Chapter 139
Viewers 23k

Chapter 139


ဝိညာဉ်ကြောချဲ့ထွင်ခြင်း နှောင်းပိုင်းအဆင့်ကို ခြေလှမ်းတစ်ဝက် ရွှေအမြုတေဟုခေါ်သည်။ ဝိညာဉ်ကြောချဲ့ထွင်ခြင်း နှောင်းပိုင်းအဆင့်ကို ဖြတ်ကျော်သည့်အချိန်တွင် ရွှေအမြုတေ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ခံစားရနိုင်သည်။ ဤကဲ့သို့သော ထိုးထွင်းအသိဉာဏ်မှတစ်ဆင့် ရွှေအမြုတေအဆင့်ကိုဖြတ်ကျော်လာသော ကျင့်ကြံသူများသည် သူတို့၏အောင်မြင်မှုနှုန်းကို တိုးမြင့်စေနိုင်သော်လည်း မတူညီသော ခံယူချက်များအရ လူတစ်ဦးစီသည် တိုးတက်ပြောင်းလဲနိုင်သည့် အခွင့်အလမ်းများ မတူညီကြပေ။

"ကျန်ရင်းနဲ့ ဖန့်ထျန်းရွေ့တို့ကိုလည်း အသုံးပြုခွင့်ပေးလို့ ရလောက်တယ်။" ရွှီဇီယန် ရုတ်တရက် ပြောလိုက်၏။

"ကောင်းပြီ" ရွှီဇီရုန်ညင်သာစွာပြုံးပြီး သဘောတူလိုက်သည်။

ဒီရက်တွေအတွင်း အခက်အခဲအားလုံးကို ကျော်ဖြတ်၍ ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့သည် ရွှီညီအစ်ကိုများ၏ ထောက်ခံမှုကို အခြေခံအားဖြင့် ရရှိခဲ့ကြသည်။ ဒြပ်စင်ငါးမျိုးသလင်းကျောက်သည် အဖိုးတန်သော်လည်း ယုံကြည်စိတ်ချရသော လက်အောက်ငယ်သားများ၏ စိတ်နှလုံးကို အနိုင်ယူရန် စရိတ်စက ပိုမိုထိရောက်မည်ဖြစ်သည်။ ဒါ့ပြင် ရွှီဇီရုန်၏စရိုက်အရ သူ့ကိုကိုနဲ့ သွေးစာချုပ်ချုပ်ပြီးကတည်းက ကျန်ရင်းအပေါ်မှာလည်း အရံအစီအစဉ်အချို့ကို ဘယ်လိုလုပ် မထားဘဲနေရမှာလဲ?

သူချထားသည့်အရာကို မနှိုးဆွထားသရွေ့ ကျန်ရင်းကို ထိခိုက်ပျက်စီးစေမှာ မဟုတ်ပါဘူး၊ ဒါကြောင့် သူသတိထားမိမှာကိုလည်း စိုးရိမ်နေစရာမလိုပါဘူး။

ရွှီညီအစ်ကိုများသည် ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို ထုတ်ယူပြီးနောက် အနီးအနားရှိ ဥမင်လိုဏ်ခေါင်းနံရံများတွင် မြှုပ်နှံထားသည့် သတ္တုရိုင်းမျိုးစုံကို တူးဖော်ရန် ကြိုးစားကြသည်။ ၎င်းဆက်စပ်သတ္တုများ၏ ဈေးနှုန်းများသည် ကွဲပြားပြီး ပမာဏများစွာရှိခဲ့သည်။ ဆက်စပ်သတ္တုများအားလုံးကို တူးဖော်ရန် နှစ်ရက်နီးပါး အချိန်ယူခဲ့ရသည်။

အမျိုးမျိုးသော ရှားပါးသတ္တုရိုင်းများသည် အိတ်တစ်လုံး ပြည့်လုနီးပါး မြင်လိုက်ရသောအခါ ရွှီဇီယန်သည် သူ့မျက်နှာပေါ်တွင် ကျယ်ပြောသော အပြုံးတစ်ခုရှိနေသည်။

ဒါက နေ့ချင်းညချင်း ချမ်းသာလာဖို့ အကြောင်းပါပဲ။

ဒြပ်စင်ငါးမျိုးသလင်းကျောက်မရှိရင်တောင် သူတို့သည် ယင်းသတ္တုရိုင်းများကို ရောင်းချပါက အမတဝိညာဉ်အခြေတည်စအဆင့်အထိ ကျင့်ကြံရန် လုံလောက်သော စိတ်ဝိညာဉ်ကျောက်တုံးများ ရရှိမည်ဖြစ်သည်။ ပြီးတော့ သူတို့လေးယောက်စလုံးလည်း အတူတူပါပဲ။

ဟုတ်ပါတယ်၊ ဒါက အကောင်းဆုံးအခြေအနေတစ်ခုပါပဲ။ အမှန်မှာ စိတ်ဝိညာဉ်ကျောက်တုံးများနှင့်ပင် သူ၏ကြန့်ကြာ‌နေသည့်အဆင့်ကို ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။ ထို့အပြင် လူတစ်ဦးသည် စိတ်ဝိညာဉ်ကျောက်တုံးများကို အကန့်အသတ်မရှိ မစုပ်ယူနိုင်ခြင်း သို့မဟုတ် သူသည် ပြန်မကောင်းနိုင်သောပျက်စီးမှုများကို ပျိုမြစ်နုနယ်ခြင်းနယ်ပယ်များတွင် ချန်ထားခဲ့နိုင်သည်။

သူ့အိတ်ထဲကို သတ္တုရိုင်းများဖြည့်ပြီးနောက် ရွှီဇီယန်သည် ပျော်ရွှင်မှုအပြည့်ဖြင့် မြေအောက်ဥမင်လိုဏ်ခေါင်းမှ တက်လာသည်။

သုံးရက်လောက်ကြာတော့ ရွှီညီအကိုတွေအကြောင်း ဘာသတင်းမှမကြားရသေးပေ။ ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့ကို ယခင်ကသတိပေးခဲ့ဖူးသော်လည်း စိုးရိမ်နေကြဆဲဖြစ်သည်။

"ဟင်?" ဂူပေါက်ဝမှ ထွက်သွားသည်နှင့် မဝေးလှသောနေရာမှ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။

ရွှီဇီယန်၏ပျော်ရွှင်မှုသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူ့ရဲ့ကောင်းမွန်နေသည့်စိတ်ထားတွေ အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

"ငါကြည့်လိုက်မယ်။" ထိုသို့ပြောပြီးနောက် သတ္တုဥမင်လိုဏ်ခေါင်းအဝင်ပေါက်ဆီသို့ ပြေးသွားခဲ့သည်။

စိတ်ဝိညာဉ်စွမ်းအင်လှိုင်းဖြင့် ရွှီဇီရုန်သည် ထိုနေရာတွင် တိုက်ခိုက်နေကြသူများ၏ ကျင့်ကြံခြင်းအဆင့်သည် ကျန်ရင်းနှင့် ဆင်တူသည်ဟု ကောက်ချက်ချကာ လှုပ်ရှားရန် အလျင်စလိုမလုပ်ခဲ့ပေ။ ယင်းအစား သူသည် သွေး‌တောကောင်နှစ်ကောင်ကို ထုတ်လိုက်ပြီး သူတို့တူးထားသော ဂူကိုဖုံးရန် မြေဆီလွှာကို အသုံးပြုခဲ့သည်။

သူတို့နှစ်ဦးသည် အခြေခံအားဖြင့် ဒီသတ္တုရိုင်းများအားလုံးကို တူးဖော်ခဲ့ကြပြီး အချို့ကျန်ရှိနေလျှင်ပင် အခြားသောဒြပ်စင်ငါးမျိုးသလင်းကျောက်များ ရှိနေရန်မဖြစ်နိုင်ပေ။

အကယ်၍ ရွှီဇီရုန်သာ ဤဒြပ်စင်ငါးမျိုးသလင်းကျောက်ကို ရောင်းချလိုပါက နေရောင်မရှိသောမြို့မှလူတိုင်းကို သိစေမည်ဖြစ်သည်။ သို့သော် သူ့ကိုကိုအတွက် သူထိုအရာကို သဲလွန်စပင်မချန်ခဲ့ချင်ပါ။ သိတဲ့သူနည်းလေလေ ပိုကောင်းလေပါပဲ။

သွေးတောကောင်နှစ်ကောင်သည် ဝင်ပေါက်ကိုဖုံးလွှမ်းသွားသောအခါ၊ ရွှီဇီယန်သည် ထိုနေရာကအငြင်းပွားမှုကို ဖြေရှင်းပြီး ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့နှင့်အတူ သတ္တုတွင်းသို့ ပြန်သွားခဲ့သည်။

ယခုအငြင်းပွားမှုမှာ ကျန်ရင်းကို ဖန့်ထျန်းရွေ့နှင့်အတူ ပြေးလွှားနေသော အမျိုးသမီးကျင့်ကြံသူဟု ပျင်းစရာကောင်းသော ကျင့်ကြံသူသုံးဦးကတွေးမိလိုက်တာကြောင့် သူ့အားလာစနေကြခြင်းဖြစ်သည်။ 

သို့သော် ကျန်ရင်းသည် အကန့်အသတ်မရှိ သည်းခံနိုင်သူ မဟုတ်ပါ။ ဖန့်ထျန်းရွေ့ကလွဲရင် သူ့ကိုယ်သူ မိန်းမအဖြစ်ခံယူဖို့ ဘယ်သူ့ကိုမှ သည်းခံမှာမဟုတ်ပါဘူး။

နှစ်ဘက်စလုံး အချင်းချင်း ရန်ဖြစ်ခဲ့ကြပြီး ကျင့်ကြံသူ သုံးဦးစလုံးက ဖန့်ထျန်းရွေ့အပေါ် ဒေါသတွေဖွင့်ချလိုက်ကြသည်။

ကျန်ရင်းသည် ဒေါသတကြီးဖြစ်နေသော်လည်း သူနှင့်အဆင့်ချင်းညီမျှသော ကျင့်ကြံသူနဲ့ လုံးထွေးသတ်ပုတ်ရတာကြောင့် ဤကျင့်ကြံသူအား လုံးဝမဖယ်ရှားနိုင်ခဲ့ပါ။ 

ဖန့်ထျန်းရွေ့လည်း ဒေါသတကြီး အရိုက်ခံခဲ့ရသည်။ ငရဲမီးလျှံမိစ္ဆာနယ်မြေတွင် ကောင်းစွာမလေ့ကျင့်ခဲ့ပါက၊ သူကောင်းစွာ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။ ကံကောင်းထောက်မစွာ ရွှီဇီယန်က အချိန်ကိုက်ပေါ်လာခဲ့သည်။

သူသည် ဝိညာဉ်ကြောချဲ့ထွင်ခြင်း နှောင်းပိုင်းအဆင့် ရောက်နေတာကြောင့် ဖိအားအနည်းငယ်ကို ထုတ်လွှတ်လိုက်ပြီး ထိုကျင့်ကြံသူသုံးဦး ဆုတ်ခွာသွားခဲ့သည်။ သူတို့ထဲက တစ်ယောက်၏နောက်ကျောကို ကျန်ရင်းဓားနဲ့ထိုးလိုက်၏။ ထိုသူဟာ ဒဏ်ရာအပြင်းအထန်ရသွားပုံရသည်။

ရွှီဇီယန် သူတို့အားလုံးကို မသတ်လိုပါဘူး။ သူတို့‌တွေလည်း ထွက်သွားတော့မှာမို့လို့ ဒီလူတွေဟာ လက်စားချေချင်တယ်ဆိုရင်တောင် သူတို့ရဲ့သဲလွန်စတွေကို ဘယ်တော့မှ ရှာမတွေ့တော့ဘူး။

"ဖြေရှင်းပြီးပြီလား?" ရွှီဇီရုန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"အင်း" ရွှီဇီယန်က ခေါင်းညိတ်လိုက်ပြီး "ဒီမှာရောပြီးပြီလား?"

"ပြီးလုနီးပဲ၊ ဘာပဲဖြစ်ဖြစ် တစ်ယောက်ယောက်က ဒီနေရာကို တွေ့ရင်တောင် ကျွန်တော်တို့ကို ရှာတွေ့မှာမဟုတ်ဘူး။" ရွှီဇီရုန်ကပြောလိုက်၏။

"ဟေး ... ဒီတစ်လအတွင်းမှာ မင်းတို့နှစ်ယောက်က မင်းတို့ရဲ့မူလအဆင့်ကို ချိုးဖျက်နိုင်သွားပြီပေါ့ … နှစ်ကိုယ်တူကျင့်ကြံဖို့အတွက် မင်းတို့တွေက ဟိုအောက်အနက်ကြီးမှာ ပုန်းနေကြတာလား?" ကျန်ရင်းသည် ရွှီဇီယန်နှင့် ရွှီဇီရုန်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

ရွှီဇီယန်ပေါ်လာသောအခါ သူ၏အရှိန်အဝါက သူ့ကို ကြောက်လန့်သွားစေသည်။ ရွှီဇီရုန်ကိုလည်း အချိန်တိုလေးအတွင်း ထပ်ပြီးဖြတ်ကျော်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပါ။

ရွှီဇီရုန်၏နောက်ဆုံးအောင်မြင်မှုသည် သူ့တွင် ရွှီဇီယန်ရှိသောကြောင့်ဆိုတာ ကျန်ရင်းသိထားပြီး သူတို့နှစ်ဦးစလုံးသည် သူတို့၏ယန်ဓာတ်ကိုမဆုံးရှုံးခဲ့ကြသောကြောင့် ပထမဆုံးနှစ်ကိုယ်တူကျင့်ကြံခြင်းက အံ့သြဖွယ်အကျိုးသက်ရောက်မှုများရှိနိုင်သည်။

ဒါပေမယ့် အခုဆို သူတို့ရဲ့နောက်ဆုံးအောင်မြင်မှုဟာ တစ်လပဲရှိသေးတယ်၊ နေ့ရောညပါ နှစ်ကိုယ်တူကျင့်ကြံရင်တောင် ဒီအဆင့်ကို မရောက်သင့်ဘူးမလား?

ကျန်ရင်းသည် ယခင်က ဝယ်ယူမှုနဲ့ပတ်သတ်ပြီး တာဝန်ယူခဲ့သဖြင့် သူတို့၏အိတ်ကပ်ထဲတွင် စိတ်ဝိညာဉ်ကျောက်များနှင့် ဆေးပြားမည်မျှရှိသည်ကို အတိအကျသိရှိခဲ့သည်။ ပျိုမြစ်နုနယ်ခြင်းနယ်ပယ်ပေါ်ရှိ စိတ်ဝိညာဉ်ကျောက်တုံးများ၏ ကြီးမားသော စုပ်ယူမှုလွှမ်းမိုးမှုနှင့် ဆေးလုံးများမှ စုဆောင်းထားသော အဆိပ်များကို အကန့်အသတ်မရှိ မျိုချခြင်းအား လျစ်လျူရှုထားသော်လည်း သူတို့နှစ်ဦးသည် အချိန်တိုတိုအတွင်း ဖြတ်ကျော်ရန် မဖြစ်နိုင်သေးပေ။

"မင်း ဘာတွေ ပေါက်ကရ လျှောက်ပြောနေတာလဲ!" ရွှီဇီယန်ရှက်ပြီး ဒေါသတကြီးအော်လိုက်၏။

ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့သည် ထိုသုံးရက်အတွင်း ဇီရုန်က သူ့အပေါ် ဘာလုပ်ခဲ့သည်ကို သိကြလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း၊ ထိုသို့သောအချက်ကို ကျယ်လောင်စွာကြေငြာလိုက်သောအခါ ရွှီဇီယန် မယုံနိုင်လောက်အောင်ပင် ရှက်သွားခဲ့ရသည်။

"ဟားဟား၊ နောက်တာပါ။" ကျန်ရင်းသည် ရွှီဇီရုန်၏ အပြုံးကို တစေ့တစောင်း မြင်လိုက်ရပြီး သူ့ကျောအေးစက်သွားကာ အမှားကိုပြန်ပြင်ရန် ကြိုးစားလိုက်သည်။

ဖန့်ထျန်းရွေ့က သူ့အင်္ကျီလက်တွေကို တိတ်တဆိတ် ဆွဲလိုက်ပြီး 'ပါးစပ်ပိတ်နေလိုက်တာ ပိုကောင်းတယ်။' ဆိုသည့် အရိပ်အယောင်မျိုးပြလိုက်သည်။

သူတို့ကြားတွင် အလွန်အရှက်သည်းဆုံး ရွှီဇီယန်သည် ကျန်ရင်း၏မရည်ရွယ်ဘဲ ကျီစားခြင်းကြောင့် တကယ်ပင် ရှက်သွားရသည်။ ရွှီဇီရုန်ကတော့ သူ့ကိုကိုအား ထိုကဲ့သို့မြင်ရသည်ကို သဘောကျသော်လည်း သူ့ကိုကိုအား ရှက်သွားစေသည်က အခြားလူတစ်ယောက်ဖြစ်နေသောကြောင့် အနည်းငယ် မကျေမနပ်ဖြစ်နေသေးသည်။

သူက ကျန်ရင်းကို အဓိပ္ပါယ်ရှိရှိ စိုက်ကြည့်ပြီးနောက် သူ့မှတ်စုစာအုပ်ထဲ၌ မှတ်စုလေးတစ်ခုရေးလိုက်သည်…

"သွားကြရအောင်" ရွှီဇီယန်တိုးတိုးလေးပြောလိုက်၏။

ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို ချန်ခွင်အိတ်ထဲမှာ ထည့်မထားနိုင်ဘဲ၊ ဒီအရာကို စျေးကွက်ထဲသို့ ပွင့်ပွင့်လင်းလင်း သယ်ဆောင်လာရတာက သေမင်းကိုဖိတ်ခေါ်နေသလိုပါပဲ။ သူတို့လေးယောက်ဟာ ချီလျန်မိသားစုရဲ့သတ္တုသွေးကြောတွေကနေ မြန်မြန်ဆန်ဆန် ထွက်လာကြသည်။ ကံကောင်းထောက်မစွာ၊ ၎င်းသည် ရှုပ်ထွေးသောသတ္တုသွေးကြောမဟုတ်သဖြင့် ရွှီဇီရုန်ကလည်း လမ်းကြောင်းရှာဖွေရန် သွေးအမြောက်အမြားရခဲ့ပြီး ကျင့်ကြံသူများ၏အာရုံစိုက်မှုမရှိဘဲ ဘေးကင်းစွာ ထွက်ခွာနိုင်စေခဲ့သည်။

အံ့ဩစရာအကောင်းဆုံးကတော့ ကျန်ရင်းသည် သတ္တုသွေးကြောအဝင်ပေါက်အနီး အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးကို ပေါက်ခွဲခဲ့ပြီး ဝင်ပေါက်မှ အရှိန်အဝါအမြောက်အမြားထွက်လာကာ ဝင်ပေါက်ကို စောင့်ကြည့်နေသော အစောင့် ၃ ဦး၏အာရုံကို စွဲဆောင်သွားခဲ့သည်။

"ခွေးကောင်တွေ! မင်းတို့နဲ့ ငါနဲ့ဘာမှမဆိုင်တော့ဘူး။ ဒါဟာ မီးကျောက် အပိုင်းအစလေးတစ်ခုပဲ၊ မင်းတို့က တော်တော်လေးအရှက်မရှိတာဘဲ!" ကျန်ရင်း သူထွက်ပြေးသွားချိန်၌ သူ့ဝေစုကိုမရလို့ ဒေါသထွက်နေသည့် အဖော်တစ်ယောက်လို ကျိန်ဆဲလိုက်သည်။

ကျင့်ကြံသူသုံးယောက်က ဒါကိုမြင်တော့ တစ်ယောက်ကိုတစ်ယောက် ချက်ချင်းကြည့်လိုက်ပြီး သူတို့ရဲ့မူလနေရာကို ပြန်သွားကြသည်။ ထိုသို့သော အရာများသည် သတ္တုသွေးကြောများတွင် ရံဖန်ရံခါ ဖြစ်ပေါ်သည်။ မီးကျောက်မပြောနဲ့ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးအတွက် အချင်းချင်း သတ်ဖြတ်နေကြတာကိုတောင် တွေ့ဖူးကြတာကြောင့် သူတို့အတွက် ဘာမှမဆန်းဘူး။

ရွှီဇီယန်နှင့် အခြားသူများသည် သတ္တုလိုဏ်ခေါင်းမှ ထွက်လာသောအခါ ထိတ်လန့်စွာကြည့်ရင်း၊ သူတို့၏ခန္ဓာကိုယ်များသည် စိတ်ဝိညာဉ်ကျောက်တုံးများ ဖုံးလွှမ်းသွားကာ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များမှာလည်း အလွန်ဖရိုဖရဲဖြစ်နေကြပြီး ကြီးမားသော ဆုံးရှုံးမှုကို ခံစားနေကြရပုံရသည်။

ကျန်ရင်းသည် လျင်မြန်စွာပြေးသွားပြီး သူထွက်သွားသောအခါ၊ ချီလျန်မိသားစုမှကျင့်ကြံသူနှင့် စာရင်းသွင်းရန်မမေ့ခဲ့ပေ။ နေရောင်မရှိသောမြို့၏ အရှင်သခင်အနေဖြင့် ချီလျန်မိသားစု၏ ကျင့်ကြံသူများကို စော်ကားရန် မည်သူမျှမလုပ်ဝံ့ကြပေ။ ထိုသို့သောအရာက သေခြင်းတရားကို ရှာတာနဲ့တူနေလိမ့်မည်။

ရွှီဇီယန်နှင့် အခြားသူများသည် စိတ်အနှောက်အယှက်ဖြစ်ခဲ့ကြသော်လည်း ချီလျန်မိသားစု၏ ကျင့်ကြံသူများကိုလည်း မစော်ကားဝံ့ကြပေ။ သူတို့သည် နာခံမှုဖြင့်စာရင်းသွင်းပြီး သတ္တုတူးဖော်ရန်အတွက် တစ်လထက်ပိုမသုံးစွဲကြောင်း အတည်ပြုခဲ့သည်။ ပြီးတော့မှ သူတို့ကို ထွက်သွားခွင့်ပေးခဲ့သည်။

ကျန်ရင်းသည်လည်း ရွှီဇီယန်နှင့် အခြားသူများထက် ခြေတစ်လှမ်းသာသာရှိပြီး စာရင်းသွင်းပြီးနောက် ချက်ချင်း ထွက်ပြေးသွားကြသည်။

ရွှီဇီယန်၏စာရင်းသွင်းမှုပြီးဆုံးသောအခါတွင် သူတို့တွေဟာ သူ့(ကျန်ရင်း)ကိုမတွေ့ရတော့ပေ။

သို့သော်လည်း ရွှီဇီယန်နှင့် အခြားလူများက သူ့(ကျန်ရင်း)ကို လွှတ်ထားချင်ပုံမပေါ်။ သုံးယောက်သား အနည်းငယ်ဆွေးနွေးပြီးနောက် ကျန်ရင်းနောက်လိုက်သွားကာ သူ့ကိုလိုက်ရှာရန် ဆုံးဖြတ်လိုက်ကြသည်။

ကျင့်ကြံသူသုံးဦးသည် စွက်ဖက်ရန် ရည်ရွယ်ချက်မရှိသဖြင့် အေးစက်စွာ ကြည့်နေခဲ့သည်။ စာရင်းသွင်းချိန်အတွင်း အချိန်အတော်ကြာ နှောင့်နှေးနေပြီး၊ လှပသောကျင့်ကြံသူဟာ မလွတ်မြောက်နိုင်ပါက သူကံမကောင်းတာဟုသာ ဆိုလိုနိုင်သည်။

တစ်ယောက်ကိုတစ်ယောက် သစ္စာဖောက်ခဲ့ကြသည့်လူလေးယောက်ဟာ ပျက်စီးသွားသော သတ္တုသွေးကြောတွေနဲ့ မဝေးသည့်လှိုဏ်ဂူအနီးမှာ အခြေချနေပြီဆိုတာကို ထိုကျင့်ကြံသူသုံးဦးမသိခဲ့ပါ။

ကွဲထွက်နေသော စိတ်ဝိညာဉ်ကျောက်တုံးများသည် အချိန်တိုအတွင်း ဒြပ်စင်ငါးမျိုးသလင်းကျောက်၏ အငွေ့အသက်ကို ဖုံးကွယ်ထားနိုင်သော်လည်း ၎င်းကို စျေးကွက်သို့ ယူဆောင်ခြင်းသည် ပြဿနာများကို ရှာဖွေခြင်းကဲ့သို့ပင် ဖြစ်လိမ့်မည်။

ရွှီဇီရုန်သည် ကုဗတုံးအတွက် ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို ကျွေးရန် စိတ်ကူးထားပြီးဖြစ်သည်။ သို့သော် သူ့ကိုကိုက ကျန်ရင်းနှင့် ဖန့်ထျန်းရွေ့တို့အား ဒြပ်စင်ငါးမျိုးသလင်း‌ကျောက်ဖြင့် စမ်းကြည့်စေချင်သောကြောင့် ကုဗတုံးထဲသို့ တိုက်ရိုက်မထည့်ခဲ့ပေ။

ဘယ်သူမှမရှိသည့် နေရာတစ်နေရာကိုရှာပြီး အခင်းအကျင်းအနည်းငယ်ချထားပြီးနောက်၊ ရွှီဇီယန်က ဒြပ်စင်ငါးမျိုးသလင်းကျောက်ကိုထုတ်ကာ အရာအားလုံးကိုပြောပြခဲ့ပြီး ကျန်ရင်းနဲ့ ဖန့်ထျန်းရွေ့တို့ကို တကယ်စိတ်လှုပ်ရှားစေခဲ့သည်။

ကျန်ရင်းသည် ရွှီဇီရုန်၏ အစေခံတစ်ဦးသာဖြစ်ပြီး ဖန့်ထျန်းရွေ့သည်လည်း သူတို့နှင့်ဘာမှမဆိုင်ပါ။ အကယ်၍ ရွှီဇီယန်က ဒြပ်စင်ငါးမျိုးသလင်းကျောက်အကြောင်းကို သူတို့အားမပြောပြရင်တောင် ထိုအရာဟာ ပုံမှန်အခြေအနေတစ်ခုသာဖြစ်သော်လည်း ရွှီဇီယန်က သူတို့ကို ထိုအကြောင်းနှင့်ပတ်သက်ပြီး လိုလိုလားလား မျှဝေလိုတာကြောင့် သူတို့တွေက အရမ်းစိတ်လှုပ်ရှားသွားကြသည်။

ကျင့်ကြံသူအနေဖြင့် ကျင့်ကြံခြင်းအဆင့်ဟာ အရာအားလုံး၏အရင်းခံဖြစ်ကြောင်း သူဘယ်လိုလုပ် မသိဘဲနေမှာလဲ? ဤကျင့်ကြံခြင်းနယ်ပယ်တွင် ကျင့်ကြံရန် သင့်လျော်သောရတနာများကို မည်သူကဝှက်ထားမှာလဲ? ရွှီဇီယန်သာလျှင် မျှဝေရန် အလွန်ရက်ရောသူ ဖြစ်လိမ့်မည်။

၎င်းနှင့်ပတ်သက်၍ ဖန့်ထျန်းရွေ့သည်လည်း ကျန်ရင်းထက်ပင် ပို၍လေးနက်စွာ ခံစားခဲ့ရသည်။ ပထမဦးစွာ သူသည် မိသားစု၏ဆက်ခံသူအနေဖြင့် လေ့ကျင့်ခံခဲ့ရသည်။ သူသည် ဤရှုထောင့်ကနေ သဘာဝအားဖြင့် ပို၍ခံစားသိနိုင်သည်။ ထို့အပြင် သူနှင့် ရွှီဇီယန်အကြားက ဆက်ဆံရေးသည် အဝေးဆုံးဖြစ်သော်လည်း ကျန်ရင်းနဲ့တန်းတူ တူညီသော ဆက်ဆံမှုမျိုးကြောင့် သူပျော်ရွှင်ရသည်။ သူတကယ့်ကို ကျေးဇူးတင်မိ၏။

ဖန့်ထျန်းရွေ့က အရာရာတိုင်းကို ပြောပြရတာ ကြိုက်သည့်လူမျိုးတော့ မဟုတ်ဘူး။ သူသည် ရွှီဇီယန်ကို လေးလေးနက်နက်ကြည့်ကာ စကားရပ်လိုက်၏။ သူသည် ကျင့်ကြံခြင်းအခြေအနေသို့မဝင်မီတွင် ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို ခဏတာကြည့်ရှုခဲ့သည်။

ကျန်ခဲ့ချင်စိတ်မရှိသော ကျန်ရင်းသည်လည်း လျင်မြန်စွာပင် ကျင့်ကြံခြင်းကိုစတင်လာသည်။ ဒြပ်စင်ငါးမျိုးသလင်းကျောက်မှ ထုတ်လွှတ်သော အရှိန်အဝါသည် သူတို့နှစ်ယောက် ပတ်ပတ်လည်တွင် အာရုံစူးစိုက်လာပြီး မကြာမီတွင် သူတို့ကို အသီးသီးဝိုင်းရံကာ အရှိန်အဝါစက်ဝိုင်းနှစ်ခု ဖြစ်ပေါ်လာသည်။

"ငါတို့ကျင့်ကြံတုန်းကနဲ့ အတူတူပဲလား?" ရွှီဇီယန်က သူတို့နှစ်ယောက်အား စူးစူးစိုက်စိုက်ကြည့်နေ၏။ ရောင်စုံအရှိန်အဝါ စက်ဝိုင်းတစ်ခု လှည့်ပတ်နေသည်။ အလင်းစက်ဝိုင်းသည် လေထုအလယ်တွင် ပျံဝဲပြီး အလင်းစက်ဝိုင်းနှစ်ခုကြားတွင် ရံဖန်ရံခါ ဖလှယ်မှုများရှိနေသည်။

"မဟုတ်ဘူး။" ရွှီဇီရုန်က ပြတ်ပြတ်သားသား ပြန်ပြောသည်။

"ဟင်? ဒါဆို ဘယ်လိုလဲ?" ရွှီဇီယန်ထိတ်လန့်သွားပြီး အရှိန်အဝါစုပ်ယူတာကလည်း ကွဲပြားတာရှိသေးလို့လား?

ရွှီဇီရုန်က ခပ်ရေးရေးပြုံးလိုက်ပြီး "ကျွန်တော်တို့ရဲ့အရှိန်အဝါတွေက တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားတာ"

ရွှီဇီယန် ခဏအကြာတွင် သူတို့နှစ်ဦး၏ အလင်းစက်ဝိုင်းများ ဖလှယ်နေသည်ကို တွေ့လိုက်ရသော်လည်း သူတို့၏အလင်းတန်းများသည် အမြဲတစေ ရောနှောနေ၏။ ဘာအကြောင်းကြောင့်လဲ? ဒီဒြပ်စင်ငါးမျိုးသလင်း‌ကျောက်က ဘယ်သူနဲ့ အလုပ်လုပ်နေတယ်ဆိုတာ သိနေတာ ဖြစ်နိုင်ပါ့မလား?

ရွှီဇီရုန်က သူ့ကိုကို သံသယဝင်နေတာကို သိပြီး ပြုံးပြလိုက်ရင်း "အဲ့ဒါဘာလို့လဲ‌ဆိုတော့ ကျွန်တော့်ရဲ့အသက်ရှူ‌သံတွေက ကိုကို့အပေါ်မှာပြင်းထန်လွန်းလို့၊ ပြီးတော့ ကျွန်တော်တို့ကြားမှာ သွေးစာချုပ်ရှိထားသေးတယ်လေ။ ထိုအရာက အမြင့်ဆုံးအဆင့်တစ်ခုမှာ ရှိနေတာကြောင့် ကျွန်တော်တို့က နှစ်ကိုယ်တူကျင့်ကြံခြင်း စုံတွဲတွေဆိုတာ ဒြပ်စင်ငါးမျိုးသလင်းကျောက်ကို ယုံကြည်စေခိုင်းလိုက်ပြီး ကျွန်တော်တို့နှစ်ယောက်ရဲ့ အလင်းစက်ဝိုင်းတစ်ခုနှင့်တစ်ခုကို ပေါင်းစပ်ခွင့်ပေးလိုက်တာ။ အဲ့ဒါက ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်းကို အကူအညီပေးရုံသာမက ကျွန်တော်တို့ရဲ့ သွေးစာချုပ်ကိုလည်း ပိုမိုနီးကပ်သွားစေတယ်။" 

ရွှီဇီယန် ခဏမျှ နှုတ်ဆိတ်နေပြီး၊ ဒြပ်စင်ငါးမျိုးသလင်းကျောက်သည် သူတို့၏ဆက်ဆံရေးကို အသိအမှတ်ပြုတာကြောင့် အံ့သြသွားသလို ဇီရုန်သည်လည်း သူနဲ့အတူ ပူးတွဲချိတ်ထားပြီးသား ဖြစ်နေသည်...

သူ့စိတ်ထဲတွင် မြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်လာသည် - ရွှီဇီရုန်ဟာ သူ့ကိုယ်သူ ကော်နဲ့ကပ်နေသလို ကိုအာလာ(koala)လိုမျိုး သူ၏နောက်ကျောတွင် စာတန်းတစ်ခုချိတ်ဆွဲထားပြီး ရေးထားသည်က "ရွှီဇီရုန်တစ်ယောက်တည်းအပိုင်!" 

နားထင်ကိုတိတ်တဆိတ်ကိုင်ကာ ထိုပုံရိပ်ကိုစိတ်ထဲမှ ထုတ်ပစ်လိုက်သော်လည်း အကြောင်းတစ်ခုခုကြောင့် အခြားမြင်ကွင်းတစ်ခုပေါ်လာသည်။

အိမ်ဝင်းတစ်ခုအတွင်းတွင် ရွှီဇီယန်သည် အိမ်ဝင်းအထဲမှာ နေထိုင်နေပြီး တံခါးတွင်ရေးထားသည့် သတိပေးစာသားက "အိမ်ထဲမှာ ခွေးဆိုးကြီးရှိသည်၊ သတိထားပါ!"

အဲဒီအခါ ဧည့်သည်ဆိုးက မယုံဘဲ တံခါးကို ကန်လိုက်ပြီး "ရွှီဇီရုန်ကို လွှတ်လိုက်!" လို့ အော်လိုက်၏။

ရွှီဇီယန် သူ့မျက်နှာကို လေးလေးနက်နက် ဖုံးအုပ်လိုက်ပြီး "ဘုရားရေ၊ ဒီမြင်ကွင်းတွေက ဘာတွေလဲ? အဲ့ဒါတွေက ငါ့ခေါင်းထဲရောက်နေတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ?"

"ကိုကို?" ရွှီဇီရုန်က သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေပြီး သူ့ကိုကို ဘာကြောင့် ဒီလိုရုတ်တရက် တုံ့ပြန်လာတာလဲလို့ အံ့ဩသွားသည်။

"ငါအဆင်ပြေပါတယ်။" ရွှီဇီယန် ရှက်ရွံ့စွာ အဝေးကို ကြည့်လိုက်သည်။ ဇီရုန်၏စရိုက်သည် ခွေးတစ်ကောင်ဖြစ်ရန် လုံလောက်သည်ထက်ပိုသည်ဟု သူအမြဲတမ်း ခံစားမိသော်လည်း၊ ထိုသူက သူ၏ညီဖြစ်နေဆဲပင်ဖြစ်တာကြောင့် သူ့အား ခွေးတစ်ကောင်အဖြစ် ဖော်ပြခြင်းသည် စိတ်ကူးကောင်းမဟုတ်ပါ...

ဇီရုန်က စိတ်ရှုပ်ထွေးနေသေးတာကို မြင်လိုက်ရတော့ ရွှီဇီယန်ဟာ ဇီရုန်မှာ နားရွက်နှစ်ဖက်နဲ့ အမြီးလှုပ်နေတာကို တွေးကြည့်ရုံနဲ့ မပြီးနိုင်တော့ဘူး...

"ခွီး…" ထိုပုံရိပ်ကြောင့် သူရယ်မောမိသွား၏။

"ကိုကို ဘာတွေ သေ‌သေချာချာစဉ်းစားနေတာလဲ?"

ရွှီဇီရုန်မပျော်လာတော့ပါဘူး။ သူက သူ့ကိုကိုအားအနောက်ကနေ ပွေ့ဖက်လိုက်ပြီး သူ့လက်ဖျံကို အနည်းငယ် တင်းကြပ်လိုက်တာကြောင့် ရွှီဇီယန် ပြင်းပြင်းထန်ထန် အသက်ရှုကြပ်သွားရသည်။

သန်မာပူနွေးသော အရာဝတ္ထုတစ်ခုက သူ့အပေါ် ဖိထားသလို ခံစားလိုက်ရသဖြင့် ရွှီဇီယန်မရယ်နိုင်တော့ပေ။ ရှက်ကိုးရှက်ကန်းနဲ့ နှစ်ကြိမ်ချောင်းဟန့်လိုက်ပြီး "မင်း မင်း … မင်းကိုယ်မင်း မထိန်းသိမ်းနိုင်ဘူးလား?!"

"မထိန်းနိုင်ဘူး!" ရွှီဇီရုန်က မဆိုင်းမတွ ငြင်းဆိုခဲ့ပြီး "ကျွန်တော် မပျော်တော့ဘူး။ ကိုကိုက ဘာရယ်စရာကြီးလဲဆိုတာ ကျွန်တော့်ကိုမှ သိခွင့်မပေးတာ"

"တကယ်တော့ အဲ့ဒါက ဘာမှမဟုတ်ပါဘူး။ ကြုံရာကျပန်း အတွေးလေးတွေပါ။" ရွှီဇီယန် ဘာလုပ်ရမှန်းမသိတော့ဘူး၊ ဒါက ရွှီဇီရုန်ပုန်ကန်နေတာ ဖြစ်နိုင်လား?

"ကိုကို ဘာတွေပဲတွေးနေပါစေ၊ အဲဒါကိုသိချင်တယ်။ ကိုကို့အကြောင်းအကုန်သိချင်တယ် … ဥပမာ ဟိုးအရင်တုန်းက ကိုကိုပြောခဲ့တဲ့ ဇီယွိ၊ သူက ဘယ်သူလဲဆိုတာ သိချင်တယ်… "

ရွှီဇီယန်: "..."

ချီးပဲ၊ မင်းဆီမှာ ဒီလောက်ကောင်းတဲ့မှတ်ဉာဏ်မျိုး ဘာကြောင့်ရှိနေရတာလဲ? မင်းရှေ့မှာ ဇီယွိအကြောင်းလည်း အများကြီးမပြောဖူးပါဘူး၊ အခုချိန်ထိ သူ့ကို ဘယ်လိုမှတ်မိနေသေးတာလဲ?

ရွှီဇီရုန်အပေါ် လုံးဝရိုးသားပြီးနောက်၊ ရွှီဇီယန်သည် ရွှီဇီယွိ၏တည်ရှိမှုကို သတိရှိရှိဖယ်ထားခဲ့သည်။ သူ့ညီလေးအပေါ် ခံစားချက်မရှိတာ မဟုတ်ပါဘူး၊ ဒါပေမယ့် မသိစိတ်တစ်မျိုးမျိုးက သူ့ကိုမလုပ်တာ ပိုကောင်းလိမ့်မယ်လို့ သတိပေးနေတာကြောင့်ဖြစ်သည်။

သူ့အမြင်အရတော့ သူနဲ့ဇီယွိဟာ ဒီဘဝမှာ ပြန်ဆုံတွေ့ခွင့်မရှိတော့တာမို့ ဇီရုန်ကို စိတ်ရှုပ်ထွေးစေမယ့် ကိစ္စမရှိပါဘူး။ ဇီရုန်မည်မျှပိုင်ဆိုင်လိုစိတ်ကြီးကြောင်း သူကောင်းကောင်းသိသည်။ တစ်ချိန်က သူသည် အရာများစွာကို လျစ်လျူရှုခဲ့သော်လည်း ထိုအရာတွေကို ပြန်တွေးကြည့်သောအခါတွင်၊ ထိုအရာတွေအားလုံးတွင် ဇီရုန်၏အရိပ်အယောင်များရှိခဲ့သည်။

ဥပမာအားဖြင့်၊ သူဟာရွှီမိသားစု၌ရှိစဉ်၊ အချို့သောမျိုးနွယ်စုခွဲကသားသမီးများသည် အစပိုင်းတွင် သူ့ကို အစ်ကိုဟု ခေါ်လေ့ရှိကြသော်လည်း အချိန်တစ်ခုရောက်လာသောအခါ သခင်လေးဇီယန်ဟုသာခေါ်ကြတော့သည်။

အခုစဉ်းစားလိုက်တော့ ဇီရုန်က သူတို့ကို ခြိမ်းခြောက်ထားမယ်ဆိုတာ သေချာသည်။ အဲဒီတုန်းက ဇီရုန်ဟာ တခြားသူတွေအား အနိုင်ကျင့်ရတာကို သဘောကျတာကြောင့် ဇီရုန်ကို အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့ဖူးပြီး အဲ့ဒီအကြောင်းကြောင့် ဖြစ်လိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ဘူး...

ဇီရုန်၏ပိုင်ဆိုင်လိုစိတ်ကြီးမှုကို တွေးတောရင်း ရွှီဇီယန်ခေါင်းကိုက်လာသည်။ ဇီရုန်က "ဇီယွိက ဘယ်သူလဲ?" လို့ မေးမယ်ဆိုတာ ဘယ်တုန်းကမှ မမျှော်လင့်ထားသလို သူလည်း မဖြေနိုင်ခဲ့ဘူး။

ဇီရုန်ကို လိမ်လိုက်သင့်သလား? သွားမနောက်နဲ့‌နော်၊ သူသိသွားရင် နောက်ဆက်တွဲအကျိုးဆက်တွေက ပိုဆိုးလာလိမ့်မည်။

အမှန်အတိုင်းပြောလိုက်ရင်ရော?

ရွှီဇီယန် အမှန်တကယ်ပင် အမှန်အတိုင်းဝန်ခံရန် ပို၍ဝန်လေးနေခဲ့သည်၊ အမှန်အတိုင်းဝန်ခံခြင်းသည် ဇီရုန်အတွက် ပို၍ စိတ်အနှောက်အယှက်ဖြစ်စေသော တောင်းဆိုမှုများပြုလုပ်ရန် အခွင့်အရေးရလိမ့်မည်ဖြစ်သောကြောင့်၊ ဤရှုထောင့်တွင် ဇီရုန်သည် ဆိုးရွားသောမှတ်တမ်းတစ်ခုရှိနေပြီဖြစ်သည်။

ဇီရုန်၏ပိုးပန်းမှုကို သူလက်ခံပြီးကတည်းက ဤအရာသည် အကြိမ်များစွာ ဖြစ်ခဲ့ဖူးသည်။

အခုဇီရုန်သည် တစ်နေရာရာမှာ ဆိုးဆိုးရွားရွား ဆက်ဆံခံနေရပါက သူ့ညီအားနှစ်သိမ့်ဖို့ သေချာပေါက် သူလိုက်သွားလိမ့်မည်။ သူ့ကို နှစ်သိမ့်ပေးပုံက အရမ်းရိုးရှင်းပေမယ့် ရွှီဇီယန်ကို သေလောက်အောင် စိတ်အနှောင့်အယှက်ဖြစ်စေသည်...

သူ့မျက်နှာကို ပြင်းပြင်းထန်ထန် သုတ်ပြီးနောက်၊ ရွှီဇီယန်ဟာ ရွှီဇီယွိအကြောင်း အရာအားလုံးကို ဇီရုန်အားပြောပြလိုက်သည်။

ရွှီဇီရုန်၏မျက်လုံးများသည် ငြိမ်သက်သွားကာ သူ့ကိုကိုတွင် ညီတစ်ယောက်ရှိနေမှန်းသိပြီးတာတောင် သူကစိတ်ဆိုးနေဟန်မရှိပါ။ ထိုအရာကိုမြင်ပြီးနောက် ရွှီဇီယန် သက်ပြင်းကို ခပ်ပြင်းပြင်းချလိုက်သည်။ ဇီရုန်၏ ပိုင်ဆိုင်လိုစိတ် အတိုင်းအတာသည် အမြင့်ဆုံးအထိ တိုးလာနေပြီဖြစ်ပြီး ရွှီဇီယန်လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ၏ကိုယ်ပိုင်အစိတ်အပိုင်းများကို အသုံးပြုခြင်းဖြင့် သူ့ကိုနှစ်သိမ့်ပေးခြင်းပင်ဖြစ်သည်။

"ကိုကို…" ရွှီဇီရုန်သည် သူ့ကိုကို၏ခါးကို ညင်သာစွာ ဖက်လိုက်ပြီး သူ၏မျက်နှာကို ရွှီဇီယန်၏နောက်ကျောဖြင့် ပွတ်သပ်ကာ "ကျွန်တော်စိတ်ဆိုးနေပြီ၊ ကိုကို့မှာ နောက်ထပ်ညီတစ်ယောက်ရှိနေတယ်၊ သူ့အတွက်ဆိုရင် ကိုကိုက ကျွန်တော့်ကို ပစ်သွားမှာလား?"

ရွှီဇီရုန်၏အမူအရာတွေကို မမြင်ရတာကြောင့် ရွှီဇီယန် နောက်ကိုလှည့်လိုက်သည်။ သို့သော် သူက စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ပြန်ပြောလိုက်သည်။ 
"မင်းဘာတွေ လျှောက်ပြောနေရတာလဲ? ဇီယွိက ငါ့ရဲ့တစ်ဦးတည်းသောညီလေးလေ! ပြီးတော့ မင်း … မင်းက ငါ့မိသားစု၊ ငါ့ချစ်သူလေ၊ သူ့အတွက်နဲ့ ငါကမင်းကို ဘာကြောင့် ပစ်သွားရမှာလဲ?"

သူ၏ခါးကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ရွှီဇီရုန်သည် အနည်းငယ် ဩရှရှအသံဖြင့် 
"ကိုကို၊ ကျွန်တော် အခု ကိုကို့ကို ပိုပိုပြီးတော့ ချစ်သွားပြီ၊ ကျွန်တော် ဘယ်လိုလုပ်ရမလဲဟင်?"

သူပြောပြီးနောက် ရွှီဇီယန်၏ပါးပြင်များ နီရဲလာသည်။ ဒါဟာ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးမှာ ပထမဆုံးအကြိမ် ဖြစ်နေဆဲပါ။ သူ့မှာ အတွေ့အကြုံအများကြီးမရှိပေမယ့် ချိုမြိန်ခြင်းက ပျော်ရွှင်မှုကို ဖြစ်စေတယ်ဆိုတာ သူသိပါသည်။

ရွှီဇီရုန်သည် ရွှီဇီယန်၏လက်မောင်းတွေထဲတွင် သူ့ကိုယ်သူမြှုပ်နှံထားပြီး သူ၏သွေးရောင်မျက်လုံးများ တဖြည်းဖြည်း မှိန်သွားသည်။ သူ့ကိုကိုက သူ့ကိုချစ်တယ်လို့ ပြောပြီးတာနဲ့ သူ့ခန္ဓာကိုယ်ထဲ၌ ပွက်ပွက်ဆူနေသည့်သွေးတွေနဲ့ ပြင်းထန်သည့်ဒေါသတွေဟာ ပျောက်ကွယ်သွားသည်။

လူတစ်ယောက်၏ဝိညာဉ်အတွက် ဘယ်လိုကြက်စွပ်ပြုတ်မျိုးပဲဖြစ်ဖြစ်၊ သူ့ကိုကိုရဲ့ချစ်ခင်ကြင်နာသည့်စကားတစ်ခွန်းကို ဘယ်အရာကမှအနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။ သူ၏အတိတ်ဘဝတုန်းက များစွာနာကျင်ခံစားခဲ့ရပြီးနောက်၊ ရွှီဇီရုန်ဟာ နောက်ဆုံးတွင် အားကိုးရမည့်သူတစ်ယောက်ကို ရှာဖွေတွေ့ရှိသွားပြီးဖြစ်သည်။

သူမယုံနိုင်လောက်အောင် ကျေနပ်သွားပြီး သူ့ကိုကိုရဲ့ရင်ခွင်ထဲကို ပြန်ကျသွားသည်။

သူ့ကိုကိုရဲ့ပုခုံးတွေက အရမ်းကျယ်ပြီး ရင်ဘတ်ကလည်း အရမ်းထူသည်။ သူ့ကိုကိုဖြစ်သူ၏ အရေပြားတစ်လက်မ,မကျန် နမ်းလိုက်ပြီး အထူးသဖြင့် သူ့ရင်ဘတ်ပေါ်ရှိ အမှတ်နှစ်ခုကိုပေါ့…

"အား!" ရွှီဇီရုန် နာကျင်စွာ အော်ဟစ်ပြီး အပြစ်ကင်းသော အကြည့်ဖြင့် သူ့ကိုကိုအား မော့ကြည့်လိုက်သည်။

ရွှီဇီယန်ဟာ ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ခြေထောက်များကို မြှောက်ကာ ဇီရုန်၏အလွန်မငြိမ်မသက်ဖြစ်နေသော အစိတ်အပိုင်းကို ဒူးဖြင့်တွန်းလိုက်သည်။

ရွှီဇီရုန်သည် အလွန်စိတ်ပျက်ဟန်ဖြင့် ခေါင်းငုံ့ကာ တိတ်တိတ်ဆိတ်ဆိတ်နေလိုက်တော့၏။

ရွှီဇီယန်၏နဖူးပေါ်ရှိ အပြာရောင်သွေးကြောများ ပေါ်ထွက်လာသည်။ ဇီရုန်ဟာ ဤမျှလောက် ပေါ့ပေါ့တန်တန် ပြုမူဝံ့မည်မဟုတ်ဟု သူလောင်းကြေးထပ်ထားခဲ့သည်။

"ကိုကို…" ရွှီဇီရုန်က ရုတ်တရက် ခေါင်းမော့ကာ သူ့ကိုကိုအား နက်မှောင်သော မျက်လုံးများဖြင့် တည့်တည့်ကြည့်လိုက်သည်။

ရွှီဇီယန်၏နှလုံးသားသည် အနည်းငယ် လှုပ်ရှားသွားရသည်။ ထိုမျက်လုံးများတွင် ချစ်ခင်တွယ်တာမှုများက ပြင်းထန်လွန်းပြီး ရှက်ရွံ့စွာဖြင့် အဝေးသို့အကြည့်လွဲလိုက်၏။

"ကိုကိုဘာကြောင့်ရယ်တာလဲ ကျွန်တော့်ကို မပြောရသေးဘူး။"

ရွှီဇီယန် မယုံနိုင်လောက်အောင် မှင်တက်သွားရသည် ... သူဘယ်လိုလုပ်မှတ်မိနေသေးလဲ?

ရွှီဇီရုန်ဟာ ရွှီဇီယန်၏ခါးကို အဆက်မပြတ် ဆုပ်ကိုင်ထားပြီး ပြောလာသည်။ 
"ကိုကို ကျွန်တော့်ကို မပြောပြရင် ကျွန်တော်မလွှတ်ဘူး။"

ရွှီဇီယန်မှာ တခြားနည်းလမ်းမရှိတာကြောင့် သူ့စိတ်ထဲမှာရှိသည့် ပုံတုံး‌သောမြင်ကွင်းတိုင်းကို ဇီရုန်ကိုပြောပြလိုက်ပြီး ခွေးဆိုးကြီးအကြောင်းကို ကျော်သွားပေမယ့်၊ ဇီရုန်ဟာ သူ့ခေါင်းပေါ်တွင် နားရွက်တစ်စုံနှင့် အမြီးလှုပ်‌နေကာ အလွန်ချစ်စရာကောင်းသည်ဟုသာပြောခဲ့သည်။

ရွှီဇီရုန်မျက်တောင်ခတ်လိုက်၏။ သူအနည်းငယ် အံသြသွားပုံရသည်။ ထို့နောက် သူက "ဒါပဲလား?" ဟု ထပ်မေးလာသည်။

ရွှီဇီယန်ဟာ ဇီရုန်၏ခေါင်းပေါ်တွင် လှုပ်ရှားနေသော နားရွက်အသစ်တစ်စုံကို ရုတ်တရက်မြင်လိုက်ရပြီး သူ့အနောက်တွင်လည်း အမြီးလေးယမ်းနေသည်။

"ခွီး…" ရွှီဇီယန် ရယ်မောခြင်းကို မထိန်းနိုင်ဘဲ ပျော့အိနေသော နားရွက်တစ်စုံကို ထိလိုက်သည်။

နားရွက်ပေါ်တွင် ပျော့ပျောင်းသော အမွှေးအမျှင် အလွှာတစ်ခုရှိနေပြီး ရွှီဇီယန်အားထိချင်စိတ်ပင် ဖြစ်စေသည်။

#TK