Chapter 149
Viewers 23k

Chapter 149


"တံခါးအပြင်မှာလား?" ရွှီရှောင် လေးလေးနက်နက်တွေးလိုက်၏။ ဒါကို စဉ်းစားပြီးနောက် ဇီယန်က ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲဆိုတာ သူသဘောပေါက်သွားပြီး ထောက်ခံသည့်ပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒီလိုဆို မင်းလည်းသိပြီးပြီပေါ့" 

"ကျွန်တော်တို့က မှန်းဆကြည့်ရုံပါပဲ။ မြို့ထဲမှာ သတင်းနည်းနည်းမေးလိုက်တာ၊ ယွမ်မိသားစုက ကျွန်တော်တို့ကိုလိုက်ဖို့ ချီစွမ်းအင်စုဆောင်းမှုအဆင့် ကျင့်ကြံသူအနည်းငယ်ကို စေလွှတ်ခဲ့တယ်၊ ဒါပေမယ့် သူတို့တွေ အလေးအနက်မထားသလို ခံစားရတယ်၊ သူတို့က အမိန့်တစ်ခုထုတ်လိုက်သလိုပဲ၊ မကြာခင်မှာပဲ သူတို့ပြန်သွားကြတယ်။" ခဏရပ်ပြီးနောက် သူကဆက်လက်၍ "အဖေ အိမ်ထဲက သစ္စာဖောက်ကိုရော ရှာတွေ့လား။"

ရွှီရှောင်နှာမှုတ်လိုက်ရင်း "ငါ နှစ်ယောက်ကို ဖမ်းမိခဲ့တယ်၊ နှစ်ယောက်စလုံးက မနှစ်က စုဆောင်းထားတဲ့ သာမန်ကျင့်ကြံသူတွေပါ။ ယွမ်မိသားစုက မော့ရှင်းမြို့ကို ရောက်ရှိလာတော့ အမူအကျင့်တွေအရ အကြံအစည်တွေဘာမှမရှိပုံပဲ။ သူတို့ဒီကိုရောက်ပြီး မကြာခင်မှာမှ ပြဿနာရှာလာတာ။"

"နှစ်ယောက်ပဲလား?" ရွှီဇီယန် အံ့သြသွားပြီး "ဒါဆို ဒီသတ္တုသွေးကြောက ဘာထူးသေးလဲ။ အဲ့ဒါက အရမ်းစျေးကြီးတာဆိုတော့ သာမန်ကျင့်ကြံသူတွေတော့ သိမှာ မဟုတ်ဘူးမလား။"

ရွှီရှောင်က တင်းတင်းကျပ်ကျပ် မျက်မှောင်ကြုတ်လိုက်ပြီး 
"ဒါကကိုပဲ ငါစိုးရိမ်နေတာ၊ ငါ့စိတ်ထဲမှာတော့ တစုံတယောက်ရှိထားတယ်၊ ဒါပေမယ့် အဲဒီလူက ရွှီမိသားစုထဲမှာ နှစ်အတော်ကြာနေပြီး သူတို့ရဲ့ သားစဉ်မြေးဆက်တွေလည်း မိသားစုရဲ့ အစိတ်အပိုင်း ဖြစ်သွားပြီ။ ငါတို့ ရှုံးသွားရင် သူဘာအကျိုးကျေးဇူးတွေများ ရနိုင်မှာလဲ။"

ရွှီဇီယန် မျက်လုံးလင်းလက်သွား၏။ သူ၏မူလကိုယ်ခန္ဓာရဲ့ မှတ်ဉာဏ်ထဲမှာရော၊ ဝတ္ထုထဲမှာရော ဒီအကြောင်းကို မဖော်ပြထားတာကြောင့် သူဘာမှမသိဘူး။ ထို့အပြင် သူက ဒီအဖြစ်အပျက်တွေကို ဖြစ်ပေါ်စေသူလားဟု တွေးတောနေကာ ရလဒ်က မှန်းဆ၍မရနိုင်တာကြောင့် ရွှီမိသားစုကပဲ သေချာပေါက် အောင်နိုင်လိမ့်မည်။

ထို့အပြင် မူလရွှီမိသားစုဟာ သွေးမိစ္ဆာရွှီဇီရုန်ရဲ့လက်ထဲမှာ ဖျက်ဆီးခံခဲ့ရသည်။ ဤဘဝတွင် ဇီရုန်၏ကျင့်ကြံခြင်းအရှိန်က ယခင်ဘဝကထက် များစွာ ပိုမြန်ပြီး ဝိညာဉ်ကြောချဲ့ထွင်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း ရွှီမိသားစုတစ်ခုလုံးကို သတ်ပစ်ချင်လျှင်တောင် မဖြစ်နိုင်ဟု ထင်မိသည်...

တစ်နည်းအားဖြင့်ဆိုရသော် ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုအရ ရွှီမိသားစုက နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိနေပုံရပြီး ပြဿနာများဖြစ်ပွားသည့်အခါ သင့်လျော်သောဖြေရှင်းချက်များကိုသာ တွေးတောနိုင်မည်ဖြစ်သည်။

ရွှီဇီယန် သူ့လက်များကို ဖြန့်လိုက်၏။ ယွမ်မိသားစုက ရွှီမိသားစုကို ပြဿနာများဖန်တီးလိုပါက ရွှေအမြုတေအဆင့်အထက် ကျင့်ကြံသူ အနည်းဆုံး နှစ်ဦး လိုအပ်မည်ဖြစ်သည်။ ရွှီရှောင်က ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူဖြစ်ပြီး ကျင့်စဉ်ကျမ်းအဆောက်အအုံကို စောင့်ကြပ်နေသော အကြီးအကဲလော်က ရွှေအမြုတေ အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားသူတစ်ဦးဖြစ်သည်။

အပြင်ပန်းအနေဖြင့် ရွှီမိသားစုတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ဦးသာ ရှိပုံရသော်လည်း ဤမျှကြာအောင် ဆက်သွားနိုင်သည့် မိသားစုတိုင်းတွင် ရတနာအချို့ ရှိရမည် - ၎င်းမှာ လျှို့ဝှက်ထားသော အကြီးအကဲ သို့မဟုတ် အင်အားကြီးသောအခင်းအကျင်း၊ သတ်ပစ်နိုင်သည့် အဆောင်လည်းဖြစ်နိုင်၏။ ရွှေအမြုတေအဆင့်အထက် ကျင့်ကြံသူ ၃ ဦးမရှိဘဲ ရွှီမိသားစုကို သတ်ပစ်ရန် လုံးဝမဖြစ်နိုင်ဘူး။

ရွှီရှောင်ဟာ ယခုလေးတင် ရွှီဇီယန်ပြောခဲ့သည့်စကားကြောင့် ပြောစရာစကား ခဏတာ ပျောက်ဆုံးသွားခဲ့သည်။ ထိုအကြောင်းကို မတွေးတော့ပဲ ရွှီဇီယန်အား သတ္တုသွေးကြောများအကြောင်း ရှင်းပြ၏။

ရွှီမိသားစု၏ သတ္တုသွေးကြောများကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မတူးဖော်ရသေးပေ။

ယခု ရွှီဇီယန်က လျှိုကွမ်းဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး သူဟာ အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူ၏ တပည့်တစ်ဦး ဖြစ်လာခဲ့သည်။ ရွှီရှောင်ဟာ သူ့သားအတွက် ပုံမှန်အတိုင်း စဉ်းစားနေခဲ့ရ၏။

ရွှီမိသားစုတွင် ခိုင်မာသော နောက်ခံမရှိသည့်အပြင် ထူးထူးခြားခြား ရတနာများလည်း မရှိပါ။ ရွှီမိသားစုက ရွှီဇီယန်ကို ပေးနိုင်သည့် တစ်ခုတည်းသော အရာက ငွေကြေးအရင်းအနှီးပါပဲ။

ရွှီဇီယန်၏ မြင့်မားသော ကျင့်ကြံခြင်းအဆင့်က ရွှီမိသားစု၏ အဆင့်အတန်း မြင့်မားလာမည်ကို ရွှီရှောင်ကောင်းကောင်း နားလည်သည်။ ရွှေအမြုတေအဆင့်ကျင့်ကြံသူ မိသားစုနှင့် အမတဝိညာဉ်အခြေတည်စအဆင့်ကျင့်ကြံသူ မိသားစုကြားတွင် အခြေခံ ကွာခြားချက်များ ရှိခဲ့သည်။

မိသားစု၏ လျှို့ဝှက်ခန်း၊ ရတနာများကို မိသားစု ပျက်စီးပြီးမှသာ အသုံးပြုရမည်ဖြစ်ပြီး ၎င်းတို့ကို အလွယ်တကူ ရွှေ့ပြောင်း၍ မရနိုင်ပေ။ ရွှီရှောင်က အကြာကြီး တွေးတောနေပြီး အချိန်အတော်ကြာ လျစ်လျူရှုထားခဲ့သော သံသစ်တောရှိ သတ္တုသွေးကြောများကို ရုတ်တရက် တွေးလိုက်မိ၏။

သံသစ်တောကို အဖိုးတန်ရတနာအဖြစ် မသတ်မှတ်ထားသောကြောင့် တွင်းထွက်သွေးပြန်ကြောအတွက် ကြီးကြီးမားမား အငြင်းအခုံမဖြစ်သင့်ပါ။ သို့သော်လည်းရွှီမိသားစုဟာ သံသစ်တောရဲ့ အနှစ်သာရကျောက်တုံး၌ လျှို့ဝှက်တွင်းထွက်သတ္တုသွေးကြောတစ်ခုကို တွေ့ရှိခဲ့ပြီး ၎င်းတို့နှစ်ခုဟာ ဆင်တူသည့်အရာများဖြစ်သော်လည်း ၎င်းတို့၏စျေးနှုန်းများမှာ အလွန်ကွာခြားပါသည်။

သံသစ်တောမှထွက်သော ကျောက်ကို အမှုန့်ဖြစ်အောင် ကြိတ်ထားလျှင်၊ ၎င်းဟာ အမှန်တကယ် ကောင်းမွန်သော သန့်စင်ဆေးဖြစ်ပေလိမ့်မည်။ ချီကို သန့်စင်ရန်ဖြစ်စေ၊ ဆေးဝါးဖြစ်စေ၊ စွမ်းအင်အချို့ကို တိုးမြှင့်ပေးနိုင်သည်။ အဆောင် ဒါမှမဟုတ် အခင်းအကျင်းတွေ ရေးဆွဲသည့်အခါ ၎င်းအမှုန့်နည်းနည်းထည့်ရင် ပိုတည်ငြိမ်သွားနိုင်သည်။

ဝမ်းနည်းစရာမှာ ၎င်းဟာ ကြီးမားသောအာနိသင်မရှိခဲ့ဘဲ အဆင့်မြင့်ဆေးဝါး၊ လက်နက်များနှင့် နှိုင်းယှဉ်ကြည့်သောအခါတွင် သက်ရောက်မှုမရှိသလောက်ဖြစ်သောကြောင့် သံသစ်တောကို အသုံးပြုသူအများစုမှာ အဆင့်နိမ့် ကျင့်ကြံသူများဖြစ်သည်။

သို့သော် သံသစ်တော၏ အနှစ်သာရကျောက်က လုံးဝခြားနားသော အရာတစ်ခုဖြစ်သည်။ ၎င်း၏ပါဝင်ပစ္စည်းက တူညီသော်လည်း ၎င်း၏သိပ်သည်းဆဟာ သံသစ်တောကျောက်ထက် အဆတစ်ထောင် မြင့်မားသည်။ ထူးဆန်းသည်မှာ သာမာန်သံသစ်တော၏ကျောက်ကို မည်မျှပင် ပြုပြင်မွမ်းမံရန် ကြိုးစားသော်လည်း ၎င်းကို သံသစ်တော၏ အနှစ်သာရကျောက်အဖြစ် ဘယ်သောအခါမှ မပြောင်းလဲနိုင်ပေ။ လက်နက် သန့်စင်ရေး ကျွမ်းကျင်သူများ ဖြစ်ကြသော လူအများအပြားဟာ ဤအချက်ကြောင့် စိတ်ရှုပ်ထွေးနေခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ အနှစ်သာကျောက်အမှုန့်ကို အဆင့်မြင့်ဆေးအဖြစ် ယူဆနိုင်သည်။ အဆင့်မြင့်ဆေးနဲ့ လက်နက်များ၏ သန့်စင်ရေး လုပ်ငန်းစဉ် အများအပြားတွင် ၎င်းတို့ဟာ ဤအမှုန့်မရှိလျှင် တိုးတက်မှုနှုန်းကျဆင်းလာတတ်သည်။

ဒီလောက်တန်ဖိုးရှိသည့် ၎င်းသတ္တုသွေးကြောကို ယွမ်မိသားစုကသဘောပေါက်ပြီး စိတ်ဝင်စားခဲ့သည်။

အဖြစ်အပျက်ကို အစတွင် ထုတ်ဖော်ပြီးနောက် ရွှီရှောင်ဒေါသတကြီး ဖြစ်ခဲ့သော်လည်း ပြဿနာကို ဖြေရှင်းရန် လိုအပ်နေသေးသည်။ ယွမ်မိသားစုနဲ့ ဒီသတ္တုသွေးကြောကို မျှဝေဖို့ စဉ်းစားခဲ့ပေမယ့် ယွမ်မိသားစုက ဒီလောက်စိတ်ဝင်စားမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ သူတို့ဟာ ဤသတ္တုသွေးကြောကို လွှမ်းမိုးထားရုံသာမကဘဲ မော့ရှင်းမြို့တွင် သူတို့နေထိုင်ခဲ့သည်မှာ မည်မျှပင်ရှိစေကာမူရွှီမိသားစုကို နှင်ထုတ်လိုကြသည်။

ဟုတ်ပါတယ် ရွှီရှောင်ကလည်း လက်မခံတဲ့အတွက် ယွမ်မိသားစုကို မြို့ထဲမှာ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။ ဒီယွမ်မိသားစုသာ မြို့ကိုလည်ပတ်ချင်ရင်၊ သူတို့နေထိုင်သည့် မြို့ခံတွေကို ဂရုစိုက်ရမည်။ မိသားစုနှစ်စု ရန်ဖြစ်သောအခါ ရွှီမိသားစု၏ ကျင့်ကြံသူများဟာ ဒေသခံများကို စောင့်ရှောက်ခဲ့ရတာမို့ အဲ့ဒါကြောင့်ရှုံးခဲ့ရခြင်းလည်း ဖြစ်နိုင်ပါသည်။

ရွှီဇီယန် အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း သူ့အဖေနှင့် ဤကိစ္စကို ဆွေးနွေးရန်မအားပေ။ ဇီရုန်နဲ့ကျန်ရင်းတို့က အပြင်တွင် စောင့်ဆိုင်းနေကြဆဲဖြစ်ပြီး စိတ်ထဲတွင် စိုးရိမ်မှုတစ်မျိုး ခံစားနေရပြီး ထိတ်လန့်လုနီးပါး ဖြစ်နေသည်။

ရွှီဇီယန်က သူ့နဖူးကို တိတ်တဆိတ် ထောက်လိုက်ပြီး ရွှီဇီရုန်မည်မျှ အထိတ်တလန့် ခံစားရမည်ကို တွေးကြည့်နိုင်သည်။ အကယ်၍ သူသာ အထဲမှာသာ ဆက်နေပါက ရွှီဇီရုန် မည်သည့်အချိန်တွင်မဆို ဝုန်းဒိုင်းဝင်ရောက်လာနိုင်၏။

"အဟမ်း…အဖေ ဇီရုန်နဲ့ တခြားသူတွေက အပြင်မှာ ရှိနေသေးတယ်၊ ကျွန်တော် သူတို့ကို အရင်ခေါ်ခဲ့မယ်။"

"ကောင်းပြီ သွားတော့။ ခဏလေး ဒါက မင်းအတွက်" ရွှီရှောငိက ကျောက်စိမ်းတံဆိပ်နှစ်ခုကို လွှဲပေးလိုက်ပြီး "ဒါက ရွှီအိမ်တော်ရဲ့ အခင်းအကျင်းကြီးထဲကို ဝင်ဖို့ သင်္ကေတနှစ်ခုပဲ၊ အဲဒါကို ကောင်းကောင်းသိမ်းထားလိုက်ပါ။"

"အခင်းအကျင်းကြီးလား?" ရွှီဇီယန် သူဝင်လာတုန်းက ကြီးမားသော အခင်းအကျင်းများကို ရှာမတွေ့သောကြောင့် ထိတ်လန့်သွား၏... သူကလေးယောက်လို့ ပြောထားပြီးသား၊ ဒါကြောင့် "သင်္ကေတနှစ်ခု"ဆိုတော့ သူ့အဖေက ဘာကိုဆိုလိုချင်တာလဲ။ 

ရွှီရှောင်က သူ့ကို စိုက်ကြည့်လိုက်ရင်း "ဒီအခင်းအကျင်းကြီးကို ရွှီမိသားစုရဲ့ ဘိုးဘေးတွေက တည်ဆောက်ထားတာ။ ရွှီမိသားစုရဲ့သွေးပါသူတွေပဲ လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာနိုင်တာ။ မင်းရော ဇီရုန်ရော ဒါတွေကို မလိုပါဘူး။ ဒီအခင်းအကျင်းကို အကြီးအကဲလော်က ထိန်းချုပ်ထားသည်။ အကြီးအကဲလော်ရဲ့အကူအညီမပါဘဲ ဒီဝင်းထဲကို ဝင်နိုင်မယ်လို့ မင်းထင်လား။"

ရွှီဇီယန် သူ့မျက်နှာကို တိတ်တဆိတ် လှည့်လိုက်သည် - မျှော်လင့်ထားသည့်အတိုင်း သူမည်သူ့ကိုမျှ လျှော့တွက်လို့မဖြစ်ဘူး။ ရွှီမိသားစုဟာ ရွှမ်းယွိနယ်မြေ၌ အကျဉ်းထောင်တစ်ခုလေးသာဟု သူတွေးထားသော်လည်း အိမ်ထဲ၌ ဤမျှအစွမ်းထက်သော အခင်းအကျင်းတစ်ခုကို ဝှက်ထားသည်။

အစပိုင်းတွင် သူ၏ကုဗတုံးလေးက ၎င်း၏တည်ရှိမှုကို အမတဝိညာဉ်အခြေတည်စအဆင့် မိစ္ဆာကျင့်ကြံသူထံမှ ဝှက်ထားသော်လည်း ၎င်းကို ဤအခင်းအကျင်းဖြင့် ရှာဖွေတွေ့ရှိခဲ့သည်။

နောင်အခါ၌ ကျင့်ကြံရာတွက် ပိုသတိထားသင့်တယ်ဟု ထင်မိသည်။ တစ်ခုခုမှားသွားရင် သူ့ကိုယ်သူတောင် မကယ်နိုင်ဘူး။

ကျန်ရင်းနဲ့ဖန့်ထျန်းရွေ့တို့အား သင်္ကေတနှစ်ခုကို ပေးခဲ့ပြီး ကြီးမားသော အခင်းအကျင်းအကြောင်းကို ပြောပြပြီးနောက် ခေါင်းကိုလှည့်ကာ ရွှီဇီရုန်ကို ဂရုတစိုက် ကြည့်လိုက်သည်။

ရွှီဇီရုန်က ကြီးမားသော အခင်းအကျင်း ရှိကြောင်းကို ကြားလိုက်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း သူ့ကိုကိုက သူ့အား လှမ်းကြည့်နေသည်ကို မြင်လိုက်ရသောအခါတွင် သူက ချက်ချင်း ပြုံးပြလိုက်ပြီး "ကျွန်တော် အဆင်ပြေပါတယ် ကိုကို စိတ်မပူပါနဲ့"

ရွှီဇီယန် ခေါင်းညိတ်ပြလိုက်ပြီး ထောင့်တစ်ခုကနံရံဆီကို ဦးဆောင်သွားသည်။ ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့ဖြတ်သွားသောအခါ၊ ရွှီဇီရုန်ဟာ သူ့မျက်နှာကို အနည်းငယ်ငုံ့ကာ ထူးဆန်းသော အကြည့်ဖြင့် သာမန်ကျောက်နံရံကို ကြည့်လိုက်၏။

သူဟာ ရွှီမိသားစု၏ ကြီးမားသောအခင်းအကျင်းအကြောင်းကို ဘယ်တုန်းကမှ မသိခဲ့ပဲ ရန်သူနှင့် မိတ်ဆွေများကြား ခွဲခြားသိမြင်ရန် သွေးကိုပင် အားကိုးခဲ့သည်။ သူကရွှီရှောင်နှင့် သွေးရင်းနှီးနွယ်မှု မရှိမှန်း သူသိသော်လည်း ထိုအချိန်က သူ့အမေ အသုံးပြုခဲ့သော နည်းလမ်းကို သေချာမသိသဖြင့် ရွှီဇီရုန် အမှန်တကယ်ပင် သူ့သားဖြစ်ကြောင်း ရွှီရှောင်အားယုံကြည်စေခဲ့သည်။ ကံမကောင်းစွာပဲ ကြီးမားသော အခင်းအကျင်းကို လိမ်ဖို့ လွယ်မှာ မဟုတ်ဘူး။

ရွှီဇီရုန်၏မျက်နှာဟာ မည်းမှောင်သွားပြီး မမြင်နိုင်သော အခင်းအကျင်းကို ရင်ဆိုင်ရန် ဘာလုပ်ရမည်ကို မသိတော့။

အခင်းအကျင်းများတွင် ကျွမ်းကျင်မှုက သဲလွန်စကိုပင် လုံးဝသတိမထားမိစေခြင်းဖြစ်သည်။ ဤအချက်တစ်ခုတည်းနဲ့ပင် ဒီအခင်းအကျင်းကို ချထားခဲ့သူက အခင်းအကျင်းတွင် နံပါတ်တစ်ဖြစ်ကြောင်း သေချာပါသည်။ အခင်းအကျင်းများတွင် ထိုလူ၏ ကျင့်ကြံခြင်းနှင့် အသိပညာအဆင့်အတန်းဟာ သူ့အားသိသိသာသာ ကျော်လွန်နေတာကြောင့် ကျော်ဖြတ်သွားနိုင်ပါ့မလား မသေချာပေ။

"ဇီရုန် မင်းဘာလုပ်နေတာလဲ?" ရွှီဇီယန်ပြန်လှည့်လာကာ နံရံမှ ခုန်ဆင်းလာပြန်၏။ သူက ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့ကို ဖြတ်ကျော်ရန် စီစဉ်ခဲ့ပြီးဖြစ်သော်လည်း အနောက်ကလိုက်ခဲ့ရမယ့် ရွှီဇီရုန်ကိုမတွေ့ခဲ့ဘူး။ ထို့နောက် ဇီရုန်ဟာ သူတို့နောက်မလိုက်ခဲ့ကြောင်း သူသိလိုက်ပြီးနောက် မှင်တက်သွားရသည်။

"အဆင်ပြေပါတယ်…" ရွှီဇီရုန် မျက်မှောင်ကြုတ်ကာ သူ့ကိုကို,ကို သူတို့က တကယ်ညီအစ်ကိုအရင်းတွေမဟုတ်ကြောင်း ပြောပြလိုက်ရမလား။ အဲဒါက ဘာကွာခြားမှုတွေ ရှိသွားမှာလဲ။ သူ့ကိုကိုသိသွားရင်တောင် ကြီးမားသောအခင်းအကျင်းပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်သလို နှင်ထုတ်ခံရနိုင်သည်။

သူက မည်သူတစ်ဦးတစ်ယောက်၏ သင်္ကေတများကို ခိုးယူလို့လည်းမရသလို သူဝင်တိုက်ပြန်ရင်လည်း သူက ရွှီရှောင်သားမဟုတ်ကြောင်း ပြောပြလိုက်သလိုပင်ဖြစ်လိမ့်မည်။

ရွှီရှောင်၏နားလည်မှုအပေါ်အခြေခံရရင် သူ့အားသားတစ်ယောက်ဟုထင်နေတာတောင် ရွှီဇီရုန်အပေါ် သွေးအေးလျက်ပင်။ ဒါကြောင့် ရွှီဇီရုန်ဟာ သူ့အချစ်ဦးနဲ့ အခြားယောင်္ကျားတစ်ယောက်ဆီကနေ မွေးဖွားလာမှန်းသိလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ။ သူ့မျက်နှာကိုရိုက်သလိုပါပဲ၊ ဒီစော်ကားမှုပျောက်ကွယ်သွားအောင် အကုန်အကျခံပြီး ရွှီဇီရုန်ကိုသတ်ပစ်ဖို့ ကြိုးစားမှာ။ 

ရွှီဇီရုန် အကျပ်ရိုက်နေ၏။ သူက ရွှီရှောင်နှင့် သူ၏ဆက်ဆံရေးကို ဖျက်စီးလိုက်လည်း ကိစ္စမရှိပေမယ့် သူ့ကိုကို၏ခံစားချက်ကိုလည်း ထည့်သွင်းစဉ်းစားရန်လိုသည်။

"ဘာလို့ မှိုင်နေသေးတာလဲ!" ရွှီဇီယန်ဟာ ဇီရုန်၏ခေါင်းကို ခေါက်လိုက်၏။ ရွှီဇီရုန်က ရွှီမိသားစုအပေါ်၌ ရှုပ်ထွေးတဲ့ခံစားချက်တွေရှိနေတာကြောင့် အာရုံမစိုက်နိုင်ဘူးလို့ ထင်လိုက်ပြီး ဘာမှပြောမနေတော့ပဲ ဇီရုန်ရဲ့ခါးကိုကိုင်ပြီး နံရံပေါ်ခုန်တက်သွားတော့သည်။ 

ရွှီဇီရုန်: "…"

ရွှီဇီရုန် တုံ့ပြန်ဖို့ အချိန်တောင် မရှိလိုက်ပဲ သူက ခြံဝင်းထဲကို ရောက်နေပြီ။ သူရင်းနှီးသော ပတ်ဝန်းကျင်ကို ကြည့်ပြီး လုံး၀ ရှုပ်ထွေးသွားသည်..။

အခင်းအကျင်းကြီးက ဘာကြောင့် မတုံ့ပြန်ခဲ့တာလဲ။ ရွှီရှောင်က လိမ်ညာခဲ့တာလား။ မဖြစ်နိုင်ဘူး။ သူလိမ်ချင်နေရင်တောင် အမွေဆက်ခံဖို့ အကောင်းဆုံးပစ်မှတ်ဖြစ်တဲ့ ရွှီဇီယန်ကို သူဒီလိုလုပ်မှာမဟုတ်ဘူး။

"အင်း၊ မင်းဒီကိုရောက်နေပြီးပြီကို မှင်တက်နေသေးတယ်" ရွှီဇီရုန်ဟာ နှစ်ကြိမ်တောင် အာရုံမစိုက်နိုင်တာကို မြင်လိုက်ရသောအခါတွင် ရွှီဇီယန်မရယ်ဘဲမနေနိုင်ချေ။

"အာ? ဘာမှမဟုတ်ပါဘူး" ရွှီဇီရုန် အာရုံစိုက်ဖို့ ကြိုးစားလိုက်သည်။ ဖြစ်ပျက်နေတာတွေကို သူနားမလည်ပေမယ့် ဒါဟာ ဆိုးရွားတဲ့ကိစ္စတော့ မဟုတ်ဘူး။

သူက ဇီရုန်ရဲ့ခေါင်းကို ချစ်ခင်စွာခေါက်လိုက်ပြီး ရွှီဇီရုန်ကို ရွှီရှောင်ရဲ့ စာကြည့်ခန်းဆီ ခေါ်သွားချင်ခဲ့သည်။

သို့သော်လည်း ရွှီဇီရုန်က ရွှီရှောင်၏ ငြင်းပယ်မှာကို ကြောက်သောကြောင့် ယခုအချိန်တွင် အနည်းငယ် စိုးရိမ်နေသေးသည်။

ရွှီဇီယန်ကတော့ သိပ်ပြီးဂရုမစိုက်ပါဘူး။ ဇီရုန်က ရွှီရှောင်နှင့် နက်နဲသောပြဿနာများ ရှိနေသည်ကို သူသိသော်လည်း ဇီရုန်က ရွှီရှောင်ကိုသတ်ရန် မရည်ရွယ်သ၍ လွန်လွန်ကျူးကျူး မတောင်းဆိုချင်ဘူး...

ရွှီရှောင်၏စာကြည့်ခန်းသို့ပြန်လာပြီးနောက် ရွှီဇီယန်ဟာ ရွှီရှောင်နှင့် လတ်တလောအခြေအနေများကို ဆွေးနွေးခဲ့သည်။ ရွှီဇီယန်ပြန်ရောက်လာတော့ ရွှီရှောင်နဲ့ အချိန်အကြာကြီး စကားပြောဖြစ်သည်။ ခဏအကြာတွင်တော့ တစ်ခုခုမှားနေတာကို သတိပြုမိလိုက်၏။

"ယွမ်မိသားစုရဲ့ သဘောထားကို ကြည့်ပြီးနောက် မော့ရှင်းမြို့ကို သူတို့ထိန်းချုပ်ချင်ပုံမပေါ်ဘူး။ ဒီလိုမှမဟုတ်ရင် အဲ့ဒီပြည်သူ့တွေရဲ့ ကောင်းကျိုးကို ဘာလို့ ဂရုမစိုက်ကြတာလဲ။"

ရွှီရှောင်က ခေတ္တရပ်လိုက်ပြီး "ငါ့မှာလည်း ဒီလိုသံသယတွေရှိပေမယ့် သူတို့က ရွှီမိသားစုကို အရမ်းဖိအားပေးခဲ့တယ်။ တကယ်လို့ သူတို့က ငါတို့ကို ထွက်သွားဖို့ အတင်းအကြပ် မလုပ်ချင်ဘူးဆိုရင် ငါတို့နဲ့ အများကြီး ငြင်းခုံစရာ အကြောင်းမရှိဘူး။"

ရွှီဇီယန်မျက်မှောင်ကြုတ်လိုက်သည်။ တကယ်လို့ အကျိုးစီးပွားကြောင့်သာဆိုရင် သူရင်ဆိုင်ရတဲ့အန္တရာယ်ဟာ သူရနိုင်တဲ့အကျိုးကျေးဇူးတွေထက် ကျော်လွန်နေတာကို တစ်ဖက်ကရှာတွေ့သွားရင် သူသာမရူးရင် နောက်ပြန်ဆုတ်မှာ ။

ယခုတွင်မူ ယွမ်မိသားစုက လုံးဝမတူဘူး။ ရွှီရှောင်၏ပြောပြချက်အရ ယွမ်မိသားစုက ဘာတွေပဲဆုံးရှုံးသွားပါစေ ရွှီမိသားစုကို အဆုံးထိတိုက်ခိုက်ချင်ပုံရသည်။

ဒါက ရွှီဇီယန်၏အမြင်၌ လုံးဝမယုံနိုင်စရာပါပဲ။ သတ္တုသွေးကြောက မည်မျှပင်တန်ဖိုးရှိစေကာမူ မိသားစုမျိုးဆက်ထက်တော့ ပိုအရေးကြီးမည်မဟုတ်ပေ။ မိသားစုထဲက မျိုးဆက်သစ်လူငယ်တွေ မရှိတော့ရင် ဘယ်လိုအမွေတွေကို မျှော်လင့်နိုင်တော့မလဲ။

ဆင်ခြင်တုံတရားရှိသော ခေါင်းဆောင်သာဆိုရင် ထိုသို့သော ဆုံးဖြတ်ချက်ကို မချမှာမဟုတ်ဘဲ၊ ဆင်ခြင်တုံတရားရှိသော မိသားစုသာဆိုရင် သူတို့၏ခေါင်းဆောင်ကို ထိုကဲ့သို့ မိုက်မဲတဲ့ဆုံးဖြတ်ချက်ချတာမျိုး သည်းမခံမှာမဟုတ်ဘူး။

ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုရင်တောင် ဒီအရာက ဖြစ်နေပြီးပြီ ဖြစ်တာကြောင့် တစ်ခုတည်းသောအကြောင်းပြချက်က - အမိန့်ပေးတဲ့သူက သူတို့တွေမလွန်ဆန်နိုင်တဲ့သူပဲဖြစ်လိမ့်မယ်!

ယွမ်မိသားစုတွင် ထိုသို့သောပုဂ္ဂိုလ်တစ်ဦးတည်းသာရှိကာ ထိုသူမှာ ရွှေအမြုတေနှောင်းပိုင်းအဆင့်သို့ရောက်ရှိသွားတဲ့ ယွမ်မိသားစု၏ဒဏ္ဍာရီဘိုးဘေးဖြစ်သည်!

"ယွမ်မိသားစုရဲ့ဘိုးဘေး?" ရွှီဇီယန်က သူ့အတွေးတွေကို ပြောပြလိုက်တဲ့အခါ ရွှီရှောင်က မျက်မှောင်ကြုတ်ပြီး "ဒါဆို သူက အတိအကျဘာလိုချင်တာလဲ?"

ယွမ်မိသားစု၏ဘိုးဘေးများက မျိုးနွယ်စုများရှေ့တွင် နှစ်အတော်ကြာအောင် ပေါ်မလာခဲ့ဘူးဟု ဆိုကြသည်။ ရွှေအမြုတေအဆင့်ကျင့်ကြံသူဟာ သက်တမ်းနှစ်ရာကျော်သာရှိတာကြောင့် အမတဝိညာဉ်အခြေတည်စအဆင့်ကို ဖြတ်ကျော်ရန်သာအာရုံစိုက်သင့်ပြီး အကယ်၍အဲ့ဒီရွှေအမြုတေအဆင့်ဘိုးဘေးသာ မကျော်ဖြတ်နိုင်ပါက သူသေလိမ့်မည်။

"မဟုတ်မှ…" ရွှီဇီယန်၏မျက်ခုံးများ ကွေးသွားကာ ၎င်းဝတ္ထုမှ ဇာတ်ကွက်တစ်ခုကို ရုတ်တရက် သတိရသွားသောကြောင့် ဖြစ်သည်။

ပိုင်ဟွဟာ လျှို့ဝှက်နယ်မြေတွင် ရွှေအမြုတေကျင့်ကြံသူနှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်တုန်းက ပိုင်ဟွကလည်း ရွှေအမြုတအဆင့်ကျင့်ကြံသူဖြစ်ပြီး နှစ်ယောက်စလုံး ကျင့်ကြံခြင်းအဆင့်တူညီကြသည်။ အစပိုင်းတွင် ထိုအဘိုးအိုဟာ အလွန်ဖော်ရွေပြီး ပိုင်ဟွကိုလည်း အလွန်ရိုသေလေးစားသည်။ ထို့နောက် နှစ်ယောက်သား ရွှေအမြုတေနှောင်းပိုင်းအဆင့် တောကောင်ကို အတူတကွ တိုက်ခိုက်ကြသောအခါတွင် ပိုင်ဟွဒဏ်ရာရသွားပြီး အဘိုးအိုဟာ ပိုင်ဟွ၏သွေးအချို့ကို မြင်လိုက်ပြီးနောက် ထူးဆန်းစွာ ပြုမူလာသည်။

သူတို့နောက်ထပ်အန္တရာယ်တစ်ခုထပ်ကြုံလာသောအခါ ထိုအဘိုးအိုဟာ ရုတ်တရက်ပြောင်းလဲသွားပြီး ပိုင်ဟွကို တမင်နာကျင်အောင် လုပ်ခဲ့သည်။ ဒါပေမယ့် ပိုင်ဟွကိုချက်ချင်းမသတ်ခဲ့ပဲ သူဘာကြောင့်ဒီလိုလုပ်ရတာလဲဆိုတာကို စတင်ရှင်းပြခဲ့သည်...

ပိုင်ဟွဟာ ဒီအဘိုးအိုရဲ့တီဖြစ်သည်... ပြီးတော့ ဒီအဘိုးအိုဟာ သူ့ဘဝအဆုံးသတ်ခါနီးအချိန်မှာ ဒီလျှို့ဝှက်နယ်မြေကို ရောက်လာခဲ့ပြီး ဒီလျှို့ဝှက်နယ်မြေက အခွင့်အရေးတွေကို ရှာဖွေရန်ဖိအားပေးခဲ့သည်။
『K: E-Tranထဲမှာ Grand-Grand-Grandsonလို့ ရေးထားလို့ "တီ"လို့ရေးလိုက်တာပါ』

အဲဒီလိုဆိုရင် သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုက အပြန်အလှန် အကျိုးရှိလိမ့်မည်။ သို့သော် ဤအဘိုးအိုက လျှို့ဝှက်ထားသော သင်္ချိုင်းတစ်ခုတွင် လျှို့ဝှက်မန္တန်ကို မြင်လိုက်ရသည်။ ယင်းမှာ လက်ရှိကျင့်ကြံခြင်းအဆင့်ကို ဖြတ်ကျော်ရန် ဆွေမျိုးသားချင်း၏သွေးကို သန့်စင်ခြင်းအကြောင်းဖြစ်သည်။

ထိုအချိန်တုန်းက ဤအဘိုးအို၏ ဆွေမျိုးများအားလုံး ကွယ်လွန်သွားကြပြီဖြစ်သဖြင့် ထိုလျှို့ဝှက်မန္တန်ကို ဂရုမစိုက်ဘဲ ဘုရားသခင်က သူ့ကိုအခွင့်အရေးတစ်ခုပေးပြီး သူ၏သားစဉ်မြေးဆက်ကို တွေ့ခွင့်ရသောကြောင့် သူဘယ်လိုလုပ် မကျေနပ်ပဲနေနိုင်မလဲ?

ဒါဟာ အရှားပါးဆုံး အခွင့်အလမ်း၊ အမတဝိညာဉ်အခြေတည်စအဆင့်ဖြစ်ဖို့ ချောမွေ့တဲ့ လမ်းကြောင်းပဲ ဖြစ်သည်။

အဘိုးအိုက စိတ်လှုပ်ရှားစွာဖြင့် ရွှင်မြူးစွာကခုန်ခဲ့သည်။ ပိုင်ဟွဟာ ဒဏ်ရာအပြင်းအထန်ရခဲ့ပေမယ့် ဇာတ်လိုက်တစ်ယောက်အနေနဲ့ သူဘယ်လိုလုပ် လွယ်လွယ်ကူကူသေဆုံးသွားမှာလဲ။ သူကနဂါးပုံသဏ္ဍာန်ကျောက်စိမ်းပြား၏ စစ်မှန်သောနဂါးသွေးကို အသက်သွင်းခဲ့ပြီး တစ်နေ့လျှင် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။ ၎င်းတွင် အမတဝိညာဉ်အခြေတည်စအဆင့်၏ စွမ်းအားများပါ၀င်ပြီး ပါးစပ်ထဲကနေသွေးတွေ အန်ထွက်လာပြီး အဖိုးအိုဟာ ပိုင်ဟွနဲ့တူညီသော ထောင်ချောက်ထဲသို့ ကျသွားပြီး အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့သည်။

ပိုင်ဟွဟာ ဒီအခွင့်အရေးကို လက်မလွှတ်ခဲ့ဘူး။ အဘိုးအိုကို သူ့ဓားနဲ့သတ်လိုက်သည်။ ထိုအချိန်တွင် ပိုင်ဟွနဲ့ရန်ဖြစ်ခဲ့သော မော့ကျီးယွမ်လည်း ပြန်လာခဲ့သည်။ ပိုင်ဟွ၏ ပြင်းထန်သော ဒဏ်ရာများကို မြင်ပြီးနောက် သူသေလောက်အောင် ကြောက်လန့်သွားပြီး ပိုင်ဟွအား လင်ရှောင်ထျန်ဆီကနေ ထွက်ခွာလိုစေကြောင်းကို ဘယ်တော့မှ မပြောပါဘူးလို့ ကတိပြုခဲ့သည်။ 

ဤအကြောင်းအရာဟာ ဝတ္ထုထဲတွင် အရေးကြီးသော ဇာတ်ကွက်တစ်ခုဖြစ်သည်။ ထိတ်လန့်ပြီးနောက် မော့ကျီးယွမ်ဟာ ပိုင်ဟွကို လင်ရှောင်ထျန်နဲ့အတူ မျှဝေရန် သဘောတူခဲ့ပြီး နောက်ပိုင်းတွင် ရွှီဇီယန်၏ အသွင်အပြင်အတွက်လည်း လမ်းခင်းပေးခဲ့သည်။

ဤအပိုင်းကို ဝတ္ထုထဲတွင် အလွန်အသေးစိတ်ဖော်ပြထားသောကြောင့် ဤဇာတ်ကွက်ကို ရွှီဇီယန် ရုတ်တရက်စဉ်းစားမိခဲ့သည်။ သင်္ချိုင်းအတွင်းသို့ ဝင်သွားသောအခါတွင် လူ ၃ ဦး ရှိပြီး အခြားကျင့်ကြံသူနှစ်ဦးရှိကြောင်း အဘိုးအိုက ပြောခဲ့သည်။ တစ်စုံတစ်ဦးက သူတို့၏သွေးသားတော်စပ်သူများကို စတေးရန် လိုအပ်သောကြောင့် ဒါဟာအလွန်ဆိုးရွားသော မန္တန်ဖြစ်ပြီး ကန့်သတ်ချက်များလည်းရှိသည် - ထိုဆွေမျိုးတော်စပ်သူနဲ့ တိုက်ရိုက်သွေးသားတော်စပ်သူဖြစ်ရမည်၊ ထိုသူ၏စိတ်ဝိညာဉ်သွေးကြောကလည်း ကောင်းမွန်ရမည်၊ ကျင့်ကြံခြင်းအဆင့်မြင့်ရင် ပို၍ကောင်းမွန်းသည်။
『K: 'တိုက်ရိုက်သွေးသားတော်စပ်သူ'ဆိုတာက 'မြေး၊သား၊ မောင်နှမအရင်း၊ အဖေတူအမေကွဲ မောင်နှမတွေ' အဲ့လိုမျိုးကိုဆိုလိုတာပါ၊ 'မရီး၊ခယ်မ၊ ခင်ပွန်း၊ ဇနီး၊ ခဲအို၊ ယောက်ဖ'တွေက အမျိုးပဲတော်ပြီး သွေးသားမတော်စပ်ကြပါဘူး၊ ဒါတောင် ဦးလေး/ဒေါ်လေးအရင်းတို့၊ မောင်နှမတစ်ဝမ်းကွဲတွေ၊ အမေတူအဖေကွဲတွေတောင် သွေးသားတော်စပ်လား မသေချာပါဘူး။ အဖေဘက်နဲ့အမေဘက်နဲ့ ကွဲသွားနိုင်ပါတယ်၊ အများစုကအဖေဘက်သွေးပါတာ များကြလို့ပါ』

အခြေအနေများစွာရှိသောကြောင့် အဘိုးအိုက လျှို့ဝှက်နယ်မြေတွင် ပိုင်ဟွကိုမြင်သောအခါ ဝမ်းသာပီတိဖြစ်ခဲ့ရသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် သူသတိလက်လွတ်ဖြစ်သွားပြီး ပိုင်ဟွ၏ထောင်ချောက်ထဲသို့ ကျသွားသည်။

ယခု ရွှီဇီယန် ထိုအရာကို ခွဲခြမ်းစိတ်ဖြာလေလေ ယွမ်မိသားစု၏ ဘိုးဘေးဖြစ်သူကို သံသယဖြစ်ဖွယ်ရာ တွေ့ရှိလေလေဖြစ်သည်။ ဝတ္ထုထဲက အဘိုးအိုလိုပဲ သူတို့နှစ်ယောက်လုံး ရွှေအမြုတေ နှောင်းပိုင်းအဆင့်မှာ ရှိနေကြပြီး သူတို့နှစ်ယောက်လုံး သေခါနီးမှာ တစ်ခုတည်းသော ခြားနားချက်ကတော့ ဝတ္ထုထဲကအဖိုးအိုဟာ သူ့ရဲ့သွေးသားဆွေမျိုးတွေကို သန့်စင်ဖို့ လွယ်လွယ်ကူကူ ရှာတွေ့ခဲ့ပြီး အဲ့ဒီစိတ်ဝိညာဉ်သွေးကြော ပျက်စီးသွားတဲ့ အကြီးဆုံးသခင်လေးကတော့ အိမ်မှာပဲနာခံမှုရှိရှိ နေခဲ့သည်။ 

ယွမ်မိသားစုမှ ကောလာဟလများနှင့် ပေါင်းစပ်ကာ ရွှီမိသားစု၏ မသေမျိုးအဆင့်သို့တက်လှမ်းနိုင်ခြင်းကို အကြီးဆုံးသခင်လေး စိတ်ဝိညာဉ်သွေးကြော ပြန်ကောင်းဖို့အတွက်လိုချင်နေမှန်း သူခွဲခြမ်းစိတ်ဖြာထားတာကို ပိုမိုယုံကြည်လာသည်။

ထိုသူဟာ သေခါနီးကျင့်ကြံသူဖြစ်ပြီး တစ်ခုတည်းသောအခွင့်အရေးဖြစ်သည့် သူ၏'တီ'ရဲ့စိတ်ဝိညာဉ်သွေးကြောကလည်း ပျက်စီးသွားသည်။ သူအသက်ရှင်ချင်တယ်ဆိုရင် ပထမဆုံးလုပ်ရမယ့်အရာက ဒီ'တီ'ဖြစ်သူကို ကယ်တင်ဖို့ဖြစ်ပြီး ရွှီမိသားစုရဲ့ မသေမျိုးအဆင့်သို့တက်လှမ်းနိုင်ခြင်းက သူ့ရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်လာသည်။

ရွှီဇီယန်ဟာ ရွှီရှောင်အား သူထင်ထားတာတွေကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်တဲ့အခါ ရွှီရှောင်ရဲ့မျက်နှာအမူအရာက မယုံနိုင်လောက်အောင် မည်းမှောင်သွားခဲ့သည်။

မိသားစုတစ်ခုနဲ့တိုက်ခိုက်ခြင်းနှင့် ဆုံးရှုံးမှုတစုံတရာကိုစိတ်မ၀င်စားသော မိသားစုတစ်ခုနဲ့တိုက်ခိုက်ခြင်းက လုံးဝကွဲပြားခြားနားသော အယူအဆနှစ်ခုဖြစ်သည်။

အကယ်၍ ထိုရွှေအမြုတေအဆင့်ဘိုးဘေးက ယွမ်မိသားစုတစ်ခုလုံးကို သူအသက်ဆက်ဖို့ လောင်းကြေးထပ်ရန် ဆန္ဒရှိနေပါက ရွှီမိသားစုက သူ့ကိုတားနိုင်ပါ့မလားဆိုတာ မေးခွန်းတစ်ခု ဖြစ်လာလိမ့်မည်။

ဆိုရိုးစကားအတိုင်း ပူဆွေးနေသော စစ်သားက မုချအနိုင်ရပေလိမ့်မည်။ ဘိုးဘေးကရွှီမိသားစုကို သူ့ရဲ့တစ်ခုတည်းသောမျှော်လင့်ချက်အဖြစ် မှတ်ယူထားတာကြောင့် ရွှီမိသားစုကို ဘယ်လိုလုပ် ဘေးကင်းစွာ ထွက်သွားခိုင်းမှာလဲ။

 ရွှီရှောင်ဟာ ယွမ်မိသားစုက အောင်ပွဲခံတိုက်ပွဲကို လိုချင်သည်ဟု အမြဲယုံကြည်ခဲ့သည်။ သို့သော် သူတို့ကပျက်သုဉ်းမည့်စစ်ပွဲကို ဆင်နွှဲရတော့မည်ကို မသိခဲ့ကြပေ...

ရွှီဇီယန်က ယွမ်မိသားစုဟာ ဘယ်သူ့ကို မှီခိုအားထားနေရတယ်ဆိုတာ နောက်ဆုံးသိလိုက်ရသည်... သူတို့က တတ်နိုင်သမျှ စရိတ်စကဖြင့် တိုက်ခိုက်ရန် စီစဉ်နေခဲ့သည်။

ရွှီရှောင်ကတော့ တစ်စုံတစ်ခုကို ဖော်ထုတ်ရန် ကြိုးစားရင်း တွေးတောနေပုံရသည်။

ဇီယန်ရဲ့ ထင်မြင်ယူဆချက်က မမှန်နိုင်ပေမယ့် ကြိုတင်ပြင်ဆင်တာက အမြဲတမ်း ပိုကောင်း၏။ အဆိုးဆုံးအတွက် ပြင်ဆင်ထားရမည်။

"ဟန့်! သူ့ရဲ့ယွမ်မိသားစုက ရွှီမိသားစုကို အားနည်းတယ်လို့ ထင်နေတာလား။ သူတို့လိုအပ်သမျှကို ငါတို့ကလုပ်ပေးရမှာလား။" ရွှီရှောင် သရော်လိုက်ပြီး သူ့လက်ဖက်ရည်ခွက်ကို အမှုန့်ဖြစ်အောင် ကြိတ်လိုက်၏ "ကောင်းပြီ၊ ဒါဆို ငါတို့ ဘိုးဘေးတွေထားခဲ့တဲ့ ပစ္စည်းတွေကို သုံးရမယ့်ပုံပဲ"

ရွှီဇီယန်ရင်ထဲလှုပ်ခပ်သွားပြီး ကုဗတုံးထဲ သူထည့်ထားသည့် ကျောက်စိမ်းဆွဲပြားကို ရုတ်တရက် သတိရသွားသည်။

ရွှီမိသားစုဟာ မူလကကြီးမားသောနယ်မြေတစ်ခုမှဖြစ်ပြီး နှင်ထုတ်ခံရသူတွေက ပိုမိုကောင်းမွန်စွာ မတိုးတက်သေးသော်လည်း သူတို့မှာလည်း တစ်ခုခုတော့ ရှိနေလိမ့်မည်။ ရွှီမိသားစုဟာ သူတို့၏လျှို့ဝှက်ဆန်းကြယ်သော အခင်းအကျင်းဖြင့် ဤအချက်ကို သက်သေပြခဲ့သည်။

ရွှေအမြုတေအဆင့်ဘိုးဘေးက ရွှီမိသားစုကို သာမန်မိသားစုငယ်အဖြစ်သာ မှတ်ယူပါက ဆုံးရှုံးမှုကြီးကြီးမားမား ခံစားရလိမ့်မည်။ သို့သော် ရွှီဇီယန်က ထိုနည်းလမ်းကို နှစ်သက်သည် - အကယ်၍ ယွမ်မိသားစုကို စံနမူနာပြနိုင်လျှင် လူအများက ရွှီမိသားစုထံမှ တစုံတခုကို လိုချင်ပါက နှစ်ကြိမ်လောက်ပြန်လည်စဉ်းစားရပေမည်။

"ရန်သူတိုက်ခိုက်တယ်!" ကောင်းကင်ယံထက်မှ အက်ကွဲသောအသံ ထွက်ပေါ်လာ၏။ 

ကျယ်လောင်သော ပေါက်ကွဲသံနဲ့အတူ ရွှီမိသားစု၏တံခါးဟာ ရွှေရောင်အလင်းတန်းကြောင့် ကွဲထွက်သွားသည်။

"ရွှီရှောင်အာ ထွက်လာပြီးသေလိုက်တော့!" ဆံပင်နီနှင့် အဖြူရောင်ဝတ်စုံဖြင့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူဟာ လေထဲတွင် ရပ်နေ၏။ ထိုသူဟာယွမ်မိသားစု၏ လက်ရှိခေါင်းဆောင် - ယွမ်ဖုန်းဖြစ်ပြီး လူလတ်ပိုင်းအရွယ် ရွှေအမြုတေကျင့်ကြံသူဖြစ်သည်။

"ခေါင်းဆောင်တစ်ယောက်အနေနဲ့ မင်းရဲ့အပြုအမူက ရိုင်းစိုင်းပါလား။" အနောက်ဘက် ကျင့်စဉ်ကျမ်းအဆောက်အအုံဘက်မှ အသံရင့်ရင့် ထွက်ပေါ်လာပြီး အကြီးအကဲလော်ဟာ ဖြည်းညှင်းစွာ လမ်းလျှောက်လာသည်။

သူရှေ့ကို ခြေလှမ်း လှမ်းလိုက်သည်နှင့်အမျှ သူ၏အိုမင်းနေတဲ့ခန္ဓာကိုယ်ဟာ ဖြောင့်စင်းပြီးအရပ်မြင့်လာသည်။ သူ၏သာမာန် ပေါ့ပေါ့ပါးပါးပုံစံ ပျောက်ကွယ်သွားကာ ကြီးစိုးပြီးရန်လိုပုံပေါ်လာသည်။ ဤအခိုက်အတန့်၌ အကြီးအကဲလော်ဟာ ကျင့်ကြံသူပုံစံမပေါက်တော့ပဲ တိုက်ပွဲတွင် သတ်ရန်အသင့်ရှိနေသည့် ဗိုလ်ချုပ်တစ်ဦးနဲ့တူနေသည်။

"ဘယ်လိုတောင် လွမ်းမိုးနိုင်တဲ့ စိတ်ဝိညာဉ်စွမ်းအားလဲ!" ယွမ်ဖုန်းဟာ အာမေဋိတ်အသံထွက်သွားသည်။

『K: ရွှီဇီရုန်ဟာ ရွှီမိသားစုရဲ့ အခင်းအကျင်းကြီးထဲ ဝင်နိုင်သွားတာက ရွှီဇီယန်နဲ့သွေးစာချုပ်ချုပ်ထားပြီး သူတို့ရဲ့သွေးတွေက ဆက်နွယ်တာကြောင့်လို့ထင်ပါတယ်၊ ကေလည်းသေချာမသိပါဘူး။ 
နောက်ထပ်တစ်ခု ယွမ်မိသားစုရဲ့ အကြီးဆုံးသခင်လေးဟာ သူ့ရဲ့စိတ်ဝိညာဉ်သွေးကြောကို သူ့ဟာသူဖျက်ဆီးတယ်ဆိုတာ အရှေ့ပိုင်းတွေမှာ ပါခဲ့ပါတယ်။ အဲ့ဒါကသူဟာ သူ့ဘိုးဘေးက သူ့ကိုစတေးမယ်မှန်း သိတာကြောင့် တမင်ဖျက်ဆီးလိုက်တာဖြစ်နိုင်တယ်။』


#TK