Chapter 79
Viewers 11k

Volume 3 : အမြန်ရထား


Chapter 79 (4 of Hearts – အမြန်ရထား ၁၂၊ အမှန်တရားကပေါ်လာတယ်)

မစ္စစ်မိန်သည် ဓာတ်ပုံကိုကြည့်ရင်း အမှတ်ရနေခဲ့သည်။ သူမမျက်နှာတွင် အပြုံးခပ်ရေးရေး ပေါ်လာသည်နှင့်အမျှ သူမသည် အမှတ်တရကောင်းများစွာကို သတိရနေပုံရသည်။ ထို့နောက် သူမ၏ လက်ချောင်းများက ပြင်းထန်စွာ တုန်ခါကာ သူမ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေပြီး ဓာတ်ပုံထဲက မိန်းကလေးသည် သူမ၏ အမြင်အာရုံတွင် မှုန်ဝါးဝါး ဖြစ်သွားသည်။ အဘွားအိုက ဓာတ်ပုံကို အိတ်ကပ်ထဲ သေချာပြန်ထည့်လိုက်သည်။

သူမ၏လည်ချောင်းသည် သဲများဝင်သွားသကဲ့သို့ ပြာနေ၏။ "ရွေ့ရွေ့ ဆုံးသွားတော့ လီကျယ်မင်က သူ့ဇနီးအသစ်နဲ့ အိမ်ပြောင်းခဲ့တယ်။ သူ့သားလီမော့ရှေ့မှာ ရွေ့ရွေ့ရဲ့နာမည်ကို ဘယ်တုန်းကမှ မပြောခဲ့ဘူး။ နှစ်တွေကြာလာတဲ့အခါ ရွေ့ရွေ့ရဲ့အုတ်ဂူ သူသွားခဲတယ်။ အဲဒါက အပြစ်ရှိတဲ့စိတ်ကြောင့်မဟုတ်ဘူး။ ရွေ့ရွေ့ကို သူသေချာပေါက် သတ်လိုက်လို့ပဲ။ အဲဒါကြောင့် ရွေ့ရွေ့ဆုံးသွားတဲ့နှစ်ပတ်လည်နေ့မှာ ငါသူ့ကိုသတ်လိုက်တာ။"

ရှောက်လုံက ယွီဟန်ကျန်းကို ကြည့်ပြီး ယွီဟန်ကျန်းကလည်ူ သူ့ကို ပြန်ကြည့်နေသည်။ နှစ်ယောက်သား အကြည့်ချင်းဆုံမိကြပြီး သူမစကားများကို မယုံကြပေ။

မစ္စစ်မိန်သည် အသက်ကြီး၍ ကျန်းမာရေးမကောင်းချေ။ လီကျယ်မင်း၏ ခန္ဓာကိုယ်ထဲသို့ အင်ဆူလင်ကို သူမမည်ကဲ့သို့ တိကျစွာ ထိုးသွင်းနိုင်မည်နည်း။

ထို့အပြင် လီကျယ်မင်၏ လူသတ်မှုသည် ဆန်းပြားသော အစီအစဥ်တစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ ပထမဦးစွာ လူသတ်သမားသည် လီကျယ်မင်၏ ဆီးချိုရောဂါအခြေအနေကို စုံစမ်းစစ်ဆေးရန် လိုအပ်သည်။ ဒုတိယအနေနှင့် လူတစ်ဦးအား အင်ဆူလင်မည်မျှသေစေနိုင်သည်ကို သိရန် ဆေးပညာဗဟုသုတတချို့ လိုအပ်ပါသည်။ ထို့အပြင် ဆေးထိုးအပ်များနှင့်အင်ဆူလင်များကိုပြင်ဆင်ရန်အချိန်ယူသည်။

လှုပ်ရှားသွားလာမှုနည်းသော အသက် 70 အရွယ် အမျိုးသမီးတစ်ဦးသည် ဤအရာအားလုံးကို မည်သို့လုပ်ဆောင်နိုင်မည်နည်း။

ယွီဟန်ကျန်းက အဘွားအိုကို ကြည့်ပြီး နူးညံ့စွာဆိုသည်။ "ဒေါ်လေးမိန်၊ လီကျယ်မင်က တကယ်ကို ခွင့်မလွတ်နိုင်စရာကောင်းပေမဲ့ လူသတ်သမားအတွက် အပြစ်ကိုမယူပါနဲ့လို့ ကျွန်တော်အကြံပြုချင်တယ်။ ရဲတပ်ဖွဲ့မှာ နည်းပညာမြင့် ထောက်လှမ်းရေး နည်းလမ်းများစွာရှိတယ်။ လူသတ်ကိရိယာတွေကို ကျွန်တော်တို့တွေ့ရှိခဲ့ပြီး ဆေးထိုးအပ်ပေါ်မှာ လက်ဗွေရာတွေ ပါရှိမှာဖြစ်သလို အင်ဆူလင်ရဲ့ အရင်းအမြစ်လည်း ရှိတယ်။ ကျွန်တော် စစ်ဆေးပြီးတာနဲ့ အမှန်တရားကို အမြဲဖော်ထုတ်နိုင်မှာပါ။"

အဘွားအို၏ မျက်လုံးများသည် ငြိမ်သက်နေကာ သူမသေတော့မည်ကို သိပုံရပြီး ၎င်းအတွက် ပြင်ဆင်ထားသည့် တည်ငြိမ်မှုတစ်ခုဖြစ်ပုံရသည်။ ယွီဟန်ကျန်း၏စကားကို ဂရုတစိုက်နားထောင်ပြီး သူမကအပြုံးနှင့်ပြောသည်။ "လူငယ်လေး၊ နင်ငါ့ကိုယုံသင့်တယ်။ ရဲက စစ်ဆေးရင်တောင် ရလဒ်က အတူတူပါပဲ။ ဆေးထိုးအပ်ကို ငါပဲထိခဲ့တာကြောင့် ငါ့လက်ဗွေရာတွေက ဆေးထိုးအပ်ပေါ်မှာရှိနေတယ်။"

ရှောက်လုံက မေးခွန်းထုတ်ခဲ့သည်။ "ဒေါ်လေးက အရမ်းအသက်ကြီးပြီး ခင်ဗျားရဲ့ဆေးထိုးအပ်ကို ဆုပ်ကိုင်နိုင်စွမ်းက မတည်ငြိမ်နိုင်ဘူး။ လီကျယ်မင်ရဲ့ခန္ဓာကိုယ်ထဲကို ဆေးကို ဘယ်လို တိတိကျကျ ထိုးသွင်းနိုင်မှာလဲ။ ကြိုးစားမှုအနည်းငယ်ထက် ပိုလုပ်ရင် အိပ်ပျော်နေတဲ့ လီကျယ်မင်ကို နိုးသလိုဖြစ်မှာ မဟုတ်ဘူးလား။"

မစ္စစ်မိန်က ပြုံးလိုက်သည်။ သူ မနိုးနိုင်ပါဘူး။"

ရှောက်လုံက တွေးဆသည်။ "ခင်ဗျား ဘာကိုဆိုလိုတာလဲ။"

မစ္စစ်မိန်က ရင်ဘတ်ကို လက်နဲ့အုပ်ပြီး ခဏလောက် ချောင်းဆိုးသည်။ "သူ ရွေ့ရွေ့ကို ကျွေးခဲ့တာ ငါသူ့ကို ပေးလိုက်တယ်။"

ယွီဟန်ကျန်းနှင့် ရှောက်လုံတို့ နှစ်ယောက်စလုံး အံ့သြသွားကြသည်။ လီကျယ်မင် အိပ်ရာမဝင်ခင် အိပ်ဆေးသောက်ခဲ့သလား။

မစ္စစ်မိန်က ပြုံးလိုက်သည်။ "လီကျယ်မင်က အိပ်ရာမဝင်ခင် နို့တစ်ဘူးသောက်တဲ့ အကျင့်ရှိတယ်။ ရထားမတက်ခင် ငါသူ့ကိုပေးခဲ့တဲ့ သူ့အိတ်ထဲကနို့ဘူးထဲမှာ တစ်ခုခုပါတယ်။ နင်တို့နားလည်လား။"

ရှောက်လုံနှင့် ယွီဟန်ကျန်း: "…"

မစ္စ်မိန်က သူမအပြုံးကိုဖယ်ပြီး အေးစက်စက် ပြောလိုက်သည်။ "မနေ့ညက 2 နာရီလောက်မှာ နို့တစ်ဘူးသောက်ပြီး သူအိပ်ပျော်သွားတယ်။ အထဲမှာ အိပ်ဆေးတွေ ရှိနေတော့ ဘယ်လောက်ပဲ ဆူညံနေပါစေ သူနိုးလာမှာ မဟုတ်ဘူး။ ငါတကယ်အသက်ကြီးပြီး မျက်လုံးမကောင်းဘူး။ ငါသူ့ကို အကြိမ်ပေါင်းများစွာ ဆေးထိုးခဲ့ပေမဲ့ သူအိပ်ရာက မနိုးခဲ့ဘူး။"

အိပ်ဆေးကို အပေါ်ယံတွင် မမြင်နိုင်သဖြင့် တွေ့ရှိရန် စမ်းသပ်ဖို့ လိုအပ်သည်။ ရှောက်လုံသည် မှုခင်းဆရာဝန်ဖြစ်သော်လည်း လီကျယ်မင်မအိပ်ခင် အိပ်ဆေးသောက်ခဲ့ကြောင်း တိုက်ရိုက်မဆုံးဖြတ်နိုင်ပေ။ မနေ့ညက မည်မျှဆူညံနေပါစေ လီကျယ်မင်သည် လူသေကဲ့သို့ အိပ်နေခြင်းမှာ အံ့သြစရာမဟုတ်ပေ။ အဘွားအိုက ပြင်ဆင်ထားတာ ကြာပါပြီ။

ယွီဟန်ကျန်းက တိုးတိုးပြောသည်။ "အင်ဆူလင်ကို ဘယ်မှာဝယ်ခဲ့တာလဲ။"

"ငါ ရှူဖျင်ကို ဝယ်ခိုင်းခဲ့တာ။ သူမမှာ ဆီးချိုရှိပြီး အင်ဆူလင်အတွက် ဆေးစာလည်း ရနိုင်တယ်။"

ရှောက်လုံက မယုံသင်္ကာစွာ မေးသည်။ "ဒါဆို ရှူဖျင်က အင်ဆူလင်ဘောပင်သုံးတာကို သူမက ဘာကြောင့် ခင်ဗျားအတွက် ဆေးထိုးအပ်ဝယ်ခဲ့ရတာလဲ။"

မစ္စစ်မိန်က ရယ်သည်။ "ဆေးထိုးအပ်ကို အသုံးပြုပြီး အရေပြားထဲကို ထိုးသွင်းရင် ဆေးအလွန်အကျွံထိုးသွင်းခြင်းကြောင့် သေဆုံးနိုင်ခြေကို များစေတယ်လို့ ဆရာဝန်ဆီ ငါစုံစမ်းမေးမြန်းခဲ့တယ်။ အထူးသဖြင့် သွေးတိုးနဲ့ နှလုံးရောဂါရှိတဲ့ လူနာတွေက ဆေးပမာဏကို ဂရုစိုက်ရတယ်။ အင်ဆူလင်ဘောပင်အစား ဆေးထိုးအပ်နဲ့ သတ်တာက ပိုအဆင်ပြေတာကြောင့် ရှူဖျင်ကို ရိုးရိုးဆေးထိုးအပ်နဲ့ ထုတ်ယူနိုင်တဲ့ အင်ဆူလင်ကို ဝယ်ဖို့ အထူးပြောခဲ့တာ။"

ရှောက်လုံနှင့် ယွီဟန်ကျန်းတို့က တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်သည်။

မစ္စစ်မိန်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အတွေးရှိသည်။ သူမ၏စကားလုံးများသည် အပေါ်ယံတွင် ကျိုးကြောင်းဆီလျော်သော်လည်း အမှန်တကယ်တွင် အပေါက်များနှင့် ပြည့်နေသည်။ မစ္စစ်မိန်မှာ ဆီးချိုရောဂါ မရှိဘဲ သူမက ရှူဖျင်ကို အင်ဆူလင်ဝယ်ဖို့ အကူအညီတောင်းခဲ့သည်။ အကြောင်းပြချက်မမေးဘဲ ရှူဖျင်က သူမအတွက် ဘယ်လိုလုပ်ဝယ်ပေးမှာလဲ။ ရှူဖျင်က မစ္စစ်မိန်ကို ကူညီဖို့ ဝယ်ခဲ့မယ်ဆိုရင် မစ္စစ်မိန် အိမ်သာသွားသောအခါ ဘာကြောင့် သူမ စားသောက်ခန်းမှာ ပုန်းနေတာလဲ။

မစ္စစ်မိန်က အပြစ်အားလုံးကို ခံယူရန် ကြိုးစားနေတာ သိသာပါသည်။ သူမက ရှူဖျင်ကို ကာကွယ်ပေးခဲ့သည်။ အိပ်ဆေးကို သူမ မလုပ်ဘဲ ရှူဖျင်လုပ်ခဲ့တာ ဖြစ်နိုင်သည်။

ယွီဟန်ကျန်းက ခဏလောက် တိတ်ဆိတ်နေပြီး ပြောလာသည်။ "ရှူဖျင်က လီကျယ်မင်ကို သတ်ချင်ပေမဲ့ သူမက လီကျယ်မင်ရဲ့နို့ဘူးကို ဆေးထည့်ပြီး ဆေးထိုးအပ်နဲ့ အင်ဆူလင်ကို တိတ်တဆိတ်ထုတ်ယူနေတာ ခင်ဗျားတွေ့ခဲ့တယ်မလား။ ဒါကြောင့် ခင်ဗျားက သူမအတွက် အပြစ်ခံယူဖို့ ဆုံးဖြတ်လိုက်တာ… ဟုတ်တယ်မလား။"

မစ္စစ်မိန်၏ မျက်လုံးများ နီရဲလာပြီး သူမအသံက တုန်ခါသွားသည်။ "မဟုတ်ဘူး။ ငါသူ့ကိုသတ်လိုက်တာ။ ဆေးထိုးအပ်နဲ့ အင်ဆူလင်ပုလင်းပေါ်မှာ ငါ့လက်ဗွေရာတွေ နင်တို့မြင်နိုင်ပြီး ငါကိုယ်တိုင် ထိုးလိုက်တာ။ ဒါက ရှူဖျင်နဲ့ ဘာမှမဆိုင်ဘူး။"

သူမ၏ လက်ဗွေရာက ဆေးထိုးအပ်ပေါ်တွင် ရှိနေကြောင်း ကျိန်ဆိုခဲ့သည်။ ပုံမှန်အခြေအနေအရ လူသတ်သမားသည် သူတို့၏ လက်ဗွေများကို တမင်ဖျက်ပစ်သော်လည်း သူမသည် တမင်တကာ ချန်ထားခဲ့သည်။ ရဲတပ်ဖွဲ့သည် သူမအား လူသတ်သမားဟု ထင်မြင်စေကာ ပြစ်မှုကျူးလွန်သူအစစ်အမှန်ကို ကာကွယ်ရန်ဖြစ်ကြောင်း သိသာပါသည်။

မနေ့ညက ရှူဖျင်သည် မစ္စစ်မိန် အိမ်သာသို့ ပထမဆုံးအကြိမ် သွားသောအခါ ထမင်းစားရထားတွဲတွင် ပုန်းနေခဲ့သည်။ ကျန့်ဝေ့ကော်၏ ထွက်ဆိုချက်အရ စင်္ကြံတွင် မစ္စစ်မိန်နှင့် ရှူဖျင်တို့က တိုးတိုးလေးပြောနေတာကို ကြားလိုက်ရသည်။

သူတို့ ဘာပြောခဲ့တာလဲ။ မစ္စစ်မိန်သည် ရှူဖျင်လုပ်မည့်အရာကို ရှာဖွေတွေ့ရှိခဲ့ပြီး ရှူဖျင်ထံမှ ဆေးထိုးအပ်ကိုယူကာ လီကျယ်မင်ကို ကိုယ်တိုင်ကိုယ်ကျသတ်ပစ်ရန် စတင်လုပ်ဆောင်ခဲ့ပေမည်။ ဤနည်းဖြင့် ရှူဖျင်သည် ဒီကိစ္စမှ ဘေးထွက်ပြီး ဥပဒေမှ လွတ်မြောက်နိုင်သည်။

ဒါမှမဟုတ် ရှူဖျင်ကို မစ္စစ်မိန် ရှာတွေ့သောအခါ ရှူဖျင်က လီကျယ်မင်ကို ဆေးထိုးပေးပြီးသားဖြစ်နိုင်သည်။ အဘွားအိုသည် ပြစ်ဒဏ်အစားခံသူ ဒါမှမဟုတ် ရှူဖျင်အဖြစ် ဆုံးဖြတ်ကာ သူမ၏ လက်ဗွေရာများကို ဆေးထိုးအပ်ပေါ်တွင် ထားခဲ့ရန် အစပြုခဲ့သည်။

မည်သို့ပင်ဆိုစေ သူမသည် ရှူဖျင်ကို ကာကွယ်ရန် ကြိုးစားနေသည်။

ရှောက်လုံက မေးလိုက်သည်။ "ဒေါ်လေးမိန်၊ ရှူဖျင်နဲ့ ခင်ဗျားရဲ့ဆက်ဆံရေးက အရမ်းကောင်းမှာပေါ့။ ရွေ့ရွေ့ကြီးပြင်းလာတာကို ခင်ဗျားကြည့်ရှုခဲ့တာဆိုတော့ ဒေါ်လေးရှူဖျင်က ခင်ဗျားအတွက် ညီမတစ်ယောက်လို မဖြစ်သင့်ဘူးလား။"

ဒီစကားက သူမ၏ နှလုံးသားကို နူးညံ့စေခဲ့သည်။ အဘွားအိုမိန်၏ နှုတ်ခမ်းက အနည်းငယ် လှုပ်သွားပြီး မျက်လုံးများ နီရဲလာသည်။ "ရှောင်ဖျင်ကလည်း သနားစရာကောင်းလူပါပဲ။ အဲဒီတုန်းက လီကျယ်မင်က ရှောင်ဖျင်နဲ့ လျှို့ဝှက်စွာ ပတ်သတ်နေခဲ့တယ်။ မထင်မှတ်ပဲ အပြစ်မဲ့ရွေ့ရွေ့က သူ့မွေးနေ့မှာ အဲဒီအဖြစ်အပျက်မျိုးထဲ ပါဝင်လာခဲ့တယ်။ သူမရည်းစားက အရက်မူးပြီး သူမအချစ်ဆုံးသူငယ်ချင်းနဲ့ အိပ်ခဲ့တယ်။ ရှောင်ဖျင်က ဒေါသထွက်ပြီး သူနဲ့ ပြတ်ပြတ်သားသား လမ်းခွဲခဲ့တယ်…"

အတိတ်အကြောင်းပြောသောအခါ မစ္စစ်မိန်၏လက်များက တုန်ယင်နေ၏။ "ရွေ့ရွေ့ စိတ်မကောင်းမဖြစ်အောင် ရှောင်ဖျင်က လီကျယ်မင်နဲ့ သူမရဲ့ဆက်ဆံရေးကို မပြောခဲ့ဘူး။ ရွေ့ရွေ့နဲ့ လီကျယ်မင်တို့ လက်ထပ်ပြီးနောက် ရှောင်ဖျင်ဆေးရုံကိုသွားခဲ့ပြီး သူမလည်း ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရတယ်။ သူမက ဒီကလေးကိုယူဖို့ ငြင်းဆန်ခဲ့တယ်။ ရလဒ်အနေနဲ့ သူမဟာ ခွဲစိတ်မှုအတွင်း သွေးထွက်လွန်ပြီး ခန္ဓာကိုယ်ကို ထိခိုက်ခဲ့တယ်။ သူမက ကလေးမရနိုင်တော့ဘူးလို့ ဆရာဝန်က ပြောခဲ့တယ်။"

ရှောက်လုံနှင့် ယွီဟန်ကျန်း: "…"

ရှူဖျင်က ကလေးမရနိုင်ဘူးဆိုတာ သူတို့မထင်ထားပေ။ လီကျယ်မင်က တကယ်ကို အန္တရာယ်များသည်။

မစ္စစ်မိန်က ဆို့နင်နေသည်။ "နောက်ပိုင်းမှာ သူမက ဆရာဝန်နဲ့လက်ထပ်ပြီး ဆရာဝန်က သူမကို မကြာခဏ ရိုက်နှက်တယ်။ နှစ်အနည်းငယ်ကြာအောင် သူမက ခက်ခဲစွာခံစားခဲ့ရပြီး နောက်ဆုံးမှာ သူမယောင်္ကျားက သေဆုံးသွားခဲ့တယ်။ သူမက သမီးတစ်ယောက် မွေးစားပြီး တဖြည်းဖြည်း အခြေအနေပိုကောင်းလာတယ်။ သူမအတွေးတွေအားလုံးက သူမသမီးအပေါ်မှာသာရှိပြီး သမီးကို ပြုစုပျိုးထောင်ဖို့ပဲ အာရုံစိုက်ခဲ့တယ်။ သူမသမီးနဲ့ လီကျယ်မင်ရဲ့သားက တကယ်တွဲသွားလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။"

လီမော့နှင့် သူမသမီးတို့ ပတ်သက်သည့်အရာမှာ ရှူဖျင်ကို လွှမ်းမိုးသွားစေသည့် နောက်ဆုံးကောက်ရိုးဖြစ်သည်။

မစ္စစ်မိန်က ပြင်းထန်စွာ ချောင်းဆိုးပြန်သည်။ ရှောက်လုံက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး အဘွားအို၏နောက်ကျောကို ပွတ်သပ်ပေးသည်။ "ဒေါ်လေး၊ ရှူဖျင်က နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ နေလာရတာကို ခင်ဗျားခံစားရပြီး သူမအတွက် အပြစ်ခံယူချင်တာလား။"

မစ္စစ်မိန်က ခေါင်းခါသည်။ "ငါက အင်ဆူလင်ကို တကယ်ထိုးတဲ့သူပါ။ ငါက လူသတ်သမား။"

ယွီဟန်ကျန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ "ပြောရရင် 3:40 မှာ ခင်ဗျားအိမ်သာသွားတော့ လီကျယ်မင်ကိုသတ်တော့မဲ့ ရှူဖျင်ကို တွေ့တယ်။ အဲဒီအခါ ခင်ဗျားက လူသတ်လက်နက်ကို သူမလက်ထဲကနေ ယူလိုက်ပြီး သူမလူသတ်မှုမကျူးလွန်မိအောင် ခင်ဗျားကိုယ်တိုင် လုပ်လိုက်တာလား။"

မစ္စစ်မိန်က လေးလေးနက်နက် ပြင်လိုက်သည်။ "ရှူဖျင်က ငါ့ကို ဆေးထိုးအပ်နဲ့ အင်ဆူလင်ပေးခဲ့တာ။ သူမက လီကျယ်မင်ကိုသတ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ အဓိပ္ပါယ်မရှိတာမပြောနဲ့။ ငါ သူမဆီက အင်ဆူလင်တောင်းပြီး လီကျယ်မင်ရဲ့ခန္ဓာကိုယ်ထဲကို ကိုယ်တိုင်ကိုယ်ကျ ထိုးသွင်းခဲ့တယ်။ လျှိုယွီမင်ကလည်း ဒီကိစ္စအတွက် သက်သေပြနိုင်တယ်။"

ဤအရာသာမှန်ပါက ရှူဖျင်သည် သွယ်ဝိုက်သောနည်းဖြင့် ပြစ်မှုကိရိယာများပေးဆောင်ခြင်းဟုသာ ယူဆနိုင်သည်။ မစ္စစ်မိန်သည် လူများကို သတ်မည်ကို သူမ မသိကြောင်းနှင့် အင်ဆူလင်သည် ကိုယ်ရေးကိုယ်တာ အသုံးပြုရန်အတွက်ဖြစ်ကြောင်း သူမ အခိုင်အမာ ပြောကြားနေသရွေ့ သူမအပေါ် အပြစ်အားလုံးကို ကင်းရှင်းနိုင်မည်ဖြစ်သည်။ မစ္စစ်မိန်က ဒီအရာအားလုံးကို ခံယူဖို့ ဆုံးဖြတ်ခဲ့သည်။

အဘွားအိုက ပြုံးပြီးပြောသည်။ "လီကျယ်မင်လိုမျိုး လူယုတ်မာကောင်ကြောင့် သူတို့အသက်ဆုံးရှုံးရတာ မတန်ပါဘူး။ ငါ့ကို လုပ်ခွင့်ပေးလိုက်တာ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ငါအသက်ရှည်ရှည်နေရတော့မှာ မဟုတ်ဘူးဆိုတော့ ငါ ရွေ့ရွေ့ကို စောစောတွေ့ချင်တယ်။"

ရှောက်လုံက ခေါင်းကိုက်တာကို တောင့်ခံပြီး နူးညံ့စွာ မေးသည်။ "ခင်ဗျား အသက်ရှည်ရှည်နေရတော့မှာ မဟုတ်ဘူးလို့ ခင်ဗျားပြောတယ်… ခင်ဗျားမှာ နောက်ဆုံးအဆင့်ရောဂါရှိလို့လား။"

ယွီဟန်ကျန်းက ဤအသေးစိတ်အချက်အလက်များကို လျစ်လျူရှုခဲ့သည်။ အဘွားအိုက သူမအသက်ကြီးတာကို ရည်ညွှန်းတယ်လို့ သူထင်ခဲ့သည်။

မစ္စစ်မိန်က ရှောက်လုံကို တအံ့တသြကြည့်ကာ ခေါင်းငြိမ့်သည်။ "ဟုတ်တယ်၊ ရွေ့ရွေ့ရဲ့အဖေရောဂါနဲ့တူတဲ့ ငါ့မှာ နောက်ဆုံးအဆင့်အရိုးကင်ဆာရှိတယ်။ ငါ နှစ်ဝက်ထက် ပိုမနေရတော့ဘူး။ အစတုန်းက လီကျယ်မင်ကို ကုမ္ပဏီမှာ ပါဝင်ဖို့ ငါတောင်းဆိုခဲ့တယ်။ ဒါက ကံပါပဲ။"

ရှောက်လုံ၏ စိတ်အခြေအနေသည် ရှုပ်ထွေးနေပြီး ဘာပြောရမှန်းမသိ ဖြစ်နေသည်။

ယွီဟန်ကျန်းလည်း တိတ်ဆိတ်နေ၏။ လူသတ်သမားအများအပြားကို သူတွေ့ဖူးသော်လည်း နောက်ဆုံးအဆင့်အရိုးကင်ဆာဖြစ်နေသော အသက် 70 အရွယ် အမျိုးသမီးကြီးကို ရင်ဆိုင်ကာ တစ်ဖက်လူကို အေးစက်စွာ စစ်ဆေးမေးမြန်းရန် ဆက်လက်မလုပ်ဆောင်နိုင်ခဲ့ဘူး။ သူမလက်နဲ့ တကယ်လုပ်ခဲ့တာမဟုတ်ဘူးမလား။ သက်သေပစ္စည်းအထောက်အထား၊ အကျင့်စာရိတ္တနှင့် ဥပဒေတို့၌ မစ္စစ်မိန်သည် လီကျန်မင်ကို သေဆုံးခြင်းသို့ တိုက်ရိုက်ပို့ဆောင်ပေးသူဖြစ်သည်။

သူမသည် အသက်ရှင်ရန် ခြောက်လသာကျန်တော့ပြီး ဒီအချိန်က ခဏအတွင်း ကုန်ဆုံးသွားပေလိမ့်မည်။ သူမလုပ်နိုင်သော နောက်ဆုံးအရာမှာ ရှူဖျင်အတွက် လူယုတ်မာလီကျယ်မင်၏ အသက်ကို ယူဆောင်ခြင်းဖြစ်နိုင်သည်။

***

ရှောက်လုံသည် မစ္စစ်မိန်ကို ရုံးခန်းထဲမှ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ပေးခဲ့သည်။ အဘွားအိုသည် လမ်းလျှောက်ရင်း ချောင်းဆိုးကာ ဒယိမ်းဒယိုင်ဖြစ်နေသော်လည်း သူမ၏မျက်လုံးများက အလွန်ပြတ်သားနေသည်။

အခန်း 3 သို့ သူမသွားသည်နှင့်တစ်ပြိုင်နက် ရှူဖျင်သည် အခန်းတွင်းမှ ထွက်လာပြီး နီရဲနေသောမျက်လုံးများဖြင့် အဘွားအိုကို လှမ်းကိုင်လိုက်သည်။

မစ္စစ်မိန်က ပြုံးပြီး ရှူဖျင်၏ပခုံးကို ပုတ်ကာ သူမကို တီးတိုးပြောသည်။ "ရှောင်ဖျင်၊ ဘာကိုပြောရမယ်၊ ဘာကိုမပြောရဘူးဆိုတာ နင်ရှင်းရှင်းလင်းလင်း စဉ်းစားသင့်တယ်။ နင့်မှာ ပြုစုစောင့်ရှောက်ရမဲ့ သမီးလေးတစ်ယောက်ရှိနေသေးတယ်ဆိုတာ မမေ့ပါနဲ့။ နင့်သမီးက အရမ်းတော်တာကြောင့် သူမအမေကို လူသတ်သမား မဖြစ်စေချင်လောက်ဘူး။"

ရှူဖျင်သည် ဆို့နင်ပြီး ခေါင်းငြိမ့်လိုက်သည်။ သူမသည် ယွီဟန်ကျန်းနှင့် ရှောက်လုံတို့ကို လှည့်ကြည့်လိုက်ပြီး အလွန်လှပသော အမျိုးသမီး၏ မျက်နှာက တည်ငြိမ်သွားသည်။ သူမက ဖြည်းညှင်းစွာပြောသည်။ "ငါက နောက်ဆုံးစစ်ဆေးမေးမြန်းခံရမဲ့သူမလား။"

ရှောက်လုံက သူမကို ရုံးထဲခေါ်သွားသည်။

ဤစစ်ဆေးမေးမြန်းမှုအတွက် ရှူဖျင်က ထူးထူးခြားခြား ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ယွီဟန်ကျန်းက သူ့ပါးစပ်ကိုတောင် မဖွင့်ခင် သူမက ဝန်ခံဖို့ အစပြုခဲ့သည်။ "ငါတောင်းပန်ပါတယ်၊ အရင်က ငါနင်တို့ကို လိမ်ခဲ့တာ။ ငါ့သမီးကို လီကျယ်မင်ရဲ့သားနဲ့ တစ်ခါမှ မမိတ်ဆက်ပေးဖူးဘူး။ သူ့သားက ငါ့ရှောင်မုန်ကို လိုက်ဖို့ အစပြုခဲ့တာ။"

ယွီဟန်ကျန်းက အသံတိုးတိုးဖြင့် မေးသည်။ "ဒီမနက်အစောကြီး ဘာဖြစ်ခဲ့တာလဲ။ အတိအကျပြောပါ။"

ရှူဖျင်က အသက်ပြင်းပြင်းရှူပြီး အေးအေးဆေးဆေး ပြန်ဖြေသည်။ "3:10 မှာ အိမ်သာတက်ဖို့ ငါထတယ်။ ငါ့နားရွက်ကို ထိလိုက်တော့ နားကပ်တစ်ခု ပျောက်နေတာကို တွေ့လိုက်ရတယ်။ ညစာစားပြီး စားသောက်ဆိုင်မှာ ပျောက်သွားတယ်လို့ ထင်ပြီး စားသောက်ဆိုင်မှာ သွားရှာတယ်။ ဒါပေမဲ့ စားသောက်ဆိုင်က အရမ်းမှောင်နေတယ်။ ငါ အချိန်အကြာကြီး လိုက်ရှာတာ ရှာမတွေ့ဘူး။ နံပါတ် 6 ရထားတွဲကို ငါပြန်သွားတယ်။ 3:30 လောက်မှာ လျှိုယွီမင်က မီးအလင်းရောင်နဲ့ အိမ်သာကိုသွားခဲ့ပြီး ငါက သူနဲ့ ဆန့်ကျင်ဘက် အိမ်သာရှိနေခဲ့တယ်။"

"ဗိုက်မကောင်းလို့ အိမ်သာထဲမှာ 10 မိနစ်လောက်နေခဲ့ရတယ်။ နောက်တော့ ငါထွက်လာပြီး စင်္ကြံမှာ မစ္စစ်မိန်ကို တွေ့တယ်။ သူမက ငါဝယ်လာတဲ့ ဆေးထိုးအပ်နဲ့ အင်ဆူလင်ကို ပေးခိုင်းတာကြောင့် ငါသူမကို ပေးခဲ့တယ်။"

"သူမအခန်းထဲပြန်ရောက်တော့ အခန်း 2 တံခါးဖွင့်နေတာကို တွေ့လိုက်တယ်။ ငါ လီကျယ်မင်ကို သင်ခန်းစာတစ်ခု ပေးချင်တာကြောင့် သူ့အိတ်ထဲက အင်ဆူလင်ဘောပင်ကို ခိုးယူလိုက်တယ်။ နောက်တော့ ဘာဆက်ဖြစ်မှန်း ငါမသိဘူး။"

ရှူဖျင်နှင့် မစ္စစ်မိန်တို့သည် နံနက်စောစောတွင် ရှင်းလင်းချက်တစ်ခုကို တွေးထားပြီးဖြစ်သည်။

အင်ဆူလင်ခိုးယူဖို့ ညသန်းခေါင်မှာ အိပ်ရာထရသော အကြောင်းရင်းသည် အတွေးခေါင်ပေမဲ့ သူမနဲ့ မစ္စစ်မိန်တို့က အခိုင်အမာပြောရင် ရဲတွေက သူမကို မဖမ်းနိုင်ဘူး။ တကယ်တော့ ရှောက်လုံနှင့် ယွီဟန်ကျန်းတို့၏ ကောက်ချက်ဟာ ပိုမှန်ပါသည်။ ရှူဖျင်သည် ပြစ်မှုကျူးလွန်ရန် နံနက်စောစောထကာ မစ္စစ်မိန်ကိုတွေ့ပြီး စားသောက်ဆိုင်တွင် ပုန်းနေလိုက်သည်။ ဆက်လက်၍ လျှိုယွီမင်နဲ့တွေ့ကာ သူမ အိမ်သာထဲမှာပုန်းနေခဲ့သည်။ တတိယအကြိမ်တွင် သူမသည် နောက်ဆုံးမှာ ပုန်းရှောင်ရန် ကျရှုံးခဲ့ပြီး မစ္စစ်မိန်နှင့် တိုက်မိခဲ့သည်။

ထို့နောက် မစ္စစ်မိန်သည် ဆေးထိုးအပ်နှင့် အင်ဆူလင်ကို ကိုင်ကာ လီကျယ်မင်ကို ကိုယ်တိုင် သတ်ပစ်လိုက်သည်။ ရှူဖျင်သည် ပြစ်မှုကျူးလွန်ရန် သေသေချာချာ စီစဉ်ခဲ့ပြီး သူမ၏ လက်ဗွေရာများကို ဆေးထိုးအပ်ပေါ်တွင် သေချာပေါက် ချန်ထားခဲ့မည်မဟုတ်ပေ။ အဘွားအိုအား ဆေးထိုးအပ်အသစ်ကို ပေးလိုက်သောအခါ မဖွင့်ရသေးကြောင်း သူမပြောနိုင်သည်။ ဆေးထိုးအပ်ပေါ်တွင် မစ္စစ်မိန်၏ လက်ဗွေရာများကိုသာ တွေ့ရှိနိုင်သည်။

မစ္စစ်မိန်က ကိုယ့်ကိုကိုယ် အပြစ်ပုံချခဲ့သည်။ ရည်ရွယ်ချက်မှာ လုံလောက်သလို၊ လုပ်ငန်းစဉ်က ရှင်းရှင်းလင်းလင်းရှိပြီး လုံလောက်သော သက်သေအထောက်အထားများ ရှိနေသည်။ အကြိမ်ပေါင်းများစွာ မျက်မြင်သက်သေများလည်း ရှိခဲ့သည်။ ဒီအမှုမှာ လူသတ်မှုကျူးလွန်သူဟာ မစ္စစ်မိန်ပဲဖြစ်နိုင်သည်။

ရှောက်လုံက သူမစကားတွေကို သတိရသွားသည်။

— လီကျယ်မင်လိုမျိုး လူယုတ်မာကောင်ကြောင့် သူတို့အသက်ဆုံးရှုံးရတာ မတန်ပါဘူး။

— ငါ့ကို လုပ်ခွင့်ပေးလိုက်တာ ကောင်းပါတယ်။

— နင့်သမီးက အရမ်းတော်တာကြောင့် သူမအမေကို လူသတ်သမား မဖြစ်စေချင်လောက်ဘူး။

မစ္စစ်မိန်သည် တစ်ချိန်က ကုမ္ပဏီ၏ ဝန်ထမ်းဒါရိုက်တာဖြစ်ခဲ့သည်။ လီကျယ်မင်သည် ထူးချွန်ထက်မြက်ပြီး ရည်မှန်းချက်ကြီးသူဟု သူမခံစားမိသောကြောင့် လီကျယ်မင်သည် ရမှတ်မမြင့်သော်လည်း ကုမ္ပဏီထဲသို့ ခေါ်ယူခဲ့သည်။ သူက လေ့ကျင့်သင်ကြားထိုက်သော လူငယ်တစ်ဦးဖြစ်သည်။

မထင်မှတ်ဘဲ လီကျယ်မင်သည် မျက်နှာလိုမျက်နှာရအရာများကို ပြုလုပ်ရန် သူ၏နှုတ်ချိုချိုကို အသုံးပြုခဲ့သည်။ လီကျယ်မင်၏ ရည်မှန်းချက်သည် အမှန်တကယ်တွင် မသမာသောနည်းဖြင့် တက်လှမ်းရန် ရည်မှန်းချက်တစ်ခုဖြစ်သည်။

မစ္စစ်မိန်သည် ဒီခရီးရောက်သည်အထိ အပြစ်ရှိတယ်လို့ ခံစားခဲ့ရသည်။ သူမသည် ပြင်းထန်သော အရိုးကင်ဆာရောဂါကို ခံစားခဲ့ရပြီး အသက်ရှင်ရန် အချိန်အနည်းငယ်သာ ကျန်တော့သည်။ သူမမသေခင်မှာ လီကျယ်မင်ကို သူမလက်နဲ့သတ်ဖို့ ဆုံးဖြတ်ခဲ့သည်။

လီကျယ်မင်သည် အစကတည်းက ကုမ္ပဏီထဲသို့ သူမခေါ်ယူလာခဲ့သည့် လူယုတ်မာဖြစ်သည်။ နောက်ဆုံးတော့ သူ့ကို ခေါ်သွားပေးဖို့လည်း သူမမှာတာဝန်ရှိသည်။

#TK