♎️Chapter 101
ယွမ်ယဲ့ -2
"အစွဲအလန်းကြီးတယ်လား"
ဖုယွမ်ကျိုးက နှာမှုတ်ပြလိုက်သည်။
"ငါ့ကိုတစ်ယောက်လောက်ပြစမ်းပါ...မင်းစွဲလန်းနေတဲ့လူကိုကြည့်ရအောင်..."
"အနှေးနဲ့အမြန်တွေ့ပါလိမ့်မယ်..."
ယွမ်ယဲ့ကလည်းမခေပေ။
ဖုယွမ်ကျိုးသည် သူ့စကားကိုအတည်မယူသလို ယွမ်ယဲ့ကိုလည်းနားမလည်နိုင်တော့ပေ။
ဘယ်လိုလူက စင်ဂယ်ယောင်ဆောင်မှာလဲ။
"ဒါနဲ့ မုန့်ရှစ်ရှူးကို WeChat အကောင့်တောင်းလိုက်တာ မသင့်လျော်သလိုများဖြစ်သွားလားမသိဘူးနော်..."
သူနှင့် မုန့်ရှစ်ရှူးတို့က အဆက်အသွယ်လုပ်စရာအကြောင်းမရှိပေ။ WeChat အကောင့်လဲလိုက်ခြင်းကလည်း ယွမ်ယဲ့အမေက ယွမ်ယဲ့နှင့်သူမကို မိတ်ဆက်ပေးခဲ့သလို ယဥ်ကျေးမှုသက်သက်သာဖြစ်လေသည်။
ယွမ်ယဲ့: "ထားလိုက်...မင်းငါ့ကိုဆက်ပြီးကူညီပေးလို့ရတာပေါ့..."
"ဟမ်?" ဖုယွမ်ကျိုးကမူ ထိုကိစ္စကို အဆုံးအထိစဥ်းစားနေမိ၏။ နောက်ပိုင်းဆက်ကူညီရမယ်ဆိုတာ ဘာစကားလဲ။
"Friend circle မှာ သူလည်းပေါ်လာမှာပဲ..ငါတို့သူမြင်အောင် ပို့စ် နှစ်ခုသုံးခုတင်ရမယ်..."
ယွမ်ယဲ့က ဆက်ပြောလာလေ၏။
"သူက ငါ့ WeChat အကောင့်မှာလည်းသူငယ်ချင်းလေ...မှတ်ချက်လည်းဝင်ရေးလို့ရတော့ ငါတို့က ရည်းစားတွေပုံစံမျိုး ဆက်ပြီးဟန်ဆောင်ရဦးမှာ..."
"မရဘူး..."
ဖုယွမ်ကျိုးသည်ကား လုံးဝကိုသဘောမတူနိုင်တော့ပေ။
"သူများတွေမြင်သွားရင်ဘယ်လိုလုပ်မလဲ..."
"အဖွဲ့ဖွဲ့လိုက်လေ...ညီအစ်ကိုရယ်...ငါတို့သုံးယောက်တည်းမြင်ရအောင်လုပ်လိုက်ရင်ရပြီလေ...ငါတို့အိမ်ကပါသိသွားမှာကြောက်တယ်ဆိုရင် စပါယ်ရှယ်အဖွဲ့တစ်ခုဖွဲ့လိုက်မယ်..ဒါဆိုမြင်တဲ့သူတိုင်း ငါတို့ကသူငယ်ချင်းတွေလို့ပဲယုံသွားကြလိမ့်မယ်..."
"Oh?"
ဖုယွမ်ကျိုးက အကျိုးအကြောင်းသင့်သည်ဟုယူဆလိုက်ပြီး ခေါင်းညိတ်ထောက်ခံလိုက်လေ၏။
"မင်းပဲလုပ်လိုက်တော့..မင်းစိတ်ကအပြောင်းအလဲမြန်လွန်းတယ်...မသိရင် ကြိုစီစဥ်ထားတဲ့အတိုင်းပဲ..."
ယွမ်ယဲ့ခန္ဓာကိုယ်လေးက ခဏတွင်းချင်းအေးခဲသွားပြီးမှ မူလအခြေအနေကိုပြန်ရောက်လာကာ ဖုန်းကိုထုတ်လိုက်လေသည်။
"ငါဓာတ်ပုံနည်းနည်းရိုက်ပြီး အယ်လ်ဘမ်ထဲသိမ်းထားဖို့လိုတယ်...သူနောက်မှကြည့်ချင်ပါတယ်ဆိုရင် ပြရအောင်..."
"ကရိကထများလိုက်တာကွာ..."
ဖုယွမ်ကျိုးက ဓာတ်ပုံရိုက်ရသည့်အလုပ်ကို စိတ်ရှုပ်ခြင်းမရှိသော်လည်း အများကြီးတွက်ချက်နေရမည်ဟုလည်း မထင်ထားခဲ့မိသောကြောင့် ငြင်းဆန်မိသည်။ ထိုကိစ္စပြီးသွားသည့်အခါ နောင်အနာဂတ်တွင် နောက်တစ်ခုထပ်ဖြစ်လာလိမ့်မည်ဟုသူထင်နေမိ၏။
"ကူညီတယ်ဆိုရင်လည်း တဆုံးအထိကူညီရတယ်..."
ယွမ်ယဲ့က သူ့လည်ပင်းကိုဖက်ကာ ကင်မရာကိုထောင်ပြီး နှစ်ယောက်သားဆဲလ်ဖီရိုက်လိုက်၏။
"လာ...ငါနဲ့ဓာတ်ပုံရိုက်မယ်..."
ဖုယွမ်ကျိုးမှာ ရွေးစရာမရှိတော့ဘဲ ကင်မရာကိုပြုံးပြလိုက်ရတော့သည်။ ယွမ်ယဲ့ကသူ့ကိုဆွဲထားကာ ဓာတ်ပုံရိုက်လိုက်သည်။ အယ်လ်ဘမ်တစ်ခုကိုဖန်တီးပြီး သူနှင့်ဖုယွမ်ကျိုးတို့နှစ်ယောက်တည်းရိုက်ထားသည့် ဓာတ်ပုံများကို အဆိုပါအထူးအယ်လ်ဘမ်ထဲသို့ထည့်သွင်းလိုက်လေသည်။
"နေဦး..."
ဖုယွမ်ကျိုးက သူ့လက်ကောက်ဝတ်ကိုဆွဲကာ တဖက်လူက အယ်လ်ဘမ်ထဲမထည့်ခင်တားလိုက်ပြီး အယ်လ်ဘမ်နာမည်ကိုထောက်ပြလိုက်သည်။
"ဒါကဘာလဲ..."
"သူမြင်သွားမယ်ထင်တယ်..ငါမလာခင်တည်းက ခဏပြောင်းထားလိုက်တာ..."
ယွမ်ယဲ့က အယ်လ်ဘမ်နာမည်ကိုတချက်ကြည့်လိုက်၏။
"ဒါကသာမန်နာမည်လေးပဲမလား...ချစ်သူတွေဆိုရင် အချင်းချင်းကိုဒီလိုပဲ ခေါ်ကြတာလေ.."
"ဖာ့ခ်..!"
ဖုယွမ်ကျိုးမှာ လုံးဝကိုစိတ်မထိန်းထားနိုင်တော့ချေ။
"ငါသွေးအန်မိတော့မယ်...ဘယ်သူကမင်းရဲ့မိန်းမလဲ..ငါ့ကိုချစ်သေးတယ်ဆိုရင် ချက်ချင်းပြောင်းလိုက်!"
"ဒါက လူတိုင်းယုံသွားရအောင်လို့ပါ..."
"ငါမင်းကိုသတ်ပစ်မှာနော်! အခုချက်ချင်းပြောင်းလိုက်!"
"အေးပါ..ငါပြောင်းလိုက်ပါ့မယ်..."
ဖုယွမ်ကျိုးက သူ့အား တကယ်ထရိုက်တော့မည့်ပုံဖြစ်လာမှ ယွမ်ယဲ့ အရှုံးပေးလိုက်ရလေသည်။
'"ဘယ်လိုပြောင်းလိုက်ရမလဲ.."
"မင်းခေါ်နေကျအတိုင်းပဲပေါ့...ငါမင်းကိုပြောပြပေးရဦးမှာလား.."
"အေးပါ..."
ယွမ်ယဲ့မှာ ခေါင်းလေးတဆတ်ဆတ်ညိတ်ပြီး ချက်ချင်းနာမည်ပြောင်းလိုက်ရသည်။
"ဒါဆိုရပြီလား.."
ဖုယွမ်ကျိုးက လှမ်းကြည့်ပြီးမျက်မှောင်ကြုတ်သည်။
"ဒါကတစ်ခုလေ...နာမည်ကဘယ်မှာလဲ..."
သူ့အမြင်အရ "ကျွန်တော့်ရဲ့ကြောင်လေး" ဆိုသည့်နာမည်မှာ သိပ်မကောင်းလှပေ။ ဘယ်သူက ယွမ်ယဲ့ရဲ့ကြောင်လဲ။
"ဘာလို့လဲဆိုတော့ မင်းက ကြောင်ထက်တောင်ကျွေးမွေးရခက်လို့လေ.."
ယွမ်ယဲ့က သူ့ဆံပင်လေးကိုပွတ်သပ်ပေးပြီး ရယ်မောလာလေသည်။
"ဘယ်သူကမင်းကို ပျော်အောင်လုပ်ပေးနိုင်မှာလဲ..."
"မင်းကမှ ကျွေးရခက်တာ..."
ဖုယွမ်ကျိုးက ယွမ်ယဲ့လက်ကိုပုတ်ထုတ်ကာ ယွမ်ယဲ့၏ပြုံးနေပါသောမျက်လုံးတို့ကို လှမ်းကြည့်လိုက်သည်။ သူ့နှလုံးသားထဲတွင် နူးညံ့သည့်ငှက်မွှေးလေးတစ်ချောင်းက ပွတ်သပ်သွားသလို အနည်းငယ်မျှယားယံနေပြီး ရှင်းပြရခက်သည့်ခံစားချက်အချို့ ဖြစ်ပေါ်လာခဲ့သည်။
ထိုနေ့တွင် ယွမ်ယဲ့ကအသင်းကိုပြန်သွားပြီး ဖုယွမ်ကျိုးကမူ ကျောင်းကိုပြန်သွားခဲ့သည်။ နောက်ပိုင်း၌ Friend circle တွင် ပို့စ်နှစ်ခုတင်ခဲ့ပြီး မုန့်ရှစ်ရှူးတစ်ယောက်တည်းဖတ်နိုင်ရန် အဖွဲ့ဖွဲ့ပေးကာ မုန့်ရှစ်ရှူးသည်လည်းသဘောကျနေခဲ့လေ၏။
ယင်းကြောင့် ဖုယွမ်ကျိုးမှာ စိတ်ပေါ့ပါးသွားခဲ့ပြီး ၎င်းကိစ္စကိုအနောက်ပို့ထားနိုင်ခဲ့သော်လည်း ရက်အနည်းငယ်အကြာမှာပင် ပြဿနာတစ်ခုကထပ်ပေါ်လာခဲ့သည်။ ယွမ်ယဲ့ကသူ့အား WeChat မှတဆင့်လှမ်းခေါ်လာလေ၏။
"မင်းဒီနေ့ညအားလား..."
ယနေ့တွင် ဖုယွမ်ကျိုးအတွက် အတန်းမရှိသလို ဘယ်သူနှင့်မှချိန်းထားခြင်းလည်းမရှိပေ။ တိုက်ခန်းတွင် အေးဆေးနှပ်နေရန်စဥ်းစားထားသောကြောင့် စာပြန်လိုက်လေသည်။
"ဘာလဲ...ဂိမ်းကစားမလို့လား"
"ငါမင်းတိုက်ခန်းကိုလာခဲ့မယ်...မင်းအကူအညီကိုလိုနေလို့"
"ဘာကိစ္စမလို့လဲ"
ဖုယွမ်ကျိုးမှာ တမဟုတ်ချင်း ခါးမတ်သွားလေသည်။
"တွေ့မှပြောကြရအောင်...ငါအခုထရိန်နင်ဆင်းရဦးမယ်"
ထိုသူက လာမည်ဟုပြောထားသောကြောင့် ဖုယွမ်ကျိုးမှာ ခပ်စောစောဈေးသွားဝယ်ထားလိုက်ရသည်။ ယွမ်ယဲ့က သူ့တိုက်ခန်းကိုလာလေ့မရှိသောကြောင့် ထိုသူရောက်လာတိုင်း ဒုက္ခများရတတ်၏။ ထို့အပြင် အနှီသူမှာ နာမည်ကြီး e-sport ကစားသမားဖြစ်ပြီး သူ့ပရိသတ်များက လူငယ်များစုစည်းရာ တက္ကသိုလ်နှင့် လေ့ကျင့်ရေးစခန်းမှ ကျောင်းသားလူငယ်များဖြစ်နေသောကြောင့် သူ့ခမျာ လာလည်ရသည့်အခါတွင်ပင် ခိုးကြောင်ခိုးဝှက်ဖြင့်လာရလေသည်။
ယခုတခေါက်လည်း ယခင်ကအတိုင်း ညအမှောင်ကိုအခွင့်ကောင်းယူပြီး ယွမ်ယဲ့သည် မျက်နှာကိုလုံအောင်ဖုံးနိုင်သည့် ဟူဒီခပ်ပွပွကိုဝတ်ကာလာခဲ့သည်။ ဖုယွမ်ကျိုးက ထိုသူကိုအောက်ထပ်တွင်ဆင်းစောင့်နေကာ နှစ်ယောက်သားတိုက်ခန်းအပေါ်ကိုပြန်တက်လာခဲ့ကြ၏။
"ဘာတွေဖြစ်လာတာလဲ..."
ဖုယွမ်ကျိုးက ယွမ်ယဲ့လက်ထဲမှအိတ်ကြီးကိုကြည့်လိုက်သည်။
"ဘာတွေယူလာတာလဲ..."
"အဝတ်အစားတွေ..."
ယွမ်ယဲ့က သက်မချလိုက်၏။
"ငါမင်းကို ဖြည်းဖြည်းချင်းပဲရှင်းပြတော့မယ်..."
"ပြောစမ်းပါဦး..."
ဖုယွမ်ကျိုး ထိုသူကို ကိုလာတစ်ဘူးပစ်ပေးလိုက်ပြီး သူ့အတွက်သူတစ်ဘူးဖောက်လိုက်သည်။
ယွမ်ယဲ့က ကိုလာဘူးကို စားပွဲပေါ်သို့အသာတင်လိုက်ရင်းပြောလာလေ၏။
"မုန့်ရှစ်ရှူးနဲ့ရှဲ့လင်က တကျောင်းတည်းဆိုတာ ငါမင်းကိုမပြောရသေးဘူးထင်တယ်..."
ဖုယွမ်ကျိုးမှာ ကိုလာဘူးကို လက်ထဲမှလွှတ်ချမိတော့မည်အထိ ထိတ်လန့်သွားရလေ၏။
"မဖြစ်နိုင်တာ...ရှဲ့လင်နဲ့ဘာဆိုင်လို့လဲ..."
"တော်တော်ကိုဆိုင်တာ..."
ယွမ်ယဲ့မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှုတို့ကအတိုင်းသားပေါ်နေ၏။
"မင်းဒီနေ့ ရှဲ့လင်နဲ့သွားတွေ့တာကို မုန့်ရှစ်ရှူးမြင်သွားတယ်...ပြီးတော့ သူငါ့ကိုစကားလာပြောတယ်..."
"သူဘာပြောလဲ..."
ယွမ်ယဲ့: "ထူးဆန်းတာတော့မပြောပါဘူး...သူကအပြင်လူဆိုတာကိုသိပါတယ်တဲ့...ဒါပေမဲ့...မင်းနဲ့ရှဲ့လင်နဲ့က ပုံမှန်ထက်ရင်းနှီးနေတဲ့ပုံပေါ်လို့ ဆွေမျိုးသားချင်းတွေလားလို့မေးတယ်...မင်းရှဲ့လင်နဲ့ ထပ်ငြိနေပြန်ပြီလား..."
"ဒီကောင်မလေးတော့..."
ဖုယွမ်ကျိုးက ခပ်တိုးတိုးကျိန်ဆဲလေ၏။
"ပုံမှန်ပဲဟာကို..."
"သူ့မျက်လုံးထဲတော့ ပုံမှန်လို့မြင်မှာမဟုတ်ဘူး...မင်းကိုဂေးလို့သိထားတာလေ..."
ဖုယွမ်ကျိုးသည် နှစ်ပေါက်တစ်ပေါက်ရိုက်ထားသည့်ကိစ္စကို မေ့လုနီးပါးဖြစ်နေခဲ့ပြီး ထိုစကားကိုကြားရမှ သတိပြန်ရလာခဲ့လေသည်။
"မင်းပြောချင်တဲ့သဘောက ငါကတခြားယောကျ်ားတစ်ယောက်နဲ့ အီစီကလီလုပ်နေပြီး မင်းကိုဦးထုပ်စိမ်းဆောင်းပေးနေတယ်ပေါ့"
ယွမ်ယဲ့ကချောင်းဟန့်လေသည်။
"ငါတို့က တကယ် ချစ်သူတွေမဟုတ်တော့ အဲဒါမျိုးက ပြောစရာဖြစ်လာတာပဲလေ.."
ဖုယွမ်ကျိုးကား သေချင်စိတ်ပေါက်လာရပြီ။ သူ ယွမ်ယဲ့ကို မကူညီလိုက်သင့်ပေ။
"ဒီတော့...ငါတို့ဘယ်လိုလုပ်ကြမလဲ..."
တခဏမျှတိတ်ဆိတ်နေကြပြီးနောက် သူယွမ်ယဲ့ကို လှမ်းကြည့်လိုက်မိသည်။
"ဒါမှမဟုတ်...ငါက ရှဲ့လင်နဲ့ကြိုက်နေသလိုဟန်ဆောင်လိုက်မယ်..မင်းကဒေါသထွက်ပြီးလမ်းခွဲလိုက်ပေါ့..ဘာပဲဖြစ်ဖြစ် မင်းကဂေးဆိုတာကိုသိထားတော့ သူမင်းကိုကြိုက်လာမှာမဟုတ်ဘူး.."
ယွမ်ယဲ့: "မင်းတကယ်ကြီး ငါ့ခေါင်းပေါ်ကို ဦးထုပ်စိမ်းဆောင်းပေးတော့မလို့လား..."
ဖုယွမ်ကျိုး: "ငါအဆင်ပြေပါတယ်..."
ယွမ်ယဲ့: "ငါကတော့မလုပ်ချင်ဘူး...ငါဘယ်သူနဲ့မှဒါမျိုးလုပ်ဖို့ စိတ်မကူးဖူးဘူး..."
ဖုယွမ်ကျိုး: "ဒါဆိုလည်း မင်းပဲ ပိုကောင်းတဲ့အကြံပြောလေ..."
"....."
ယွမ်ယဲ့မှာ သူ့စကားကြောင့် တိုင်နှင့်ခေါင်းကိုပြေးဆောင့်ချင်လာသည်။ ထိုသို့ဖြစ်လျှင်ပင် သူတတ်နိုင်သည့်အရာမရှိ။ သူသည် လူများကို စည်းရုံးသည့်နေရာတွင် ကျွမ်းကျင်မှုမရှိပေ။
သူသည်ကား ဖုယွမ်ကျိုးအနားတွင် ကျုံ့ကျုံ့လေးထိုင်ပြီး တိုးတိမ်လှသည့်အသံဖြင့်တောင်းပန်လာရှာလေသည်။
"ဒါဆို...မင်းပဲငါ့ကိုထပ်ပြီးကူညီပေးဦး..."
"ငါမင်းကိုမကူညီချင်တာမဟုတ်ဘူး...ငါလည်းမစဥ်းစားတတ်တော့လို့ပါ..."
ဖုယွမ်ကျိုးလည်း ဘာလုပ်ရမှန်းမသိဖြစ်နေလေ၏။
ယွမ်ယဲ့: "ငါသူ့ကို 'မင်းလူမှားပြီးမြင်တာ' လို့ပြောလိုက်မယ်...မင်းနောက်နေ့ ကျောင်းကိုမသွားနဲ့ဦး...အစီအစဥ်အတိုင်းဖြစ်ချင်ရင် ဒီရက်ပိုင်းထဲမှာ ရှဲ့လင်ကိုရှောင်နေလိုက်...တခြားလူတွေကိုရောပဲ..ဖြစ်တယ်မလား..."
ဖုယွမ်ကျိုးသည်ကား ချက်ချင်းလက်မခံပေ။
"ဘယ်အချိန်အထိလဲ..."
ယွမ်ယဲ့: "သိပ်မကြာပါဘူး...နှစ်ဝက်စာမေးပွဲလည်းပြီးတော့မယ်...နောက်နှစ်ဝက်စာသင်နှစ်ရောက်ရင် သူကနိုင်ငံခြားကိုသွားရမှာ...တစ်နှစ်ခွဲလောက်ကြာလိမ့်မယ်..တစ်နှစ်ခွဲဆိုရင် သူငါတို့ကိုမေ့သွားလိမ့်မယ်...မင်းကတစ်လလောက်ပဲသည်းခံလိုက်ရင်ရပြီ..."
"တစ်လ...ရပါတယ်..."
နောက်ဆုံးတွင်တော့ ဖုယွမ်ကျိုးမှာ လက်ခံလိုက်ရလေပြီ။
"အိုကေလေ...ကူညီမယ်..."
"ကျေးဇူးပဲကွာ...နောက်တစ်ခုတော့ရှိသေးတယ်..."
ယွမ်ယဲ့က မတ်တပ်ထရပ်ပြီး ယူလာသည့်အိတ်ကိုသွားဖွင့်ကာ အဝတ်အစားများကိုဆွဲထုတ်လိုက်၏။
"မင်းငါ့အဝတ်အစားတွေကိုလဲလိုက်...ငါမင်းကိုဓာတ်ပုံရိုက်ပေးမယ်..."
"ဒါကတော့..."
ဖုယွမ်ကျိုးမှာ အူတိအူကြောင်ဖြင့်ကြည့်နေလေသည်။
"Moment မှာတင်မလို့...ငါနောက်ဆုံးတခေါက် သူနဲ့သွားတွေ့တုန်းက အဝတ်အစားကို သူမှတ်မိမှာမဟုတ်ဘူး...မင်းကငါ့အဝတ်အစားတွေလည်းယူဝတ်တယ်လို့ပြောလိုက်မယ်...ယောကျ်ားလေးဝတ်ရှပ်...အိမ်ပုံစံလေးနဲ့...သူအကုန်သဘောပေါက်သွားလိမ့်မယ်.."
ဖုယွမ်ကျိုးကမူ အနှီသူကို ထူးဆန်းနေသည့်မျက်လုံးဖြင့်ပြန်ကြည့်လိုက်၏။
"မင်းတကယ်ကိုအရှက်မရှိတာပဲ..."
"ကော...လုပ်ပါ..."
ယွမ်ယဲ့က သူ့အား မျက်နှာငယ်လေးဖြင့်တောင်းဆိုလာလေသည်။
"ကော" ဆိုသည့်အသံလေးကြောင့် ဖုယွမ်ကျိုးမှာ စိတ်ပျော့သွားရပြန်၏။ သူလည်းကူညီချင်စိတ်ရှိနေ၍ ကူညီရတော့မည်။ သို့ဖြစ်၍ ထပြီး အဝတ်အစားလဲလိုက်ရတော့၏။
ဖုယွမ်ကျိုးအရပ်က ၁.၈ မီတာရှိနေ၍ အရပ်ပုသည်ဟုမဆိုနိုင်။ ယွမ်ယဲ့က ၁.၉ မီတာရှိပြီး သူ့ထက်ပုခုံးပိုကျယ်သည်။ ထို့ကြောင့် အဝတ်အစားများက ပွပွချောင်ချောင်ဖြစ်နေလေ၏။ အဝတ်အစားလဲလိုက်သည့်အခါ လေတိုက်နေသည်ကို သူ့လည်ပင်းတွင်ခံစားနိုင်နေပြီး လက်အရှည်မှာ သူ့လက်ဖဝါးတဝက်ကိုပင်ဖုံးလုနီးပါးဖြစ်နေပြီ။
သူအဝတ်အစားလဲထားသည်ကို ယွမ်ယဲ့ကပျော်နေပြီး ကော်ဇောကိုလက်ညိုးထိုးပြလိုက်သည်။
"ထိုင်လိုက်...ငါမင်းကိုဓာတ်ပုံရိုက်ပေးမယ်..."
ဖုယွမ်ကျိုးက စိတ်မရှည်လိုနှာမှုတ်ကာ တင်ပျဥ်ခွေထိုင်ပြီး တီဗွီကြည့်နေသလိုလုပ်နေလိုက်သည်။ ယွမ်ယဲ့ကသူ့အနောက်တွင်ရပ်ကာ သူ့ကိုငုံ့ကြည့်နေ၏။ အင်္ကျီက ဖုယွမ်ကျိုးနှင့်ကြီးနေလေသည်။ လည်ပင်းကျယ်နေသောကြောင့် ဖြူဖွေးသည့်ဂုတ်နှင့် လှပသည့်ညှပ်ရိုးတို့က ပေါ်နေလေ၏။
သူသည်ကား အနှီသူကို အချိန်အကြာကြီးစိုက်ကြည့်နေရင်းမှ တဖြည်းဖြည်းနှင့် မျက်လုံးအရောင်ပြောင်းလာခဲ့သည်။ သူသည်လည်း ကြမ်းပြင်ပေါ်တွင်ထိုင်ချလိုက်ရင်း ဖုယွမ်ကျိုးကို အနောက်မှဖက်လိုက်သည်။
"ဘာလုပ်တာလဲ..."
ဖုယွမ်ကျိုး ဘေးကိုရှောင်လိုက်၏။
"တစ်ခုခုလိုနေသလိုပဲ..."
ယွမ်ယဲ့အသံက အနည်းငယ် သြရှနေသလိုပင်။
"ငါမင်းကို အမှတ်ရာပေးမယ်..."
ပြောပြောဆိုဆိုပင် အနှီသူကခေါင်းငုံ့လာပြီး ဖုယွမ်ကျိုး၏လည်ပင်းကို နှုတ်ခမ်းဖြင့် ဖွဖွလေးထိတွေ့လာသည်။ ပြီးသည့်နောက် အားပြင်းပြင်းဖြင့်စုပ်ယူလိုက်ပြီး အမှတ်ရာက မြင်လွယ်စွာဖြင့်ထင်ကျန်နေခဲ့လေ၏။
♎️