Chapter 78
Viewers 11k

Volume 3 : အမြန်ရထား


Chapter 78 (4 of Hearts – အမြန်ရထား ၁၁၊ လူသတ်သမားအစစ်) 

သံသယရှိသူငါးဦးမှာ မစ္စစ်မိန်၊ နျိုတဖန်၊ ကျန့်ဝေ့ကော်၊ လျှိုယွီမင်နှင့် ရှူဖျင်တို့ဖြစ်သည်။ ရှူဖျင်သည် ယခုအချိန်တွင် အကြီးမားဆုံးသော သံသယဖြစ်ဖွယ်ရှိပြီး သူမအား ညွှန်ပြနေသည့် အထောက်အထားများ ရှိကောင်းရှိနိုင်သော်လည်း ဤလျှို့ဝှက်ခန်းတွင် အခြားတွင်းများ ရှိကောင်းရှိနိုင်သည်။

အတည်မပြုမီ ယွီဟန်ကျန်းသည် သံသယရှိသူများကို ပြန်လည်စစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။ သူက နျိုတဖန်ကို ဦးစွာခေါ်ပြီး အေးအေးဆေးဆေးမေးသည်။ "မနေ့ညက ခင်ဗျားဘေးအခန်းက လူတစ်ယောက်ကအိမ်သာသွားတာကို ကြားခဲ့ရပြီး တံခါးအပေါက်ကနေ အလင်းရောင်မြင်ခဲ့တယ်လို့ ခင်ဗျားပြောတယ်နော်။ အမှိုက်ပုံးဆီကနေ ထူးဆန်းတဲ့အသံလည်း ထွက်လာသေးတယ်၊ ဟုတ်တယ်မလား။"

နျိုတဖန်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်။"

ယွီဟန်ကျန်းက မေးသည်။ "အဲဒါက ဘယ်အချိန်လဲ။"

နျိုတဖန်က သူ့ခေါင်းနောက်ကို ကုတ်လိုက်သည်။ "ငါမသိဘူး၊ ငါစိတ်ရှုပ်နေလို့ အချိန်မကြည့်လိုက်မိဘူး။"

ယွီဟန်ကျန်းက ဆက်မေးခဲ့သည်။ "ဒါဆို မစ္စစ်မိန်လည်း အိမ်သာသွားတာကို ခင်ဗျားကြားလား။"

နျိုတဖန်က အပြစ်ကင်းဟန်ဆောင်သည်။ "မကြားဘူး။"

ယွီဟန်ကျန်းက ခေါင်းကို မော့ပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။ "မစ္စစ်မိန်နဲ့ လျှိုယွီမင်တို့ တစ်ယောက်ပြီးတစ်ယောက် အိမ်သာသွားနေတာကို လူတစ်ယောက်က မြင်တယ်။ ဘေးအခန်းက ညဘက်ထပြီး ရထားတွဲအဆုံးက အမှိုက်ပုံးသံကို ခင်ဗျားကြားပေမဲ့ ကိုယ့်အခန်းတံခါးကိုဖွင့်နေတဲ့ လူတစ်ယောက်ရဲ့ လှုပ်ရှားမှုကို မကြားဘူးလား။"

နျိုတဖန်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ ဒါက တကယ်ရှင်းပြရခက်သည်။ သူက အံကြိတ်ပြီး ရှုံ့တွကာ ဆိုသည်။ "ငါ တကယ်မကြားလိုက်ဘူး။ ငါ တစ်ညလုံး အိပ်ပျော်နေပြီး တစ်မိနစ် နှစ်မိနစ်လောက်ပဲ နိုးလာတာ။ အဲဒီနောက် ငါ ထပ်ပြီးအိပ်ပျော်သွားတယ်။ ဘာဖြစ်သွားလဲ ငါတကယ်မသိဘူး။"

သူမကြားကြောင်း အခိုင်အမာပြောနေသော်လည်း ယွီဟန်ကျန်းသည် အတွေ့အကြုံရှိ စစ်ဆေးမေးမြန်းသူဖြစ်ပြီး ဤလူက လိမ်ညာနေကြောင်း သူ့အမူအရာကနေ သိရှိခဲ့သည်။

ယွီဟန်ကျန်းက ပေါ့ပေါ့တန်တန်ပြောသည်။ "ခင်ဗျားက လီကျယ်မင်ကိုမုန်းပြီး မနေ့ညက အိမ်သာသွားတဲ့လူဟာ လူသတ်သမားလို့ ခင်ဗျားထင်ခဲ့တယ်။ အဲဒီလူကို ကာကွယ်ပေးဖို့ ခင်ဗျားက မကြားချင်ယောင်ဆောင်နေတာမဟုတ်လား။"

နျိုတဖန်၏ မျက်နှာက ချက်ချင်းဖြူဖျော့လာသည်။ သူ့နှုတ်ခမ်းက အနည်းငယ် တုန်နေသော်လည်း အံကြိတ်ကာ စကားပြောရန်ငြင်းဆိုခဲ့သည်။

ယွီဟန်ကျန်း: "ခင်ဗျား ဒါကို တမင်ဖုံးကွယ်ပြီး စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်ခြင်း မပြုရင် ရဲတွေက ခင်ဗျားကို နောက်တစ်ကြိမ် စစ်ဆေးမေးမြန်းဖို့ ရဲစခန်းကို ခေါ်သွားပြီး ဒီအမှုကို ဟန့်တားတဲ့ ပြစ်မှုအဖြစ် အသုံးပြုနိုင်တယ်။ ခင်ဗျား ရှင်းရှင်းလင်းလင်း စဉ်းစားသင့်တယ်။"

နျိုတဖန်သည် ခဏတာ ငြိမ်သက်နေခဲ့ပြီး သူ့ပခုံးများက နောက်ဆုံးတွင် စိတ်ပျက်အားငယ်စွာဖြင့် ကျဆင်းသွားခဲ့သည်။ "ငါ-ငါ အစ်မမိန်အိမ်သာသွားတာ ကြားခဲ့တယ်။"

ယွီဟန်ကျန်းက မျက်ခုံးပင့်လိုက်သည်။ "ဘယ်အချိန်လဲ၊ သူမ ဘယ်နှစ်ခါသွားခဲ့တာလဲ။"

"နှစ်ခါဖြစ်မယ်ထင်တယ်။ 3 နာရီလောက်မှာ တစ်ကြိမ်နဲ့ 4 နာရီလောက်မှာ တစ်ကြိမ်။ ငါ တကယ် အခြားဘာမှမသိပါဘူး။" သူက ယွီဟန်ကျန်းကို မော့ကြည့်လိုက်သည်။ "ဒီကိစ္စက အစ်မမိန်နဲ့ ဘာမှမဆိုင်လောက်ဘူး။ သူမက အသက်ကြီးပြီး အားနည်းလွန်းတယ်။ သူမက ဘယ်လိုလုပ် သတ်နိုင်မှာလဲ။"

"သူမက ဘယ်သူ့ကိုမှ မသတ်နိုင်ဘူးလို့ ခင်ဗျားထင်တယ်ဆိုရင် မနေ့ညက သူမအိမ်သာသွားတာကို ဘာကြောင့် ဖုံးကွယ်ထားတာလဲ။"

နျိုတဖန်က သူမှားနေပြီဆိုတာ သိပြီး တီးတိုးရေရွတ်လိုက်သည်။ "အဲဒါက သိပ်အရေးမကြီးလို့ ငါထင်လို့ပါ။ ညဉ့်နက်သန်းခေါင် အိမ်သာသွားတာက သက်ကြီးရွယ်အိုတစ်ယောက်အတွက် ပုံမှန်ပါပဲ…"

ထို့နောက် ယွီဟန်ကျန်းက မေးသည်။ "4 နာရီမထိုးခင် ဒုတိယအကြိမ် အိမ်သွားတဲ့အခါ သူမ ပြန်လာဖို့ အချိန်ဘယ်လောက်ကြာလဲ။"

နျိုတဖန်က ပြန်ဖြေသည်။ "အချိန်က တော်‌တော်လေးကြာတယ်၊ နာရီနီးပါးရှိမယ်။ သူမက အစားအသောက်ကြောင့် ဗိုက်မကောင်းတာဖြစ်နိုင်တယ်မလား။"

"အခြားအသံတွေကြားလား။"

နျိုတဖန်က ခဏတာတွေးတောပြီး ပြောလာသည်။ "အစ်မမိန် ဒုတိယအကြိမ် အိမ်သာသွားတုန်းက ဘေးအခန်းက အိမ်သာသွားတဲ့ လူတစ်ယောက်ရှိပုံရတယ်။ မီးအိမ်မယူဘူးဆိုတော့ လျှိုယွီမင်မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အဲဒီလူက ပြန်လာဖို့ အချိန်သိပ်မကြာလိုက်ဘူး။ မိနစ်ဝက်မပြည့်ခင် တံခါးအဖွင့်အပိတ်သံကို ကြားလိုက်ရတယ်။"

ယွီဟန်ကျန်းနှင့် ရှောက်လုံတို့က တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်သည်။ ဘေးအခန်းက အိမ်သာကို သွားမည့်သူကတော့ ကျန့်ဝေ့ကော်ဖြစ်နိုင်သည်။ သူသည် ချေးငွေစာရွက်ကို ခိုးယူပြီး ၎င်းကိုဖျက်ဆီးရန် အိမ်သာသို့သွားချင်ခဲ့သည်။ ထို့နောက် အိမ်သာမှ တစ်စုံတစ်ယောက် ထွက်လာတာကို တွေ့သဖြင့် သူ့အခန်းထဲသို့ အမြန်ပြန်လာခဲ့သည်။ သူထွက်သွားပြီး ပြန်လာခဲ့တာက အဘယ်ကြောင့်ဆိုသော် မိနစ်ဝက်မျှသာကြာကြောင်း ရှင်းပြနိုင်သည်။

နျိုတဖန်က ‌အလေးအနက် ပြောခဲ့သည်။ "ငါ တကယ် ဒါပဲသိပြီး အခြားဘာမှမသိဘူး။"

ယွီဟန်ကျန်းသည် သူ၏ ရိုးသားသော မျက်လုံးများကို မြင်ပြီး သူ့ကို ယုံကြည်သွားသည်။ သူက ခေါင်းငြိမ့်ပြီး ဒီလူကို ပြန်လွတ်လိုက်သည်။

ထို့နောက် ချက်ချင်းပင် ယွီဟန်ကျန်းသည် အခန်း 2 မှ လျှိုယွီမင်ကို မေးခွန်းထုတ်ခဲ့သည်။ လျှိုယွီမင်သည် ပထမဆုံး ပြုံးပြီး 'ငါက နိုင်ငံသားကောင်းဖြစ်သည်' ဟူသော အပြုအမူကို ထည့်သွင်းခဲ့သည်။ "မင်းတို့ ဘာမေးစရာရှိလို့လဲ။ မေးပါ။"

ရလဒ်အနေဖြင့် ယွီဟန်ကျန်း တည့်တိုးမေးခဲ့သည်။ "ခင်ဗျား ဘာလို့လိမ်တာလဲ။"

လျှိုယွီမင်၏ အပြုံးသည် ချက်ချင်းပင် အေးခဲသွားပြီး သူ့အမူအရာကို ပြန်ပြင်လိုက်သည်။ "မင်းဘာကိုဆိုလိုတာလဲ။ ငါမလိမ်ပါဘူး။"

"မနေ့ညက ခင်ဗျား အိမ်သွားတာ 3 နာရီ 30၊ 3 နာရီမဟုတ်ဘူး။"

လျှိုယွီမင်က ငြိမ်သက်သွားသည်။ "အာ… အဲလိုလား။ ငါ အသက်ကြီးပြီဆိုတော့ မှတ်ဉာဏ်မကောင်းတော့ဘူး။ငါအမှတ်များတာ ဖြစ်နိုင်တယ်။ အာ၊ ငါ အမြဲတမ်း တစ်ခုခုကိုမေ့လေ့ရှိတယ်။ ဒီတစ်ခါ အပြင်မထွက်ခင်း သားဖြစ်သူက မျက်နှာသုတ်ပဝါနဲ့ သွားတိုက်တံ ယူသွားဖို့ ပြောခဲ့ပေမဲ့ ငါမေ့သွားပြန်တယ်။ ဘူတာရုံမှာ ငါ အသစ်ဝယ်ရုံပဲရှိတာပေါ့…"

သူက အကြောင်းအရာပြောင်းဖို့ ကြိုးစားနေတာကို တွေ့လိုက်ရတော့ ယွီဟန်ကျန်းက တိုက်ရိုက် ကြားဖြတ်နှောင့်ယှက်ခဲ့သည်။ "ခင်ဗျားမှတ်ဉာဏ်မကောင်းဘူးလား။ ဒါဆို ခင်ဗျားနာရီပျောက်သွားတာ ဘယ်လိုမှတ်မိတာလဲ။"

လျှိုယွီမင်က အဆင်မပြေသော အမူအရာ ရှိသည်။

ယွီဟန်ကျန်းက သူ့နာရီကို ညွှန်ပြသည်။ "ခင်ဗျားရဲ့နာရီက ညဉ့်နက်သန်းခေါင်အထိ အမှိုက်ပုံးထဲမှာ ရှိနေပေမဲ့ တော်တော်သန့်ရှင်းပြီး အမှိုက်နံ့မပါဘူး။"

လျှိုယွီမင်က သူ့နှာခေါင်းကို ထိလိုက်ပြီး ရှင်းပြသည်။ "မနေ့ညက ငါ့နာရီကို ရှာတွေ့ပြီး ဇလုံထဲမှာ သန့်ရှင်းရေးလုပ်ခဲ့တာ။"

ယွီဟန်ကျန်း၏ အသံက ပေါ့ပါးနေသည်။ "ဒါပေမဲ့ ခင်ဗျားရဲ့ဆန့်ကျင်ဘက်မှာ အိမ်သာတက်နေတဲ့လူက ခင်ဗျားလက်ဆေးပြီး ပြန်သွားတာလို့ပြောတယ်။ ခင်ဗျားနာရီကို လုံးဝမဆေးခဲ့ဘူးတဲ့။"

လျှိုယွီမင်က ဆောလျင်စွာ ငြင်းလိုက်သည်။ "ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ အဲဒီလူက တွေ့မှမတွေ့နိုင်တာ။"

ရုံးက တိတ်ဆိတ်သွားသည်။ ယွီဟန်ကျန်းသည် တည်ငြိမ်စွာ စိုက်ကြည့်ရာ လျှိုယွီမင်၏ မျက်နှာသည် ဖျော့တော့ပြီး ရုတ်တရက် နီရဲလာတာကို တွေ့လိုက်ရသည်။

ယွီဟန်ကျန်းက တွေးဆသည်။ "ဒါဆို ခင်ဗျားအိမ်သာသွားတုန်းက ခင်ဗျားရဲ့ဆန့်ကျင်ဘက်မှာ လူတစ်ယောက် တကယ်ရှိနေခဲ့တယ်ပေါ့။"

"…" လျှိုယွီမင် ငိုချင်လာသည်။

ယွီဟန်ကျန်း၏ စစ်ဆေးမေးမြန်းမှုက သူ့ကို ခေါင်းမူးစေခဲ့သည်။ သူသည် တစ်ဖက်လူ၏ စည်းချက်အတိုင်း လျှောက်လှမ်းနေခဲ့သည်။ သူ့အတွေးတွေက နာရီကို အာရုံစိုက်ပြီး ရလဒ်အနေနဲ့ 'ခင်ဗျားရဲ့ဆန့်ကျင်ဘက်မှာ အိမ်သာတက်နေတဲ့လူ'ကို အာရုံမစိုက်မိဘူး။ တစ်ဖက်လူက သူ့ကို ထောင်ချောက်ဆင်ပြီး အမှန်တရားကို ဖော်ထုတ်ဖို့ ဒီစကားလုံးတွေကို သုံးခဲ့သည်။

ယွီဟန်ကျန်းသည် အဘိုးအိုက ကြောင်တက်တက်ဖြစ်နေတာကို တွေ့လိုက်ရပြီး ဘောပင်ဖြင့် စားပွဲပေါ် ညင်သာစွာခေါက်လိုက်သည်။ "လိမ်ညာတာက မရေမတွက်နိုင်တဲ့ လိမ်ညာမှုဆီကို ဦးတည်သွားလိမ့်မယ်။ အမှန်အတိုင်းပြောရင် ပိုကောင်းမယ်။ မနေ့ည 3:30 မှာ ခင်ဗျား အိမ်သာသွားပြီး ဘာတွေ့ခဲ့တာလဲ။ ရှူဖျင်ကိုလား။"

လျှိုယွီမင်၏အာရုံများ လျင်မြန်စွာပြန်ရောက်လာပြီး ခေါင်းယမ်းလိုက်သည်။ "အဲဒါက သူမ မဟုတ်ဘူး။ ငါ သူမကို မတွေ့ဘူး။"

ယွီဟန်ကျန်းက မျက်ခုံးပင့်လိုက်သည်။ "နံပါတ် 4 ရထားတွဲပေါ်က လူတစ်ယောက်က အဲဒါကိုမြင်ပြီး မနေ့ညက 3:30 မှာ ရှူဖျင်က အိမ်သာသွားပြီး အနီးနားက အမှိုက်ပုံးကို ဝင်တိုက်မိတယ်လို့ ပြောတယ်။"

လျှိုယွီမင်၏မျက်နှာသည် နီလိုက်၊ဖြူလိုက်ဖြစ်နေပြီး သူ့အတွေးနှင့်သူ တိုက်ခိုက်နေပုံရသည်။

ယွီဟန်ကျန်းက ဆက်ပြောသည်။ "ရှူဖျင်နဲ့ ရွေ့ရွေ့က သူငယ်ချင်းကောင်းတွေမလား။ ရွေ့ရွေ့ကို ခင်ဗျားလိုက်တုန်းက ရှူဖျင်ကလည်း ခင်ဗျားကို အများကြီး ကူညီပေးခဲ့တာမလား။ ရှူဖျင်နဲ့ ခင်ဗျားရဲ့ဆက်ဆံရေးက အရမ်းကောင်းရမယ်။ လီကျယ်မင်က ခင်ဗျားရဲ့အချစ်ရေးကို တူးဆွပြီး ခင်ဗျားအချစ်ဦးကို ရရှိဖို့ ဝိုင်ကိုအသုံးပြုလိမ့်မယ်လို့ ခင်ဗျားမထင်ထားခဲ့ဘူး။ ရှူဖျင်က လီကျယ်မင်ရဲ့စွန့်ပစ်တာခံရပြီး ခင်ဗျားတို့နှစ်ယောက်စလုံး လက်လျှော့လိုက်ကြတယ်။ ခင်ဗျားတို့က တစ်လှေတည်းစီးသူတွေလို့ ယူဆလို့ရတယ်။"

သူသည် သူ့ဘောပင်ကို စားပွဲပေါ်တင်ကာ လက်နှစ်ဖက်ကိုပိုက်ပြီး လျှိုယွီမင်ကို အေးအေးဆေးဆေး ကြည့်နေသည်။ "ဒါကြောင့် ရှူဖျင်က လူသတ်သမားဆိုရင်တောင် သူမကို ဖော်ထုတ်ဖို့ ခင်ဗျားမတ်တတ်မရပ်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ လီကျယ်မင်က သေသင့်လို့ပဲ။ သူမက လီကျယ်မင်ကို သတ်လိုက်ပြီး ရွေ့ရွေ့က နောင်သံသရာဘဝမှာ ငြိမ်းချမ်းစွာအနားယူနိုင်လိမ့်မယ်။ ခင်ဗျား ဒီလိုခံစားရတာဟုတ်တယ်မလား။"

လျှိုယွီမင်၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး ထိတ်လန့်မှုအပြည့်နှင့် ရင်ဆိုင်နေရသည်။

အကြောင်းကတော့ တစ်ဖက်လူက သူ့အတွေးတွေကို အတိအကျ ထုတ်ပြောလို့ပါပဲ။ ဤမျက်လုံးစူးရှသောလူသည် သူ့အတွေးများကို တိုက်ရိုက်ထိုးဖောက်ကာ စိတ်ကိုဖတ်နိုင်စွမ်းရှိပုံရသည်။ ဒီနှစ်များအတွင်းတွင် နူးညံ့သိမ်မွေ့သော ဇနီးနှင့် လိမ္မာသော သားငယ်တစ်ဦး သူ့တွင်ရှိသည်။ သူ့ဘဝက ပျော်ရွှင်ခဲ့ပြီး မူလကိစ္စတွေကို မေ့ပစ်ဖို့ ကြိုးစားခဲ့ပေမဲ့ အပြစ်ကင်းစင်သောရွေ့ရွေ့ကို တွေးလိုက်တိုင်း ချွန်ထက်သောဓားနဲ့တူသည်။

"လီကျယ်မင်က ‌တကယ်သေသင့်တယ်။ သူက ရွေ့ရွေ့ကို သတ်လိုက်တာ။" အတိတ်ကိုပြန်သတိရသောအခါ လျှိုယွီမင်၏မျက်လုံးများနီရဲလာသည်။ သူက ဒေါသထွက်နေသော သားရဲတစ်ကောင်လို ဟိန်းဟောက်သည်။ "လီကျယ်မင်က ရွေ့ရွေ့ကို သူလက်ထပ်တုန်းက ကောင်းကောင်းဆက်ဆံပါ့မယ်လို့ ငါ့ဆီ ကျိန်ဆိုခဲ့တယ်။ ငါသူ့ကို ယုံပြီး သူတို့လက်ထပ်ပြီးကတည်းက ငါသူတို့ကို ကောင်းချီးပေးသင့်တယ်လို့ ထင်ခဲ့တယ်။"

"လီကျယ်မင်က တကယ်တော့ သားရဲတစ်ကောင်ဖြစ်မယ်လို့ ငါမထင်ထားဘူး။ ရွေ့ရွေ့ကိုယ်ဝန်ရှိစဉ်မှာ သူက သူမအပေါ်ဖောက်ပြန်ခဲ့တယ်။ သူနဲ့ ဆေးရုံက သူနာပြုတစ်ယောက်က ဖောက်ပြန်နေကြတယ်။ သူက သူနာပြုဆီ နေ့တိုင်း ပန်းတွေပေးပို့ပြီး ရွေ့ရွေ့က ဆေးစစ်ဖို့ ဆေးရုံသွားတဲ့အခါ အမှတ်မထင် ဖမ်းမိခဲ့တယ်။ သူမက ဒေါသထွက်ပြီး အချိန်မတန်ဘဲ ကလေးမွေးဖွားခဲ့ရတယ်။ သူမက ခွဲစိတ်ခန်းထဲမှာ အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့တယ်။"

"သူမက ကလေးမွေးပြီးနောက်ပိုင်း စိတ်ကျရောဂါရနေခဲ့ပေမဲ့ ငါ သူမကို သွားတွေ့တော့ သူမက ကွာရှင်းချင်တယ်လို့ ပြောခဲ့တယ်။ သိပ်မကြာခင်မှာပဲ သူမက အိပ်ဆေးအလွန်အကျွံသောက်မိလို့ ဆုံးသွားခဲ့တယ်။ သူမမှာ စိတ်ကျရောဂါရှိနေတာကြောင့် ကိုယ့်ကိုကိုယ်သတ်သေတာလို့ ရဲတွေက ‌ဆုံးဖြတ်ခဲ့တယ်။"

"ကိုယ့်ကိုကိုယ် သတ်သေတာတဲ့လား။ ဒီလို တိုက်ဆိုင်မှုမျိုး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။" လျှိုယွီမင်က မကျေမနပ် အော်ဟစ်လိုက်သည်။ "မင်းတို့ကော ယုံလား။ ငါတော့ မယုံဘူး။ လီကျယ်မင်က သူမကိုကွာရှင်းပြီးရင် ကုမ္ပဏီကို သူမလက်ထဲထည့်လိုက်ရမှာ ကြောက်နေခဲ့တာဖြစ်မယ်။ သူက သူမကို အိပ်ဆေးတွေသောက်ဖို့ ဖိအားပေးခဲ့တာ။"

"…" ရှောက်လုံသည် ရွေ့ရွေ့၏ သေဆုံးခြင်းမှာ မရိုးရှင်းကြောင်း သူခန့်မှန်းထားသော်လည်း ထိုသို့သောအတိတ်ကို သူမထင်ထားခဲ့ပေ။ မစ္စစ်မိန်၏ အဆိုအရ လီကျယ်မင်သည် သူမသေဆုံးပြီး တစ်နှစ်အကြာတွင် သူနာပြုဆရာမနှင့် လက်ထပ်ခဲ့သည်။ တကယ်တော့ သူသည် သူမကိုယ်ဝန်ရှိစဉ်မှာ ဇနီးဖြစ်သူအပေါ် ဖောက်ပြန်ပြီး သူမက ဖမ်းမိခဲ့သည်။ ဒီကိစ္စကို မစ္စစ်မိန်က မသိတာလား ဒါမှမဟုတ် တမင်ဖုံးကွယ်ထားတာလား၊ သူတို့တွေ သေချာအောင် မစ္စစ်မိန်ကို မေးရမည်။

"လီကျယ်မင်က သေသင့်တာကြာပြီ။ ကလေးက ငယ်သေးလို့သာ မဟုတ်ရင် သူမသေကတည်းက ငါသူ့ကို သတ်ပစ်လိုက်ပြီ။"

လျှိုယွီမင်သည် စိတ်လှုပ်ရှားစွာ သူ့လက်သီးများကို ဆုပ်ကိုင်လိုက်ပြီး သူ့လက်ချောင်းများက သူ့လက်ဖဝါးထဲသို့ စိုက်လုမတတ် ဖြစ်နေသည်။ သူသည် လီကျယ်မင်ကို ရှင်းရှင်းလင်းလင်း ရွံရှာမုန်း‌တီးသည်။ အပေါ်ယံတွင် သူက လီကျယ်မင်နှင့် သူငယ်ချင်းကောင်းဖြစ်သည်။ ရွေ့ရွေ့ထားခဲ့သော တစ်ဦးတည်းသောသားအတွက် သူ စိတ်ပူနေပုံရသည်။ ရွေ့ရွေ့ ကွယ်လွန်ပြီးနောက် နှစ်အတော်ကြာမှ သူလက်ထပ်ခဲ့သည်။ သူ့ဇနီးဖြစ်သူ၏ နူးညံ့သိမ်မွေ့သော ပိုးပန်းမှုကြောင့် ဒီယောင်္ကျားသည် အလွန်ချစ်ခင်မြတ်နိုးပြီး စိတ်လှုပ်ရှားသွားတာကို တွေ့မြင်နိုင်သည်။

ယွီဟန်ကျန်းက မေးခွန်းတွေမေးဖို့ အလျင်စမလိုမလုပ်ဘူး။ လျှိုယွီမင် ပြောပြီးသည်နှင့် သူက တိုးလျသောအသံဖြင့် ပြောလိုက်သည်။ "ရွေ့ရွေ့ရဲ့‌အဖေသေဆုံးမှုနဲ့ပတ်သက်ပြီး မူမမှန်မှုတွေရှိသလား။"

လျှိုယွီမင်က စိတ်တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူလိုက်သည်။ "ဥက္ကဋ္ဌလင်းက အရိုးကင်ဆာနဲ့ ကင်ဆာရောဂါမျိုးစုံကို ခံစားနေရတယ်။ မသေခင်မှာ ငါတို့ကုမ္ပဏီက လူတွေ သူ့ဆီ သွားလည်တယ်။ သူ့ကို ICU ဆီ တစ်လလောက် ပို့ပြီး နောက်ဆုံး မကယ်နိုင်တော့ဘူး။"

သူမ၏အဖေသေဆုံးမှုသည် ပုံမှန်ဖြစ်နေသော်လည်း ရွေ့ရွေ့၏သေဆုံးမှုသည် လီကျယ်မင်ကြောင့်ဖြစ်ဖွယ်ရှိသည်။

ထိုအချိန်တွင် လီကျယ်မင် ဖောက်ပြမ်ခဲ့သည်။ ရွေ့ရွေ့က သူ့ကို ကွာရှင်းလိုက်ရင် ကုမ္ပဏီကို ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး။ ထို့အပြင် ဥက္ကဋ္ဌလင်းက သူ့သမီးထံသို့ ကုမ္ပဏီပေးသွားခဲ့သည်။ တရားဥပဒေရှုထောင့်မှကြည့်လျှင် ဤအရာသည် မိဘတစ်ဦးမှ သားသမီးအတွက် ထားခဲ့သော 'လက်ဆောင်' အမွေပစ္စည်းတစ်ခုဖြစ်သည်။ ကွာရှင်းပြတ်စဲခြင်းတွင် ခွဲဝေနိုင်သည့် စုပေါင်းပိုင်ပစ္စည်းမဟုတ်ပေ။ လီကျယ်မင်၏ဖောက်ပြန်မှုကို အိမ်ထောင်ရေးအပြစ်အဖြစ် ရှုမြင်နိုင်ပြီး တစ်ပြားတစ်ချပ်မှ မရနိုင်ပေ။

ကွာရှင်းလိုက်သည့်အချိန်၌ သူ့မှာ ဘာမှ မကျန်တော့ဘူး။ ထို့ကြောင့် သူက သူမကို အိပ်ဆေးအလွန်အကျွံသောက်ခိုင်းခဲ့သည်။ သူမသည် စိတ်ဓာတ်ကျနေတာကြောင့် ကိုယ့်ကိုကိုယ် သတ်သေသွားသလို သူပြုလုပ်ခဲ့သည်။ သူမသေသွားသရွေ့ သူမ၏အိမ်ထောင်ဖက်အဖြစ် သူမပစ္စည်းကို သူရရှိလိမ့်မည်။

ရှောက်လုံသည် သူ့ရင်ထဲတွင် အေးစိမ့်မှုကိုခံစားရင်း ဒီအရာကို မှတ်တမ်းတင်ခဲ့သည်။ 'ဒီလီကျယ်မင်က သူ့ရဲ့လူသားဆန်မှုကို ငွေအတွက် အဆုံးရှုံးခံခဲ့တာပဲ။'

ယွီဟန်ကျန်းက မေးလိုက်သည်။ "ခင်ဗျား ဒီကိစ္စနဲ့ပတ်သက်ပြီး လီမော့နဲ့ စကားပြောခဲ့လား။"

လျှိုယွီမင်က ချက်ချင်းပင် ခေါင်းယမ်းလိုက်သည်။ "မပြောဘူး။ ငါ လီမော့ကို နာကျင်အောင် မခံစားစေချင်ဘူး။ သူ့အဖေက သူ့အမေကို သတ်လိုက်တယ်ဆိုတာ ဘယ်သူမဆို လက်ခံဖို့ ခက်လိမ့်မယ်။"

ယွီဟန်ကျန်းက သူ၏နားလည်မှုကို ဖော်ပြပြီး ဆက်လက်မေးမြန်းသည်။ "ခင်ဗျားရဲ့အမြင်အရ လီမော့က ဘယ်လိုလူအမျိုးအစားလဲ။"

"လီမော့က ဉာဏ်ကောင်းပြီး ထူးချွန်တဲ့ ကလေးတစ်ယောက်ပါ။ သူက ငယ်စဉ်ကတည်းက အရမ်းအမှီအခိုကင်းပြီး သူ့မိဘတွေနဲ့ နီးနီးကပ်ကပ်မနေဘူး။ အသက် 16 နှစ်အရွယ် စာလေ့လာဖို့ အိပ်ကနေ သူထွက်သွားခဲ့တယ်။ လီကျယ်မင်က ပိုက်ဆံပေးရုံကလွဲရင် ဘာမှမလုပ်ပေးဘူး။ လီကျယ်မင်မှာ သူ့ရဲ့ဒုတိယဇနီးနဲ့ သားတစ်ယောက်ရှိပြီး အဲဒီသားအငယ်ဆုံးကို ပိုချစ်တာကြောင့်ပဲ။ ဘွဲ့ရပြီး ဈေးကွက်တန်ဖိုးကို နှစ်ဆတိုးပြီးနောက် တစ်နှစ်အတွင်း ကုမ္ပဏီကို လွဲပြောင်းရယူလောက်တဲ့အခါ သားအကြီးဆုံးက အင်အားကြီးမားမယ်လို့ သူမထင်ထားခဲ့ဘူး။ သူ့သားအကြီးဆုံးက စီးပွားရေးမှာ အရည်အချင်းရှိတယ်ဆိုတာ သူသိလိုက်တာနဲ့ သူ့သဘောထားက ပြောင်းလဲသွားပြီး လီမော့အကြောင်းကို ဆက်ပြီးကြွားဝါခဲ့တယ်။"

ယွီဟန်ကျန်းက အဓိကအချက်ကို ဆုပ်ကိုင်လိုက်သည်။ "လီမော့က အခု ကုမ္ပဏီရဲ့ အာဏာရှင်အစစ် မဟုတ်ဘူးမလား။"

"ရှောင်မော့က စီအီးအိုပါ။ ဥက္ကဋ္ဌက လီကျယ်မင်ဖြစ်ပြီး ရှယ်ယာက လီကျယ်မင်ရဲ့လက်ထဲမှာရှိတယ်။ လီကျယ်မင်မှာ အပြစ်ရှိတဲ့ အသိစိတ်နေတယ်လို့ ငါထင်တယ်။ သူ့သားက အရမ်းတော်ပေမဲ့ သူက ရွေ့ရွေ့ကို သေစေခဲ့တယ်။ သူ့သားက အမှန်တရားကို သိသွားမှာ သူကြောက်တယ်။ ဒါကြောင့် လီကျယ်မင်က အငြိမ်းစားယူပြီး ကုမ္ပဏီကို စီမံခန့်ခွဲဖို့ သားဖြစ်သူကို အကူအညီတောင်းပြီး အဲဒါက လေ့ကျင့်မှုဖြစ်ကြောင်း ပြောကြားခဲ့တယ်။ ဒါပေမဲ့ အာဏာအစစ်ကို လွဲပြောင်းပေးဖို့ သူကငြင်းဆိုခဲ့တယ်။ ငါ့အထင်ကတော့ သူ့သားအငယ်ဆုံးဆီ ကုမ္ပဏီကို မအပ်ခင် သူ့သားအငယ်ဆုံးက တက္ကသိုလ်ကနေ ဘွဲ့ရဖို့ကို သူစောင့်နေတာဖြစ်မယ်။"

လျှိုယွီမင်က ဒါကို ဝန်ခံပြီး ယွီဟန်ကျန်းက သူ့ကို လွတ်လိုက်သည်။ ယွီဟန်ကျန်းသည် မနေ့ညက ဘယ်သူ့အား သူတွေ့ခဲ့သည့်အကြောင်း လျှိုယွီမင်ကို ဆက်မမေးတော့ပေ။ တစ်ခါတစ်ရံမှာ အဖြေကို လူကိုယ်တိုင်ပြောဖို့ မလိုဘူး။ သူ့အမူအရာအရ ရှူဖျင်ကို မနေ့ညက အိမ်သာအနီးတွင် တွေ့ဆုံခဲ့သည်။

ယွီဟန်ကျန်းက ဆက်လက်၍ ကျန့်ဝေ့ကော်ကို မေးခွန်းထုတ်သည်။ "ခင်ဗျား မနေ့ညက 3 နာရီ 40 မှာ နိုးလာလား။"

လောင်းကစား အစွဲအလမ်းကြီးသော အဘိုးအို၏ မျက်လုံးများ တုန်ယင်ကာ တုန်လှုပ်ခြောက်ခြားသွားသည်။ ဆက်တိုက် စစ်ဆေးမေးမြန်းမှုနှစ်ခုသည် သူ့ကို စိတ်ရှုပ်ထွေးစေသော်လည်း မရုန်းကန်ဘဲ သူက မကြာမီ ဝန်ခံခဲ့သည်။ "ဟုတ်တယ်၊ ငါနိုးလာတယ်။"

"စာရွက်ကို ခိုးယူပြီး အိမ်သာထဲမှာ ဖျက်ဆီးဖို့မလား။"

ကျန့်ဝေ့ကော်က စိုက်ကြည့်လာပြီး 'မင်းဘယ်လိုသိတာလဲ'လို့ မေးလုနီးပါးဖြစ်ခဲ့သည်။

သူသည် စကားလုံးများကိုပြန်မျိုချပြီး အံကြိတ်လိုက်သည်။ "ငါ-ငါ ချေးငွေစာရွက်ကို ခိုးယူတယ်ဆိုတာ ဝန်ခံပါတယ်။ ခိုးမှုက သိပ်ပြီးမပြင်းထန်လောက်ဘူးမလား။ လီကျယ်မင်ကို ငါအကြွေးတင်နေတဲ့ပိုက်ဆံကို ပြန်မပေးဘူးလို့ ငါမပြောခဲ့ပါဘူး။ ငါက ကြည့်ဖို့ ယူခဲ့ပြီး ဂရုမစိုက်မိဘဲ…"

ယွီဟန်ကျန်းက ကြားဖြတ်ပြောလိုက်သည်။ "ခင်ဗျား မတော်တဆစားမိခဲ့တာလား။"

ကျန့်ဝေ့ကော်၏ မျက်နှာသည် အလွန်ရှက်ရွံ့သွားသည်။ ဒီအကြောင်းပြချက်က လွန်လွန်းတယ်လို့လည်း သူထင်ခဲ့သည်။

ယွီဟန်ကျန်းက အဆိုပြုသည်။ "ချေးငွေစာရွက်ကို ခိုးယူတဲ့အမှုက လူသတ်တာထက် ပိုပေါ့တယ်။ ခင်ဗျား ရိုးသားရင် ပိုကောင်းမယ်။"

ကျန့်ဝေ့ကော်က ချက်ချင်း ဝန်ခံလိုက်သည်။ "ကောင်းပြီ၊ ငါ ရိုးရိုးသားသား ရှင်းပြမယ်။" သူ့ဝန်ခံချက်က အလွန်နောက်ကျမှာကို ကြောက်ပြီး အလျင်အမြန် ပြောခဲ့သည်။ "လျှိုယွီမင်က မနက်သုံးနာရီမှာ သူ့မီးအိမ်နဲ့ အိမ်သာသွားခဲ့တယ်။ လီကျယ်မင်က အသေကောင်လိုအိပ်ပျော်နေတာကို တွေ့လိုက်ရပြီး သူ့အိတ်ကပ်ထဲက စာရွက်ကို တိတ်တဆိတ် ထုတ်ယူလိုက်တယ်။ လျှိုယွီမင်ပြန်ရောက်လာပြီး မကြာခင် အိပ်ပျော်သွားတယ်။ 10 မိနစ်လောက်ကြာတော့ သူတို့သုံးယောက် အိပ်ပျော်သွားတာကြောင့် စာရွက်ကို လွှင့်ပစ်ဖို့ ငါအိမ်သာကို သွားလိုက်တယ်။ ငါလမ်းလျှောက်လာတဲ့အချိန် အိမ်သာတံခါးကပွင့်လာတယ်။ ငါ့ကိုရှာတွေ့မှာကြောက်ပြီး ငါ့အခန်းထဲကို အမြန်ပြန်သွားခဲ့တယ်။"

ယွီဟန်ကျန်းသည် ဒါကို မှတ်တမ်းတင်နေသော ရှောက်လုံကို ကြည့်လိုက်သည်။ ရှောက်လုံလည်း ခေါင်းမော့ပြီး လူနှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်သည်။ သူတို့၏ကျိုးကြောင်းဆင်ခြင်ခြင်းက လုံးဝမှန်ကန်သည်။ သူတို့က အမှန်တရားနဲ့ ပိုနီးစပ်လာပုံရသည်။

ယွီဟန်ကျန်းက မေးသည်။ "အဲဒီလူက ဘယ်သူလဲဆိုတာ ခင်ဗျားတွေ့လိုက်လား။

ကျန့်ဝေ့ကော်က အမှန်ဖြစ်ကြောင်း ကျိန်ဆိုခဲ့သည်။ "ငါ မမြင်လိုက်ပေမဲ့ အဲဒီလူက ရှူဖျင်ဆိုတာ ငါသိတယ်။"

ယွီဟန်ကျန်းက မျက်ခုံးပင့်လိုက်သည်။ "အဘယ်ကြောင့်လဲ။"

ကျန့်ဝေ့ကော်က ရှင်းပြသည်။ "ရှူဖျင်က လှလှပပဝတ်ဆင်တာကို ကြိုက်တယ်။ သူမက အသက်ကြီးလာတာတောင် အရမ်းလှနေတုန်းပဲ။ ငါတို့အဖွဲ့ထဲက အဘွားအိုတွေက ဖိနပ်အပြားတွေစီးပြီး ဒေါက်မြင့်ဖိနပ်စီးတာ သူမတစ်ယောက်ပဲရှိတယ်… အိမ်သာတံခါးမီးအလင်းရောင်ကနေ သူမအရိပ်ကို ငါမြင်လိုက်ပြီး သူမက ဒေါက်မြင့်ဖိနပ်စီးထားတယ်။"

"ဒေါက်မြင့်ဖိနပ်စီးထားတဲ့ အခြားအခန်းက အမျိုးသမီးတစ်ယောက်လည်း မဖြစ်နိုင်ဘူးလား။"
 
ကျန့်ဝေ့ကော်က ထူးဆန်းစွာ ဆိုသည်။ "သူမထွက်လာပြီး သိပ်မကြာခင်မှာပဲ ဘေးအခန်း အဘွားအိုကလည်း အိမ်သာသွားတာကို ငါကြားလိုက်ရတယ်။ အစ်မမိန်က ပန်းနာရင်ကျပ်ရှိပြီး သူမရဲ့အသက်ရှူသံနဲ့ ချောင်းဆိုးသံက ခွဲခြားရလွယ်တယ်။ သူမက အခန်း 4 ကို လျှောက်သွားပြီး ရှူဖျင်ကို ဝင်တိုက်မိတယ်။ သူတို့စကားပြောနေကြတာကို ငါကြားရတယ်။ သူတို့ဘာတွေပြောလဲ အတိအကျငါမသိပေမဲ့ နှစ်ယောက်သားက တစ်ယောက်နဲ့တစ်ယောက် သိနေရမယ်။"

အစ်မမိန်သိပြီး ဒေါက်မြင့်ဖိနပ်စီးထားသူမှာ ရှူဖျင်တစ်ယောက်တည်းသာ ရှိသည်။

စစ်ဆေးမေးမြန်းခြင်းသည် နံနက်စောစောတွင် အားလုံးကို စုစည်းထားသည်။

3:10 တွင် အစ်မမိန်က အိမ်သာသို့သွားသည်။ 3:30 တွင် လျှိုယွီမင်က အိမ်သာသို့သွားပြီး ရှူဖျင်ကိုတွေ့သည်။ ရှူဖျင်သည် အိမ်သာထဲသို့ ပြေးဝင်ကာ အမှိုက်ပုံးကို မတော်တဆ တိုက်မိသွားသည်။ လျှိုယွီမင်သည် တစ်ဖက်လူ၏အထောက်အထားကို သိရှိပြီး သူမအား ကာကွယ်ရန်အတွက် အချိန်ဇယားကို တမင်တကာ ရောထွေးစေကာ အမှိုက်ပုံးသို့သွားပြီး သူ့နာရီကိုရှာရန် အကြောင်းပြချက်တစ်ခု ဖန်တီးခဲ့သည်။

3:40 တွင် ကျန့်ဝေ့ကော်သည် ချေးငွေစာရွက်ကိုဖျက်ဆီးရန် အိမ်သာသို့သွားခဲ့ပြီး ရှူဖျင်က အိမ်သာမှထွက်လာတာကို တွေ့ခဲ့သည်။ သူက ချက်ချင်း သူ့အခန်းထဲပြန်သွားသည်။ ထို့နောက်တွင် မစ္စစ်မိန်သည် အိမ်သာသွားကာ စင်္ကြံတွင် ရှူဖျင်နှင့် တွေ့ဆုံသည်။ သူတို့နှစ်ယောက်က စကားအတိုချုံးပြောခဲ့ကြသည်။

လူသတ်သမားက မစ္စစ်မိန်နှင့် ရှူဖျင်တို့ကြားတွင် ရှိရမည်။

ယွီဟန်ကျန်းက သံသယရှိသူနှစ်ဦးကို စစ်ဆေးမေးမြန်းလိုသည်။ ရလဒ်အနေနဲ့ ကျန့်ဝေ့ကော်က ရုံးခန်းထဲကနေ ထွက်သွားသောအခါ မစ္စစ်မိန်က ဝင်လာဖို့ အစပြုခဲ့သည်။ သူမက ရင်ဘတ်ကိုအုပ်ပြီး အေးအေးဆေးဆေး စကားပြောရင်း ချောင်းဆိုးသည်။ "ရှောင်ဖျင်ကို မေးစရာမလိုပါဘူး၊ လီကျယ်မင်ကို ငါသတ်လိုက်တာ။"

ယွီဟန်ကျန်း: "…"

ရှောက်လုံ: "…"

အသက် 70 အရွယ် အဘွားအိုသည် ဆံပင်ဖြူ လုံးလုံးလျားလျား ရှိနေကာ ခါးကုန်းပြီး သူမ၏ မျက်နှာတွင် အရေးအကြောင်းများ ပြည့်နှက်နေသည်။

သူမသည် အချိန်မရွေး လဲကျသွားနိုင်သလိုမျိုး ခြေထောက်များက ယိုင်တီးယိုင်တိုင် ‌လမ်းလျှောက်ရင်း အလွန်အိုမင်းနေပုံရသည်။

ဒီအခိုက်အတန့်တွင် သူမသည် ဖြည်းညှင်းစွာ စကားပြောသောအခါတွင် သူမ၏မျက်လုံးများက အထူးကြည်လင်နေခဲ့သည်။ "ငါက လီကျယ်မင်ကို ကုမ္ပဏီထဲခေါ်ယူခဲ့တယ်။ အခြားလူတော်တော်များများနဲ့ အင်တာဗျူးတုန်းက သူ့ရမှတ်က မမြင့်ပေမဲ့ သူ့ပါးစပ်က ချိုပြီး စိတ်အားထက်သန်တယ်လို့ ငါထင်ခဲ့တယ်။ သူက လေ့ကျင့်ဖို့ ခေါ်ယူနိုင်တယ်။ နောက်ဆုံးတော့ ကုမ္ပဏီက သူ့ကို ခန့်လိုက်ပြီး အဲဒါက ငါ့ရဲ့အခိုင်အမာရပ်တည်ချက်ကြောင့်ပဲ။"

သူမသည် ခေါင်းကို ခြောက်ကပ်နေသော လက်များဖြင့် ပုတ်ကာ နောင်တရစွာ ပြောခဲ့သည်။ "အရာအားလုံးရဲ့ အရင်းအမြစ်က ငါပဲ။ တကယ်လို့ သူသာ ကုမ္ပဏီထဲမဝင်ခဲ့ရင် ရွေ့ရွေ့က သေမှာမဟုတ်ဘူး၊ ယွီမင်နဲ့ ရွေ့ရွေ့တို့က ပျော်ရွှင်စရာစုံတွဲဖြစ်ကြပြီး တဖန်ကလည်း သူ့မန်နေဂျာရာထူးကနေ ဖယ်ထုတ်ခံရမှာမဟုတ်ဘူး။ ပိုကောင်းမွန်နဲ့ရလဒ်ကို ချန်ထားဖို့အတွက် သူ့ရဲ့ကြိုးစားမှုနဲ့ အောင်မြင်မှုတွေအပေါ် အားကိုးနိုင်တယ်။ ရှောင်ဖျင်ကလည်း အိမ်တွင်းအကြမ်းဖက်မှုကို ကျူးလွန်တဲ့ လူယုတ်မာတစ်ယောက်နဲ့ လက်ထပ်မိမှာမဟုတ်ဘူး။ သူမက အရမ်းလှပတာကြောင့် ထူးချွန်တဲ့ယောင်္ကျားကို ရှာတွေ့နိုင်တယ်…"

မစ္စစ်မိန်သည် ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီး စက္ကန့်အနည်းငယ်ကြာပြီးနောက် တည်ငြိမ်စွာပြောလာသည်။ "အရာအားလုံးရဲ့ အရင်းအမြစ်က ငါပဲ။ လီကျယ်မင်က လူများစွာကို ထိခိုက်စေခဲ့ပြီး အားလုံးက သူ့ကို သေစေချင်ကြတယ်။ ဒီလိုလုပ်လိုက်တာက ငါ့အတွက် ပိုကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ငါကြာကြာနေရတော့မှာမှမဟုတ်တာ…"

လူသတ်သမားက စိတ်လိုလက်ရ ဝန်ခံခဲ့ပြီး ဒီဖြစ်ရပ်က ရှောက်လုံနှင့် ယွီဟန်ကျန်းတို့ကို သတိလက်လွတ်ဖြစ်သွားစေခဲ့သည်။ သို့သော် အဘွားအိုက လေးနက်ပုံရပြီး လိမ်ညာပုံမပေါ်ချေ။

သူမသယ်သွားသည့်အိတ်ကပ်ထဲမှ အဝတ်ထုပ်နှင့်ထုပ်ထားသော အိတ်သေးသေးလေးကို ထုတ်ယူလိုက်သည်။ ဓာတ်ပုံတစ်ပုံပါရှိသည်။ ဓာတ်ပုံထဲက မိန်းကလေးသည် လှပပြီး တောက်ပသော အသွင်အပြင်ရှိကာ သူမ၏မျက်လုံးတွေက တောက်ပနေပုံရသည်။ မစ္စစ်မိန်က ဓာတ်ပုံကိုကြည့်ပြီး နူးညံ့စွာပြောလိုက်သည်။ "ဒါက ရွေ့ရွေ့ပါ။ လီကျယ်မင်က မေ့နေတာကြာပြီဆိုပေမဲ့… ဒီနေ့က ရွေ့ရွေ့ကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့ပဲ။"

#TK