Chapter 262
Viewers 22k

Volume 12 : ရူပဗေဒဌာန


Chapter 262 (ကြယ်ရောင်ကောင်းကင်ချောက်နက် ၁၄)

ကျန်းဖျင်စစ်၏ ကိုဩဒီနိတ်စနစ် အကူအညီဖြင့် မကြာမီ သူတို့နှစ်ဦးသည် လမ်းဆုံအနီးသို့ ရောက်လာကြသည်။ ယွဲ့ရှင်းဝမ်သည် မနီးမဝေးတွင် ကျိုဖုန်း၏လက်ထဲက အလင်းလုံးကိုတွေ့လိုက်ရပြီး ကျန်းဖျင်စစ်၏လက်ကို ကိုင်ထားရာမှ သူချက်ချင်း ဖြုတ်လိုက်သည်။

ကျန်းဖျင်စစ်သည် ဘာမှပြန်မပြောဘဲ သူ့လက်ကို သတိနဲ့ပြန်ရုတ်လိုက်သည်။

ထို့အပြင် ကောင်လေးနှစ်ယောက်က အတန်းဖော်များရှေ့မှာ လက်ကိုင်ပြီး ပေါ်လာပါက ရှင်းပြရခက်သည်။ ယွဲ့ရှင်းဝမ်သည် သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးကို မည်သို့သတ်မှတ်ရမည်ကို သေချာစွာမသိရသေးဘဲ သူ့အတန်းဖော်များကို ထုတ်ဖော်ပြောရန် အလျင်စလိုလုပ်ဖို့ မလိုအပ်ပါ။

ကျန်းဖျင်စစ်နှင့် ယွဲ့ရှင်းဝမ်တို့သည် ကောင်းကင်ယံမှ ပျံဝဲလာတာကို မြင်လိုက်ရသော ခယ်ရှောင်ပင်းသည် စိတ်လှုပ်ရှားစွာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ "ကောင်းလိုက်တာ၊ ရှင်းဝမ်က ဖျင်စစ်ကို တကယ်ရှာတွေ့သွားပြီ! ဖျင်စစ် ဒီမှာမရှိရင် ဘာလုပ်မလဲဆိုပြီး ငါတို့စိတ်ပူနေတာ"

ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်ကို ခေါ်ဆောင်ပြီး လူတိုင်းရှေ့သို့ မှန်မှန်ဆင်းသက်လိုက်သည်။ 

ကျိုဖုန်းက စိုးရိမ်တကြီးနဲ့ ပြောသည်။ "ဖျင်စစ် အဆင်ပြေရဲ့လား။"

ကျန်းဖျင်စစ်: "‌ကျွန်တော် အဆင်ပြေပါတယ်၊ လွတ်မြောက်ရေး pod က လေထုအလယ်မှာ ဆင်းသက်ပြီး ပတ်ဝန်းကျင်က မှောင်နေတာ။ လှုပ်ရှားဖို့ ကျွန်တော်က ဖော်မြူလာကို အသုံးမပြုနိုင်တာကြောင့် အခုအချိန်အထိ စောင့်နေတာ။ ရှင်းဝမ်က ကျွန်တော့်ဆီရောက်လာတာ ကံကောင်းတယ်။"

ရွှီယိရှန်းက ပြုံးပြီး ပြောလိုက်သည်။ "နောက်ဆုံးတော့ အဖွဲ့ဝင်အားလုံးကို ရှာတွေ့ပြီ၊ အားလုံးနဲ့အတူ ပူးပေါင်းဖို့ ပြန်သွားကြရအောင်။"

ခယ်ရှောင်ပင်းသည် လက်ပ်တော့ရှိ 3D ရုပ်ပုံအားဖွင့်၍ ပြောလိုက်သည်။ "ဂူထဲသို့ဝင်ပြီးနောက် ငါ ရှောင်ထူကို တစ်လမ်းလုံး စကင်န်ဖတ်ခိုင်းခဲ့ပြီး ငါ့လက်ပ်တော့က ဂူအတွင်းပိုင်းမြေပုံကို အလိုအလျောက် ဖန်တီးပေးတယ်။ ဒီလမ်းအတိုင်း ပြန်သွားရအောင်။"

ထိုအခိုက်အတန့်တွင် ဂူနက်ကြီးဆီမှ ဆူညံသော ဟိန်းသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

ဗလာဖြစ်နေသော လှိုဏ်ဂူအတွင်း ဒီစီဗယ်လ်မြင့်သံသည် မြေကြီးကွဲအက်သွားမည့် ပဲ့တင်ထပ်ကာ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများပင် အနည်းငယ် တုန်ခါသွားသည်။ လူတိုင်းသည် ခြေအောက်များယိုင်ကာ လဲကျလုနီးပါးဖြစ်နေကြသည်။ ယွဲ့ရှင်းဝမ်သည် သူ့ဘေးက ကျောက်တိုင်ကို အမြန်ထောက်လိုက်ပြီး မေးသည်။ "ဘာအသံလဲ"

ခယ်ရှောင်ပင်းက တုံ့ဆိုင်းသွားသည်။ "ဘာလို့ အဲဒါက သားရဲရဲ့ဟိန်းသံလို့ ငါထင်နေရတာလဲ။"

အားလုံးက တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း ရုတ်တရက် ကျိုဖုန်း၏အမူအရာပြောင်းသွားပြီး ရွှီယိရှန်းကိုကြည့်လိုက်ပြီး ပြောသည်။ "ဒီချောက်နက်ကြီးထဲမှာ ပုန်းနေတဲ့ သားရဲတစ်ကောင်တော့ မဟုတ်ဘူးမလား။"
 
အခြားသူများက ဒါကိုကြားသောအခါ ကျိုဖုန်းကို ကြည့်လာကြသည်။ "ချောက်နက်လား။"

ရွှီယိရှန်း၏ မျက်နှာမှာလည်း အနည်းငယ် ရုပ်ဆိုးသွားသည်။ အခုပဲ သူနဲ့ ကျိုဖုန်းက ကျန်းဖျင်စစ်ကိုရှာဖို့ ဘယ်ဘက်ခြမ်းကိုသွားခဲ့သည်။ လမ်းခရီးမှာ ချောက်နက်ကြီးတစ်ခုကို တွေ့သည်။ ကျိုဖုန်းက သံလိုက်ကို ပစ်ချလိုက်ပြီး ချောက်နက်ကို စူးစမ်းပေမဲ့ အဆုံးမဲ့ နက်မှောင်သော ချောက်နက်ကြီးက ဝါးမျိုသွားသကဲ့သို့ အသံတစ်သံမှ မကြားရပေ။

နှစ်ယောက်သား ပတ်ဝန်းကျင်ကို အလင်းရောင်ဖြင့် လင်းထိန်သွားစေပြီး အခြားလမ်းမရှိတာကို တွေ့သဖြင့် ချက်ချင်း ပြန်လှည့်သွားကြသည်။

ရွှီယိရှန်းက လေးလေးနက်နက် မျက်နှာထားနဲ့ပြောသည်။ "ချောက်နက်ထဲမှာ အိပ်နေတဲ့ သားရဲကို ငါတို့နှစ်ယောက် နိုးလိုက်မိတာ ဖြစ်နိုင်တယ်။"

ကျိုဖုန်းက မျက်မှောင်ကြုတ်ပြီး "ဒီဟိန်းသံကို နားထောင်ကြည့်ရသလောက်ကတော့ သားရဲအရွယ်အစားက မသေးလောက်ဘူး!"

ပထဝီဝင်ဌာန၏ "ရေခဲခေတ်" သင်တန်းတွင် ကမ္ဘာမြေပေါ်ရှိ သားရဲအများအပြားကို သူတို့ တွေ့ဖူးသည်။ အကြီးဆုံးရှေးခေတ်ဝက်ဝံကြီးကိုပင် စွမ်းရည်ဖြင့် သူတို့တွေ အလွယ်တကူ အမဲလိုက်သတ်ဖြတ်နိုင်သည်။

သို့သော် ယနေ့တွင် သူတို့ တည်ရှိရာ အယ်လ်ဖာ-71 ဂြိုဟ်ဖြစ်ပြီး သူတို့ လုံးဝမသိသော နယ်မြေဖြစ်သည်။ ဒီမှာရှိသော သားရဲများက ဘယ်လိုပုံစံလဲဆိုတာ ဘယ်သူသိမလဲ။ ဂြိုဟ်သား သားရဲများကို အမဲလိုက်ခြင်း၏ အရေးပါပုံကို သူတို့မသိပါ။ ထို့အစား သူတို့တွေ ဝါးမျိုခံရရင် ပိုဆိုးလိမ့်မည်။

ယွဲ့ရှင်းဝမ်သည် ချင်လုကို ကြည့်ပြီး မဆိုင်းမတွ ပြောလိုက်သည်။ "ကျောက်ထုလွှာလှုပ်ရှားမှု၊ အခုသွားတော့!"

ချင်လုသည် ကမ္ဘာလုံးကို သူမလက်ထဲတွင် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး 500 မီတာအကွာသို့ မျဉ်းဖြောင့်အတိုင်း အနေအထားကို ချက်ချင်းပြောင်းလိုက်သည်။

ကျောက်ထုလွှာလှုပ်ရှားမှု၏ အခြေခံသဘောတရားမှာ ခြေဖဝါးအောက်ရှိ မြေအနေအထားနှင့် အခြားသတ်မှတ်ထားသော မြေပြင်အနေအထားကို ပြောင်းလဲရန်ဖြစ်သည်။ ၎င်းသည် သူတို့၏ 183 သုတေသနအဖွဲ့အတွက် အမြန်ဆုံးလွတ်မြောက်သည့်နည်းလမ်းဖြစ်ပြီး 1 စက္ကန့်အတွင်း မီတာ 500 ပြေးနိုင်သည်။

သို့သော် ချင်လုသည် လူတိုင်းကို မီတာ 500 အကွာအဝေးသို့ ရွှေ့လိုက်သည့်အခိုက်တွင် သူတို့ခြေထောက်အောက်ရှိ မြေပြင်က ရုတ်တရက် ပြိုကျသွားတာကို မည်သူမျှ မမျှော်လင့်ထားပေ။

ယွဲ့ရှင်းဝမ်သည် ဦးစွာ လဲကျသွားပြီး ကျန်းဖျင်စစ်က သူ့ကို ဖမ်းဖို့ အလျင်စလို လှမ်းလိုက်သည်။

အနီးနားရှိ မြေပြင်သည် ကြီးမားသော မီးတောင်ပေါက်တစ်ခုကဲ့သို့ တိုက်ရိုက်ပြိုကျသွားသည်။

ယွဲ့ရှင်းဝမ်၏ ခန္ဓာကိုယ်သည် လေထဲတွင် တွဲလောင်းကျနေပြီး ကျန်းဖျင်စစ်၏ ညာလက်က သူ့ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ ဆွဲတင်လိုက်သည်။

ကျန်းဖျင်စစ်၏ လက်ဖဝါးပေါ်တွင် အားပြင်းသော စွမ်းအားတစ်ခု ရောက်ရှိလာပြီး ယွဲ့ရှင်းဝမ်သည် သူ့ဘေးနားရှိ ကျောက်တုံးကို အခြားလက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ကျန်းဖျင်စစ်၏ အင်အားဖြင့် လျင်မြန်စွာ တက်လာသည်။

ပြန်ကြည့်လိုက်တော့ ပြိုကျနေသောနေရာဟာ ကြီးမားသည့် ချောက်နက်ကြီးတစ်ခုဖြစ်နေတာကို မြင်လိုက်ရသည်။ ချောက်နက်ကြီးသည် အောက်ခြေမရှိဘဲ ပြုတ်ကျပါက ကျိန်းသေပေါက် တစ်စစီဖြစ်လိမ့်မည်။

ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်ကို ကြောက်စိတ်တွေ တသီကြီး ပြန်ကြည့်နေသည်။ တစ်ဖက်လူက သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး တည်ငြိမ်စွာ ပြောသည်။ "ဒီနေရာက မြေပြင်က အရမ်းမတည်မငြိမ်ဖြစ်ပြီး သားရဲက ငါတို့ကို လိုက်ဖမ်းနေတာ ဖြစ်နိုင်တယ်၊ အားလုံး သတိထားကြပါ!"

စကားများ ထွက်လာပြီးတာနဲ့ သူတို့ရပ်နေသော ကျောက်တုံးကြီးသည် အလယ်ကနေ ကွဲအက်သံ ထွက်လာ၏။

ချင်လု၏မျက်နှာသည် ဖြူဖျော့သွားပြီး တုန်တုန်ယင်ယင်အသံဖြင့် "ငါတို့ အရှေ့ကို နေရာဆက်ပြောင်းမှာလား။" အနေအထားပြောင်းပြီး အဲဒီနေရာက မြေကြီးရုတ်တရက်ပြိုကျရင် အားလုံးစုပေါင်းပြီး ချောက်ထဲကျသွားနိုင်သည်။ ပြိုကျနေသော ကျောက်တုံးတွေကြောင့် သူတို့ ချက်ချင်း နစ်မြုပ်သွားမှာ မဟုတ်ဘူးလား။

ကျန်းဖျင်စစ်က တိုးတိုးလေးပြောလိုက်သည်။ "ငါ့အနားမှာလာစုပြီး လေထဲကနေ သွားမယ်!"

အားလုံးသည် ကျန်းဖျင်စစ် အနီးတဝိုက်တွင် ချက်ချင်းစုရုံးကြပြီး ကျန်းဖျင်စစ်သည် သူ၏ညာလက်ကို မြှောက်ကာ ကိုသြဒီနိတ်စနစ်ကို အမြန်ဆွဲပြီး ဖော်မြူလာနှစ်ခုကို ဆက်တိုက်ရေးခဲ့သည်။ သူတို့ ခုနစ်ဦးသည် အတန်းနှစ်တန်းဖြင့် တန်းစီပြီး လေထဲသို့ တက်လာကာ ရှေ့ဘက်သို့ ရွေ့လျားသွားကြသည်။

လှိုင်းနှင့်တူသော sine လှုပ်ရှားမှုသည် လူတိုင်းနှင့် အလွန်ရင်းနှီးပြီး ပထမအကြိမ်ကဲ့သို့ မူးဝေမည်မဟုတ်ပါ။

သို့သော် ယခုအချိန်တွင် သူတို့သည် တည်ငြိမ်သောပတ်ဝန်းကျင်တွင် ရှေ့သို့မတိုးနိုင်ပေ။ ‌လက်ရှိတွင် မြေကြီးပြိုကျတာနဲ့ ပတ်ဝန်းကျင်က ကျောက်တုံးများသည် တုန်ခါနေပြီး အပြင်းအထန် ပြိုကျလာသည်။

ပြင်းအားရှစ် ငလျင်တစ်ခု ကြုံခဲ့ရသလို ဂူတစ်ခုလုံး တုန်ခါသွားသည်။

မရေမတွက်နိုင်သော ကျောက်စရစ်များ ပြိုကျကာ ဂူသည် ဖုန်မှုန့်များဖြင့် ပြည့်နေ၏။ ကျန်းဖျင်စစ်သည် လေထဲတွင် လူတိုင်း၏ လှုပ်ရှားမှုကို ထိန်းချုပ်ရန် ခက်ခဲသည်။ ကျောက်စရစ်ခဲ၏ လွှမ်းမိုးမှုအောက်တွင် သူသည် ရှေ့လမ်းကိုပင် မမြင်နိုင်ပါ။

ဗိသုကာဌာန၏ "မြို့ပြိုကျခြင်း" ထက် ပို၍ကြောက်စရာကောင်းသည့် ပတ်ဝန်းကျင်မြေပြင်သည် တုန်ခါနေပြီး ဂူပြိုကျသည့်အရှိန်က မြို့ပြိုကျသည်ထက် အဆပေါင်းများစွာ ပိုမြန်သည်။ 

ပိုဆိုးတာက မြို့ပြိုကျ‌သောအခါ ရှောင်ဖို့ လေထဲကို ပျံတက်နိုင်ပေမဲ့ ဂူပြိုကျပါက ပုန်းစရာနေရာ လုံးဝမရှိဘူး။ ထိပ်က ကျောက်တုံးများသည် ထူထပ်ပြီး ကျောက်တုံးများ ပြုတ်ကျသောအခါ ဒဏ်ရာ ရလွယ်သည်။ 

ကျန်းဖျင်စစ်သည် လူတိုင်းကို ထောင့်တစ်ဝိုက်သို့ ရွေ့သွားနေစဉ်တွင် ချွန်ထက်သော ကျောက်တုံးတချို့သည် မထင်မှတ်ဘဲ လေထဲသို့ ကျလာပြီး ကျန်းဖျင်စစ်၏ ဦးခေါင်းကို ထိသွားတော့မည်ဖြစ်သည်။ ယွဲ့ရှင်းဝမ်သည် ၎င်းကို စဉ်းစားရန် အချိန်မရှိသဖြင့် အော်လိုက်သည်။ "သတိထား!"

၎င်းကိုပိတ်ဆို့ရန် အဘိဓာန်ကိုအသုံးပြုဖို့ သူတွန့်ဆုတ်မနေဘဲ ထူထဲသောအဘိဓာန်မှ ကျောက်တုံးတချို့ကို ဖယ်ပစ်ခဲ့သည်။ ရုတ်တရက် သူ့လက်ကို ကျောက်တုံးတစ်ခု ထိသွားသည်။ ယွဲ့ရှင်းဝမ်သည် သူ့လက်ကို ဘီးဖြင့် ဖိလိုက်သလို ခံစားလိုက်ရသည်။ အရိုးကျိုးသွားသည့် ပြင်းထန်သော နာကျင်မှုသည် လက်ကောက်ဝတ်မှ ဆင်းသက်လာပြီး သူ၏ညာလက်က ချက်ချင်းပင် အကြောသေသွားသည်။

ကျန်းဖျင်စစ်သည် အသံကိုကြားတော့ ခေါင်းကိုလှည့်ပြီး မေးလိုက်သည်။ "မင်းအဆင်ပြေရဲ့လား။" 

ဖျင်စစ်သည် လေထုလှုပ်ရှားမှုဖော်မြူလာကို ကြိုးကိုင်နေပြီး အာရုံပျက်လို့မရပေ။ 

ယွဲ့ရှင်းဝမ်သည် အံကြိတ်ပြီး သူ့လက်ကို ပြန်ရုတ်ပြီး သူ့နောက်မှာ ဝှက်ထားလိုက်သည်။ သူ့လက်ဖဝါးမှ စိမ့်ထွက်နေသော သွေးများကို လျစ်လျူရှုကာ ငြိမ်သက်ဟန်ဆောင်ပြီး ပြောလိုက်သည်။ "ငါအဆင်ပြေပါတယ်။ ကျန်းရှောင်နျန်က ကျောက်တုံးတွေ ပြုတ်ကျတာကို တားဆီးဖို့ ခေါင်းပေါ်မှာ ငလျင်ဒဏ်ခံနံရံကို ဆောက်လိုက်!"

ငလျင်ဒဏ်ခံနံရံသည် ဦးတည်ရာသို့ အကန့်အသတ်မရှိဘဲ ပြုတ်ကျနေသော ကျောက်တုံးများကို ပိတ်ဆို့ရန်အတွက် မျက်နှာကျက်အဖြစ် ပြုလုပ်နိုင်သည်။ သို့သော် ငလျင်ဒဏ်ခံနံရံသည် သူတို့နှင့်အတူ မရွေ့နိုင်ဘဲ ဆောက်ပြီးသည်နှင့် နေရာတွင် ရှိနေမည်ဖြစ်သည်။

ရှေ့တိုးပြီး လမ်းတစ်လျှောက်နံရံများဆောက်ကာ ကျန်းရှောင်နျန်၏ စွမ်းရည်များက မလုံလောက်တော့ပေ။ ထို့အပြင် ငလျင်ဒဏ်ခံနံရံသည် လေထဲမှာ မနေနိုင်တော့ဘဲ ပြိုကျနေဆဲပါပဲ။ သူတို့သည် နံရံကိုသယ်ဆောင်ပြီး ရှေ့သို့ ပျံသန်းနိုင်ပါက လူတိုင်းကို ထိခိုက်မှုမှကာကွယ်ရန် ငလျင်ဒဏ်ခံနံရံသည် ခေါင်းထိပ်တွင် အမြဲရှိနေနိုင်သည်။

ဒါကိုစဉ်းစားရင်း ကျန်းရှောင်နျန်က အလျင်အမြန် ပြောလိုက်သည်။ "စီနီယာအစ်ကိုကျို၊ ငလျင်ဒဏ်ခံနံရံကို ပေါ့အောင်လုပ်ပေးနိုင်မလား။"

ကျိုဖုန်းက သူဘာကိုဆိုလိုသည်ကို နားလည်ပြီး ပြောလိုက်သည်။ "အင်း!"

ကျန်းရှောင်နျန်က ပြောသည်။ "ကျွန်တော့်ကို 3 စက္ကန့်လောက် အချိန်ပေးပါ၊ ကျွန်တော် နံရံကိုဆောက်ပြီး ငလျင်ဒဏ်ခံနံရံကို သယ်သွားကြမယ်။"

ကျန်းဖျင်စစ်သည် လေထဲတွင် ခေတ္တရပ်လိုက်ပြီး ကျန်းရှောင်နျန်သည် သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ပြီး 2m x 3m ငလျင်ဒဏ်ခံနံရံသည် လူတိုင်း၏ဦးခေါင်းထက်တွင် လျင်မြန်စွာ ထွက်ပေါ်လာပြီး ကျိုဖုန်းသည် ချက်ချင်းပင် ကိုယ်အလေးချိန်ကို လျှော့ချကာ ရွှီယိရှန်းနှင့် လက်ကို ဆန့်တန်းကာ အလွယ်တကူ နံရံကို မလိုက်သည်။

ကျိုဖုန်း၏ "တွန်းအား" စွမ်းရည်သည် တွန်းအားနှင့် တုံ့ပြန်မှုစွမ်းအားကို လျှော့ချနိုင်ပြီး ပွတ်တိုက်မှုကို ဖယ်ရှားနိုင်သည်။ သက်ရောက်မှုက ဒီလောက်ကောင်းမယ်လို့ မမျှော်လင့်ထားဘူး။ ရွှီယိရှန်းသည် လေးလေးနက်နက် သက်ပြင်းချကာ "ရေမြုပ်ပြားကို သယ်ထားရသလိုပဲ၊ ပေါ့လွန်းတယ်။"

ကျန်းဖျင်စစ်: "မြန်မြန်သွားရအောင်။"

ဤနံရံသည် သူတို့၏ဦးခေါင်းများကိုကျော်ကာ "အကာအရံ" အဖြစ်လုပ်ဆောင်ခြင်းဖြင့် ဂူအတွင်းမှကျောက်တုံးများပြိုကျလာပါက သူတို့အား ထိခိုက်မည်မဟုတ်တော့ပါ။

သားရဲ၏ဟိန်းသံသည် နားစည်များ ကွဲလုမတတ် အနောက်မှ ထွက်ပေါ်လာပြန်သည်။

အသံအတိုးအကျယ်ကို ကြည့်ပြီး သားရဲသည် သူတို့ကို လိုက်ဖမ်းကာ အားလုံးကို ကိုက်စားတော့မည် ဆိုသည့်အတိုင်း နီးကပ်လာလေပြီ။ ချောက်နက်ကြီးထဲမှာ နေထိုင်ကြသော သားရဲက ဘယ်လိုပုံစံရှိလဲ သူတို့ မသိဘူး။

ယွဲ့ရှင်းဝမ် သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ သူ့တစ်ကိုယ်လုံး ရုတ်တရက် တောင့်တင်းလာသည်...

အဲဒါက စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ ဧရာမ သားရဲကြီးပဲ!

နက်မှောင်ပြီး ဆံပင်ထူထူ၊ ၎င်း၏ခန္ဓာကိုယ်အနှံ့ အစိမ်းရောင်မျက်လုံးများနှင့် ၎င်း၏ခန္ဓာကိုယ်တစ်ဝိုက်တွင် မရေမတွက်နိုင်သော လက်တံများရှိသည်။ အလွန်ကြီးမားသည်မှာ သိသာထင်ရှားသော်လည်း ၎င်းသည် အရည်ကဲ့သို့ အက်ကွဲနေသောကျောက်တုံးများကြားတွင် လိုက်လျောညီထွေရှိပြီး လျင်မြန်စွာ တွားသွားနိုင်သည်။

ယွဲ့ရှင်းဝမ်သည် ခေါင်းကို လှည့်ပြီး မရေမတွက်နိုင်သော အစိမ်းရောင်မျက်လုံးတစ်စုံကို သူတွေ့လိုက်ရသည်။

ယွဲ့ရှင်းဝမ်၏ခန္ဓာကိုယ်ပေါ်ရှိ ကြက်သီးမွေးညင်းများ ထောင်လာပြီး အေးစိမ့်မှုက သူ့ကျောရိုးတစ်လျှောက် ဆင်းသက်သွားကာ သူ ကမန်းကတန်း လှည့်ပြီး အော်လိုက်သည်။ "မြန်မြန်လုပ်ကြ၊ အဲဒါက လိုက်မီနေပြီ!"

ကျန်းဖျင်စစ်၏မျက်နှာသည် လေးနက်ပြီး သူ၏ညာလက်က ဖော်မြူလာကို ချက်ချင်းပြင်ဆင်သည်။

သားရဲသည် မျက်တောင်ခတ်ကာ လက်တံတစ်ခုကို ဆန့်ထုတ်ကာ ရှေ့ကို လှုပ်ရှားလိုက်သည်— ၎င်းကြောင့် အရှေ့ဘက်ရှိ ကျောက်တိုင်တစ်ခုက ချက်ချင်း လှုပ်ယမ်းသွားကာ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများသည် ရူးသွပ်စွာ ပြိုလဲကျပြီး လမ်းကြောင်းကို တိုက်ရိုက်ပိတ်ဆို့ကာ ကျောက်နံရံတစ်ခု ဖြစ်လာသည်။

လေထဲတွင် ပျံဝဲနေသူတိုင်းသည် ကျောက်နံရံနှင့် တိုက်မိလုနီးပါး ဖြစ်နေသည်။ ကျန်းဖျင်စစ်သည် အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ဖော်မြူလာကို ချက်ချင်းရပ်ပစ်လိုက်သည်။ ယွဲ့ရှင်းဝမ်သည် သူ၏ လက်ကောက်ဝတ်မှ ပြင်းထန်သော နာကျင်မှုကို တောင့်ခံပြီး အဘိဓာန်ရှိ idiom ကို အမြန်ဖတ်လိုက်သည်။ "ရွှေပုစဉ်းရင်ကွဲခွံ!"

လူတိုင်းသည် ကျောက်နံရံတစ်ဖက်သို့ ချက်ချင်းဖြတ်ကျော်သွားကြပြီး ကျန်းဖျင်စစ်သည် ဖော်မြူလာကို တစ်ဖန်စတင်ကာ လူတိုင်းကို ထွက်ခွာသွားခဲ့သည်။

"အော်—"

သားရဲ၏ဟိန်းသံသည် သူတို့နှင့် နီးကပ်လာပြီး ဂူသည် လုံးဝပြိုကျစပြုလာသည်။ လေထဲတွင် ပျံသန်းနေသော လူ 7 ဦးသည် ကြီးမားသောပင့်ကူအိမ်ကြီးမှ လွတ်မြောက်ရန် ကြိုးစားနေသည့် ခြင်သေးသေးလေးများဖြစ်ပြီး ခြေလှမ်းတိုင်းက အလွန်ခက်ခဲပါသည်။

ဒီစိတ်လှုပ်ရှားစရာကောင်းသော လွတ်မြောက်မှုဖြစ်စဉ်က လူတိုင်းကို ကျောကုန်းပေါ်မှာ အေးစက်စွာ ချွေးတွေထွက်စေခဲ့သည်။

ကျန်းဖျင်စစ်သည် အကြီးမားဆုံးဖိအားအောက်တွင် ရှိနေခဲ့သည်။ လူတိုင်းအား ကျောက်နံရံကို မထိမိစေရန် လှုပ်ရှားမှု၏ မျဉ်းကွေးကို ပြုပြင်မွမ်းမံဖို့ အာရုံစိုက်နေရသည်။ ပြိုကျနေသော ကျောက်တုံးများနှင့် ပြည့်နှက်နေသော လှိုဏ်ဂူထဲတွင် ပတ်ပတ်လည် ပြိုကျနေသဖြင့် ထိုသို့ပြုလုပ်ရန် အလွန်ခက်ခဲပါသည်။ သို့သော် သူလုပ်ခဲ့သည်။

စိတ်လှုပ်ရှားစရာ 1 မိနစ်အကြာတွင် သူတို့သည် နောက်ဆုံးတွင် ဆိုးဆိုးရွားရွားအခြေအနေကနေ ဂူထဲမှ လွတ်မြောက်ခဲ့ကြသည်။

ရှေ့တွင် အလင်းတန်းတစ်ခု ပေါ်လာကာ ၎င်းက ရှင်းယန်၏ အရက်မီးခွက် အလင်းရောင်ဖြစ်သည်။ ကျန်းဖျင်စစ်၏အမူအရာမှာ အေးခဲသွားပြီး လူခုနစ်ဦးကို ဂူအပြင်ဘက် ရှင်းယန်ရှေ့သို့ တိုက်ရိုက်ကျသွားစေရန်အတွက် ဖော်မြူလာကို အမြန်ပြန်လည်ပြင်ဆင်ခဲ့သည်။

သူတို့၏ ရုပ်ဆိုးသော မျက်နှာများကို မြင်လိုက်ရသဖြင့် လျှိုကျောက်ချင်းက သူတို့ကို အလျင်စလို နှုတ်ဆက်လိုက်သည် "ဘာဖြစ်နေတာလဲ။"

"ဂူထဲမှာ သားရဲတစ်ကောင်က ကျွန်တော်တို့နောက်ကို လိုက်နေတယ်။" ယွဲ့ရှင်းဝမ်က ပြတ်ပြတ်သားသားပြောလိုက်သည်။ "ကျန်းရှောင်နျန်၊ လမ်းကိုပိတ်ဆို့ဖို့ နံရံဆောက်လိုက်!"

"နားလည်ပြီ!" ကျန်းရှောင်နျန်သည် ချက်ချင်းပဲ အလုပ်စလုပ်ကာ နံရံတော်တော်များများ ဆက်တိုက်ပြိုကျပြီး ဂူပေါက်ဝကို တိုက်ရိုက်ပိတ်လိုက်သည်။

အတွင်းမှ ပြိုကျသံနှင့် ဟိန်းဟောက်သံများ ထွက်ပေါ်လာကာ ဂူကို ပိတ်ဆို့ထားသည့် နံရံများသည် အဆက်မပြတ် တုန်ခါနေပြီး ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များက နေရာအနှံ့ ပျံဝဲနေသဖြင့် လူများ ထိတ်လန့်သွားကြသည်။

ယွဲ့ရှင်းဝမ်: "နံရံကို ဖြိုခွဲပြီး အပြေးအလွှားထွက်တာကို တားဆီးဖို့အတွက် မီးတောင်ရဲ့တစ်ဖက်ကို အရင်သွားသင့်တယ်၊ ပြီးမှ အနာဂတ်အစီအစဉ်ကို ဆွေးနွေးရမယ်။"

ချင်လုသည် အသိစိတ်ဖြင့် ကမ္ဘာကို ထုတ်လိုက်ပြီး နေရာများပြောင်းကာ လူတိုင်းကို မီးတောင်၏ တစ်ဖက်ဆီသို့ ဦးတည်သွားခဲ့သည်။ ဂူနှင့် ဆန့်ကျင်ဘက်ဖြစ်သော မြင့်မားသောအပူချိန်သည် လူတိုင်းကို ပိုမိုသက်တောင့်သက်သာဖြစ်စေသည်။

ခယ်ရှောင်ပင်းက သက်ပြင်းတစ်ချက်ချရင်း "ဂူက လုံးဝပြိုကျသွားတယ်။ ငါတို့ အမြန်ပြေးလာခဲ့တာ ကံကောင်းတယ်၊ မဟုတ်ရင် အဲဒီထဲမှာ နစ်မြုပ်သွားလိမ့်မယ်!" ရွှီယိရှန်းက သူ့နားထင်များကို ပွတ်သပ်လိုက်သည်။ "ဒီအကောင်ရဲ့ တစ်ကိုယ်လုံးမှာ မျက်လုံးတွေရှိတယ်၊ ရွံစရာကြီး!"

လျှိုကျောက်ချင်းက မေးလိုက်သည်။ "မင်းတို့အားလုံး ဒဏ်ရာရကြလား။"

အားလုံးအဆင်ပြေတယ်လို့ ပြောကြသည်။ ထိုအခိုက်တွင် ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်၏ ညာဘက်လက်ကောက်ဝတ်ကို ရုတ်တရက်ဆွဲကိုင်လိုက်ပြီး ဂရုတစိုက်ကြည့်ရှုရန် သူ့လက်ကို မျက်လုံးများရှေ့တွင် ထားလိုက်သည်။

အနီရောင်တောက်တောက် သွေးများက ယွဲ့ရှင်းဝမ်၏ လက်ဖဝါးတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး သူ့လက်ကောက်ဝတ်များတွင် ကြီးမားသော ဒဏ်ရာများ ရှိနေသည်။ ဒဏ်ရာဒဏ်ချက်တွေက ထိတ်လန့်စရာပင်။ ကျန်းဖျင်စစ်သည် အသက်ရှူကျပ်လာပြီး သူ့မျက်နှာက ရုတ်တရက် အလွန်ရုပ်ဆိုးသွားသည်။ "မင်းဒဏ်ရာရထားတာ ဘာလို့ ဘာမှ မပြောရတာလဲ။"

ယွဲ့ရှင်းဝမ်၏လက်သည် နာကျင်မှုကြောင့် ထုံကျင်နေသော်လည်း သူသည် အကောင်းမြင်စွာ ပြုံးပြီး ပြောနေသေးသည်။ "ရပါတယ်၊ ဒါက အရေပြားဒဏ်ရာပါပဲ။"

ကျန်းဖျင်စစ်၏ စူးစူးရှရှအကြည့်ကို ရင်ဆိုင်ရင်း ယွဲ့ရှင်းဝမ်သည် ခေါင်းငုံ့ကာ နူးညံ့စွာ ပြောလိုက်သည်။ "ငါ မင်းကို အာရုံမလွဲစေဘဲ ဖော်မြူလာတွက်ချက်တာကို မထိခိုက်စေချင်လို့ပါ။ အဲဒီအချိန်တုန်းက ကျောက်တုံးက မင်းခေါင်းကို ထိလုနီးပါးပဲလေ..."

ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်လိုက်သည်။ "ဒီတော့ ပိတ်ဆို့ဖို့အတွက် မင်းလက်ကို သုံးခဲ့တာလား။"

ယွဲ့ရှင်းဝမ်က ငြင်းဆန်သည်။ "ငါ အဲဒါကို ပိတ်ဆို့ဖို့ အဘိဓာန်ကို သုံးခဲ့တာ၊ ဒါပေမဲ့ ပြုတ်ကျနေတဲ့ ကျောက်တုံးတွေက အများကြီးပဲ၊ အဲဒီထဲက နှစ်ခုကို မပိတ်နိုင်လိုက်ဘဲ ငါ့လက်ကို မတော်တဆ ထိမိသွားတာ။" ထိုသို့ပြောပြီး သူက စနောက်သေးသည်။ "မင်း သတိလစ်သွားတာထက် ငါ့လက်ကို ထိသွားတာက ပိုကောင်းတယ်မဟုတ်ဘူးလား။"

နှလုံးနှင့် ချိတ်ဆက်ထားသော လက်ဆယ်ချောင်းကြောင့် ရှင်းဝမ်သည် ထိုအချိန်တွင် နာကျင်မှုကို ခံစားခဲ့ရသော်လည်း ယခုအချိန်အထိ စကားတစ်လုံးမှ မပြောဘဲ တိတ်တဆိတ် သည်းခံခဲ့သည်။

ကျန်းဖျင်စစ်၏ စိတ်အခြေအနေသည် အလွန်ရှုပ်ထွေးနေ၏။

သူက ရှင်းဝမ်ကို အမြဲကာကွယ်ချင်သလို ရှင်းဝမ်ကလည်း သူ့ကို မသိလိုက်ဘဲ ကာကွယ်ပေးနေခဲ့သည်။

တစ်ယောက်ကိုတစ်ယောက် အားကိုးပြီး တစ်ယောက်ကိုတစ်ယောက် ကာကွယ်စောင့်ရှောက်ကြတာက ဆက်ဆံရေးတစ်ခုမှာရှိသင့်သောအရာဖြစ်သည်။ အရေးကြီးသောအခိုက်အတန့်တွင် မသိစိတ်၏တုံ့ပြန်မှုသည် ကျိုးကြောင်းဆီလျော်မှုထက် လုပ်ဆောင်ချက်ကို ပိုမိုကြီးမားစေသည်။ အကယ်၍ သူသာဆိုလျှင် ရှင်းဝမ်အတွက် မဆိုင်းမတွ ပြိုကျနေသော ကျောက်တုံးများကို တားဆီးရန် ကူညီပေးလိမ့်မည်။

ဒါက သူတို့ရဲ့ အပြန်အလှန်နားလည်မှု ဖြစ်နိုင်သလား။