Chapter 133
Viewers 36k

💮Chapter 133



 

ဝမ်ချီက သူ ယခင်က ရှစ်ယဲ့၏ ရေချိုးကန်ကို တစ်ကြိမ် အသုံးပြုခဲ့ဖူးကြောင်း မှတ်မိသည်။ သို့သော် ထိုစဉ်က ရှစ်ယဲ့က သူ့ ဟွားကျစ်ချန်ကို ဖက်ခဲ့သဖြင့် အလွန်ဒေါသတကြီးဖြစ်နေခဲ့၏။ သူ့အာရုံတစ်ခုလုံးသည်လည်း ရှစ်ယဲ့ထံ၌သာ ရှိနေခဲ့ရကာ ပတ်ဝန်းကျင်အား သေချာကြည့်နိုင်စွမ်း မရှိခဲ့ချေ။

 

ယခုအခါ သူက လှည့်ပတ်ကြည့်နိုင်ပြီဖြစ်၏။ ဝမ်ချီက သက်ပြင်းချလိုက်မိသည်။ အိမ်ရှေ့စံ၏ ရေချိုးခန်းသည် အလွန်ခမ်းနားလှသည်။

 

အခန်းအလယ်၌ လူဆယ်ယောက်ခန့်ဆန့်သည့် ရေချိုးကန် ပါဝင်ရုံသာမက အခြားသော အရာများလည်း ရှိနေသေး၏။ စင်များပေါ်၌မူ နံ့သာများထည့်ထားသည့် ကြွေအိုးများဖြင့် ပြည့်နှက်နေသည်။

 

ဝမ်ချီက ကြွေအိုးတစ်လုံးကိုယူကာ အနံ့ခံလိုက်သည်။ ပန်းရနံ့ဖျော့ဖျော့က သူ့နှာသီးဖျားသို့ ပျံ့နှံ့လာ၏။ သူက ထိုပန်းရနံ့မှာ မည်သည့်ပန်းရနံ့ဖြစ်ကြောင်း အတပ်မပြောနိုင်သည့်တိုင် ကောင်းမွန်သည့်ရနံ့ဖြစ်ကြောင်း ဝန်ခံရပေလိမ့်မည်။

 

ဝမ်ချီက နံ့သာအိုးများအား စူးစမ်းနေစဉ် ရှောင်ရွှမ်ကျီက အမြန်ဝင်လာကာ ရှင်းပြလိုက်သည်။

“ဝမ်သခင်လေး … ဒီနံ့သာက ရှစ်ကျိုးက ဆက်သထားတာပါ … တောင်ပေါ်က နှင်းရေစက်တွေနဲ့ ပြုလုပ်ထားတယ်လို့ ကျွန်တော်မျိုး ကြားသိခဲ့ဖူးပါတယ် … နံ့သာကို ပြုလုပ်ရခက်ခဲလှတာကြောင့် မင်းကြီးနဲ့ အိမ်ရှေ့စံပဲ ပိုင်ဆိုင်နိုင်တဲ့ နံ့သာပါ …”

 

ရှောင်ရွှမ်ကျီ၏ စကားကြောင့် ဝမ်ချီက ကြွေအိုးကို ကောက်ယူကာ အနံ့ခံလိုက်ပြန်သည်။

 

၎င်းက ကောင်းမွန်သည့် ရနံ့ဖြစ်သည့်တိုင် ရှစ်ကျိုးရှိ လူများ၏ အားထုတ်မှုများစွာနှင့်မူ မထိုက်တန်လှချေ။

 

ထို့အပြင် …

 

ဝမ်ချီက ထိုနံ့သာ၏ ရနံ့က ရှစ်ယဲ့ထံမှရသောရနံ့၏ ဆယ်ပုံတစ်ပုံမျှပင် မကောင်းမွန်ကြောင်း ရှက်ရှက်ဖြင့် တွေးလိုက်ရင်း နှာခေါင်းကို ပွတ်လိုက်၏။

 

ထို့နောက် ဝမ်ချီက ပို၍ သိချင်လာသည်။ သူက ကြွေအိုးကို မူလနေရာသို့ ပြန်ထားကာ ရှောင်ရွှမ်ကျီအား မေးလိုက်သည်။

“အရှင့်သားက ဘယ်နံ့သာကို သုံးတာလဲ …”

 

ရှောင်ရွှမ်ကျီက ခေါင်းငုံ့ကာ ဖြေလိုက်သည်။

“ဝမ်သခင်လေး … အရှင့်သားက ရေချိုးတဲ့အခါ နံ့သာ မသုံးပါဘူး …”

 

“တကယ်လား …ဒါပေမယ့် သူက အရမ်းမွှေးတာ …”

 á€á€™á€şá€á€ťá€Ž မယုံနိုင်ခဲ့ချေ။


“ဒါက …”

ရှောင်ရွှမ်ကျီ၏ နဖူးမှ ချွေးများ စီးကျလာသည်။ သူအပါအဝင် မည်သည့်အစေခံမှ အရှင့်သားအနီးသို့ မကပ်ရဲကြသလို အရှင့်သား၏ရနံ့ကိုလည်း မသိကြချေ။ ထိုစကားများသာ ဝမ်သခင်လေးမဟုတ်ဘဲ အခြားတစ်ဦး၏ နှုတ်မှ ထွက်ပေါ်လာပါက အရှင့်သားက သူတို့၏ ဦးခေါင်းများကို ဖြတ်ပစ်ပေလိမ့်မည်။

 

ဝမ်သခင်လေး တစ်ဦးထဲသာ အားလုံး ကြောက်ရွံ့ရသည့် အိမ်ရှေ့မင်းသားအရှေ့၌ မည်သည့်ထိန်းချုပ်မှုမှ မရှိဘဲ ပြုမူနိုင်စွမ်းရှိ၏။

 

ရှောင်ရွှမ်ကျီ ပြန်မဖြေသည်ကို တွေ့ရသည့်နောက် ဝမ်ချီက တစ်ဖက်လူအား အခက်မတွေ့စေတော့ဘဲ သူရှူရှိုက်ခဲ့သည့် ကြွေအိုးကိုကောက်ယူကာ ရေကန်ထဲသို့ ဆင်းလိုက်၏။

 

အိမ်ရှေ့မင်းသား၏ ရေချိုးကန်ထဲတွင် မိန်းမစိုးများ စောင့်ကျပ်လျက်ရှိသည်။ သူတို့က ထောင့်နား၌ ရှိနေကြခြင်း ဖြစ်သော်လည်း ဝမ်ချီ ခါးပတ်ဖြေချလိုက်သည်နှင့် သူတို့၏တာဝန်အား ထမ်းရွက်ရန် သူ့အနီးသို့ ချဉ်းကပ်လာကြသည်။

 

ဝမ်ချီက ထိတ်လန့်သွားကာ ရှောင်ရွှမ်ကျီကို ခေါ်၍ မိန်းမစိုးများနှင့်အတူ ရေချိုးဆောင်အတွင်းမှ ထွက်သွားစေလိုက်၏။

 

ထို့နောက် ကြီးမားသော ရေချိုးဆောင်ထဲတွင် ဝမ်ချီ တစ်ဦးထဲသာ ကျန်ရှိတော့သည်။

 

ထိုအခါမှသာ ဝမ်ချီက အဝတ်များကိုချွတ်ချကာ နံဘေးရှိ စင်ပေါ်တင်လျက် ရေချိုးကန်အတွင်းသို့ ဆင်းလိုက်၏။

 

နွေးထွေးသောရေများက ဝမ်ချီအား အဖက်ဖက်မှ ရစ်ပတ်လာကြသည်။

 

ဝမ်ချီက ရေချိုးကန်အစွန်းနားတွင် သက်သောင့်သက်သာ လဲလျောင်းလိုက်သည်။ သူက လက်ပိုက်လျှက် ထိုလက်များအပေါ် မေးတင်ရင်း သက်ပြင်းချလိုက်၏။

 

ဤကဲ့သို့ ချမ်းအေးလှသည့် ဆောင်းညများတွင် ရေနွေးစိမ်ခြင်းက ကောင်းမွန်သည့် ကိစ္စမဟုတ်ပေ။ သို့သော် အိပ်ပျော်ရလွယ်စေ၏။ ဝမ်ချီက ခဏကြာ ရေစိမ်ပြီးသည့်နောက် စတင်၍ ငိုက်မြည်းလာခဲ့သည်။

 

ဝမ်ချီက မျက်ဝန်းများကိုမှိတ်ကာ တစ်ရေးတမောအိပ်ရန် ပြင်လိုက်သည်။ ခဏအကြာ၌ သူက တစ်စုံတစ်ဦး ရေချိုးဆောင်တွင်းသို့ လျှောက်လာကြောင်း သတိပြုမိလိုက်၏။ သူ မျက်လုံးဖွင့်ကြည့်လိုက်ချိန်၌ သပ်ရပ်သော အနက်ရောင်ဖိနပ်တစ်စုံကို တွေ့လိုက်ရသည်။

 

သူက တောင့်တင်းသွားကာ မော့ကြည့်ရန် ပြင်လိုက်၏။ သို့သော် ထိုသူက ရုတ်တရက် ထိုင်ချလိုက်သည်။ ထို့နောက် ရင်းနှီးနေသည့် ဇာမဏီမျက်ဝန်းများက သူ့အား ပြုံးလျက်ကြည့်လာလေသည်။

 

ဝမ်ချီ ချက်ချင်း နိုးလာ၏။

“ရှစ်ယဲ့ ပြီးသွားပြီလား …”

 

“အင်း …”

ရှစ်ယဲ့က ဝမ်ချီ၏ ဆံနွယ်ရှည်များထံ လက်ဆန့်လိုက်သည်။ ၎င်းတို့အား ထုံးဖွဲ့ထားသည်ဖြစ်ရာ ရေစိုသွားခြင်း မရှိချေ။

“ဘာလို့ ဒီမှာအိပ်နေတာလဲ… အအေးမိတော့မှာပဲ…”

 

“ဘာမှမဖြစ်ပါဘူး …”

ဝမ်ချီက ထိုသို့ပြောပြီးသည်နှင့် နှာချေမိလိုက်၏။

 

သူက နှာချေပြီးသည့်နောက် ရှက်ရှက်ဖြင့် လက်ခုံကို ကုတ်ခြစ်ရင်း ရှစ်ယဲ့အား သနားစဖွယ် မော့ကြည့်လိုက်မိသည်။

 

ရှစ်ယဲ့က ငိုရခက်၊ ရယ်ရခက် ဖြစ်သွား၏။ သူက ဝမ်ချီအား သင်ခန်းစာပေးရမည်ဟု ဆုံးဖြတ်လိုက်သည်။ သို့သော် ဝမ်ချီ၏ အသနားခံသောအကြည့်ကို ရင်ဆိုင်ရချိန်၌ သူ မဆူရက်တော့ချေ။


“မင်း …”

ရှစ်ယဲ့က ဝမ်ချီ၏ မျက်နှာကိုထိလိုက်သည်။ ထို့နောက် မတ်တပ်ရပ်ကာ သူ၏ ဝတ်ရုံ၊ ဖိနပ်နှင့် ခြေအိတ်များကို  ချွတ်ချလိုက်ပြီးနောက် ရေကန်ထဲသို့ ဆင်းလာသည်။

 

ဝမ်ချီ မည်သို့မှ မတုံ့ပြန်နိုင်မီ ရှစ်ယဲ့က သူ့အား ပွေ့ချီလိုက်လေသည်။

 

ဝမ်ချီက ရှစ်ယဲ့၏လည်ပင်းအား အလိုအလျောက် ခိုတွယ်လိုက်မိ၏။ ထို့နောက် သူက ရှစ်ယဲ့၏ ခန္ဓာကိုယ်က အပြည့်အဝ ပြန်လည် မသက်သာလာသေးကြောင်း သတိရသွားကာ အောက်ဆင်းရန် ရုန်းကန်လိုက်မိသည်။

“အောက်ချပေး … ကျွန်တော့်ဘာသာ လမ်းလျှောက်မယ်…”

 

သို့သော် ရှစ်ယဲ့က ဝမ်ချီ၏စကားကို လျစ်လျူရှုကာ ရေချိုးကန်အစွန်းသို့ လျှောက်သွားလိုက်သည်။

 

ဝမ်ချီ၏ ခန္ဓာကိုယ်တွင် ရေများစိုရွှဲနေ၏။ သို့သော် ထိုထက်အရေးကြီးသည်မှာ သူ့ကိုယ်၌ အဝတ်တစ်စပင် ကပ်မနေခြင်းပင်။

 

ရှစ်ယဲ့နှင့်သူက လူကြီးများဖြစ်ပြီး ကိုယ်လက်နှီးနှောပြီးကြပြီ ဖြစ်၏။ သို့သော် သူက ရှက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး လောင်ကျွမ်းမတတ် ဖြစ်နေရဆဲပင်။

 

ကံကောင်းစွာဖြင့် မကြာမီမှာပင် ရှစ်ယဲ့က သူ့အား အောက်ချပေးလာသည်။

 

ထို့နောက် သန့်ရှင်းသော ပုဝါစကိုယူကာ ဝမ်ချီ၏ ခန္ဓာကိုယ်မှရေများကို ပွတ်သုတ်ပေးလေသည်။

 

ဝမ်ချီက ရှစ်ယဲ့ ရေသုတ်ပေးသည်ကိုသာ ငြိမ်ခံနေမိ၏။

 

ရေများ အကုန်အစင် သုတ်ပေးပြီးသည့်နောက် ရှစ်ယဲ့က ရှောင်ရွှမ်ကျီ ပြင်ဆင်ပေးထားသည့် အဝတ်များကို ယူကာ ဝမ်ချီအား ဝတ်ဆင်ပေးလေသည်။

 

ဝမ်ချီ၏ မျက်နှာတစ်ခုလုံး နီစွေးနေသည်။ သူက ရှစ်ယဲ့၏ လက်တွင်းရှိ အဝတ်များကို ဆွဲယူကာ သူ့ခန္ဓာကိုယ်အား အမြန်ကာလိုက်သည်။

“ကိုယ့်ဘာသာ ဝတ်လိုက်မယ် …”

 

ရှစ်ယဲ့က ဝမ်ချီ၏ ရှက်ရွံ့မှုကို သတိပြုမိဟန်ဖြင့် သူ့အား တွန်းအားမပေးခဲ့ပေ။ သူက နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ ဝမ်ချီ့ကို ပူပြင်းသောအကြည့်ဖြင့် ကြည့်နေခဲ့သည်။

 

ဝမ်ချီက ရှစ်ယဲ့၏အကြည့်ကြောင့် ပို၍ပင် ပျာယာခတ်သွား၏။ သူက ခေါင်းငုံ့ကာ အဝတ်အမြန်ဝတ်ရန် ကြံစည်လိုက်သော်လည်း အင်္ကျီကြိုးစများက ရှုပ်ထွေးနေသည်။

 

အဆုံးသတ်တွင် ရှစ်ယဲ့က ရှေ့တိုးကာ ဝမ်ချီအား ကူညီဝတ်ဆင်ပေးရတော့သည်။

 

ဝမ်ချီက သူ့ခါးပတ်ပေါ်ရှိ ရှစ်ယဲ့၏ လက်ချောင်းများကို ငေးကြည့်နေမိသည်။ အဆိုပါ လက်ချောင်းများက သူတို့၏ ပိုင်ရှင်ကဲ့သို့ လှပလွန်း၏။ ထိုလက်ချောင်းများက ကျွမ်းကျင်စွာဖြင့် သူ့ခါးပတ်ကို ချည်နှောင်ပေးလိုက်သည်။

 

“ရပြီ …”

ရှစ်ယဲ့၏ အသံက ဝမ်ချီအား အတွေးများကြားမှ ရုန်းထွက်လာစေခဲ့သည်။ ရှစ်ယဲ့ မျက်လွှာပင့်လာကာ သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရ၏။

 

ဝမ်ချီ မျက်မှောင်ကြုတ်လိုက်သည်။

“ဘာလို့ အဲဒီ့လိုကြည့်နေတာလဲ …”

 

“ကိုယ် တွေးနေတာ …မင်း အများကြီး ပြောင်းလဲသွားတယ်လို့ …”

ရှစ်ယဲ့က ခဏစဉ်းစားကာ ပြောလိုက်သည်။


ဝမ်ချီ၏ မျက်ခုံးတန်းများ ပြေလျော့သွား၏။ သူက ခပ်ဖွဖွရယ်လိုက်သည်။

“ ကျွန်တော် ပိုကြည့်ကောင်းလာတာလား …”

 

ဝမ်ချီက စနောက်လိုက်ခြင်း ဖြစ်သည်။ သို့သော် ရှစ်ယဲ့က သူ့အား စူးစူးနစ်နစ်ကြည့်ကာ ပြန်အဖြေပေးလာခဲ့၏။ 

“မင်းက ကြည့်ကောင်းပြီးသားပါ … ပိုပြီး ကြည့်ကောင်းချင်သေးတာလား …”

 

ဝမ်ချီ “…”

 

သေစမ်း … ဒီလူ့ပါးစပ်က အရမ်းတတ်လွန်းတယ် …

 

ဝမ်ချီ မည်သို့မှ မပြန်ပြောနိုင်မီ ရှစ်ယဲ့က သူ့မျက်နှာကို လာညှစ်လေသည်။

 

“ကိုယ်ပြောချင်တာ …မင်း အရေပြားပိုပါးလာတယ်လို့လေ …”

 á€›á€žá€…်ယဲအက ဆို၏။


ဝမ်ချီ ထိတ်လန့်သွား၏။ သူက ရှစ်ယဲ့၏ စကားလုံးများကို ချက်ချင်းနားလည်သွားခဲ့သည်။

“ ကျွန်တော် အရင်က အရေထူတယ်လို့ ပြောချင်တာပေါ့လေ …”

 

ရှစ်ယဲ့ ပြုံးလိုက်သည်။

“ဘယ်သူက ကိုယ့်ရှေ့မှာ အဝတ်တွေ အေးအေးဆေးဆေး ချွတ်ချခဲ့တာလဲ …”

 

ဝမ်ချီ “…”

 

ဒီတော့ ရှစ်ယဲ့က ငါ အထင်မှားခဲ့တဲ့အချိန်ကို သတိရနေတုန်းပေါ့လေ …

 

သို့သော် ထိုစဉ်က ရှစ်ယဲ့က သူ့အား တစ်စုံတစ်ဦးနှင့် အထင်မှားနေခဲ့ပြီး သူ၏ ဝမ်းဗိုက်ကို ကြည့်ချင်နေခဲ့သဖြင့် သူ အဝတ်မဲ့ခဲ့ရခြင်းဖြစ်သည်။

 

အဲဒါက ဘယ်သူတုန်း …

 

ပထမဆုံးအကြိမ် ဝမ်ချီ၏စိတ်တွင်း၌ ထိုမေးခွန်း ပေါ်လာသည်။

 

အတိတ်က ဝမ်ချီမှာ သူနှင့်ရှစ်ယဲ့ကြားရှိ ဆက်ဆံရေးက တိုးတက်လာမည်ဟု မထင်ခဲ့ချေ။ သူ့အသက်လေး အန္တရာယ်မရှိသရွေ့ ရှစ်ယဲ့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို သူစိတ်မဝင်စားခဲ့သလို အခြားလူများအပေါ် ရှစ်ယဲ့ မည်သို့ခံစားရကြောင်းလည်း ဂရုမစိုက်ခဲ့ပေ။

 

သို့သော် ယခုမူ ကွဲပြားသွားလေပြီ။

 

ဝမ်ချီက ထိုသူက သူနှင့်ရုပ်ချင်းဆင်သည်ဟူသော အချက်နှင့်၊ သူ့ထက်ဦးစွာ ရှစ်ယဲ့နှင့် တွေ့ဆုံခဲ့သည်ဟူသော အချက်တို့ကိုသာ သိရှိထားသည်။ ထို့အပြင် ရှစ်ယဲ့က ထိုလူအကြောင်း ယနေ့ထက်တိုင် တွေးတောနေဆဲပင်။

 

အကြောင်းရင်းအချို့ကြောင့် သူ့အရေပြား၌ ဆူးစူးနေသလို ခံစားလာရ၏။ ၎င်းက သူ့အား အလွန်မနာကျင်စေသည့်တိုင် ထိုဆူး၏ တည်ရှိမှုကိုမူ သတိပေးလျက်ရှိ၏။ ထိုသူက ရှစ်ယဲ့၏ နှလုံးသားတွင် နေရာတော်တော်များများ ရယူထားခဲ့လေသည်။

 

ဝမ်ချီ အသိပြန်ဝင်လာသည့်နောက် သူ့လက်သည်းများက လက်ဖဝါးထဲသို့ စိုက်ဝင်နေသည်ကို သတိပြုမိသွားခဲ့သည်။ နာကျင်မှုက နွယ်များသဖွယ် သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားခဲ့၏။


ကံကောင်းစွာဖြင့် ဝမ်ချီက မကြာခဏ အတွေးလွန်လေ့ရှိရာ ရှစ်ယဲ့က ထိုကိစ္စနှင့်ပတ်သတ်၍ များများစားစား မတွေးမိခဲ့ပေ။ သူက ဝမ်ချီအား စောင်ခြုံပေးပြီးသည့်နောက် အဝတ်များကိုချွတ်ကာ ရေချိုးကန်ဆီသို့ လျှောက်သွားလေသည်။

 

ရေချိုးကန်ထဲရှိ ရေက ဝမ်ချီအသုံးပြုပြီး ဖြစ်သည့်အလျောက် ယခင်ကဲ့သို့ မနွေးထွေးတော့ချေ။

 

“ရှစ်ယဲ့ …ခဏလေး... ကျွန်တော် အဲဒီ့ရေကို သုံးထားပြီးပြီ … သူတို့ကို လဲခိုင်းလိုက်ပါလား …”

 á€á€™á€şá€á€ťá€Žá€€ ပြောလိုက်သည်။


“ဘာမှမဖြစ်ပါဘူး …”

ရှစ်ယဲ့က ပြောပြောဆိုဆိုဖြင့် ရေချိုးကန်ထဲသို့ ဆင်းသွား၏။

 

ထိုအရာကို တွေ့လိုက်ချိန်၌ ဝမ်ချီ ခဏတာ တိတ်ကျသွားခဲ့သည်။ ထို့နောက် သူ့ပါးပြင်များက လောင်ကျွမ်းလာ၏။ သူက ထိုသူအား ဆက်လက်မတားနိုင်တော့ပဲ စောင်ကိုသာ တင်းတင်းကိုင်လျက် ဖြစ်ပျက်သွားသည့် ကိစ္စကိုသာ တွေးနေမိတော့သည်။

 

ရှစ်ယဲ့က ကိုယ်လက်ဆေးကြောခြင်းကို အချိန်တိုတိုနှင့် အပြီးသတ်လိုက်သည်။

 

ဝမ်ချီက ရှောင်ရွှမ်ကျီ ရှစ်ယဲ့အတွက် အဝတ်များပြင်ဆင်ပေးထားကြောင်း သတိရသွား၏။ သူက ထိုသူ့အား သတိပေးရန် ကြံလိုက်မိသည်။ သို့သော် သူထွက်မသွားရသေးမီ ရှစ်ယဲ့က ရေချိုးကန်ထဲမှ ထွက်လာ၏။

 

ဝမ်ချီ “…”

 

ဝမ်ချီက နေရာ၌ ရပ်နေမိသည်။ သူ့အကြည့်က အလိုအလျောက် အောက်သို့ ရွေ့လျားသွား၏။

 

ရှစ်ယဲ့က မည်သည့်အဝတ်ကိုမှ ဝတ်ဆင်မထားခဲ့ပေ။

 

အဲဒါက ဒီအတိုင်း …

 

ဝမ်ချီက ရှစ်ယဲ့မျက်နှာအား အကြည့်ပြန်ပို့ကာ တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။

“ကျွန်တော် ရှောင်ရွှမ်ကျီကို အဝတ်တွေ ယူခဲ့ခိုင်းလိုက်မယ်…”

 

ရှစ်ယဲ့က ကောင်းပြီဟု ဆိုကာ စင်ထံသို့ လျှောက်သွားရင်း ဝမ်ချီ သုတ်ခဲ့သည့်သဘက်ဖြင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ ရေများကို သုတ်နေလေသည်။

 

ဝမ်ချီက ထွက်သွားချင်သော်လည်း ခဏအကြာ၌ ပြန်လှည့်ကာ ရှစ်ယဲ့အား ကြည့်လိုက်သည်။

“တကယ်တော့ အရှင့်သားလည်း ပြောင်းလဲသွားတယ်လို့  ကျွန်တော်ပြောမလို့ …”

 

ရှစ်ယဲ့က မျက်ခုံးပင့်လိုက်၏။

“ပြောပါဦး ...”

 

ဝမ်ချီက ပြန်ပက်လိုက်သည်။

“အရှင့်သား အရမ်း အရှက်မဲ့လာတယ် …”

 

ရှစ်ယဲ့ မည်သို့မှ မပြောနိုင်ဘဲ တိတ်ကျသွားလေသည်။

 

ဝမ်ချီက ရှစ်ယဲ့ သူ့စကားကြောင့် စိတ်ဆိုးသွားသည်ဟု ထင်လိုက်သည်။ ထို့ကြောင့် သူက လန့်သွားကာ သူ့ကိုယ်သူ ကာကွယ်ရန် ပြင်ဆင်လိုက်၏။

 

သို့သော် ရှစ်ယဲ့က ဝမ်ချီ၏ခါးကို လက်တစ်ဖက်ဖြင့် ရုတ်တရက် ပွေ့ဖက်လိုက်ရင်း ဝမ်ချီအား သူနှင့် နီးကပ်စေလိုက်သည်။ ထို့နောက် တစ်ဖက်လူအား တုံ့ပြန်ရန်ပင် အချိန်မပေးဘဲ ဝမ်ချီ၏နှုတ်ခမ်းများကို တိုက်ရိုက် ငုံထွေးလိုက်၏။

 

ဝမ်ချီ၏ မျက်ဝန်းများက ပြူးကျယ်သွားသည်။ သူ ဘာမှမပြောနိုင်မီ ရှစ်ယဲ့က သူ့နားနားကပ်ကာ ပြောလိုက်၏။ 

“တကယ်တော့ ကိုယ် ထပ်ပြီးအရှက်မဲ့ဖို့ အချိန်ရှိပါသေးတယ် …”

 

ဤသို့ဖြင့် ထိုည၌ ဝမ်ချီက ရှစ်ယဲ့၏အရှက်မဲ့ခြင်းများကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

 

ရလဒ်အနေဖြင့် နောက်တစ်နေ့နံနက် ဝမ်ချီနိုးလာချိန်၌ သူ့ခါးတစ်ခုလုံး နာကျင်နေပြီး အိပ်ရာထဲမှပင် မထွက်နိုင်တော့ချေ။




💮💮💮