Chapter 105
Viewers 21k

♎️Chapter 105

ယွမ်ယဲ့ -6



ရှော့ပင်းစင်တာက ဆူညံနေသော်လည်း ယွမ်ယဲ့သည် ဖုန်းမှတုန်ခါမှုကိုသတိထားမိပုံပေါ်ပြီး ချက်ချင်းစာပြန်လိုက်လေ၏။ 


"အပြင်မှာလေ...ဘာလို့လဲ...ဂိမ်းဆော့ချင်လို့လား.."


သူသည် ယွမ်ယဲ့မေးခွန်းကိုပြန်မဖြေဘဲ ထပ်မေးလိုက်ပြန်၏။ 


"ဘယ်သူနဲ့ရှိနေတာလဲ..."


"?"


ခဏအကြာတွင် ယွမ်ယဲ့က လူအုပ်နှင့်ဆန့်ကျင်ရာဘက်သို့ထွက်လာပြီး မျက်လုံးဝေ့ရှာသော်လည်း ဘယ်သူ့ကိုမှမတွေ့ရပေ။ ဖုယွမ်ကျိုးက ထွက်သွားလေပြီ။


"ပြန်တော့မလို့လား..." 

မုန့်ရှစ်ရှူးက သူ့နောက်မှလိုက်လာပြီး သူ့ပုံစံကို နားမလည်သလိုဖြစ်နေပုံရသည်။


"ဖုယွမ်ကျိုးကလည်း ဒီမှာရှိနေတယ်ထင်တယ်...ငါတို့ကိုတွေ့သွားတာဖြစ်လိမ့်မယ်.." 


ယွမ်ယဲ့က သူ့အရပ်အမောင်းကိုကောင်းကောင်းအသုံးချပြီး လိုက်ရှာနေလေသည်။ 

"ငါ့ကို ဘယ်သူနဲ့ရှိနေတာလဲလို့မေးလိုက်တယ်..."


မုန့်ရှစ်ရှူးမှာ အံ့အားသင့်သွားရလေသည်။ 

"ငါတို့ပေါ်သွားလို့မဖြစ်ဘူးမလား..."


"ပေါ်သွားလည်း ဘာမှမဖြစ်ပါဘူး...ငါကအမှားကို အနှေးနဲ့အမြန်ဝန်ခံရမှာပဲလေ...သူငါတို့ကိုအထင်လွဲသွားမှာပဲ စိုးရိမ်ရတာ..." 

ယွမ်ယဲ့သည်ကား အနည်းငယ်မျှစိတ်ရှုပ်ထွေးနေရလေ၏။ 


"သူသာ နင်နဲ့ငါ့ကို တွဲနေပြီလို့ထင်သွားရင်..."


"မဖြစ်နိုင်တာပဲ..." 

မုန့်ရှစ်ရှူးက ပြုံးလိုက်လေ၏။ 


"ငါက နင်နဲ့ ဆွေမျိုးတွေလေ...သွေးချင်းဝေးပေမဲ့ ငါတို့ကမောင်နှမတွေပဲ..." 


မဟုတ်လျှင် သူမနှင့်ယွမ်ယဲ့တို့က ပါပါရာဇီတစ်ဦးဦးထံမှ ဓာတ်ပုံရိုက်ခံရမည်ကိုစိုးရိမ်ပြီး ယခုကဲ့သို့ အတူတူရှော့ပင်းထွက်ရဲကြမည်မဟုတ်ပေ။ 


"ငါဘာလုပ်ရမလဲ..." 

ယွမ်ယဲ့က သူမကို သနားစရာမျက်လုံးလေးဖြင့်ကြည့်လေသည်။


မုန့်ရှစ်ရှူး: "အမှန်အတိုင်းပြောပြလိုက်...သူ့အတွက် လက်ဆောင်လာဝယ်ပေးတာလို့ပြောလိုက်...ပြီးတော့ ဖွင့်ပြောလိုက်..."


"ဟင့်အင်း...အမှန်အတိုင်းတော့မပြောနိုင်ဘူး...ဒါကဘယ်လို suprise ကြီးလဲ..." 

ယွမ်ယဲ့က ထိတ်ပျာသွားခဲ့သည်။


"ဒါကို 'suprise' လို့ထင်နေတာလား..."


မုန့်ရှစ်ရှူးက အပြုံးလေးဖြင့်ဆိုလာ၏။ သူမကအမြဲ ညင်သာသိမ်မွေ့သော်လည်း သူမ၏ ဤသွေးဝေးအစ်ကိုအပေါ်တွင်မူ ယဥ်ကျေးမနေပေ။ ယခုမှတွေ့သည့်ဆွေမျိုးများဖြစ်သည့်တိုင် သူ့အားများစွာကူညီထားခဲ့၏။ သူမနှင့် အလွန်ရင်းနှီးသည့် ဝမ်းကွဲကိုပင် မည်သည်ကိုမှ ထုတ်​မပြောခဲ့ပေ။ ထိုကလေးမလေးမှာ သူမလွန်စွာလေးစားသဘောကျနေရသူက သူမ၏ဝမ်းကွဲပင်ဖြစ်ကြောင်း လုံးလုံးမသိရှာပါချေ။


ယွမ်ယဲ့မှာ သူမကြောင့် တံတွေးနင်သွားပြီး အချိန်အတော်လေးကြာသွားမှ တီးတိုးကပ်ပြောလာခဲ့၏။ 


"အကုန်လုံးတော့မပြောနဲ့...နည်းနည်းပဲပြောပြလိုက်..."


ထိုနေ့မှာပင် ဖုယွမ်ကျိုးက ယွမ်ယဲ့ထံမှမက်ဆေ့ချ် တစ်စောင်ရခဲ့သည်။ မက်ဆေ့ချ်ထဲတွင် ထိုသူက မုန့်ရှစ်ရှူးနှင့်အတူရှိနေခဲ့သည့်အကြောင်းကို ဝန်ခံထားခဲ့သည်။


"ငါလက်ဆောင်လာဝယ်တာ...ငါ့ကို အမြင်မရှိဘူးလို့ အမြဲပြောတတ်တဲ့ တစ်စုံတစ်ယောက်ကိုပေးချင်လို့...ငါတွေ့ဖူးသမျှထဲမှာ သူက လူတွေအကြိုက်ကိုအသိဆုံးပဲ...အဲဒါကြောင့် ငါသူ့ကိုအကူအညီတောင်းလိုက်တာ...ဘယ်လိုလဲ..ငါရှင်းပြတာကိုသဘောကျရဲ့လား...တစ်စုံတစ်ယောက်ရေ..."


ဖုယွမ်ကျိုးမှာ မယုံကြည်သေးလင့်ကစား စိတ်သက်သာရသွားပြီး အနည်းဆုံးတော့ ယွမ်ယဲ့ကသူ့အား မလိမ်နိုင်လောက်ပါဟု ယုံမှတ်ထားလိုက်လေသည်။ ထိုသူသာ မုန့်ရှစ်ရှူးနှင့် ဒိတ်နေလျှင် သူ့အားဖုံးကွယ်ထားနေစရာမလိုချေ။


"မင်းကဘာကိစ္စနဲ့ငါ့ကိုလာရှင်းပြနေတာလဲ...ငါလည်းဘာမှမပြောရသေးပဲနဲ့..." 

ဖုယွမ်ကျိုးကမူ ခေါင်းမာမာဖြင့်ဆက်ငြင်းနေလေ၏။


"တကယ်လား...ငါကမင်းတော့ သဝန်တိုနေပြီထင်တာ..." 


"သောက်ချီး..."


"ညကျရင် ဂိမ်းကစားကြမယ်...ခုနစ်နာရီလောက်..."


ဤသို့ဖြင့် ညခုနစ်နာရီတွင် ချိန်းဆိုထားသည့်အတိုင်း သူလိုင်းပေါ်တွင်အသင့်စောင့်နေခဲ့ပြီး ယွမ်ယဲ့နှင့်ဂိမ်းကစားခဲ့သည်။ ကစားနေစဥ် ယွမ်ယဲ့ကသူ့အားမေးလာခဲ့၏။ 


"မီးပန်းကြည့်ဦးမလား..."


ထို့နောက် ဖုယွမ်ကျိုးပင်ပြန်မဖြေရသေးခင် ဂိမ်းအတွင်းမှညကောင်းကင်ယံထက်၌ မီးပန်းများပေါက်ကွဲလာခဲ့သည်။ စိတ်ကူးယဥ်ဆန်သော ပန်းရောင်မီးဖွားလေးများမှာ အင်မတန်လှပလွန်းပြီး ဖုယွမ်ကျိုးမျက်လုံးထဲတွင် လက်ဖြာနေလေ၏။


"မင်းမီးပန်းကိုမှားဖောက်လိုက်ပြန်ပြီလား..."


ယင်းက ဂိမ်းကို စုံတွဲကစားကြသည့်ကစားသမားများအတွက်ဖြစ်ပြီး အဆိုပါမီးပန်းမျိုးကို လက်ထပ်ပြီးသား ကစားသမားများလည်းဖောက်တတ်ကြသည်။ ဖုယွမ်ကျိုး စာရိုက်လိုက်သော်လည်း ချက်ချင်းရပ်သွားပြီး အနှီဖြစ်ရပ်ကိုရင်းနှီးနေသလိုခံစားလိုက်ရသည်။


မုန့်ရှစ်ရှူးကြောင့် သူနှင့်ယွမ်ယဲ့တို့မှာ ဇာတ်လမ်းတစ်ခုကိုဖန်တီးခဲ့ရသည်။ ဇာတ်လမ်းထဲတွင် ယွမ်ယဲ့ကသူ့အား အထက်ပါအတိုင်းဖွင့်ပြောခဲ့သည်။ နွေဦးပွဲတော်ကပ်လာချိန်တွင် သူနှင့်ယွမ်ယဲ့တို့ ဂိမ်းကစားခဲ့ကြသည်။ ယွမ်ယဲ့ကသူ့အတွက်ဟုဆိုကာ ချစ်သူများအတွက်ထုတ်ပေးထားသော မီးပန်းကိုဖောက်ပေးခဲ့ပြီး သူကမူ အနှီသူ မီးပန်းကိုမှားဖောက်လိုက်ခြင်းဖြစ်မည်ဟုယူဆခဲ့သည်။


ယခုတော့ နွေဦးပွဲတော်ကျင်းပမည့်ရက်မှာလည်းနီးကပ်လာပြီး ယွမ်ယဲ့ကလည်း သူ့အတွက်မီးပန်းဖောက်ပေးနေခဲ့သည်။


ဖုယွမ်ကျိုးမှာ ရင်ခုန်သံမြန်လာလေသည်။ ဇာတ်လမ်းထဲကအတိုင်း ယွမ်ယဲ့က မပြောမဆိုဖြင့်ဂိမ်းထဲမှထွက်သွားပြီး မိနစ်အနည်းငယ်အကြာတွင် သူ့ဖုန်းကအသံမြည်လာခဲ့သည်။


"အပြင်ကိုကြည့်လိုက်..."


ယွမ်ယဲ့အသံက ကျေနပ်ပီတိဖြစ်နေသလိုပင်။ ညင်သာသည့်စကားသံကြောင့် ညို့စားခံလိုက်ရသည့်အတိုင်း ဖုယွမ်ကျိုး ပြတင်းပေါက်ရှိရာသို့လျှောက်လာခဲ့သည်။ ဇာတ်လမ်းထဲကအတိုင်း အတိအကျပင်။


အရာအားလုံးက ဇာတ်လမ်းထဲကအတိုင်းဖြစ်ပျက်နေခဲ့သည်။ နောက်ဖြစ်လာမည်မှာ -


"ဒီတစ်ခါ မီးပန်းကိုမှားဖောက်တာမဟုတ်ဘူး...အတည်ပါ..."


ယွမ်ယဲ့ လမ်းပေါ်တွင်မတ်တပ်ရပ်ရင်း ပြတင်းပေါက်အရှေ့မှဖုယွမ်ကျိုးကိုငေးကြည့်နေခဲ့သည်။ ထိုသူ၏အသံမှာ လိမ်ညာကွယ်ဝှက်ထားခြင်းမရှိဘဲ ရိုးစင်းနေလေ၏။


"ကိုယ်မင်းကိုသဘောကျတယ်...ဖုယွမ်ကျိုး..."


"ကိုယ်မင်းနဲ့အတူရှိချင်တယ်..."


"မင်းရော မင်းဘယ်လိုတွေးလဲ..."


ပြီးနောက် ယွမ်ယဲ့ဖုန်းမှ အသံမြည်လာခဲ့သည်။ ဖုယွမ်ကျိုးက အိမ်ထဲသို့ပြန်လှည့်ဝင်သွားပြီး ခဏအကြာ၌ ကုတ်အထူတစ်ထည်ဝတ်ကာ အိမ်အပြင်ကိုပြန်ထွက်လာခဲ့သည်။ ဖိနပ်ပင်မလဲလာရဘဲ အိမ်စီးဖိနပ်အပါးလေးကိုသာစီးလာခဲ့၏။


"အင်း မင်း..."


သူ ယွမ်ယဲ့အရှေ့ကိုလမ်းလျှောက်လာခဲ့၏။ အေးစက်သည့်ညအလယ်တွင် ရှူထုတ်လိုက်သည့်လေပူများက ဖြူလွလွအငွေ့များအဖြစ်ပြောင်းလဲသွားခဲ့သည်။


"မင်းအားလုံးကို စီစဥ်ထားတာလား..."


"တောင်းပန်ပါတယ်..."


ည၏အအေးဓာတ်တို့ လွှမ်းခြုံထားသည့်အတိုင်း သူ့မျက်နှာသည်လည်း ခံစားချက်ကင်းမဲ့နေလေ၏။ ယွမ်ယဲ့မှာ သူ့မျက်နှာကိုမြင်ကာ ထိတ်ပျာသွားခဲ့ပြီး လက်ဆောင်ဘူးကိုပိန်လိမ်နေသည်အထိ ဆုပ်ကိုင်ထားမိလိုက်သည်။


 "မင်းနားထောင်ချင်ရင် ကိုယ်အခုရှင်းပြလို့ရပါတယ်..."


ဖုယွမ်ကျိုးက နားမထောင်ချင်ပေ။ သူတစ်ခုခုကိုရှင်းပြရန်လုပ်လိုက်ပြီး ခေါင်းစဥ်ပြောင်းလိုက်သည်။


 "မင်းဆင်ထားတဲ့ဇာတ်လမ်းအရဆို ငါက ရက်နည်းနည်းလောက်စဥ်းစားပြီးမှ မင်းကိုအဖြေပြန်ပေးခဲ့တာနော်...ဟုတ်ရဲ့လား..." 

သူ ယွမ်ယဲ့ကိုမော့ကြည့်လိုက်၏။ 

"မင်းက ဂိမ်းပဲကစားနေသင့်တာ...အမှားဝန်ခံတာက ဒီလောက်နဲ့မရသေးဘူး...မင်းကစေ့စပ်တာကိုပါ ဇာတ်လမ်းဆင်ပြီးလုပ်မလို့လား ..."


"......" 

ယွမ်ယဲ့တစ်ယောက် ခေါင်းငုံ့ထားလိုက်သည်။


"ဒါပေမယ့် မင်းသိတဲ့အတိုင်း ဂိမ်းဆိုတာကအမြဲတမ်းပြောင်းနေတာလေ...အကုန်လုံးကို မင်းစိတ်တိုင်းကျ ဖြစ်ချင်လို့မရဘူး..." 

ဖုယွမ်ကျိုးက ရှင်းပြလိုက်သည်။

 "မင်းငါ့ဆီကအငြင်းခံရနိုင်ချေ ပိုများနိုင်သလိုပေါ့..."


"မင်းပြောတာမှန်တယ်..." 

သူ့အသံကခြောက်ကပ်နေပြီး မျက်လုံးထောင့်များကနီမြန်းလာသည့်တိုင် ထိုသူကသူ့အားပြုံးပြလာဆဲပင်။

 "ကိုယ်...."


"ဒါပေမယ့် နောက်ထပ်ဖြစ်နိုင်ချေတစ်ခုရှိသေးတယ်...မင်းမတွေးထားမိတဲ့အရာမျိုးပေါ့..." 

ဖုယွမ်ကျိုးကသူ့အား ကြားဖြတ်ပြောလိုက်သည်။ 

"ငါမင်းကိုပြမယ်လေ..."


ထို့နောက် သူက ယွမ်ယဲ့အား မှောင်သည့်နေရာအနားရောက်သည်အထိဆွဲခေါ်သွားလိုက်၏။ ယွမ်ယဲ့က သူ့အနောက်မှ တိတ်ဆိတ်စွာဖြင့်လိုက်လာခဲ့ပြီး ခဏအကြာတွင် ဖုယွမ်ကျိုးက ခြေလှမ်းတို့ကိုရပ်လိုက်သည်။ ယွမ်ယဲ့ကို အင်္ကျီကော်လာမှဆွဲကာ ခေါင်းငုံ့စေလိုက်၏။


ငါတော့အရိုက်ခံရတော့မယ်။

ယင်းက ယွမ်ယဲ့၏အတွေးဆိုသော်လည်း ဖျော့တော့သည့်အနမ်းတစ်ပွင့်ကြောင့် ထိုအတွေးများကပျောက်ကွယ်သွားရလေသည်။


သူ အံ့ဩထိတ်လန့်သွားရပြီး မျက်လုံးဖွင့်ကြည့်မိလိုက်ချေ၏။ ယခုလေးတင်ဖောက်လိုက်သော ခမ်းနားလှသည့်မီးပန်းအရောင်တို့က သူ့မျက်လုံးထဲတွင် ထင်ဟပ်နေခဲ့သော်လည်း သူ့အရှေ့တွင်ရှိနေသည်က ဖုယွမ်ကျိုး၏မျက်နှာလေးပင်။


အနမ်းက မျက်တောင်တစ်ခတ်စာလေးသာကြာလိုက်ပြီး ဖုယွမ်ကျိုးကအနှီသူအားလက်လွှတ်ပေးလိုက်ကာ မျက်ခုံးပင့်ကြည့်လိုက်လေသည်။


"မထင်ထားခဲ့ဘူးမလား...မင်းဖွင့်ပြောတာကို ငါချက်ချင်းလက်ခံလိုက်မယ်လို့လေ..."


"ယွမ်ယဲ့...ငါလည်းမင်းနဲ့အတူရှိနေချင်တယ်..."


........


နောက်ပိုင်း၌ ယွမ်ယဲ့က အဖြစ်မှန်အားလုံးကိုပြောပြခဲ့သည်။ ကျောင်းသားဟောင်းများပြန်လည်တွေ့ဆုံပွဲက အမှန်ဖြစ်သည့်အကြောင်း၊ မုန့်ရှစ်ရှူးအမေက သူနှင့်မုန့်ရှစ်ရှူးကို အတူတွဲပြီးလျှောက်လည်ခိုင်းခဲ့သည့်အကြောင်း၊ ဘလိုင်းဒိတ်မဟုတ်ဘဲ ကျောင်းသားဟောင်းများတွေ့ဆုံပွဲတွင် မတော်တဆတွေ့ခဲ့ကြရုံသာဖြစ်ကြောင်း၊ မုန့်ရှစ်ရှူးက သူ၏သွေးဝေးဝမ်းကွဲဆွေမျိုးဖြစ်ကြောင်း စသဖြင့်....


မုန့်ရှစ်ရှူးနှင့် ညစာစားသည့်ကိစ္စအပါအဝင် ဂိမ်းပြိုင်ပွဲတွင်တွေ့ဆုံကြခြင်းက တိုက်ဆိုင်မှုမဟုတ်ဘဲ ယွမ်ယဲ့၏ စီစဥ်မှုများဖြစ်နေလေသည်။


ထိုအတွက်ကြောင့် ယွမ်ယဲ့မှာ ဖုယွမ်ကျိုးထံမှ အကြောင်းမဲ့အရိုက်ခံလိုက်ရသော်လည်း ဖုယွမ်ကျိုးကသူ့အား အဖြေပြန်ပေးခဲ့သောကြောင့် တန်သည်ဟုပင်ဆိုရပေမည်။


"မင်းငါ့ကိုတိုက်ရိုက်ပြောလိုက်လို့မရဘူးလား...ဘာလို့ဒီလောက် ဒုက္ခရှာရတာလဲ..."


"ဒီလောက်နှစ်တွေအကြာကြီး သူငယ်ချင်းတွေဖြစ်လာတာ...ကိုယ်ကတိုက်ရိုက်ကြီးဖွင့်ပြောရဲပါ့မလား...မင်းစိတ်လှုပ်ရှားသွားမယ်ဆိုရင်ပေါ့ တမျိုးပေါ့..."


"...." 

ဤသည်မှာလည်း မှန်နေသည်ပင်။


"အစကတော့ ဟန်ဆောင်ခဲ့ကြတာဆိုပေမဲ့..." 

ယွမ်ယဲ့သည် ဖုယွမ်ကျိုးကိုဖက်ကာ နမ်းရှိုက်လိုက်ရင်း ပြုံးကာပြောလာချေ၏။ 


"ဒါပေမဲ့ အခုတော့ တကယ်ပါ..."


♎️♎️♎️