Chapter 175
Viewers 33k

🌍Chapter 175




တီကောင်မျက်ရည်က ပိုလက်တွေ့ကျသော်လည်း သုံးရန် အခွင့်အရေးတစ်ခုသာရှိတော့သည်။ ကမ္ဘာကြီး အွန်လိုင်းပေါ်တက်သည့်ဖြစ်အချိန်မှစ၍ လက်ရှိအချိန်ထိ ထန်မော့ သူ့ဒဏ်ရာများကို ကုသရန် သူ့ခန္ဓာကိုယ်စွမ်းရည်က်ို မှီခိုခဲ့သည်။ ရေသန့်က ပြန်‌ကောင်းသည့်နှုန်းကို မြန်‌စေနိုင်သည်။  တီကောင်မျက်ရည်ကဲ့သို့ သိပ်မသိသာသော်လည်း ဂိမ်းကူပစ္စည်းကောင်းတစ်ခုဖြစ်သည်။ 


ဖူဝမ်ရှန်း ထန်မော့ကို ကြည့်ပြီး အချိန်အတော်ကြာပြီးနောက် ပြောလိုက်သည်။


“အစ်ကိုထန် ဘာလို့ ဒါတွေကို အချက်အလက်နဲ့ လဲမှာလဲ…”


ထန်မော့ ပြန်ဖြေလိုက်သည်။


"ငါတို့မှာ ကုသနိုင်တဲ့ဂိမ်းကူပစ္စည်း မရှိဘူး…”


ထန်မော့နှင့် ဖူဝမ်‌သော်််တို့ လွန်ခဲ့‌သောရက်များက ဂိမ်းကူပစ္စည်းများရခဲ့ပြီး အများစုက သတ်ဖြတ်သည့်အမျိုးအစားလက်နက်များဖြစ်ကာ အရံဂိမ်းကူပစ္စည်းများနည်းသည်။ 


ယခု ဖူဝမ်ရှန်းဆိုလိုချင်သည်က... 


ထန်မော့မေးလိုက်သည်။


 "မင်း ပုလင်းတွေ ယူလာလို့ရလား…”


 á€žá€°á€á€­á€Żá€ˇ ရှောင်ကျီထုံးနှင့် ဆက်ဆံရေးတစ်ခုရှိကာ ဖူဝမ်ရှန်းက နန်ကျင်းအဖွဲ့၏အဖွဲ့ဝင်‌ဖြစ်သည်။ သူ ပုလင်းအနည်းငယ်ယူသွားခြင်းက ကျိုးကြောင်းဆီလျော်သည်။ 


ဖူဝမ်ရှန်း ပြောလိုက်သည်။


"ဒါက ကျွန်တော့်စွမ်းရည်…”


ထန်မော့ ပြောလိုက်သည်။


 "ဒါက အစတည်းက မင်းစွမ်ရည်ဆိုရင် ငါတို့  တကယ်ယူ..." 


သူ့အသံရပ်သွားကာ ထန်မော့ ကလေးကို လန့်သွားသည့်အမူအရာနှင့် ကြည့်လိုက်သည်။


"မင်းစွမ်းရည်…" 


 á€–á€°á€á€™á€şá€›á€žá€”á€şá€¸ ခေါင်းငြိမ့်လိုက်ပြီး သူ ညာလက်ကို မြှောက်ကာ အိပ်ရာအောက်မှ ပလတ်စတစ်ဘေစင်ကို  ယူလိုက်ပြီး ဘေစင်ပေါ် ညာလက်တင်လိုက်သောအခါ ရေကြည်ကြည်က သူ့လက်ဖဝါးမှ ကျလာကာ ဆက်တိုက်စီးဆင်းပြီး မကြာမီ ဘေစင်တစ်ခုလုံး ပြည့်သွားသည်။ နောက် သူ့အိပ်ရာအောက်မှ ကတော့ကြီးတစ်ခုနှင့် ရေသန့်ပုလင်းများ ထုတ်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ပုလင်း၅ပုလင်းဖြည့်ကာ ထန်မော့ကို လှမ်း‌ပေးလိုက်သည်။


 "ဟုတ်တယ်…ဒါက ကျွန်တော့်စွမ်းရည်…”


ထန်မော့:"..." 


သူ့စွမ်းရည်!!!


ဖူဝမ်သော်၏ရယ်သံတိုးတိုးထွက်လာလေသည်။ 


ထန်မော့နှင့် ဖူဝမ်ရှန်တို့ သူ့ကို ကြည့်လိုက်ရာ ဖူဝမ်သော် သက်ပြင်းဖွဖွချပြီးနောက် ပြောလိုက်သည်။


 "ဒါက နည်းနည်းအသုံးဝင်တယ်…” 


ဖူဝမ်ရှန်း အဘယ်ကြောင့် နည်းနည်းသာ အသုံး၀င်ရသနည်းဟု မေးချင်သည်။ ဤအရာက အလွန်အသုံးဝင်သည်မှာ သိသာလှသည်။ သူ့စွမ်းရည်က အလွန်အစွမ်းထက်သည်ဟု ခေါင်းဆော‌င်‌ရှောင် ပြောသည်။ ခေါင်းဆောင်ချိုင်နှင့် နင်နင်းတို့ကဲ့သို့ အဆင့်မြှင့်နိုင်ပါက ဤရေသန့်က ‌အနာဂတ်တွင် လူ့အရိုးကိုပင် ထုတ်လုပ်နိုင်လောက်သည်။ သို့သော် သူ့အကိုကြီး၏ထိန်းထားသည့်အပြုံးကို မြင်၍ သူ ပါးစပ်ပိတ်လိုက်သည်။ 


စိတ်ဆိုးနေသည်နှင့်အတူအနည်းငယ်ပျော်ရွှင်မှုနှင့် ဂုဏ်ယူမှုပါ စိတ်ထဲ မြင့်တက်လာသည်။ ယခုက သူ့အကိုကြီး သူ့ကို ချီးကျူး‌သောပထမဆုံးအကြိမ်ဖြစ်သည်။


ဖူဝမ်ရှန်း သူ့ပစ္စည်းများကို ထုပ်ကာ ထန်မော့နှင့် ဖူဝမ်‌သော်အတွက် ကြမ်းပြင်တွင် ‌အိပ်ရာခင်း စောင်များခင်း‌ပေးလိုက်သည်။ သူတို့သုံးယောက် မနက်ဖြန်ထွက်ခွာကြမည်ဖြစ်ပြီး နန်ကျင်းတွင် တစ်ည ပိုနေမည်ဖြစ်သည်။ 


ထန်မော့ ကလေးတစ်ယောက် သူ့အတွက်အိပ်ရာပြင်ပေးနေသည်ကို ကြည့်မနေနိုင်ပေ။ သူ ကူညီချင်သည်။ သူ မရွေ့ရသေးခင် ဖူဝမ်သော်က ဖူဝမ်ရှန်းကို တည်ငြိမ်စွာပြောလိုက်သည်။


“ငါတို့ မသွားခင် ရေသန့်များများရောင်းခဲ့…”


ဖူ၀မ်ရှန်း ခဏကြောင်သွား၍ ပြန်မပြောနိုင်ဘဲ နောက်မှ အသံထွက်လာသည်။


 "အာ…" 


"ချိုင်ရုန်နဲ့  ရှောင်ကျီထုံးကို ရောင်း…


"ဖူဝမ်သော် ခဏရပ်ပြီး အိပ်ရာခင်းတစ်ဖက်တွင် လှဲလိုက်သည်။


 "မင်း အရင်က သူတို့ကို ရေသန့်ဘယ်လောက် ပေးခဲ့လဲ…" 


ဖူဝမ်ရှန်း ရိုးသားစွာ ပြန်ဖြေသည်။


 â€œá€›á€Źá€”ဲအခဝဎ‌.”


" ဟက် ဒါက ကလေးကိုခေါင်းပုံဖြတ်တာပဲ…" 


 á€–á€°á€á€™á€şá€›á€žá€”á€şá€¸ သတိထားပြီး သတိပေးလိုက်သည်။


"ကော သူတို့က ကျွန်တော့်အဖွဲ့၀င်တွေ…" 


 á€–á€°á€á€™á€şá€žá€ąá€Źá€ş ပြောလိုက်သည်။


 "သူတို့က အခုအဖွဲ့၀င်တွေမဟုတ်တော့ဘူး…အသစ်တွေလုပ်ပြီး အချက်အလက်နဲ့သွားလဲလိုက်…”


‘ ကျွန်တော်က အစ်ကိုနဲ့အစား ခေါင်းဆောင်ချိုင်နဲ့ပဲ အဖွဲ့ဝင်ဖြစ်ချင်တာ´ 


ဖူဝမ်ရှန်း အပြင်တွင် ထုတ်တော့မ‌ပြောရဲပေ။


သူ့မျက်လုံးများက စိတ်ဓါတ်ကျနေသော်လည်း သူ လိမ္မာစွာ ရေသန့်ပုလင်းများ လုပ်လိုက်သည်။


ဤမြင်ကွင်းကို မြင်၍ ထန်မော့  ကူရာမဲ့စွာ ပြုံးလိုက်ပြီး ညာလက်ကို ဖြည်းဖြည်းလှုပ်လိုက်သည်။ အပူချိန်က လက်ချောင်းကြားထဲ ကျန်နေသည့်ပုံရသည်။ 


 á€–á€°á€á€™á€şá€žá€ąá€Źá€ş ရုတ်တရက် လွှတ်‌လိုက်‌သော်လည်း ထန်မော့ မအံ့သြပေ။ အလင်းရောင်မှိန်မှိန်တွင် အရပ်ရှည်ရှည်အမျိုးသား အိပ်ရာခင်းပေါ် စောင်ဖြန့်ကာ အနားထောင့်တိုင်းကို ‌သပ်ရပ်ချောမွေ့စွာခင်းသည်။ ယခင်က လုပ်ဖူးသကဲ့သို့ အလွန်မြန်ဆန်သည်။ 


အမှန်တွင် ထန်မော့နှင့် ဖူဝမ်သော်၏ခန္ဓာကိုယ်ကြံ့ခိုင်မှုအရ သူတို့ ညအိပ်စရာမလိုသော်လည်း ‌ကလေးက မတူ၍ ဖူဝမ်သော် မငြင်းချေ။ ကလေးအပေါ် ကြင်နာမှုဖြစ်သည်။ တစ်နည်းအားဖြင့် ဖူဝမ်သော်က အစ်ကိုကောင်း ‌အမျိုးသားကောင်းဖြစ်သည်။ 


ထန်မော့ ရှောင်ကျီထုံးကို ပြောခဲ့‌သော  ‘ဖူဝမ်သော် လူကောင်းဖြစ်သည်´က အပေါ်ယံ‌ပြောလိုက်သည်မဟုတ်ပေ။ သူလည်း ဤအချက်ကို သဘောပေါက်သည်။ ကိုယ်ကျင့်တရားကိုအသာထား၍ ဘဝကို ကြည့်ပုံ သေခြင်းရှင်ခြင်း‌အပေါ် သဘောထားကို ကြည့်၍ ဖူဝမ်သော်က လူကောင်းတစ်ယောက်ဟု ထန်မော့ခံစားရသည်။ သူက ထန်မော့ထက်ပင်  ပိုကောင်းနိုင်သည်။ အနည်းဆုံးတော့ ဖူဝမ်သော်က အနက်ရောင်မျှော်စင်ကို ဒေါသထွက်စွာ မကန်လောက်ချေ။ 


သူ တွေးကြည့်မှ မနက်ဖြန် နန်ကျင်းမှထွက်ခွာလျှင် သူ ရှင်းကျဲခုံကို ဖြတ်ရမည်ကို သတိရသွားသည်။


 á€–ဟတ်သွဏးတုန်း အနက်ရောင်မျှော်စင်ကို ကန်သွားသင့်လား… 


"မင်းအိပ်တော့မှာလား" 


သူ အသံတိုးတိုးတစ်ခုကို ကြားလိုက်သည်။ 


ထန်မော့စိတ် ချက်ချင်းတက်ကြွလာကာ ဖူဝမ်သော်က အိပ်ရာခင်းဘေး ဆောင့်ကြောင့်ထိုင်နေသည်ကို တွေ့လိုက်သည်။ သူ့မျက်လုံးနက်နက်များက ထန်မော့ကို သေချာငေးကြည့်‌နေ၏။ 


တစ်ဖက်လူက သူ့ကို အချိန်အတော်ကြာ ငေးကြည့်နေသည်ကို ထန်မော့တွေ့လိုက်သည်။  ဖူဝမ်သော်မျက်နှာက အလွန်တည်ငြိမ်သည်။ သူ ခေါင်းခါကာ ပြောလိုက်သည်။


 "ကျွန်တော် ရက်နည်းနည်းလောက် မအိပ်လည်း ဘာမှမဖြစ်ဘူး… ကျွန်တော်တို့ နာရီနည်းနည်းလက်ကိုင်ထားပေမယ့်  ကျွန်တော် ခင်ဗျားစွမ်းအားကို  မ‌သိနိုင်‌သေးဘူး…အကြောင်းပြချက်နှစ်ခုရှိတယ်... တစ်ခုက  ကျွန်တော် တစ်ခြားတစ်ယောက်ရဲ့စွမ်းအားရထားလို့ အစွမ်းက ပိုနည်းပြီး မူရင်းထက် ပိုကန့်သတ်ခံရတာ…နောက်တစ်ယောက်ရဲ့စွမ်းအားရဖို့က အချိန်အကြာကြီးယူရနိုင်တယ်…ဒုတိယက ခင်ဗျားစွမ်းရည်က အရမ်းအစွမ်းထက်လို့  ကျွန်တော် အချိန်ပိုလိုတာ…" 


ဖူဝမ်‌သော် ပြောလိုက်သည်။  


"အလျင်မလိုပါဘူး…ပေကျင်းရောက်ဖို့ ၃ရက်လိုတော့ လမ်းမှာ ပိုထိလို့ရတယ်…" 


ထန်မော့ တွေးလိုက်သည်။


`အတွင်းပိုင်း ပိုကျတဲ့နေရာတွေထိတာက  ပိုထိရောက်တယ်ဆိုတာ မသိလို့တော်သေးတယ်’


အပြင်တွင်မူ သူသက်ပြင်းချကာ ပြောလိုက်သည်။


" ကောင်းပြီ…”


 " မနက်ဖြန် ဖူဝမ်ရှန်းနဲ့ စမ်းသပ်ကြည့်…" 


နောက်အခန်းတွင် ရေသန့်လုပ်နေသောကလေးက သူ့နာမည်ကို ရုတ်တရက် ကြားလိုက်၍ ထိတ်လန့်သွား၏။


 "ကော စမ်းသပ်တာ…ဘာစမ်းသပ်တာလဲ…" 


 á€–á€°á€á€™á€şá€žá€ąá€Źá€ş မျက်တောင်မခတ် ပြောလိုက်သည်။


"မင်းကိုရောင်းဖို့ စမ်းသပ်ချက်…"


 á€–á€°á€á€™á€şá€›á€žá€”á€şá€¸ "..." 


ထုတ်လုပ်နိုင်သောရေသန့်အရေအတွက်က  ကန့်သတ်ချက်ရှိ၍ တစ်ညလျှင် သူ ပုလင်း၃၀သာလုပ်နိုင်သည်။ ဖူဝမ်ရှန်း အိပ်ရာပေါ်လှဲပြီး မကြာမီအိပ်ပျော်သွား၏။


ရက်စက်သည့်ဖြစ်စဥ်ဂိမ်းပြီးနောက် ထန်မော့လည်း ‌အလွန်အိပ်ချင်လာ၍ သူ မျက်လုံးမှိတ်လိုက်သည်။ ဖူဝမ်သော်က သူ့ဘေး မလှမ်းမကမ်းတွင် အိပ်နေ၏။


 á€á€­á€á€şá€†á€­á€á€şá€”္သ္ဏဥခန်းတွင် နာရီ တစ်ချက်ချက်မြည်သံသာ ကြားနိုင်သည်။ 


အချိန်အတော်ကြီးရှိ‌ပြီးနောက် ဖူဝမ်သော် တိုးတိုး‌ပြောလာသည်။


" ကိုယ်တို့နာမည်ပြောင်းတာ ပိုကောင်းတယ်။ ကိုယ့်နာမည်ကို တရုတ်ကစားသူတွေအားလုံးသိတယ်…မင်းနာမည်က လူသိမများပေမယ့် ‘’မော့မော့’ က အကောင်းဆုံးကစားသမားတွေကြား နာမည်ကြီးတယ်…”          


 á€‘á€”á€şá€™á€ąá€Źá€ˇá€œá€Šá€şá€¸ အိပ်မပျော်သေး၍ ခဏတွေးပြီးနောက် မျက်လုံးဖွင့်ကာ ပြောလိုက်သည်။


"ဟုတ်တယ်…အဓိပ္ပါယ်ရှိတယ်…ခင်ဗျားနာမည်က ဖူဝမ်ရှန့်များဖြစ်နေမလား…''


ထန်မော့ နာမည်ကို ပြောရင်း ရယ်လိုက်သည်။ 


ဤနာမည်က ဖူဝမ်သော်ထက်ပိုဆိုးသည်။ နန်ကျင်းအဖွဲ့၏အဖွဲ့ဝင်များက ဖူဝမ်ရှန်းကိုသိ၍ သူတို့ ဖူဝမ်ရှန့်ဟုခေါ်သောသူ တစ်ယောက်ကို လက်ခံနိုင်ပေသည်။ 


 "နာမည်အသစ်က ဆင်တူပြီး လက်ခံဖို့လွယ်တာဖြစ်ရမယ်.. မင်းနာမည်က ထန်ချီ… ဖူဝမ်ရှန်းနာမည်လည်း ပြောင်းသင့်တယ်… သူ့ကို ခေါ်သင့်တာ..." 


ဖူဝမ်‌သော် ခဏမျှစဥ်းစားပြီး ပြောလိုက်သည်။


"သူ့နာမည်က သာ့ချောင်း…ကိုယ့်နာမည်က ဗစ်တာ…" 


ရုတ်တရက် အချိန် ရပ်တန့်သွားကာ ထန်မော့နှလုံးခုန်မြန်လာ၏။ သူ ကူရာမဲ့စွာ ခေါင်းမော့ကြည့်လိုက်သည်။  သူ့ဘေးကအမျိုးသားကို ကြည့်လိုက်ရာ အမှောင်ထဲ သူ့အရိပ်တစ်ခုကိုသာမြင်နိုင်သည်။ သူ့နှလုံးကကျယ်လောင်စွာ ခုန်‌ပေါက်နေကာ ဖူဝမ်သော်ကို ‌ငေးကြည့်နေမိသည်။ 


...ဘာလို့ ဗစ်တာလဲ… 


ထန်မော့ သူ့ပါးစပ်ကို ဖွင့်ရန်ပြင်စဥ် အိပ်ရာမှ ကြည်လင်သည့်အသံကို ကြားလိုက်ရသည်။


 â€œá€€á€ąá€Ź ကျွန်တော့်ကို ဘာလို့ သာ့ချောင်းလို့ ‌ပေးရတာလဲ… ဒီနာမည်က ဘာလဲ…"


ကောင်လေး အလွန်အနိုင်ကျင့်ခံရသကဲ့သို့ ခံစားရ၍ သူ့ကိုယ်သူ မထိန်းနိုင်ပေ။


ဖူဝမ်သော် မေးလိုက်သည်။


"မင်းမအိပ်သေးဘူးလား…" 


 á€–á€°á€á€™á€şá€›á€žá€”á€şá€¸á€€ သူ့ကို အ‌ကြောင်းအရာ ပြောင်းခွင့်မပြုပေ။


"ကော ဘာလို့ ကျွန်တော့်ကို ဒီနာမည်ပေးတာလဲ…ဒါက မိန်းကလေးနာမည်…”


သူ Romance of the Three Kingdomsကို မကြည့်ဖူးသည့်ပုံပေါ်သည်။ 


“မင်းသူငယ်ချင်းကောင်းက ရှောင်ချောင်းလို့ခေါ်တယ်မလား…”


 â€Œ(ချောင်းက မျိုးရိုးနာမည်တစ်ခုဖြစ်သည်။ Romance of the Three Kingdomsတွင် သာ့ချောင်းနှင့် ရှောင်ချောင်းဟုခေါ်သော နာမည်ကြီးညီအစ်မရှိသည်။ သာ့ချောင်းက ချောင်းအကြီးဖြစ်ပြီး ရှောင်ချောင်းက ချောင်းအငယ်ဖြစ်သည်) 


ဖူဝမ်ရှန်း အံ့သြသွားသည်။ နောက် မကြာမီ  သူ အသိဝင်လာကာ ပြောလိုက်သည်။


 "သူက ဂျော့ရှ်အက်ဝေါ့ဒ်…" 


ရှောင်ချောင်းက ခေါင်းဆောင်ရှောင် သူ့ကို ပေးထားသောနာမည်ပြောင်ဖြစ်သည်။ ရှောင်ချောင်းက ဘာမှနားမလည်၍ မိန်းကလေးနာမည်မှန်း မသိသဖြင့် ခေါင်းဆောင်ရှောင်၏အကြံကို သဘောတူခဲ့ခြင်းဖြစ်သည်။ သိပါက လူတိုင်းကို ခေါ်ခွင့်ပြုမည်မဟုတ်ပေ။


"အာ ဒါဆိုလည်း မင်း သူ့ကို အဲ့လိုမခေါ်နဲ့လေ…” 


 "..." 


တိတ်‌ဆိ‌တ်နေသော ဖူဝမ်ရှန်း ကြောင်သွားသည်။ 


 á€–á€°á€á€™á€şá€žá€ąá€Źá€şá€á€˝á€ąá€¸á€œá€­á€Żá€€á€şá€žá€Šá€ş


 "ငါ သတိရတာမှန်ရင် မင်းအိမ်က Bronze Sparrow Terraceလို့ခေါ်တဲ့ ပေကျင်းရဲ့တတိယမြို့ပတ်လမ်းပေါ်မှာ ရှိတာမလား…” 


 Bronze Sparrow Terraceကိုလည်း ‘ချောင်း´ဟု ခေါ်သည်။ 


 "..." 


သဘာဝကျသည်ဟု ဖူဝမ်ရှန်းခံစားရပေသည်။ 


သဘောကျနေသောထန်မော့ နောက်ဆုံးတွင် ရယ်လိုက်၏။        


ရယ်သံကြား၍ ဖူဝမ်သော်နှင့် ဖူဝမ်ရှန်းတို့ လှည့်ကြည့်လိုက်ကြသည်။ ထန်မော့ စဥ်းစားလိုက်၏။


 "ကျွန်တော့်နာမည်က ထန်ချီဆိုတာ ဆင်တူလို့… ခင်ဗျားကကျတော့ ဘာလို့ ဗစ်တာလို့ ခေါ်တာလဲ…”


ဤနာမည်ကို ကြားတိုင်း သူ့အာရုံကြောများ တုန်လှုပ်နိုင်သည်ဟု ထန်မော့ခံစားရပေသည်။ ကမ္ဘာကြီးအွန်လိုင်း‌ပေါ် တက်သွားသည်မှာ အချိန်အကြာကြီးရှိနေပြီဟု ထင်ရသော်လည်း အမှန်တွင် လအနည်းငယ်သာရှိသေးသည်။ ဤလများတွင် အချို့လူများကို သူ့မှတ်ဉာဏ်အတွင်းဆုံးတွင် သိမ်းထားကာ မှတ်မိရန် ခက်အောင်လုပ်ထားသည်။ သူ တွေးမိလျှင်၍ သူ့စိတ်ခံစားချက်များက ဒီရေကဲ့သို့မြင့်တက်လာ၏။ 


သူ ဘာ‌ကြောင့် ဗစ်တာကို သ‌ဘောကျသည်ကို ထန်မော့မပြောနိုင်‌ပေ။ သူတို့အချင်းချင်း ကွန်ပြူတာခြားထားကာ တစ်ဖက်လူ၏အသက် ရုပ်ရည် အလုပ်အကိုင် နေသည့်နေရာကိုပင် မသိသော်လည်း ဤထူးဆန်းပြီးရင်းနှီးနေသည့်သူကို ထန်မော့ သဘောကျသည်။ သူတို့ bridgeအတူတူဆော့သည့်အချိန်တိုင်း ထန်မော့ သူ့ကို အလိုအလျောက်ယုံသည်။ သူတို့စိတ်ဝိညာဥ်များက ကိုက်ညီကာ ဆွဲဆောင်မှုရှိသည့် အမျိုးသမီးတစ်ယောက်၏ အနံ့နှင့် တူပြီး ထန်မော့ကို တဖြည်းဖြည်းချင်း စွဲလမ်းစေကာ ရုန်းထွက်မရအောင် လုပ်နိုင်သည်။ 


သို့‌သော် ဤခံစားချက်များက ရက်‌စက်သည့် အနက်ရောင်မျှော်စင်ဂိမ်းများနှင့် နှိုင်းယှဥ်လျှင် အလွန်‌သေးငယ်သည်။ နေရာကိုပင် မသိ‌သောတစ်ယောက်ကို ရှာမည့်အစား ထန်မော့ သူ့ကိုယ်ပိုင်ရှင်သန်မှုကို ပိုစိုးရိမ်သည်။ ထန်မော့နှလုံးသား ပိုလေးလံလာသည်။ 


ဗစ်တာ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ထန်မော့ကတော့ ဆက်ရှင်သန်ရမည်ဖြစ်သည်။ 


“ဆင်မတူဘူးလား…”


ထန်မော့အတွေးများ နှောင့်ယှက်ခံလိုက်ရသည်။


 " အာ…”


 á€Ąá€™á€žá€ąá€Źá€„်ထဲတွင် ဖူဝမ်‌သော် သူ့ကို တိတ်ဆိတ်စွာ ကြည့်၍ ပြောလိုက်သည်။ 


"ဝမ်သော် က မြန်မြန်ဖတ်ရင် ဗစ်တာနဲ့ဆင်မတူဘူးလား…" 


(Victorအတွက်စာလုံးက Wei-ke-duoဖြစ်၍ ဆင်တူသည်ဟု ပြောခြင်းဖြစ်သည်။) 


ထန်မော့ကြောင်သွားကာ သူ့အတွေးထဲ ပေါ်လာသည်က အတော်ရယ်ရသည်ဟု ခံစားရပြီး ပါးစပ်ဖွင့်လိုက်ပိတ်လိုက်အကြိမ်များစွာ လုပ်ပြီးနောက် ပြောလိုက်သည်။


"ဆင်တူတယ်…" 


 á€Ąá€­á€•်ရဏပ္ဍ်တွင် လှဲနေ‌သော ဖူဝမ်ရှန်းက သူတို့‌ပြောသည်ကို  ကြားသောအခါ အစက` ‘ကော အဲ့ဒါ ကောရဲ့အင်္ဂလိပ်နာမည်လေ´ဟု ‌ပြောချင်သော်လည်း သူ ဖူဝမ်သော် အနိုင်ကျင့်သည်ကို ခံရပြီး စကား‌ပြောရန် စိတ်ဓါတ်ကျနေ၍ မျက်လုံးသာ မှိတ်ထားလိုက်သည်။ 


ထန်မော့ ဤပြသာနာကို ထပ်စိတ်မပူတော့ပေ။ သူ့ကို ဖူဝမ်သော် အချိန်အကြာကြီးတိတ်တဆိတ်‌  ကြည့်နေသည်ကိုတော့ သူမသိ‌ချေ။ ထန်မော့ စကားများကို မ‌စောင့်ဘဲ ဖူဝမ်‌သော် မျက်မှောင်ကြုတ်ပြီး မျက်နှာကျက်ကို ကြည့်လိုက်သည်။ 


ဤညက အိပ်မပျော်သော ညတစ်ည ဖြစ်‌ခဲ့လေသည်။


****

နောက်တစ်နေ့မနက်တွင် သူတို့သုံးယောက် ထွက်ခွာလိုက်ကြသည်။ 


မထွက်ခွာမီ ဖူဝမ်သော် ဖူဝမ်ရှန်းကို ရေသန့်ပုလင်း၃၀အား အသုံးဝင်သည့်သတင်းနှင့် လဲရန်ပြောလိုက်သည်။  ဖူဝမ်ရှန်း ရေသန့်နှင့် ပြေးသွားပြီး သူပြန်ရောက်လာသောအခါ ဖူဝမ်သော် မျက်ခုံးပင့်၍ သူ့ကို ကြည့်ကာ မေးလိုက်သည််။


"မင်း ဘာရခဲ့လဲ…" 


ဖူဝမ်ရှန်း မြန်မြန်‌ပြောလိုက်သည်။ 


 á€‘န်မ္ဏအ ညီအကိုနှစ်ယောက်ကိုကြည့်ပြီး ကူရာမဲ့စွာ ပြုံးလိုက်၏။ သူနှင့် ယှဥ်လျှင် သူ့အဖော်က စိတ်ပိုရှည်ပြီး နူးညံ့လောက်သည်။သူတို့ အနက်ရောင်မျှော်စင်ကို ဖြတ်သောအခါ ထန်မော့ အနက်ရောင်မျှော်စင်ကို ကန်ရန် စဥ်းစားမိသည်။ သို့သော် ဖူဝမ်သော်နှင့် ဖူဝမ်ရှန်းရှိ၍ သူ့ပုံရိပ်ကို ထိန်းသိမ်းရမည်ဟု တွေးပြီး တုံ့ဆိုင်းနေမိသည်။ ဖူဝမ်သော်၏အမျိုးရှေ့တွင် သူ့ပုံရိပ်ကို ဂရုစိုက်ရမည်။ ထန်မော့ အနက်ရောင်မျှော်စင်မှ အဝေးသို့ သွားလိုက်‌သော်လည်း ဖူဝမ်သော်ရပ်ကာ ကြီးမား‌သောမျှော်စင်ကို မော့ကြည့်လိုက်သည်။ အကြည့်ရွှေ့လိုက်သောအခါ ဖူဝမ်‌သော် အဝေးကမိန်းကလေး တစ်ယောက် အနက်ရောင်မျှော်စင်ကို ‌ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။ 


ထန်မော့လည်း တစ်ဖက်ကလူကို သတိထားမိသည်။ သူ အဝေးက နင်နင်းကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ 


နင်နင်း သူတို့သုံးယောက်ကို နှုတ်ဆက်လိုက်သော်လည်း ဘာမှထပ်မပြောပေ။ သူ ဖုန်ထူနေသော‌ကျောက်တုံးတွင် ထိုင်ကာ သူ့၏ငွေရောင်လေးကို ကိုင်ပြီး  အနက်ရောင်မျှော်စင်ကို မော့ကြည့်နေသည်။ သူ မမောမပန်း အနက်ရောင်မျှော်စင်ကို ကြည့်သည်။ သူ ဘယ်လောက်ကြာကြာ ဘယ်နှကြိမ်ကြည့်သည်ကို ဘယ်သူမှ မသိနိုင်ပေ။ 


 á€‘န်မ္ဏအ ထိုထူးဆန်းသည့်အမျိုးသမီးခိုးဝင်သူကို ကြည့်ပြီးနောက် နန်ကျင်းမှ ထွက်သွားလိုက်သည်။ 


သူတို့ဂျစ်ကားတစ်စီးကို တွေ့၍ အဝေးပြေးလမ်းမပေါ်  ဦးတည်လိုက်သည်။ ဖူဝမ်ရှန်းက အနောက်ခုံတွင်ထိုင်ကာ ပြတင်းပေါက်အပြင်မှ မြင်ကွင်းကို စူးစမ်းသည့်မျက်လုံးများနှင့် ‌ငေးကြည့်နေသည်။ သူ ကမ္ဘာကြီးအွန်လိုင်းပေါ် တက်ပြီးနောက်  နန်ကျင်းတွင်နေကာ ဘယ်မှမထွက်ဖြစ်ပေ။ ယခု သူကြောက်လည်း‌ကြောက်မိသလို စိတ်လည်းလှုပ်ရှားမိသည်။      


အချိန်အတော်ကြာ ကားမောင်းပြီးနောက် နောက်တစ်မြို့၏အနက်ရောင်မျှော်စင်ကို မြင်လိုက်ရသည်။


 á€‘န်မ္ဏအ မြေပုံကို ကြည့်ကာ ပြောလိုက်၏။


"ဒါက ယန်ကျုံးရဲ့ အနက်ရောင်မျှော်စင်ဖြစ်မယ်…”


သူခဏရပ်ပြီးနောက် နောက်ခုံမှ ကောင်လေးကို လှည့်မေးလိုက်သည်။


" နင်နင်းက အနက်ရောင်မျှော်စင်ကို ကြည့်ရတာ သဘောကျတာလား…" 


 á€–á€°á€á€™á€şá€›á€žá€”á€şá€¸ ခေါင်းငြိမ့်လိုက်ပြီးနောက် ခေါင်းခါလိုက်သည်။


 "အမြဲတော့မဟုတ်ဘူး…ခရစ်စမတ်ပြီးတည်းက အစ်မနင်နင်း မကြာခဏသွားကြည့်တယ်…အဲ့အချိန်က အစ်မရှောင်ထျန်း ဂိမ်းထဲက ထွက်မလာဘူး… အစ်မနင်နင်း အနက်ရောင်မျှော်စင်ကို မကြာခဏသွားကြည့်တယ်….အစ်မရှောင်ထျန်းက အနက်ရောင်မျှော်စင်ဂိမ်းထဲမှာ အချိန်ကြာနေတယ်လို့ ခံစားမိလို့ဖြစ်မယ်…အစ်မနင်နင်းရဲ့အနက်ရောင်မျှော်စင်အ‌ပေါ်ခံစားချက်က ရှုပ်ထွေးတယ်…အနက်ရောင်မျှော်စင်က သူ့အသက်ကို ကယ်ခဲ့တာ" 


ထန်မော့ အံ့သြသွားသည်။


 "သူ့အသက်ကို ကယ်ခဲ့တာ…" 


 á€–á€°á€á€™á€şá€žá€ąá€Źá€ş ဖူဝမ်ရှန်းကို နောက်ကြည့်မှန်မှတစ်ဆင့် စိတ်ဝင်စားစွာ ကြည့်လိုက်သည်။ 


 á€–á€°á€á€™á€şá€›á€žá€”á€şá€¸ ဖြေလိုက်သည်။


  "ဟုတ်တယ်…အစ်မနင်နင်းက ခိုးဝင်သူတစ်ယောက်… ခိုးဝင်သူတွေက ကစားသမားရွေးတဲ့ရက်၃ရက်မှာ တစ်ယောက်ယောက်ကို သတ်လိုက်တဲ့သူတွေ…ကောက စစ်သားတစ်ယောက်ဆိုတော့ စစ်ဆေးရေးတစ်ခုမှာ တစ်ယောက်ယောက်ကို သတ်လိုက်နိုင်တယ်…ကောအကြောင်းကြားတော့ ကျွန်တော် ဒါကို ခန့်မှန်းမိတယ်…ဒါပေမယ့် အစ်မနင်နင်းက မတူဘူး… သူက ဘယ်သူကိုမှ မသတ်ဘူး…" 


ထန်မော့ မေးလိုက်သည်။


"ဒါဆို သူက ဘယ်လိုလုပ် ခိုးဝင်သူဖြစ်သွားတာလဲ…”


ဖူဝမ်ရှန်း ရှင်းပြလိုက်သည်။


 "သူ ဘယ်သူ့ကိုမှမသတ်ခဲ့ပေမဲ့လည်း သဘောတရားအရဆို သူ သတ်ခဲ့တာပဲ…, ‌ပြောရရင် အဲ့၃ရက်မှာ... သူ သူ့ကိုယ်သူ သတ်သေခဲ့တာ… "


****


စာရေးသူမှာ ပြောစရာရှိပါတယ်။


ထန်ထန်: ငါတို့bridge ကစားတိုင်း ငါဆွဲဆောင်ခံရတယ်လို့ ခံစားရတယ်√ 


လောင်ဖူ: ငါတို့bridge ကစားတိုင်း ငါဆွဲဆောင်ခံရတယ်လို့ ခံစားရတယ်+1√


🪩