Chapter 168
Viewers 32k

🌍Chapter 168




ဖူ၀မ်သော် ထန်မော့၏စွမ်းရည် ထူးဆန်းသည်ကို သဘောပေါက်သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။


ပေကျင်းမှ ရှန်ဟိုင်းတစ်လျှောက် သူ အစွမ်းထက်သောကစားသမားများစွာမြင်ခဲ့ရပြီး ပြင်းထန်သည့်စွမ်းရည်များစွာနှင့် ကြုံခဲ့ရသည်။ ဥပမာ ပေကျင်း‌ခိုး၀င်သူအဖွဲ့ခေါင်းဆောင်တွင် အထူးစွမ်းရည်တစ်ခု ရှိပေသည်။ ဖူ၀မ်သော် သူ့ကို လျှော့မတွက်ဝံ့ပေ။ သို့သော် ထန်မော့၏စွမ်းရည်မှာမူ အခြားကစားသမားများ၏စွမ်းရည်များနှင့် ကွာခြား၏။


အရေးအကြီးဆုံးအချက်မှာ  ဖူ၀မ်သော် ထန်မော့ တူညီသည့်စွမ်းရည်အား အဆက်မပြတ်သုံးသည်ကိုမမြင်ဖူးပေ။


ပုံမှန်ကစားသမားများသည် သူတို့၏စွမ်းရည်ကို မကြာခဏအသုံးပြုလေ့ရှိသည်။ ဥပမာ ဆပ်ကပ်အဖွဲ့ခိုး၀င်သူလေးယောက်အသုံးပြုသည့် တိုက်ခိုက်ရေးနည်းလမ်းများသည် အများစုအားဖြင့် မပြောင်းလဲပေ။ လှပသည့်ဆယ်ကျော်သက်၏စွမ်းရည်က ပိုးကောင်များနှင့်ဆက်စပ်နေပြီး ကတုံးပြောင်နှင့်လူ အသုံးပြုသည့်စွမ်းရည်က ၀က်ဝံညိုကြီးအဖြစ် ပြောင်းလဲခြင်းဖြစ်သည်။ 


ထန်မော့က နည်းလမ်းများစွာ သုံး၍ သတ်ပစ်ခဲ့သော်လည်း စွမ်းရည်တစ်ခုကို ထပ်ခါထပ်ခါ သုံးခြင်း မရှိပေ။ ဤသည်မှာ သူ့စွမ်းရည်ကို ကန့်သတ်ထား၍ဖြစ်သော်လည်း ဖြစ်‌နိုင်ချေ နောက်တစ်ခုရှိသေး၏။ 


“မင်းမှာ စွမ်းရည်အများကြီး ရှိတာလား…”


ဖူ၀မ်သော် မေးလိုက်သည်။ 


ထန်မော့ တစ်ဖက်လူမျက်နှာကို ကြည့်လိုက်ရာ တစ်ဖက်လူက ခန့်မှန်းမိပြီးသားဖြစ်ကြောင်းသိလိုက်သည်။ သူတို့ အဖွဲ့ဖြစ်၍ အများကြီး ဖုံးကွယ်ထားစရာ မလိုပေ။


“တိတိကျကျပြောရရင် ကျွန်တော့်မှာ စွမ်းရည်တစ်ခုရှိတယ်…ကျွန်တော် တခြားကစားသမားတွေရဲ့စွမ်းရည်ကို စုဆောင်းနိုင်တယ်…လက်ရှိ စွမ်းရည် ၂၀ကျော်လောက်ရှိပေမဲ့ အများစုက အသုံးမ၀င်တာတွေ၊ ကန့်သတ်ချက်များ‌တာတွေပဲ…”


ဖူ၀မ်သော် ပြောလိုက်သည်။


“မင်းက တခြားလူတွေရဲ့ စွမ်းရည်ကို စုဆောင်းနိုင်တာ ဖြစ်နိုင်ပါတယ်…တကယ်လို့ ကန့်သတ်ချက်တွေသာ မရှိရင် အနက်ရောင်မျှော်စင်က ဘယ်တရားမျှတပါ့မလဲ…”


သူ တစ်ခုခု တွေးမိသွား၏။


“မင်း မျှော်စင်ကို ပထမဆုံး တိုက်ခိုက်ခဲ့တာ လွန်ခဲ့တဲ့လေးလက မလား…အနက်ရောင်မျှော်စင် နာမည်ကြေညာတော့ မင်းနာမည်“မော့မော့”လို့ ကြေညာခဲ့တာနော်…”


ထန်မော့ ရိုးသားစွာ ၀န်ခံလိုက်သည်။


“ဟုတ်တယ်…ဒါ ကျွန်တော့်စွမ်းရည်တစ်ခုပဲ…”


ဂိမ်းထဲတွင် ထန်မော့က စွမ်းရည်ကို အသုံးပြု၍ မော့မော့အဖြစ် နာမည်ပြောင်းခဲ့ပေသည်။ သူ ဖူ၀မ်‌သော်ကို ရှင်းပြခဲ့သည်မှာ သူ့ကိုယ်သူ ဂိမ်းကူပစ္စည်းသုံး၍ နာမည်ပြောင်းခြင်းဖြစ်သည်။


အမှန်တရားကို သိပြီးနောက် ဖူ၀မ်သော်တွင် မေးစရာများ ပေါ်လာ၏။


“မီးမှုတ်‌တာတွေ၊ လေသုံးပြီး ပစ္စည်းတွေ ရွေ့တာတွေ…”


ဒီလောက် ဉာဏ်ကောင်းရလား…


သူ့ကို တစ်ချိန်လုံး အာရုံစိုက်နေတာလား…


ထန်မော့ ကူရာမဲ့စွာ ပြန်ဖြေလိုက်သည်။


“ဟုတ်တယ်…သူတို့ အားလုံး စွမ်းရည်တွေပဲ…ဒါပေမဲ့ ကျွန်တော့်မှာ တိုက်ခိုက်မှုစွမ်းရည် အရမ်းနည်းတယ်…အများစုက နာမည်ပြောင်းတဲ့စွမ်းရည်လိုမျိုးပဲ…စွမ်းရည်ရရှိနိုင်တဲ့ နည်းလမ်း နှစ်မျိုးရှိတယ်…ပထမက သေချာမသိပေမဲ့ တခြားလူ‌ဆီက တစ်ခုခု ရလိုက်တာမျိုးပဲ…ရလိုက်တာနဲ့ သူတို့စွမ်းရည်တွေပါ တစ်ခါတည်းရတယ်…ဒုတိယက…”


ထန်မော့ ရပ်လိုက်ပြီး မြေပြင်ပေါ်မှ ကစားသမား နှစ်ယောက်ကို ကြည့်လိုက်သည် 


ဖူ၀မ်သော် ပြောလိုက်သည်။


“သတ်တာပေါ့…”


ဒါကြောင့် ဒီလိုကိစ္စတွေမှာ ထန်မော့ သူ့ကို သတ်ခွင့်ပေးဖို့ ပြောခဲ့တာပဲ…


'စားပြီးရင် ပိုက်ဆံမပေးနဲ့'စွမ်းရည်က ကန့်သတ်ချက်တွေ ရှိပေမဲ့ အရမ်း အစွမ်းထက်တဲ့စွမ်းရည်ပဲ…သူ ကစားသမားတွေကို သတ်သရွေ့ စွမ်းရည်ရတယ်…ဒါက ကမ္ဘာပေါ်မှာရှိတဲ့အစွမ်းအထက်ဆုံး စွမ်းရည်တောင် ဖြစ်နိုင်တယ်…သူ သတ်လေလေ စွမ်းရည်တွေ ရလေလေပဲ…


ကမ္ဘာကြီးအွန်လိုင်းပေါ် တက်သွားပြီးကတည်းက သူ့မှာ ‘စားပြီးရင် ပိုက်ဆံမပေးနဲ့'စွမ်းရည်အပါအ၀င် စွမ်းရည် ၂၂ခု ပဲရှိသေးတယ်…ဘာလို့ဆို အဲ့စွမ်းရည်ကို သတ်ဖြတ်ရေးစွမ်းရည်အဖြစ် မသုံးချင်လို့ပဲ…သူ ဒီစွမ်းရည်ကြောင့် လူမသတ်ခဲ့ဘူးပေမဲ့ သူ့ကို သတ်ဖို့တွန်းအားပေးကြလို့ ဒီစွမ်းရည်တွေ ရလာတာပဲ…သူသာ ရက်စက်တဲ့ကစားသမားဆို သူ့ရဲ့စွမ်းရည်စာအုပ်မှာ စွမ်းရည် ၁၀၀/၁၀၀၀ ရှိနေလောက်ပြီ…


ဖူ၀မ်သော် ထန်မော့၏စွမ်းရည်ကို သိသောအခါ အထူးခံစားချက်များ မပြသ‌ခဲ့ပေ။ ထန်မော့ကစားသမားနှစ်ယောက်ကို ကြည့်နေသည်ကို မြင်သောအခါ သူမေးလိုက်သည်။


“သူ့စွမ်းရည်က ဘာလဲ…”


ဖူ၀မ်သော် အမျိုးသမီးစွမ်းရည်အကြောင်း မေးလိုက်သည်။


ထန်မော့ သတ်လိုက်သဖြင့် သူ့စွမ်းရည်ကို ရမည်ဖြစ်သည်။


ထန်မော့ ရှင်းပြလိုက်သည်။


“သူ့စွမ်းရည်က ကျွန်တော့်စွမ်းရည်အညံ့စားဗားရှင်းပဲ…သူက တခြားလူတွေရဲ့စွမ်းရည်ကို သိနိုင်ပြီး သူတို့ကို အချိန်တိုအတွင်း ထုတ်သုံးနိုင်တယ်…”


 â€œá€’ဍဆို သူ့လက်ဖဝါးက ထွက်လာတဲ့ အလင်းဘောလုံးတွေက မင်းစွမ်းရည်ကို ကိုယ်စားပြုတာပေါ့…”


“ဟုတ်တယ်…”


ထိုအမျိုးသမီး ဖြူဖျော့သွားသည်မှာ အံ့ဩစရာမကောင်းပေ။ 


သူ လူတစ်ယောက်မှာ ဘာလို့ စွမ်းရည်အများကြီးရှိနေလဲ နားမလည်နိုင်တာဖြစ်မယ်…


ဖူ၀မ်သော် တည်ငြိမ်စွာ ပြောလိုက်သည်။


“အလင်းဘောလုံးတွေက အရောင်လေးရောင် ရှိတယ်…အဖြူ၊ အနက်၊ အပြာ၊ ရွှေရောင်…အဲ့အရောင်တွေက စွမ်းရည်ရဲ့သန်မာမှု ဒါမှမဟုတ် မတူညီတဲ့စွမ်းရည်တွေကို ကိုယ်စားပြုရမယ်…”


ထန်မော့ ပြောလိုက်သည်။


“အရောင်လေးရောင်က မတူညီတဲ့စွမ်းရည် အမျိုးအစားတွေကို ကိုယ်စားပြုတယ်…စွမ်းရည်စာအုပ်ထဲက စွမ်းရည် ၂၂ကို ဂျီနိုတိုက်၊ ဒိုက်မေးရှင်းနယ်၊ အက်တောမစ်နဲ့ စပရှယ်ဆို ပြီး အမျိုးအစားခွဲထားတယ်…အရောင်လေးရောင်က အဲ့အမျိုးအစားလေးမျိုးကို ကိုယ်စားပြုတယ်…အမျိုးသမီးရဲ့စွမ်းရည်က စပရှယ် အမျိုးအစား၊ ကျွန်တော့်ဟာရောပဲ…ကျွန်တော့်စွမ်းရည် ငါးခုထဲမှာ မီးက အက်တောမစ်အမျိုးအစား…အရာ၀တ္ထုတွေကို ရွှေ့တာက ဒိုင်မေးရှင်းနယ်အမျိုးအစား၊ ပိုဉာဏ်ကောင်းစေတာက ဂျီနိုတိုက်ပဲ.. “


“ကိုယ့်စွမ်းရည်ကရော ဘာလဲ…”


ထန်မော့ ဖူ၀မ်သော်ကို ကြည့်လိုက်သည်။


မှောင်မိုက်သောညတွင် သဖန်းရွက်များက လေထဲ လွင့်မျောနေပေသည်။ ဖူ၀မ်သော်အင်္ကျီအိတ်ထဲ လက်ထည့်ကာ ထန်မော့ကို ပြုံး၍ နက်ရှိုင်းစွာ စိုက်ကြည့်နေ၏။


ခဏအကြာ ထန်မော့ အကြည့်လွှဲလိုက်သည်။


“ကျွန်တော် ခင်ဗျားစွမ်းရည်ကို သေချာမသိဘူး…ခင်ဗျား လက်နက်တွေ လုပ်နိုင်တာပဲ သိတယ်…”


“အဲ့ဒါ တစ်စိတ်တစ်ပိုင်းပါပဲ…”


ထန်မော့ ဖူ၀မ်သော်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။


ဖူ၀မ်သော် ညာလက်မြှောက်လိုက်၏။ ဖူ၀မ်သော် သူ့လက်ကို တြိဂံပုံလက်နက်အဖြစ် ပြောင်းမည်ထင်ခဲ့သော်လည်း မမျှော်လင့်စွာနှင့် ဖူ၀မ်သော် သူ့လက်ကောက်၀တ်ကို ညာလက်ဖြင့် ကိုင်လိုက်၏။ ခဏအကြာတွင် သံမဏိကဲ့သို့အရေပြားက လက်ကောက်၀တ်မှသည် အပေါ်သို့ တက်လာ၏။ လက်တစ်ဖက်လုံး ငွေအဖြစ်သို့ပြောင်းရန် နှစ်စက္ကန့်သာ ကြာလိုက်၏။


ထန်မော့မျက်လုံးများ ပြူးကျယ်သွား၏။


ဖူ၀မ်သော် ညာလက်ဆန့်ပေးလိုက်သည်။


“ထိကြည့်…”


ထန်မော့ နာခံလိုက်သည်။


တကယ် သံမဏိပဲ…မဟုတ်ဘူး…သံမဏိလို သတ္တုမျိုး ဖြစ်လောက်တယ်…ဒါက


လူသားအရေပြားမဟုတ်တာတော့ သေချာတယ်…


“ခင်ဗျားစွမ်းရည်က အနက်ရောင်လက်နက်အဖြစ်ပြောင်းတာ မဟုတ်ဘဲ တခြားဟာ‌လား…ညာလက်ပဲ ရတာလား…”


ထန်မော့ ဖူ၀မ်သော်၏ပါး ငွေရောင်လက်သွားပြီး သတ္တုအဖြစ်ပြောင်းသွားသည်ကို မြင်လိုက်ရပေသည်။ ထို့နောက် ငွေရောင်သတ္တု ပြန်ပျောက်သွား၏။


“ခင်ဗျားခန္ဓာကိုယ်အပိုင်းတိုင်းကို ပြောင်းနိုင်တာလား…”


သူ အနက်ရောင်လက်နက်ကို ပြန်တွေးမိသွား၏။


“ခင်ဗျား ပုံစံ‌ဖော်လို့ရလား…သတ္တုအဖြစ်ပဲ ပြောင်းလို့ရတာလား…”


“ကိုယ် မသိဘူး…”


ထန်မော့ အနည်းငယ် အံ့ဩသွားသည်။


ဖူ၀မ်သော် ပြောလိုက်၏။


“လူတစ်ယောက်ကို သတ်ရင် သူတို့စွမ်းရည်ရတယ်ဆိုတာ မင်းသိပြီး တခြားနည်းလမ်း သေချာမသိသလိုပဲ …ကိုယ့်စွမ်းရည်ကိုလည်း သေချာမသိဘူး…မင်း ကိုယ့်ကို ပြောပြနိုင်လား…အခု ရထားတဲ့စွမ်းရည်က တခြားလူစွမ်းရည်သိနိုင်တယ်မလား…အဲ့ဒါ သုံးပြီး ကိုယ့်စွမ်းရည်ကို ကြည့်ပေးလို့ရမလား…”


ထန်မော့၏အမူအရာ ထူးဆန်းသွားသည်။


ဖူ၀မ်သော် ထန်မော့အား သူ့စွမ်းရည်ကို ပြောပြခဲ့သည်။ တစ်ဖက်တွင် သူက သူ့စွမ်းရည်၏ချို့ယွင်းချက်ကို ဤအခွင့်အရေးအား သုံး၍ နားလည်ချင်၍ဖြစ်ပြီး တစ်ဖက်တွင်မူ ထန်မော့အား ပြောပြလိုခြင်းဖြစ်သည်။


ထန်မော့က သူ့စွမ်းရည်ကို ပြောပြခဲ့သဖြင့် သူကလည်း သူ့စွမ်းရည်ကို ပြောပြခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ အသင်းဖော်အချင်းချင်းကြားမှ ယုံကြည်မှုပင် ဖြစ်သည်။


သို့သော် ထန်မော့၏တုံ့ပြန်မှုကို သူ စိတ်၀င်စားမိ၏။


ဒီအမူအရာက ထန်မော့ သူ့ကို စာအုပ်မပြခဲ့တာနဲ့ ပတ်သက်မှု ရှိသလား…


ဖူ၀မ်သော် တွေးလိုက်သည်။ 


ထန်မော့ သူနှင့်ဖူ၀မ်သော် ‌တွေးခေါ်သည့်နည်းလမ်းက အနည်းငယ်ခြားနားကြောင်း ခံစားမိသည်။ သူက သဲလွန်စ‌များပေါ်အခြေခံ၍ တစ်ဆင့်ချင်းဆီ စဉ်းစားခြင်းဖြစ်သည်။ ကောက်ချက်ချမှုများအားလုံးက ကျိုးကြောင်းသင့်ပေသည်။ သို့သော် ဖူ၀မ်သော်ကမူ ပြဿနာပေါ် အခြေခံ၍ စဉ်းစားခြင်းဖြစ်သည်။ ကောင်းကျိုးက သတ္တိရှိလိမ္မာပါးနပ်သည့်ယူဆချက်များဖြစ်ပြီး ဆိုးကျိုးကမူ အစပေါ်သွားသည်နှင့် အကုန်သိသွားခြင်းဖြစ်သည်။


ဖူ၀မ်သော် ထန်မော့ကို အမူအရာကင်းမဲ့စွာ ကြည့်နေသော်လည်း စိတ်ထဲတွင် မှန်းဆမိနေပြီဖြစ်သည်။ 


အမျိုးသမီးစွမ်းရည်သုံးဖို့ ကန့်သတ်ချက်ကြီးတစ်ခုရှိတယ်….ဒီကန့်သတ်ချက်က ထန်မော့ကို ရှက်စေတယ်…ဘယ်လို ကန့်သတ်ချက်မျိုးက ထန်မော့ကို ဒီလိုဖြစ်အောင် လုပ်နိုင်တာလဲ…


ဖူ၀မ်သော် ထန်မော့ကို သေချာကြည့်လိုက်သည်။


ထန်မော့ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး ပြောလိုက်သည်။


“ဒါဆို ကျွန်တော် ခင်ဗျားစွမ်းရည်ကြည့်ပေးမယ်…”


ဖူ၀မ်သော် သက်ပြင်းချလိုက်သည်။


“အိုကေ…”


ထန်မော့ လက်ဆန့်လိုက်သည်။


“ကျွန်တော့်လက် ကိုင်လိုက်…”


ဖူ၀မ်သော် ထူးဆန်းသည့်အမူအရာဖြင့် လက်ကိုင်လိုက်သည်။


ထန်မော့ သူ့လက်ကို ဆုပ်ကိုင်လိုက်သောအခါ ဖူ၀မ်သော် အံ့အားသင့်သွား၏။


ထန်မော့ တည်ငြိမ်စွာ ပြောလိုက်သည်။


“သူ့စွမ်းရည်က တခြားလူနဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ ရုပ်ပိုင်းဆိုင်ရာထိတွေ့နေဖို့ လိုတယ်…အဲ့ဒါကြောင့် သူ စွမ်းရည်သုံးဖို့အတွက် ကျွန်တော့်မျက်နှာ၊ လည်ပင်း၊လက်တွေကို ထိခဲ့တာပဲ…”


ဖူ၀မ်သော် တစ်ခဏခန့် တိတ်ဆိတ်သွား၏။ 


“ကောင်းပြီ...”


ချမ်းအေးသောညတွင် ဖူ၀မ်သော်၏လက်က အလွန်နွေးထွေးနေ၏။ ထန်‌မော့ အချင်းချင်း ဆုပ်ကိုင်ထားသည့်လက်နှစ်ဖက်ကို ငုံ့ကြည့်လိုက်သည်။


သူ့စိတ်ထဲတွင် စကားစုတစ်စု ပေါ်လာ၏။


'ငယ်ရွယ်တက်ကြွ…’


ထန်မော့ မကြာမီတွင် ထိုထူးဆန်းသည့်အတွေးအား မေ့သွား၏။


ဤစွမ်းရည် (တစ်ပြားတစ်ချပ်မှ ဝှက်ဖို့ မကြိုးစားနဲ့)သည် အခြားလူများနှင့် ရုပ်ပိုင်းဆိုင်ရာ ဆက်နွယ်မှု လိုအပ်၏။ ပိုအတွင်းကျကျ ဆက်နွယ်လေလေ သက်ရောက်မှု ပိုကောင်းလေလေဖြစ်သည်။ အမှန်တွင် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့နေသရွေ့ ထန်မော့ အခြားလူ၏အရည်အချင်းကို သိနိုင်ပေသည်။ သူ့အတွက် အချိန်တစ်ခုသာလိုအပ်သည်။


မျက်နှာနှင့်လည်ပင်းက လက်ထက်ပိုကောင်းသောကြောင့် ထိုအမျိုးသမီး သူ့ကို ထိတွေ့ရန် ကြိုးစားနေရခြင်းဖြစ်သည်။ ယခု ထန်မော့ ဖူ၀မ်သော်လက်ကို ဆုပ်ကိုင်ထား၏။ အတွင်းကျသည့်နေရာမဟုတ်သဖြင့် သူ ဖူ၀မ်သော်၏စွမ်းရည်ကို မြင်နိုင်ရန် နှစ်ကြိမ် သုံးကြိမ်ခန့်ထိတွေ့ရန် လို၏။


သူက ဂေးဖြစ်သော်လည်း ဖူ၀မ်သော်ကမူ မဟုတ်ပေ။ ဖူ၀မ်သော်က စွမ်းရည်စစ်ဆေးရန်အတွက်သာဟု တွေးနေမည်ဖြစ်သည်။


သူ အချိန်ထပ်မဖြုန်းချင်သဖြင့် ပြောလိုက်သည်။


“တခြားလူရဲ့စွမ်းရည်က အရမ်းသန်မာနေရင် ထိတွေ့ဖို့ အချိန်ပိုကြာတယ်…ဒီနေရာကအရင်သွားကြရအောင်…”


“ကောင်းပြီ…”


နှစ်ယောက်သား လက်ကိုင်ကာ လမ်းဆုံးမှထွက်လာကြပေသည်။


ဤနေရာသည် နန်ကျင်းရှိ လူစည်ကားသည့်စီးပွားရေးလမ်းဖြစ်သဖြင့် ‌ရှောပင်းမောလ်ကြီးများ ၊ စားသောက်ဆိုင်များကို လမ်းတစ်လျှောက် တွေ့နိုင်ပေသည်။ ထန်မော့နှင့်ဖူ၀မ်သော်တို့လက်တွဲကာ အတူလျှောက်လာကြသည်။


အစပိုင်းတွင် ဘာမှမထူးဆန်း‌သော်လည်း အတူလက်တွဲလမ်းလျှောက်နေကြသောအခါထန်မော့ ထူးဆန်းသလို ခံစားလာရပေသည်။


ဒိတ်လုပ်နေတာနဲ့ တူသလိုပဲ…


ထန်မော့သာ မိန်းကလေးဖြစ်လျှင် ဖူ၀မ်သော်နှင့် ဒိတ်နေခြင်းဖြစ်လိမ့်မည်။ သို့သော် ထန်မော့ကဂေးဖြစ်သဖြင် ယောကျာ်းနှစ်ယောက်လက်တွဲထားကြသည်ကို ဒိတ်နေသည်ဟု ခံစားရပေသည်။


ထန်မော့ အမျိုးသမီး၏စွမ်းရည်ကို ကျိန်ဆဲလိုက်သည်။ 


ဤစွမ်းရည်က အသုံး၀င်ပုံပေါ်သည်။ သူက ရန်သူ၏စွမ်းရည်ကို သိနိုင်ရုံသာမကသန်မာသည့်အဖော်ကိုပါ ရှာနိုင်ပြီး တိုက်ပွဲမစမီ စွမ်းရည် မြင့်တင်ပေးနိုင်သည်။ သို့သော် သေချာတွေးကြည့်လျှင် ကောင်းမွန်ခြင်းတော့ မဟုတ်ပေ။ အဖော်၏စွမ်းရည် သန်မာလေလေ အချိန်ပိုလိုအပ်လေလေဖြစ်လေသည်။


တကယ်လို သူသာ တိုက်ပွဲမစခင် ဖူ၀မ်သော်ရဲ့စွမ်းရည်ကို ငှားချင်ရင် ချက်ချင်းရမှာတဲ့လား…


ဒီစွမ်းရည်က တကယ် အမှိုက်ပဲ…


အချိန်များ စီးဆင်းသွားသည်။


ဖူ၀မ်သော် ထန်မော့လက်ကို ကိုင်ကာ တစ်ချိန်က စည်ကားခဲ့သောလမ်းတစ်လျှောက် လျှောက်နေ၏။ အမှောင်ထုထဲမှ ခြေသံအချို့ ရံဖန်ရံခါ ကြားရသော်လည်းကစားသမားများ သူတို့ခွန်အားကို မှန်းဆမိကြသဖြင့် အမှောင်ထဲမှ ထွက်မလာရဲကြဘဲ ရှောင်တိမ်းသွားကြ၏။


အမှိုက်သန့်ရှင်းရေးဂိမ်းစတင်သည်မှာ ကိုးနာရီရှိပြီဖြစ်ပြီး သုံးနာရီသာ ကျန်တော့သည်။


ကစားသမားများ ရှောင်ထွက်သွားကြသည်ကို ထန်မော့ ‌မြင်သောအခါ ပြောလိုက်၏။


“နမ်ကျင်းကစားသမားတွေက အချင်းချင်းသတ်ရင်လည်း တံဆိပ်ရတယ်ဆိုတာ သိသွားလောက်ပြီ…နန်ကျင်းကို လာတဲ့ကစားသမားတွေက သန်မာပြီး ရည်မှန်းချက်ကြီးတဲ့ သူတွေပဲ…အများစုက ခိုး၀င်သူတွေ…ပုံမှန်ခိုး၀င်သူတွေက ကစားသမားမြင်ရင် ထွက်ပြေးမှာ မဟုတ်ဘူး…ဒါ နန်ကျင်းကစားသမားတွေပဲဖြစ်မယ်…ယုန်ခေါင်းသုံးသုတ် ကျန်သေးတယ်…”


ဖူ၀မ်သော်ပြောလိုက်သည်။


“ကိုယ်တို့ ‘Iနှစ်ခုရှိရင် နောက်ထပ်နှစ်စုံရှိပြီ ..”


“အခု ကျွန်တော်တို့ ဝူရှီကစားသမားနှစ်ယောက်ဆီကနေ ‘I’တစ်လုံး ရထားတယ်…ဒီမှာဖြစ်နိုင်ချေနှစ်ခုရှိတယ်…ပထမ ‘’I”တံဆိပ်က အရမ်းနည်းတယ်…ရဖို့အခွင့်အရေးကလည်းအရမ်းနည်းတယ်…ဒုတိယ ယုန်ခေါင်းသတ်လို့'I'မရဘူး…ဒီကစားသမားနှစ်ယောက်က တခြားကစားသမားသတ်လိုက်လို့ ‘’I”ရလာတာပဲ…ကျွန်တော်တို့ ကစားသမားတွေကို မသတ်ခဲ့လို့‘’I”တံဆိပ်မရတာ ဖြစ်နိုင်တယ်…”


ဖူ၀မ်သော် မျက်ခုံးပင့်လိုက်သည်။


“တံဆိပ်အားလုံးကို သတ်ဖြတ်တာကနေ  စုဆောင်းလို့ရမလား…”


“ဖူ၀မ်သော် စပရိုက်ဆိုတာဘာလဲ…”


ထန်မော့ ရုတ်တရက် ရပ်လိုက်သည်။ ဖူ၀မ်‌သော်က လမ်းလျှောက်နေဆဲဖြစ်သဖြင့် ‌ဖူ၀မ်သော်ကိုနောက်ပြန်ဆွဲလိုက်သလိုဖြစ်သွားပေသည်။


ဖူ၀မ်သော် ထန်မော့ကို ကြည့်လိုက်သည်။


ထန်မော့ မသိစိတ်အရ  လက်လွှတ်လိုက်ချင်သော်လည်း ဖူ၀မ်သော်က တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပေသည်။


ဖူ၀မ်သော် ပြုံး၍ ပြောလိုက်သည်။


“အချိန်မကျသေးဘူး …”


ထန်မော့ : “…”


“ဟုတ်တယ် အချိန်မကျသေးဘူး…”


လူနှစ်ယောက် လက်ကိုင်၍ဆက်လျှောက်နေလိုက်သည်။


ထန်မော့ ပြောလိုက်သည်။


“သတ်တာက ဂိမ်းရှင်းလင်းဖို့နည်းလမ်း မဖြစ်သင့်ဘူး…ဂိမ်းရှင်းဖို့ တခြားနည်းလမ်းရှိရမယ်…တံဆိပ်တွေနဲ့ ‘suprise’ဖွဲ့စည်းလို့ရတယ်…အမှိုက်စွန့်ပစ်ရေးစခန်းက သူ့ရှေ့က အဝါရောင်အလင်းဘောလုံးနဲ့ဆက်နွယ်နေရမယ်…တံဆိပ်ကို ထည့်လိုက်တာနဲ့ ဂိမ်းရှင်းလင်းနိုင်တယ်...ဒါပေမဲ့ ဒါက ဂိမ်းကို ဖြတ်ကျော်ဖို့ တစ်ခုတည်းသော နည်းလမ်းလား…”


ဖူ၀မ်သော် ပြောလိုက်သည်။


“စပရိုက်က တံဆိပ်မဟုတ်ဘူး…”


ထန်မော့၏ဦးနှောက် အမြန်တွေးနေ၏။


“ငါးခုမြောက်စည်းမျဉ်း အမှိုက်စွန့်ပစ်ရေးစခန်းမှာ မင်းရဲ့စပရိုက်ထည့်ခြင်းဖြင့် ဂိမ်းရှင်းလင်းနိုင်တယ်…စပရိုက်က တံဆိပ်မဟုတ်ဘူးလား…အနက်ရောင်မျှော်စင်က စပရိုက်တံဆိပ်ကိုအမှိုက်စွန့်ပစ်ရေးစခန်းထဲထည့်ဖို့ မပြောခဲ့ဘူး…”


ဖူ၀မ်သော် ထန်မော့ကို ကြည့်လိုက်ပြီး အဖြေပြန်မပေးပေ။


သူတို့ ပြဿနာကို စဉ်းစားကာ လမ်းလျှောက်လာကြသည်။ သူတို့ အနက်ရောင်မျှော်စင်၏စပရိုက်ကို စဉ်းစားနေကြ၏။ ဖြစ်နိုင်ချေတစ်ခုသာရှိသည်။ 


သစ်သားတံဆိပ်တွေက စပရိုက်ပဲ…သစ်သားတံဆိပ်က စပရိုက် မဟုတ်ရင်ရော…


“နန်ကျင်းနဲ့စီရင်စုကိုးခုက ကစားသမားအားလုံးအတွက် အမှိုက်ရှင်းလင်းရေးဂိမ်းက အနက်ရောင်မျှော်စင်ပေးတဲ့ စပရိုက်ပဲ…”


အနက်ရောင်မျှော်စင်၏စပရိုက်က အထူးဂိမ်းကူပစ္စည်း သို့မဟုတ် အခြားအထူးတစ်ခုခုဟု ထန်မော့ တွေးခဲ့သော်လည်း ယခု ဖူ၀မ်သော်စကားကို ကြားသောအခါ ခေါင်းမော့ကြည့်လိုက်သည်။ သူတို့မျက်လုံးချင်း စုံသွားကြသော်လည်း ဘာမှမပြောကြပေ။ သို့သော် သူတို့ တစ်ယောက်ပြောချင်သည့်စကားကို တစ်ယောက်နားလည်ပေသည်။


ထန်မော့ ပြောလိုက်သည်။


“ကမ္ဘာပေါ်မှာ ရှိသမျှ အရာအားလုံး စပရိုက်လို့ခေါ်နိုင်တယ်…”


“ဟုတ်တယ်…ဒါကြောင့် အနက်ရောင်မျှော်စင်ရဲ့စပရိုက်ကို ခန့်မှန်းရမယ်…အမှိုက်စွန့်ပစ်ရေးစခန်းက ဘယ်လိုစပရိုက်လိုအပ်လဲ…''


ထန်မော့ စကားပြောရန် ပြင်စဉ် ရင်းနှီးနေသော စည်းချက်သံ ရုတ်တရက် ထွက်ပေါ်လာပေသည်။


ထန်မော့ အနက်ရောင်မျှော်စင်ကို ကြည့်လိုက်၏။


မြူးကြွသော’ပန်းချီဆရာ'နန်ကျင်းတွင် ပဲ့တင်ထပ်နေ၏။ မရေမတွက်နိုင်သော ကစားသမားများ ရပ်ကာ အနက်ရောင်မျှော်စင်ကို ကြည့်လိုက်ကြသည်။


သီချင်းသံပြီးနောက် ကြည်လင်သည့်ကလေးသံ ထွက်ပေါ်လာ၏။


“တင်းတောင် တရုတ်နိုင်ငံစီရင်စု၆၏တရား၀င်ကစားသမား ဖူ၀မ်‌ရှန်း  နောက်ဆုံးလူအမှိုက်သန့်ရှင်းရေးဂိမ်းကို အောင်မြင်စွာ ရှင်းလင်းပြီးပါပြီ…ပထမဆုံးရှင်းလင်းနိုင်ခဲ့သူဖြစ်တဲ့အတွက်‘အမှိုက်၏အကြည့်’ဆုကို ရရှိပါတယ်…အမှိုက်လို့ယူဆလို့ရတဲ့ကစားသမားအားလုံး သူ့ကိုကြည့်ရပါမယ်…သက်ရောက်မှု ၃စက္ကန့်ဖြစ်ပါတယ်…တုန်ရီနေတဲ့အမှိုက်တွေ ဒါက အနိုင်ရသူရဲ့ အထင်သေးမှုပဲ…”


အနက်ရောင်မျှော်စင်၏စကားဆုံးသွားသောအခါ ထန်မော့ ဖူ၀မ်သော်ကို ကြောင်အစွာ ကြည့်လိုက် ၏။ ဖူ၀မ်သော် အနက်ရောင်မျှော်စင်ကို မည်းမှောင်သောအမူအရာဖြင့် အေးစက်စွာကြည့်နေပေသည်။ နောက်တစ်ခဏတွင် ဖူ၀မ်သော် ထန်မော့လက်ကို ဆွဲကာ ပြေးလိုက်၏။


“သွား…”


လမ်းပေါ်မှ လူနှစ်ယောက် လျှပ်စီးသဖွယ် ပျောက်ကွယ်သွားလေသည်။



🪩