Chapter 138
Viewers 36k

💮Chapter 138



ရှေ့ဆုံးတွင် ရှိနေသည့် မိန်းမစိုးမှာ ရှောင်ရွှမ်ကျီဖြစ်သည်။

 

ဝမ်ချီ နန်းတော်အတွင်းမှ ဘေးကင်းကင်း ထွက်လာသည်ကို မြင်ရသည့်နောက် ရှောင်ရွှမ်ကျီ၏ အမူအရာသည်လည်း သိသိသာသာ ပြေလျော့သွားသည်။ သူက အမြန်ပြေးလာ၏။

“သခင်လေး အချိန်မရှိတော့ဘူး … ရထားလုံးပေါ်တက်ပါ ..”

 

ဝမ်ချီက အားကူကိုဖက်ကာ ရထားလုံးအတွင်းသို့ ဝင်လိုက်သည်။

 

ရထားလုံးက ဝမ်ချီစီးနေကျ ရထားလုံးများကဲ့သို့ မကောင်းမွန်သည့်တိုင် စောင်များ၊ အစားအစာများနှင့် ပြည့်ပြည့်စုံစုံ ရှိနေ၏။

 

ဝမ်ချီက အားကူကိုအောက်ချလျက် ထိုင်ချလိုက်သည်။

 

အားကူက ရုတ်တရက်ကြောင်အသွားကာ မသက်မသာဖြစ်ဟန်ဖြင့် ဝမ်ချီ၏ ဘောင်းဘီစကို ကုတ်ခြစ်လိုက်၏။ ဝမ်ချီ မည်သို့မှ မတုံ့ပြန်သည်ကို တွေ့လိုက်ရသည့်နောက် သူက ဝမ်ချီ၏ခြေထောက်ကို ခေါင်းဖြင့်တိုးဝှေ့လိုက်သည်။

 

ဝမ်ချီ ခေါင်းငုံ့ကြည့်လိုက်ချိန်တွင် သူ့အား ကြည့်နေသည့် မျက်ဝန်းနက်တစ်စုံကို တွေ့လိုက်‌ရ၍ ရယ်လိုက်မိ၏။ သူက အားကူအား မပွေ့ချီချင်ခြင်းမဟုတ်ပဲ ရုတ်တရက် မသက်မသာ ခံစားနေရ၍ မပွေ့နိုင်ခြင်းဖြစ်သည်။

 

ဝမ်ချီက သူ့ရင်ဘတ်အတွင်း၌ တစ်စုံတစ်ခု နင်နေသကဲ့သို့ မသက်မသာ ခံစားနေရသည်။ ထိုသို့ခံစားနေရသည်မှာ အချိန်အနည်းငယ် ကြာပြီဖြစ်၏။

 

သူက ဤရက်ပိုင်းတွင် အိပ်မပျော်သဖြင့် ထိုသို့ဖြစ်သည်ဟု ထင်ခဲ့သည်။

 

သို့သော် အားကူက ထိုအချက်ကို မသိ၍ ဝမ်ချီ၏ ခြေထောက်ကိုသာ တိုးဝှေ့နေ၏။

 

ဝမ်ချီက အားကူ၏ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ 

“လိမ္မာတယ် … ကိုယ့်ဘာကိုယ်နေဦးနော် …”

 

အားကူက ခေါင်းလေးစောင်းလိုက်သည်။ ထို့နောက် ဝမ်ချီပြောသည်ကို နားလည်သွားဟန်ဖြင့် အမြှီးလေးတယမ်းယမ်းဖြင့် ရထားလုံးအား အနံ့ခံနေတော့၏။

 

ဝမ်ချီက အားကူသူ့အနီးတွင် မရှုပ်တော့သည်ကို တွေ့ရချိန်မှသာ မျက်လုံးများကို မှိတ်ချလိုက်သည်။ ယခင်ကဆိုလျှင် သူ အနည်းငယ် အနားယူလိုက်သည်နှင့် ထိုမသက်မသာဖြစ်မှုက ပျောက်ကွယ်သွားလေ့ရှိ၏။ သို့သော် ယခုမူ ပျောက်ကွယ်မသွားသည့်အပြင် ပို၍ မသက်မသာခံစားလာရလေသည်။

 

ဝမ်ချီ၏ မျက်ခုံးများ စုကျုံ့လာ၏။ သူက ယောဖန်း ပေးခဲ့သောစောင်ကို လက်ချောင်းများဖြင့် တင်းတင်းဆုပ်ကိုင်လိုက်သည်။

 

မကြာမီတွင် ယောထောင်က သူ ထူးဆန်းနေသည်ကို ခံစားမိသွားကာ သူ့အနီးသို့ ချဉ်းကပ်လာ၏။

“သခင်လေး …”

 

ဝမ်ချီက မျက်လုံးဖွင့်ကြည့်ကာ ထူးလိုက်သည်။

 

ယောထောင်က ဝမ်ချီ၏ နဖူးအား စမ်းသပ်လိုက်သည်။ သူမက ဝမ်ချီ ဖျားမနေကြောင်း အတည်ပြုပြီးမှသာ ဝမ်ချီ့မျက်နှာကိုကြည့်ကာ ပြောလိုက်သည်။

“သခင်လေး … ဘာများဖြစ်လို့လဲ …”

 

“ငါနေလို့မကောင်းဘူး …ဒါပေမယ့် ဘာလို့အဲဒီ့လိုဖြစ်နေမှန်း ငါမသိဘူး … ဒီရက်ပိုင်း ကောင်းကောင်းမနားရလို့ဖြစ်မယ် … နည်းနည်းအိပ်လိုက်ရင်တော့ ကောင်းသွားမှာပါ …”

ဝမ်ချီ သက်ပြင်းချလိုက်သည်။


ယောထောင်က ဆေးမကုတတ်သဖြင့် ဝမ်ချီ့ကို ကြည့်ရင်း စိတ်ပူလာ၏။ သူမက ရှောင်ရွှမ်ကျီအား ရှာရန် တွေးလိုက်မိသော်လည်း သူတို့က လမ်း၌သာ ရှိနေကြသေးသည်။ ထို့ကြောင့် သူမ ထိုအကြံကို လက်လျှော့လိုက်ရ၏။

 

“သခင်လေး … ခဏလောက်သည်းခံပေးပါ ...ကျွန်မတို့ အဲဒီ့နေရာကိုရောက်ရင် သခင်လေးအတွက် သမားတော် ပင့်ပေးပါ့မယ် …”

ယောထောင်က ဝမ်ချီအား စောင်ခြုံပေးကာ နှစ်သိမ့်လိုက်သည်။


ဝမ်ချီ၌ စကားပြောရန်ပင် အားမရှိ၍ ခေါင်းသာညိတ်လိုက်နိုင်၏။

 

ထိုအချိန်တွင် ယောဖန်းသည်လည်း စိုးရိမ်စွာဖြင့် လက်ဖက်ရည်နွေးနွေး တစ်ခွက်ကို ကိုင်လျက်ရှိနေ၏။ ယောဖန်းက ခွက်ကို ဝမ်ချီ့ထံ ကမ်းပေးလိုက်သည်။ 

“သခင်လေး … လည်ချောင်းမခြောက်အောင် လက်ဖက်ရည်လေး သုံးဆောင်ပါဦး …”

 

ဝမ်ချီက မငြင်းဆန်ဘဲ ယောဖန်း၏အကူအညီဖြင့် လက်ဖက်ရည်တစ်ငုံ သောက်လိုက်၏။

 

ယောဖန်းက စိုးရိမ်တကြီး စောင့်နေခဲ့သေးသည်။ ဝမ်ချီ ရေထပ်သောက်လိုစိတ်မရှိကြောင်း သိမှသာ လက်ဖက်ရည်ခွက်ကို ပြန်ချကာ သွားရည်စာမုန့်များကို ချက်ချင်း ယူလိုက်သည်။

“သခင်လေး … ဒီမုန့်တွေက လတ်လတ်ဆတ်ဆတ်လုပ်ထားတာပါ .. အားလုံးက သခင်လေးရဲ့ အကြိုက်တွေချည်းပဲ … သခင်လေး သုံးဆောင်ချင်လား …”

 

ယောဖန်း၏ စကားမဆုံးခင် ဝမ်ချီက ဆီကြော်မုန့်များ၏ ရနံ့ကို ရလိုက်သည်။ သူက အန်ချင်စိတ်ကို ထိန်းကာ လှည့်ကြည့်လိုက်၏။ ယောဖန်းက ကြက်ကြော်ပန်းကန်ကို ကိုင်ထားလေသည်။

 

နန်းတော်ရှိ စားဖိုမှူးများက အကြော်အလှော်များ တစ်ခါမှ မလုပ်ဖူးသလောက်ရှိကြသည်။ သို့သော် ဝမ်ချီက ဆီကြော်များကို စားသုံးရင်း ကြီးပြင်းလာခဲ့သူဖြစ်၍ သူက စားဖိုမှူးများကို လမ်းညွှန်ကာ ကြက်ကြော်ကြော်စေခဲ့ခြင်းပင်။

 

ကြက်ကြော်များမှာ မည်သည့်အချိန်၌ ကြော်လှော်ထားသည်ဖြစ်စေ  အရသာရှိကြသည်။ ပုံမှန်အားဖြင့် ဝမ်ချီက အနံ့ရသည်နှင့် သွားရည်ယိုမိမည်ဖြစ်၏။ သို့သော် ယခုမူ တူညီသော ရနံ့အား ရနေသည့်တိုင် အန်ချင်စိတ်ကသာ သူ့လည်ချောင်းတစ်လျှောက် ဆန်တက်လာခဲ့သည်။

 

“အွတ် …”

ဝမ်ချီက ပန်းကန်ထဲသို့ အန်ချလိုက်၏။

 

သူအလွန်မသက်မသာ ဖြစ်နေသည်။ သူ၏ အာရုံကြောများက ဝေဝါးနေပြီး အာရုံခံစားမှုတစ်ခုလုံးက ဆီကြော်မုန့်၏ အနံ့များဖြင့်သာ ပြည့်နှက်နေ၏။


ဝမ်ချီက ပါးစပ်ကို လက်နှစ်ဖက်ဖြင့် ပိတ်လိုက်သည်။ ထို့နောက် ခေါင်းကို အမြန်လှည့်လိုက်၏။ သို့သော် မကြာမီမှာပင် ထပ်မံပျို့တက်လာပြန်သည်။

 

ကံကောင်းစွာဖြင့် သူက ဤနေ့ရက်များတွင် စားချင်စိတ်များများစားစား မရှိခဲ့ပေ။ ထို့ကြောင့် ဝမ်ချီက ရေများကိုသာ အန်ထုတ်ခဲ့၏။

 

ယောဖန်းနှင့် ယောထောင်တို့က ထိတ်လန့်သွားကာ မျက်နှာတစ်ခုလုံး ဖြူလျော်လာကြသည်။

 

အဆုံးသတ်တွင် ယောထောင်က ဦးဆုံးသတိပြန်ဝင်လာပြီး ဝမ်ချီ၏ လက်များကိုသုတ်ပေးလိုက်ရင်း ကျောကိုလည်း ပုတ်ပေးလိုက်၏။

 

“ယောဖန်း …အဲဒါတွေကို လွှင့်ပစ်လိုက်စမ်းပါ …”

ယောထောင်က စိုးရိမ်တကြီး ပြောလိုက်သည်။


ထိုအချိန်မှသာ ယောဖန်းက အဆိုပါ သွားရည်စာများကို ရထားလုံးပြတင်းပေါက်မှတစ်ဆင့် လွှင့်ပစ်လိုက်၏။ သူမက အသက်ပြင်းပြင်းရှူကာ သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းလိုက်ရင်း ဝမ်ချီ၏ကျောပြင်ကို ပုတ်ပေးလိုက်သည်။

 

ဝမ်ချီက ခဏကြာ ပျို့နေခဲ့ပြီးနောက် ရပ်သွားခဲ့သည်။ သို့သော် မူးဝေမှုက အပ်ချည်မျှင်တစ်မျှင်ကဲ့သို့ သူ၏ အာရုံကြောများအား ရစ်ပတ်လျှက်ရှိနေဆဲပင်။

 

ယောဖန်းက ညင်သာစွာ မေးလိုက်သည်။

“သခင်လေး သက်သာလား ..”

 

ဝမ်ချီက သူ့ထံသို့ ရောက်လာသည့် အားကူ၏ ဦးခေါင်းလေးကို ခပ်ဖွဖွပုတ်ပေးလိုက်သည်။ ထို့နောက် ယောထောင်နှင့် ယောဖန်းတို့၏ စိုးရိမ်သော အကြည့်များကို ကြည့်လိုက်၏။ သူမတို့နှစ်ဦး၏ မျက်ဝန်းထဲ၌ ကြောက်ရွံ့မှုများပင် ရှိနေသေးသည်။

“မင်းတို့ကို စိတ်ပူစေမိလို့ စိတ်မကောင်းပါဘူး …”

 

ယောထောင်နှင့် ယောဖန်းက တစ်စုံတစ်ခုကို သတိပြုမိဟန်ဖြင့် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။

 

ယောဖန်းက နှုတ်ခမ်းတင်းတင်းစေ့ကာ တိတ်ဆိတ်နေသည်။ ယောထောင်ကမူ သူ့အား စကားဆိုလာ၏။ 

“သခင်လေး … သခင်လေးက ဖျားတာမဟုတ်လောက်ဘူး ထင်တယ်…”

 

ယောထောင် စကားရပ်လိုက်သည်။

 

ဝမ်ချီက သူမကို ကြည့်လိုက်၏။

“ဒါဆိုဘာဖြစ်တာလဲ …”

 

ယောထောင်က စိတ်လှုပ်ရှားမှုကြောင့် သူမ၏လက်များ တုန်ယင်နေသည်ကို ခံစားမိလိုက်သည်။ သူမက ရင်တွင်းရှိ အံ့အားသင့်မှုကို ခက်ခက်ခဲခဲ ဖိနှိပ်ကာ တည်ငြိမ်အောင် ကြိုးစားလိုက်၏။

“ကျွန်မတို့ ရောက်သွားတဲ့အခါ သမားတော် ပင့်ပေးပါ့မယ်…”

 

ရထားလုံးပေါ်တွင် အချိန်အတော်ကြာ မူးဝေနေပြီးနောက် ဝမ်ချီက ထိုခံစားချက်နှင့် အသားကျလာသည်။ သူက မျက်လုံးများကို မှိတ်ချလိုက်ရင်း သူကိုယ်တိုင်ပင် မသိလိုက်‌မီ အိပ်မောကျသွားခဲ့၏။

 

ဝမ်ချီ နိုးလာချိန်၌ ရထားလုံး ရပ်တန့်သွားလေသည်။ ယောဖန်းနှင့် ယောထောင်တို့က သူ့အား စောင့်ကြပ်နေကြသည်။ သူမျက်လုံးဖွင့်လာသည်ကို မြင်လိုက်ရသည့်နောက် ယောထောင်က စပြောလာ၏။

“သခင်လေး … ကျွန်မတို့ ရောက်ပါပြီ …”

‌

ယောဖန်းက မေးလိုက်သည်။

“လမ်းလျှောက်နိုင်လားဟင် ..”

 

ဝမ်ချီက ကြောင်အသွား၏။


“လျှောက်နိုင်ပါပါတယ်…”

သူက မသက်မသာဖြစ်နေသော်လည်း လမ်းမလျှောက်နိုင်သည်အထိ မဟုတ်ပေ။

 

ယောထောင်၏ တွဲကူမှုဖြင့် ဝမ်ချီ မတ်တပ်ထလိုက်သည်။ ထို့နောက် သူ့ခြေထောက်များကို တိုးဝှေ့နေသည့် အားကူကို ကောက်ချီရန် ပြင်လိုက်သည်။ သို့သော် ယောဖန်းက အားကူကို ဦးအောင်ကောက်ပွေ့လိုက်လေသည်။

 

ယောဖန်းက ဝမ်ချီအား ပြုံးပြလိုက်သည်။

“သခင်လေး … ဂရုစိုက်ပါ … ဒီအစေခံက ဒီကိစ္စလေးတွေကို ဂရုစိုက်လိုက်ပါ့မယ် …”

 

အားကူက ယောဖန်း၏ လက်ပေါ်၌ မနေချင်ခဲ့၍ ရုန်းကန်ရင်း သနားစဖွယ် အော်သံလေးများ ပြုနေလေသည်။

 

ဝမ်ချီ၏ နှလုံးသားက ပျော့ပျောင်းသွားကာ အားကူထံ လက်ဆန့်လိုက်သည်။

“သူ လျှောက်ရုန်းနေတော့မှာ .. ငါပဲချီလိုက်ပါ့မယ် …”

 

သို့သော် ဝမ်ချီ၏ လက်ချောင်းထိပ်များပင် အားကူကို မထိနိုင်သေးမီ ယောဖန်းက နောက်ဆုတ်လိုက်သည်။ ဤမိန်းကလေး၏အပြုအမူက အမြဲလိုလို ညင်သာတတ်သော်လည်း ဤတစ်ကြိမ်၌မူ မတူညီခဲ့ချေ။

“ဒီအစေခံပဲ လုပ်ပါရစေ …”

 

ဝမ်ချီက ကြောင်အသွားသည်။ ယောဖန်း၏ အပြုအမူကြောင့် သူက အားကူ၏ ခေါင်းလေးကိုသာ ပုတ်ပေးလိုက်ရ၏။ ထို့နောက် ယောထောင်နှင့်အတူ ရထားလုံးအတွင်းမှ ထွက်လာလိုက်သည်။

 

ရှောင်ရွှမ်ကျီနှင့် အခြားလူများက ရထားလုံးအပြင်ဘက်၌ စောင့်နေကြ၏။

 

ဝမ်ချီက သူတို့ အိမ်ကြီးတစ်လုံးအရှေ့သို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်လျက်ရှိရာ ဤအိမ်ကြီးသည်လည်း မြို့လယ်ခေါင်၌ မဟုတ်ဘဲ တောထဲ၌ ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိသာလှ၏။

 

ရှောင်ရွှမ်ကျီက ရှေ့တိုးကာ တံခါးခေါက်လိုက်သည်။

 

မကြာမီမှာပင် တံခါးပွင့်သွားကာ သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦး ခေါင်းပြူလာ၏။ သူမက ရှောင်ရွှမ်ကျီကို တွေ့လိုက်သည်နှင့် အစေခံများကို တံခါးဖွင့်ရန် အမြန်ညွှန်ကြားလိုက်သည်။

“အိုး … မိန်းမစိုးလေး ရောက်လာတာပဲ …”

 

ညလေညင်းက ဝမ်ချီအား ခေါင်းကိုက်စေ၏။ သူက အပေါ်ဝတ်ကို တင်းတင်းခြုံကာ အမျိုးသမီး၏ အနောက်သို့ အခြားလူများနှင့်အတူ လိုက်ပါခဲ့သည်။

 

ခြံဝန်းမှာ ရှင်းလင်းနေ၏။ အတွင်းပိုင်း အပြင်အဆင်များမှာလည်း သပ်သပ်ရပ်ရပ် ရှိနေပြီး အိပ်ရာခင်းများသည်ပင် အသစ်လဲလှယ်ထားပုံ ပေါ်လေသည်။

 

ဝမ်ချီက ရေချိုးကာ အဝတ်လဲပြီးနောက် အိပ်ရာပေါ် လှဲချလိုက်သည်။

 

…

 

နောက်‌တစ်နေ့၌ …

 

ဝမ်ချီက သေချာနိုးမလာသေးချေ။ သူ့ အနီးတွင် ခြေသံခပ်ဖွဖွများ ထွက်ပေါ်လာ၏။ ထိုသူများက အတတ်နိုင်ဆုံး ညင်သာအောင် ကြိုးစားနေကြပုံပေါ်သည့်တိုင် လူအမြောက်အများ၏ အသံက အနည်းငယ် ဆူညံနေဆဲပင်။

 

ခဏအကြာ၌ တစ်စုံတစ်ဦးက ဝမ်ချီ၏ လက်ကို စောင်အောက်မှ အသာဆွဲယူလိုက်သည်။

 

ဝမ်ချီက မျက်မှောင်ကြုတ်လိုက်၏။ သူက မသိစိတ်ဖြင့် ထိုသူ၏ လက်ချောင်းထိပ်များ ကျဆင်းလာသော သူ့လက်ကောက်ဝတ်ကို အမြန်ဆွဲယူလိုက်သည်။ သို့သော် အမျိုးသားက သူ၏ရုန်းကန်မှုကို ခံစားမိဟန်ဖြင့် လက်ကောက်ဝတ်အား တင်းတင်း ဆုပ်ကိုင်လိုက်၏။

 

ဝမ်ချီ ဆက်အိပ်၍မရတော့ပေ။

 

မျက်လုံးများကို ဖွင့်လိုက်သည်နှင့် သူ့အမြင်က တဖြည်းဖြည်း ကြည်လင်လာ၏။ သူ့အရှေ့တွင် ရင်းနှီးသည့် မျက်နှာများသာမက မရင်းနှီးသည့် မျက်နှာများပါ ရှိနေကြသည်။ သူတို့အားလုံးက သူ့အိပ်ရာအနီးတွင် ပတ်လည်ဝိုင်းကာ သူ့အား ငုံ့ကြည့်နေကြလေသည်။

 

ဝမ်ချီ “…”

 

ရုတ်တရက် သူကိုယ်သူ တိရစ္ဆာန်ရုံထဲမှ မျောက်တစ်ကောင်ကဲ့သို့ ခံစားလိုက်ရ၏။

 

အဆုံးသတ်တွင် ယခင်အချိန်များအတိုင်းပင် ယောထောင်က စကားစလိုက်သည်။ သူမက လက်သီးတင်းတင်းဆုပ်ထား၏။ သူမ၏ စိတ်လှုပ်ရှားမှုကြောင့် သူမ၏ အမူအရာမှာ အနည်းငယ် ရယ်စရာဖြစ်နေခဲ့သည်။

“သခင်လေး … နိုးပြီလား … ဒီအစေခံ သခင်လေးအတွက် သမားတော် ပင့်ခဲ့ပါတယ် …”

 

ထိုသို့ပြောပြီးသည့်နောက် သူမက သမားတော်ကို ကြည့်လိုက်သည်။

“သမားတော် … ဘယ်လိုလဲ …”

 

သမားတော်က ခဏကြာ အာရုံစိုက်နေပြီးနောက် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်၏။

“ဂုဏ်ယူပါတယ် … ဂုဏ်ယူပါတယ် … ကောင်းချီးပါပဲ…”

 

ယောထောင် ထိုစကားကို ကြားချိန်၌ မျက်နှာတစ်ခုလုံး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။

“အမှန်ပဲလား …”

 

သမားတော်က သက်ပြင်းချကာ မုတ်ဆိတ်အား ပွတ်သပ်လိုက်၏။

“ကျုပ် ဘယ်တုန်းကမှ မလိမ်ခဲ့ဖူးဘူး …”


သူက ထပ်ပြောလိုက်သည်။

“ဒါပေမယ့် ဒီအမျိုးကောင်းသားလေးက အလုပ်တွေ အလွန်အကျွံလုပ်ခဲ့ပုံပဲ … သူ့သားအိမ်ထဲက သန္ဓေသားကို သက်ရောက်မှုရှိခဲ့တယ် … ဒီတော့ နောက်ပိုင်း များများအနားယူပြီး ဂရုစိုက်တာ ကောင်းပါလိမ့်မယ် …”

 

အနောက်တွင် ရပ်နေသည့် ရှောင်ရွှမ်ကျီသည်လည်း အလွန်စိတ်လှုပ်ရှားသွားပုံရသည်။ သူက ဒူးထောက်ချကာ ဝမ်ချီအား ဂုဏ်ပြုစကား အကြိမ်ကြိမ်ပြောပြီးနောက် ယောဖန်း၏ အကူအညီဖြင့် မတ်တပ်ပြန်ရပ်လိုက်ရ၏။



💮💮💮