်ရှောင်ပင်းသည် စည်သွပ်ဘူးအနည်းငယ်ကိုဖွင့်ကာ လူတိုင်းလက်ထဲသို့ ပေးလိုက်သည်။ "အလုပ်လုပ်မခင် အဝစားထားကြ! ဒီလမ်းဆုံငါးခုက ရှာမလွယ်ဘူး။ ငါ နှစ်ပေါင်းများစွာ ဂိမ်းကစားတဲ့အတွေ့အကြုံအရ ဒါက ရတနာ တည်နေရာလို့ ထင်မိတယ်။"

ဂိမ်းကစားရတာကို နှစ်သက်သော Otaku တစ်ယောက်အနေဖြင့် မျှော်လင့်ထားသလိုပဲ သူသည် စိတ်လှုပ်ရှားစရာကောင်းသော လွတ်မြောက်ခြင်းစမ်းသပ်မှုကို ဂိမ်းများဖြင့် ချိတ်ဆက်နိုင်ပါသည်။ သို့သော် ခယ်ရှောင်ပင်း၏စိတ်ကူးသည် လူတိုင်း၏ဖိအားကို အမှန်တကယ် သက်သာစေပြီး ဒါကို ဂိမ်းတစ်ခုအနေနဲ့ သဘောထားခြင်းက သူတို့ကို ပိုပြီး စိတ်အေးလက်အေး ခံစားရစေပါလိမ့်မည်။

မနက်စာစားပြီးနောက် ကျန်းဖျင်စစ် ဦးဆောင်သော လူတိုင်းသည် မြေပုံပေါ်တွင် အမှတ်အသားပြုထားသည့် အနီးဆုံး ကိုသြဒီနိတ်နံပါတ်တစ်သို့ သွားကြသည်။

၎င်းက သတ္တုရိုင်းကြောများ လုံးဝမပါရှိဘဲ ပြန့်ကျဲနေသော မြေကြီးဖြစ်ပုံရသည်။ သို့သော် သုံးဖက်မြင်မြေပုံ၏ ပြောင်းပြန်လှန်မှုတွင် ဤနေရာသည် တောင်တန်းလေးခု၏ လမ်းဆုံဖြစ်ဖွယ်ရှိကြောင်း တွေ့ရှိနိုင်သည်။

ကျန်းဖျင်စစ်က အလယ်ကို အေးအေးဆေးဆေး ညွှန်ပြပြီး ပြောသည်။ "ရှောင်နျန် တူးလိုက်ပါ။"

ကျန်းရှောင်နျန်သည် မြေတူးစက်ကို ဆင့်ခေါ်ခဲ့ပြီးဖြစ်ကာ ညွှန်ကြားချက်ကို ကြားပြီးနောက် စက်ကို ချက်ချင်း စတင်ခဲ့သည်။ မြေတူးစက်၏အသံသည် နားအူစေပြီး ဗိသုကာဌာန၏ စွမ်းရည်ကို အဆင့်ပြည့်မြင့်တင်ထားသော မြေတူးစက်သည် ထိရောက်မှုတွင် ပထမတန်းစားဖြစ်သည်။ တစ်နာရီအတွင်း ကျန်းရှောင်နျန်သည် မီတာ 100 ကျော်နက်သော တွင်းကြီးတစ်ခုကို တူးဖော်နိုင်ခဲ့သည်။

ကျိုဖုန်း၏ အလင်းလုံသည် ပတ်ဝန်းကျင်အမြင်အာရုံကို တောက်ပစေသော်လည်း မြေတွင်းသည် ပူလောင်သောမြေကြီးနှင့် ပြည့်နေပြီး သူတို့၏ "ရတနာရှာဖွေခြင်းပစ်မှတ်"က အညိုရောင်ဖြစ်ကာ မြေကြီးထဲတွင် သတ္တုရိုင်းရှိ၊မရှိကို မြင်ရန် မဖြစ်နိုင်ချေ။ ကျိုဖုန်းသည် သံလိုက်ကို ရိုးရိုးရှင်းရှင်းထုတ်ပြီး သံလိုက်၏ ဝင်ရိုးစွန်းတစ်ဖက်ကို တိုက်ရိုက်ပစ်ချလိုက်ကာ ခဏအကြာတွင် အခြားဝင်ရိုးစွန်းဖြင့် စွဲငင်လိုက်သည်။

လူတိုင်းကို ပျော်ရွှင်စေတာကတော့ ရင်းနှီးသောအညိုရောင်သတ္တုရိုင်းသည် အမှန်တကယ် စွဲငင်လိုက်သော သံလိုက်တွင် တွယ်ကပ်လိုက်သည်။

ခယ်ရှောင်ပင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ငါပြောသားပဲ၊ ဒီရတနာတည်နေရာက သေချာပေါက်မှန်တယ်လို့!"

လှုပ်ရှားမှုမရှိဘဲ ရက်အတော်ကြာ ငြိမ်သက်နေခဲ့ရသည့် သတ္တုရိုင်းစုဆောင်းမှုနှုန်း 95% က နောက်ဆုံးတွင် 96% ဖြစ်လာခဲ့သည်။

လူတိုင်း၏မျက်နှာပေါ်ရှိ သုန်မှုန်မှုများ လွင့်စင်သွားကာ သူတို့၏ စိတ်ဓာတ်က ချက်ချင်း တိုးတက်လာသည်။ ကျိုဖုန်းက ပြုံးပြီး စုဆောင်းထားသော ကျောက်တုံးများကို ခြင်းတောင်းထဲသို့ထည့်ကာ ကျန်းဖျင်စစ်၏ ရှေ့သို့ လျှောက်သွားသည်။ "ဖျင်စစ်ရဲ့ ခန့်မှန်းချက်က ဒီတစ်ခါတော့ မှန်နေပုံပဲ။ လမ်းဆုံငါးခုကိုရှာပြီး 100% စုဆောင်းမှုပြည့်ဖို့ သတ္တုရိုင်းငါးခုလိုတယ်။"

လင်းမန့်လော်ကလည်း ပြုံးပြီး ရှေ့ကို တိုးသွားသည်။ "တခြားနေရာတွေကို မြန်မြန်သွားရအောင်!"

ကျန်းဖျင်စစ်၏ စွမ်းရည်များက စောင့်ဆိုင်းချိန်ရောက်သွားသောကြောင့် ချင်လု၏ ကျောက်ထုလွှာလှုပ်ရှားမှုကို အသုံးပြုကာ လူတိုင်းကို လမ်းပြပေးပြီး အဝေးမှ ကိုသြဒီနိတ်နံပါတ်နှစ်သို့ ည 8 နာရီမထိုးမီ ရောက်ရှိလာခဲ့သည်။

ကျန်းရှောင်နျန်သည် ကျွမ်းကျင်စွာ တူးဖော်ရန် မြေတူးစက်ကို ဆင့်ခေါ်ခဲ့သည်။ အနက် မီတာ 20 ကျော်အထိ တူးလိုက်သည်။ ကျိုဖုန်းသည် သံလိုက်ကို ထပ်မံထုတ်ယူပြီး ဤနေရာတွင် ဝှက်ထားသော သတ္တုရိုင်း 97 ခုမြောက်ကို စွဲငင်လိုက်သည်။

အားလုံးက တစ်ညလုံး အနားယူပြီး နောက်တစ်နေ့ ပြန်ထွက်ကြသည်။

ကိုသြဒီနိတ်နံပါတ်သုံးအထိ အလွန်ချောမွေ့နေသေးသည်။ ကိုဩဒီနိတ်နံပါတ်လေးကို မီတာ 100 အနက်အထိ တူးသောအခါ ပစ်မှတ်ကို ရှာမတွေ့ခဲ့ဘူး။ ကျန်းရှောင်နျန်သည် မီတာ 100 ကျော်သည်အထိ နက်ရှိုင်းအောင်တူးဆွလိုက်ပြီး ကျိုဖုန်းက သတ္တုရိုင်းကို စွဲငင်ရန် သံလိုက်ကိုအသုံးပြုခဲ့သည်။

နောက်ဆုံးတွင် တာဝန်စုဆောင်းမှုနှုန်း 99% သို့ရောက်ရှိခဲ့သည်။ 5 ရက်ကျန်သေးပြီး နောက်ဆုံး ကိုသြဒီနိတ်နံပါတ်ငါးသာ ကျန်တော့သည်။ အောင်ပွဲသည် မျက်စိရှေ့၌ ရှိနေသည်ဟု လူတိုင်းခံစားရသည်။

ထိုညတွင် အားလုံးက ကျန်းရှောင်နျန် ဆောက်ထားသော ယာယီအခြေစိုက်စခန်းတွင် အနားယူကြပြီး ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က အခန်းတစ်ခန်း အတူမျှဝေခဲ့ကြသည်။ ယွဲ့ရှင်းဝမ်၏ ညာလက်ကို ကျောက်ပတ်တီးဖြင့် ချည်နှောင်ထားပြီး မလှုပ်ရှားနိုင်ပေ။ ကျန်းဖျင်စစ်သည် စိုစွတ်နေသော ပတ်တီးကိုယူကာ ပုံမှန်အတိုင်း မျက်နှာကို ဆေးကြောခိုင်းသည်။

သူ့မျက်နှာကို ဘယ်လက်နဲ့ သုတ်ရင်း ယွဲ့ရှင်းဝမ် ပြောလိုက်သည်။ "ဒီတစ်ခါ ရူပဗေဒဌာနရဲ့ သင်တန်းက တော်တော်ခက်တယ်။ အာကာသတွင်းနက်တွေ၊ အာကာသသဲမုန်တိုင်းတွေ၊ ဂြိုဟ်သားသတ္တဝါတွေနဲ့ သတ္တုရိုင်းစုဆောင်းတာတွေပါတယ်။ အဆင့်လေးဆင့်လုံးက အရမ်းစိတ်လှုပ်ရှားစရာကောင်းပြီး ငါတို့ခြေတစ်လှမ်းမှားတာနဲ့ ရှင်းပစ်ခံရမှာ။"

ကျန်းဖျင်စစ်က သူ့ဘေးမှာထိုင်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။ "မင်းလက်က နာနေသေးလား။"

ယွဲ့ရှင်းဝမ်က ခေါင်းခါလိုက်သည်။ "ငါ ဒီကျောက်ပတ်တီးကို လဝက်ကျော်လောက်ဝတ်ထားတာ ကျင့်သားရနေပါပြီ။"

ကျန်းဖျင်စစ်က သူ့ကို ညင်သာစွာ ကြည့်ပြီး ပြောလိုက်သည်။ "ငါတို့ ဒီကနေမထွက်ခွာခင် ငါးရက်ကျန်သေးတယ်၊ ငါတို့ စာကြည့်တိုက်ကို ပြန်ရောက်တဲ့အခါ ငါတို့ရဲ့ဒဏ်ရာတွေက လုံးဝပျောက်ကင်းပြီး မင်းရဲ့ညာလက်လည်း လွတ်လပ်စွာ လှုပ်ရှားနိုင်လိမ့်မယ်။" 

ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ဆိုသည်။ "စာကြည့်တိုက်မှာ တကယ်တော့ ကောင်းကျိုးတွေရှိပါတယ်၊ ဥပမာ- စာမေးပွဲပြီးတာနဲ့ အချက်အလက်တွေကို ရှင်းပေးတာမျိုး၊ ပြီးတော့ စာမေးပွဲအတွင်းက ဒဏ်ရာတွေကို ပြန်ယူလာခွင့်မပေးတာမျိုးပေါ့… ဒီလိုပြောမှ ဒါက ဂိမ်းထဲက dungeon ကို ကစားတာနဲ့ တကယ်တူတယ်။"

ကျန်းဖျင်စစ်: "ငါတို့ ဒီကိစ္စကို အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့ပြီးပြီလေ၊ စာကြည့်တိုက်တည်ရှိမှုရဲ့ အဓိပ္ပါယ်ကို ငါတို့ရှင်းလင်းပြီးမှသာ သိနိုင်မှာပါ။ အခု 11 ထပ်မှာရှိပြီး ငါတို့ စာကြည့်တိုက်ကိုရှင်းလင်းနိုင်ဖို့ အချိန်နီးနေပြီ။"

ယွဲ့ရှင်းဝမ်က ခေါင်းညိတ်လိုက်သည်။ "အင်း၊ ငါ ဒီလိုသရဲတစ္ဆေနေရာကနေ အမြန်ဆုံးထွက်သွားချင်ပြီ။"

ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်၏ ဘယ်ဘက်လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားပြီး မေးလိုက်သည်။ "ငါတို့ ပြန်သွားတဲ့အခါ နောက်ဆုံးစာမေးပွဲ ဖြစ်လိမ့်မယ်၊ စာမေးပွဲပြီးရင် ဆောင်းရာသီအားလပ်ရက် တစ်လကျော်လောက်ရှိတယ်။ ဒီတော့ ငါ့မှာ အကြံတစ်ခုရှိတယ်။"

သူ့လက်ကိုကိုင်ထားသောကြောင့် ယွဲ့ရှင်းဝမ်သည် သူ့နှလုံးခုန်သံများ ပိုမြန်လာကာ အနည်းငယ် ရှက်ရွံ့နေသလို ခံစားလိုက်ရသော်လည်း သူ့လက်ကို ပြန်ဆွဲလိုက်ခြင်းမရှိပေ။ ထို့အပြင် ကျန်းဖျင်စစ်၏ ခြောက်သွေ့သွယ်လျသောလက်က သူ့ကို ညင်သာစွာ ဆုပ်ကိုင်ထားပြီး အလွန်သက်တောင့်သက်သာရှိတယ်လို့ ခံစားရသည်...

ယွဲ့ရှင်းဝမ်က တည်ငြိမ်ဟန်ဆောင်ပြီး မေးလိုက်သည်။ "ဘာအကြံလဲ။"

ကျန်းဖျင်စစ်က ပြောသည်။ "ငါတို့အတူတူ ခရီးမထွက်ရသေးဘူးမလား။"

ယွဲ့ရှင်းဝမ်သည် ခဏတာ အံ့အားသင့်သွားပြီး သေသေချာချာ တွေးကြည့်ပြီးနောက် သူတို့နှစ်ယောက်သည် အမှန်တကယ် အတူခရီးမထွက်ခဲ့ဖူးချေ။ သူ အထက်တန်းကျောင်းတက်တုန်းက ကျောင်းပိတ်ရက်များမှာ စာလေ့လာပြီး တက္ကသိုလ်တက်တော့ သူ၏ပထမနှစ်နှင့်ဒုတိယနှစ်များတွင် ဆောင်းရာသီနှင့် နွေရာသီ အားလပ်ရက်များမှာ အခြေခံအားဖြင့် အိမ်ပြန်ခဲ့သည်။ ကျောင်းသားကောင်စီမှ စီစဉ်သော စခန်းချခြင်းနဲ့ တောလမ်းခရီးခြေကျင်လျှောက်ခြင်း လှုပ်ရှားမှုများမှာ အကြိမ်အနည်းငယ် ပါဝင်ခဲ့ဖူးပါသည်။ လူအရေအတွက်များသောကြောင့် နှစ်ယောက်တည်း စကားပြောရန် အခွင့်အလမ်းရရန်မှာ ခက်ခဲပါသည်။

ယွဲ့ရှင်းဝမ်က တိုးတိုးမေးသည်။ "မင်းဘာကိုဆိုလိုတာလဲ… မိသားစုနဲ့ သူငယ်ချင်းတွေမပါဘဲ ငါတို့နှစ်ယောက်တည်း ခရီးထွက်ဖို့လား။"

ကျန်းဖျင်စစ်: "အင်း၊ ငါတို့နှစ်ယောက်တည်းပဲ၊ ဘယ်လိုလဲ။"

ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်၏ မျက်လုံးများကို ကြည့်ပြီး ထိုမျက်လုံးများမှ မျှော်လင့်ချက်များက သူ့အား လုံးဝ ငြင်းဆန်ရန် နှလုံးသား မရှိစေခဲ့ပေ။

ကျန်းဖျင်စစ်၏ အဆိုပြုချက်ကို ငြင်းဆိုရန် ခက်ခဲပုံပေါ်ကြောင်း သူတွေ့ရှိခဲ့သည်။ ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ယွဲ့ရှင်းဝမ်က နားရွက်နီများဖြင့်သဘောတူလိုက်သည်။ "ကောင်းပြီ၊ ငါ ခရီးမထွက်တာကြာပြီ၊ ဒီတော့ ဂျူနီယာနှစ်ရဲ့အားလပ်ရက်မှာ ငါ အပြင်ထွက်ပြီး ပျော်လိုက်မယ်။ ပြီးတော့ ငါ့ရဲ့စီနီယာနှစ်မှာ ဘွဲ့ယူစာတမ်းကို ငါပြင်ဆင်ရမှာ၊ ဒီတော့ ငါ့မှာ အချိန်သိပ်မရှိဘူး။"

ယခင်ကတော့ ယွဲ့ရှင်းဝမ်သည် သူ၏သူငယ်ချင်းကောင်းများနှင့် ခရီးသွားရန် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး မရှိဘူး။ ယခုမူ သူတို့ကြားရှိ ဆက်ဆံရေးသည် ရှုပ်ထွေးနေပြီး ပြတင်းပေါက်စာရွက်၏ နောက်ဆုံးအလွှာကို ထိုးဖောက်တော့မည်ဖြစ်သည်။ ကျန်းဖျင်စစ်က သူ့ကို ခရီးထွက်ဖို့ ဖိတ်ခေါ်ပြီး သူသဘောတူလိုက်သည်။ ခရီးစဉ်အတွင်း ပိုမိုရင်းနှီးမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာမည်ဟု ဆိုလိုပါသလား။

စုံတွဲများ ခရီးသွားသောအခါ အတူတူအိပ်ရန် လွယ်ကူတယ်လို့ အားလုံးက ပြောကြတယ်မဟုတ်လား။

တကယ်တော့ ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်နဲ့ ရင်းနှီးသောဆက်ဆံရေးလုပ်ဖို့ စိတ်ပိုင်းဆိုင်ရာ အဆင်သင့်မဖြစ်သေးပါဘူး။ နှစ်ယောက်သား ပွေ့ဖက်နမ်းရှုံ့မှာကို တွေးလိုက်သောအခါ သူ့မျက်နှာတစ်ခုလုံး ပူလာသည်။

ဒါမှမဟုတ် ဘွတ်ကင်လုပ်ဖို့အချိန်ရောက်လာသောအခါ တစ်ယောက်အိပ်ကုတင်နှစ်လုံးအခန်းကိုယူပြီး သူတို့က ‌တစ်ယောက်တစ်နေရာစီအိပ်ကာ ချစ်ခင်ရင်းနှီးမှုများကနေကင်းဝေးပြီး ‌ယဉ်ကျေးစွာပြုမှုမှာလား။

ယွဲ့ရှင်းဝမ်၏ စိတ်ထဲတွင် ရူးသွပ်သောအတွေးများသည် လုံးဝမရပ်တန့်နိုင်ပေ။

ကျန်းဖျင်စစ်၏အမူအရာက တည်ငြိမ်နေပြီး သူက ဒီအဆင့်အထိသွားဖို့ မမျှော်လင့်ထားပါဘူး။ ထို့အပြင် သူက အလျင်လိုတတ်သူမဟုတ်ချေ။ ရှင်းဝမ်ကို သူခရီးသွားဖို့ ဖိတ်ခေါ်တာက သူတို့နှစ်ယောက်တည်း အတူတူ အချိန်ခဏလောက် ကုန်ဆုံးချင်ရုံသာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းနေထိုင်ရန် ကျင့်သားရအောင်သာဖြစ်သည်။

ရှင်းဝမ်က အမှန်တကယ် သဘောတူခဲ့သည်။ ကျန်းဖျင်စစ်သည် အလွန်ပျော်ရွှင်နေပြီး ယွဲ့ရှင်းဝမ်၏လက်ချောင်းများကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ တိုးတိုးပြောလိုက်သည်။ "‌ဒါဆို ကတိနော်၊ ပြန်ရုတ်သိမ်းလို့မရဘူး။"

ယွဲ့ရှင်းဝမ်က ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်သည်။ "ငါက ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းမဲ့သူမျိုးလား။"

ကျန်းဖျင်စစ်၏နှုတ်ခမ်းထောင့်များက အနည်းငယ် မြှောက်တက်လာသည်။ "မဟုတ်ပါဘူး။ အချိန်ရောက်တဲ့အခါ ငါ နေရာနည်းနည်းရွေးထားမယ်၊ အဲဒီထဲကမှ မင်း ပြန်ရွေးလို့ရတယ်။"

"အင်း။" ယွဲ့ရှင်းဝမ်သည် အဝေးကိုကြည့်ကာ စိတ်မသက်မသာဖြင့် သူ့လက်ကိုပြန်ဆွဲလိုက်ပြီး ပြောလေသည်။ "အဟမ်း၊ အိပ်တော့။ မနက်ဖြန်က နောက်ဆုံးရတနာတည်နေရာပဲ၊ ငါတို့ရဲ့စိတ်ကို အားဖြည့်ရမယ်။"

ကျန်းဖျင်စစ်က ခေါင်းညိတ်ပြပြီး ယွဲ့ရှင်းဝမ်၏ ပခုံးကို ညင်သာစွာ ပွေ့ဖက်ကာ သူ့အပေါ်ကို ပို၍သက်တောင့်သက်သာဖြစ်ရန် လဲအိပ်စေပြီး သူ့ကျောက်ပတ်တီးလက်ကို မဖိစေရန်ဖြစ်သည်။

ယွဲ့ရှင်းဝမ်သည် ထိုညတွင် ထူးဆန်းသော အိပ်မက်များ ထပ်မံမက်နေပြန်သည်။

သူနှင့် ကျန်းဖျင်စစ်က အတူတူခရီးထွက်ကြတာကို အိမ်မက်မက်ခဲ့ပြီး ဟိုတယ်၏ ကုတင်နှစ်လုံးပါအခန်းကို ကြိုတင်စာရင်းသွင်းကာ စုံတွဲများအတွက် နှစ်ယောက်အိပ်ကုတင်တစ်ခန်းသာ ကျန်တော့သည်။ စိတ်ပျက်အားငယ်စွာဖြင့် သူသည် ကျန်းဖျင်စစ်နှင့် အိပ်ခဲ့ရသည်။ သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များသည် တစ်ခုနှင့်တစ်ခု နီးကပ်စွာ တည်ရှိနေပြီး အိပ်ရာပေါ်တွင် ကျန်းဖျင်စစ်၏ အနံ့နှင့် ပြည့်နေသည်။ အဆုံးတွင် သူသည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိသောကြောင့် ဖျင်စစ်ကို ရဲဝံ့စွာ ပထမဆုံးနမ်းလိုက်သည်။

အိပ်မက်ထဲတွင် ကျန်းဖျင်စစ်၏ မျက်လုံးများသည် နက်မှောင်ပြီး စိုစွတ်နေကာ သူ့ကို စူးစိုက်ပြီး ညင်ညင်သာသာ ကြည့်နေသည်။ သူ နမ်းလိုက်သောအခါ ကျန်းဖျင်စစ်၏မျက်လုံးများက ပြုံးနေပုံရသည်။

ယွဲ့ရှင်းဝမ်သည် ထိုမျက်လုံးများထဲသို့ လုံးလုံးလျားလျား ကျသွား၏။

နံနက်ခင်းတွင် ရှောင်ထူနိုးလာသောအခါတွင် အခြားသူများအားလုံး အိပ်ရာထကြသော်လည်း ယွဲ့ရှင်းဝမ်သည် အိပ်မက်ဆိုးတစ်ခုတွင် ရှိနေပုံရပြီး ကျန်းဖျင်စစ်က အကြိမ်ပေါင်းစွာ လှုပ်နိုးခဲ့ရသည်။ သူနိုးလာသောအခါ သူ့အိမ်မက်ထဲကအတိုင်း တစ်ထပ်တည်းကျသော နက်မှောင်သည့်မျက်လုံးများကို တွေ့လိုက်ရပြီး ယွဲ့ရှင်းဝမ်သည် မသိစိတ်ဖြင့် "ဖျင်စစ်…" လို့ ခေါ်လိုက်သည်။

သူအိပ်ရာနိုးခါစဖြစ်သောကြောင့် သူ့အသံကရှုပ်ထွေးပြီး ဩရှရှဖြစ်နေကာ ကျန်းဖျင်စစ်၏နှလုံးသားကို ကြောင်ကုတ်သလိုဖြစ်စေသည်။ အနီးနားမှာ အတန်းဖော်များရှိနေတာကြောင့် မဟုတ်ရင် ကျန်းဖျင်စစ်သည် သူ့ကို ပြင်းပြင်းထန်ထန် နမ်းချင်ခဲ့သည်။

ခယ်ရှောင်ပင်း၏အသံက ဘေးဘက်ကနေ ထွက်လာသည်။ "နောက်ဆုံးရတနာနေရာက ဒီမှာပဲ၊ အားလုံး ဗိုက်ပြည့်အောင်စားပြီး အလုပ်လုပ်ကြစို့!"

ရှောင်ခယ်သည် အစားအသောက်စာရင်းဇယားနှင့် စီမံခန့်ခွဲရေးတာဝန်ခံဖြစ်ပြီး လူတိုင်းအား အစားအစာများကို နေ့စဉ် တက်ကြွစွာ ဖြန့်ဝေပါသည်။

သူ့အသံကိုကြားတော့ ယွဲ့ရှင်းဝမ်သည် နောက်ဆုံးမှာ လုံးဝနိုးလာပြီး အိပ်မက်ထဲမှာ ကျန်းဖျင်စစ်နှင့် သူလုပ်ခဲ့သည့်အရာများကို သတိရပြီး ယွဲ့ရှင်းဝမ်၏ပါးပြင်များ ပူလာကာ ရှက်ရွံ့မှုကို ဖုံးကွယ်ဖို့ ခယ်ရှောင်ပင်းကို ရှာရန် ချက်ချင်း ထလိုက်သည်။

နံနက်စာစားပြီးနောက် လူတိုင်းသည် နောက်ဆုံးနေရာသို့ သွားကြသည်။

ကျန်းဖျင်စစ်နှင့် ခယ်ရှောင်ပင်းတို့သည် တည်နေရာကို ညွှန်ပြခဲ့ပြီး ကျန်းရှောင်နျန်၏ တူးဖော်ရေးလုပ်ငန်း စတင်ခဲ့ကာ အခြားသူများသည် လွန်ခဲ့သည့် နှစ်ရက်ကဲ့သို့ပင် အနီးအနားတွင် ရပ်စောင့်နေခဲ့ကြသည်။

မီတာ 100 အနက်တွင် ကျိုဖုန်း၏သံလိုက်စက်ကွင်းက ရလဒ်မထွက်လာပေ။

မီတာ 200 အနက်ကို ကျိုဖုန်းက သံလိုက်ကို ပစ်ချခဲ့ပေမဲ့ အကျိုးအမြတ်ရခြင်းမရှိသေးပေ။

ယွဲ့ရှင်းဝမ်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ကျန်းဖျင်စစ်ကို ကြည့်ကာ ပြောလိုက်သည်။ "ငါတို့ ဒီထက်ပိုပြီး တူးရဦးမှာလား။"

ကျန်းဖျင်စစ်က ခေါင်းညိတ်လိုက်သည်။ "အင်း၊ မနေ့က မီတာ 200 တူးပြီးမှ ပစ်မှတ်ကို ရှာတွေ့ခဲ့တာ။ နောက်ထပ် တူးကြည့်ရအောင်။"

ကျန်းရှောင်နျန်၏ မြေတူးစက်သည် ပိုမိုနက်ရှိုင်းစွာ တူးဖော်ပြီး ကျိုဖုန်းက မျက်မှောင်ကြုတ်ကာ ပြောလေသည်။ "ငါ့ရဲ့ သံလိုက်က ထိန်းချုပ်မှု အပိုင်းအခြားကို ကျော်သွားပြီ။ ရှောင်နျန် မြေအောက်ပလက်ဖောင်းတစ်ခု ဆောက်ရမယ်၊ ငါအောက်ဆင်းပြီး သွားရှာကြည့်လိုက်မယ်။"

သူတို့ရှေ့က 10m x10m ရှိသောတွင်းကြီးသည် အဆုံးကိုမမြင်နိုင်ဘဲ မြေကြီး၏နက်ရှိုင်းရာကနေ ထွက်လာသလိုမျိုး မြေတူးစက်၏အသံကသာ ဆက်ပြီးလွင့်ထွက်နေသည်။

အကြောင်းတစ်ခုခုကြောင့် အဆုံးမရှိတွင်းကိုကြည့်ရင်း ယွဲ့ရှင်းဝမ်သည် သူ့စိတ်ထဲတွင် ထူးဆန်းစွာမသက်မသာဖြစ်မှုကို ရုတ်တရက်ခံစားလိုက်ရသည်။ သူက ကျန်းဖျင်စစ်ကိုပြန်ကြည့်လိုက်ပေမဲ့ ကျန်းဖျင်စစ် တည်ငြိမ်စွာပြောလာတာကို ကြားလိုက်ရသည်။ "ရှောင်နျန်၊ မြေအောက်မီတာ 100 နဲ့ 200 လောက်မှာ တောင့်ခံနိုင်တဲ့ ပလက်ဖောင်းတစ်ခုဆောက်ပြီး ငါနဲ့ စီနီယာအစ်ကိုကျိုက အတူဆင်းလိုက်မယ်။"

ယွဲ့ရှင်းဝမ်က သူ့ကို ထိတ်လန့်စွာ ကြည့်နေသည်။ "မင်းတကယ် အောက်ဆင်းချင်နေတာလား။"

ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်၏လက်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး နှစ်သိမ့်သည်။ "စိတ်မပူပါနဲ့၊ အခြေအနေ မမှန်ရင် စီနီယာအစ်ကိုကျိုနဲ့ ငါ အပေါ်တက်ဖို့ ချက်ချင်း ဖော်မြူလာကို သုံးလိုက်မယ်။"