Chapter 131
Viewers 23k

Chapter 131


“ ဟမ် ကောင်လေး၊ မင်းအများကြီးသိပုံရတယ်၊ ငါမင်းကိုတကယ်လျှော့တွက်မိပြီ ”

သူက ရွှီဇီရုန်ကို မောက်မာစွာ ကြည့်လိုက်ပြီး “ ကောင်လေး၊ ငါ့ရှေ့မှာ မင်းဘက်ကပြန်တိုက်ခိုက်ဖို့ဘာအစွမ်းမှရှိမှာမဟုတ်ဘူး၊ ဒါပေမယ့် ငါကမင်းအစ်ကိုကိုအထင်ကြီးတာကြောင့် မင်းတစ်ယောက်ယောက်ကို အလောင်းတစ်လောင်းအဖြစ်ထားခဲ့လို့ရတယ် ”

ရွှီဇီယန်ဟာ ဤ “လောကသခင်” ၏အမူအရာမျက်နှာချက်ချင်းပြောင်းလဲခြင်းကိုကြည့်ရင်းအံ့အားသင့်သွားပြီး သူကသူတို့ကို မိမိကိုယ်ကိုသတ်သေရန်ပင် အတင်းအကြပ်ခိုင်းစေနေသည်။

သူတို့တွေကိုအရူးလို့များတကယ်မှတ်ယူထားတာလား? အကယ်၍ သူသာသူ့ကိုယ်သူ ကျင့်ကြံသူဝူ့ယွမ်လို့ခေါ်ရင်တောင် အမတဝိညာဉ်အခြေတည်စအဆင့်မျိုး‌တော့မဟုတ်ဘူး၊ သူ့သခင်ကတခြားသူတွေကို ဘယ်လိုဖိအားပေးသလဲဆိုတာကို သူတွေ့မြင်ခဲ့ပြီး၊ သူ့ရှေ့ကအဖိုးအိုဟာအစွမ်းထက်ပုံပေါ်ပေမယ့် သူ့မှာအမတဝိညာဉ်အခြေတည်စအဆင့်စွမ်းအားမျိုးတော့မရှိဘူး။

ရိုးရိုးသားသားပြောရလျှင် ရွှီဇီယန်ဟာဤကျင့်ကြံခြင်းလောကတွင် လက်သီးများဖြင့်သာ ဆုံးဖြတ်ချက်များချနိုင်သည်ဟုအမြဲလိုလိုခံစားရသည်။ တိကျသောရည်ရွယ်ချက်ဖြင့်မဟုတ်ပါက၊ အမတဝိညာဉ်အခြေတည်စအဆင့်ကျင့်ကြံသူက သူတို့လိုကျင့်ကြံသူလေးယောက်ကို သတ်ပစ်ရန်အရမ်းကိုလွယ်ကူလှသည်။

ဒါပေမယ့်အဖိုးအိုကသူတို့ကိုစကားလုံးတွေနဲ့ တိုက်ခိုက်နေသည်။ အဲဒါကသူဘာစွမ်းအားမှမရှိဘူးလို့ဆိုလိုတာမဟုတ်ဘူးလား?

“ ဟေး မင်းကအရမ်းကိုလေလုံးကြီးတာပဲ၊ မင်းကတကယ်ပဲမကြောက်ဘူးပေါ့ ” ကျန်ရင်းကမခိုးမခန့်ပြောလိုက်သည်။

အဖိုးအိုက ပြတ်ပြတ်သားသားပြောလာသည်။ “ ငါဒီမှာနေလာတာကြာပြီ၊ မင်းကများငါ့ကိုကောင်းကောင်းသိသလိုမျိုးအသံနဲ့ပြောရဲတယ်လား? မင်းတို့ကိုလွှတ်ပေးရလောက်အောင် ငါ့ဆီမှာအလောင်းတွေအပြည့်ရှိထားပြီးဖြစ်တာကို မင်းကကျေးဇူးတင်ရကောင်းမှန်းမသိဘူးပဲ၊ ကောင်းပြီလေ ကြည့်ရတာတော့ မင်းကငါ့ကိုဒီလိုလုပ်‌စေဖို့ဖိအား‌ပေးနေတာပဲ! ”

အဖိုးအို၏လေသံက ပြတ်သားပြီးပြင်းထန်သော်လည်း ရွှီဇီယန်၏ရင်ထဲတွင် ပြင်းထန်သောခံစားချက်မျိုးခံစားလိုက်ရသည်...

ထူးဆန်းလိုက်တာ၊ အကြီးအကဲချီကို ငါဘာလို့ရုတ်တရက်တွေးလိုက်မိပါလိမ့်??? _(:з'∠)_

ဤထူးဆန်းသောအတွေးက ရွှီဇီယန်ကိုရယ်မောစေခဲ့သည်။ နောက်ဆုံးစက္ကန့်၌ တိုက်ခိုက်တော့မှာမို့ အလွန်ထူးဆန်းနေပုံရပြီး အဖိုးအို၏မျက်နှာအမူအရာမှာလည်းသိသိသာသာပြောင်းလဲသွားကာ ပိုမိုစိတ်ဝင်စားစရာကောင်းလာစေသည်။

ရွှီဇီရုန်ကအေးစက်စွာပြုံးလိုက်ပြီး “ အရေးမပါတဲ့စကားတွေပြောနေတာရပ်လိုက်တော့၊ မင်းရဲ့ စွမ်းအားအစစ်အမှန်ကိုငါတို့ကြည့်ရအောင်! ” ထိုသို့ မပြောမီတွင် အဖိုးအို၏နံဘေးမှသွေးထူထပ်သောနွယ်ပင်လေးခုရုတ်တရက်ထွက်ပေါ်လာပြီး ကွဲအက်ပေါက်ကွဲကာသွေးတိမ်များကဲ့သို့ပြန့်ကျဲသွားသည်။

အဖိုးအိုဟာအလယ်ဗဟိုတွင်ပိတ်မိနေပြီး သူ့ခန္ဓာကိုယ်ကိုခိုင်ခံ့စွာကာကွယ်ရန် ခေါင်းလောင်းပုံစံလက်နက်တစ်ခုကိုအမြန်ထုတ်လွှတ်လိုက်သည်။

ရွှီဇီရုန်ကမျက်ခုံးကိုအနည်းငယ်ပင့်ကာ လက်ချောင်းထိပ်များကိုပွတ်ကာ အပြာရောင်သွေးတစ်စက်ထွက်လာသည်။ သွေးအမှုန်အမွှားများဝင်ရောက်ပြီးနောက်တွင် သွေးအမှုန်အမွှားများစွာ ဆူပွက်လာသည်။ တစ်ခုခုကစုပ်လိုက်သလိုပါပဲ၊ အားလုံးကအဲဒီအပြာရောင်အနှစ်သာရသွေးတွေဆီ ပြေးသွားကြသည်။

မကြာမီတွင်ထူထဲသောသွေးအမှုန်အမွှားများက အနှစ်သာရသွေးများကိုဖုံးလွှမ်းသွားကာ အဖိုးအိုပတ်ဝန်းကျင်ရှိသွေးမှုန်များသည်လည်းပိုမိုပါးလွှာလာသည်။ သို့သော်အဘိုးအိုကဤပြောင်းလဲမှုကြောင့်သတိမမူတော့ပေ။ အဲဒီအစားသူဟာ ဒီအနှစ်သာရသွေးတစ်စက်အပေါ်မန္တန်အမျိုးမျိုးကို အဆက်မပြတ်ထုတ်နေသည်။

သူ့တိုက်ခိုက်မှုအားလုံးကို ထူထဲသောသွေးအမှုန်အမွှားများဖြင့်ပိတ်ဆို့ထားသောကြောင့် ဝမ်းနည်းစရာကောင်းပြီးပျောက်ဆုံးနေသောအစိတ်အပိုင်းများကို အနီးပတ်ဝန်းကျင်မှသွေးမှုန်များက ပြန်လည်ဖြည့်တင်းပေးခဲ့သည်။

သူ၏တိုက်ခိုက်မှုက အကျိုးသက်ရောက်မှုမရှိသည်ကိုမြင်လိုက်ရသဖြင့် အဖိုးအိုဟာစိတ်ဝိညာဉ်စွမ်းအားကိုမဖြုန်းတီးဝံ့တော့ပေ။ နောက်ဆုံးတွင် သူ၏စိတ်ဝိညာဉ်ရေးစွမ်းအားမှာလည်း အကန့်အသတ်ရှိပြီး ၎င်းကိုအဆုံးမရှိဖြုန်းတီးပစ်ရန်မဖြစ်နိုင်ဘူး။

“ ဝေါ်! ” ထူထဲသောသွေးအမှုန်အမွှားထဲတွင် ရုတ်တရက်တောကောင်၏ပြင်းထန်သောဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက်သွေးအမှုန်အမွှားများမှိန်ဖျော့သွားကာ အနီရောင်တောက်နေသောမီးလျှံပုတ်သင်ညိုတစ်ကောင်ထွက်ပေါ်လာသည်။

သို့သော်ဤမီးလျှံပုတ်သင်ညိုက မိစ္ဆာနယ်မြေ၌ တွေ့ကြုံဖူးသောတောကောင်များနှင့်လုံးဝကွဲပြားသည်။ ဤအရာဟာအလားတူဆင်တူပုံပေါက်သော်လည်း ၎င်း၏ခန္ဓာကိုယ်ကသွေးများဖြင့်ပြုလုပ်ထားကာ တစ်ကိုယ်လုံးတွင်ပြင်းထန်သောသွေးအနံ့အသက်များရှိကြောင်းကိုတွေ့မြင်နိုင်သည်။

“ ဝေါ်! ” မမျှော်လင့်ပဲရွှီဇီရုန်၏ပခုံးပေါ်တွင်ထိုင်နေသော ဖန်မောင်ကရုတ်တရက်ဟိန်းဟောက်သံထွက်လာသည်။ မီးလျှံပုတ်သင်ညိုကြီးဟာ ၎င်း၏ခေါင်းကိုလှည့်ကာ နိမ့်ပါးသောညည်းတွားသံအချို့ကိုထုတ်လွှတ်ကာအရှုံးပေးလိုကြောင်းပြသလိုက်သည်။

အဖိုးအိုအပါအဝင်လူတိုင်းအံ့အားသင့်သွားကြသည်။ ရွှယ်ထွမ်တစ်ကောင်တည်းကသာပျင်းရိစွာသမ်းလိုက်ပြီးဖန်‌မောင်ကိုကြည့်နေသည်။ ဘယ်လိုတောင်နှမျှောတွန့်တိုတာလဲ — သွေး‌တောကောင်လေးပဲကို၊ ၎င်းရဲ့ရည်ရွယ်ချက်ကရန်လိုတတ်ပေမယ့် ဖန်မောင်ကပစ်မှတ်မဟုတ်ရင် တကယ်ကိုထိတ်လန့်နေစရာမလိုပါဘူး။

ဖန်မောင်ဟာသွေးတောကောင်၏လက်မြှောက်ခြင်းကို အလွန်ကျေနပ်ပုံရပြီးထပ်၍ညည်းတွားလိုက်သည်။ မီးလျှံပုတ်သင်ညိုကရုတ်တရက် ပို၍ထက်မြက်ကာစိတ်လှုပ်ရှားနေပုံရပြီး စိတ်လှုပ်ရှားမှုကြောင့်အမြီးကိုတွန့်ပြကာ အဖိုးအိုထံသို့ ပြေးသွားလေသည်။

အဖိုးအိုကဤထူးဆန်းသောသွေးတောကောင်ကိုသတိပြုမိပြီး သူ၏ခန္ဓာကိုယ်အပြင်ဘက်ရှိခေါင်းလောင်းပုံသဏ္ဍာန်အကာအကွယ်ဒိုင်းကို အမြင့်ဆုံးအထိနှိုးဆော်ထားသည်။ သို့သော်ငြားလည်း ဤသွေးတောကောင်တိုက်ခိုက်မှုစွမ်းအားက သူ့အားအလွန်တုန်လှုပ်သွားစေသည် - တစ်ချက်ကိုက်လိုက်ရုံနဲ့ပင်ခေါင်းလောင်းပုံသဏ္ဍာန်ဒိုင်းကိုချိုးဖျက်နိုင်သည်။

ခေါင်းလောင်းငယ်လေးက အဖိုးအို၏ခေါင်းမှရုတ်တရက်ပြုတ်ကျပြီးမှိန်သွားခဲ့သည်။

“ ဝေါ်! ” သွေးတောကောင်ကအောင်ပွဲခံကာ ခေါင်းကို‌မော့ကာ ဖန်မောင်ကိုအော်လိုက်သည်။

ဖန်မောင်ကပျင်းရိစွာ၎င်း၏လက်ကိုဝှေ့ယမ်းကာ တစ်နေရာမှမုန်လာဥနီတစ်လုံးကိုရခဲ့ပြီး၎င်းကိုသာဆက်လက်ဝါးနေ‌တော့သည်။

ရွှီဇီရုန်ကအနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး ထိုသွေးတောကောင်ကိုအလွန်သတိကြီးစွာစိုက်ကြည့်နေသည်။

သွေးတောကောင်ဟာပိုင်ရှင်၏ခြိမ်းခြောက်သောအကြည့်ကို သတိပြုမိသွားပုံရပြီး၊ ၎င်းဟာ လျင်မြန်စွာနောက်ပြန်ဆုတ်ကာ အဖိုးအိုအပေါ်ဒေါသအားလုံးကိုထုတ်လွှတ်လိုက်သည်။

အဖိုးအို၏ကြေးခေါင်းလောင်းကြီးပျက်စီးသွားကာ ခေတ္တအသုံးမပြုနိုင်တော့သော်လည်း သူ့လက်ထဲတွင်အခြားမှော်ကိရိယာများမရှိသဖြင့် ဂေါ်ပြားတိုကိုတူးဖော်ကာ သွေးတောကောင်နှင့်တိုက်ခိုက်ရတော့သည်။

အဖိုးအိုကတိုက်ခိုက်ရာတွင်မကျွမ်းကျင်ပဲ၊ ထင်ယောင်ထင်မှားနှင့် အဆိပ်ရှိသောမှော်ပညာ အမျိုးမျိုးတို့ကိုပို၍ကျွမ်းကျင်သည်။ သို့သော်ဤသွေးတောကောင်ကသွေးဖြင့်ပေါင်းစပ်ထားသောကြောင့် စိတ်ကူးယဉ်မှော်ပညာတစ်ခုခုကြောင့်ထိခိုက်ခံရမည်တဲ့လား? အဆိပ်နဲ့တောင်မှ အလုပ်မဖြစ်ဘူး!

အဖိုးအိုဟာသူ၏ရင်ထဲတွင်ခါးသီးစွာခံစားနေရပြီး ဤငိုကြွေးနာကြည်းနေသောသွေးပန်းပွင့်ကို ပြုစုပျိုးထောင်ရန်အတွက် ဤဝါးပင်လယ်တွင်နှစ်ရာကျော်ပုန်းအောင်းနေခဲ့သည်။ အနှစ်နှစ်ရာကျော်ကြာအောင်အခြားသူများကိုရှာဖွေတွေ့ရှိခြင်းမှတားဆီးရန်အတွက် သာမန်လူအချို့ကိုသာဖမ်းဆုပ်နိုင်ခဲ့သည်။ ဤနာကြည်းဖွယ်ဝိညာဉ်ကသန်မာမှုမရှိသည့်အပြင် ပန်းကိုကျွေးမွေးနိုင်စွမ်းလည်းအကန့်အသတ်ရှိသည်။ ရံဖန်ရံခါတွင် အတွေ့အကြုံမရှိသောလယ်သမားတစ်ဦး သို့မဟုတ် နှစ်ယောက်ကိုလိမ်လည်လှည့်ဖြားနိုင်လောက်အောင်ကံကောင်းခဲ့သော်လည်း သူ့အိမ်အားအစွမ်းထက်သူ၏ကျူးကျော်ဝင်ရောက်မှုကြောင့် ယခုတစ်ကြိမ်တွင်ကံမကောင်းခဲ့ပေ။

အဖိုးအိုကတကယ်ကံဆိုး၏။ ငိုကြွေးနာကြည်းနေသောသွေးပန်းပွင့်လန်းသည့်ကာလဖြစ်သဖြင့် သူမကောက်မီနှစ်ရက်သာစောင့်ရတော့မည်။ မထင်မှတ်ပဲဒီဒုက္ခကအဲဒီ့မတိုင်ခင်ရောက်လာသည်။

သွေးတောကောင်ဟာ ၎င်း၏သွားများကိုလျက်လိုက်ပြီး ခြေသည်းများကိုဝှေ့ယမ်းကာ အဖိုးအို၏ ခန္ဓာကိုယ်ပေါ်တွင်အမှတ်အသားများချန်ထားခဲ့ကာ အမှတ်အသားတစ်ခုစီမှသွေးအနည်းငယ်ထွက်လာသည်။ အစပိုင်းမှာတော့ဒဏ်ရာကမြန်မြန်သက်သာမှာမို့ သူ့အတွက်စိတ်ပူစရာမလိုပါဘူး။ သို့သော်ထိုဒဏ်ရာငယ်များက သွေးထွက်များနေပြီး ပို၍ပြင်းထန်လာပုံရသည်။

ထွက်သွားသောသွေးများဟာ သွေးအငွေ့အဖြစ်သို့ပြောင်းလဲသွားပြီး တောကောင်၏ခန္ဓာကိုယ်ထဲသို့ပေါင်းစည်းသွားသည်။ အဖိုးအိုကတစ်ခုခုမှားနေပြီဆိုတာသိလိုက်တဲ့အခါ သူ့ခန္ဓာကိုယ်ထဲမှာသွေးအများစုဆုံးရှုံးသွားပြီးယိမ်းယိုင်လာသည်။

“ ဝေါ်! ” သွေးတောကောင်ဟာ ရုတ်တရက်ပို၍တက်ကြွလာသည်။ အဖိုးအိုသည်သွေးများစွာဆုံးရှုံးသွားသည်ကိုအခွင့်ကောင်းယူကာ ချက်ခြင်းဆိုသလိုပင် အဖိုးအို၏ခန္ဓာကိုယ်ကို သွေးကျည်ဆံတွေဖြင့်ပစ်ခတ်လိုက်ပြီး သွေးများဖြင့်အသိုက်ဖွဲ့ကာ အဖိုးအိုကိုတင်းတင်းကျပ်ကျပ်ရစ်ပတ်ထားသည်။

သူ၏စိတ်ဝိညာဉ်ရေးစွမ်းအားက ကုန်ဆုံးလုနီးပါးဖြစ်နေပြီဖြစ်ပြီး သူ၏ခန္ဓာကိုယ်ရှိသွေးအများစုမှာလည်းပျောက်ဆုံးသွားခဲ့သည်။ အဖိုးအို၏မျက်နှာဟာဖြူဖျော့နေပြီး သူ့အမူအရာမှာမည်းမှောင်နေသည်။ သူမူးမေ့လဲမသွားခင် ရွှီဇီရုန်ကိုကြည့်လိုက်သည်။

“ မင်းသူ့ကိုဘာလို့မသတ်သေးတာလဲ? ” ရွှီဇီယန်ထူးထူးခြားခြားမေးလိုက်သည်။

ရွှီဇီရုန်ကသူ၏ကိုကို,ကို သူ၏နောက်ကျောကနေ သူ၏လက်မောင်းထဲသို့ပြန်လည်ပွေ့ချီလိုက်ပြီး နူးညံ့စွာဆိုလေသည်။ “ ငိုကြွေးနာကြည်းနေသောသွေးပန်းကို ကောက်ယူလိုက်တဲ့အခါ ဝိညာဉ်အသစ်တစ်ခုလိုအပ်မှာဖြစ်တာကြောင့် သူ့ဝိညာဉ်ကအသုံးဝင်လာလိမ့်မယ် ” 

ရွှီဇီယန်ဟာ ရွှီဇီရုန်ကိုရင်ဆိုင်ရန် မည်သည့်အသုံးအနှုန်းကိုသုံးရမှန်းမသိတော့။ မင်းသမီးလေးလိုပွေ့ဖက်ခံရတာက သူ့ကိုတကယ်စိတ်အနှောင့်အယှက်ဖြစ်စေပေမယ့် ရွှီဇီရုန်ကဒီလိုပြောတဲ့အခါအရမ်းလေးနက်နေပုံရပြီး သူစိတ်ဆိုးလိုက်ပြန်ရင်လည်း ဒီအရာတွေကိုဦးစားပေးရလောက်အောင် မရင့်ကျက်တဲ့ပုံပေါ်နေပါလိမ့်မည်။

ကူကယ်ရာမဲ့နေခြင်းကြောင့် သူကအသက်မပါသလိုသာဆက်လက်နေနေတော့သည်။

“ ပန်းပွင့်တော့မယ်၊ ပန်းပင်ရဲ့အမြစ်အောက်မှာ သူ့ကိုပစ်ချလိုက်ပြီး မင်းအရမ်းမနီးကပ်သွားအောင်သတိထားရမယ် ” ရွှီဇီရုန်ကကျန်ရင်းကို ခက်ခဲသည့်အလုပ်ကိုလုပ်စေရန်ပြင်းထန်စွာညွှန်ကြားနေသည်။

ကျန်ရင်းကမညည်းညူပဲ အဖိုးအိုအားငိုကြွေးနာကြည်းနေသောသွေးပန်းပွင့်အောက်သို့ သေသပ်စွာပစ်ချပြီးနောက် ထိုနေရာက‌နေအမြန်ပြေးလာခဲ့သည်။

ဒီပန်းဟာကြောက်စရာကောင်းတဲ့နာမည်ရှိရုံသာမက စားသောက်ပုံကလည်းကြောက်စရာကောင်းပါသည်။ ဤအဖိုးအိုဟာရွှီဇီရုန်ကို ပန်းဘေးတွင်ရှိစေရန်လှည့်စားချင်ရုံသာဖြစ်ပြီး ရွှီဇီရုန်ကိုသတ်ပြီးပန်းအတွက်အသုံးပြုလိုသောကြောင့်ဖြစ်သည်။

သို့သော်လည်း ရွှီဇီရုန်ကပန်း၏သဘောသဘာဝကိုကောင်းစွာသိသောကြောင့် သူကထောင်ချောက်ထဲသို့ဘယ်တော့မှမကျရောက်ခဲ့ပေ။ အစကတည်းကသူဟာ ထိုပန်းပွင့်နှင့်မနီးစပ်ခဲ့ဘူး။

ယိမ်းနွဲ့နေသည့်ခရမ်းရောင်ပန်းကလေးဟာ အဖိုးအို၏ခံစားချက်ကိုခံစားရပုံရပြီးအမြစ်တစ်မျိုးကို မြေကြီးမှဖြည်းညှင်းစွာချဲ့လာသည်။ ဤအမြစ်က အဖိုးအို၏လည်ပင်းတစ်လျှောက်တွယ်တက်သွားပြီး သူ၏နှာခေါင်းအထိ ပျံနှံ့သွားသည်။ အမြစ်ထိပ်မှအနက်ရောင်ဆူးရုတ်တရက်ပေါ်လာပြီး အဖိုးအို၏နှာခေါင်းထဲသို့တည့်တည့်ထိုးဖောက်ဝင်ရောက်သွားသည်။

သတိမေ့မြောနေသောအဖိုးအိုဟာ ရုတ်တရက်တုန်လှုပ်သွားပြီးလျင်မြန်စွာထလာသည်။ မကြာခင်မှာပဲသူ့နှာခေါင်းထဲက အနီရောင်နဲ့အဖြူအစက်တချို့ထွက်လာပြီး အဲဒီနောက်သူ့နှာခေါင်းပေါ်က အမြစ်လေးတွေကစုပ်ယူသွား‌တော့သည်။

ရွှီဇီယန်မျက်မှောင်ကြုတ်လိုက်၏။ ငိုကြွေးနာကြည်းနေသောသွေးပန်းအကြောင်း သူကြားသိခဲ့ရသော်လည်း မည်မျှရွံရှာဖွယ်ကောင်းသည်ကို သူတစ်ခါမျှမမြင်ဖူးဘူး။

အဖိုးအိုဟာမကြာမီသွေးများရပ်တန့်သွားကာ သူ၏ခန္ဓာကိုယ်ကမြင်သာသောအရှိန်ဖြင့်ကျုံ့လာပြီး သူ၏ကြွက်သားများ၊ အရိုးများနှင့်အင်္ဂါများအားလုံးအရည်ပျော်သွားပုံရပြီး လူ့အရေပြားအလွှာတစ်ခုသာကျန်တော့သည်။

အဖိုးအို၏ဦးခေါင်းခွံသာအရည်ပျော်ခြင်းမရှိသော်လည်း အမြစ်များကနှာခေါင်းပေါက်မှအဖိုးအို၏ဦးခေါင်းအထိအဆက်မပြတ်ပေါက်နေသေးသည်။

“ ရွံစရာကောင်းလိုက်တာ ” ဖန့်ထျန်းရွေ့၏မျက်ခုံးများကျုံ့သွားသည်။ ဖန့်မိသားစု၏အမွေဆက်ခံသူအနေဖြင့် အဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့ရသော်လည်း ဤရှားပါးအပင်မျိုးများကိုတစ်ခါမျှမတွေ့ဖူးပေ။

ဒီပန်းကိုတွေ့တော့သူတော်တော်အံ့သြသွားပြီး သူ့ဝမ်းကွဲညီမအတွက်ယူပေးရမလားလို့တောင်တွေးနေမိသည်။ ဟုတ်ပါတယ်၊ ဒီပန်းကိုဘယ်လိုစားလဲဆိုတာကိုမြင်ပြီးတာနဲ့ ချက်ချင်းပဲဒီစိတ်ကူးကို စွန့်လွှတ်လိုက်တော့သည်။

ဤအပင်မျိုးကလူကိုအစာကျွေးရန်လိုအပ်သည်။ တိရစ္ဆာန်ဆိုရင်တောင်သူ့ရဲ့ဝမ်းကွဲညီမက ဘယ်လိုစားလဲဆိုတာကိုမြင်ပြီးအရမ်းကြောက်သွားလိမ့်မည်။

ဖန့်ထျန်းရွေ့သက်ပြင်းအနည်းငယ်ချလိုက်ပြီး သူလည်းအနည်းငယ်စိတ်ဓာတ်ကျသွားသည်။ အဲ့ဒီလူလေးယောက်ထဲမှာ သူ့ကလွဲလို့အားလုံးကငြိမ်သက်နေပုံရသည်။ ဒီမြင်ကွင်းအတွက် သူတို့‌တွေကအဆင်မပြေပုံပြသခြင်းမရှိပေ။ သူမြင်ဖူးသမျှကနည်းနည်းပါးပါးလေးပဲရှိနေသေးမှန်း ချက်ချင်းသဘောပေါက်သွားသည်။

“ ဘာဖြစ်လို့လဲ? မင်းအဆင်မပြေဘူးလား? ” ကျန်ရင်းကဖန့်ထျန်း‌ရွေ့အနားတွင်ရပ်နေပြီး သူ၏ထူးဆန်းသောအမူအရာကို ပုံမှန်အတိုင်း သတိပြုမိလေသည်။

“ ဘာမှမဟုတ်ဘူး ” ဖန့်ထျန်းရွေ့ကမာ‌ကျောသောလူဖြစ်ပြီး စရိုက်ကြမ်း၏။ ဒီပတ်ဝန်းကျင်အောက်မှာ သူနောက်ပြန်မဆုတ်ဘူး။ ဆန့်ကျင်ဘက်အနေနှင့် ယင်းကသူ၏အနိုင်ရရန်ရည်ရွယ်ချက်ကိုလှုံ့ဆော်ပေးသည်။

သူတို့နှစ်ယောက်လုံးကဝူထျီမြို့ကဖြစ်သည်။ ကျန်ရင်းဘာကြောင်းပြချက်မှာမရှိဘဲ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေစွာဖြစ်အောင်နေနိုင်ပေမယ့် သူကတော့မနေနိုင်ဘူး။

“ ငါ မင်းရဲ့အနားမှာ အမြဲရှိနေမှာပါ ” ကျန်ရင်းဟာဖန့်ထျန်း‌ရွေ့က တခြားသူတွေကိုအားကိုးရတာ ကြိုက်တဲ့လူမဟုတ်တာကြောင့် စကားအများကြီးမပြောခဲ့ပေ။ နှစ်များစွာကြာအောင် ဖန့်မိသားစု၏ အမွေဆက်ခံသူအဖြစ်ကြီးပြင်းလာခဲ့ပြီး လွန်ခဲ့သည့်အချိန်တွေကမှသူလွတ်လပ်လာခဲ့သည်။ ဖန့်ထျန်းရွေ့ကတစ်ခါတစ်ရံတွင်ဆုံးဖြတ်ချက်တွေမပြတ်သားပဲ၊ အလွန်အမင်းအကြင်နာကင်းမဲ့စွာမလုပ်ရဲပေမယ့် စက်ဆုပ်ဖွယ်ကောင်းသည့်အလုပ်ကိုလုပ်ရန် သူရှိနေသည်။ ဖန့်ထျန်းရွေ့သာလျှင် နတ်ဆိုးစိတ်ကျရောက်ခြင်းကိုတားဆီးနိုင်သောကြောင့် သူလိုအပ်သည့်တစ်ခုတည်းသောအရာက ဖန့်ထျန်း‌ရွေ့သူ့အနားတွင်ရှိနေရန်သာဖြစ်သည်။

ဖန့်ထျန်းရွေ့ကကျန်ရင်း၏ကတိကဝတ်နှင့်တူသောစကားကိုတုံ့ပြန်ခြင်းမရှိသော်လည်း ကျန်ရင်းအားသူကြည့်သည့်ပုံစံမှာ အနည်းငယ်ပြောင်းလဲသွားသည်။

အချိန်အများစုတွင် ဖန့်ထျန်းရွေ့ကအသုံးမဝင်သောစကားလုံးများကိုမကြိုက်ဘဲ၊ ဤစကားလုံးများကိုအခြားစကားလုံးများဖြင့်အမြဲအစားထိုးထားနိုင်သောကြောင့်ဖြစ်သည်။ သူလိုချင်တာကိုသက်သေပြဖို့အချက်အလက်တွေကိုသာအသုံးချပြီး သူနဲ့ကျန်ရင်းကြားကဆက်ဆံရေးလည်းအပါအဝင်ဖြစ်သည်။

ဖန့်ထျန်းရွေ့နှင့်ကျန်ရင်းတို့ကြားရှိ ဤဇာတ်လမ်းတိုလေးက ငိုကြွေးနာကြည်းနေသောသွေးပန်းစားသောက်‌နေသည်ကို အနှောင့်အယှက်မဖြစ်ခဲ့ပေ။

အဖိုးအို၏ခန္ဓာကိုယ်ဟာ လူသားအရေခွံတစ်ခုအဖြစ်သို့ပြောင်းလဲသွားပြီး မြေကြီးပေါ်တွင်ကပ်နေပြီးနောက် ပန်းပွင့်များညှိုးနွမ်းသွားကာ ပန်းပွင့်များဟာမြေကြီးပေါ်တွင်တစ်ခုပြီးတစ်ခုကြွေကျသွားသည်။

ရွှီဇီရုန်ကသူ့ကိုကို,ကိုပွေ့ထားကာ ပန်းပွင့်များ၏ညှိုးနွမ်းနေသောအူတိုင်ကိုပင်မလွှတ်ဘဲ ပွင့်ဖူးအားလုံးကိုဂရုတစိုက်ကောက်ယူလိုက်သည်။

ဤအရာအားလုံးသည် မိစ္ဆာကျင့်ကြံသူများအတွက်ရှားပါးပစ္စည်းများဖြစ်သည်။ တရားမျှတသောကျင့်ကြံသူများတွင် စျေးကွက်မရှိသော်လည်း လိုအပ်ပါက မိစ္ဆာကျင့်ကြံသူများနှင့်ရောင်းဝယ်ရန် အကောင်းဆုံးပစ္စည်းဖြစ်လိမ့်မည်။

ပန်းတွေသွေ့ခြောက်သွားပြီးနောက်မှာ အဖိုးအိုရဲ့ဦးခေါင်းပေါ်မှာခရမ်းရောင်ပန်းတစ်ပွင့်ဟာ သူ့ရဲ့ပိုင်ဟွေ့အမှတ်မှာပေါက်လာသည်။ သို့သော် ယခုတစ်ကြိမ်တွင်ပန်းပွင့်ဟာခဏမျှသာပေါ်ထွက်ပြီးနောက် ပန်းပွင့်၏အလယ်တွင်စိမ်းလန်းသောအသီးတစ်ခုကျန်ရစ်ခဲ့သည်။

အသီးပေါ်လာချိန်တွင် အဖိုးအို၏ဦးခေါင်းသည်လည်းအရည်ပျော်လာပြီး၊ အသီးဟာ လက်သီးအရွယ်အထိကြီးထွားလာသောအခါ အဖိုးအို၏ဦးခေါင်းခွံပေါ်တွင်အရေပြားအလွှာလေးတစ်လွှာသာကျန်ရှိတော့သည်။

ရွှီဇီရုန်ဟာအစိမ်းရောင်အသီးကိုမြင်လိုက်ရပြီး သက်ပြင်းချကာဖြည်းညှင်းစွာကောက်ယူလိုက်သည် ။

အသီးခူးပြီးသည်နှင့် ကျန်အပွင့်များ၏အမြစ်များသည် လျင်မြန်စွာပျော့ပျောင်းသွားကာ လေတိုက်သဖြင့်လွင့်ပါးသွားကာ သဲလွန်စမရှိဘဲလွှင့်သွားကြသည်။

“ ကိုကို… ” ရွှီဇီရုန်ကအသီးကိုကိုင်ထားပြီး ရွှီဇီယန်ကိုကြည့်ကာခေါင်းညိတ်ပြလိုက်သည်။

ရွှီဇီယန်အံ့အားသင့်သွားပြီး ဇီရုန်၏ဆိုလိုရင်းကိုချက်ချင်းသဘောပေါက်သွားကာ “ ရွှီဇီရုန်၊ ဒီပစ္စည်းကို မင်းငါ့ကိုစားရဲစားခိုင်းကြည့်၊ ငါမင်းကိုသတ်ပစ်မယ်!!! ”

ရွှီဇီရုန်: “ … ”

ကျန်ရင်းနဲ့ဖန့်ထျန်းရွေ့: ‘ နားကန်းသွားအောင် ငါ့နားကိုငါထိုးဖောက်ချင်လာပြီ! ’

“ ကောင်းပါပြီ ” ရွှီဇီယန်ဟာနောက်ပြောင်နေတာမဟုတ်ဘူးဆိုတာသေချာသိလိုက်ရတော့ ရွှီဇီရုန်ကအသီးကိုကျန်ရင်းဆီလွှဲပေးဖို့ကလွဲပြီးရွေးချယ်စရာမရှိတော့ပေ။

မမျှော်လင့်ပဲ ကျန်ရင်းကလည်းငြင်းဆိုခဲ့ပြီး အသီးကိုစားပြီးသည်နှင့် ဖန့်ထျန်းရွေ့ကဘယ်တော့မှ သူ့အနားကိုမကပ်တော့မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

ထိုအရာကမည်မျှပင်ကောင်းမွန်သည်ဖြစ်စေ လူသားများကိုစားပြီးမှသာကြီးထွားလာခဲ့သည်။ ဒါ့အပြင်အဲဒီငိုကြွေးနာကြည်းနေသောသွေးပန်းက အဖိုးအိုကိုဘယ်လိုစားခဲ့တယ်ဆိုတာ သူတို့အားလုံး မြင်ဖူးကြပြီးဖြစ်သည်။

ထို့အပြင် ဤပန်းဟာယခင်ကမရေမတွက်နိုင်သော လူများ၏ဝိညာဉ်ကိုမျိုသိပ်ထားသောကြောင့် အသီးသည်မည်မျှပင်အသုံးဝင်‌နေပါစေ ထိုအရာကိုမစားချင်ဘူး။

ရွှီဇီရုန်ကငိုကြွေးနာကြည်းနေသောသွေးပန်း၏အသီးကို အသက်မပါစွာလွှင့်ပစ်လိုက်သည်။ ဤအရာ၏ကြီးထွားမှုနည်းလမ်းက အနည်းငယ်စက်ဆုပ်ရွံရှာဖွယ်ကောင်းသော်လည်း ၎င်းကအမှန်တကယ်အသက်ကယ်သည့်ပစ္စည်းတစ်ခုဖြစ်သည်။ မည်သူမဆိုဤအသီးကိုစားပြီးသည်နှင့် သူတို့၏ချီပင်လယ်ထဲတွင် အလားတူအသီးမျိုးပေါက်နိုင်သည်။ ကျင့်ကြံသူတစ်ဦးသေဆုံးသောအခါ ဤအသီးကထိုသူ၏စိတ်ဝိညာဉ်ကို အနည်းဆုံးသုံးလအထိထိန်းထားနိုင်သည်။ ထို့အပြင်သူကွယ်လွန်ချိန်တွင် ဤအသီးကိုပင်လွှဲပြောင်းပေးသွားနိုင်သည်။

ဝိညာဉ်ရှိသ၍ကျင့်ကြံသူကမသေနိုင်ဘူး။ ဝိညာဉ်ကိုယူဆောင်ဖို့ စိတ်ဝိညာ‌ဉ်သွေးကြောပါရှိသော သာမန်လူတစ်ဦးကိုသာရှာဖွေရန်လိုအပ်သည်။

ဤအရာဟာ မိစ္ဆာကျင့်ကြံသူများအားလုံး၏ အာရုံကိုဆွဲဆောင်နိုင်သော်လည်း မည်သူမျှထိုအရာကိုမလိုလားဘူး။

“ ထားလိုက်‌တော့၊ သိမ်းထားပြီး နောက်မှတခြားအရာတွေနဲ့လဲလှယ်လိုက်ပေါ့ ” ရွှီဇီယန်လည်းအကူအညီမဲ့နေခဲ့သည်။ ဤအရာကမည်မျှအဖိုးတန်တယ်ဆိုတာကို သူမသိသော်လည်း ၎င်းကိုမျိုချရန်အမှန်တကယ် မဖြစ်နိုင်တာကြောင့်၊ အထူးသဖြင့်၎င်းကိုအစပိုင်းတွင် မည်သို့ဖွဲ့စည်းထားသည်ကိုမြင်ထားခဲ့ခြင်းဖြစ်သည်။

ဒါပေမယ့် ဒီလိုကောင်းမွန်သည့်အရာမျိုးကပေါက်ဖွားလာပြီးဖြစ်သည်မို့ ပုံမှန်အတိုင်းအလဟဿတော့အဖြစ်မခံနိုင်ဘူး။ ရွှီဇီယန်ကိုယ်တိုင်မစားဘူးဟုငြင်းဆိုခဲ့သော်လည်း ၎င်းကိုအခြားတစ်ခုခုနှင့်အစားထိုးရန်လက်ခံနိုင်သေးသည်။

လေးယောက်အဖွဲ့ကရွှီဇီရုန်၏လမ်းညွှန်မှုအောက်တွင် တဲအနီးရှိထင်ယောင်ထင်မှားအခင်းအကျင်းကို အမြန်ချိုးဖျက်လိုက်ကြသည်။ အဖိုးအိုဟာ အခင်းအကျင်းများဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ အမှန်တကယ်ပင်ပြီးမြောက်အောင်မြင်ခဲ့ပြီး၊ ဤခမ်းနားသောရှုခင်းအားလုံးကို ပုံဖော်မှုများဖြင့်တည်ဆောက်ထားသည်ဟုမည်သူမျှမထင်ခဲ့မိဘူး။

ငိုကြွေးနာကြည်းနေသောသွေးပန်းဟာ လူသားတို့၏ဝိညာဉ်များကိုအာဟာရ,ရရှိရန်လိုအပ်ရုံသာမက ကြီးထွားလာသောအခါတွင်သွေးနှင့်စိုက်ပျိုးရန်လည်းလိုအပ်သည်။

ထင်ယောင်ထင်မှားအခင်းအကျင်းမှုကိုချိုးဖျက်ပြီးနောက် သူတို့ရှေ့ရှိ ရှုခင်းများရုတ်တရက်ပြောင်းလဲသွားသည်။ ဝါးအိမ်ငယ်ဟာတူညီနေသေးသော်လည်း ခြံဝင်းကျဉ်းကျဉ်းလေးက ငရဲဘုံမြင်ကွင်းအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။

မရေမတွက်နိုင်သောလူသေများ၏ပုပ်ပွနေသောအလောင်းများကို သေးငယ်သောဝင်းအတွင်းက မြေကြီးပေါ်တွင်စုပုံထားပြီး သူတို့နင်းခဲ့သောမြေနေရာအားလုံးက လူသားရုပ်ကြွင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ အလွန်ဝေဆာသောပန်းများက သွေးနံ့ကိုဖယ်ရှားရန်အတွက် အထူးအသုံးပြုထားသောသစ်ခွပင်များဖြစ်သည်။ ၎င်းတို့သာရှိမနေပါက ထိုနေရာရှိလေထုဟာ ဤမျှလတ်ဆတ်လာမည်မဟုတ်ပေ။

သစ်ခွပင်ဟာမည်မျှပင်ထိရောက်မှုရှိစေကာမူ ရွှီဇီရုန်လိုသွေးထိန်းချုပ်သူကဲ့သို့မကောင်းမွန်ချေ။ ဒါ့အပြင်သတ်ဖြတ်မှုနဲ့သွေးထွက်သံယိုအနံ့ကို နှစ်သက်တဲ့ဖန်‌မောင်လည်းရှိသည်။

သစ်ခွပင်ဟာအဖိုးတန်အပင်မဟုတ်တာကြောင့် ရွှီဇီရုန်လည်းခြံဝင်းတစ်ခုလုံးကို မီးလောင်တိုက်သွင်းလိုက်သည်။

အခင်းအကျင်းတွေက အဖိုးအို၏တဲကိုဗဟိုပြုထားတာကြောင့် တဲကိုဖျက်ဆီးလိုက်သည်နှင့် သူတို့တွေဝါးရုံတော၏ပတ်ဝန်းကျင်ကို ချက်ချင်းမြင်လိုက်ရသည်။

အဖိုးအိုကလုံးဝမလိမ်ခဲ့ဘူး။ အမှန်ပင်သူဟာအလွန်ဝေးလံသောနေရာတွင်နေထိုင်ခဲ့ပြီး ရွှီဇီယန်အချိန်အတော်ကြာစောင့်ကြည့်ခဲ့ပြီး လူသား၏ခြေရာကိုပင်မတွေ့ရှိသေးပေ။

“ ဘာလုပ်ကြမလဲ? ” ရွှီဇီယန်အကူအညီမဲ့နေသည်။ သူတို့ဘယ်ကိုဦးတည်နေတယ်ဆိုတာမပြောနိုင်ပေမယ့် အဲဒီကနေဘယ်လိုထွက်ရမယ်ဆိုတာကိုတောင်မသိကြဘူး။

“ ဒီလမ်း ” ရွှီဇီရုန်ကဦးတည်ချက်ကိုခန့်မှန်းခြေရွေးချယ်လိုက်ပုံရပြီး ရွှီဇီယန်ကမကန့်ကွက်ပေ။ အားလုံးကိုခြုံငုံပြီး သူတို့အားလုံးဟာကံတရားကိုသာအမှီပြုထားရင်း ဘယ်လမ်းကြောင်းမဆို အတူတူပဲဖြစ်သည်။

အခုပဲတိုက်ပွဲပြီးသွားတော့ သူတို့တွေကအရာရာကိုပိုသတိထားလာကြသည်။ ကြင်နာပုံရသောအဖိုးအိုက မိစ္ဆာကျင့်ကြံသူဖြစ်လာသောကြောင့် အန္တရာယ်ဖြစ်စေနိုင်သောကျင့်ကြံသူတွေရှိနေသေးလားဆိုတာကိုတော့ မည်သူမျှသိနိုင်မှာမဟုတ်‌ဘူး။ ထို့အပြင်ယေဘူယျအားဖြင့်ပြောရလျှင် အလွန်နည်းပါးသည့်မိစ္ဆာကျင့်ကြံသူတွေက တရားမျှတသည့်ကျင့်ကြံသူတွေအနီးတွင်နေထိုင်ကြသည်။

တစ်နည်းဆိုရသော် သူတို့ကမိစ္ဆာကျင့်ကြံသူသူများ၏ နယ်မြေတစ်ခုအတွင်း၌ရှိနေနိုင်ဖွယ်ရှိသည်။

ရွှမ်းယွိနယ်မြေတွင် မိစ္ဆာကျင့်ကြံသူများ၏ခွန်အားက တရားမျှသည့်ကျင့်ကြံသူများထက်အနည်းငယ်သာလွန်သည်။ သူတို့က ဘယ်တော့မှတိုက်ပွဲမရပ်ဘူး။

အရည်အချင်းအရှိဆုံး တရားမျှတသည့်ကျင့်ကြံသူသူများအနေဖြင့် သူတို့က မိစ္ဆာကျင့်ကြံသူသူများ၏နယ်မြေများတွင် အမျိုးမျိုးသောခြိမ်းခြောက်မှုများနှင့်ကြုံတွေ့နေရဆဲဖြစ်သည်။ သူတို့တွေမသေချင်သေးပါက သူတို့ဟာလျှိုကွမ်းဂိုဏ်းမှဆိုသည့်အချက်ကို ဘယ်တော့မှထုတ်ဖော်လို့မဖြစ်ပေ။

ဤနားလည်မှုဖြင့် ရွှီဇီရုန်ကသူ့ကိုကို၏အဝတ်အစားများကို ကြော့မော့စွာပြောင်းလဲကာ လျှိုကွမ်းဂိုဏ်း၏အမှတ်အသားဖြင့် ချည်နှောင်ထားသောအင်္ကျီကိုဖယ်ရှားလိုက်သည်။

ဒီအတွက်ရွှီဇီယန်ဟာတကယ်ကိုဒေါသတကြီးခံစားခဲ့ရပါသည်။ အပြင်ဘက်အင်္ကျီကိုချွတ်လိုက်ရင်လုံလောက်နေရဲ့သားနဲ့ သူ့အောက်ခံအင်္ကျီကိုပါ ဘာလို့ချွတ်ရတာလဲ?
『TK: ကြည့်ချင်လို့ပေါ့:'( 』

“ ကိုကို၊ ကျွန်တော်တို့ရဲ့အောက်ခံအင်္ကျီတွေကိုလည်း ဂိုဏ်းကပိုင်တာပဲလေ၊ အဲ့ဒီမှာလည်း လျှို့ဝှက်အမှတ်အသားတစ်ခုခုရှိနေရင် ဘယ်လိုလုပ်မလဲ? ” ရွှီဇီရုန်ဟာ ရွှီဇီယန်၏နောက်ဆုံး‌ အောက်ခံအင်္ကျီကို လေးနက်သောအမူအရာဖြင့်ဖယ်ရှားလိုက်သည်။

ရွှီဇီယန်တကယ့်ကိုကျိန်ဆဲချင်လာပြီး၊ ဘယ်ဂိုဏ်းကများ အောက်ခံအင်္ကျီမှာပါ အမှတ်အသားလုပ်ဖို့အထိအားယားနေကြလို့လဲ? အဲ့ဒါကအရမ်းကိုစိတ်မချမ်းသာစရာကောင်းနေရမှာမဟုတ်ဘူးလား?

ဒါ့အပြင် အတွင်းထဲ၌လျှို့ဝှက်အမှတ်အသားတစ်ခုရှိနေလျှင်တောင်၊ မိစ္ဆာကျင့်ကြံသူတွေက အင်္ကျီအပြင်ဘက်ကနေမမြင်ရဘူး!

ငါ့အင်္ကျီကိုချွတ်လိုက်တဲ့အခါ မင်းရဲ့အသက်ရှူသံတွေနဲ့ စိတ်လှုပ်ရှားနေတဲ့အကြည့်တွေကို ငါသတိမထားမိဘူးလို့များ မင်းကထင်နေတာလား! ငါဘယ်သူ့ကိုမှမပြောပြချင်လောက်အောင် ရှက်စရာကောင်းလွန်းတယ်!

ချီးပဲ! ဒီနေ့တွေက သည်းမခံနိုင်လောက်အောင်ပါပဲ။ ရွှီဇီယန်မလှုပ်ရှားနိုင်တာကြောင့် သူ၏ခန္ဓာကိုယ်အားနေရာမလပ်အောင် ရွှီဇီရုန်ထိလေသည်။ ပိုကြောက်စရာကောင်းတာက ရွှီဇီရုန်ဟာသူ့ခံစားချက်တွေကို ဖုံးကွယ်မထားတော့ပဲ ရွှီဇီယန်ရဲ့အောက်ပိုင်းကိုပွတ်တိုက်နေတဲ့ ပူနွေးတဲ့တုတ်နဲ့တူသည့် အရာတစ်ခုကိုခံစားလိုက်ရတာပဲ...

သူဟာဤအရာအားလုံးကိုဖော်ပြရန် စကားလုံးများပင်ရှာမတွေ့တော့ပဲ သူ၏ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပေါက်ကွဲသွားသလိုခံစားခဲ့ရသည်။

တစ်ခုတည်းသောကောင်းတာက ရွှီဇီရုန်ကအဲဒါကိုပြင်းပြင်းထန်ထန်လုပ်ဖို့မကြိုးစားသေးပေမယ့် ရွှီဇီယန်ကတော့ ပိုမိုလွယ်ကူတာကိုမတွေ့ခဲ့ရပါဘူး...

သူတို့နှစ်ယောက်လုံးကယောက်ျားလေးတွေမို့ ဒီလိုမျိုးသည်းခံနိုင်စွမ်းဟာ ကြာရှည်မခံဘူးဆိုတာ ရွှီဇီယန်ကောင်းကောင်းသိပါသည်။ ရွှီဇီရုန်၏မျက်လုံးများမှ အလွန်အမင်းကိုဇီရုန်သည်းခံနေရကြောင်း သူသိခဲ့သည်။ ရွှီဇီယန် ပုံမှန်အတိုင်းပြန်မလှုပ်ရှားနိုင်မချင်း ဇီရုန်သည်းခံနိုင်ရမည်ဟုသာ မျှော်လင့်ရုံရှိတော့သည်။

ဤနည်းအားဖြင့် အနည်းငယ်ရက်စက်သည်ဟု ထင်ရသော်လည်း … ရွှီဇီရုန်သည်းမခံနိုင်ပါက သူ၏ဝိညာဉ်ကြောချဲ့ထွင်ခြင်းစွမ်းအားဖြင့် ခံနိုင်ရည်ရှိအောင်ကူညီပေးနိုင်လိမ့်သည်။

#TK