Chapter 147
Viewers 23k

Chapter 147


"ဟန့်!" အချိန်အတော်ကြာ နောက်ခံအဖြစ်သရုပ်ဆောင်ခဲ့သော ရွှီဇီရုန်ဟာ အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ့တစ်ကိုယ်လုံး၌ လူသတ်ချင်စိတ်ကို အပြည့်အဝ လွှတ်ထုတ်လိုက်သည်။ သွေးပင်လယ်နှလုံးကျင့်စဉ်မှယူဆောင်လာသော လူသတ်ချင်သည့်အရှိန်အဟုန်ဟာ စိတ်ကို တုန်လှုပ်သွားစေခြင်း၏ ထပ်လောင်းအကျိုးသက်ရောက်မှုရှိသည်။ ယွီဟော်၏ ကျင့်ကြံခြင်းအဆင့်မှာ နိမ့်ကျနေဆဲဖြစ်ပြီး အခန်းတစ်ခုလုံး သွေးများဖြင့် ပြည့်လျှံသွားသလိုကို ရုတ်တရက် ခံစားလိုက်ရသည်။

"ဇီရုန်!" ရွှီဇီယန် မျက်မှောင်ကြုတ်ပြီး အော်လိုက်၏။ ရွှီဇီရုန်ဟာ သူ၏ လူသတ်ချင်သည့်အရှိန်အဟုန်ကို အလိုအလျောက် ပြန်ရုပ်သိမ်းလိုက်သည်။

ရွှီဇီယန်က ယွီဟော်ကို တောင်းပန်လိုက်ပေမယ့် အကျိုးဆက်အားလုံးကို သူစဉ်းစားထားပြီးသား - ယွီဟော်ဟာ တကယ်လောဘကြီးတဲ့သူဆိုရင်၊ ချန်းဝမ်အဆောက်အအုံကို စွန့်လွှတ်ရလိမ့်မည်။

ယွီဟော်ဟာ ရွှီဇီယန်ကို တုန်တုန်ယင်ယင် ကြည့်လိုက်ပြီး ရွှီဇီရုန်ကို အခါအားလျော်စွာ စိုက်ကြည့်ကာ သူ့မျက်လုံးများက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

သူကတုံ့ဆိုင်းနေပြီး စကားကို တစ်လုံးချင်းပြောလာသည်။
"ချန်းဝမ်အဆောက်အအုံအတွက် အမြတ်ကို ကျွန်တော်တို့ တစ်ဝက်ဆီခွဲယူကြမယ်။ ရှစ်ရှုန်းကလည်း ချန်းဝမ်အဆောက်အအုံရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ဖြစ်တာကြောင့် သတင်းအားလုံးကို သေချာပေါက် သိခွင့်ရလိမ့်မယ်။"

ရွှီဇီယန်၏ မျက်ခွံများ လှုပ်ယမ်းသွားပြီး ယွီဟော်အပေါ် အကြည့်များ ပြောင်းလဲသွားပြန်သည်။ ယွီဟော်ဟာမည်မျှအကျိုးရှိမည်ကို မသိဘူးဆိုတာ သူမယုံဘူး၊ ပြီးတော့ သူကတိပေးထားပြီးဖြစ်သည့်အတွက် ဒါကသူ့ကို ယုံကြည်ထိုက်သူ ဖြစ်လာစေသည်။

ရွှီဇီယန်ဟာ သူ၏ယခင်ဘဝက ကုမ္ပဏီတစ်ခုကိုလည်း လည်ပတ်ခဲ့သည်။ ကြီးကြီးမားမားမဟုတ်ပေမယ့် လုပ်ဖော်ကိုင်ဖက်ရွေးချယ်ရာမှာ အမြဲသတိထားရသည်။ မကောင်းမှု ကျူးလွန်သည့်ကုမ္ပဏီတွေအတွက် ကောင်းမွန်သည့်စည်းကမ်းချက်တွေ ချမှတ်ထားရင်တောင် ပူးပေါင်းဆောင်ရွက်ဖို့ ဘယ်တော့မှ သဘောတူမှာ မဟုတ်ပါဘူး။ ပထမနေရာမှာသာ သတိမထားမိရင် နောက်ပိုင်းမှာ မတော်တဆမှုတွေကို ရှောင်နိုင်မှာ မဟုတ်ပါဘူး။ ထိုကုမ္ပဏီများဟာ ယခင်က စာချုပ်များကို ဖောက်ဖျက်ရန် လုပ်ဆောင်နိုင်သောကြောင့် သစ္စာဖောက်ခံရမည်မဟုတ်ကြောင်း မည်သူသိမည်နည်း။ အခြေအနေတွေ ဘယ်လောက်ပဲ ကောင်းနေပါစေ မပြည့်စုံရင် အချည်းနှီးဖြစ်နေတုန်းပါပဲ။ ထို့ကြောင့် သူဟာအမြတ်နည်းသည့်တိုင် ယုံကြည်စိတ်ချရသော ကုမ္ပဏီအချို့ကို ရှာဖွေနိုင်သော်လည်း အနည်းဆုံး အာမခံချက်ရှိမည်ဖြစ်သည်။

"နောက်ဆုံးတော့ မင်း တစ်စုံတစ်ခုကို သင်ယူလိုက်နိုင်ပြီပဲ!" ရွှီဇီရုန်က မျက်မှောင်ကြုတ်နေသည့် မျက်ခုံးတွေကို ဖြေလျှော့ပြီး ယွီဟော်ကို အေးစက်စွာ ကြည့်လိုက်သည်။

ယွီဟော်တုန်လှုပ်သွားပြီး ရွှီဇီရုန်ကို မကြည့်ဝံ့ပဲ အဝေးကို အမြန်အကြည့်လွှဲလိုက်သည်။

သူ၏ကျင့်ကြံခြင်းအဆင့်က ရွှီဇီယန်ထက် နိမ့်ပါးသည်မှာ ထင်ရှားသော်လည်း ရွှီဇီရုန်ဟာ ရွှီဇီယန်ထက် များစွာ ကြောက်စရာကောင်းသည်ဟု ယွီဟော်ထင်မိသည်။ ဒါကလည်း ရွှီဇီယန်ကို အနာဂတ်မှာ ပိုအားကိုးမယ်လို့ ဆုံးဖြတ်စေခဲ့ပါသည်။

ရွှီဇီရုန်ဟာ ပြင်းထန်သော သားရဲတစ်ကောင်ဖြစ်ပြီး သူ့အစ်ကိုကသာ ထိန်းချုပ်နိုင်သည်ကို သူမြင်ရသည်။ သူ့မှာ ရွှီဇီယန်နဲ့ ပူးပေါင်းပြီးကတည်းက သူ့ကို သစ္စာဖောက်ဖို့ ဘယ်တော့မှ မတွေးခဲ့ဘူး။ မဟုတ်ရင် ရွှီဇီရုန်က ဘယ်လောက်ထိပဲ ပိုင်ဆိုင်ထားပါစေ ယွီဟော်ကို သတ်ပစ်မှာ သေချာပါသည်...

နှစ်ယောက်သား ခဏလောက် စကားစမြည်ပြောပြီး ယွီဟော်ထွက်သွားတော့သည်။ ရင့်ရွဲ့မြို့မှာ လှည့်လည်သွားလာနေသည့် ရည်ရွယ်ချက် နှစ်ခုကတော့ တစ်ခုက ရန်ပုံငွေရှာဖို့နဲ့ နောက်တစ်ခုက နာမည်ဂုဏ်သတင်းကို တည်ဆောက်ဖို့ဖြစ်သည်။

ယခုတော့ သူ့အား စိတ်ဝိညာဉ်ကျောက်တုံးများစွာ ပေးခဲ့သော ရွှီဇီယန်၏ ပံ့ပိုးမှုဖြင့် ရန်ပုံငွေရှာရန် စိတ်ပူနေစရာ မလိုတော့ပေ။ ပြီးတော့ သူ့နာမည်ဂုဏ်သတင်းကိုလည်း တည်ဆောက်ဖို့ အချိန်ယူရလိမ့်မည်။ အရင်းအမြစ်များရှိခြင်းက ကောင်းမွန်သောအစပြုခြင်းဖြစ်လိမ့်မည်။ သူချန်းဝမ်အဆောက်အအုံကို တည်ထောင်ပြီးသည်နှင့် တဖြည်းဖြည်း ဖောက်သည်များ ရှိလာမည်ဖြစ်သည်။

ယွီဟော်ထွက်သွားပြီးနောက် ရွှီဇီယန်က ရွှီဇီရုန်အား တစ်ချက်ကြည့်လိုက်ပြီး 
"ကောင်းလိုက်တာ၊ မင်းကို အော်စကာဆုပေးရင်ရော ဘယ်လိုလဲ။" 

ရွှီဇီရုန် မည်မျှအေးသည်ကို သူသိပြီး ရွှီဇီရုန်က ယွီဟော်ကို ရွှီဇီယန်နှင့် ခပ်ဝေးဝေးနေရန် အလိုရှိကြောင်း သဘာဝကျကျ သူသိလိုက်သည်။

"အော်စကာဆု? အဲဒါကဘာလဲ?" ရွှီဇီရုန်လန့်သွားသည်။

"အင်း… လူတွေက သရုပ်ဆောင်ကောင်းရင် အဲ့ဒီဆုကို ရကြတယ်။"

ရွှီဇီယန်က ခေတ်ဘက် အသုံးအနှုန်းများကို မတော်တဆ လွှတ်ခနဲထွက်သွားတာကြောင့် မည်သို့ဆက်လုပ်ရမည်ကို မသိတော့ပါ။

"ကိုကိုက ကျွန်တော့်ကို ဘယ်လိုဆုပေးမှာလဲ။" ရွှီဇီရုန်က သူ့ကိုကို,ကို အနောက်ကနေ ပွေ့ဖက်လိုက်ပြီး အရိပ်အမြွက်အနေဖြင့် သူ့ခါးကို တည့်မတ်လိုက်သည်။

ရွှီဇီယန် ဒေါသထွက်ပြီး သူ့ကို အဝေးသို့ ရိုက်လွှတ်ကာ
"မင်းအတွက်ဆုက မနက်ဖြန်ကနေစပြီး နောက်လအထိ ငါနဲ့မအိပ်ရဘူး။"

ရွှီဇီရုန်: "…"

ချုပ်တည်းမှုဆိုတာကိုမသိတဲ့ ဒီကလေးကို တွန်းထုတ်ပြီးနောက် ရွှီဇီယန်ဟာ ကုလားထိုင်ပေါ်မှာထိုင်ပြီး ဘာဆက်လုပ်ရမလဲ တွေးနေပါတော့သည်။

ပထမဦးစွာ သူတို့လျှိုကွမ်းဂိုဏ်းသို့ ပြန်သွားရမည်ဖြစ်သည်။ ဆိုင်တစ်ဆိုင်ကနေတစ်ဆင့် ဆရာသခင်ထံ စာပို့ထားပြီးဖြစ်သော်လည်း၊ ဆရာသခင်က သူတို့ကိုမတွေ့လျှင် ဘယ်တော့မှ စိတ်သက်သာရာရမည်မဟုတ်ပါ။

ထို့အပြင် သူကကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့၏ အထောက်အထားများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။ လျှိုကွမ်းဂိုဏ်းက များသောအားဖြင့် မိသားစုငယ်များမှ တပည့်များကို လက်ခံလိုစိတ်ရှိသောကြောင့် ကံကောင်းထောက်မစွာဖြင့် ဖန့်ထျန်းရွေ့အတွက် လွယ်ကူသွားမည်ဖြစ်သော်လည်း ကျန်ရင်း၌ နတ်ဆိုးအမြု‌တေရှိသောကြောင့် တရားမျှတသောကျင့်ကြံသူနယ်မြေများတွင် လွတ်လပ်စွာ လျှောက်လှမ်းရန်မှာ အလွန်ခက်ခဲသည်။

သူ၏ကျင့်ကြံခြင်းအဆင့်က ထိုမျှလောက် ထင်ရှားခြင်းမရှိသော်လည်း သဲလွန်စများကို တွေ့ရှိနေရဆဲဖြစ်သည်။ တစ်နေ့တွင် သူကံမကောင်းပါက တရားမျှတမှုအတွက် နတ်ဆိုးကျင့်ကြံသူအားလုံးကို သတ်ပစ်လိုသူနှင့် ကြုံတွေ့ရနိုင်သည်။

ဆရာသခင်ထံ သတင်းပို့ရန် ဂိုဏ်းသို့ပြန်သွားပြီး ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့၏ အထောက်အထားများကို ဖြေရှင်းပြီး လျှိုကွမ်းဂိုဏ်း၌ဆက်နေပြီး အချိန်ဖြုန်းသွားမည်ဖြစ်သည်။

ဤလများတွင် အတွေ့အကြုံများစွာ ရရှိပြီးနောက်၊ ရွှီဇီယန်ဟာ ဂိုဏ်းအတွင်း၌ ကျင့်ကြံရန် ပို၍လုံခြုံသော်လည်း၊ ၎င်း၏အရှိန်အဟုန်က မယုံနိုင်လောက်အောင် နှေးကွေးသွားမည်ကို နောက်ဆုံးနားလည်သဘောပေါက်ခဲ့သည်...

နှိုင်းယှဥ်ကြည့်လျှင်မူ သူတံခါးပိတ်ကျင့်ကြံခဲ့သည်မှာ ငါးနှစ်ရှိပြီဖြစ်ပြီး နောက်ပိုင်းတွင် အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ယျေဘုယျအားဖြင့်ဆိုရင် ဒါဟာ ဆိုးရွားသည့်ရလဒ်မဟုတ်ပေမယ့် လွန်ခဲ့တဲ့လအနည်းငယ်က သူ့အမြတ်နဲ့ နှိုင်းယှဉ်သည့်အခါ…╮(╯_╰)╭

ထားလိုက်ပါ၊ ပြီးတော့ ဤလအနည်းငယ်အတွင်း အဖြစ်အပျက်မျိုးစုံနှင့် အခွင့်အလမ်းများ ရရှိပြီးနောက် သူပိုမိုရဲရင့်လာခဲ့သည်။

သူတို့တွေ ဤလအနည်းငယ်အတွင်း အမြတ်များစွာရရှိခဲ့သည် - ဒြပ်စင်သလင်းကျောက်၊ ငိုကြွေးနာကျည်းနေသောအသီး… ၎င်းတို့အားလုံးက ရှားပါးသောရတနာများဖြစ်ကြသည်။ ဤရတနာများက အမတဝိညာဉ်အခြေတည်စအဆင့်နှင့် အမတဝိညာဉ်ဖွံ့ဖြိုးပြီးအဆင့် ကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။

ဤနှစ်ခုအပြင် အဖြစ်အပျက်တွေသာ မရှိခဲ့လျှင် ကျီကွမ်း၊ ဆက်စပ်သတ္တုရိုင်းများကို ရောင်းချခြင်းမှ ရရှိသော အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး ၆၀၀နဲ့ နှင်းဘောလုံးတို့ကို သူမည်ကဲ့သို့ ရရှိလာနိုင်မှာလဲ။

စည်းစိမ်ဥစ္စာကိုရရှိရန် အန္တရာယ်တွေကို စွန့်စား၍ ခံစားခဲ့ရသည်။ ဝတ္ထုထဲတွင်လည်း ပိုင်ဟွဟာ ထိုရတနာများအားလုံးကို ရယူရန် မရေမတွက်နိုင်သော အန္တရာယ်ရှိသော အခြေအနေများကို ကြုံတွေ့ခဲ့ရသည်။

ရွှီဇီယန်အ‌နေနဲ့ သူဟာအဓိကဇာတ်လိုက်မဟုတ်ကြောင်းသိသည် (မစ္စတာကုဗတုံးလေး ငိုနေသည်…) သို့သော် သူသာ ပျင်းရိသွားမည်ဆိုလျှင် တစ်နေ့တွင် ပိုင်ဟွကို မည်ကဲ့သို့ တိုက်ခိုက်နိုင်မည်နည်း။

ရွှီဇီရုန်နှင့် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် သူကသာ အန္တရာယ်ကို ခံနိုင်ရည်ရှိရမည်။ သူဟာဝတ္ထု၏ အဓိလိုက်ဇာတ်လိုက်များထဲမှ တစ်ဦးလည်းမဖြစ်ချင်သလို ပိုင်ဟွ၏လက်ထဲက အလောင်းလည်း မဖြစ်ချင်ပါ။ ဒီလိုအခြေအနေမျိုးမှာ သူ့အတွက် တစ်ခုတည်းသောနည်းလမ်းက ပိုင်ဟွကို တစ်ချိန်လုံး ဖိနှိပ်ထားဖို့ပါပဲ။ ဒီလိုသာဆိုလျှင် ပိုင်ဟွက ရွှီဇီယန်ကို ဘာမှမလုပ်ခင် အနည်းဆုံး နှစ်ကြိမ်လောက် စဉ်းစားရလိမ့်မည်။

ထိုဝတ္ထု၏ အကြောင်းအရာကို ရွှီဇီယန် သုံးသပ်ကြည့်ရာ ပိုင်ဟွဟာ တက်နိုင်သလောက် ဘယ်သူ့ကိုမျှ မနှောင့်ယှက်တတ်သော်လည်း ဉာဏ်ကောင်းသည်ဟု ထင်မိသည်။ ဟုတ်ပါတယ်၊ သူက ပိုအားကောင်းလာသည့်အခါ မတူညီသည့်ဇာတ်လမ်းမျိုး ဖြစ်နိုင်ပါသည်။ အကယ်၍ ရွှီဇီယန်သာ ပိုင်ဟွ၏ အသက်ကို ခြိမ်းခြောက်နိုင်လောက်အောင် အားကောင်းလာပါက၊ ပိုင်ဟွဟာ ရွှီဇီယန်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပါက အနည်းဆုံး ပြန်လည်စဉ်းစားရပေမည်။

ရွှီဇီယန်အနေနဲ့ ပိုင်ဟွကို တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။ သူနဲ့ ပိုင်ဟွဟာ ဘယ်တော့မှ ဖြတ်လို့မရနိုင်သည့် ပြိုင်မျဉ်းနှစ်ကြောင်း ဖြစ်လိမ့်မယ်လို့ သူအမြဲခံစားရသည်။

ပိုင်ဟွက လင်ရှောင်ထျန်ကို ဖြားယောင်းသွေးဆောင်ပြီး မော့ကျီးယွမ်နှင့် ပေါင်းသင်းကာ သူတို့၏ခံစားချက်များကို ဆော့ကစားရန် ဆန္ဒရှိနေသည်။ အဲဒါက သူတို့တွေရဲ့ကိစ္စပဲ။ သူတို့အားလုံးက သူတို့ဆန္ဒအရ လုပ်ခဲ့တာဆိုတော့ သူဘာလို့ ဝင်စွက်ဖက်ရမှာလဲ။

ပြောရရင် ပိုင်ဟွက သူ့ကို လျစ်လျူရှုထားတာ အကောင်းဆုံးပဲ၊ ဒါပေမယ့် သူတို့အချင်းချင်း တကယ်တိုက်ခိုက်ကျရင် ပိုင်ဟွ သူ့အားသတ်မှာကိုတော့ ဘယ်တော့မှ ခွင့်မပြုနိုင်ဘူး။ 

သူ့မျက်လုံးများ မှေးမှိန်သွားကာ ရွှီဇီယန်ဟာ ကျင့်ကြံရန် ဂိုဏ်းထဲတွင် ဘယ်တော့မှ မနေတော့ကြောင်း စိတ်ထဲတွင် မှတ်ထားလိုက်ပြီး ဝေ့ချင်ကိုလည်း သူတို့အဖွဲ့ထဲ ဝင်ခိုင်းသင့်သည်။

ပိုင်ဟွ၏ အစွမ်းထက်ဆုံးလက်နက်မှာ သူ၏နဂါးပုံသဏ္ဍာန် ကျောက်စိမ်းဆွဲသီးဖြစ်မည်ဖြစ်သော်လည်း ကျောက်စိမ်းဆွဲသီးကိုဖွင့်ရန် နဂါးသွေးအစစ်မရှိပါက သူဟာအခြားရတနာများစွာကို လွဲချော်သွားမည်ဖြစ်သည်။

ရွှင်မြူးစွာဖြင့်အစီအစဉ်ဆွဲပြီးနောက် ရွှီဇီယန်ခေါင်းကို မော့လိုက်တော့ ရွှီဇီရုန်၏ကြည်လင်သော အနက်ရောင်မျက်လုံးများက သူ့အားစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

"ဘာဖြစ်တာလဲ?" ရွှီဇီယန် အံ့သြစွာမေးလိုက်၏။

"ဘာမှမဟုတ်ပါဘူး။" ရွှီဇီရုန်က ပြုံးပြီး "ကိုကိုနဲ့ ဒီလို အေးအေးဆေးဆေး နေရတာ ကောင်းတယ်လို့ ကျွန်တော်ထင်မိတယ်။"

ရွှီဇီယန်၏ပါးပြင် အနည်းငယ်ပူလာပြီး သူ့စိတ်ထဲ၌ သီချင်းစာသားတစ်ခု ရုတ်တရက် ပေါ်လာသည် - 'ငါတွေးနိုင်တဲ့ ကြည်နူးဖွယ်အကောင်းဆုံးအရာက မင်းနဲ့အတူ အသက်တွေကြီးသွားဖို့ပဲ'

ရွှီဇီရုန်က ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေကာ နေရောင်၏ အလင်းရောင်ဟာ သူ့မျက်နှာပေါ်တွင် တောက်ပနေပြီး သူ့ကို ရွှေရောင်အလင်းတန်းများ သယ်ဆောင်လာစေသည်။ ထိုသိမ်မွေ့သောမျက်နှာ‌ပေါ်တွင် လျစ်လျူရှုခြင်းတွေမရှိဘဲ သူ့မျက်နှာပေါ်ရှိ ချစ်စဖွယ်အမူအရာကြောင့် အလွန်နူးညံ့သိမ်မွေ့လာပါသည်။

ရွှီဇီယန်က သူ့ကိုခဏလောက် စိုက်ကြည့်ရင်း မတ်တပ်ရပ်လိုက်ပြီး ရွှီဇီရုန်ရဲ့မျက်နှာဆီလှမ်းလာပြီး ပါးပြင်ကိုညင်သာစွာ နမ်းလိုက်သည်။

ရွှီဇီရုန်၏မျက်လုံးများက ရွှင်မြူးမှုများဖြင့် ပြည့်နှက်နေသော်လည်း သူဘာမှမလုပ်ဘဲ မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်ကာ ရွှီဇီယန်၏လက်ဖဝါးနှင့် သူ၏ပါးကို ပွတ်လိုက်သည်။

သူ့လက်ဖဝါးအောက်က အရေပြားက နူးညံ့ပြီး ထိတွေ့ရတာ အရမ်းအဆင်ပြေသည်။ ထိုအရာက ရွှီဇီယန်အားဆွဲဆောင်သွားပြီး ဇီရုန်၏မျက်နှာကို သူ၏ပါးလွှာသော လက်ချောင်းထိပ်များဖြင့် အပြန်ပြန်အလှန်လှန် ပွတ်တိုက်ကာ နီရဲတောက်နေသည့် နှုတ်ခမ်းလွှာများကို ထိတွေ့လိုက်သည်အထိ လှည့်ပတ်နေသည်။

ရွှီဇီရုန်၏နှုတ်ခမ်းများဟာ ပြည့်ပြည့်လေးနှင့် လှပနေပြီး အနီရောင်နှုတ်ခမ်းများက ထူးဆန်းသော ဆွဲဆောင်မှုတစ်ခု ထွက်ပေါ်လာပုံရသည်။ ရွှီဇီယန်ဟာ အများအားဖြင့် အခြားသူများ၏ အသွင်အပြင်ကို သိပ်ဂရုမစိုက်တတ်သောကြောင့် သူဟာ မျက်လုံး သို့မဟုတ် နှာခေါင်း တစ်ခုတည်းကို ကြည့်မည့်အစား လူတစ်ယောက်လုံးကို ခြုံကြည့်လေ့ရှိသောကြောင့် ဖြစ်သည်။

သို့သော် ဤအခိုက်တွင် သူဟာ ရွှီဇီရုန်၏ နှုတ်ခမ်းများကို ကြည့်နေတာ မရပ်တန့်နိုင်ခဲ့ပေ။ နီရဲတောက်ပသော နှုတ်ခမ်းများကို ညှို့ယူစိုက်ကြည့်ရင်း ခေါင်းကိုငုံ့ကာ ညင်သာစွာ နမ်းလိုက်သည်။

ဒါက တကယ့်အနမ်းစစ်စစ်ပါ။ အရင်တုန်းက အနမ်းတွေနဲ့ မတူဘူး။ ဤအနမ်းက ခိုင်မာသော ချစ်ခြင်းမေတ္တာကို သယ်ဆောင်လာကာ ရွှီဇီရုန်ဟာ သူ့ကိုကို၏ ချစ်ခြင်းမေတ္တာကို ပထမဆုံးအကြိမ် ခံစားနိုင်ခဲ့သည်။

သူ့ကိုကိုက သူ့ကို အမြဲတမ်း အလိုလိုက်ပြီး ဂရုစိုက်ခဲ့ပေမယ့် အခုအချိန်တွင် ရွှီဇီရုန်မပြုံးဘဲ မနေနိုင်ခဲ့ဘူး။ နောက်ဆုံးတော့ ကိုကို၏အချစ်က ကြည်နူးဖွယ်ကောင်းသည့် အချစ်မျိုးအဖြစ် ပြောင်းလဲသွားသည်။ သူ့ကိုကို သူ့ကို ချစ်နေသမျှ ကာလပတ်လုံး သူ့ကိုကို,ကို ဘယ်သူမှ လုယူလို့ရမှာ မဟုတ်ဘူး။

"ကိုကို…" ရွှီဇီရုန် ရေရွတ်လိုက်ရင်း အသက်ရှုသံတွေ ပိုမြန်လာပြီး သူ့ကိုကိုအား ကုလားထိုင်ပေါ်လှန်ပြီး တွန်းဖို့ ကြိုးစားပေမယ့် ရွှီဇီယန်ကပြုံးပြီး သူ့လက်ကိုဆုပ်ကိုင်ကာ သူ့နားထဲသို့ တိုးတိုးလေး‌ပြောလာသည်။
"ငါတို့တွေ တစ်ခါ‌လောက် အတူတူရှိခဲ့ဖူးရင် အဲ့ဒါက ထာဝရတည်မြဲနေမှာပါ။ ဇီရုန် မင်းငါ့ကို သစ္စာမဖောက်သ၍ မင်းကိုငါလည်း ဘယ်တော့မှ ထားခဲ့မှာမဟုတ်ဘူး။"

ရွှီဇီရုန် အံ့အားသင့်သွားပြီးနောက် သူဟာ အလွန်ချိုမြိန်သော အပြုံးကို ဖြည်းညင်းစွာ ထုတ်ဖော်ကာ သူ့ကိုကို၏လက်ကို တင်းတင်းဆုပ်ကိုင်ပြီး တီးတိုး‌ပြောလိုက်သည်။

"ကျွန်တော် ကိုကို့ကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။"

ရွှီဇီယန်က ခင်မင်ရင်းနှီးမှု ခံစားချက်ဖြင့် ခေါင်းကို အသာအယာ ပုတ်လိုက်ပြီး "မင်းငါ့ကို သစ္စာဖောက်ရင် မင်းရဲ့တတိယခြေထောက်ကို ငါဖြတ်ပစ်မယ်။"

ရွှီဇီရုန် ရုတ်တရက် အေးစိမ့်သွားသလိုခံစားလိုက်ရပြီး အေးစက်သော ချွေးတစ်စက် သူ့ခေါင်းပေါ်သို့ ကျလာသည်။ သူဟာရွှီဇီယန်၏ ရင်ခွင်ထဲသို့ ဝင်လိုက်ပြီး ကျိန်ဆိုဖို့ လက်ကို မြှောက်လိုက်သည်။
"ကျွန်တော့်ရင်ထဲကနတ်ဆိုးနဲ့ ကျိန်ဆိုပါတယ်။ ဒီဘဝမှာ ကျွန်တော် ကိုကို့ကို သစ္စာဖောက်ခဲ့ရင် ကျွန်တော့်ဝိညာဉ်ဟာ လုံးဝပျက်စီးသွားပြီး ဘယ်တော့မှ ပြန်မဝင်စားပါစေနဲ့လို့ ကျိန်ဆိုပါတယ်။"

ရွှီဇီယန်က သူ့ကို ကြည့်ပြီး ပေါ့ပေါ့ပါးပါးပြောလာသည်။
"ကျိန်စာတွေ ဘာတွေကို ငါအယုံအကြည်မရှိဘူး။ မင်းရဲ့အပြုအမူတွေနဲ့ပဲ ငါဆုံးဖြတ်တာ"

ရွှီဇီရုန် သူ့နှလုံးသားထဲတွင် မီးရောင်လေးကို တိတ်တဆိတ် ထွန်းညှိထားပြီး သေချာသည်မှာ- သူ့ကိုကိုက အလွန်ထက်မြက်သည် သို့သော် သူက ဇီရုန်ကို အလွန်ယုံကြည်တာကြောင့် အမှန်တရားကို အချိန်အတော်ကြာအောင် မသိခဲ့တာပင်။ 

"ကောင်းပြီ မြန်မြန်ထတော့ ငါ့ကိုပွတ်မနေနဲ့ လျှိုကွမ်းဂိုဏ်းကို အမြန်ဆုံးပြန်သွားသင့်တယ်လို့ ငါတွေးထားပြီးသား။ အရာအားလုံးကို ဆရာသခင်ဆီပြောပြရမယ်၊ ပြီးတော့ အတွေ့အကြုံရဖို့ အနောက်ဘက်နယ်မြေကို သွားမယ်။ လျှိုကွမ်းဂိုဏ်းမှာ ကျင့်ကြံတာက အချိန်ဖြုန်းရုံသာမက ထိရောက်မှုလည်း မရှိဘူး။ ပိုင်ဟွရဲ့ လုပ်ငန်းစဉ်ကို အမီလိုက်ချင်ရင် ပိုကြိုးစားရမယ်။ လက်စားချေဖို့ ပိုင်ဟွနဲ့လည်း ရင်ဆိုင်ချင်သေးတယ်မလား။ ပြီးတော့… မင်းက လင်ရှောင်ထျန်နဲ့ မော့ကျီးယွမ်ကိုပါ ပေါင်းထည့်ချင်သေးတယ်ဆိုရင် ငါတို့တွေချည်းပဲ လုပ်လို့မရဘူး။ သေချာအောင် လက်နက်တွေ အလုံအလောက်ရှိရမယ်။"

ရွှီဇီရုန်က မထိန်းနိုင်ပဲ ရယ်မောလိုက်သည်။ သူ့ကိုကိုဟာ ပိုင်ဟွအပေါ် မုန်းတီးမှု မရှိဘူးဆိုတာ သူသိသည်။ အဓိက,ကတော့ သူ့ကိုယ်သူ စိတ်ပူခြင်းသာဖြစ်၏။ ကလဲ့စားချေချင်ရင်တော့ သူ့ကိုကိုက သူ့ကို ထောက်ခံမှာ သေချာပါသည်။ ဒါပေမယ့် တကယ်တော့ သူက ပိုင်ဟွကို မုန်းတီးရုံသာဖြစ်ပြီး သူ့ကို သတ်ချင်တာတော့ မဟုတ်ပါဘူး။

အမှန်တော့ ကျင့်ကြံခြင်းလောကတွင် ခွန်အားဖြင့်သာ တွက်ချက်ကြ၏။ ထိုအချိန်က သူဟာပိုင်ဟွ၏လမ်းကို ပိတ်ဆို့ခဲ့တာကြောင့် ပိုင်ဟွကလည်း သူ့အတွက် ခက်ခဲသောအရာများကို သဘာဝအတိုင်း ပြုလုပ်လိုခဲ့သည်။ သူရှုံးရင် သူ့ကံကြမ္မာကို လက်ခံရလိမ့်မည်။

ရွှီဇီရုန်က ရွှီမိသားစုမှလူများကို အမုန်းဆုံးဖြစ်နေဆဲဖြစ်သော်လည်း သူဟာ ယခင်ဘဝက ကလဲ့စားချေခဲ့ပြီးဖြစ်ပြီး ယခုဘဝတွင် ရွှီမိသားစုက သူ့အတွက် ဆိုးရွားလှသည်တော့မဟုတ်ပေ။ သူ့အရင်ဘဝက ဖြစ်ခဲ့သည့်အရာတွေကြောင့် သူတို့ကို ထိခိုက်နာကျင်အောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး။

ဖြစ်ပျက်ခဲ့တာတွေကို လုံးဝမသိတဲ့သူတစ်ယောက်ကို လက်စားချေဖို့က အဓိပ္ပာယ်မရှိမှန်း သူသိရှိသွားသည်။

ပိုင်ဟွက ဒီဘဝမှာ...

ရွှီဇီရုန်၏မျက်လုံးတွေက သွေးရောင်လင်းလက်သွားပြီး အကယ်၍ ပိုင်ဟွသာ သူ့ကိုရန်လာမစဘူးဆိုရင် သူခွင့်လွှတ်ပေးလိမ့်မည်။ သူ၏တကယ့်ရန်သူမှာ ယခင်ဘဝက ပိုင်ဟွသာဖြစ်ပြီး အရာအားလုံးသာ ယခင်ဘဝ၏ပုံစံအတိုင်း ဖြစ်သွားခဲ့လျှင် ကလဲ့စားချေခြင်းအကြောင်း သူစတင်စဉ်းစားလိမ့်မည်။ သို့သော် သူ့ကိုကို၏အသွင်အပြင်တွေ ပြောင်းလဲသွားပြီးနောက် အရာများစွာသည်လည်း စတင်ပြောင်းနေပြီဖြစ်ပြီး သိသာထင်ရှားသောပြောင်းလဲမှုများကို ကြုံတွေ့ရသည်က သူ၏စရိုက်ပင်။

အရာအားလုံးနီးပါးရှိသည့်လူတစ်ယောက်အနေနဲ့ ပိုင်ဟွဟာ ခပ်ခွာခွာနေနိုင်လောက်အောင် ထက်မြက်တယ်ဆိုရင် ပိုင်ဟွကိုလည်း ဒုက္ခပေးမှာမဟုတ်ပါဘူး။ တကယ်တော့ ထျန်းယွီဂိုဏ်းနဲ့ လျှိုကွမ်းဂိုဏ်းဟာ ရွှမ်းယွိနယ်မြေရဲ့ တစ်ဝက်နီးပါး ပိုင်ခြားထားသည်။ သူ့ကိုကိုနဲ့ နှစ်ကိုယ်တူကျင့်ကြတာက ပိုကောင်း၏။

ဒါပေမယ့် သူသာ ရွှီဇီရုန်ကို နှောင့်ယှက်ဖို့ စိတ်ရှိနေသေးရင်...

ရွှီဇီရုန်၏နှုတ်ခမ်းထောင့်များက အနည်းငယ်ကော့တက်သွားပြီး အေးစက်သောအပြုံးကို ဖော်ထုတ်လိုက်သည်။

သူ့ရဲ့အတိတ်ဘဝအတွက် လက်စားချေခဲ့ရင် သူ့ကိုလာအပြစ်မတင်နဲ့။

ခွပ်!

တစ်ယောက်ယောက်က သူ့ခေါင်းကို ခေါက်လိုက်၏။

ရွှီဇီရုန်က သူ့ကိုကို,ကို ညှိုးငယ်စွာ စိုက်ကြည့်လိုက်သည်။

ရွှီဇီယန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "အဲ့ဒီလိုမရယ်နဲ့စမ်း မင်းက တစ်ယောက်ယောက်ကို အပိုင်ကြံနေသလိုကြီး ထူးဆန်းတယ်။"

ရွှီဇီရုန်: "…"

"ကောင်းပြီ ကျန်ရင်းနဲ့ ဖန့်ထျန်းရွေ့တို့ကို အထုပ်တွေထုပ်ပိုးပြီး ကောင်းကောင်းအိပ်ဖို့ သွားပြောလိုက်။ ငါဆိုလိုချင်တာက ဖန့်ထျန်းရွေ့ တကယ်အိပ်သင့်တယ်။ ကျေးဇူးပြုပြီး ကျန်ရင်းကို သူ့ကိုယ်သူ ထိန်းချုပ်ထားဖို့ သတိပေးလိုက်ဦး။ သူတို့တွေ အလွန်အကျွံလုပ်မိလို့ သေသွားမှာကို မစိုးရိမ်ဘူးလား မသိဘူး။"

ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့ကြောင့် အပြစ်ကင်းစင်နေသော်လည်း အပြစ်တင်ခံခဲ့ရသော ရွှီဇီရုန်: "…"

သူဒေါသထွက်နေသော်လည်း ရွှီဇီရုန်က အေးစက်သောအမူအရာကိုသာ ဆက်လက်ထိန်းထားသည်။ သူထွက်သွားပြီး ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့၏အခန်းသို့လှည့်ကာ "လွန်လွန်ကဲကဲလုပ်မိလို့ သေသွားတော့မယ်" ဆိုသည့်အကြောင်းကို သူတို့နဲ့ကောင်းကောင်းဆွေးနွေးခဲ့သည်။ ရွှီဇီရုန်ထွက်သွားသောအခါ ပါးပြင်တစ်ခုလုံးနီရဲနေသော ဖန့်ထျန်းရွေ့က ကျန်ရင်းကို ကန်ထုတ်လိုက်တော့သည်… 

"ထျန်းရွေ့ ဒါက ငါနဲ့မဆိုင်ဘူးလေ၊ ငါ့ကိုယ်ငါ ဘယ်လိုထိန်းချုပ်ရမှန်းမသိလို့ မဟုတ်ပါဘူး။" နူးညံ့သိမ်မွေ့သောကျန်ရင်းက မျက်မှောင်ကြုတ်ကာ မကျေမနပ်ဖြစ်နေသော အကြည့်က လူအများအား သနားစိတ်ကိုဖြစ်ပေါ်လာစေသည်။

ဖန့်ထျန်းရွေ့က သရော်လိုက်ပြီး "မင်းဘာလုပ်နေလဲ ငါမသိဘူးလို့ မထင်လိုက်နဲ့။ မင်းက သိမ်မွေ့သလို ဟန်ဆောင်နေတာပဲ။ ဒီနေ့ကောင်းကောင်းပြန်စဉ်းစားလိုက်။" ပြောပြီးသွားသောအခါ ကျယ်လောင်သောအသံဖြင့် တံခါးကိုပိတ်လိုက်သည်။

နူးညံ့သိမ်မွေ့သောကျန်ရင်း၏ အပြုံးသည် ရုတ်တရက် အေးခဲသွားသည်။ ခဏကြာတော့ နတ်ဆိုးကျန်ရင်းက ခပ်တိုးတိုးပြောလာသည်။

"ငါတို့လုပ်နေတာကို ထျန်းရွေ့သိမယ်လို့ မင်းကိုပြောသားပဲ။ အဲ့ဒါအားလုံးက မင်းရဲ့အသုံးမကျတဲ့အကြံတွေကြောင့်ပဲ။"

နူးညံ့သိမ်မွေ့သောကျန်ရင်းက သရော်ပြီး "မင်းရဲ့အသံက အဲ့ဒီအကြံကို မနှစ်သက်သလိုပဲနော်။" 

နတ်ဆိုးကျန်ရင်းက အသံတိတ်သွားပြီး ပိတ်ထားသောတံခါးကို ခဏစိုက်ကြည့်ကာ ဒီနေ့တွင် ဖန့်ထျန်းရွေ့က သူ့အား လုံးဝဝင်ခွင့်ပြုမည်မဟုတ်ကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် အောက်ထပ်သို့ဆင်းကာ အခြားအခန်းကို မပျော်မရွှင်ဖွင့်လိုက်ပြီး အအေးခန်း၌ အိပ်ကာ ထိုနေရာတွင် လစ်ဟာမှုကို ခံစားရသည်။ ကျန်ရင်းဟာ သူ့သခင်အား သူ့အစ်ကိုနှင့် တစ်လကြာမနှီးနှောပါစေနဲ့ဟု စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။

နောက်တစ်နေ့နံနက်စောစောတွင် သူတို့အဖွဲ့ဟာ ချွမ်းယွင်စောဖြင့် ရင့်ရွဲ့မြို့မှ ထွက်ခွာခဲ့သည်။

သူတို့ထွက်သွားပြီး မကြာခင်မှာပဲ ဆူဖြိုးသော သူဌေးတစ်ယောက်က ချီစွမ်းအင်စုဆောင်းမှုအဆင့် ၃၊၄ဦးကို ရင့်ရွဲ့မြို့ကနေ ခေါ်ထုတ်သွားရန် ငှားရမ်းခဲ့သည်။ သူတို့က အခြားမြို့သို့ ဈေးထွက်ဝယ်ရန် ထွက်သွားကြ၏။ 

ရက်အနည်းငယ်ကြာပြီးနောက် တိုက်ခိုက်ရေးစင်မြင့်အနီးတစ်ဝိုက်တွင် တိုက်ပွဲအမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာခဲ့သော "ကြွက်" ဟု အမည်ပေးထားသည့် ကျင့်ကြံရေးသမားတစ်ယောက် ပျောက်ကွယ်သွားကြောင်း တွေ့ရှိခဲ့သည်။ တိုက်ခိုက်ရေးစင်မြင့်သုံးခုနောက်ကွယ်က သူဌေးက သူ့ကိုရှာဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်၏။ နောက်ဆုံး၌ သူလက်လျှော့လိုက်သည်။ အဆင့်နိမ့်ကျင့်ကြံသူများဆီမှ ငွေရှာရန် လမ်းပျောက်သွားသောကြောင့် သူတို့ကိုယ်သူတို့ စိတ်မကောင်းဖြစ်ခဲ့ကြသည်။

ချွမ်းယွင်စော၏ အရှိန်ဟာ ပျံသန်းနေသော မှော်လက်နက်များကြားတွင် အလွန်အဆင့်မြင့်မား၏။ ဓားပျံနှင့် မယှဉ်နိုင်သော်လည်း ၎င်း၏ သယ်ဆောင်နိုင်စွမ်းမှာ ဓားပျံထက် များစွာပိုပါသည်။

အများအားဖြင့် သာမန်အဆင့်နိမ့်ကျင့်ကြံသူများက ချွမ်းယွင်စောကို မောင်းနှင်သည့် မည်သူ့ကိုမျှ ရန်မစရဲကြပေ။ ထို့အပြင် ထိုကဲ့သို့သော ပျံသန်းနိုင်သော မှော်လက်နက်များကို အထူးကျင့်ကြံရေးသမားများမှ ပိုင်ဆိုင်လေ့ရှိသည်။ ကြီးမားသောဂိုဏ်းခွဲများ သို့မဟုတ် မိသားစုကြီးများမှသာလျှင် ချွမ်းယွင်စောကို ဝယ်ယူရန် ငွေကြေးအရင်းအမြစ်များရှိ၏။ ထို့ကြောင့် ရွှီဇီယန်နှင့် အခြားသူတို့သည် ချောမွေ့သောခရီးကို လျှောက်လှမ်းခဲ့ကြသည်။

"ငါတို့ မော့ရှင်းမြို့ကို ဖြတ်သွားကြမှာဆိုတော့ မင်းသွားကြည့်ချင်သေးလား။" ရွှီဇီယန်က ရွှီဇီရုန်အား ကြည့်လိုက်၏။

ရွှီဇီရုန်ဟာ ပြန်လည်မွေးဖွားလာသည်ကို သိပြီးနောက် ရွှီမိသားစုအပေါ် သူ၏သဘောထားက သိမ်မွေ့စွာ ပြောင်းလဲသွားခဲ့သည်။ ရွှီမိသားစု ဒုက္ခရောက်ရင် သူ သေချာပေါက် ကူညီမှာပါ။ တကယ်တော့ ရွှီမိသားစုက သူ့အပေါ်မကြင်နာပေမယ့် အဆက်အသွယ်ပြတ်ဖို့ မလိုအပ်ပါဘူး။ ထို့အပြင် သူ့အရင်ဘဝက ရွှီဇီရုန်၏အတွေ့အကြုံတွေက သိပ်မကောင်းပေ။ အဲ့ဒါတွေက သူ့အတွက် နှိပ်စက်မှုတစ်ခု ဖြစ်နိုင်သည်။

"အဆင်ပြေပါတယ်၊ ကိုကိုလည်း ပြန်သွားကြည့်ချင်တယ် မဟုတ်ဘူးလား။" ရွှီဇီရုန် ပြုံးလိုက်၏။ သူ့ကိုကိုရှိနေသ၍ သူအမြဲတမ်း စိတ်ကောင်းဝင်သည်။ ရွှီမိသားစု၏အမြင်မှာ သူက သူစိမ်းတစ်ယောက်ဆိုပေမယ့် – သူက လက်စားချေမည်မဟုတ်သလို ဘာနှောင်ကြိုးမှလည်းမရှိဘူး။

"မင်းဘာမှ မဖြစ်ဘူးလား။" ရွှီဇီယန် အနည်းငယ် အံ့သြသွားသည်။ ရွှီဇီရုန် ဤမျှ သဘောထားကြီးသူဖြစ်မည်ဟု သူမမျှော်လင့်ထားပေ။ သူ၏ထင်မြက်ချက်အရတော့ သူ၏အဖိုးတန်ညီလေးက လွယ်လွယ်နဲ့ ဒေါသထွက်တတ်သည်ကိုပင်…

"ကိုကို့အတွက်ကြောင့် ကျွန်တော် သည်းခံပါ့မယ်" ရွှီဇီရုန်က သူ့ကိုကို ပိုချစ်လာအောင် အခွင့်ကောင်းကို ဆုပ်ကိုင်လိုက်၏။

ရွှီဇီယန်၏နားများ အနည်းငယ်နီနေပြီး အကြောင်းအရာပြောင်းရန် ကြိုးစားရင်း နှစ်ကြိမ်မျှချောင်းဟန့်လိုက်သည်။

ကျန်ရင်းနဲ့ ဖန့်ထျန်းရွေ့ကတော့ ကောင်းကင်ပေါ်မှာ တိမ်တွေ ဘာကြောင့် ဒီလောက်ဖြူနေလဲလို့ အံ့သြတကြီးနဲ့ မျက်နှာလှည့်သွားကြသည်...

ကျန်ရင်း တွေးတောနေသည်က – သူ့သခင်က ပရောပရည်လုပ်ရာမှာ ပိုကောင်းလာတယ်၊ သူလည်း ကျွမ်းကျင်မှုအချို့ကို သင်ယူရမလားပဲ။

နောက်တစ်နေ့ကုန်သွားသောအခါ ရွှီဇီယန် မော့ရှင်းမြို့၏အနောက်ဘက်တံခါးနှင့် မဝေးသောနေရာ၌ ချွမ်းယွင်စောကို ရပ်လိုက်သည်။

မော့ရှင်းမြို့ ဝေဟင်ပိုင်နက်တွင် တားမြစ်ပိတ်ပင်ထားခြင်းမရှိသော်လည်း သူပြန်လာခြင်းအကြောင်းကို လူအများမသိစေချင်ပေ။

မြို့ထဲသို့ ခြေလျင်ဝင်ပြီးနောက် ဂိတ်စောင့်မရှိသဖြင့် မည်သူမဆို ဝင်နိုင်သည်။

ရွှီဇီယန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။ လျှိုကွမ်းဂိုဏ်း၏ ဆက်စပ်မိသားစုတစ်ခုအနေဖြင့် ရွှီမိသားစုဟာ မော့ရှင်းမြို့ကို အကြွင်းမဲ့ ချုပ်ကိုင်ထားပြီး ရွှီမိသားစုသည်လည်း မြို့၏ပိုင်ရှင်ဖြစ်သည်ဟု ဆိုကြသည်။ မြို့တော်ကို စီမံခန့်ခွဲရတာ အရမ်းကောင်းပြီး ဂိတ်မှာစစ်ဆေးသည့် လူတွေ ရှိတတ်ပါသည်။ ဒါပေမယ့်အခုတော့ တံခါး၌ ဘယ်အစောင့်မှ မရှိထားကြဘူး။

"ဘယ်လိုဖြစ်တာလဲ?" ရွှီဇီယန် ရှုပ်ယှက်ခတ်နေသော ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

လမ်းပေါ်၌အလွန်ဗလာနတ္ထိဖြစ်နေပြီး ဖြတ်သွား‌နေသော လမ်းသွားလမ်းလာများ အားလုံးကလည်း အလျင်အမြန်ဖြင့် သွားလာနေကြသည်။ သူတို့ဟာအားလပ်သည့်ပုံမပေါ်ဘဲ ကြီးကြီးမားမား တစ်ခုခု ဖြစ်ပျက်နေပုံရသည်။

"အဒေါ်၊ မော့ရှင်းမြို့မှာ တစ်ခုခုဖြစ်လို့လား။" ရွှီဇီယန်က ဟင်းသီးဟင်းရွက်ဝယ်နေသည့် အဒေါ်တစ်ယောက်ကို တားလိုက်ပြီး တိုးတိုးလေးမေးလိုက်၏။

အဒေါ်က သူ့ကို ရဲရဲကြီး စိုက်ကြည့်ရင်း "မင်းက ဘယ်သူလဲ။"

"စိတ်မပူပါနဲ့ ကျွန်‌တော်တို့က ဒီအတိုင်းဖြတ်သွားရုံပါ လူဆိုးတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဒီကိုနောက်ဆုံးရောက်ခဲ့တာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပါ။ အဲဒီတုန်းက မြို့က စည်စည်ကားကားရှိနေတုန်းပဲ။ ဒီကလူတွေကလည်း ပျော်ပျော်ရွှင်ရွှင် နေနေကြပုံရတယ်။ ဒါပေမယ့် ဒီနေ့တော့…" နူးညံ့သိမ်မွေ့သော ကျန်ရင်းက နွေးထွေးစွာပြုံးပြီး အဒေါ်၏တင်းမာမှုကို ဖြေလျှော့ရင်း တိုးတိုးလေးပြောသည်။

ရွှီဇီယန်က အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးကို ပေးအပ်ကာ အခွင့်အရေးကို ဆုပ်ကိုင်လိုက်၏။ အဒေါ်ဖြစ်သူဟာ စိတ်ဝိညာဉ်ကျောက်တုံးကို မြင်သောအခါ ရုတ်တရက် သူမမျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ သူမဟာကျန်ရင်း၏လက်ကိုဆွဲကာ သူတို့အား လမ်းကျဉ်းကျဉ်းလေးဆီသို့ ခေါ်ဆောင်သွားပြီး "ငါမင်းတို့ကိုပြောပြမယ်။ အခုမော့ရှင်းမြို့က အရင်တုန်းကလို မဟုတ်တော့ဘူး။" အဲ့ဒီနောက် အဒေါ်က သက်ပြင်းချကာ "အရင်တုန်းက ဒီမြို့ကို ရွှီမိသားစုက ထိန်းချုပ်ထားခဲ့တာ။ ရွှီမိသားစုကလူတွေက ဒီမြို့ကို တကယ်စောင့်ကြပ်ထားပြီး ငါတို့ကိုလည်း အရမ်းဂရုစိုက်ကြတယ်။ ငါတို့မှာ နေ့ရက်ကောင်းတွေရှိခဲ့ကြပါတယ်။ ဒါပေမယ့် ယွမ်မိသားစုရောက်လာပြီးကတည်းက အရာအားလုံးပြောင်းလဲသွားခဲ့တယ်။" 

"အိုး? ဘာကြောင့်မတူတော့တာလဲ။ ဒီယွမ်မိသားစုက သူတို့ဒီကိုရောက်လာတာနဲ့ ပြဿနာရှာကြလို့လား။" ရွှီဇီယန်က စိတ်ဝင်တစား မေးသည်။

"အဲဒီလိုတော့ မဟုတ်ဘူး…" အဒေါ်က ခေါင်းခါကာ "တကယ်တော့ ဘာဖြစ်ခဲ့တာလဲဆိုတာ အတိအကျ မပြောနိုင်ဘူး။ ယွမ်မိသားစု ရောက်လာကတည်းက မြို့တွင်း ငြိမ်သက်ခြင်း မရှိတော့ဘူး။ ရံဖန်ရံခါ ကျင့်‌ကြံရေးသမားတွေ တိုက်ခိုက်နေကြတယ်။ တိုက်ပွဲတွေပြီးရင် လူတော်တော်များများက သူတို့လက်အောက်မှာ သေဆုံးသွားကြတယ်…" အဒေါ်ဖြစ်သူက အဖြစ်အပျက်ကို ပြောရင်း သက်ပြင်းချလိုက်သည်။

#TK