Chapter 112 [End Of The Story]
Viewers 21k

♎️Chapter 112 [End Of The Story]

ရှန်းရှီကော -3



သူရှန်းရှီကောကို သဘောကျနေသည်။


သူ့ခံစားချက်ကိုသဘောပေါက်သွားသည်နှင့် ဖုယွမ်ကျိုးသည် ချက်ချင်းနောက်ဆုတ်လိုက်ပြီး သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းလိုက်၏။ ရုတ်ချည်းပင် ဤကိစ္စက အင်မတန်အရေးကြီးသည်ဟုထင်လိုက်မိလေသည်။


မူလတွင် ရှန်းရှီကောနှင့်သူက သူငယ်ချင်းများဖြစ်နေခဲ့ကြ၏။ သူတို့နှစ်ယောက်လုံးက စိတ်ဝင်စားသည့်အရာများလည်းတူပြီး အကျင့်စရိုက်များလည်းတူညီကြသည်။ ရှန်းရှီကောကိုယ်တိုင်က ထူးချွန်သူဖြစ်သောကြောင့် သူနှင့်ပတ်သတ်၍ ဝေဖန်စရာအများအပြားမရှိပေ။ ထို့နောက် သူတို့နှစ်ယောက် ခန္ဓာကိုယ်ချင်းနှီးနှောမိကြသည်။ သို့ဖြစ်၍ အချစ်နှင့်ထိတွေ့မိလာသည့်အခါ ထူးဆန်းသည့်ခံစားချက်များဖြစ်ပေါ်လာခဲ့သည်က အံ့ဩစရာမကောင်းတော့ပေ။


ခံစားချက်တို့ကိုစိစစ်ခွဲဖြာပြီးသည့်နောက် ဖုယွမ်ကျိုးမှာ ရှန်းရှီကောဘက်မှတပြိုင်တည်းဖြစ်လာမည့် သူ့အပေါ်အမြင်ကို သိချင်လာရသည်။ ရှန်းရှီကောကလည်း သူ့အားသူငယ်ချင်းတစ်ယောက်အနေဖြင့် သဘောကျနေမည်မှာသေချာသည်။ ရှန်းရှီကောကသူ့အတွက် အရေးပါသည်မှာမှန်သော်လည်း ယင်းက အခြားခံစားချက်များနှင့်ဆက်နွယ်နေနိုင်သည်။


မူလက အတွေးမလွန်စေရန် သူ့ကိုယ်သူသတိပေးခဲ့သည်။ သို့သော် လွန်ခဲ့သည့်ရက်ပိုင်းက ရှန်းရှီကောနှင့်ဗီဒီယိုကောလ်ပြောခဲ့ရာတွင် ထိုသူ၏စကားက ဒွိဟဖြစ်စေခဲ့၏ ။ သူငယ်ချင်းယောင်ယောင်၊ အိပ်ဖော်အိပ်ဖက်ယောင်ယောင်ဖြင့်။ အနာဂတ်တွင်သူရှိနေလျှင်ရပြီဟုပြောခဲ့သည်။ 


သူဘာတွေတွေးနေတာလဲ။ဒါကလူတွေကို စိတ်ရှုပ်စေတယ်လေ။


စကားတစ်ခွန်းတည်းနှင့် ရှန်းရှီကောပြောချင်သည့်အဓိပ္ပါယ်ကို ဖုယွမ်ကျိုးလည်း အတိအကျမခန့်မှန်းနိုင်ပေ။ သို့တစေ ရှန်းရှီကောကသူ့ကို သူငယ်ချင်းတစ်ယောက်ဆိုသည်ထက် သူ့ခန္ဓာကိုယ်ကို တပ်မက်နေခဲ့သည်မှာသေချာသည်။


လက်ရှိအချိန်တွင် သူတို့က အိပ်ဖော်အိပ်ဖက်များဖြစ်နေကြလျှင်ပင် အချိန်များကြာလာသည်နှင့်အမျှ သူတို့ကြားတွင် အချစ်ဆိုသည့်အရာကပေါက်ဖွားလာနိုင်သေးသည်မလား။သူရှန်းရှီကောအပေါ် ခံစားမိသလိုမျိုး။


ရှန်းရှီကောသာနိုင်ငံခြားထွက်သွားပါလျှင် တွေးကြည့်သည်နှင့် ဖုယွမ်ကျိုး၏နှလုံးသားက ဓုဓလီပန်းလေးအဖြစ်ပြောင်းလဲသွားသည်။ ရှန်းရှီကောက ပန်းလေးကိုမှုတ်ထုတ်လိုက်ပြီး ပွင့်ဖက်လေးများက လေနှင့်အတူမျောပါသွားလိမ့်မည်။


ကျောင်းပိတ်ရက်ရှည်က ကုန်ဆုံးရန်နီးကပ်လာပြီ။ ဖုယွမ်ကျိုးက လေယာဥ်ဖြင့် နိုင်ငံခြားကိုပြန်သွားခဲ့ပြီး ရှန်းရှီကော၏ဗီလာကိုမပြန်ခင် အရုပ်အချို့ဝယ်လာခဲ့သည်။ သူတို့နှစ်ယောက် ခန္ဓာကိုယ်ချင်းဖလှယ်ခဲ့ကြပြီးနောက် သူရှန်းရှီကောနှင့် ပိုမိုနီးကပ်ချင်ပါက ဗီလာကိုပြောင်းနေလျှင်ပိုကောင်းနိုင်သည်။ တဖက်ကပြန်ကြည့်လျှင်လည်း ရှန်းရှီကောကသူ့အား ပိုသဘောကျလာနိုင်လောက်၏။


သူဗီလာကိုပြန်လာချိန်တွင် ရှန်းရှီကောက အိမ်တွင်မရှိပေ။ ရှန်းရှီကောကသူ့ထံဖုန်းဆက်ပြီး လုပ်စရာရှိသေး၍နောက်ကျမည်ဟုပြောခဲ့သည်။ ဖုယွမ်ကျိုးလက်ထဲတွင်သော့ရှိနေခြင်းကြောင့် ရှန်းရှီကော အိမ်တွင်မရှိလျှင်ပင် ပြဿနာမဟုတ်ပေ။


ယခုလိုအခြေအနေက ကြုံခဲလှသည်။ ဖုယွမ်ကျိုး ကျောင်းမှအိမ်ပြန်ရောက်တိုင်း ရှန်းရှီကောက အိမ်တွင်အမြဲရှိနေတတ်၏။ ရှန်းရှီကောက အလုပ်နှင့်ဖြစ်နေသော်လည်း အိမ်တွင်သာလုပ်တတ်ပြီး ကုမ္ပဏီအထိသွားလေ့မရှိ။ ကိုယ်ပိုင်ကုမ္ပဏီဖြစ်သောကြောင့် ကြိုက်သည့်အချိန်လုပ်နိုင်သည်။


အနှီသူ ဗီလာမရှိနေ၍ ဖုယွမ်ကျိုးအတွက် အရုပ်များဝှက်ထားနိုင်ရန် အခွင့်အရေးဖြစ်သည့်တိုင် ပစ္စည်းများကို အိတ်ထဲမှထုတ်လိုက်ချိန်တွင် ဖုယွမ်ကျိုး ရှက်မိသွားလေ၏။ ဘယ်အချိန်တည်းကများ သူသည် ယခုလို နမော်နမဲ့နိုင်ခဲ့သည်မသိ။


ဖန်တရာတေအောင်စဥ်းစားကြည့်ပြီးနောက် ဖုယွမ်ကျိုးသည် နောက်ဆုံးတွင် အရုပ်အများစုကို အိပ်ခန်းထဲတွင်ထည့်ထားလိုက်ပြီး ကျန်သည်များကို ဧည့်ခန်းထဲတွင်ထားလိုက်သည်။ သူက ရှန်းရှီကောပစ္စည်းများကို မကိုင်ချင်သောကြောင့် ရှန်းရှီကောအိပ်ခန်းထဲကိုမသွားတော့ဘဲ အဆိုပါနှစ်နေရာတွင်သာ ထားခဲ့လိုက်၏။


လက်အိတ်တွေကိုတော့ ဆိုဖာအောက်မှာဝှက်ထားလိုက်မယ်...


ဖုယွမ်ကျိုး ဆိုဖာရှေ့တွင်ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ကူရှင်ကို မ ပြီး စပါယ်ရှယ်လက်အိတ်တို့ကို ၎င်းအောက်တွင်ထိုးထည့်ထားလိုက်သည်။ ထို့နောက် ဖုယွမ်ကျိုးက ထိုအောက်တွင် နားမလည်နိုင်သည့်စာလုံးများဖြင့် ဗူးလေးငါးဗူးကိုတွေ့လိုက်ရလေ၏။ သူ၏ခန့်မှန်းချက်အရ ဆေးပြားများဖြစ်ရန် ရာခိုင်နှုန်းများသည်။


ဒါဘာဆေးတွေလဲ။ အကိုက်အခဲပျောက်ဆေးတွေလား။


ဆေးတစ်ပြားက ကူရှင်အောက်ကိုပြုတ်ကျသွားသော်လည်း သူမကောက်မိပေ။ ကုန်ဆုံးရက်မကျော်သေးသောကြောင့် ဆေးကို ဗူးထဲသာပြန်ထည့်ထားလိုက်ရသည်။


ကူရှင်အောက်တွင် လက်အိတ်များထည့်လိုက်ပြီးသည့်နောက် ဖုယွမ်ကျိုး ၎င်းအပေါ်တွင်တက်ထိုင်ကြည့်လိုက်သည်။ အောက်တွင် ခုနေသလိုပင်။ ဖုယွမ်ကျိုးသည် လက်အိတ်ထားရန်မသင့်တော်သလိုခံစားမိသောကြောင့် အခြားတစ်နေရာတွင် သွားထားရပြန်သည်။


ညအချိန် ရှန်းရှီကောပြန်ရောက်လာသည့်အခါ ဖုယွမ်ကျိုးက ထုံးစံအတိုင်း သူ့ကိုဖက်လိုက်၏။ ရှန်းရှီကောကသူ့အား လွမ်းသည်ဟုပြောသည့်အခါ သူလည်း ထပ်တူပြန်ပြောလိုက်ပြီး နှစ်ယောက်သား စတင်နမ်းကြတော့သည်။ ရှန်းရှီကောကသူ့အား အပေါ်ထပ်သို့သယ်သွားကာ အိပ်ခန်းထဲသို့ဝင်သွားခဲ့၏။ ကံဆိုးစွာဖြင့် ထိုနေ့ညက ဖုယွမ်ကျိုး ပြင်ဆင်ထားခဲ့သမျှမှာ အသုံးမဝင်ခဲ့ပေ။


ဖုယွမ်ကျိုးမှာ ပင်ပန်းလွန်း၍ အိပ်ပျော်သွားခဲ့၏။ သူနိုးလာချိန်တွင် အရုဏ်တက်ပင်ဖြစ်နေခဲ့ပြီး သူလည်းသန်းဝေရင်း အောက်ထပ်ဆင်းလာလေသည်။ ရှန်းရှီကောက မနက်စာပြင်ထားပေးပြီးသည့်တိုင် မစားသေးဘဲ တစ်ခုခုကိုရှာနေသည့်နှယ် ပတ်ချာလည်လိုက်ကြည့်နေလေ၏။


ဖုယွမ်ကျိုး: "ဘာရှာနေတာလဲ...လိုက်ရှာပေးရမလား..."


"ရပါတယ်..."


သူအောက်ထပ်ဆင်းလာသည်ကိုမြင်သည့်အခါ ရှန်းရှီကောကဆက်မရှာတော့ဘဲ သူ့ကိုသာပြုံးပြလာလေသည်။ 


"အရေးမကြီးပါဘူး...ဘယ်နားထားလိုက်မိလဲမသိလို့...ရှာမတွေ့လည်းဘာမှမဖြစ်ပါဘူး..."


"မင်းလိုက်ရှာနေတာ ဆေးလား..."


"ဟင်"


ဖုယွမ်ကျိုးက ဆိုဖာကူရှင်အောက်မှ ဆေးပြားများကိုအမှတ်ရသွား၏။ 

"ငါဆေးသေတ္တာထဲကိုထည့်ထားလိုက်တယ်..."


"...ဟုတ်လား..." 

ရှန်းရှီကောက ဆေးသေတ္တာထဲမှ ဆေးတစ်ပြားကိုထုတ်ကာ သူ့အားပြုံးပြလာခဲ့သည်။ 

"ကိုယ်ဆေးဘူးပျောက်လို့လိုက်ရှာနေတာ...ကျေးဇူးပဲနော်..."


"အဲဒါကဘာဆေးမလို့လဲ..." 

ဖုယွမ်ကျိုးက စပ်စုလိုက်၏။


ရှန်းရှီကော: "စိတ်ကျန်းမာရေးအတွက်ဆေးတွေလေ...ကိုယ့်မိဘတွေ နှစ်သစ်ကူးတုန်းကလာခဲ့ကြတော့ အမေ့ဆေးတွေကပျောက်သွားတယ်...ကိုယ်ကလိုက်ရှာထားရတာ..."


ဖုယွမ်ကျိုး ခေါင်းညိတ်ပြလိုက်သည်။ သူလည်း ရှန်းရှီကောအမေ၏အခြေအနေကိုသိထားပြီး လတ်တလောအခြေအနေကိုမေးမြန်းကြည့်လိုက်သည်။ အနည်းငယ်ပင်သံသယမဝင်မိခဲ့ပေ။ ရှန်းရှီကောက ဆေးများကိုပြန်သိမ်းလိုက်ပြီး နှစ်ယောက်သားအတူ မနက်စာစားကြသည်။ ထို့နောက် ပူးကပ်နေခဲ့ကြသည်။


ရက်အနည်းငယ်အကြာ၌ ယွိလျန်နက ဖုယွမ်ကျိုးကိုမက်ဆေ့ချ်ဖြင့် နောက်တစ်ခေါက်တောင်းပန်လာပြန်သည်။


တောင်းပန်ပါတယ်...အဲဒီညက ကိစ္စက ငါ့အမှားပါ..ငါ့ကိုခွင့်လွှတ်ပါ....


ငါမေ့နေခဲ့တာကြာပါပြီ။ ဖုယွမ်ကျိုး ဘာပြောရမှန်းမသိဖြစ်သွားခဲ့သည်။ ယွိလျန်နက အခုအချိန်အထိ အားနာနေဦးမည်ဟုမထင်ထားခဲ့ပေ။ အဆိုပါကိစ္စအတွက်နှင့်သူမသည် သူ့အား အကြိမ်ပေါင်းမနည်းတောင်းပန်ခဲ့သေးသည်။


မင်းအမှားမဟုတ်ပါဘူး။ ကျွန်တော့်ကိုမတောင်းပန်ပါနဲ့တော့။


ယွိလျန်န: ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်တယ်လို့ ပြောပေးပါ။ မဟုတ်ရင် ရှီကောကငါ့ကို အလွတ်မပေးဘဲနေလိမ့်မယ်။


ယွိလျန်နက သနားစရာကောင်းစွာဖြင့် စာရိုက်နေဆဲ။ အခုတော့ အဆင်ပြေသွားပြီ။ ရှန်းရှီကောက သူမအကြံကြောင့် ပျော်နေခဲ့သည့်တိုင် သူမကိုလွှတ်မပေးသေးပေ။ ထိုအတောအတွင်း သူမမှာ စိတ်ဆင်းရဲခဲ့ရသည်။ သူ့ဘေဘီလေးကိုထိလိုက်မိသူရှိလျှင် သူမဘက်က ပြန်ပေးဆပ်ရလိမ့်မည်။


မင်းကိုခွင့်လွှတ်ပါတယ်။ ဖုယွမ်ကျိုး အကြိမ်ပေါင်းများစွာပြောပြီးသားဖြစ်သော်လည်း ထပ်မေးမိပြန်သည်။

ရှီကောက ဘာပြောသေးလဲ။ မင်းကိုစိတ်ဆိုးနေသေးလား။


ယွိလျန်န: "ပြောရရင်တော့အရှည်ကြီးပဲ...နင်လည်းသိရဲ့သားနဲ့..သူနဲ့ပြိုင်ပြောဖို့ကလွယ်တာမဟုတ်ဘူး..အထူးသဖြင့် နင်နဲ့ပတ်သတ်လာရင်ပေါ့...သူဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာနင်မသိသေးပါဘူး...နင့်ကိုဆက်ဆံတဲ့ပုံက သူများတွေနဲ့ယှဥ်လိုက်ရင်အကွာကြီးလေ"


ယခုလိုကြားလိုက်ရသည့်အတွက်ကြောင့် ဖုယွမ်ကျိုးမှာ စိတ်ပျော်သွားရလေ၏။ တချိန်တည်းမှာပင် အံ့အားသင့်သွားရပြန်သည်။ သူသည်အမြဲ ရှန်းရှီကောကို နူးညံ့သူဟုထင်မြင်ခဲ့သည်ပင်။ 


ဖုယွမ်ကျိုး: သူကမင်းကို ဘယ်လိုမျိုးဆက်ဆံတာလဲ


ယွိလျန်န: အဲဒါက....


ယွိလျန်နက အချိန်ယူပြီးစဥ်းစားနေခဲ့သည်။ သူမ အမှန်အတိုင်းပြောလိုက်၍မဖြစ်သောကြောင့် စကားလမ်းကြောင်းအမြန်ပြောင်းလိုက်၏။


 "နင်...သူရဲ့အရင်ကဓာတ်ပုံကိုကြည့်ချင်လား...အမေသိမ်းထားတာတွေရှိသေးတယ်"


ဖုယွမ်ကျိုးက ချက်ချင်းသဘောတူလိုက်၏။ ယွိလျန်နက ရှန်းရှီကော ဆယ်ကျော်သက်အရွယ်မှပုံတို့ကိုပို့ပေးလာခဲ့သည်။ အဖွဲ့လိုက်ရိုက်ထားသည့်ဓာတ်ပုံထဲတွင် ထိုသူသည် အမေဖြစ်သူနှင့်ဘေးချင်းကပ်ရပ်နေခဲ့ပြီး အမေနှင့်သားနှစ်ယောက်က အတော်လေးရုပ်ချင်းဆင်တူနေကြသည်။ ဓာတ်ပုံထဲတွင် ရှန်းရှီကောအမေကသိမ်မွေ့ပြီး ကျက်သရေရှိနေသည်။ ပြင်းထန်သောစိတ်ရောဂါကို ခံစားနေရပုံမပေါ်ချေ။


ယွိလျန်န: "သူ့အမေကလေ ငါမြင်ဖူးသမျှထဲမှာ အလှဆုံးပဲအမျိုးသမီးပဲ...ဒါပေမဲ့ ကံဆိုးချင်တော့...သူကကျန်းမာရေးမကောင်းဘူးလေ...အိမ်ထဲမှာပဲအမြဲနေရတာ...ခြံအပြင်ကိုမထွက်လာတော့တာ နှစ်ချီနေပြီ"


နှစ်ချီနေပြီ။ ဖုယွမ်ကျိုး တောင့်တင်းသွားခဲ့သည်။


ဖုယွမ်ကျိုး: "နှစ်သစ်ကူးမှာ သူ့အမေက ဗီလာကိုလာလည်သေးတယ်...ဆေးတောင်ကျန်ခဲ့တယ်လို့ပြောခဲ့တာသေချာပါတယ် မင်းအထင်မှားနေတာများလား"


ယွိလျန်န: "တကယ်ပါဆို..ငါနဲ့ငါ့အမေ နှစ်သစ်ကူးတုန်းကသွားလည်ခဲ့ကြသေးတယ်...သူအိမ်ထဲမှာရှိတယ်"


ဖုယွမ်ကျိုးက သံသယများတပုံတပင်ဖြင့် ရိလျန်နနှင့်စကားပြောနေခြင်းကိုအဆုံးသတ်လိုက်သည်။ သူလိမ်နေတာမဟုတ်ရင်..ရှန်းရှီကောကလိမ်နေတာပဲ။ သူကဘာလို့လိမ်ရတာလဲ။ ဘာကောင်းကျိုးရှိလို့လဲ။


သူသည် ယွိလျန်နပို့ပေးလိုက်သောဓာတ်ပုံအဟောင်းများကို စိတ်ဝင်တစားကြည့်နေမိလေ၏။ ထို့နောက် ကော်ဖီစားပွဲပေါ်မှဆေးဘူးများကို မျက်လုံးထောင့်မှတဆင့် ဖျတ်ကနဲမြင်လိုက်မိသည်။ ၎င်းတို့က သူသယ်လာသည့်ဆေးများနှင့်တူသယောင်ရှိသော်လည်း ဖုယွမ်ကျိုးအနေဖြင့် ဤဗီလာထဲတွင်တစ်ခါမှမမြင်ခဲ့ဖူးပေ။ ဆေးများက လွှင့်ပစ်ခံလိုက်ရသလိုပျောက်သွားခဲ့သည်။


ဆေးဘူးပေါ်မှစာလုံးများက သေးလွန်းနေသည်။ ဖုယွမ်ကျိုးမှာ မျက်လုံးညောင်းသည်အထိ အားစိုက်ကြည့်လိုက်ရ၏။ အင်တာနက်တွင် အထပ်ထပ်အခါခါရိုက်ရှာခဲ့ရပြီး နောက်ဆုံးမှ ဆေးအမည်အမှန်ကိုသိနိုင်ခဲ့သည်။ ယင်းတို့မှာ စိတ်ပိုင်းဆိုင်ရာဝေဒနာတို့ကိုကုသပေးသည့်ဆေးတစ်မျိုးပင်။


ရုတ်ချည်းပင် ဖုယွမ်ကျိုးစိတ်ထဲ၌ တုန်လှုပ်ဖွယ်အတွေးတစ်ခုပေါ်ပေါက်လာခဲ့သည်။ သူသည် ရှန်းရှီကောလိမ်ရသည့်အကြောင်းအရင်းကိုသာစဥ်းစားနေမိ၏ ။ဒီဆေးတွေက သူ့အမေသောက်တဲ့ဆေးတွေမဟုတ်ဘဲ သူ့ဆေးတွေတဲ့လား။


စိတ်ရောဂါဝေဒနာဆိုသည်မှာ မျိုးရိုးလိုက်တတ်သည်။ ရှန်းရှီကော၏အပြုအမူတိုင်းက ပုံမှန်ဖြစ်နေသောကြောင့် ဖုယွမ်ကျိုးလည်း သံသယမဝင်မိခဲ့ပေ။ သူ့အမေက သူ့ကိုမွေးပြီးသည့်နောက်ပိုင်းမှ ရောဂါကိုခံစားလာရခြင်းဖြစ်မည်ဟုထင်ခဲ့သော်လည်း ထိုသူကိုကိုယ်ဝန်မဆောင်ခင်တည်းကဖြစ်နေခဲ့သည်ဆိုလျှင်။


ဖုယွမ်ကျိုးက ရှန်းရှီကောပြောဖူးသည့် အနာဂတ်တွင်ကလေးမလိုချင်သည့်အကြောင်းကို အမှတ်မထင်သတိရလိုက်မိသည်။ ကလေးမလိုချင်ရတာက သူ့အမေလိုမျိုး မျိုးရိုးလိုက်သွားမှာစိုးလို့များလား။


သူက ပိုသေချာစေရန် ယွိလျန်နကိုမေးမြန်းခဲ့ပြီး တိကျသည့်အဖြေကိုပြန်ရခဲ့သည်။ ရှန်းရှီကောအမေက ဆယ်ကျော်သက်အရွယ်တည်းက အဆိုပါစိတ်ရောဂါဝေဒနာကိုခံစားနေခဲ့ခြင်းပင်ဖြစ်လေ၏။


ရှန်းရှီကောက ရောဂါကို အမေဖြစ်သူထံမှတဆင့်ရလာခဲ့ခြင်း ဟုတ်မဟုတ်မှာ မသေချာသော်လည်း ရှန်းရှီကောမှာလည်း ကလေးအရွယ်တည်းက ပုံမှန်အတိုင်းဖြစ်နေခဲ့၏။ မိခင်ဖြစ်သူနှင့်မတူဘဲ အမူအကျင့်ကောင်းများရှိပြီး စိတ်ရောဂါဝေဒနာခံစားနေရသည့်လက္ခဏာမျိုးမတွေ့ရပေ။


သို့ထိတိုင် ဆေးများကြောင့် ဖုယွမ်ကျိုးမှာ စိတ်ထဲ၌မတင်မကျဖြစ်နေလေသည်။ ယင်းဆေးတို့က ရှန်းရှီကော၏ဆေးများဟုသာခံစားနေရ၏။ ထိုသူက သူ၏ကျန်းမာရေးချို့ယွင်းနေမှုကို သူအပါအဝင် အခြားသူများမတွေ့စေရန် ဖုံးကွယ်ထားခဲ့သည်။


ဖုယွမ်ကျိုးမှာ နေမထိထိုင်မသာဖြစ်နေလေ၏။ ရှန်းရှီကောသူ့အားလိမ်ထားသည့်အတွက် ဒေါသထွက်နေရခြင်းမဟုတ်ဘဲ အနှီသူအစား စိတ်မကောင်းဖြစ်နေရပြီး တဆက်တည်းမှာပင် သူကြိုမသိထားခဲ့သည့်အတွက် ရှန်းရှီကောကတစ်ယောက်တည်းခံစားခဲ့ရသည်ဖြစ်ရာ သူ့ကိုယ်သူအပြစ်တင်နေမိလေတော့သည်။Ti Amo:

AROEMM: Ch 81.2


ရှန်းရှီကော အသေအချာမကုသမည်ကို စိုးရိမ်သောကြောင့် သူ ရှန်းရှီကောနှင့်ပေါ့ပေါ့ပါးပါးနှင့် ပွင့်လင်းစွာပြောနိုင်ရန် အိပ်ခန်းထဲမှထွက်လိုက်သည်။ အောက်ထပ်ဆင်းသို့ဆင်းသွားပြီး ဧည့်ခန်းထဲအထိသွားကာ ရှန်းရှီကောအရှေ့တွင်ရပ်လိုက်သည်။ ပြီးနောက် လေကိုတဝကြီးရှူသွင်းလိုက်ကာ လေသံကိုအတတ်နိုင်ဆုံးထိန်းပြီး မေးလိုက်လေ၏။ 


"ရှီကော...မင်းငါ့ကိုဖုံးကွယ်ထားတာမျိုးရှိသေးလား...ဥပမာ မင်းလက်ထဲကဆေးတွေက မင်းအမေသောက်နေတာမဟုတ်ဘဲ မင်းသောက်နေတာမျိုးပေါ့..."


ဖုယွမ်ကျိုးက အစပိုင်းတွင် စမ်းသပ်သလိုမေးလိုက်ခြင်းဖြစ်သော်လည်း ရှန်းရှီကော၏မျက်နှာထားကိုမြင်လိုက်ရုံဖြင့် ရှင်းလင်းသွားခဲ့၏။ သူသည်ကား တမဟုတ်ချင်း စိတ်ကျဥ်းကျပ်သွားရကာ မေးလိုက်ရလေသည်။


 "ဘာလို့ငါ့ကိုမပြောရတာလဲ..."


"ကိုယ့်မိဘတွေတောင် ကိုယ်နေမကောင်းဖြစ်နေတဲ့အကြောင်းကို အပေါ်ယံပဲသိထားကြတာ..." 

ရှန်းရှီကောက မျက်လွှာချကာပြုံးလာလေသည်။ အမှတ်မထင်လုပ်လိုက်သလိုရှိသည့်တိုင် အနှီသူသည် လက်သီးကိုတင်းတင်းဆုပ်ထားခဲ့၏။

 "မင်းကိုယ့်ကိုမုန်းသွားမှာလားဟင်..."


ထိုအတိုင်း အဖြေပြန်ရမည်ကိုစိုးရိမ်၍လားမသိ။ဖုယွမ်ကျိုးပင်မပြောရသေးခင် ရှန်းရှီကောက တရစပ်ပြောလာခဲ့သည်။ 


"ကိုယ်...မင်းကိုမဆုံးရှုံးချင်ဘူး...မင်းသာကိုယ့်ဘေးမှာရှိနေမယ်ဆိုရင် ကျန်တာကိုယ့်အတွက်အရေးမကြီးတော့ပါဘူး...ဒါပေမဲ့ကိုယ်သာ မင်းကိုအမှန်အတိုင်းပြောလိုက်ရင်...မင်းကိုယ့်ကိုစိတ်ပူနေလိမ့်မယ်...ပျော်ရတော့မှာလည်းမဟုတ်ဘူး...ကိုယ့်အနားကနေပါထွက်သွားလိမ့်မယ်..."


"မင်းငါ့ကိုရောမတွေးမိဘူးလား...ငါမင်းကိုထားခဲ့မှာကျတော့ တွေးမိတယ်ပေါ့ဟုတ်လား..."


အေးစက်နေသည့်အသံဖြင့် ဖုယွမ်ကျိုးသည် ကြားဖြတ်ပြောလိုက်လေ၏။ 

"မင်းကငါ့ကိုပျော်ရွှင်စေဖို့အမြဲမျှော်လင့်ခဲ့တယ်...မင်းအတွက်ကျတော့ရော...မင်းကိုယ်မင်းအတွက်ရောမတွေးဘူးလား..."


ရှန်းရှီကောက သူစိတ်ဆိုးသွားမည့်ပုံစံကိုမြင်ရလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပုံပင်။ ဖုယွမ်ကျိုးက စိတ်ဆိုးပြီးသူ့အားစိတ်ပူနေသည့်ပုံစံကြောင့် တောင်းပန်ချင်နေသလို အူကြောင်ကြောင်ဖြင့်ငေးကြည့်နေခဲ့သည်။ ဖုယွမ်ကျိုးကမူ စိတ်ထိန်းလိုက်ပြီး ဝှက်ယူလာသည့်လက်အိတ်ကိုထုတ်ကာ ရှန်းရှီကောကို ဆိုဖာပေါ်သို့တွန်းထုတ်လိုက်သည်။ ပြီးနောက် ထိုသူ၏လက်နှစ်ဖက်တွင် စွပ်ပေးလိုက်၏။


"ရှောင်ချီး..."


ရှန်းရှီကောက ရုန်းကန်တွန်းထိုးနေ၏။ ဖုယွမ်ကျိုးက အဝတ်တစ်ခုဖြင့် ထိုသူ၏မျက်လုံးကိုပါစည်းပေးလိုက်ပြီး ဘာကိုမှမမြင်ရအောင်ဖန်တီးလိုက်သည်။


ဖုယွမ်ကျိုးက သူ့ရင်ဘတ်ကိုဖိထားကာ အေးစက်စက်အသံဖြင့်အမိန့်ပေးလိုက်သည်။ 

"မလှုပ်နဲ့...ငါပြောတာကိုနားထောင်..."


"အိုကေ..."


ရှန်းရှီကောက ထပ်မလှုပ်တော့ပေ။ သူပြောသည့်အတိုင်းငြိမ်နေလေသည်။


"ငါအရင်ပြောမယ်..." 


ဖုယွမ်ကျိုးက ​ရှန်းရှီကော၏ကိုယ်ကိုမှီကာ နားထဲသို့ကပ်ပြောလိုက်၏။

 "ငါမင်းကို ဘယ်တော့မှမုန်းသွားမှာမဟုတ်ဘူး..."


သူသည်ကား ရှန်းရှီကော၏မျက်နှာအနှံ့ နမ်းရှုံ့ခဲ့လေ၏။ နှာခေါင်းထိပ်၊ နဖူးနှင့်နှုတ်ခမ်းများ၊ နေရာတိုင်းအား ရှင်းပြရန်မလွယ်သည့်ခံစားချက်တို့ဖြင့်ရောထွေးကာ နမ်းရှိုက်နေခဲ့လေသည်။


"ငါမင်းကိုထားခဲ့မလို့မဟုတ်ပါဘူး...ငါနောင်တရမိတာက မင်းနေမကောင်းဖြစ်နေတာကို ငါစောစောမသိခဲ့ရဘူး...မင်းကိုကောင်းကောင်းမဆက်ဆံပေးနိုင်ခဲ့ဘူးလေ.."


သူသည် ရှန်းရှီကောရင်ဘတ်တွင်မျက်နှာအပ်ထားလိုက်၏။ ရှန်းရှီကော၏ရင်ခုန်သံမှာ သူ့နည်းတူ မြန်ဆန်နေခဲ့သည်။


"မင်းကဘယ်သူပဲဖြစ်ဖြစ်...ငါကတော့မင်းနဲ့အတူရှိနေမှာပါ..မင်းငါ့ကိုမလိုချင်တော့ဘူးဆိုရင်တောင်မှ...ငါကတော့..."


သူသည် အဝတ်အစားကို အသံထွက်အောင်ချွတ်နေလင့်ကစား သြရှသောစကားပြောသံထဲမှရှက်ရွံ့စိတ်ကို ဖုံးဖိထား၍မရနိုင်ခဲ့ပေ။


"ဘာလို့လဲဆိုတော့ ငါမင်းကိုသဘောကျနေလို့ပဲ...ရှီကော..."


"သူငယ်ချင်းတစ်ယောက်လိုမဟုတ်ဘူး..ငါတကယ်မင်းကိုသဘောကျတာပါ..."


ယခုအကြိမ်က လုပ်ခဲ့ဖူးသမျှထက်ပင် ပိုပြီးကမူးရှူးထိုးနိုင်ခဲ့သည်။ ရှန်းရှီကောက သူ့အားနာကျင်အောင်မလုပ်ရက်သည့်တိုင် ဖုယွမ်ကျိုးကမူ အကျင့်သိက္ခာမရှိတော့သည့်အတိုင်း သူ့ဘက်မှစတင်ဦးဆောင်ခဲ့သည်။


ထိုအချိန်မှပင် ဖုယွမ်ကျိုးက ယွိလျန်နပြောခဲ့သည့်စကားကို သဘောပေါက်သွားခဲ့၏။ သူနှင့်ရှန်းရှီကောတို့က နှစ်များစွာရင်းနှီးလာခဲ့ကြလင့်ကစား ရှန်းရှီကောတွင် သူတစ်ခါမှမမြင်ဖူးသော အခြားတဖက်ခြမ်းကရှိနေခဲ့သည်။


သူ့အမြင်တွင် ရှန်းရှီကောက ပြီးပြည့်စုံသည့်လူတစ်ယောက် ဖြစ်ချင်မှဖြစ်လိမ့်မည်။ သို့သော် ရှန်းရှီကောသူ့အတွက်ဆိုလျှင် ယခုလိုပုံစံအတိုင်းရှိနေပေးရန် ဆန္ဒရှိခဲ့လိမ့်မည်။ သူ့ဘက်မှမတောင်းဆိုခဲ့သည့်တိုင် ရှန်းရှီကောနှင့်ပတ်သတ်လာတိုင်း သူအမြဲသည်းခံပေးခဲ့သည်။


အကြောင်းမှာ သူတို့နှစ်ယောက်က အပြန်အလှန်သဘောကျနေခဲ့ကြသည်။ သူလည်း ရှန်းရှီကောကသူ့အား သဘောကျနေခဲ့သည်မှာကြာပြီဖြစ်ကြောင်းသိသွားခဲ့လင့်ကစား ထိုသူ၏ကျန်းမာရေးကြောင့်ထုတ်မပြောနိုင်ခဲ့ပေ။ မတော်တဆသိမသွားခင်အထိ ဘာကိုမှမလုပ်တော့ရန်ပင် စိတ်ပိုင်းဖြတ်ထားခဲ့သေးသည်။


သူတို့နှစ်ယောက်က ကိုယ်ပိုင်ခံစားချက်တို့ကိုဖွင့်ဟခဲ့ပြီး လက်တွဲဖော်များဖြစ်လာခဲ့ကြသည်။ ဖုယွမ်ကျိုးက ရှန်းရှီကော၏အခြေအနေကိုသိနားလည်ထားခဲ့ပြီး ထိုသူအားကုစားပေးသူဖြစ်လာခဲ့သည်။ တစ်ချိန်က ကတိထားခဲ့သည့်အတိုင်း ဖုယွမ်ကျိုးသည် ရှန်းရှီကောကိုမလွှတ်ထားခဲ့ဘဲ ထိုသူအနားတွင်အဖော်ပြုပေးရင်း ပိုကောင်းသည့်လူတစ်ယောက်ဖြစ်စေချင်ခဲ့သည်။


မင်းကငါ့ရဲ့ရတနာ...ငါချစ်ရတဲ့သူ...ငါ့မှာရှိတဲ့တစ်ခုတည်းသောစည်းစိမ်ပါပဲ...



♎️♎️♎️ The END ❤️ 


Translated By - IQ Team 


Thanks 🥰