Chapter 156
Viewers 23k

Chapter 156


အမွှေးတိုင်ကို ပူဇော်ပြီးနောက်…

"ကောင်စုတ်လေး၊ မင်း ပြန်လာဖို့ သတ္တိရှိသေးတယ်ပေါ့!!!"
အကြီးအကဲလော့က သူ့ခွန်အားရှိသမျှနဲ့ ဟိန်းဟောက်လိုက်ပြီး နားအူသွားမှာ သေချာပါသည်။

"ဆရာသခင်… မတွေ့တာကြာပြီ…"
ရွှီဇီယန်က အပြစ်ရှိပုံဖြင့် ပြုံးလိုက်သည်။

"ငါတို့ မတွေ့တာကြာပြီမှန်း မင်းသိသေးတယ်ပေါ့?"
ရွှီဇီယန်၏သဘောထားကြောင့် အကြီးအကဲလော့ ဒေါသထွက်သွားပြီး ရွှီဇီယန်၏ခေါင်းကို ခေါက်လိုက်ကာ
"မကောင်းတဲ့ကလေး! ငါမင်းကို မင်္ဂလာဆောင်ဆီ ကိုယ်စားပဲသွားလိုက်တာ… ငါ့ကိုပြောစမ်း၊ မိစ္ဆာကျင့်ကြံတဲ့နယ်မြေထဲ ဘယ်လိုအဆုံးသတ်သွားရတာလဲ?"

အကြီးအကဲလော့သည် ရွှီဇီယန်ကို တပည့်တစ်ဦးအနေဖြင့် အလွန်ပျော်ရွှင်ရသော်လည်း ရွှီဇီရုန်ကိုတော့ မကျေနပ်ပေ။ သို့သော် သူက သူ့တပည့်တွေအားလုံးအပေါ် ဂရုစိုက်တာကြောင့် ရွှီဇီရုန်က မည်သူ့ကိုမျှ ကြုံသလိုမသတ်သ၍ ရွှီဇီရုန်ကို အလွယ်တကူ သူစီရင်ချက်ချမည်မဟုတ်ပေ။

ဝူတျီမြို့ သူ့၏တပည့်များ အနိုင်ကျင့်ခံရပြီးနောက် သူဒေါသထွက်သွားခဲ့သည်။ သူ့တပည့်တွေအား မကာကွယ်ပေးနိုင်ခဲ့သည့် ရဲ့ကွေးအား အကြီအကဲလော့သည် ပြင်းပြင်းထန်ထန် သင်ခန်းစာပေးခဲ့၏။

ရဲ့ကွေးသည် ရွှေအမြုတေကျင့်ကြံသူဖြစ်တာကြောင့် အကြီးအကဲလော့ကို လုံးဝခုခံနိုင်စွမ်းမရှိပေ။ သူ၏ကျားသစ်နက်သည် အကြီးအကဲလော့ရှေ့တွင်ရှိနေသည့်တိုင် သူဘာမှ မဆင်မခြင်မပြုမူရဲပေ။ ကျားသစ်နက်သည် သူ၏သခင်က အကြီးအကဲလော့၏ ကြိမ်းမောင်းတာခံရခြင်းကို ကြည့်နေရုံတတ်နိုင်သည်။ နောက်ဆုံးတွင် အနောက်ဘက်နယ်မြေ၌ 10 နှစ်တိုင်တိုင် “တာဝန်ပေးခြင်း”ခံခဲ့ရသည်။ သူ၏ကျင့်ကြံခြင်းအဆင့်က မလုံလောက်သေးသည့်အတွင်ကြောင့် သူက တိုက်ပွဲနယ်မြေမှာ ပိုပြီးလေ့ကျင့်ရမှာဖြစ်သည်။

ကျားသစ်နက်သည် မျက်ရည်ကျကာ လျှိုကွမ်းဂိုဏ်းအား နှုတ်ဆက်ပြီး သူ၏သခင်သွားမည့် အနောက်ဘက်နယ်မြေသို့ လိုက်သွားခဲ့သည်။ သူသည် အစာကောင်းကောင်းမစားရ၊ ဝိုင်ကောင်းကောင်း ဒါမှမဟုတ် လှပသောကျားသစ်မတစ်ကောင်လည်း မရှိသည့်အကြောင်း တွေးမိပြီး ထိုနေရာတွင် အဆုံးမရှိသောတိုက်ပွဲများနဲ့ သွေးများသာရှိသောအခါ…

သူ့ဘဝက မျှော်လင့်ချက် လုံးဝကင်းမဲ့သွားတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်… QAQ

"အဟန့်… ဆရာသခင်၊ အဲဒါက ကျွန်တော်ဖြစ်ချင်တာမဟုတ်ပါဘူး… ဒါပေမယ့် အဲဒါက… အဲဒါက မတော်တဆဖြစ်သွားတာပါ…"
ရွှီဇီယန်က အသံတိုးတိုးဖြင့် ရှင်းပြရန် ကြိုးစားသည်။

လော့ယွင်က ဂရုစိုက်မှုကို နှိမ့်ချထားတယ်လို့ သူခံစားရပြီး သူပ လျင်မြန်စွာ ငြင်းဆိုမည်မဟုတ်သည်မှာ ထင်ရှားသည်။ 

ရွှီဇီရုန်က သူ့အစ်ကိုနောက်တွင် တိတ်တဆိတ် ရပ်နေသည်။ လော့ယွင်သည် သူ့အစ်ကိုကို ဂရုစိုက်ကြောင်း သူသိသော်လည်း လော့ယွင်၏ အပြုအမူတချို့ကြောင့် သူစိတ်ဆိုးနေသေးသည်။

လော့ယွင်က ရွှီဇီယန်ကို ကြိမ်းမောင်းပြီး ဝေဖန်လိုက်သည်။ ရွှီဇီရုန်လည်း တပည့်တစ်ယောက်လို ကံကြမ္မာကနေ မလွတ်မြောက်ခဲ့ပေ။

လော့ယွင်က ရွှီဇီရုန်နှင့်ဆက်ဆံရာတွင် အနည်းငယ်သတိထားသေးသော်လည်း ရွှီဇီရုန်က သွေးပင်လယ်နှလုံးကျင့်စဉ်ကို ကျင့်ကြံခဲ့ကြောင်း သူသိထားတာကြောင့် ဆရာတစ်ယောက်အနေဖြင့် တပည့်ဖြစ်သူကို လမ်းမှန်ရောက်အောင်သင်ကြားပေးရမည်။

ထို့ကြောင့် လော့ယွင်၏ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းခြင်းခံရပြီးနောက် ရွှီဇီယန်က ချီးကျူးမှုအနည်းငယ်ကို နောက်ဆုံးတွင် ရရှိခဲ့ပြီး ချီးကျူးသည့်အသံက အနည်းငယ်ထူးခြားနေပေမယ့်ပေါ့…

"မကောင်းတဲ့ကလေး! မင်း ဆေးတစ်မျိုးမျိုး သောက်ထားတာလား? မင်းက ဘယ်လိုလုပ်ပြီး ဝိညာဉ်ကြောချဲ့ထွင်ခြင်း နှောင်းပိုင်းအဆင့်ကို ဒီလောက်မြန်မြန်ရောက်သွားတာလဲ?"
လော့ယွင်သည် သူ့တပည့်၏ကျင့်ကြံခြင်းအဆင့်ကို ယခုမှသာ ရှာဖွေတွေ့ရှိခဲ့ပြီး ရွှီဇီရုန်အား လှည့်ကြည့်ကာ သူ၏ကျင့်ကြံခြင်းအဆင့်ကြောင့် ထပ်မံတုန်လှုပ်သွားခဲ့သည်။

"မင်းလည်း မင်းအစ်ကိုနဲ့ ဆေးသောက်ခဲ့တာလား?"

လော့ယွင်သည် သူမေးသောအခါတွင် အခြားဘာရည်ရွယ်ချက်မှမရှိပေမယ့် ရွှီညီအစ်ကိုတွေအပေါ်မှာတော့ တိကျသောသက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့သည်။ ရွှီဇီရုန်၏မျက်လုံးများ လင်းလက်သွားပြီး အနည်းငယ်တွေးတောလိုက်သည်။ ရွှီဇီယန်သည် သူ့ဆရာသခင်က ရွှီဇီရုန်အား အမှန်တကယ် လှုံ့ဆော်ပေးလိုက်မှာကို ကြောက်ရွံ့၍ သူ၏နောက်ကျောက အနည်းငယ် အေးစက်သွားသလို ခံစားလိုက်ရသည်။

ဆရာသခင်ရယ်၊ ကျေးဇူးပြုပြီး ဒီအကြောင်းအရာနဲ့ ပတ်သတ်လို့ စနောက်ခြင်းမလုပ်ပါနဲ့… ဆရာသခင်ရဲ့တပည့်က အန္တရာယ်ကျရောက်တော့မယ်…

"မင်းတို့ရဲ့ကျင့်ကြံခြင်းအဆင့်က ဘာလို့မြန်မြန် တိုးတက်လာတာလဲ? မဟုတ်မှလွဲရော…"
လော့ယွင်၏မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူစကားမဆုံးမီ သူ့လက်များက ရွှီညီအစ်ကိုများ၏ သွေးခုန်နှုန်းများပေါ်သို့ ကျရောက်နေပြီဖြစ်သည်။

ရွှီဇီယန်က သူဘာကိုဆိုလိုသည်ကို နားလည်ပြီးသားဖြစ်သည်။ မီးလျှံမိစ္ဆာနယ်မြေထဲတွင်ရှိစဉ်တွင် သူတို့၏အသက်ကို ကုန်ဆုံးစေမည့် နည်းလမ်းတစ်ခုခုကို ရွေးချယ်မိမှာကို သူစိုးရိမ်လို့ဖြစ်သည်။ 

ဂိုဏ်းတိုင်းနီးပါးတွင် ထိုသို့သောမန္တန်များ ရှိသော်လည်း မလိုအပ်ပါက ထိုအစွန်းရောက်နည်းလမ်းများကို မည်သူမျှ အသုံးမပြုပေ။

သူတို့သည် ထိုအချိန်က ဝူတျီမြို့ထဲကနေ အတင်းဆွဲခေါ်ခံရခြင်းကြောင့် လော့ယွင်က ထိုကဲ့သို့ တွေးရခြင်းဖြစ်သည်။ အင်အားကြီးကြီးမားမားကဲ့သို့သော အန္တရာယ်တစ်ခုခုကို ကြုံတွေ့ခဲ့ရပါက ဤအစွန်းရောက်နည်းလမ်းများက အသုံးဝင်နိုင်မည်ဖြစ်သည်။

အဲဒါပဲ…

လော့ယွင်က စိတ်ထဲတွင် သက်ပြင်းခပ်ဖျော့ဖျော့ချလိုက်သည်။ စွမ်းရည်များ ကုန်ဆုံးသွားသည့်အတွက် သူတို့၏ကျင့်ကြံခြင်းအဆင့်က မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့ရင် သူတို့သည် ခက်ခဲသောလမ်းကြောင်းကို ရောက်သွားမှာဖြစ်သည်…

"ဟမ်?"
လော့ယွင်၏စိတ်ဝိညာဉ်စွမ်းအားသည် ရွှီဇီယန်၏ခန္ဓာကိုယ်ထဲကို အတားအဆီးမရှိ ပျံ့လွင့်သွားသည်။ ရွှီဇီယန်က သံသယဖြစ်ခြင်းမရှိဘဲ သူ့ကို ယုံကြည်ခဲ့သည်။

လော့ယွင်သည် အနူးညံ့ဆုံးကျင်းလော့များကိုပင် စစ်ဆေးခဲ့သော်လည်း ဖုံးကွယ်ထားသော ဒဏ်ရာများကိုပင် ရှင်းရှင်းလင်းလင်း မတွေ့ရှိရပေ။

"ဇီရုန် ဒီကိုလာခဲ့…"
လော့ယွင်က ခဏလောက်စဉ်းစားပြီး ရွှီဇီရုန်ကို ခေါ်လိုက်သည်။

ရွှီဇီရုန်သည် သူ၏ဆရာသခင်လော့ယွင်နှင့် ပတ်သက်၍ သူမည်သို့ခံစားရသည်ကို မပြောနိုင်ပေ။ သူ၏သတိရှိခြင်းအဆင့်က အလွန်သိသာထင်ရှားသော်လည်း သူသည် ရွှီဇီရုန်ကို အခြားကဏ္ဍများတွင် ဆိုးဆိုးရွားရွား မဆက်ဆံခဲ့ပေ။

သူ့ဆရာသခင်ထံမှ သူ၏ယခင်ဘဝနှင့်ပတ်သက်သည့် အဖြေများစွာကိုပင် ရရှိခဲ့သည်။ လော့ယွင်သည် ရွှီဇီရုန်အတွက် အကောင်းဆုံးလုပ်ဆောင်ခဲ့ပြီး ရွှီဇီရုန်သည် သူ၏ဆရာသခင်နှင့်ဆက်ဆံရာတွင် အလွန်ရိုသေလေးစားမှုရှိနေဆဲဖြစ်သည်။

ရွှီဇီရုန်က သူ့လက်ကောက်ဝတ်ကို လိုလိုလားလား ဆန့်ထုတ်လိုက်ပြီး သူ့ဆရာသခင်က သူ့အား ထောင်ချောက်ဆင်ထားမှာကို နည်းနည်းမှ မစိုးရိမ်ပေ။ လော့ယွင်လည်း အများကြီးမတွေးထားဘဲ နည်းနည်းတော့ ထူးဆန်းနေသလိုသာ ခံစားရသည် —— ရွှီဇီရုန်အပြုအမူက နည်းနည်းတော့ ထူးဆန်းနေတယ် မဟုတ်ဘူးလား?

အရင်တုန်းက ရွှီဇီရုန်သည် ဖြူကောင်တစ်ကောင်လို သူ့အစ်ကိုကလွဲ၍ ဘယ်သူ့ကိုမှ သူ့အနားသို့မကပ်ခိုင်းပေ။ သို့သော် ယခုအခါ သူက အလွန်လိုလိုလားလား ပြုမူနေပြီး ခြိမ်းခြောက်မှု လုံးဝမရှိပေ။

အားနည်းသောလူလို သူဆက်ဆံနေလျှင် ကောင်းသောအကျိုးဆက်တွေ ရှိမှာမဟုတ်ပေ။ သို့တိုင် ရွှီဇီရုန်၏မျက်လုံးထဲတွင် ပြောင်းလဲသွားခဲ့သည်။ 

လော့ယွင်လည်း ရွှီဇီရုန်တွင် ဘာတွေဖြစ်ခဲ့သလဲဆိုတာ သိချင်နေသည်။

သူ၏စိတ်ဝိညာဉ်စွမ်းအားသည် ရွှီဇီရုန်၏ကျင်းလော့များမှ တစ်ဆင့်ဖြတ်သန်းပြီးနောက် ရွှီဇီရုန်၏ခန္ဓာကိုယ်ထဲတွင် ဖုံးကွယ်ထားသောဒဏ်ရာများကို မတွေ့ခဲ့ရပေ။

လော့ယွင်က သူ့လက်ကိုပြန်ရုတ်ပြီး ခဏလောက်တွေးလိုက်ကာ
"မဆိုးဘူး၊ မင်းတို့ရဲ့ကျင့်ကြံခြင်းကို အလျင်စလို မလုပ်ဘူးဆိုတာ ငါမြင်ရတယ်… မင်းတို့တွေ ဒီလောက်မြန်မြန်တိုးတက်လာတာကို မြင်ရလို့ ငါအံ့ဩသွားပေမယ့် ကျင့်ကြံခြင်းလောကမှာ ဖြစ်နိုင်ခြေတွေအပြည့်ရှိတယ်… ဒီတော့ ဒါက ပုံမှန်ပါပဲ… ဒါပေမယ့် အခုကစပြီး မင်းတို့ အိမ်မှာ အချိန်အတော်ကြာအောင် နေနိုင်မယ်လို့ ငါမျှော်လင့်တယ်…"

ဆရာသခင် ပြောသောစကားကို ကြားပြီးနောက် ရွှီဇီယန်သည် သူ၏မူလက အနောက်ဘက်နယ်မြေသို့ ဦးတည်မည့်အစီအစဉ်ကို စွန့်လွှတ်လိုက်သည်။

လော့ယွင်သည် သူနှင့် ရွှီဇီရုန်အတွက် အကောင်းဆုံးကို လိုချင်မယ်ဆိုတာ သူယုံကြည်သည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်က လျင်မြန်လွန်းသဖြင့် လျှိုကွမ်းဂိုဏ်းတွင် ခဏအခြေချနေထိုင်ခြင်းက အမှန်တကယ်ပင် ပိုမိုကောင်းမွန်သည်။

"ဆရာသခင်ဆီကနေ ကျွန်တော် အကူအညီလိုလို့…"
ရွှီဇီယန်က ရယ်ပြီး သူ့ချန်ခွင်အိတ်ထဲက ဝိုင်နဲ့ ကြက်သားပန်းကန်ကို ယူလိုက်သည်။

ရွှီအိမ်တော်ကနေမထွက်ခင် မီးဖိုချောင်ထဲမှာ ဝိုင်နဲ့ ကြက်သားဟင်းကို သူလုပ်ခဲ့သည်။ ပါဝင်ပစ္စည်းများက အလွန်နူးညံ့ပြီး အရသာက ရိုးရှင်းစွာကောင်းမွန်သည်—— ရွှယ်ထွမ်သည် ကြည့်လိုက်ရုံဖြင့် ပန်းကန်ကို မျက်စိမခွာနိုင်ဘဲ မည်မျှအရသာရှိတယ်ဆိုတာကို သိပြီးဖြစ်သည်။

"ဟေ့!"
ရွှယ်ထွမ်သည် ဝိုင်နှင့်ကြက်သားပန်းကန်ပြားကို ကြည့်ကာ ရှေ့သို့ အပြေးအလွှားသွားချင်သည်။

နောက်ဆုံးတွင် လော့ယွင်သည် လျှပ်စီးကြောင်းကဲ့သို့ လျင်မြန်စွာ လှုပ်ရှားခဲ့ပြီး ရွှယ်ထွမ်သည် သူ၏ ကြက်သား‌ပျောက်သွားတာကို တွေ့လိုက်ရသည်။

ရွှယ်ထွမ်: QAQ

လျှိုကွမ်းဂိုဏ်းသို့ မပြန်မီ သူက ရွှီဇီယန်နှင့် သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။ သူသည် သာမာန်စိတ်ဝိညာဥ်အိမ်မွေးတိရစ္ဆာန်အဖြစ် အသွင်ဆောင်ရန် တာဝန်ရှိမည်ဖြစ်ပြီး ရွှီဇီယန်သည် သူ့ကို အရသာရှိသောဟင်းလျာများအား လက်ဆောင်အဖြစ် ချက်ပြုတ်ပေးမည်ဖြစ်သည်။

သူ့ရှေ့တွင် အရသာအရှိဆုံး ဟင်းလျာကို မြင်လိုက်ရသဖြင့် ရွှယ်ထွမ်သည် သူ၏ဆန္ဒကို မထိန်းနိုင်ခဲ့ပေ။

"ဟမ်?" 
လော့ယွင်သည် ရွှီဇီယန်၏နံဘေးတွင် ထိုင်နေသည့် အမွေးပွပွအကောင်ကို သတိထားမိလိုက်သည်။ ထိုအကောင်က သိုးငယ်ဖြစ်ကြောင်းကို မြင်ပြီးနောက် ရယ်လိုက်ကာ
"မင်းတို့နှစ်ယောက်က ညီအစ်ကိုပီသပါတယ်… မင်းညီက ပန်းရောင်ယုန်တစ်ကောင်ရပြီး မင်းက အရမ်းချစ်စရာကောင်းတဲ့ သိုးတစ်ကောင်ရလာတာပေါ့… မင်းတို့နှစ်ယောက်က အမျိုးသမီးကျင့်ကြံသူတွေကို ဖြားယောင်းသွေးဆောင်ဖို့အတွက် ဒီအကောင်တွေကိုသုံးဖို့ စီစဉ်နေတာလား? ငါပြောမယ်နော်၊ မင်းတို့ အဲဒီမိန်းမတွေနဲ့ဆိုရင် အန္တရာယ်ပဲကြုံလိမ့်မယ်… သူတို့နဲ့ ဝေးဝေးနေရမယ်!"
 
လော့ယွင်က ကြက်သားကို ဝါးရင်း အရှက်မဲ့စွာ ပြောလိုက်သည်။

ရွှီဇီယန်က သူ့မျက်နှာကို တိတ်တိတ်လေး လှည့်လိုက်ပြီး သူ့စိတ်ထဲကနေ တိတ်တိတ်လေး ညည်းညူရင်း
"ဆရာသခင်၊ ဒီအိမ်မွေးတိရစ္ဆာန် နှစ်ကောင်က လုံးဝချစ်ဖို့ကောင်းတာ မဟုတ်ဘူး… သူတို့နှစ်ကောင်စလုံးက အရမ်းရက်စက်ကြမ်းကြုတ်တယ်… နောက်ပြီး ကျွန်တော်တို့နှစ်ယောက်က မိန်းကလေးတွေကို စိတ်မဝင်စားပါဘူး…"

"ကောင်းပြီ၊ ဒီကြက်သားကြောင့် မင်းနှစ်ယောက်စလုံးကို ငါခွင့်လွတ်လိုက်မယ်… ငါ့အကူအညီလိုတယ်လို့ မင်းပြောခဲ့တယ်မလား? အဲဒါကဘာလဲ ပြောပြပါဦး…"
လော့ယွင်သည် နောက်ဆုံးကိုက်ထားသော ကြက်သားကို ဝမ်းသာအားရ ပါးစပ်ထဲသို့ ထည့်လိုက်ရာ ကြက်သားတစ်ကောင်လုံးသည် မျက်စိတစ်မှိတ်အတွင်း ကြက်အရိုးအဖြစ်သို့ ပြောင်းလဲသွားသည်။

ရွှယ်ထွမ်သည် မြေပြင်ပေါ်ရှိ ကြက်အရိုးများကို ကြည့်ကာ ပြုံးနေသော ရွှီဇီယန်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ရှေ့သို့ပြေးသွားကာ ရွှီဇီယန်၏ခြေထောက်များကိုကိုင်ပြီး အော်ဟစ်နေတော့သည်။

"ဟမ်? မင်းရဲ့စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်က တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ…"
လော့ယွင်က သိုးငယ်ကို ကြည့်ကာ အဝေးကိုလှမ်းကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

"Puff!"(အရူး!)
ရွှီဇီရုန်၏ပခုံးပေါ်တွင် ထိုင်နေသော ဖန်မောင်က လုံးဝစိတ်မချရဘူးဆိုတာ ဟိုးအရင်ကတည်းက သိခဲ့သည်။

"ဟေ့!"
ရွှယ်ထွမ်၏တစ်ကိုယ်လုံးသည် ရွှီဇီယန်၏ခြေထောက်များပေါ်တွင် အေးခဲသွားပြီးနောက် သူသည် သူ၏ခွာများဖြင့် ဖြည်းညှင်းစွာဆုတ်ခွာကာ ရွှီဇီယန်၏နောက်တွင် နာခံမှုရှိရှိရပ်ပြီး မြေပြင်ပေါ်ရှိ ကြက်အရိုးများကို မကြည့်ရဲတော့ပေ။

ရွှီဇီယန်က ရွှယ်ထွမ်ကို မှင်တက်စွာကြည့်ပြီး တွေးနေသည်။
"မင်းက ကြက်တစ်ကောင်အတွက်နဲ့ ကိုယ့်ကိုယ်ကို ထုတ်ဖော်ရဲတယ်ပေါ့!"

"မင်းရဲ့စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်က…" 
လော့ယွင်က စိတ်ဝင်စားနေပုံရသည်။ သူထိုင်ချလိုက်ပြီး တောက်ပသော မျက်လုံးများဖြင့် ရွှယ်ထွမ်ကို ကြည့်လိုက်သည်။

ရွှယ်ထွမ်က နှစ်ကြိမ်မျှအော်ပြီး လည်ပင်းကို လှုပ်လိုက်သည်။

"အရူး…" 
ရွှီဇီရုန်၏မျက်လုံးများ မည်းမှောင်လာသည်။ သူလျှောက်သွားပြီး ရွှယ်ထွမ်ကို ချုံပုတ်တွေထဲမှာ အမြန်ပျောက်ကွယ်သွားအောင် ကန်ထုတ်လိုက်သည်။

ရွှီဇီယန်: "…"

လော့ယွင်: "…"

လော့ယွင်သည် သူ့လက်ထဲက ဆီတွေကို သုတ်လိုက်ပြီး ‌ရွှယ်ထွမ်အကြောင်း မေးတာကို ရပ်လိုက်သည်။

ပြီးနောက် ရွှီဇီယန်ကလည်း ကျန်ရင်းနဲ့ ဖန့်ထျန်းရွေ့တို့အကြောင်းကို သူ့အားပြောပြရန် အခွင့်အရေးယူခဲ့သည်။ လက်ရှိအချိန်တွင် သူတို့သည် လျှိုကွမ်းဂိုဏ်း၏ဧည့်သည်များသာ ဖြစ်ကြပြီး လော့ယွင်၏ ခွင့်ပြုချက်မရှိဘဲ ရွှီညီအစ်ကိုများ၏ အိမ်ငယ်လေးထဲသို့ မဝင်ရဲကြပေ။

"မိစ္ဆာကျင့်ကြံခြင်းလား?"
လော့ယွင်သည် ရွှီဇီယန်ကို အံ့အားသင့်စွာကြည့်ပြီး ရွှီဇီရုန်ကို ကြည့်လိုက်သည်။

ရွှီဇီယန်က အလျင်အမြန် ရှင်းပြသည်။
"သူ့မှာ နတ်ဆိုးအမြုတေရှိတော့ တရားမျှတတဲ့ကျင့်ကြံခြင်းတွေကို ကျင့်ကြံလို့မရတော့ပေမယ့် သူဘယ်တုန်းကမှ မကောင်းတာမလုပ်ဖူးတာကြောင့် သူ့ကို ဖယ်ရှားစရာမလိုဘူးလို့ ကျွန်တော်ထင်မိတယ်…"

"အင်း… မင်းပြောတာမှန်တယ်…"
လော့ယွင်က တွေးတောပြီးနောက် လျှိုကွမ်းဂိုဏ်း၏တပည့်အဖြစ် ဆက်နေခိုင်းရန် ဆုံးဖြတ်လိုက်သည်။ သူတို့နှစ်ဦးစလုံးကို ယုံကြည်စိတ်ချနိုင်လျှင် သူတို့ကို အတွင်းဂိုဏ်းတပည့်များအဖြစ် လက်ခံနိုင်မည်ဖြစ်သည်။

ဒီကိစ္စကိုဖြေရှင်းပြီးနောက် လော့ယွင်သည် ရွှီဇီယန်ကို သူ့ညီနဲ့အတူ တံခါးပိတ်ကျင့်ကြံဖို့ ညွှန်ကြားခဲ့ပြီး သူတို့မှာ ရှိနိုင်သမျှမေးခွန်းတွေကို ဖြေဖို့ သူအဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သူသည် ဂိုဏ်းထဲတွင် အချိန်အတော်ကြာနေခိုင်းရန် စီစဉ်နေသည်။

ရွှီဇီယန်က အထပ်ထပ်အခါခါ ခေါင်းငြိမ့်လိုက်ပြီး ရွှီဇီရုန်နှင့်အတူ သူ၏အိမ်ငယ်လေးသို့ ပြန်သွားပြီး ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့အား အပြင်ဂိုဏ်းတပည့်တွေအဖြစ် ခေါ်ဆောင်သွားမည်ကြောင်း ပြောပြခဲ့သည်။

တကယ်တော့ သူတို့၏ လက်ရှိကျင့်ကြံခြင်းအဆင့်ကို အခြေခံပြီး သူတို့ကို အပြင်ဂိုဏ်းတပည့်တွေအဖြစ် လက်ခံတာက သူတို့အတွက် နည်းနည်းတော့ နိမ့်ကျတာဖြစ်ပေမယ့် ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့က လုံးဝမပျော်ရွှင်တာတော့မဟုတ်ပေ။ ထို့အပြင် ရွှီဇီယန်က သူတို့အား အကူးအပြောင်းကာလတစ်ခုသာဖြစ်ကြောင်း ပြောထားပြီး ဤအရာက သူတို့ဆရာသခင်၏ သူတို့အပေါ်စမ်းသပ်ရန် နည်းလမ်းတစ်ခုလည်းဖြစ်သည်။

ကျန်ရင်းနှင့် အခြားသူများနှင့်အတူ လျှိုကွမ်းဂိုဏ်း၏ ဝင်ခွင့်နည်းလမ်းများကို ဖြတ်ကျော်ကာ သူတို့နှစ်ဦးသည် အပြင်ဂိုဏ်းတပည့်များ၏ နေအိမ်ဆီသို့ ဦးတည်သွားကြသည်။

လျှိုကွမ်းဂိုဏ်းဖြစ်စေ၊ ထျန်းယွီဂိုဏ်းဖြစ်စေ၊ ကြီးမားသောဂိုဏ်းများအားလုံးတွင် အပြင်နှင့် အတွင်းတပည့်များအကြားရှိ ကြီးမားပြီး မမြင်နိုင်သော ကွာဟချက်က အမြဲရှိနေပါသည်။

ရွှီဇီယန်တို့တည်းခိုရာ ထျန်လော်တောင်ထွတ်သည် ကျန်ရင်းနှင့်ဖန့်ထျန်းရွေ့တို့လို အပြင်တပည့်များ မရောက်ရှိနိုင်ပေ။ ရွှီညီအစ်ကိုများနှင့် လော့ယွင်တို့၏ သဘောတူညီချက်မရှိဘဲ အခြားအတွင်းတပည့်များက ထိုနေရာသို့ ခြေချ၍မရပေ။

တံခါးပိတ်ကျင့်ကြံခြင်းမပြုမီ ရွှီဇီယန်သည် ဝေ့ချင်နှင့် လဲ့ဟူဆီသို့ သွားရောက်လည်ပတ်ခဲ့သည်။ ဆရာသခင်များ၏ လမ်းညွှန်မှုအောက်တွင် သူတို့၏ကျင့်ကြံခြင်းအဆင့်လည်း တိုးလာခဲ့သည်။

အပြင်မှာ အံ့သြစရာကောင်းသော အတွေ့အကြုံတွေရှိခဲ့သည့် ရွှီညီအစ်ကိုတွေနဲ့ နှိုင်းယှဥ်လိုက်လျှင် သူတို့သွားရမည့်ခရီးက ဝေးနေပါသေးသည်။ ကံကောင်းထောက်မစွာ အထူးသဖြင့် ရွှီဇီယန်တိုးတက်လာတာကိုမြင်ပြီးနောက် ပိုကြိုးစားမည့်ဝေ့ချင်က သူတို့ အလွယ်တကူ မနာလိုမဖြစ်ခဲ့ကြပေ။ သူဘယ်တော့မှလည်း မနာလိုဖြစ်မှာမဟုတ်ချေ။

လဲ့ဟူသည် ကျင့်ကြံခြင်းစွမ်းရည်ကို ထိုထက်မြက်သောကျင့်ကြံသူများလောက် မကောင်းမွန်ကြောင်း သူကိုယ်တိုင် အချိန်ကြာမြင့်စွာကတည်းက သိခဲ့ပြီးဖြစ်သောကြောင့် အနည်းငယ်မျှ မနာလိုစိတ်မရှိခဲ့ပေ။ သူ၏ရပ်တည်ချက်နဲ့ ပတ်သက်ပြီး အလွန်ရှင်းလင်းပါသည်။ သူသည် အနောက်ဘက်နယ်မြေမှ တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ပြီး ထိုနေရာသို့ ပြန်ရောက်သည်နှင့် သူသည် တိုက်ပွဲမြေတွင်သာ သေဆုံးသွားမည်ဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ပုံမှန်လေ့ကျင့်မှုအတွက် ပြင်းထန်သောတိုက်ပွဲများကိုသာ အများစုအားကိုးပြီး မလိုအပ်သောမန္တန်တချို့ကို သင်ယူခဲပါသည်။

ရွှီဇီရုန်၏မနာလိုသောအကြည့်အောက်တွင် ရွှီဇီယန်သည် ဝေ့ချင်နှင့် လဲ့ဟူတို့နှင့် ပျော်ရွှင်စွာစကားပြောနေခဲ့သည်။ ဤလူနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မပေါင်းသင်းကြသေးသော်လည်း ရွှီဇီယန်က သူတို့အကြားတွင် ရောနှောနေသောကြောင့် ငြင်းခုံမှုတစ်စုံတစ်ရာမရှိခဲ့ပေ။

လျှိုကွမ်းဂိုဏ်းတစ်ခုလုံးတွင် ရွှီဇီယန်သည် ဤလူနှစ်ယောက်နှင့် အကောင်းဆုံးဆက်ဆံရေးရှိခဲ့ပြီး ရွှီဇီယန်၏ရောက်ရှိနေခြင်းကြောင့် သူတို့၏ဘဝပုံစံသည်လည်း ပြောင်းလဲသွားခဲ့သည်။

လဲ့ဟူကိုမဆိုထားနှင့် ဝေ့ချင်သည်ပင် ရွှီဇီယန်၏မူလမှတ်ဉာဏ်ထဲတွင်ဖော်ထားသော လျှိုကွမ်းဂိုဏ်းရှိ လူအိုကြီးပုံစံမဟုတ်ပေ။ သူသည် မာနကြီးသော်လည်း ရွှီဇီယန်၏ကြမ်းတမ်းသောသင်ကြားရေးကို ရရှိပြီးနောက် သူ့ထက် အားနည်းသူများနှင့် မည်သို့ပေါင်းသင်းရမည်ကို ဖြည်းဖြည်းချင်း သင်ယူခဲ့သည်။ သူသည် ယဉ်ကျေးသိမ်မွေ့မှုနှင့် ဝေးကွာနေသေးသော်လည်း အနည်းဆုံး လူများကို အမှတ်တမဲ့ ရိုက်နှက်ခြင်းမှ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခဲ့သည်။

ဤပန်းတိုင်ကိုရောက်ရန်အတွက် ရွှီဇီယန်သည် ဝေ့ချင်ကို ကြမ်းတမ်းသောနည်းဖြင့် သင်ခန်းစာများစွာ သင်ကြားပေးခဲ့သည်။ ဝေ့ချင်သည် ရွှီဇီယန်ထက် နှစ်အနည်းငယ်ပိုကြီးသော်လည်း ရွှီဇီယန်သည် အဆိုးရွားဆုံးရန်သူကို ရင်ဆိုင်ရသကဲ့သို့ အပြင်းအထန်ပြုမူသောအခါတွင် သူသည် အလွန်နာခံမှုရှိသည်။

ဝေ့ချင်နှင့် လဲ့ဟူတို့ကို နှုတ်ဆက်ပြီးနောက် ရွှီညီအစ်ကိုများက တံခါးပိတ်ကျင့်ကြံကြသည်။ ဤတစ်ကြိမ်တွင် ရွှီဇီယန်သည် ယခင်အချိန်က အတွေ့အကြုံကို အသုံးပြုခဲ့ပြီး ဖြတ်သန်းသွားသည့်အချိန်ကို ခံစားနိုင်ရန်အတွက် သူ၏ကျန်ရှိနေသော စိတ်အာရုံဖြန့်ကျက်ခြင်းစွမ်းအားကို အသုံးပြုခဲ့သည်။

အချိန်တွေကုန်သွားပြန်ပြီး ရွှီဇီယန် သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်တော့ တစ်နှစ်တောင်ကြာသွားလေသည်။

"ဟင်း…"
ရွှီဇီယန်သည် တောင့်တင်းနေသော သူ၏လည်ပင်းကို လှည့်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ကာ အနည်းငယ်စိတ်လှုပ်ရှားသလို ခံစားလိုက်ရသည်။

ဤကျင့်ကြံခြင်းက တကယ်ကိုအံ့ဩစရာပဲဖြစ်သည်။ သူသာ ခေတ်ဘက်တွင် ရှိသေးပါက တစ်နေရာတည်းမှာ တစ်နှစ်ပတ်လုံး သူဘယ်လိုလုပ် တရားထိုင်နိုင်မည်နည်း။

"ကိုကိုလည်း နိုးပြီလား?"
တံခါးပိတ်ကျင့်ကြံခြင်းမပြုမီ ရွှီဇီရုန်၏ကျင့်ကြံခြင်းအဆင့်က ရွှီဇီယန်ထက် နိမ့်ကျသောကြောင့် သူ၏နယ်ပယ်ကို တည်ငြိမ်စေရန် အချိန်တိုတိုသာယူခဲ့သည်။

နောက်ဆုံးအကြိမ် သူ့အစ်ကို၏ ငါးနှစ်ကြာ တံခါးပိတ်ကျင့်ကြံပြီးနောက် ရွှီဇီရုန်က စောစောနိုးလာခဲ့သော်လည်း သွေးပင်လယ်နှလုံးကျင့်စဉ်၏ သွေးဆာမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

"ဟမ်? မင်း ဘယ်တုန်းက နိုးတာလဲ?"
ရွှီဇီယန်က အနည်းငယ် အံ့သြသွားသည်။

"လွန်ခဲ့တဲ့တစ်လက…" 
ရွှီဇီရုန်က ရယ်မောကာ သူ့လက်များဖြင့် သန့်ရှင်းပေးပြီး သူ့အစ်ကို၏အဝတ်အစားများကို သပ်ရပ်စွာ ၀တ်ဆင်ပေးလိုက်သည်။

"အိုင်းယား… ဒါဆို တစ်နှစ်တောင်ရှိသွားပြီပေါ့… အချိန်တွေက အရမ်းမြန်တာပဲ…"
ရွှီဇီယန်က ရွှီဇီရုန်၏မျက်နှာကို ချစ်ခင်စွာနမ်းလိုက်ပြီး နောက်ဆုံးတွင် သူ့အလိုဆန္ဒကို မကျေမနပ်ဖြစ်နေသော ရွှီဇီရုန်က ပွေ့ဖက်ပြီး သူ့အစ်ကိုဖြစ်သူအား ပြင်းပြင်းထန်ထန် နမ်းပြန်လေသည်။

"အဟန့်… အဟန့်… ဟုတ်ပြီ… ဟုတ်ပြီ… တော်ပြီ…"
ရွှီဇီယန်သည် ရွှီဇီရုန်၏ခေါင်းကိုပုတ်လိုက်ပြီး ရွှီဇီရုန်က မျက်တောင်ခတ်လိုက်ပြီး သူကမလုံလောက်သေးဟန်တူသည်။

ရွှီဇီယန်က ရှက်ကိုးရှက်ကန်းဖြင့် အဝေးကိုကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။
"ဒီညအတွက်ထားလိုက်…"

ရွှီဇီရုန်၏ မျက်လုံးများ တောက်ပလာပြီး သူ၏တောက်ပသော အပြုံးက ဝင်လာသော လော့ယွင်၏ မျက်လုံးများကို မှင်တက်သွားစေသည်...

"အဟန့်… အဟန့်…"
လော့ယွင်သည် အချင်းချင်းပွေ့ဖက်နေသော ရွှီညီအစ်ကိုများကို ထူးဆန်းစွာကြည့်နေသည်။ ရွှီဇီရုန်က မည်မျှပိုင်ဆိုင်လိုစိတ်ကြီးသည်ကို သူသိထားပြီးဖြစ်သော်လည်း ညီအစ်ကိုနှစ်ဦးက အလွန်ရင်းနှီးနေတာကို တွေ့ရခြင်းမှာ အလွန်ထူးဆန်းနေသေးသည်။ သူတို့မှာ နားမလည်နိုင်သော ဆက်ဆံရေးမျိုး ရှိထားသလိုပဲဖြစ်သည်။ 

"ဆရာသခင် တစ်ခုခုရှိလို့လား?"
ရွှီဇီယန်က ရွှီဇီရုန်၏လက်မောင်းများကို ပေါ့ပေါ့ပါးပါး ပုတ်လိုက်ပြီး ရွှီဇီရုန်က အင်တင်တင်ဖြင့် လွတ်ပေးလိုက်သည်။ 

လော့ယွင်က မနေနိုင်စွာ သရော်လေသည်။
"မင်းအသက်က ဘယ်လောက်ရှိပြီလဲ? မင်းအစ်ကိုနဲ့ ဒီလောက်ထိ ပူးပူးကပ်ကပ်နေတုန်းပဲလား…"

ရွှီဇီရုန်က သူ့ကို ပြတ်ပြတ်သားသား စိုက်ကြည့်ပြီး
"ကိုကိုက ဒီနေ့ ကျွန်တော့်အတွက် အရသာရှိတဲ့တစ်ခုခုကို ချက်ပေးမှာမို့လို့ ဆရာသခင်က မနာလိုနေတာလား?"

လော့ယွင်: "…"

သူက ရွှီဇီရုန်ကို ပြင်းပြင်းထန်ထန် ကြည့်ပြီး ‌တိုးတိုးပြောလိုက်သည်။ 
"သစ္စာဖောက်!"

ကျိန်ဆဲပြီးနောက် သူက ခေါင်းကိုလှည့်ကာ ရွှီဇီယန်ကို ကြည့်လိုက်သည်။

ရွှီဇီယန် မှင်တက်သွား၏။ နှစ်အတော်ကြာခဲ့ပြီကို ဆရာတပည့်ဆက်ဆံရေးက ဒီအတိုင်းရှိနေဆဲပဲ…

ဆရာသခင်က အသက်တစ်ထောင်တောင်ရှိနေပြီကို အသက် ၂၀ မပြည့်သေးတဲ့ တပည့်တစ်ယောက်နဲ့ ရန်ဖြစ်နေတာ ဘာပြဿနာမှမရှိဘူးလို့ ထင်နေတာလား?!

"ဟေ့!"
ရွှယ်ထွမ်သည် ရွှီဇီယန်၏ပေါင်ကို မျက်ရည်စက်လက်ဖြင့် ပွေ့ဖက်ကာ ပျော်ရွှင်မှုတွင် ပါဝင်ခဲ့သည်။

အစတုန်းကတော့ လျှို့ဝှက်နယ်မြေမှာ သူကသိပ်ဇီဇာမကြောင်ပေမယ့် ရွှီဇီယန်က သူ့ကို ကြေးများသောစားသောက်သူအဖြစ် ပြောင်းလဲလိုက်သည်အတွက် ရွှီဇီယန်တံခါးပိတ်ကျင့်ကြံသွားသောအခါ စားသောက်တာကို ရပ်ခဲ့ရသည်…

ဖန်မောင်သည် ရွှီဇီယန်နှင့် ရွှယ်ထွမ်ကိုကြည့်ကာ လှည့်ထွက်သွားပြီး မုန်လာနီကို ဆက်စားနေရင်း သူ့စိတ်ထဲမှာ အော်ဟစ်နေသည်။
"ငါတို့ကြားပြဿနာက မပြီးသေးဘူးနော်!"

သူ့ဆရာသခင်နှင့် သူ၏စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်တို့၏ ဤပြဿနာများအားလုံးပြီးနောက် ရွှီဇီယန်သည် သက်ပြင်းချတာကို ကြာမြင့်စွာကတည်းက ရပ်တန့်သွားခဲ့သည်။ သူသည် တံခါးပိတ်ကျင့်ကြံခြင်းအခန်းမှ တိတ်တဆိတ် ထွက်သွားကာ သူ၏ဓားပျံကိုထုတ်ပြီး ဖာအန့်မြို့သို့ ပျံသန်းသွားကာ ထိုနေ့ညတွင် စားသောက်ပွဲအတွက် အစားအသောက်တချို့ကို ဝယ်ယူခဲ့သည်။

သူ့ဆရာသခင်၏အကြည့်အောက်တွင် သည်နေ့ည၌ သူကောင်းကောင်းမစားရပါက ရွှီဇီယန်ကို သစ္စာဖောက်လို့ပြန်ခေါ်လိမ့်မည်…

ရွှီဇီယန်က သည်လောက်မမြန်ချေ။ ခဏလောက် ပျံသန်းပြီးနောက် ရွှီဇီရုန်က အနောက်ကနေ လိုက်လာခဲ့သည်။

သူ့အစ်ကိုကို မှီပြီးနောက် ရွှီဇီရုန်သည် သူ၏ဓားပျံကို အရှက်မရှိ ဖယ်ထုတ်လိုက်ပြီး ကျီကွမ်းပေါ်သို့ ခုန်တက်ကာ ကျီကွမ်းက မသက်မသာ တုန်လှုပ်သွားခဲ့သည်။ ရွှီဇီရုန်၏အေးစက်သောအကြည့်များက ကျီကွမ်းကို လုံးဝငြိမ်သက်သွားစေသည်...

ရွှီဇီယန်သည် သူ၏ဓားပျံကို မျက်ရည်များဖြင့် တိတ်တဆိတ်ကြည့်နေခဲ့သည်— ကျီကွမ်းသည် ပိုင်ဟွ၏လက်ထဲတွင် အလွန်အစွမ်းထက်နေခဲ့ပြီး သူ့လက်ထဲတွင် အဘယ်ကြောင့် တုန်လှုပ်နေရတာလဲ?

ရတနာတစ်ခုခုကို သူထိလိုက်တာနဲ့ ဒုတိယတန်းစားလက်နက်အဖြစ် ပြောင်းလဲသွားတာများလား?! QAQ

"ကိုကို!"
ရွှီဇီရုန်က သူ့အစ်ကိုအား တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး သူ့ခန္ဓာကိုယ်မှ ထွက်သက်ကို စုပ်ယူလိုက်သည်။

တစ်ယောက်နဲ့တစ်ယောက် မတွေ့တာ တစ်နှစ်လောက်ရှိပြီ...။

အထက်ဖော်ပြပါများသည် ပြေပြစ်သောစကားတစ်လုံးသာဖြစ်ပြီး ယုတ်ညံ့သောအသုံးအနှုန်းဖြင့် ရွှီဇီရုန်သည် ယခုအချိန်မရွေး အိပ်ယာဝင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ကိုကို ကျေးဇူးပြုပြီး သတိထားနော်…

"လျှောက်မလုပ်နဲ့… ငါတို့ ဓားပျံပေါ်ရောက်နေတာ…"
ရွှီဇီယန် မှင်တက်သွား၏။ သူတံခါးပိတ်ကျင့်ကြံပြီးနောက် ဘာဖြစ်မလဲဆိုတာ သူသိပေမယ့် ဇီရုန်က သည်ညအထိတောင် မစောင့်နိုင်လောက်အောင် အလွန်အရူးအမူးဖြစ်နေခဲ့သည်။

"ကဲပါ… ကျွန်တော့်ကိုကိုအတွက် ကျွန်တော်စိတ်ရှည်ပါ့မယ်… ဒါပေမယ့် ကိုကိုက ကျွန်တော့်အတွက် ညဘက်မှာပြုစုပေးရမယ်…"
ရွှီဇီရုန်က ဆိုးသွမ်းသော အပြုံးကို ပြသရင်း ခေါင်းကို မော့လိုက်သည်။

ရွှီဇီယန်: "..."

ဖာအန့်မြို့တွင် အများအပြားဝယ်ယူပြီးနောက် ရွှီဇီယန်၏ချန်ခွင်အိတ်ထဲတွင် တောကောင်၏အသားမျိုးစုံဖြင့် ပြည့်နေခဲ့သည်။

သူသည် သာမန်အသားများကို ချက်ပြုတ်လေ့ရှိသော်လည်း သည်နေ့တွင် တောကောင်အသားတချို့ကို ချက်စမ်းကြည့်ချင်သည်။

စိတ်ဝိညာဉ်တောကောင်များသည် တစ်နှစ်ပတ်လုံး သူတို့၏ခန္ဓာကိုယ်ကို ဆေးကြောရန် သူတို့၏စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုထားသောကြောင့် သူတို့၏ခန္ဓာကိုယ်ပေါ်တွင် မလိုအပ်တော့သော အသားများမရှိပေ။ ထို့အပြင် ဤအသားမျိုးသည် အရည်အသွေးမြင့်မားပြီး အလွန်အရသာရှိကာ ချက်ပြုတ်ရန် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

ရွှီဇီယန်၏ ဟင်းချက်ရတာကို နှစ်သက်မှုက အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်မသွားဘဲ သူ့ပတ်ဝန်းကျင်မှာ အစားအသောက်တွေ ပိုများလာတာကြောင့် သူ ပိုပြီးစိတ်ဝင်စားလာခဲ့သည်...

ညနေပိုင်းတွင် ရွှီဇီယန်သည် အရသာများပြည့်နေသော စားသောက်ပွဲကို ချက်ပြုတ်ခဲ့သည်။ ထိုအရာတွေကို အပြင်မှာ သိမ်းထားပါက လူတစ်ရာကျော်အတွက် လုံလောက်ပါသည်။

သို့သော် ဤပမာဏက လော့ယွင်နှင့် ရွှယ်ထွမ်အတွက် လုံလောက်ပါသည်။ လော့ယွင်က ဗိုက်ပြည့်အောင်စားပြီးနောက် ရွှယ်ထွမ်က ကျန်တာအားလုံးကို စားခဲ့သည်...

ရွှယ်ထွမ်သည် စားသောက်ပြီးနောက် သူ၏သေးသွယ်သော ခန္ဓာကိုယ်ကိုကြည့်ရင်း ရွှီဇီယန် အံ့အားသင့်သွားသည်။ သူသည် သူ့ခန္ဓာကိုယ်ထက် အဆအနည်းငယ်ပိုကြီးသောအစာကို မျိုချခဲ့သည်။ သူက တကယ့်ကို အစားအသောက်အားလုံး၏ သံတမန်ပဲဖြစ်သည်။

"ဟင်း… ဒီအစားအသောက်တွေက အရမ်းကောင်းတယ်… ငါကောင်းကောင်းမစားရတာ တော်တော်ကြာပြီ…"
လော့ယွင်က ပျင်းရိစွာ သွားကြားထိုးပြီး ကျေနပ်စွာ ပြောလိုက်သည်။

ရွှယ်ထွမ်သည် သက်တောင့်သက်သာရှိသော အမူအရာဖြင့် ဖောင်းကားနေသောဗိုက်ကြီးနဲ့ မြေပြင်ပေါ်တွင် လှိမ့်နေခဲ့သည်။

ရွှီဇီယန်က လက်ဖက်ရည်အိုးကို စားပွဲပေါ်တင်လိုက်ပြီး ရွှီဇီရုန်က လော့ယွင်အတွက် ခွက်တစ်ခွက်ကို လောင်းထည့်လိုက်သည်။ သူတို့သည် မကြာခဏ ငြင်းခုံလေ့ရှိကြသော်လည်း ရွှီဇီရုန်က သူ့ဆရာသခင်အား အလွန်လေးစားဆဲဖြစ်သည်။

"အင်း… မဆိုးဘူး…"
လော့ယွင်သည် စိတ်ဝိညာဉ်လက်ဖက်ရည်ကို သောက်ရင်း ကျေနပ်စွာ သက်ပြင်းချကာ သူ့ဗိုက်ကို အနည်းငယ်ပုတ်လိုက်သည်။ ထိုအချိန်တွင် သူသည် အမတဝိညာဥ်အခြေတည်စအဆင့် ကျင့်ကြံသူတစ်ဦးကဲ့သို့ပင် မဟုတ်ပေ..။

#TK