Chapter 77
Viewers 7k

🌍Chapter 77




"ဒီ​လောင်း​ကြေးက အဓိပ္ပါယ်မရှိဘူးလို့ထင်လား"


"ဒါ​ပေါ့ " 


ပီနိုကီယိုကသံရှည်ဆွဲလျက်ဆိုလိုက်လျှင် ​ကျောက်၀မ်ပင်းမှာ စိတ်လှုပ်ရှားစွာ ဆက်​ပြောလာမည့်စကားတို့ကို ​စောင့်ဆိုင်း​နေခဲ့သည်။ ပီနိုကီယိုက တည်ငြိမ်ဟန်​ဆောင်​နေ​သော သူ့ကိုကြည့်လျက် ရုတ်ချည်း ရယ်ချလာခဲ့သည်။ 


"မင်းကိုငါကဘာလို့​ပြောရမှာလဲ အရူး​ကောင်... ဟား ဟား ဟား... မင်းက ငှက်​ပျောသီးဘုံဆိုင်က ပိုးငတုံး​​ကောင်ကျ​နေတာပဲ ဟား ဟား ချစ်ဖို့​ကောင်းသား"


၄င်းကို​ပြောပြီးစဥ် ပီနိုကီယို​၏ နှာ​ခေါင်းမှာ ရှည်ထွက်မလာခဲ့​ချေ။ ​ကျောက်၀မ်ပင်းမှာ မတုန့်ပြန်နိုင်မိပဲ တန့်​နေခဲ့မိသည်။ 


"မင်း မင်းငါ့ကိုလိမ်တယ်"


ပီနိုကီယို နံရံ​ပေါ်တွင် ထိုင်လိုက်ပြီး လက်ခုပ်တီးလိုက်ကာ 


"ပိုးငတုံး​လေး ပိုးငတုံး​လေး"


​ကျောက်၀မ်ပင်း​အော်ဟစ်လိုက်သည်။


"မင်း..."


ထန်​မော့ ထိုနှစ်ဦးအား အကြည့်လွှဲလိုက်​တော့သည်။ 


​ကျောက်၀မ်ပင်းက သိပ်​တော့မတုံးလှ။ သူက ပင်နိုကီယိုမှာ ထန်​မော့နှင့် ဖူ၀မ်​သော်၏ ​နေရာများကို မြင်ပြီးပြီဟု ​သေချာ​နေခဲ့သည်။ အကယ်၍ ပီနိုကီယိုက ၄င်းမှာ အဓိပ္ပါယ်မရှိပဲ ရယ်စရာ​ကောင်းလှသည်ဟုဆိုလာပါက ထန်​မော့နှင့် ဖူ၀မ်​သော်တို့ ​ရွေးချယ်​သောအကွက်များ မတူညီဘူးဟူ​သော အဓိပ္ပါယ်ပင်။ 


သို့​သော် ပီနိုကီယိုမှာ သူလိမ်လည်​သောအခါတွင် နှာ​ခေါင်းမှာ ရှည်ထွက်လာလိမ့်မည်ဟုသာ ဆိုခဲ့သည်။ ​ကျောက်၀မ်ပင်း၏ ​မေးခွန်းကို ​ဖြေ​ပေးပါမည်ဟု မဆိုခဲ့​ချေ။


​ကျောက်၀မ်ပင်းမှာ စိတ်လည်းတိုပြီး ပင်နိုကီယိုထံမှ ကစားခံလိုက်ရသဖြင့် အရှက်ရ​နေခဲ့သည်။


၅မိနစ်ကြာပြီး​နောက် အနက်​ရောင်​မျှော်စင်မှ ကစားသမားများမှာ ကတ်များကို​ရွေးချယ်ပြီးပြီ ဖြစ်​ကြောင်း ​ကြေညာလာခဲ့သည်။ ​ကျောက်၀မ်ပင်း၏မျက်နှာမှာ နီရဲလျက်။ သူကထန်​မော့အတွက်​ရော သူ့ကိုယ်သူအတွက်ပါ စိုးရိမ်​နေခဲ့သည်။ အချိန်ပြည့်သည်နှင့် ထန်​မော့ ထီးက​လေးကိုကိုင်လျက် ​ရှေ့သို့တူရှုစိုက်ကြည့်​နေခဲ့​လေသည်။ ထီးက​လေး၏ ထိပ်ဖျားမှာ ​ကျောက်၀မ်ပင်း၏ လည်တိုင်ကို ​ထောက်ထားနှင့်ပြီးဖြစ်​လေသည်။


သူကဆိုလိုက်သည်။


"စစ်သည်​တော်ကွက်မှာ လာရပ်လိုက်"


​ကျောက်၀မ်ပင်းအသက်ရှူပင်ရပ်တန့်သွားမိသည်။

သူသည် ဤ​သွေး​အေးလွန်း​သော ခိုး၀င်သူကို ကျိန်ဆဲပစ်ချင်ခဲ့သည်။ (​ကျောက်၀မ်ပင်းက ထန်မော့ကို ခိုး၀င်သူဟု ထင်​နေခြင်း) ​သူက ထန်​မော့အတွက် ​လောင်း​ကြေးနိုင်​စေဖို့နည်းတစ်ခုရှာ ​ပေး​နေခဲ့သည်မှာ အသိသာကြီးပင်။ သို့​သော် ထန်​မော့က ၄င်းကို ​ကျေးဇူးမတင်ခဲ့။ 


ပန်း​ရောင်ထီးက​လေးမှာ တဖြည်းဖြည်းနီးကပ်လာလျက် ​ကျောက်၀မ်ပင်း၏ လည်​တိုင်ကို ​ထောက်ထားခဲ့သည်။ 


ထန်​မော့အမိန့်​ပေးလိုက်သည်။


"ဒီမှာရပ်လိုက်"


​ကျောက်၀မ်ပင်း အံကိုကြိတ်လျက် ဘုရင်ကွက်တွင် ရပ်လိုက်ရသည်။


ပီနိုကီယိုကပြုံးလိုက်သည်။


"မင်း​နေရာ​ပြောင်းဖို့မစဥ်းစားချင်​တော့ဘူးလား"


သူ၏ညာလက်သီးကိုဆုပ်လျက် သူ၏​ခေါင်းကိုထိ​ယောင်ပြုလိုက်သည်။


"အိုး ငါ​မေ့သွားတာပဲ မင်းမှာဘုရင်မကွက်ကလွဲရင် တခြား​ရွေးစရာမှမရှိတာ"


ထန်​မော့ ​ရှေ့သို့သာကြည့်​နေခဲ့ပြီး ပီနိုကီယိုကို လှည့်မကြည့်ခဲ့​​ချေ။ 


ပီနိုကီယိုက ထန်​မော့အား​ပြောရသည်မှာ ​ပျော်စရာမ​ကောင်း​တော့သဖြင့် နံရံ​ပေါ်မှ ခုန်ဆင်းလိုက်ကာ လက်ခုပ်တီးလိုက်သည်။


ဘုန်း...


အဖြူ​ရောင်နံရံမှာ တဖန်မြင့်တက်လာခဲ့ပြန်သည်။ 


​ကျောက်၀မ်ပင်းအသက်ရှူ​အောင့်လျက် အဖြူ​ရောင်နံရံကိုစိုက်ကြည့်​နေခဲ့သည်။ သူသည်တဖက်ကိုမြင်နိုင်​စေရန် ကိုယ်ကိုပင်အသာကိုင်းလိုက်မိ​လေသည်။ ဖူ၀မ်​သော်ရပ်​နေ​သောအကွက်ကိုမြင်လျှင် ​ကျောက်၀မ်ပင်းမှာ ​အေးခဲ​သွားခဲ့သည်။ သူက မတ်မတ်ပြန်ရပ်လိုက်လျက် သူ့ကိုယ်သူနှစ်သိမ့်လိုက်သည်။ 


"ကိစ္စမရှိဘူး။ ငါတို့မှာ အခွင့်အ​ရေးရှိ​သေးတယ်၊ ငါတို့ကတ်​ရွေးတာ မမှားသ၍ ကိစ္စမရှိဘူး"


အဖြူ​ရောင်နံရံမှာ လုံး၀မြင့်တက်သွား​ချေပြီ။ ထန်​မော့မှာ ညာဘက်အစွန်ဆုံးမှ အကွက်တွင်ရပ်​နေပြီး ဖူ၀မ်​သော်ကမူ ဘယ်ဘက်အစွန်ဆုံးမှ အကွက်တွင်ရပ်​နေခဲ့သည်။ လူနှစ်ဦးမှာ ဆန့်ကျင်ဘက် ကန့်လန့်ဖြတ်အ​နေအထားတွက် ရပ်​နေခဲ့ကြသည်။ သူတို့တူညီ​သော အကွက်တွင်ရပ်​နေ​ရန်​ဝေးစွ။


ပီနိုကီယို ခါး​ထောက်လျက် ရယ်​တော့သည်။ သူကထန်​မော့ ဘက်ခြမ်းသို့​ပြေးသွားလိုက်ပြီး သူ၏အမူအယာကိုလာကြည့်လိုက်သည်။ 


"မင်းရှုံးသွားပြီ"


သူ​စောင့်​မျှော်​နေခဲ့သလိုမျိုး ထန်​မော့၏အမူအယာမှာ အနည်းငယ်မှ ပျက်ယွင်းမသွားခဲ့​ချေ။ ထန်​မော့က တည်ငြိမ်စွာနှင့် ပီနိုကီယိုကိုကြည့်လာခဲ့သည်။


ပီနိုကီယိုမျက်​မှောင်ကျုံ့လျက် မ​ကျေမနပ်ကြည့်လိုက်သည်။ 


"မင်းရှုံးသွားပြီလို့ ငါ​ပြော​နေတယ်လေ မင်းရှုံးသွားပြီလို့" 


"သူနိုင်သွားတာ" 


တဖက်မှ တိုးလျ​သောအသံတစ်ခုကဆိုလာခဲ့သည်။


ပီနိုကီယိုက ဖူ၀မ်​သော်ကို လှည့်ကြည့်လိုက်သည်။ 


"မင်းဘာတွေ​ပြော​နေတာလဲ...သူရှုံးသွားတာ အသိသာကြီးကို... မင်းတို့နှစ်​ယောက် အကွက်တူတူမှာ ရပ်​နေမှာမဟုတ်ဘူး​လေ"


ထန်​မော့ကဆိုလိုက်သည်။


"ဒါ​ပေမယ့် ကျွန်​တော်တို့ဘယ်အကွက်မှာမှ ရပ်မ​နေပဲ"


ပီနိုကီယို​အေးခဲသွားခဲ့သည်။ ထန်​မော့မှလွဲလျက် လူတိုင်းမှာ ဖူ၀မ်​သော်​ခြေချထား​သော ​နေရာအား အ​သေအချာကြည့်လိုက်မိကြသည်။


အဖြူ​ရောင်ကမ္ဘာကြီးထဲတွင် ဖူ၀မ်​သော်က အကွက်နှစ်ခုကြား ​နေရာတွင် ရပ်​နေခဲ့ခြင်းပင်။ ထန်​မော့သည်လည်း ထိုကဲ့သို့ အကွက်နှစ်ခုကြားမှ မျဥ်းတွင်ရပ်​နေခြင်းပင်။


​ကျောက်၀မ်ပင်းနှင့် ထန်​မော့ ဘုရင်ကတ်ကို အတူတကွ​ရွေးချယ်ခဲ့ခြင်းမဟုတ်။ အစမှအဆုံးအထိ ထန်​မော့ မည်သည့်ကတ်ကိုမှ မ​ရွေးချယ်ခဲ့​ချေ။ ​ကျောက်၀မ်ပင်းကသာ စစ်သည်​တော်ကတ်ကို ​​ရွေးချယ်ခဲ့ခြင်းပင်။ ​ကျောက်၀မ်ပင်းက စစ်သည်​တော်ကတ်ကို ​ရွေးချယ်ခဲ့သည်ဖြစ်၍ ​နောက်ဆုံးရလဒ်ကို သက်​ရောက်မှု မရှိ​ချေ။ 


သို့သော် ထန်​မော့နှင့် ဖူ၀မ်​သော်ကမူ မည်သည့်အကွက်ကိုမျှ မ​ရွေးချယ်ခဲ့​ချေ။ 


ပီနိုကီယို၏အမူအယာမှာ ချက်ချင်းပျက်ယွင်းသွားခဲ့သည်။ ရုပ်​သေးရုပ်တစ်ရုပ်မှ ထိုမျှရှုပ်​ထွေးပြီး ကြွယ်၀​သောအမူအယာမျိုးပြုလုပ်နိုင်လိမ့်မည်ဟု မည်သူမျှမ​မျှော်လင့်ထားခဲ့​ချေ။ သူ၏မျက်ခုံးများက တဖြတ်ဖြတ်မြင့်တက်လျက် သူ၏နှာ​ခေါင်းမှာလည်း တဆတ်ဆတ်လှုပ်ရှားလာခဲ့သည်။ ​နောက်ဆုံးတွင်သူက​ဒေါသတကြီး​အော်ဟစ်လာ​တော့သည်။ 


"တစ်စက်မှ​ပျော်ဖို့မ​ကောင်းဘူး"


သူကစိတ်၀င်စားဖွယ်တစ်ခုခုကို မြင်လိုခဲ့​သော်လည်း ဘာမှဖြစ်မလာခဲ့​ချေ။ သူကဤလူ၂အုပ် အပြန်အလှန်သတ်ကြတာကို မြင်လိုခဲ့သည်။ သူကဖူ၀မ်​​သော်အား လှည့်ကြည့်လိုက်ကာ 


"မင်းကတိတည်မှာ ​သေချာလား..အဲဒါကဘုရင့်​ရွှေဒင်္ဂါး​​နော်..ဘုရင့်​ရွှေဒင်္ဂါးကွ..မင်းကအသာစီးရ​နေတာပဲ..သူတို့ကနိုင်ဖို့​တောင်မ​သေချာဘူး​နော်"


ဖူ၀မ်​သော်ကဆိုလိုက်သည်။


"​ပေးပြီးတဲ့ကတိကိုတည်ရမှာ​ပေါ့" 


ပီနိုကီယို"..."


"​သေစမ်း ငါဒီရိုးသားတဲ့လူမျိုး​တွေကို အမုန်းဆုံးပဲ" 


ပီနိုကီယို၏ ​​ပေါက်ကွဲသံများအကြား နှစ်ဖက်အသင်းမှ ​ရွေးချယ်ထား​သော ကတ်နှစ်ကတ်မှ အလယ်သို့​ရွေ့လျားသွားခဲ့သည်။ ထို့​နောက်ကျယ်​လောင်​သောအသံဖြင့် ထန်​မော့ဘက်မှ ​ငွေ​ရောင်ကတ်မှာ ပြိုကွဲသွားခဲ့​လေသည်။ ထိုကွဲ​ကြေသွား​သော ကတ်ထံမှ ​အလင်းတန်းမှာ ထန်​မော့၏နဖူးသို့ ချိတ်ဆက်​နေခဲ့သည်။  တချိန်တည်းမှာပင် တဖက်ကတ်၏အလင်းတန်းမှာမူ မိန်းမငယ်​​လေးနှင့် လူအိုကြီး၏ နဖူးကိုချိတ်ဆက်​နေခဲ့​လေသည်။


"ဒီလို​ပေါ့​လေ" 


ထန်​မော့ရင်ထဲဒုန်းခနဲတချက်​ဆောင့်ခုန်သွားခဲ့သည်။


အနက်​ရောင်​မျှော်စင်မှာ ကတ်များကို ​ရောလိုက်ပြီး​နောက် ထန်​မော့ဘက်တွင် ကတ်၃ကတ်နှင့် လူ၂​ယောက်ရှိ​နေခဲ့သည်။ ထို့​ကြောင့် စစ်သည်​တော်ကတ်​ရော အ​စေခံကတ်ကပါ ထန်​မော့နှင့် ချိတ်ဆက်​နေခဲ့​လေသည်။ ဘုရင်မကတ်မှာမူ ​ကျောက်၀မ်ပင်းကိုတွယ်ဆက်လျက်ပင်။ ထန်​မော့မှာ အနက်​ရောင်​မျှော်စင်မှ မည်သည့်ကစားသမားအား ကတ်များများကိုယ်စားပြုခိုင်းမည်အား မည်သို့မည်ပုံ​​ရွေးချယ်မှန်း မသိခဲ့​ချေ။ ၄င်းမှာကျပမ်းလည်းဖြစ်နိုင်ကာ ကိုက်ညီ​သောအချက်​ကြောင့်လည်း ဖြစ်​ကောင်းဖြစ်နိုင်သည်။ သို့​သော် တဖက်အသင်းမှာမူ လူ၃​ယောက်နှင့် ၄ကတ်ရှိသည်။ ထို့​ကြောင့် တစ်ကတ်မှာ လူနှစ်ဦးကို ချိတ်ဆက်ထားခဲ့​လေသည်။


လူအိုကြီးနှင့် မိန်းက​လေးကိုတွယ်ဆက်ထား​သော အလင်းတန်းမှာ တဖြတ်ဖြတ်လင်းလက်သွားခဲ့သည်။ နှစ်​ယောက်လုံးမှာ ထိုအလင်းတန်း၏ ​နောက်ဆုံး​ရွေးချယ်မှုကို စိတ်လှုပ်ရှားစွာ ​စောင့်​နေခဲ့ကြသည်။ တစ်မိနစ်ခန့်ကြာပြီး​နောက်တွင် လူအိုကြီးအားချိတ်ဆက်​နေ​သော အလင်းတန်းမှာ မှိန်​ဖျော့သွားလျက် မိန်းက​လေးကိုချိတ်ဆက်​နေ​သော အလင်းတန်းမှာမူ ပို၍ ​တောက်ပလာခဲ့​လေသည်။


မိန်းက​လေးမှာ အံကိုကြိတ်ချက် စီးချင်းထိုးကွင်းပြင်ထဲသို့ ၀င်လာခဲ့ပြန်သည်။ 


သူမသည် သူမ၏စွမ်းရည်အား ​ဖော်ပြမိပြီးဖြစ်သည်။ 

ထို့​ကြောင့်သူမမှာ ထန်​မော့အား တုန့်ပြန်ရန်အချိန်ပင်​ပေးမ​နေ​​တော့ပဲ ကွင်းပြင်ထဲ၀င်​သွားသည်နှင့် သူ့ထံတိုက်ရိုက်ချိန်ရွယ်ကာ ပစ်ခတ်လာ​​တော့သည်။ ထန်​မော့​ဘေးသို့​စောင်းလျက် ကျည်ဆံအား​ရှောင်လိုက်သည်။ သူကျည်ဆံအား​ရှောင်လိုက်ချိန်တွင် ထိုမိန်းက​လေးမှာ ဘယ်လက်ကို ​မြှောက်လျက် သူမ၏မျက်နှာ​ရှေ့သို့ ကာလိုက်ကာ ညာဖက်မျက်လုံးကိုသာ ​ဖော်ထားလိုက်သည်။


“Checkmate”


ဘန်း...


ဒုတိယကျည်ဆန်မှာ​ ထန်​မော့၏ နဖူးထံဦးတည်လျက် ပြေးထွက်လာခဲ့သည်။ 


ထန်​မော့လျင်မြန်စွာ စကားစုကို​ရွတ်ဆိုလျက် ထီးက​လေးကို ဖွင့်လိုက်သည်။ သို့​သော် ၄င်းမှာ ခတ္တမျှသာ​ရှောင်ကွင်းသွား​စေလျက် ကျည်ဆန်မှာ ပြန်​ကွေ့လာပြီး သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ တဖန်​ပြေး၀င်လာခဲ့ပြန်သည်။


မိန်းက​လေးမှာ ​သေနတ်ကို ထပ်မံ​မြှောက်လျက် တတိယကျည်ဆံကို ပစ်လာခဲ့သည်။


“Checkmate”


ဘန်း ဘန်း ဘန်း ...


ကျည်ဆံ​လေးခုမှာ ပျံသန်း​နေ​သော အင်းဆက်များနှယ် ရူပ​ဗေဒသ​ဘောတရားကို ဆန့်ကျင်လျက် ထန်​မော့​နောက်မှ အတန်းလိုက် မခွာတန်းလိုက်​နေခဲ့ကြ​လေသည်။ ထန်​မော့ ထီးက​လေးကို သွက်လက်စွာလှုပ်ရှားလျက် ကျည်ဆံများကို ကာကွယ်​နေခဲ့သည်။ ကျည်ဆံများမှာ ထီးက​လေး၏ မျက်နှာပြင်ကို ထိခတ်သွားသည်နှင့် သတ္တုအချင်းချင်းပွတ်တိုက်မိသံတို့ထွက်လာခဲ့​လေသည်။ 


လူတိုင်း အံ့အားသင့်သွားခဲ့သည်။ ဖူ၀မ်​သော်သာလျှင် မျက်လုံးများ​မှေးကျဥ်းလျက် ကျည်ဆန်များအား ဖျတ်လတ်သန်မာလွန်း​သော တုန့်ပြန်မှုနှုန်းနှင့် ​ရှောင်ရှား​နေ​သော ထန်​မော့ကို စိုက်ကြည့်​နေခဲ့​လေသည်။


အချိန်တချို့​ကျော်လွန်သွားသည်နှင့် ကျည်ဆံ​လေးခု၏ တိုက်ခိုက်မှုနှုန်းမှာ ပိုပို​နှေး​ကွေးလာခဲ့ပြီး မိန်းက​လေးမှာလည်း ၄ခု​မြောက်ကျည်ဆံကိုပစ်လွှတ်လိုက်ပြီး​နောက် အလွန်ဖြူ​ရော်သွားကာ ပို၍အသက်ကြီးသွားသ​ယောင်ထင်ရ​လေသည်။ သူမ၏နဖူး​ပေါ်၌ပင် ဆံပင်ဖြူတချို့ရှိခဲ့သည်။ 


ထန်​မော့ ထိုကျည်ဆံ၄ခုအား အခက်အခဲမရှိ ရင်ဆိုင်​နေသည်အား ​တွေ့လျှင် အံကိုတင်းတင်းကြိတ်လျက် တုန်ယင်​နေ​သောလက်များဖြင့် ​သေနတ်ကို​နောက်တစ်ကြိမ်​​မြောက်လိုက်သည်။



“Checkmate"


​သေနတ်သံထွက်​ပေါ်လာသည်နှင့် မိန်းမငယ်​လေး၏ ​ဆံပင်တ၀က်ခန့်က ချက်ချင်းအဖြူ​ရောင်အဖြစ် ​ပြောင်းသွားခဲ့​သည်။ သို့​သော် သူမထိုစကားကို​ရေရွတ်လိုက်ချိန်တွင် ထန်​​မော့က ကျည်ဆံ​လေးခုကို​ခါထုတ်လိုက်ချေပြီ။ သူက​လေးမီတာခန့်အကွာမှ မိန်းက​လေးကိုကြည့်လိုက်သည်။


မိန်းက​လေးမှာ တစ်ခုခုကိုနားလည်သွားပုံ​ပေါ်ကာ ​ကြောက်ရွံ့စွာလှည့်ကြည့်လိုက်သည်။ သို့​သော် သူမ၏ စွမ်းရည်မှာ အားကုန်​နေပြီမို့ လုံး၀ကို မတုန့်ပြန်နိုင်​တော့​ချေ။


၅ခု​မြောက်ကျည်ဆံကိုပစ်လွှတ်လိုက်ချိန်တွင် ကျန်ကျည်ဆံ​လေးခုမှ အရှိန်များ​လျော့ကျသွားခဲ့သည်။ သူ၏ကိုယ်မှာ မြှားတစ်စင်းနှယ် ​ရှေ့သို့ဖြတ်ခနဲ​ပြေးသွားလျက် ကျည်ဆံ​လေးခုမှာ သူ့ထံတဖန်လိုက်လာခဲ့ပြန်သည်။


ထန်​မော့ မိန်းက​လေးဆီသို့​ပြေးသွားလိုက်သည်။ 

သူ၏​နောက်တွင် ကျည်ဆံ​လေးခုမှာ နီးသထက်နီးကပ်လာခဲ့သည်။ သူသည် ထီးက​လေးကို​မြှောက်လိုက်ပြီး သူ၏မျက်လုံးအိမ်မှာ ကျယ်ပြန့်လျက်။ သူ၏အထူးအမြင်အာရုံနှင့် ခန္ဓာကိုယ်တုန့်ပြန်မှုကိုအသုံးပြုလျက် သူကထီးက​လေးကို ဖြတ်ခနဲ​ရှေ့သို့ ထိုးလိုက်သည်။


​တောင်...


မည်သူကမျှ ထိုအသံ​​လေးကို ဂရုမမူမိကြ​ချေ။ ဖူ၀မ်​သော်သာလျှင် ထန်​မော့သည် ထီးက​လေး၏ထိပ်ဖျားဖြင့် ငါးခု​မြောက်ကျည်ဆံအား နှစ်ပိုင်းခွဲခြားလိုက်သည်ကို အံ့အားသင့်စွာ ကြည့်​နေခဲ့သည်။


ထန်​မော့၏ ထီးက​လေးမှာ မိန်းက​လေး၏ လည်တိုင်ကိုချိန်ရွယ်ထားစဥ် ကျည်ဆံ​လေးခုမှာ သူ့အားလိုက်မီလာလျက်သူ၏ ​ခေါင်းအ​နောက်သို့ ချိန်ရွယ်ထားခဲ့သည်။ သို့​သော်သူ၏ထီးထပ်ဖျားကသာ မိန်းကလး၏လည်တိုင်ကို အရင်ဆုံး​ထောက်မိသွားခဲ့​လေသည်။ 


ကျည်ဆံများအားလုံးရပ်တန့်သွားလျက် မိန်းက​လေးမှာလည်း သူ့အား ​ကြောက်လန့်စွာ ​မော့ကြည့်လာခဲ့သည်။ သူမမှာ အသက်ရှူရန်ပင်​မော့​လျော့သွားပုံရကာ မျက်နှာမှာလည်း ဖြူ​လျော်သွားခဲ့​လေသည်။


​တောင် ​တောင်...


ကျည်ဆံများမှာ မြည်သံတချို့နှင့်အတူ ပြုတ်ကျသွားခဲ့သည်။


ထန်​မော့ထီးကိုမဖယ်လိုက်​​သေး​ချေ။ ထို့အစား​အေးစက်​သောအသံဖြင့် ဆိုလိုက်သည်။


"အရှုံးကို ၀န်ခံလိုက်"


မိန်းက​လေး၏ဆံပင်များမှာ တစ်​ခေါင်းလုံးဖြူ​ဖွေးသွား​တော့မတတ်ပင်။ သူမကတုန်ယင်စွာဆိုလာခဲ့သည်။


"အ...အရှုံး​ပေးပါတယ်"


ကြီးမား​သောအနက်​ရောင်တွင်း​ပေါက်ကြီးက သူမ၏​ခြေ​ထောက်​အောက်တွင်​ပေါ်လာခဲ့ပြီး ​အော်ဟစ်ရင်းပင် ​ပြုတ်ကျသွားခဲ့​တော့သည်။ ထန်​မော့ထီးကိုပြန်ပိတ်ကာ ​​နေရာသို့ပြန်​​လျှောက်လာခဲ့​လေသည်။


တစ်​ယောက်​ယောက်အထုတ်ခံလိုက်ရ​တော့မှ ပီနိုကီယို၏မျက်နှာတွင် စိတ်၀င်စားမှူတချို့ပြသလာသည်။ သူလက်ခုပ်တီးလိုက်လျှင် အဖြူ​ရောင် နံရံကြီးက တဖန်ပြုတ်ကျလာခဲ့ပြန်သည်။


ဖူ၀မ်​သော်က​အော်​ပြောလိုက်သည်။ 


"ဒီတစ်ကြိမ် မူးမတ်ကတ်ကို ​ရွေးမယ်" 


ထန်​မော့သူ့အားလှည့်ကြည့်လိုက်ကာ နှုတ်ခမ်းများမှာ ​ကွေးညွတ်သွားသည်။


"​ကောင်းပြီ"


ပီနိုကီယိုမှာ ပျင်းစရာ​ကောင်း​သော ဂိမ်း​ကြောင့်အလွန်စိတ်တို​နေ​တော့သည်။


၅မိနစ်​ကြာပြီး​နောက်


"တင်း​တောင်~ စတုတ္ထအချီကိုပြန်လည်စတင်လိုက်ပါပြီ" 


ဖူ၀မ်​သော်၏ အ​ရှေ့မှ ​​ငွေ​ရောင်ကတ်မှာ ကွဲ​ကြေသွားခဲ့သည်။ သူအမှန်တကယ် မူးမတ်ကတ်ကို ​​ရွေးချယ်ခဲ့ခြင်းပင်။ ထန်​မော့မှာမူ ဘုရင်မကတ်ကို ​​​ရွေးချယ်ခဲ့သည်။ သူက​ရှေ့သို့ထွက်လာခဲ့လျှင် သူ၏အ​ရှေ့မှ သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီးမှာ ​ကြောက်ရွံ့မှု​ကြောင့် တုန်လှုပ်သွားခဲ့သည်။ ထန်​မော့မှာ ထီးက​လေးကို ဖွင့်ရန်သာပြင်လိုက်​သေး​​သော်လည်း သူမကအလျင်အမြန်ဆိုလာခဲ့သည်။ 


"အရှုံး​ပေးတယ်...ငါအရှုံး​ပေးတယ်...ငါ့ကိုမသတ်ပါနဲ့ မသတ်ပါနဲ့"


ထန်​မော့ တန့်သွားခဲ့​လေသည်။ 


သူ့အား ခိုး၀င်သူဟုအထင်မှား​နေကြပုံပင်။ 


အနက်​ရောင်တွင်း​ပေါက်ကြီးမှာ သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီး၏ ​​ခြေ​ထောက်​အောက်တွင် ​ပေါ်လာခဲ့ပြီး ထန်​မော့ ထီးက​လေးကိုဖယ်လိုက်ကာ ခပ်တိုးတိုးဆိုလာခဲ့သည်။


"စိတ်မ​​ကောင်းပါဘူး"


စတုတ္ထအချီပြီး​နောက်တွင် ထန်​မော့အသင်းတွင် ထန်​မော့နှင့် ​ကျောက်၀မ်ပင်း၂ဦးရှိ​သေး​သည်။ တစ်ဖက်တွင်မူ ဖူ၀မ်​သော်နှင့် လူအိုကြီးဖြစ်သည်။ တစ်ဖက်စီတွင် ၂ကတ်ဆီကျန်ရစ်ကာ ၄င်းမှာ အ​စေခံကတ်နှင့် ဘုရင်၊ ဘုရင်မကတ်များဖြစ်လေသည်။



🪩