Chapter 208
Viewers 32k

🌍Chapter 208




ထန်​​မော့၏ ၀ါသနာများမှာ ​ခေတ်​ရေစီး​ကြောင်းအလိုက်ဟုဆိုနိုင်သည်။ 


"ကျွန်​တော်က စာ​ပေနဲ့ ကွန်ပျူ​တာ​တွေကိုသ​ဘောကျတယ်...ကျွန်​တော်တကယ်​တော့ကွန်ပျူတာတက်ချင်ခဲ့တာ..ဒါ​ပေမယ့်ကျွန်​တော့်အမှတ်​တွေကအဲ​လောက် မမြင့်ခဲ့ဘူး"


"ကွန်ပျူတာဟုတ်လား...ကွန်ပျူတာဂိမ်း​တွေ​ဆော့ရတာကြိုက်တာလား" 


ဘာ​ကြောင့်ရယ်မသိ။ ထန်​မော့လည်း ဖူ၀မ်ရှန်းအိပ်​နေသည့်​ဘေးတွင် စကားမြည်စဆို​နေရင်း ဘာကိုမှသိပ်မ​တွေးလိုက်မိ​ချေ။ 


"ခင်များ​ရောမ​ဆော့ဘူးလား...​သြော်ဟုတ်သား...တပ်ထဲမှာ ဘယ်လိုလုပ်ကွန်ပျူတာဂိမ်းရှိမှာလဲ" 


ဖူ၀မ်​သော်ကဆိုလိုက်သည်။


"ရှိပါတယ် ဒါ​ပေမယ့် အထူးအ​ခြေအ​နေမဟုတ်ရင် အင်တာနက်သုံးမရတာ​လေးပဲ"


ထန်​မော့ရှုပ်​ထွေးသွားခဲ့သည်။


"အထူးအ​ခြေအ​နေဟုတ်လား"


ဖူ၀မ်​​သော်က သာမာန်ကာလျှံကာဆိုလာသည်။


"ကိုယ်သုံးချင်ရင်ရတယ်​လေ"


"ခင်များက အထူးအ​ခြေအ​နေ​ပေါ့"


ဖူ၀မ်​သော်ကပြုံးလိုက်သည်။


"ကိုယ့်လက်သီးက အထူးအ​ခြေအ​နေပါ"


ထန်​မော့"..." 


ဖူ၀မ်​သော် အ​သေအချာ​ပြောမပြ​သော်လည်း ထန်​မော့မှာ တဖက်လူဟာသလုပ်​နေခြင်းသာဖြစ်​ကြောင်း ခံစားမိ​လေသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် ဤလူက အလွန်စည်းစနစ်တကျ​နေတတ်သူမှန်း သိသာလှသည်။ သူ၏လက်သီးကိုသုံး၍ စည်းမျည်းများကို အဘယ်​ကြောင့် ချိုး​ဖောက်ပါမည်နည်း။ ထိုဟာသမှာ သိပ်​တော့ မရယ်ရ​ချေ။ ထန်​မော့ သူ၏ကြက်သီး​မွှေးညှင်းများကို ပွတ်သပ်လျက် ​မေးလိုက်သည်။ 


"ခင်များ ဟာသ​ပြောတဲ့​နေရာမှာ သိပ်မ​တော်ဘူးထင်တယ်"


ဤတစ်ကြိမ်​​တော့ ဖူ၀မ်​သော် တိတ်ဆိတ်သွားရသည့်အလှည့်ပင်။ အ​တော်​လေးကြာပြီးမှ သူက​မေးလာခဲ့သည်။ 


"မရယ်ရဘူးလား"


ထန်​မော့မှာ အလွန်​လေးနက်စွာ​ဖြေ​ပေးလိုက်သည်။


"လုံး၀ပဲ" 


ဖူ၀မ်​သော်ကဆိုသည်။


"ကိုယ်အတတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ်"


" သိသာပါတယ်" 


၂ဦးသားမှာ တစ်​ယောက်ကိုတစ်​ယောက်ကြည့်လျက် မရယ်ပဲမ​နေနိုင်​တော့​ချေ။ 


"ကိုယ်ကဂိမ်း​ဆော့တာမှာ ပို​တော်တယ်"


ဖူ၀မ်​သော်မှာ သည်အတိုင်း​ပြောလိုက်မိပုံဖြင့်ဆိုလာသည်။ 


"ကိုယ်က ဆက်သွယ်ရမယ့်အ​ခြေအ​နေ​တွေဆို အွန်လိုင်းသုံးတယ်​လေ...တခြားအချိန်​တွေ​တော့ တစ်ခါတ​လေဂိမ်း​ဆော့တယ်"


သူက​ပြော​နေရင်းဖြင့် ထန်​မော့အား တိတ်တဆိတ်ကြည့်​နေခဲ့သည်။ 


ထန်​မော့က ဖူ၀မ်​သော်၏ အကြည့်ကိုသတိမထားမိခဲ့​ချေ။ သူကသာမာန်ကာလျှံကာ​မေးလိုက်သည်။ 


"ခင်များလည်း ဂိမ်း​တွေ​​ဆော့တယ်လား...ကျွန်​တော်က ခင်များအပြင်ကမ္ဘာနဲ့ အဆက်အသွယ်ပြတ်​နေ​လောက်မယ်ထင်တာ ...ဘာ​ဂိမ်း​တွေ​ဆော့ဖြစ်လဲ"


 á€–ူ၀မ်​သ္ဏ်မသဏ ဘာမျှမဆိုလာပဲ ထန်​မော့ကိုသာ စူးစိုက်ကြည့်​နေခဲ့သည်။ ထန်​မော့လည်း သူ၏အကြည့်ကိုသတိထားမိကာ အထူးအဆန်းပြန်ကြည့်လာခဲ့သည်။ 


"ဘာဖြစ်လို့လဲ"


ဖူ၀မ်​​သော်ကဆိုသည်။


"ဘာမှမဟုတ်ပါဘူး...ကိုယ်​ဆော့ဖြစ်တာက"


"အာ...အစ်ကိုထန် ကယ်..ကယ်ပါဦး" 


စူးရှ​သော အသံတစ်ခုကတိတ်ဆိတ်​သောညချမ်းကို ဖြတ်​တောက်သွားခဲ့သည်။ ထန်​မော့နှင့် ဖူ၀မ်​သော် ၂ဦးစလုံး ​ရှောင်ဖူကိုလှည့်ကြည့်လိုက်မိ​လေသည်။


​ရှောင်ဖူမှာ ​ချွေးများပြန်လျက် မျက်လုံးများပွင့်လာချိန်တွင် ဖူ၀မ်​​သော်ကို ​တွေ့လိုက်ရ​လေသည်။ သူကပို၍​ကြောက်ရွံ့လာခဲ့ပြီး တံ​တွေးကိုမြိုချကာ ထန်​မော့​ဘေးတွင်ကွယ်လိုက်သည်။ ထို့​နောက်သူက​ရေရွတ်လိုက်သည်။ 


"ကျွန်​​တော့်အသားကမချိုပါဘူး လုံး၀မချိုပါဘူး"


ဖူ၀မ်​သော်"..."


ထန်​မော့"..."


ဒီက​လေးဘယ်​လောက်​တောင်​ကြောက်​နေလိုက်သလဲ...စိတ်ဒဏ်ရာအ​​တော်ကြီးပုံရတယ်...


​ကောင်းကင်မှာ တဖြည်းဖြည်း လင်း​​ရောင်ခြည်သန်းလာခဲ့ပြီး ဖူ၀မ်​သော်မှာ အပြင်ဘက်၌ ထျန်းရွှမ်းအဖွဲ့မှ မည်သူမျှလာ​စောင့်မ​နေ​ကြောင်း ​သေချာ​စေရန် အတည်ပြုလိုက်သည်။ ထန်​မော့နှင့် ဖူ၀မ်ရှန်းလည်း ပစ္စည်းများသိမ်းလျက် ထွက်သွားရန်ပြင်လိုက်ကြ​လေသည်။  ယ​နေ့မနက်မှ အိပ်မက်​ယောင်ခြင်း​ကြောင့် ဖူ၀မ်ရှန်းမှာ ရှက်ရွံ့လွန်း၍ သူ့အစ်ကိုဖြစ်သူအား မျက်နှာချင်းမဆိုင်ရဲ​သေး​ချေ။ ထန်​မော့ကိုပင်လျှင် စကားမ​ပြောရဲရှာ​ချေ။


ဖူ၀မ်​သော် အ​ဝေးသို့​ရောက်သွားသည်နှင့် ထိုက​လေးမှာတံ​တွေးကိုမြိုချလျက်ဆိုလာခဲ့သည်။ 


"အစ်ကိုထန် မနက်ကအတွက် ​​တောင်းပန်ပါတယ်" 


ထန်​မော့လက်ကိုယမ်းလိုက်သည်။ 


"ရပါတယ်" 


​ရှောင်ဖူ၏ရင်ထဲတွင် သူ၏အစ်ကိုက မည်သို့အရိပ်မည်ကြီးဖြစ်​နေမှန်း သူရိပ်မိပါသည်။


ဖူ၀မ်ရှန်းမှာ သူ၏အ​တွေးကို ရိပ်မိပုံဖြင့် အလျင်အမြန်ရှင်းပြလာခဲ့သည်။ 


"ကျွန်​တော့်Geကအရင်ကဘယ်လိုလဲဆိုတာ အစ်ကိုမသိပါဘူး...သူတပ်ထဲမ၀င်ခင်က အများကြီးပိုဆိုးတယ်...သူက ခဏခဏ ကျွန်​တော့်ကိုလည်း အနိုင်ကျင့်တတ်​သေးတယ်...သူဘယ်လိုလုပ်လဲ​တော့မသိဘူး...ကျွန်​တော်အဲတုန်းကငယ်ငယ်​လေးပဲရှိ​သေးတာကို လူကြီးတွေကလည်းကျွန်​တော့်အပြစ်ပဲထင်ပြီး ကျွန်​တော့်ကိုပဲ ဆူကြတာ" 


ထန်​မော့မှာ ဖူ၀မ်​သော်တွင် ထိုကဲ့သို့ဘက်ခြမ်းလည်း ရှိလိမ့်မည်ဟု မထင်ထားခဲ့​ချေ။ 


ဖူ၀မ်ရှန်းမှာ အနိုင်ကျင့်ခံရ​သော ပုံ​လေးနှင့်ဆိုသည်။ 



"Geကဆိုးတယ်ဆို​ပေမယ့် ဦး​လေးဆုံးသွားပြီး​တော့ သူ တပ််ထဲ၀င်သွားတယ်​လေ.. ပြန်လာ​တော့ သူအများကြီးပို​ကောင်းလာတယ်...ဒါ​ပေမယ့်ဆိုး​နေတုန်းပဲ..." 


ဖူ၀မ်​ရှန်းမှာ ​တွေးလျက်ဆက်ဆိုသည်။ 


"သူကျွန်​တော့်ကိုအနိုင်ကျင့်ပြီးတိုင်း ပြန်​ချော့ဖို့ ​​လေယာဥ်​မော်ဒယ်​လေး​တွေ တိတ်တိတ်​လေး၀ယ်​ပေးတတ်တယ်...ကျွန်​တော့်မိဘ​တွေက ကျွန်​တော့်ကို​လေယာဥ်​တွေနဲ့​ဆော့တာမကြိုက်ကြဘူး​လေ...အခု​တော့ သူကကျွန်​တော့်ကိုအနိုင်မကျင့်​တော့ဘူးဆို​တော့ ​လေယာဥ်​တွေလည်းမရှိ​တော့ဘူး"


ထန်​မော့"..."


ဒီ​တော့ မင်းက မင်အစ်ကိုကို ဆက်အနိုင်ကျင့်​နေ​စေချင်တာလား...


ထန်​မော့မှာ ဤက​လေး အ​တွေးတို့က တဖြည်းဖြည်း နားလည်ရခက်လာသည်ဟု ​တွေးလိုက်မိသည်။ မိန်းမ​တွေ၏စိတ်ထက်​တောင် ရှုပ်​ထွေး​သေးသည်။


ဖူ၀မ်ရှန်းမှာလွယ်အိတ်ကို လွယ်လျက်ဆိုလိုက်သည်။


"ဒါ​ပေမယ့် ကျွန်​တော့်Geလည်း မလွယ်ကူခဲ့ပါဘူး" 


ကမ္ဘာ​ပေါ်တွင် လွယ်ကူ​​သော သူများအနည်းငယ်သာရှိလိမ့်မည်။ ထန်​မော့တိတ်တဆိတ် သူ၏ပစ္စည်းများကို သိမ်း​နေခဲ့သည်။


ဖူ၀မ်​ရှန်းက သူ့ဘာသူဆက်​ပြော​နေခဲ့သည်။ 


"Geကနိုင်ငံခြားမှာ ​ကျောင်းတက်ဖို့လုပ်ထားပြီးမှ မသွား​တော့တာကို မှတ်မိ​သေးတယ်...သူကအရမ်းအတော်ကြီးမဟုတ်​ပေမယ့် အထက်တန်းလည်းပြီးထားပြီး အင်္ဂလိပ်လည်း​တော်တယ်​လေ"


ထန်​မော့မှာ ဤက​လေးက သူ၏အစ်ကိုဖြစ်သူကို ချီးမွှမ်း​နေသည်လား မ​ကောင်း​ပြော​နေသည်လား နားမလည်နိုင်​အောင်ပင်။ 


"အစ်ကိုထန် တကယ်​တော့ကျွန်​တော့်မှာလည်း အင်္ဂလိပ်နာမည်ရှိတယ်...ကျွန်​တော် တာ့​​ရှောင်းလို့ အ​ခေါ်မခံချင်ဘူး..ကျွန်​တော့်ရဲ့ အင်္ဂလိပ်နာမည်အဖြစ်​ပြောင်းလိုက်လို့မရဘူးလား"


ထန်​မော့ ၄င်းကိုကြားလျှင် ဖူ၀မ်ရှန်းမှာ သူ၏ ကုဒ်အမည်ကို ​ပြောင်းလဲချင်​နေခဲ့သည်မှာ ကြာပြီဖြစ်​ကြောင်း နားလည်သွားခဲ့​လေသည်။ 


တခြားသူများ အလွယ်တကူ သိခြင်းကိုကာကွယ်ရန် ထန်​မော့မှာ သူ၏အမည်ကို ထန်ကျီဟု​ပြောင်းပြီး ဖူ၀မ်​​​သော်မှာလည်း ဗစ်တာဟု​ပြောင်းထားခဲ့သည်။ ဖူ၀မ်ရှန်းမှာမူ သူ၏ အစ်ကိုဖြစ်သူမှ တာ့​ရှောင်းဟု အမည်တွင်​စေသဖြင့် မ​ကျေနပ်ခြင်းပင်။


ဖူ၀မ်ရှန်းက ထိုအခွင့်အ​ရေးကို ဖမ်းဆုပ်လျက်ဆိုလာသည်။


"အစ်ကိုတို့၂​ယောက်လုံးကျ သာမာန်နာမည်​တွေနဲ့ ကျွန်​တော်ကျဘာလို့ မိန်းမနာမည်ကြီးလဲ ..ကျွန်​တော်လည်း Geလို အင်္ဂလိပ်နာမည်ပဲသုံးချင်တယ်..ကျွန်​တော့်အင်္ဂလိပ်နာမည်က​ကောင်းတယ်..​ဒေးဗစ်​လေ...ကျွန်​တော့်ကို ​ဒေးဗစ်ပဲ​​ခေါ်ပါ...အစ်ကိုထန် Geကို​ပြော​ပေးပါ...ကျွန်​တော်မ​ပြောရဲလို့"


ထန်​မော့မှာ 'ငါမင်းအစ်ကိုရဲ့ ဆုံးဖြတ်ချက်ကို ၀င်မပြင်နိုင်​ပေမယ့် ကြိုးစားကြည့်​ပေးပါ့မယ်'ဟု ဆို​တော့မည့်ဆဲဆဲပင်။ ရုတ်ချည်းသူတစ်ခုခုကို နားလည်သွားခဲ့သည်။ သူကထူးဆန်း​သော အမူအယာဖြင့်​မေးလိုက်မိ​လေသည်။


"မင်းအစ်ကိုရဲ့ အင်္ဂလိပ်နာမည်က ဗစ်တာလား"


ဖူ၀မ်ရှန်းမှာ အလွန်သဘာ၀ကျစွာပင် တုန့်ပြန်လာခဲ့သည်။ 


"အင်း"


ဖူ၀မ်​သောိသည် ပတ်၀န်းကျင်ကို စစ်​ဆေးပြီးသွားပြီး​နောက် ပြန်​ရောက်လာခဲ့သည်။ ထန်​မော့နှင့် ဖူ၀မ်ရှန်းမှာ ပစ္စည်းများကို သိမ်းဆည်းပြီးဖြစ်ကာ သူပြန်အလာကို ​စောင့်​နေခြင်းပင်။ ဖူ၀မ်​သော်မှာ ထန်​မော့နှင့် သူ၏ခပ်တုံးတုံးညီကိုကြည့်ကာဆိုလိုက်သည်။


"ဘာပြဿနာမှ မရှိဘူး သွားကြစို့"


၃​ယောက်သားထိုအ​ဆောက်အဦးမှ ထွက်ခွာလာခဲ့ကြသည်။ 


ရုတ်တရက် ဖူ၀မ်​သော်က ထန်​​မော့ကို လှည့်ကြည့်လာပြီး ထန်​မော့က အလျင်အမြန်အကြည့်လွှဲသွားခဲ့သည်။ 


ဖူ၀မ်​သော် မျက်ခုံးပင့်လိုက်မိသည်။ 


တစ်ခုခုဖြစ်​နေတာလား...


​နေ​ရောင်မှာ​မြေပြင်ကို​တောက်ပစွာ ဖြာကျလျက် ​ရွှေ​ရောင်အလင်းတစ်လွှာဖြင့်လွှမ်းခြုံထားခဲ့သည်။ ဤအ​ဆောက်အဦးမှာ ​လော့ဖုန်းချန်း​ပေးခဲ့​သော လိပ်စာနှင့် အလွန်နီးကပ်လှသည်။ ဖူ၀မ်​သော်၏ အိမ်ကို ထျန်းရွှမ်အဖွဲ့ကသိသွားပြီဖြစ်ကာ ​ရှောင်ဖူ၏အိမ်မှာလည်း မလုံခြုံ​ချေ။ ​ရှောင်ဖူ၏ အ​ဖေမှာအစိုးရအတွက် အလုပ်လုပ်သူဖြစ်ကာ ​ပေကျင်းတွင်လူသိများ​လေသည်။ အကယ်၍ ထျန်းရွှမ်အဖွဲ့သာ ထန်​မော့၏ တည်​နေရာကို မလိုက်နိုင်​တော့လျှင်​တောင် ဖူ၀မ်ရှန်း၏ အိမ်ကို အစိုးရအချက်အလက်များမှ ရှာ​ဖွေကာ ခြုံခိုတိုက်ခိုက်နိုင်​သေးသည်။


ထို့​ကြောင့် သူတို့သည် ဖူ၀မ်ရှန်း၏ အိမ်သို့မသွားခင်တွင် ​လော့ဖုန်းချန်း​ပြောပြလိုက်သည် အ​မေရိကမှလာသည့်လျှို့၀ှက်သတင်းကိုရှာ​ဖွေရန်  သု​တေသနစင်တာကို အရင်ဆုံးသွားမှာဖြစ်သည်။


လူ၃​ယောက်မှာ သူတို့၏ ကိုယ်အား ကြီးမား​သောအပင်ကြီးများကြားတွင် ပုန်းလျှိုးကွယ်လျှိုးဖြင့် လျင်မြန်စွာ​လျှောက်သွား​နေခဲ့သည်။ ထန်​မော့သည် အိတ်ထဲမှ စာရွက်တချို့ကိုထုတ်လျက် ထိုစာတွင်​​ရေးထား​သော လမ်း​ကြောင်းအတိုင်း သွားနိုင်ရန် ကြိုးစား​နေခဲ့သည်။ ဤသည်မှာ သူတို့မထွက်ခွာခင် ​လော့ဖုန်းချန်း​ပေးခဲ့​သော ​မြေပုံလည်းဖြစ်သည်။ ​


ပေကျင်းတွင် အနက်​ရောင်​မျှော်စင် ​လေ့လာ​ရေး သု​တေသနစင်တာ ၂ခုရှိ​လေသည်။ တစ်ခုမှာ ၇လမ်းတွင်ဖြစ်ကာ တစ်ခုက ​ချောင်းယန်ခရိုင်တွင်ဖြစ်သည်။


 â€‹á€œá€ąá€Źá€ˇá€–á€Żá€”á€şá€¸á€á€ťá€”á€şá€¸á€žá€Šá€şá€œá€Šá€şá€¸ လိပ်စာအတိအကျကို မသိဘဲထိုအချက်အလက်ကို ထိပ်တန်းလျှို့၀ှတ်ချက်အ​နေနှင့် ​​ပေကျင်းသု​တေသနစင်တာကို လွှဲ​ပြောင်း​ပေးထားသည်ကိုသာ သိ​လေသည်။ ဖြစ်​နိုင်​ချေအရှိဆုံးမှာ​တော့ ​ချောင်းယန်မှ သု​တေသနစင်တာဖြစ်​လေသည်။ 


"​ပေကျင်းမှာ အဆင့်မြင့် သုတေသနစင်တာ  ၁၇ခုရှိတယ် ​၂ခုကချောင်းယန်မှာ" 


ထန်​မော့မှာ စာရွက်​ပေါ်မှ ရိုးရှင်း​​သော ပုံက​လေးကို အ​တော်ကြာကြည့်​နေပြီး​နောက် သက်ပြင်းချလိုက်​လေသည်။ 


"ကံ​​ကောင်းရင်​တော့ ကျွန်​တော်တို့ အဲဒီစင်တာကို ၃ရက်အတွင်းရှာ​တွေ့မှာပါ... ကံမ​ကောင်းရင်​တော့ အချိန်​တော့ကြာမှာပဲ"


 â€‹á€œá€ąá€Źá€ˇá€–ုန်းခဝန်းဆွဲ​ပ္းခဲအ​သ္ဏ ​မြေပုံမှာ အလွန်အကြမ်းထည်ဆန်လွန်း​နေခဲ့သည်။


သူသည် ​ပေကျင်း၏ အထင်ကရ​နေရာများကို မှတ်သားထားပြီး ​မြေပုံ​ပေါ်တွင် စာလုံး၂၀​လောက်လည်း ​ရေးထား​သေးသည်၊ သူ၏ဆိုလိုရင်းအရ ဤ​နေရာ၂၀မှာ သု​တေသနစင်တာများဖြစ်နိုင်သည်ဟုပင် ။ ​လော့ဖုန်းချန်းမှာ ထိုစင်တာကို တစ်ကြိမ်သာ​ရောက်ဖူးပြီး ထိုစဥ်က သူကိုယ်တိုင်မှာ ကားထဲတွင်ထိုင်​နေခဲ့သည်။ အိပ်လည်းအိပ်​ပျော်သွား​သေးရာ ထိုသု​တေသနစင်တာထဲမည်သို့၀င်ခဲ့ရသည်ကို မသိ​တော့​ချေ၊ ဤ​နေရာများမှ အ​ခြေခံအချက်မှာ ​လေယာဥ်​ပေါ်မှ ဆင်းပြီး​နောက် ထိုစင်တာကို ​ရောက်ရန်ကြာချိန်နှင့် တွက်ဆထားခြင်းသာဖြစ်ကာ ​​ပေကျင်းတွင် သူလည်ပတ်ခဲ့​သော​နေရာတချို့သာဖြစ်သည်။


​မြေပုံတွင် ​နေရာ၂၀ရှိကာ အ​ဝေးဆုံးမှာ ဆယ်ကီလိုမီတာ​ကျော်​ဝေး​လေသည်။ ၄င်းတို့အားလုံးကိုရှာ​ဖွေရန် အချိန်အ​တော်ယူရမှာပင်။ 


ဖူ၀မ်​သော် ​မြေပုံကို ​ထောက်ပြလိုက်သည်။ 


"​နေရာCကို အရင်ဆုံးရှာကြည့်ရ​အောင်"


ထို​နေရာမှာ သူတို့လက်​ရှိ​ရောက်​နေ​သော​နေရာ၏ အ​ရှေ့ဘက် ၃ကီလိုမီတာအကွာတွင်ရှိ​လေသည်။


ထိုအမျိုးသားမှာ အနားသို့ရုတ်ချည်း​ရောက်ရှိလာပြီး ​မြေပုံကိုညွှန်ပြလာခြင်းပင်။ ထန်​မော့ အနည်းငယ်​နောက်ကိုတွန့်သွားမိလျက် ​ဖူ၀မ်​သော်အား​မော့ကြည့်လိုက်မိသည်။ အကြည့်ချင်းဆုံသွားပြီး​​နောက် ထန်​မော့တည်ငြိမ်စွာဆိုလိုက်သည်။ 


"အင်း အဲဒီကို သွားကြတာ​​ပေါ့"


အနက်​ရောင်အရိပ်၃ခုသည် မိုး​မျှော်တိုက်များအကြား လျင်မြန်စွာ​ရွေ့လျား​နေခဲ့သည်။ အ​ဆောက်အဦးတစ်ခုသို့အဖြတ်တွင် ထန်​မော့ရုတ်ချည်းရပ်တန့်သွားခဲ့​လေသည်။ သူ၏ကိုယ်မှာ နံရံတွင် တမဟုတ်ချင်းကပ်သွားလျက် လမ်းတစ်ဖက်ခြမ်းသို့ သတိဖြင့်ကြည့်လိုက်မိသည်။ သူသည် လူလတ်ပိုင်း၂ဦး လမ်းကိုဖြတ်ကူး​နေသည်ကို​တွေ့လိုက်ရသည်။


"ထျန်းရွှမ်ကမဟုတ်ဘူး"


ဖူ၀မ်ရှန်းက တီးတိုးဆိုသည်။ 


ထို၂​ယောက်ထွက်သွားသည်နှင့် သူတို့၃​ယောက်​ဆက်လက်ထွက်ခွာလာကြ​တော့သည်။


အကြမ်းထည်ဆန်လွန်း​သော ​လော့ဖုန်းချန်း၏ ​​မြေပုံ​ပေါ်တွင် ​ကောင်းကင်ဘုံဘုရား​ကျောင်း အကွာအ​ဝေး​ပေါ်မူတည်၍ ၃ကီလိုမီတာ အချင်း၀က်သတ်မှတ်၍ စက်၀ိုင်း​တစ်ခုကိုရေးဆွဲထားခဲ့ရသည်။ ထို့​နောက် ထိုစက်၀ိုင်းနယ်​မြေတစ်၀ိုက် ရှိ​နေနိုင်​သော သု​တေသနစင်တာများကို ရှာ​ဖွေရမည်ဖြစ်သည်။


ဖူ၀မ်​သော်ကဆိုသည်။ 


"အနက်​ရောင်​မျှော်စင်သု​တေသနစင်တာ​တွေကို ရိုးရိုး တက္ကသိုလ်ဓါတ်ခွဲခန်း​တွေအဖြစ် ရုပ်ဖျက်ထားတာ...ဥပမာ ရှန်ဟိုင်းက သု​​တေသနစင်တာကို ရိုးရိုး​ရေထုသယံဇာတ စူးစမ်း​​လေ့လာ​ရေး ဓါတ်ခွဲခန်းအဖြစ် ​အသွင်​​ပြောင်းထား​တာ​လေ...ဒါ​ပေမယ့်အဲလို​နေရာမျိုး​တွေက လုံခြုံ​ရေးတင်းကြပ်ပြီး​တော့ ပတ်ပတ်လည်မှာလည်း အ၀င်အထွက်နည်းနိုင်သမျှနည်း​အောင် ခွဲထားတာ"


ထန်​မော့လည်း ဖူ၀မ်​သော်၏စကားကိုကြားလျှင် ရိုးရိုးရုံးအ​ဆောက်အဦးများကို ပယ်ထုတ်လိုက်​​တော့သည်။ 


မြို့ထဲတွင် ဖုံးကွယ်ထား​သော ရုံးအ​ဆောက်အဦးများစွာရှိလေသည်။ မည်သူကမျှ လျှို့၀ှက်အနက်​ရောင်​​မျှော်စင်သု​တေသနစင်တာတစ်ခု ဤ​နေရာတွင်ရှိ​နေလိမ့်မည်ဟု ထင်ထားမည်မဟုတ်။ သို့​သော် ရုံးအ​ဆောက်အဦးများမှာ လူ၀င်လူထွက်များလွန်းကာ  ပုံမှန်မဟုတ်သည်တို့ကို ရှာ​တွေ့ဖို့လွယ်ကူလွန်းသည်။ သူတို့ရှာ​ဖွေ​နေသည်က သီးခြားရှိ​နေသည့် အ​ဆောက်အဦး​လေးများဖြစ်သည်။


ည​နေခင်းအ​ရောက်တွင် ထန်​မော့လမ်းကြားတစ်ခုကိုအဖြတ် အို​ဟောင်း​သော ၃ထပ်အ​ဆောက်အဦးကို​တွေ့လိုက်ရ​လေသည်။ သူကရုတ်တရက်၄င်းကို ညွှန်ပြလိုက်သည်။


"အဲဒီတစ်ခု​ရော" 


ဖူ၀မ်​သော်လည်း သူညွှန်ပြရာကို ကြည့်လျက် ​ခေါင်းညိတ်လိုက်သည်။


"ဖြစ်နိုင်တယ်"


၃​ယောက်လုံး လမ်းဖြတ်ကူးလျက် ထိုအ​ဆောက်အဦးဆီ ဦးတည်လိုက်ကြသည်။ လမ်းခွ​ဆုံကို ​ကျော်လွန်ခါနီးတွင် ထန်​မော့၏ ​ခြေလှမ်းတို့ ရုတ်ချည်းရပ်တန့်သွားခဲ့လေသည်။


🌍