Chapter 193
Viewers 32k

🌍Chapter 193




ထန်​မော့မှာ သူ၏​ခြောက်​သွေ့​နေ​သော နှုတ်ခမ်းများကို အစိုဓါတ်​ပေးရန် ​ရေအလုတ်အနည်းငယ်ခန့် ​သောက်လိုက်သည်။ သူ၏ဆံပင်များမှာ ​ချွေးများဖြင့် စိုရွှဲလျက် နဖူး​တွင် ကပ်​နေခဲ့သည်။ ထန်​မော့ ဆံပင်ကိုသပ်တင်လိုက်လျက် ထီးက​လေးကို ပြန်သိမ်းကာ ​ဘေးပတ်၀န်းကျင်ကို စူးစမ်းလိုက်​လေသည်။


သူဂိမ်းထဲစ၀င်လာချိန်မှ စ၍ ယခုချိန်အထိ အ​နက်​ရောင်​မျှော်စင်မှ သူ့အား မည်သည့်တာ၀န်မှ မ​ပေးလာ​သေး​​ချေ။ 


မီး​တောက်မှာ မြက်ခင်းပြင်ကြီးတစ်ခုလုံးကို ​လောင်ကျွမ်းသွားလျက် ​နေရာတိုင်းမှာ မည်းကျွမ်း​နေခဲ့သည်။ ထန်​မော့သည် ​နေ၏တည်​နေရာကိုကြည့်လျက် ထို​နေလုံးကို အားပြုကာ အ​ရှေ့အရပ်သို့ သွားရန် ဆုံးဖြတ်လိုက်​လေသည်။ 


ဤနည်းဖြင့်အနည်းဆုံး​တော့ သူလမ်း​ပျောက်​တော့မည်မဟုတ်ချေ။


ထန်​မော့ မီးကျွမ်း​နေ​သော ​မြေကြီး​ပေါ် နင်း​လျှောက်သွား​နေခဲ့သည်။ 


ဆယ်မိနစ်ခန့်​လျှောက်ပြီးတိုင်း သူ မြေကြီး​ပေါ်တွင် ငါး​ထောင့်ကြယ်ကို အမှတ်အသားအဖြစ် ဆွဲထားခဲ့​လေသည်။ သူအကြာကြီး​လျှောက်လာသည့်တိုင် မည်သူ့ကိုမျှ မ​တွေ့ရ​သေး​ချေ။ ထန်​မော့မှာ ထို​လောင်ကျွမ်း​နေ​သော ​မြေပြင်​ပေါ်တွင် ​လျှောက်လာရင်း သူ၏​ခြေဖ၀ါးများ ပူ​လောင်လာခဲ့သည်။ သူ​ခြေ​ထောက်ကို​မြှောက်ကြည့်လိုက်လျှင် သူ၏ဖိနပ်များ၏ ​အောက်ခံပြားများမှာ အပူချိန်​ကြောင့် ​ပျော်ကျ​နေသည်ကို ​တွေ့လိုက်ရ​လေသည်။ ထန်​မော့ ခဏမျှတွေးလျက် ​ကျောပိုးအိတ်ထဲမှ ဖိနပ်တစ်ရံကို ထုတ်ယူလိုက်သည်။ သူ၏​ခြေ​ထောက်မှ ဖိနပ်ကိုချွတ်လိုက်ပြီး ​မြေကြီး​ပေါ်ပစ်လိုက်ကာ သူ၏ဘွတ်ဖိနပ်များဖြင့်အစားထိုးလိုက်​လေသည်။


ဤသည်မှာ သံဖိနပ်ချုပ်သမားကြီး သူ့အတွက် ပြင်​ပေးခဲ့​သော ဖိနပ်ပင်ဖြစ်သည်။


ထိုဖိနပ်ကို၀တ်လျက် ပူ​လောင်​နေ​သော ​မြေကြီး​ပေါ်နင်းလိုက်​သော်လည်း ထို​မြေပြင်မှာ သူ၏​ခြေ​ထောက်ကို မ​လောင်ကျွမ်း​စေနိုင်​တော့​ပေ။ 


ထန်​မော့ဆက်၍ ​လျှောက်သွားလိုက်သည်။ လမ်းတစ်​လျှောက်တွင်လည်း အမှတ်အသားချန်ခဲ့ရန်မ​မေ့​ချေ။ မီး​လောင်ကျွမ်းထား​သော အပင်တစ်ပင်ဆီရောက်ရှိလာလျှင် ထန်​မော့ ၄င်းအ​ပေါ်၍ ၁၃၃ခု​မြောက်အမှတ်အသားကို ​ရေးထွင်းလိုက်​လေသည်။


သူ နဖူးမှ ​ချွေးများကို ပွတ်သုတ်လျက် ထရပ်ရန်ပြင်လိုက်စဥ် ရုတ်ချည်း​အေးခဲသွားလျက် သူ၏​နောက်​ကျောတစ်​​လျှောက် ကျက်သီး​မွှေးညှင်းများထလာခဲ့​လေသည်။ ထန်​မော့ချက်ချင်းပင် ​ခေါင်းကိုလှည့်လျက် ကြည့်လိုက်​လေသည်။ 


မည်းနက်​နေ​သောမြေကြီး​ပေါ်တွင် အနက်​ရောင် ခပ်ကျဥ်းကျဥ်းမျက်လုံး တစ်စုံမှာ ​မြေကြီး​ပေါ်သို့ ထိုးထွက်​လျက် သူ့အား စိုက်ကြည့်​နေခဲ့သည်။


ထန်​မော့သည် ၄င်းကို မလွှဲစတမ်းစိုက်ကြည့်ရင်း ထီးက​လေး၏ လက်ကိုင်ကို တင်းကြပ်စွာဆုပ်ထားခဲ့သည်။ သို့​သော် သူ၏အကြည့်တို့မှာ တစ်ဖက်သို့လျင်မြန်စွာ ​ရွေ့သွားခဲ့သည်။ ​မြေကြီး​ပေါ်ထိုးထွက်​နေ​သော အနက်​ရောင်မျက်လုံးများမှာ ​ရွေ့လျား​နေပြီး တစ်ခုခုက ထိုးထွက်​လာ​တော့မည့်နှယ်။


ထန်​မော့လည်း အ​ခြေအ​​နေကို နားလည်စွာ ချက်ချင်းကို လှည့်​ပြေး​တော့သည်။ 


ဘုန်း...


​မြေကြီးမှာ ​ပေါက်ကွဲထွက်သွားလျက် အနက်​ရောင်ပိုးမွှားကြီးက ​မြေကြီးထဲမှ ထိုးထွက်လာခဲ့သည်။ သူ၏ပါးစပ်မှ စူးရှကာ နား၀င်ဆိုးလွန်း​သော အသံတစ်ခုကိုပြုလုပ်​နေပြီး ဦးခေါင်းနာကျင်လာစေသည်။ ၄င်းမှာ အပ်​သေး​သေး​လေးများက သူ၏နားစည်မှ ဦး​နှောက်ထဲအထိ ​ဖောက်၀င်လာသည့်နှယ်။ ထန်​မော့ နှုတ်ခမ်းကို ဖိကိုက်လိုက်မိသည်။ ထိုထုံကျင်​သော နာကျင်မှုက သူ့ကိုအလျင်အမြန်နိုးထလာ​စေပြီး အသားကုန်​ပြေးလွှား​တော့သည်။


သူ​ပြေး​နေရင်းနှင့်ပင် ​မြေကြီး​ပေါက်ကွဲထွက်သည့်အသံများကို ဆက်တိုက်ကြား​နေခဲ့ရသည်။ ​သေးငယ်​သော အနက်​​ရောင်မျက်လုံး​ပေါင်းများစွာမှာ ​မြေကြီး​ပေါ်မှ ထိုးထွက်လာခဲ့​လေသည်။ ဒါဇင်မျှ​သော ပိုးနက်​ကောင်များ၏ စူးရှ​သော ​အော်မြည်သံများ​ကြောင့် ထန်​မော့ လက်နှစ်ဖက်ဖြင့် နားကို တင်းတင်းပိတ်လျက် အတားအဆီးများကို ခုန်​ကျော်ကာ​ပြေးလွှား​နေခဲ့သည်။ 


သူ၏​နောက်တွင်ကား ပိုး​ကောင် အုပ်လိုက်ကြီး လိုက်​နေခဲ့သည်။


သူသည် ထိုပိုးနက်​ကောင် တစ်​ကောင်ကို ​​ဖြေရှင်းနိုင်​သော်လည်း ပိုး​ကောင်းများမှာ မ​မျှော်လင့်ထားစွာ များပြား​နေခဲ့သည်။ ၄င်းတို့၏ ခွန်အားကိုပါထည့်တွက်လျှင် ထန်​မော့ ၄င်းတို့နှင့် ထိပ်တိုက်မ​တွေ့ချင်​ပေ။


ကြိုတင်မသိနိုင်​သော အန္တရာယ်မျိုးပင်။


ဤသည်မှာ အနက်​ရောင်​မျှော်စင်တတိယထပ်​ဖြစ်၍ မည်သည့်မွန်းစတားမျိုးကိုမှ ​လျှော့တွက်၍မရ​ချေ။


ထန်​မော့ သူအတတ်နိုင်ဆုံး ​တောင်ကုန်းများ ​ချိုင့်များကို ဖြတ်သန်း​ပြေးလွှား​နေခဲ့​လေသည်။ ပိုးနက်​ကောင်များမှာ နားစည်ကွဲမတက်​အော်မြည်ရင်း ၄င်းတို့၏ ​ခြေ​ထောက်၈​ချောင်းကို လှုပ်ရှားကာ ထန်​မော့​နောက်သို့ ​ပြေးလိုက်​နေခဲ့​လေသည်။ ရုတ်ချည်း ထန်​​မော့၏​နောက်မှ ​လေထုမှာ ပြိုကွဲသွားခဲ့သည်။ ထန်​မော့သည် အလိုအ​လျောက်ပင် ​ဘေးသို့​စောင်းကာ ​​ရှောင်လိုက်ပြီး ​​မြေကြီး​ပေါ်တွင် လှိမ့်ချလိုက်သည်။


သူရပ်​နေခဲ့​သော ​နေရာသို့ အနက်​ရောင် အရည်များ ပြိုက်ခနဲကျလာခဲ့သည်။ ထိုအရည်များ ​မြေကြီးကိုထိသွားသည်နှင့် ထို​နေရာတ၀ိုက်​မြေကြီးမှာ ​တမဟုတ်ချင်း ​လောင်ကျွမ်းတွန့်ရှုံ့သွားခဲ့​လေသည်။  


ထန်​မော့ ဤမြင်ကွင်းကိုကြည့်ရင်း သူ၏မျက်လုံးတို့ တဖြည်းဖြည်းပြူးကျယ်သွားလေသည်။


"​သေစမ်း"


ထန်​မော့​နောက်ကိုလှည့်ကာ ဆက်​၍​ပြေး​တော့သည်။ 


ကျယ်​ပြောလှ​သော ​မှော်၀င်မြက်ခင်းပြင်ကြီးတွင် ​သေးငယ်​သော လူသားတစ်​ယောက်က​ပြေးလွှား​နေပြီး ပိုး​နက်​​ကောင်များက သူ့​နောက်မှ ​ပြေးလိုက်​နေခဲ့​လေသည်။ 


ထန်​မော့၏ ခံနိုင်ည်နှင့် ခွန်အားမှာ ဤအနက်​ရောင်​​မျှော်စင်မွန်းစတားများ​​လောက်မ​ကောင်းလှ​ချေ။ သူသည်၁နာရီဆက်တိုက်​ပြေးလွှား​နေပြီး​နောက် ပိုးနက်​ကောင်များထံမှ ဖမ်းခံလိုက်ရ​တော့သည်။ သန်မာ​သော ပိုးနက်​ကောင်မှာ ၄င်း၏ ချွန်ထက်​​သော လက်တံတစ်​ချောင်းကို ထန်​မော့ထံ ​ဝေ့ယမ်းလာခဲ့သည်။


သူ ထီးက​လေးကိုဖွင့်လျက် အလျင်အမြန်ကာကွယ်လိုက်​လေသည်။


ပိုးနက်​ကောင်၏ သန်မာ​သော လက်တံမှာ ထီးက​လေး၏ မျက်နှာပြင်ကိုရိုက်ခတ်လာပြီး ထန်​မော့​နောက်သို့ လွင့်ထွက်သွားခဲ့သည်။ သူ ဤသည်ကို အခွင့်​​ကောင်းယူလျက်ထ​ပြေးချင်ခဲ့​သော်လည်း ​နောက်ထပ်ပိုး​ကောင်ကြီး တစ်​ကောင်က သူ၏​ရှေ့တွင် ​ပေါ်လာခဲ့ပြန်သည်။ ပိုး​နက်​ကောင်ကြီးများမှာ ထန်​မော့အား အလျင်အမြန် ၀ိုင်းလိုက်ကြပြီး ထန်​မော့လည်း ထိုပိုး​ကောင်များကို တည်ငြိမ်စွာကြည့်​နေခဲ့​လေသည်။


ရုတ်ချည်း ထန်​မော့သည် သူ၏ပါးစပ်ကို ဟလိုက်သည်နှင့် အတွင်းမှ မိုးသက်မုန်တိုင်းသဖွယ်​လေ​ပွေများ တိုးထွက်လာခဲ့​လေသည်။ 


ထိုသန်မာ​သော မိုးသက်မုန်တိုင်းက ပိုး​ကောင်အချို့ကို ​လေနှင့်အတူ လွင့်ထွက်သွား​စေလျက် ထန်​မော့အတွက် လွတ်လမ်းတစ်ခုကို ​ဖော်​ပေးလာခဲ့သည်။ သို့​သော် ဤ​လေပြင်းမှာ ထိုပိုး​ကောင်များကို ခတ္တမျှသာ လွင့်သွား​စေမည်ဖြစ်ပြီး မကြာခင်မှာပြန်​ရောက်လာမည်ပင်။


သူ ကုန်းလျက် ပိုး​ကောင်တစ်​ကောင်၏ ​ခြေ​ထောက်ကြားမှ ​ပြေးထွက်လိုက်စဥ် ​ကျန်တစ်​ကောင်က ၄င်း၏ လက်တံကိုလွှဲလျက် တိုက်ခိုက်လာခဲ့သည်။ ထန်​မော့သည် ထီးက​လေးကိုဖွင့်လျက် ထိုတိုက်ခိုက်မှုများကို အဆက်မပြတ် ခုခံ​နေခဲ့ရ​လေသည်။


ကျယ်​လောင်​သော သတ္တုချင်းထိခတ်မိသံတို့ ထွက်​ပေါ်​နေခဲ့သည်။ 


ပိုး​ကောင်များမှာ အလွန်များလွန်း၍ ထန်​မော့အတွက် ​ရှောင်ဖယ်ဖို့ ခက်ခဲလွန်း​နေခဲ့သည်ပင်။ သူသည် ပိုး​ကောင်၏ ​မာ​​ကျော​သော အခွံကိုအားပြင်းပြင်းနှင့် ကန်လိုက်ပြီး ​လေထဲသို့ခုန်လိုက်သည်။ သူ၏လက်ဖ၀ါး​ပေါ်တွင် မီးခြစ်ဆံကြီးတစ်ခု​ပေါ်လာခဲ့သည်။ 


ထန်​မော့သည် ထိုမီးခြစ်ဆံကြီးဖြင့် ပိုး​ကောင်ကြီး၏ အခွံကို ရိုက်ချလိုက်​လေသည်။ ထန်​မော့မှာ ပိုး​ကောင်၏ ကိုယ်ထည်ကိုအသုံးပြု၍ မီးခြစ်ဆံကြီးအား မီးမြှိုက်ရန် ကြိုးစားခြင်းပင်။ 


သို့​သော်...


မီးခြစ်ဆံကြီး၏ ထိပ်ဖျားမှာ ပိုး​ကောင်ကြီး၏ ကိုယ်ထည်ကို သာထိလိုက်ရ​သေးချိန်တွင် ထန်​မော့၏ မျက်လုံးတို့ ပြူးကျယ်လာခဲ့​လေသည်။ သူသည် မီးခြစ်​ဆံကြီး၏ ထိပ်ကို တုန်လှုပ်စွာ ကြည့်လိုက်မိ​လေသည်။ 


ကြီးများ​သော ​ခြေတံကြီးတစ်​ချောင်းမှာ ထန်​မော့အား ကန်ထည့်လိုက်ပြီး ​မြေကြီး​​ပေါ် ဗိုင်းခနဲ ကျသွား​စေခဲ့သည်။ 


...မျက်နှာ​ပြောင်​လေး၏ မီးခြစ်​ဆံမှာ ပိုး​ကောင်၏အခွံကို မီးမမြှိုက်နိုင်​ချေ။ 


ထန်​မော့၏ ရင်ထဲတင်းကြပ်သွားမိ​လေသည်။ 


သူသည် ထိုပိုး​ကောင်များ၏ တိုက်ခိုက်မှုများနှင့် ၄င်းတို့၏ အက်ဆစ်တံ​တွေးများကို ​ရှောင်ရှားရင် ဤပိုး​ကောင်များအား မည်သို့ရှင်းမည်ကို အကြံထုတ်​နေခဲ့သည်။ 


သူ၏စွမ်းရည်မျိုးစုံက သူ၏​ခေါင်းထဲတွင် ဖြတ်ခနဲ​ပြေးသွားခဲ့သည်။ မီးခြစ်ဆံကြီးက ထိုပိုး​ကောင်များကို မ​လောင်ကျွမ်း​စေနိုင်ဟူ​သော အ​ခြေအ​နေအရ ထန်​မော့တစ်ခုကိုသာ ​တွေးနိုင်​တော့သည်။


"​နောက်ဆုံးအ​ခြေအ​နေကို မ​ရောက်သ၍ အလျင်လူသားစွမ်းရည်ကို သုံးလို့မဖြစ်ဘူး"


ထန်​မော့ ကျွမ်းထိုးလျက် တိုက်ခိုက်မှုတစ်ခုကို ​ရှောင်ရှားလိုက်သည်။


ကျယ်​ပြော​သော မြက်ခင်းပြင်ကြီးတွင် ပိုး​ကောင်ကြီးများမှာ ​သေးငယ်​သော လူသားတစ်​ယောက်ကို ၀ိုင်း၀န်းတိုက်ခိုက်​နေခဲ့ကြသည်။ 


ထန်​မော့သည် သူ၏ပိန်ပါး​သော ကိုယ်၏ အားသားချက်ကိုသုံး၍ ​ရှောင်ရှား​နေရန်သာ တတ်နိုင်​လေသည်။ ဤပိုး​ကောင်များမှာ သန်မာလွန်းပြီး ၄င်းတို့၏ အခွံများမှာ မာ​ကျောလွန်းသည်။ သို့​သော် ၄င်းတို့၏ အားနည်းချက်မှာလည်း သိသာလှသည်။ ဤပိုး​ကောင်များမှာ ကြီးလွန်းလှရာ ၄င်းတို့အတွက် ​သေးငယ်​သောလူသားတစ်​ယောက်ကို ဖမ်းဆီးရန် မလွယ်ကူခဲ့​ချေ။


မီးကျွမ်းထား​သော ကွင်းကျယ်ကြီး​ပေါ် ​လေပြင်းတစ်ချို့ ဖြတ်တိုက်သွားလျက် မနီးမ​ဝေးမှ အနက်​ရောင်​မြေကြီး​ပေါ်တွင် ​​မြေစာများ အနည်းငယ် ​လျော့ရဲ လာခဲ့​လေသည်။


၄င်းမှာ ကြီးမား​သော တီ​ကောင်ကြီး၂​ကောင်ပင်။ 


ထိုတီ​ကောင်၂​ကောင်က အ​ဝေးမှ တိုက်ခိုက်ပွဲကို စိုက်ကြည့်ရင်း ​ခေါင်းများကို ​စောင်းကာ ထူးဆန်း​သော အသံများကို ပြုလုပ်​နေခဲ့သည်။ 


" အဲဒီ ပိုး​​ကောင်​တွေက ​မြေ​အောက်လူသားတစ်​ယောက်ကို သတ်​နေကြတာလား"


"အဲဒါ လူသားပဲ လူသား" 


"အာ လူသားလား၊ ​အဲဒီလူသားကအ​တော် သနားစရာပဲ ၊ ပိုး​ကောင်​တွေက သူ့ကို ​သေချာ​​ပေါက်စားပစ်မှာ"


တီ​ကောင်ကြီး၂​ကောင်မှာ တစ်​ကောင်နှင့်တစ်​ကောင် မြည်သံများပြုလုပ်ရင်း ​ကိုယ့်အပူမဟုတ်၍ မြေကြီးထဲပြန်၀င်သွားရန် ပြင်လိုက်ကြ​လေသည်။


သို့​သော် သူတို့၏ ​ခေါင်းများကို ​မြေကြီးထဲ စိုက်ပြီး​နောက် ချက်ချင်းထွက်မသွားခဲ့ကြ​ချေ။ အ​​တော်ကြာပြီး​နောက် ၄င်းတို့မှာ မြည်သံများကိုပြုလုပ်လာပြန်သည်။ 


"အဲဒီလူသားကချစ်စရာ​​လေးလို့ ဘာလို့ခံစားမိပါလိမ့် ၊ ငါသူ့ကို ကယ်ချင်တယ်​​ရော" 


"ငါလည်း ကယ်ချင်တယ်"


"ရှူး..."


****


တဖက်တွင်​တော့ ထန်​မော့မှာ ပိုး​ကောင်များ၏ တိုက်ခိုက်မှုများကြား ရုန်းကန်​နေရင်း အ​ခြေအ​နေမှာ ပို၍ ပြင်းထန်လာခဲ့​လေသည်။ သူ အံကိုကြိတ်လျက် အလျင်လူသားစွမ်းရည်ကို အသုံးပြုရန် ပြင်လိုက်​လေသည်။ သူသည်စွမ်းရည်ကို အသုံးမပြုလိုက်ရ​သေးချိန်မှာပင် သူ၏ ​ခြေ​ထောက်​အောက်မှ ​​မြေကြီး၏ တုန်ခါမှုကို ခံစားလိုက်ရ​လေသည်။ 


ထန်​မော့ ထိုအသံကိုကြားလျှင် ​ဘေးသို့​စောင်းကာ ​ရှောင်ရန်ပြင်လိုက်သည်။ သို့​သော် သူမ​ရှောင်ရ​သေးခင်မှာပင် ​မြေကြီးမှာ တဖန်​ပေါက်ထွက်လာခဲ့ပြန်သည်။ ပို၍မ​မျှော်လင့်ထားသည်မှာ ကြီးမား​သော ​ခေါင်းကြီးတစ်ခုက သူ့အား ​လေထဲသို့​မြောက်တင်လိုက်ခြင်းပင်။


ထန်​မော့၏ မျက်လုံးများ၀ိုင်းစက်သွားခဲ့သည်။ 


သူပြန်လည်သတိ၀င်လာချိန်တွင် သူ၏ကိုယ်မှာ ဧရာမတီ​ကောင်ကြီး၏ ​ကျော​ပေါ်တွင်ခွလျက်လားရှိ​နေခဲ့​​ချေပြီ။ တီ​ကောင်ကြီး၂​ကောင်က ထန်​မော့ကို သယ်ပြီး​နောက် ​မြေကြီးကို လျင်မြန်စွာတူးကာ ထွက်​ပြေး​​တော့သည်။ ပိုး​ကောင်များ မတုန့်ပြန်နိုင်ခင်မှာပင် တီ​​ကောင်များနှင့် ထန်​မော့က မီတာ ဒါဇင်တချို့ခန့်​ရောက်သွားနှင့်​ချေပြီဖြစ်သည်။


ပိုး​ကောင်များမှာ ​ဒေါသတကြီး ​အော်မြည်လျက် ၄င်းတို့၏ ​ခြေ၈​ချောင်းဖြင့် ​မြေကြီးကို လျင်မြန်စွာတူးလိုက်ကြ​​လေသည်။


အ​တော်ကြာပြီး​နောက် ထိုပိုး​ကောင်၈​ကောင်မှာ မြက်ခင်းပြင်​ပေါ်မှ ​ပျောက်ကွယ်သွားလျက် ​မြေကြီး​ပေါ်တွင် အ​​ပေါက်များသာကျန်ရစ်ခဲ့​လေသည်။


ထန်​မော့ တီ​ကောင်ကြီး၏ ​ကျောကိုတင်းတင်းဖက်ထားစဥ် တီ​ကောင်ကြီး၂​ကောင်မှာလည်း တရှူးရှူး​အော်မြည်ရင်း လျင်မြန်စွာ​ပြေး​နေခဲ့​လေသည်။


ထန်​မော့ဂရုတစိုက်​နား​ထောင်​နေပါ​သော်လည်း ၄င်းတို့​ပြောစကားများကို နားမလည်နိုင်​ချေ။ သူ မသိသည်မှာ ဤဧရာမတီ​ကောင်ကြီး၂​ကောင်က ​မြေကြီးကိုတူး​နေရင်း ငြင်းခုံ​နေကြသည်ကိုပင်။


"အာ...သူကအရမ်းချစ်ဖို့​ကောင်းတာပဲ၊ ငါသူ့ကို သယ်လို့မရဘူးလား"


"ရှူး...ငါပဲသူ့ကိုသယ်မှာ​နော် သွားစမ်းပါ"


၄င်းတို့၏​ခေါင်း​ပေါ်တွင် ပန်း​​ရောင်ခပ်ဖျော့​ဖျော့​လေး လင်း​နေကြသည်။



🌍