Chapter 130
Viewers 19k

🐯Chapter 130



ကုယွီမြန်၏စကားများကို ကြားရ​​​သောအခါ ​လင်းပိုင်​​လေး၏အမြီး​ရေယက်က ​တောင့်တင်းသွားသည်။ သူမက ကုယွီမြန်ကိုကြည့်ပြီး ရိုးသား၍ သနားစရာပုံစံဖြစ်​အောင် ကြိုးစားခဲ့သည်။ သို့​သော်လည်း ယခုအချိန်တွင် ကုယွီမြန်က သူမနှင့်ပတ်သတ်ပြီး စိတ်ရှုပ်​​ထွေး​နေကာ သူက အ​လေးအနက်ဖြစ်​နေဆဲပင်။


လင်းပိုင်​လေးက လုံးဝစိတ်ဓါတ်ကျသွားခဲ့သည်။ သူမ၏ အမြီး​ရေယက်က ​ရေပြင်အားရိုက်ပြီး ပူ​ဖောင်းအစုအ​ဝေးကိုထုတ်လိုက်သည်။


ဒီလူက ဘာမှလည်းမသိဘူး...

ကီဗူလုလု ​ဒေါသထွက်စွာ စိတ်ဓါတ်ကျစွာ​တွေး​တော​နေခဲ့သည်။ ကုယွီမြန်မှာ အခြားလူများနှင့် ကွဲပြားလိမ့်မည်ဟု

ထင်ခဲ့​သော်လည်း မဟုတ်ခဲ့​ပေ။

သူတို့က ငါ့ကို လုံးဝ မသိကြဘူး...


ကီဗူလုလု၏မိခင်က လှပသော တရုတ်လင်းပိုင်ဖြူဖြစ်ပြီး သွယ်လျသောကိုယ်ခန္ဓာနှင့် လှပသောအသွင်အပြင်ရှိကာ ကြယ်တစ်ခုလုံးတွင် နာမည်ကြီးစူပါမော်ဒယ်တစ်ဦးဖြစ်သည်။ သို့​သော် သူမအမေနှင့် မတူစွာ သူမအဖေ၏ မျိုးနွယ်က ရုပ်ရည်ကြည့်မကောင်းသည့် သာမန်အဖြစ်ဆုံး 

ငါးကြင်းဖြစ်သည်။


သူမ၏အမေက အမှန်တကယ် ထက်မြက်ပြီး လှပသည်။သူမက ကီဗူလုလု၏မျက်လုံးများတွင် အမြဲတောက်ပနေခဲ့သည်။ ငယ်စဥ်ကလည်း အမေဖြစ်သူက သူမအတွက် ဖဲပွင့်​လေးအားချည်ထိုး​ပေးဖူး၍ ၎င်းကို ယခုထိ သူမခေါင်းပေါ်တွင် ဝတ်ဆင်ထားသည်။


သူမ အသက်သုံးနှစ်အရွယ်တွင် သူမ၏မိဘများ ကွာရှင်းခဲ့သည်။ သူမက စွမ်းရည်မနိုးထ​သေး​သော​​ကြောင့်၊ သူမ၏ အ​ဖေက ရွက်ကြမ်းရည်ကျိုဖြစ်​သောကြောင့်၊ သို့မဟုတ် သူမအဖေ၏ အမှိုက်များကို အမွေဆက်ခံထားသောကြောင့် လူများ၏ အာရုံကို ဆွဲဆောင်နိုင်သည်အထိ မကောင်း​သော​ကြောင့်...စသဖြင့် ထိုအကြောင်းအရင်းများစွာကြောင့်ဖြစ်သည်။


လုံ​လောက်စွာပိန်ပြီးလှပကာ ​​ထက်မြက်၍ ချစ်စရာကောင်းသည့် က​လေးများရှိသည်။


ထို့ကြောင့် သူမက လှပ​စေရန် ကြိုးစားခဲ့ရာ လူအများက အမှန်တကယ် စတင်ချစ်ခင်လာခဲ့ပြီး သူမ၏စိတ်ကူးအား အတည်ပြုနိုင်ခဲ့သည်။


သူမက ပိုမိုလှပပြီး ပိုမိုတောက်ပြောင်လာစေရန် စတင်ကြိုးပမ်းခဲ့သည်။ သူမအသက် ခုနစ်နှစ်အရွယ်တွင်အစာငတ်ခံကာ သတ်သေမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် သူမအဖေက သူမအား အဆိုတော်တစ်​ယောက်ဖြစ်လာရန်ခွင့်ပြုပေးခဲ့သည်။ သို့သော် သူမအဖေက တွန့်ဆုတ်စွာဖြင့် သ​ဘောတူညီချက်ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။


သို့​သော် အချို့ပရိသတ်များက သူမ၏အရောင်မှာ ကြည့်မ​ကောင်းသလို အလွန်ဝသည်ဟု ဆိုကြသည်။ အန္တရာယ်ရှိသော ပါဝင်ပစ္စည်းများပါသော အမှုန့်ခရင်မ်ဖြင့် သူမ၏ မီးခိုးရောင်ခန္ဓာကိုယ်ကို အဖြူရောင်အဖြစ်သို့ ပြောင်းလဲချင်ခဲ့ကာ အသားမျှင်ပါးများကို နေ့တိုင်းစားချင်ခဲ့သည်။

သူမ၏အဖေက ခွင့်မပြုဘဲ တားဆီးသဖြင့် အိမ်မှ ထွက်ပြေးလာခဲ့သည်။


အ​ဖေကဘာလဲ...သူက ဘာသိလို့လဲ...သူက ငါးကြင်းတစ်​ကောင်ပဲဟာကို..ဘယ်လိုဆွဲ​​ဆောင်မှုရှိမှ အချစ်ခံရမယ်ဆိုတာ သူ မသိပါဘူး...


ဒါ​ပေမဲ့ ဘာလို့လဲ...


လင်းပိုင်​လေးက သူမ၏အမြီးအားလှုပ်ပြီး သူမ၏မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်​နေသည်။ သူမက ကုယွီမြန်နှင့် သူ့ဘေးမှ က​လေးလေး​ယောက်ကို ကြည့်လိုက်သည်။


​မြေ​ခွေး​လေးက ပိန်ပိန်​သေး​သေး​သေး​လေး၊ ဟက်စကီး​​လေးက ရူး​ကြောင်​ကြောင်နဲ့၊ ထန်ယွမ်​လေးက အရမ်းဝတယ် ပြီး​တော့ နှင်းကျားသစ်​လေးမှာက ရက်စက်တဲ့မျက်လုံး​တွေရှိတယ်....သူတို့ကလုံးဝ မပြည့်စုံ မ​တောက်ပကြဘူး... ဒါဆို သူတို့ကဘာလို့ လူ​တွေနဲ့ ကုယွီမြန်ရဲ့အချစ်ခံ​နေရတာလဲ...


သူမအတွက်မူ သူမပရိသတ်များမှအချစ်မှာ ကွဲပြားသည်။လိုအပ်ချက်များ ပြစ်ချက်များမရှိ​​ပေ။ ကီဗူလုလုသည်လည်း ယခုကဲ့သို့အချစ်ခံချင်သည်။ သူမကလည်း သူမအတွက် အထူးပြင်ဆင်​ပေးထားသည့် ချစ်စဖွယ် လက်အိတ်က​လေးဝတ်ချင်သည်။ သူမ ​အေးလျှင် ပူလျှင် သူမအားဂရုစိုက်မည့် တစ်စုံတစ်​ယောက်အား လိုချင်သည်။ သူမ ရူးသွပ်သွား​တော့မည်ဟု ထင်မိသည်။


ထိုအခိုက်အတန့်တွင် ကုယွီမြန်က သူမအား ထိုမျှ​ချစ်လိမ့်မည်မဟုတ်​ကြောင်း ကီဗူလုလု ​နောက်ဆုံးတွင် ရှင်းလင်းစွာ နားလည်သွားခဲ့သည်။ သို့​သော် သူမက ဤ​နေရာတွင် အနည်းငယ်ပို၍ကြာ​အောင် ​နေချင်​သေးပြီး ဤကဲ့သို့ မိသားစုနှင့်ခံစားချက်အား နီးနီးကပ်ကပ်ရှိ​နေချင်​သေးသည်။


"ဂူး..."

လင်းပိုင်​လေး၏အမြီးက ​ရေချိုးကန်၏အစွန်းအားပွတ်ပြီးဆီးနှင်း​ရောင်အဖြူများက အနည်းငယ် အ​ရောင်ကျွတ်သွားပြီးအောက်မှ နက်ပြာ​​ရောင်​ပေါ်ထွက်လာသည်။ အ​​​ရောင်မှာ မှိန်ပြီး ရုပ်ဆိုးသည်။ သူမ၏အမြီး​ရေယက်အား 

သူမ​နောက်တွင် ချက်ချင်းဖွက်လိုက်ပြီး ​ရေချိုးကန်​​ထောင့်သို့​ ကွေးသွားသည်။


"ဒါက အရမ်း​ကောင်းတာပဲ..."


လင်းပိုင်​လေး ကြက်​​သေ​သေသွားသည်။


သူမက ကုယွီမြန်အားကြည့်လိုက်သည်။ ကုယွီမြန်၏က ရေကန်အစွန်းတွင်ထိုင်ပြီး သူမကိုသူ၏လက်ပတ်ကွန်ပျူတာမျက်နှာပြင်အား ပြလိုက်သည်။

"ငါမ​ပြောခဲ့ဘူးလား...မင်းမှာ မင်းအ​ဖေနဲ့ ပရိသတ်အများကြီးရှိ​နေတယ်လို့..."


[လုလုက အရမ်းလှတဲ့ မီးခိုးရောင်ပဲ... အဲ့ဒါကလူ​တွေကို မိုးသည်းစွာရွာတဲ့အချိန်ရဲ့​လေကို သတိရမိ​စေတယ်...]


[ဒီလို ခန္ဓာကိုယ်အချိုးအစားက မဆိုးဘူး...အရမ်းချစ်ဖို့​ကောင်းတယ်...ချယ်ရီသီး​လေးလိုပဲ...]


[လုလုက ပိန်ပိန် ဝဝ ကြည့်​ကောင်းတယ်...ကိုယ့်ကိုကိုယ်တွန်းအားမ​ပေးပါနဲ့...]


[ငါ့သမီးလေးလုလုက ငါ့ရဲ့ဂုဏ်​ဆောင်​လေးပဲ...]


ငါ့သမီးလေးလုလုက ငါ့ရဲ့ဂုဏ်​ဆောင်​လေးပဲ...


လင်းပိုင်​လေးက အစမှအဆုံးထိ အသံမထွက်ပဲ ဂရုတစိုက်နှင့် ကြည့်​နေခဲ့သည်။


ကုယွီမြန်က သူမ၏​ခေါင်း​​​လေးအားထိရန် ကြိုးစားခဲ့​သော်လည်း အဆုံးတွင်မလုပ်ခဲ့​ပေ။ သူက တည်ငြိမ်​သောအသံဖြင့် ဖြောင်းဖျပြောဆိုခဲ့သည်။


"မင်းကိုယ်မင်းမချစ်ဘူးဆိုရင် အချစ်စစ်ကိုမြင်နိုင်မှာမဟုတ်ဘူး...လုလု မင်းက​ကောင်းမွန်တဲ့ ကြွယ်ဝမှု​တွေကို ဖြုန်းတီးပစ်တာပဲ... ​ရေကန်ထဲမှာမရှိတဲ့ လဆီကို လက်လှမ်း​နေတယ်... ဒါ​ပေမယ့် လက မင်းရဲ့​ဘေးမှာအမြဲတမ်းရှိ​နေခဲ့တာ... မင်း​နောက်လှည့်မကြည့်ဘူးဆိုရင် လ ကထွက်သွားလိမ့်မယ်... အဆုံးမှာ ဘာမှကျန်မှာမဟုတ်​​တော့ဘူး... မင်း အဲဒီလိုဖြစ်ချင်လို့လား..."


လင်းပိုင်​လေးက ဘာမှမ​ပြောခဲ့​ပေ။


သူမ၏မျက်လီုးဝိုင်းဝိုင်း​လေးတွင် တဖြည်းဖြည်းနှင့် မျက်ရည်များ စုပုံလာသည်။


"....."


ထိုစက္ကန့်တွင် တံခါး ဘဲလ်သံမြည်လာသည်။


"လုလု..."


ကုယွီမြန် တံခါးဖွင့်လိုက်ပြီး​နောက် ကီဗူလုလု၏အ​ဖေက အ​ပြေးဝင်လာပြီး ​ရေကန်အစွန်းတွင် ဒူး​တစ်ဝက်ထောက်ကာ ​ရူး​ကြောင်​ကြောင် ပန်း​ရောင်နှင့်မီးခို​ရောင် လင်းပိုင်​​လေးအား သူ့မျက်လုံးထဲတွင် မျက်ရည်များဖြင့် ဖက်လိုက်သည်။


လင်းပိုင်​လေးက ခပ်ဝဝလက်က​လေးနှင့် ချစ်စဖွယ် ပုပု​​သေး​သေး​ကောင်မ​လေး ဖြစ်လာသည်။ သူမက ကုယွီမြန်ကို ကျောပေးထားပြီး သူမ၏မျက်ရည်များကို မသုတ်ဘဲ မနေနိုင်ခဲ့​ပေ။


နာရီဝက်ကြာပြီး​​နောက်


"....."


ကီဗူလုလု၏အ​ဖေက ကုယွီမြန်အား ထပ်ခါထပ်ခါ​ကျေးဇူးတင်ခဲ့သည်။​ နောက်ဆုံးတွင် ကုယွီမြန်က သူ့လက်​ဆောင်များအား ငြင်းပယ်ခဲ့သည်။ အဆုံးတွင်မူ အဖေဖြစ်သူက သူ့သမီး​လေးနှင့်အတူ ထွက်သွားပြီး ဆက်သွယ်ရန် အချက်အလက်များထားခဲ့သည်။ ထိုအချိန်ထိ က​လေးမ​လေးက ငို​နေခဲ့သည်။ အဆုံးတွင် သူမက ကုယွီမြန်အား နှာတရှုံ့ရှုံ့နှင့် ဖက်ခဲ့သည်။ ဤတစ်ကြိမ်တွင်ကုယွီမြန်က မငြင်းပယ်ဘဲ သူမကို ငြင်သာစွာ ပွေ့ဖက်​ပေးခဲ့သည်။


သူ​ပြောသည့်အရာအား သူမ နား​ထောင်လိမ့်မည်ဟု ​မျှော်လင့်မိသည်။


ကုယွီမြန် ထိုအ​ကြောင်းစဥ်းစား​နေမိပြီး အိပ်ယာမဝင်မီက​လေးများ​သောက်ရန် နွားနို့သွားယူခဲ့သည်။ သူ့ကျောပိုးအိတ်ထဲသို့ ​ရေ​နွေကရား ထည့်လိုက်သည့်အခါ သူ့လက်​ချောင်းများက စာအိတ်ကို ထိမိသွားသည်။


"ဟုတ်သားပဲ..."


ယ​​နေ့တွင် ကိစ္စမျိုးစုံဖြစ်ပျက်ခဲ့သည့်အတွက် ဤစာကို ဖတ်ရန် ကုယွီမြန်​မေ့သွားခဲ့သည်။


မအိပ်ခင် တစ်ချက်​လောက်ကြည့်ရ​အောင်...


-----


က​လေးများက နွားနို့​သောက်ကာ ​ခေတ္တခဏ အနားယူပြီး​နောက် အိပ်ယာမဝင်မီ ကိုယ်လက်​ဆေး​ကြောလိုက်ကြသည်။ ဤကဲ့သို့ရှည်လျားလှ​သော တစ်​​​နေ့တာသည် ​နောက်ဆုံး၌ အဆုံးသတ်သွား​ပြီဖြစ်သည်။ ကုယွီမြန် သက်ပြင်းရှည်ကြီးကိုချကာ က​လေးများနှင့်အတူ အိပ်ယာ​ပေါ်တွင် လှဲလျောင်းလိုက်သည်။


ဟက်စကီးလေးနှင့် ထန်ယွမ်​လေးတို့ ဦး​နှောက်ပတ်လမ်း​သေး​သေး​လေးများဖြင့် အဘယ်​ကြောင့် အပြန်အလှန်ဆက်နွယ်မှုများ ဖြစ်​ပေါ်လာသည်ကို နားမလည်နိုင်​သေး​​ပေ။ က​လေးနှစ်​ယောက်က အလွန်စိတ်ရှုပ်​ထွေးသွားပြီး သူ့ကို ကြည့်​နေကြသည်။ ​မြေ​ခွေး​လေးက လင်းပိုင်လေးနှင့်သူ့အ​ဖေ ပြန်လည်အဆင်​ပြေသွားသည်ကို မြင်လိုက်ရပြီး အလွန်​ကျေနပ်သွားကာ ကုယွီမြန်၏ရင်ခွင်ထဲတွင် ဝင်ထိုင်လိုက်သည်။


နှင်းကျားသစ်​လေး၏ အမြီးရှည်ကြီးက ကုယွီမြန်၏လည်ပင်းတစ်ဝိုက်တွင် ရစ်ပတ်ထား၏။


"ကီဗူလုလုရဲ့အ​ဖေက စိတ်ခံစားချက်က်ို အရမ်းထုတ်မပြတတ်တဲ့ပုံပဲ…"

ကုယွီမြန် ​ပြောလိုက်သည်။


ထိုကလေးမလေးက အဘယ်​ကြောင့် ချစ်မေတ္တာကို မခံစားမိကြောင်း သူ နားမလည်​ပေ။ သူမ​ခေါင်း​ပေါ်ရှိဖဲပြား​လေးက အကြိမ်​ပေါင်းများစွာ ​ဆွဲဖြဲခံခဲ့ရသည်မှာ ထင်ရှား​ပေသည်။ ၎င်းကို သူမအ​ဖေက ပြန်လည်ဖာ​ထေးပေးခဲ့သည်။ သူမ၏​ကျောပိုးအိတ်ကိုလည်း သူမအ​ဖေက ဂရုတစိုက်​ရွေးချယ်​ပေးခဲ့ခြင်းဖြစ်ပြီး ဆွဲသီး​လေးသည်ပင် သူမ နှစ်သက်​သောအရုပ်က​လေး ဖြစ်လာခဲ့သည်။


"တစ်ခါတစ်​လေကျ ထုတ်မ​ပြောပြဘူးဆိုရင် တစ်ဖက်လူက ဘယ်​တော့မှသိနိုင်မှာမဟုတ်ဘူး…" 

ကုယွီမြန်က ခံစားချက်ပြင်းထန်စွာဖြင့် နှင်းကျားသစ်​လေး၏ အ​မွေးထူထူလည်ပင်းတွင် ​ခေါင်းနစ်ဝင်ကာ ပွတ်သပ်လိုက်သည်။

"ဒီလိုမျိုးလွမ်း​နေရတာက သနားစရာ​ကောင်းတယ်..."


နှင်းကျားသစ်​လေးလည်း အံ့ဩသွားရသည်။


လွမ်းတယ်တဲ့လား...


သူ့နှလုံးသား​လေးက စိတ်လှုပ်ရှားစွာ ခုန်လှုပ်​နေ​သော်လည်း မကြာမီမှာပင် သူကိုယ်သူ နာကျင်စွာ​တွေးလိုက်မိသည်။ သူနှင့် ကုယွီမြန်က တစ်​ယောက်ကိုတစ်​ယောက် လွမ်းလိမ့်မည်မဟုတ်​ပေ။


သူ့ဆုံးဖြတ်ချက်က မှန်ကန်​ပေသည်။ သူသာ 'ရွှယ်ထွမ်' အဖြစ်မှ 'ရှို့ဟန်' အဖြစ်သို့ ​ပြောင်းလဲသွားလျှင် ကုယွီမြန်က သ​ဘောကျလိမ့်မည်မဟုတ်​ပေ။ ထိုကဲ့သို့ဖြစ်သွားမည်ကို သူ မလိုလားပေ။


"....."


သို့​သော် 'ထုတ်မ​ပြောဘူးဆိုရင် တစ်ဖက်လူက ဘယ်​တော့မှသိန်ိုင်မှာ မဟုတ်ဘူး' နှင့် 'ဒီလိုမျိုးလွမ်း​နေရတာက သနားစရာ​ကောင်းတယ်' ဟူသော စကားနှစ်ခွန်းက တစ်ချိန်လုံး သူ့စိတ်ထဲတွင် ရစ်ဝဲကျန်​ရှိ​နေ​ပေသည်။


၎င်းက သူ့ကို စိတ်အ​နှောင့်အယှက်ဖြစ်​စေသည်။


ထန်ယွမ်​လေးက အမြဲတမ်း တစ်ဖက်လူ၏စိတ်ခံစားချက်ကို နားလည်နိုင်စွမ်းရှိပြီး ခပ်ဝဝပန်ဒါ​လေး၏ မူလပုံစံအဖြစ်သို့ ​ပြောင်းလဲသွားခဲ့သည်။ ကုယွီမြန်နှင့်အတူ ငြိမ်သက်​နေပြီး ရင်ခွင်ထဲတွင်လှဲကာ သူ့လက်​လေးများဖြင့် ကုယွီမြန်၏လက်ကို ဆုပ်ကိုင်ထားသည်။


"​ကောင်းပြီ ဒါဆို အိပ်ရာဝင်ပုံပြင်​ပြောပြမယ်…ပြီးရင် အိပ်ကြမယ်…"

ကုယွီမြန် မီးများကို မှိတ်လိုက်ပြီး အိပ်ခန်းတစ်ခုလုံးတွင် ခပ်မှိန်မှိန်အပြာ​ရောင် အလင်း​ရောင်နှင့် ပြတင်း​ပေါက်အပြင်ဘက်ရှိ နက်ရှိုင်း​သောပင်လယ်ပြင်မှ အရိပ်များပင် ကျန်ရစ်ခဲ့သည်။ ထိုအရိပ်များက ​ရေကူး​နေ​သောငါး​လေး​များကြောင့် ​ပြောင်းလဲ​နေ​ပေသည်။


ဟက်စကီးလေးက ​စောင်၏အစွန်းကို ကိုက်ထားပြီး အိပ်ရာဝင်ပုံပြင်ကို ​စောင့်​မျှော်လျှက်ရှိသည်။ သူ ယခင်က စာ​ရေးရန် စိတ်ကူးစိတ်သန်း​ကောင်း​ကောင်းများကို မတွေး​တောနိုင်သည့်အတွက် စာ​ရေးခြင်းကို ရပ်တန့်ပစ်ခဲ့ရသည်။ သို့​သော် ကုယွီမြန်၏ အိပ်ရာဝင်ပုံပြင်ကို နား​ထောင်ပြီး တစ်ခါတစ်ရံ စိတ်ကူးစိတ်သန်းများ ရုတ်တရက်​ပေါ်လာပြီး ဇာတ်လမ်းအသစ်အတွက် မ​သေချာ​သေး​သော စာမူကြမ်းကို ရရှိခဲ့သည်။


ကုယွီမြန်နှင့်မ​တွေ့မီက စိတ်ကူးစိတ်သန်းများ မ​တွေး​တောနိုင်​တော့သည့် ပြဿနာမှာ ပို၍ပို၍ပြင်းထန်လာခဲ့သည်။ ကုယွီမြန်အိမ်သို့ ​ရောက်လာမှသာ မကြာခဏဆိုသလို တစ်စုံတစ်ခုကို ​ရေးသားနိုင်စွမ်းရှိလာခဲ့သည်။


ထန်ယွမ်​လေးနှင့်​ မြေ​ခွေး​လေးတို့က အလွန်ပူးကပ်​နေပြီး ကုယွီမြန်၏လက်​မောင်း​ဘေးတွင် ငြိမ်ငြိမ်က​လေး အနားယူ​နေကာ သူတို့၏မျက်လုံးများကို မှိတ်ထားကြသည်။


နှင်းကျားသစ်​လေးတစ်​ကောင်သာလျှင် တစ်စုံတစ်ရာကို စိတ်ပူ​နေပုံ​ပေါက်​နေ၏။ သူ၏ခဲပြာ​ရောင်မျက်လုံးများကို ​မှေးကျဉ်းထားလျက် ကုယွီမြန်ကို အချိန်ကြာမြင့်စွာ ခိုးကြည့်​နေခဲ့သည်။ ကုယွီမြန် လက်ဆန့်ထုတ်ကာ သူ့မျက်ခုံး​မွေး​လေးများကို ပွတ်သပ်​ပေးလိုက်သည်။


ကုယွီမြန် သူတို့အား ​ရေသူမ​လေးပုံပြင်ကို ​ပြောပြခဲ့သော်လည်း အဆုံးသတ်ကို ​ကောင်းမွန်​သောအဆုံးသတ်အဖြစ် ​ပြောင်းလဲလိုက်သည်။


"နောက်ဆုံးမှာ ​ရေသူမ​လေးနဲ့မင်းသား​လေးက ​ပျော်​ပျော်ရွှင်ရွှင်နဲ့ တစ်သက်လုံး အတူတူ​နေထိုင်သွားကြတယ်တဲ့…"


ပြတင်း​ပေါက်အပြင်ဘက်မှ ပင်လယ်​​ကြမ်းပြင်၏ အပြာရင့်ရင့်အလင်း​ရောင်က အိပ်ရာ​ပေါ်တွင် အနည်းငယ် ​တောက်ပ​နေသည်။ စကားအဆုံးတွင် က​လေးများ၏အသက်ရှူသံက ငြိမ်သက်ကာရှည်လျားလာသည်။



🐯🐯🐯