Chapter 121
Viewers 23k

Chapter 121


ကံအားလျော်စွာ ဖန့်ထျန်းရွေ့ အလွန်ကံကောင်းသွားသည်။ အမြုတေကို သူစုပ်ယူနေသည့်အချိန်၌ သူ၏စိတ်ဝိညာဉ်သွေးကြော‌ေတွက ‌သန္ဓေပြောင်းသွားသည်။ စိတ်ဝိညာဉ်သွေးကြောနှစ်မျိုးက သူ၏ပင်ကိုစွမ်းရည်ကို ပိုမိုကောင်းမွန်ကိုတိုးတက်စေသည်။ ကျင်းလော့ကို ချဲ့ထွင်နိုင်ခြင်းဟာ အခြေခံကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိဖို့အတွက် လမ်းစပင်ဖြစ်သည်။

ဖန့်ထျန်းရွေ့သေလောက်အောင် သွေးတွေအန်ထုတ်ပြီးနောက် စိတ်နှစ်မျိုးနဲ့ကျန်ရင်းဟာ အလှည့်ကျဘေးနား၌ ထိုင်စောင့်နေသည်။ ကျန်ရင်းတွေးထားသလိုပဲ ဖန့်ထျန်းရွေ့နိုးလာပြီးနောက် အေးစက်စွာဆက်ဆံလေ့ရှိပေမယ့် သူမထင်ထားတာက ဖန့်ထျန်းရွေ့ဟာ ကျန်ရင်း(မ)ပုံစံနဲ့တုန်းကတော့ နူးညံ့စွာဆက်ဆံပေမယ့် ကျန်ရင်း(က)ပုံစံနဲ့လည်းကျတော့ သူစိမ်းတွေလိုပဲ ဂရုမစိုက်သလိုသာနေသည်။

သူဖန့်ထျန်းရွေ့ကို လိမ်ခဲ့မိတယ်ဆိုတာ ကျန်ရင်းသဘောပေါက်ပေမယ့် ဒီပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ သူအမြဲတွေးထားခဲ့သည်။ ရလဒ်အနေနဲ့ကတော့ ဖန့်ထျန်းရွေ့က သူ့ကိုလေလိုသာ သဘောထားသည်။ သူရုတ်တရက် ဘာအကြံမှမတွေးမိတာကြောင့် ဖန့်ထျန်းရွေ့အနောက်ကနေ တစ်ချိန်လုံးလိုက်လို့နေပေမယ့် ဘာဂရုစိုက်မှုမှမရရှိပေ။

ရွှီဇီရုန်ကတော့ ကျန်ရင်းနဲ့ဖန့်ထျန်းရွေ့တို့အတွဲကို အေးစက်စက်ကြည့်လိုက်ပြီး ကြိတ်ပြီးဝမ်းသာနေသည်။ သူတို့ရဲ့ဆက်ဆံရေးက အလိမ်အညာနဲ့တည်ဆောက်ထားတာဖြစ်ပြီး အောက်ခြေကလည်းအတုအယောင်ပဲမို့ ဘယ်လိုလုပ်များ ကောင်းကောင်းမွန်မွန်ရပ်တည်နိုင်မှာလဲ?

သူ့ကိုကိုအား သူတစ်ချို့သောအရာတွေ လျှို့ဝှက်ထားတယ်ဆိုပေမယ့် သူ၏လိင်(ကျား၊မ)နဲ့ပတ်သက်ပြီးတော့ ကျန်ရင်းလိုမျိုးဘယ်တော့မှ ဖုံးကွယ်ထားမှာမဟုတ်ဘူး။

ကိုယ်ကြိုက်နေတဲ့မိန်းကလေးက ယောင်္ကျားလေးအဖြစ်‌ ရုတ်တရက်ကြီးပြောင်းလဲသွားတာကို ဘယ်ယောင်္ကျားလေးမှလက်ခံနိုင်မှာမဟုတ်သလို သူတို့နှစ်ယောက်အတူတူနေဖြစ်သွားအောင် အတိတ်ကဘယ်လိုအခက်အခဲတွေကိုများ သူတို့တွေဖြတ်ကျော်ခဲ့ကြလည်းဆိုတာ သူတွေးဆနေမိသည်။

သူ့ကိုကို တောကောင်၏အ‌မြုတေအား စုပ်ယူနေတာကို ကြည့်လိုက်ရင်း ရယ်ကျဲကျဲဖြင့် ရွှီဇီရုန်၏မျက်နှာ၌ နတ်ဆိုးအပြုံးထင်ဟပ်သွားသည်။ ကြည့်ထား အဲ့ဒီလိုအပြုအမူတွေက တိုးတက်မှုရဲ့အားသာချက်ပင်ဖြစ်ပြီး ကိုယ့်ချစ်သူဟာကိုယ့်ကို တဖြည်းဖြည်းချင်း နားလည်နိုင်စေနိုင်ပြီး ကျန်ရင်းလိုရှက်စရာကောင်းသည့် ကိစ္စတွေကိုရှောင်ရှားနိုင်သည်။

"ကိုကို…" ရွှီဇီရုန်ကိုင်းညွတ်လိုက်ပြီး အနောက်ဘက်ကနေ ရွှီဇီယန်အားဖက်လိုက်သည်။

တရားထိုင်နေရာကနေ လန့်နိုးသွားကာ ရွှီဇီယန်၏ခန္ဓာကိုယ် ဆတ်ခနဲတုန်သွားပြီး သူ့ညီလေးအား အကူအညီမဲ့စွာကြည့်လိုက်သည်။

တောကောင်၏အမြုတေထဲက စိတ်ဝိညာဉ်အားလုံးကိုစုပ်ယူပြီး သူ၏ချီပင်လယ်ထဲသို့ ပို့လိုက်ပြီးအမှုန့်တွေလို ပျံ့နှံ့သွားတော့သည်။ သူအာရုံစိုက်နေစဉ်အတွင်း ရွှီဇီရုန် သူ့ကိုကိုအား လန့်သွားအောင်မလုပ်ချင်တာကြောင့် အခုချိန်က သူ့ကိုဖက်ထားဖို့က အသင့်တော်ဆုံးအချိန်ပင်ဖြစ်သည်။

သူ့ကိုကိုကသူ့မျက်နှာအား နားမလည်သည့်အမူအရာဖြင့် ကြည့်နေတာကိုမြင်လိုက်ပြီး ရွှီဇီရုန်မျက်လုံးလေး ပေကလက်ပေကလက်လုပ်ကာ တိုးတိုးလေးပြောလိုက်သည်။
"ကိုကို ကျွန်တော်နည်းနည်းချမ်းလို့"

ရွှီဇီယန်အသက်မပါသည့် ပုံစံဖြစ်သွားပြီး သူ့ရင်ထဲ၌ ဒေါသထွက်စွာ အော်ဟစ်နေသည်: 'ဒီထက်ပိုခိုင်လုံတဲ့ ဆင်ခြေမျိုးရှာပါဦးလား! အခြေခံကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိထားတဲ့ကျင့်ကြံသူတွေက ရာသီဥတုပြောင်းလဲတာကို မကြောက်ဘူးကွ! အကယ်၍ သူတို့ရာသီဥတုပြောင်းလဲတာကို ခံရတယ်ဆိုရင်တောင် ငရဲမီးလျှံမိစ္ဆာနယ်မြေထဲမှာ ချမ်းတယ်ဆိုတာထက် ပူတယ်လို့ခံစားရမှာ!'

ရွှီဇီယန်ဟာအသက်မပါသည့်ပုံစံဖြစ်နေသည်။

ရွှီဇီရုန်ကတော့ သူ့ကိုကိုအားပြုံးပြနေ၏။

နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက် အချိန်အကြာကြီးစိုက်ကြည့်နေပြီးနောက် ရွှီဇီယန်ဆက်ပြီးသည်းမခံနိုင်တော့တာကြောင့် ရွှီဇီရုန်၏ရင်ခွင်ထဲက သူ့ခန္ဓာကိုယ်ကို ဖြည်းညင်းစွာဆွဲထုတ်လိုက်သည်။

ရွှီဇီရုန်ကလည်းနားလည်တာကြောင့် သူ၏လက်တွေထဲကနေ ကောင်းမွန်စွာလွတ်ပေးလိုက်ပေမယ့် ရွှီဇီယန်ရုန်းကန်နေမှုကြောင့် သူ့ကိုကို၏ခန္ဓာကိုယ်ကို သူထိရောက်စွာထိတွေ့နိုင်လိုက်သည်။

သူ့ကိုကိုက သူ၏စိတ်သဘောထားကို ရှာတွေ့သွားပြီးနောက် သူနဲ့အတူတူအိပ်ဖို့ ဘယ်တော့မှ ထပ်ပြီးအခွင့်အရေးမပေးတော့ပေ။ ရွှီဇီယန်က ဘယ်လောက်ပဲ နူးညံ့စွာဆက်ပြီး သည်းခံပါစေ ရွှီဇီရုန်ကိုသူနဲ့အတူတူအိပ်ဖို့ ခွင့်မပြုပါ။

အဲ့ဒီမနက်ကလို ရှက်စရာကောင်းသည့် အဖြစ်အပျက်မျိုး ထပ်ဖြစ်သွားပါက ရွှီဇီယန် လူတွေကို မျက်နှာချင်းတောင်ဆိုင်ရဲတော့မှာမဟုတ်ဘူး။ ဒီလိုအဖြစ်ဆိုးကြီးကနေ ရှောင်ရှားဖို့အတွက် ဇီရုန်နဲ့သူခပ်ခွာခွာနေမှရမည်။

ညီအကိုနှစ်ယောက်ဟာ ဒီအခြေအနေကို ဖွင့်ဟရန်မလိုပဲသိတာကြောင့် 'မင်းလည်းနားလည်သလို၊ငါလည်းနားလည်တယ်'ဆိုသည့်ပုံစံအတိုင်း ဘာမှမပြောကြချေ။

ရွှီဇီရုန်က‌တော့တိုက်ရိုက်ပြုမူရတာကို ကျင့်သားရနေပြီဖြစ်ပေမယ့် ရွှီဇီယန်ကတော့ သူ့ညီလေးသာ အမှန်အတိုင်းမပြောသ၍ သူကလည်းအကိုကောင်းတစ်ယောက်အဖြစ် ဟန်ဆောင်နိုင်သေးစမြဲဖြစ်သည်။

တည်ငြိမ်နေတယ်ဆိုတာ အတုအယောင်မှန်း သူသိတယ်ဆိုရင်တောင် ဘယ်အချိန်သေမလဲမသိနိုင်သည့် ဒီလိုအန္တရာယ်များသည့်နေရာမျိုး၌ ထိုအတုအယောင်အား သူဆုပ်ကိုင်ထားဖို့သာတတ်နိုင်သည်။

"ငါ့ရဲ့စိတ်ဝိညာဉ်စွမ်းအင်တွေက အကန့်အသတ်ကိုရောက်နေပြီ ဒီနေရာမှာ အနားယူဖို့ကောင်းတဲ့နေရာလည်း မတွေ့ဘူး၊ ချီစွမ်းအင်စုဆောင်းမှု အလယ်အလတ်အဆင့် တောကောင်တွေကို စိန်ခေါ်ဖို့ ငါအစီအစဉ်ဆွဲထားတယ်" ရွှီဇီယန်ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

ရွှီဇီရုန်ခဏလောက်တွေးဆလိုက်ပြီး "ကောင်းပြီလေ ကျွန်တော်လည်း အကန့်အသတ်ကိုရောက်လုနီးပါးဖြစ်နေပြီ၊ အတူတူသွားကြတာပေါ့"

ရွှီဇီယန်ခေါင်းခါလိုက်ပြီး "ငါတို့တွေရဲ့စွမ်းအားနဲ့ဆိုရင် ချီစွမ်းအင်စုဆောင်းမှု အလယ်အလတ်အဆင့် တောကောင်တွေကို စိန်ခေါ်လို့ရတယ်၊ ဒါပေမယ့် အနီးနားမှာလူတစ်ယောက်ကရှိနေတယ်ဆိုတော့ မင်းရဲ့သွေးမန္တန်နဲ့ပဲဖြစ်ဖြစ်၊ ငါ့ရဲ့မိုးကြိုးသွားနဲ့ပဲဖြစ်ဖြစ် ငါတို့တွေက သူတို့တွေကိုအလွယ်တကူ ခုခံသတ်ဖြတ်လို့ရနေတယ်၊ ဒီအတိုင်းဆိုရင် ငါတို့တွေ တိုက်ပွဲအတွင်းကနေ ဘယ်လိုလုပ်ပြီး လက်ရှိကျင့်ကြံခြင်းအဆင့်ကို ကျော်ဖြတ်နိုင်မှာလဲ?"

ရွှီဇီရုန်တစ်ခဏမျှတိတ်ဆိတ်သွားသည်။ ရွှီဇီယန်ပြောတာမှန်ကန်သည်။ အကယ်၍ သူတို့တွေက လက်ရှိကျင့်ကြံခြင်းအဆင့်ကနေ ကျော်ဖြတ်ချင်ပါက တူညီသည့်အဆင့်နဲ့ယဉ်ပြိုင်တိုက်ခိုက်တာ အကောင်းဆုံးပင်ဖြစ်သည်။ နှစ်ဖက်စလုံး၏စွမ်းအားတွေ တူညီလုနီးပါးဖြစ်နေလေ သူတို့တွေကစွမ်းရည်တွေက ပိုမိုလှုံ့ဆော်လာလေဖြစ်သည်။ အကယ်၍ တစ်ဖက်ကအလွန်စွမ်းအားနည်းနေပါက အခြားတစ်ဖက်က လွယ်ကူစွာချေမှုန်းနိုင်မည်ဖြစ်ပြီး အခြားတစ်ဆင့်ကို ဖြတ်ကျော်ဖို့လည်း ဆုံးရှုံးသွားမည်ဖြစ်သည်။ 

သူ့ကိုကိုအား စွန့်စားဖို့အတွက် အန္တရာယ်ထဲလွတ်လိုက်ရမှာကို သူ့ရင်ထဲ၌ဝန်လေးနေပေမယ့် ကျင့်ကြံသူတွေက စွန့်စားမှုမရှိပဲ တိုးတက်မှုမရှိဘူးဆိုတာ ရွှီဇီရုန်သိနေသည်။

ရတနာတွေကိုရှာဖွေတာပဲဖြစ်ဖြစ်၊ အလှည့်အပတ်ခရီးထွက်တာပဲဖြစ်ဖြစ် အန္တရာယ်ထဲကျရောက်သွားလို့ ထိုအန္တရာယ်တွေကိုရင်ဆိုင်ဖို့ ကြောက်ရွံပြီး သူတို့တွေရပ်တန့်လိုက်ပါက ကျင့်ကြံခြင်းကလည်း တိုးတက်လာမည်မဟုတ်တော့ပေ။ 

"ကောင်းပြီ ဒါပေမယ့် ကိုကိုပိုပြီးဂရုစိုက်ရမယ်နော်" ရွှီဇီရုန်ဝန်လေးစွာပြောလိုက်သည်။

ရွှီဇီယန်က,ကတိပေးတယ်ဆိုသည့်ပုံစံဖြင့် ရင်းနှီးသည့်အပြုအမူဖြစ်သည့် သူ၏ခေါင်းကိုပွတ်ပေးလိုက်သည်။

ရွှီဇီယန် သူ၏စိတ်ထဲ၌ အလင်းရောင်လေး တိတ်တဆိတ်ပေါ်ထွက်လာပြီး သူ၏‌အကျင့်ဆိုးတွေကို ဖျောက်ဖျက်ရန် လုံးဝကိုမျှော်လင့်ချက်မဲ့နေတော့သည်…

သူတို့တွေ၏ဂူထဲ၌ ထွက်လာပြီးနောက် ရွှီဇီယန် သူ၏ဓားပျံဖြင့် သူတို့တွေရှာတွေ့ခဲ့သည့် ချီစွမ်းအင်စုဆောင်းမှု နှောင်းပိုင်းအဆင့် မီးလိပ်ကြီးဆီသို့ ပျံသန်းသွားသည်။ ထိုတောကောင်ကြီးက အလွန်ကြီးမားပြီး နှေးကွေးတာကြောင့် ရွှီဇီယန်အတော်လေး သဘောကျသည်။ သူတို့တွေအားလုံးက တိုက်ခိုက်ခြင်းထက် ခုခံခြင်းကိုသာပြုလုပ်ကြသည်။

ထိုလိပ်ကြီး၏ကျောဘက်ကအခွံဟာ အံ့ဩစရာကောင်းအောင် ကာကွယ်ပေးနိုင်ပေမယ့် ထူထည်းလှသည့်ထိုအကာအရံကို အဆက်မပြတ်တိုက်ခိုက်ပြီး ကွဲ‌သွားအောင်ပြုလုပ်လို့ရတာကြောင့် သူ့အားသတ်ပစ်ဖို့ ရွှီဇီယန်အနည်းငယ် အားစိုက်ထုတ်ဖို့သာလိုအပ်သည်။

ရွှီဇီယန်က လျှပ်စစ်မန္တန်တွေဖြင့် တိုက်ခိုက်မှုစွမ်းအားသာ ကောင်းမွန်ပြီး ခုခံမှုစွမ်းအားက အတော်လေးနိမ့်ကျသည်။ ရက်သတ္တပတ်အတွင်း ရွှီဇီရုန်နဲ့အတူပူးပေါင်းတိုက်ခိုက်တာကြောင့် အားနည်းချက်တွေမရှိခဲ့ပေမယ့် သူတစ်ယောက်တိုက်ခိုက်မည့်အချိန်၌ သူနဲ့အဆင့်တူတဲ့ရန်သူနဲ့သာ အမှတ်မထင်တွေ့ဆုံခဲ့ပါက အလွန်ကိုအန္တရာယ်များပေလိမ့်မည်။

ဓားပျံဖြင့်နှစ်နာရီလောက် ပ‌ျံသန်းပြီးနောက် ရွှီဇီယန်အောက်ဘက်သို့ဆင်းသက်လိုက်သည်။ မီးလိပ်ကြီးနဲ့ အကွာအဝေးအနည်းငယ် ခြားနေသေးပေမယ့် ချီစွမ်းအင်စုဆောင်းမှု နှောင်းပိုင်းအဆင့်ရောက်ရှိထားသည့် တောကောင်တွေဟာ အလွန်ကိုသတိရှိကြသည်။ အကယ်၍ သူသာဒီအတိုင်းပြေးထွက်သွားပါက 'ငါဒီမှာ သတိထားတော့'လို့ ရန်သူအားပြောပြလိုက်တာနဲ့ တူနေလိမ့်မည်။

ဓားပျံကိုသိမ်းလိုက်ပြီးနောက် ရွှီဇီယန်သတိရှိစွာဖြင့် ရှည်လျားသည့်ချောက်နက်ထဲသို့ ဝင်ပုန်းလိုက်သည်။ ထိုချောက်နက်၏အောက်၌ ရေပူစမ်းရှိပြီး မီးလိပ်ကြီး၏နေရာက ထိုရေပူစမ်း၏အလယ်ဗဟိုက ချောက်နက်တစ်ခုလုံးပင်ဖြစ်သည်။

ရွှီဇီယန်ဟာ လွတ်မြောက်ခြင်းအတတ်ပညာကို သိပ်ပြီးတော့မကျွမ်းကျင်သလို သူ၏ဖုံးကွယ်ခြင်းအရည်အချင်းကလည်း ခပ်ဝေးဝေးအထိဖုံးကွယ်နိုင်ဖို့ မလုံလောက်ပေ။ ကံကောင်းစွာ သူ့မှာချစ်စရာကောင်းသည့် ကုဗတုံးလေးရှိနေသေးသည်။ နောက်ဆုံးအကြိမ်တုန်းက ကုဗတုံးလေးပြောင်းလဲသွားတာကြောင့် သူအသုံးပြုနိုင်မယ့် နောက်ထပ်နည်းလမ်းတစ်မျိုး တွေ့ရှိသွားသည်။

အဲ့ဒီနည်းလမ်းကို ရွှီဇီယန်အမှတ်မထင် တီထွင်မိခဲ့ခြင်းဖြစ်သည်။ လက်ရှိမှာ ဒီကုဗတုံးလေးက နှစ်မီတာရှိနေပြီးဖြစ်သည်။ ထိုကုဗတုံးလေး အပေါ်၌ပဲပေါလောပေါ်နေပါစေ သူ့ခေါင်းအနောက်ဘက်မှာပဲ ရှိနေပါစေ ကိစ္စမရှိပေမယ့် သူအရေးကြီးတဲ့ပစ္စည်းတစ်ချို့ကို ယူဖို့လိုတဲ့အခါမျိုး၌ ကုဗတုံး၏ပုံသဏ္ဍာန်ကိုမြင်ရတာ ရွှီဇီယန်အတော်လေးမှင်တက်ရသည်။

ဘာကြောင့်လဲဆိုတော့ ကုဗတုံး၏အကျယ်အဝန်းက ပိုကြီးမားလာတယ်ဆိုပေမယ့် ရွှီဇီယန် ပစ္စည်းအများကြီး ထည့်သိမ်းထားလို့မရပေ။ သူသိမ်းထားလို့ရတာဆိုလို့ အရေးကြီးတဲ့ပစ္စည်းတွေရယ်၊ ခရမ်းရောင်မိုးကြိုးသွား၏ပြောင်းလဲမှုကိုးခုကျင့်စဉ်စာအုပ်ရယ်၊ တချို့သောအရေးကြီးဆေးလုံးတွေရယ်၊ မျက်စိကန်းစေနိုင်တဲ့ဝတ္ထုစာအုပ်ကြီးရယ်သာရှိသည်။ ထိုအရာတွေမှလွဲ၍ ကုဗတုံးထဲကိုထည့်ထားသည့် ဘာအရေးကြီးပစ္စည်းမှမရှိပေမယ့် ထည့်နိုင်သည့်အကန့်အသတ်ကရောက်ရှိတော့မည်ဖြစ်သည်။ ထို့အပြင် ကျင့်ကြံခြင်းလောက၌ လူတိုင်းမှာချန်ခွင်အိတ်‌ရှိထားကြပြီး ထိုအရာကအရမ်းကြီးစိတ်မချရဘူးဆိုပေမယ့် ဈေးပေါပြီးကုဗတုံးထက်တောင် ဆယ်ဆလောက်ပစ္စည်းတွေထည့်လို့ရတာကြောင့် ကုဗတုံးကိုမလိုအပ်သလိုဖြစ်သွားစေသည်။

ကုဗတုံး၏တစ်ခုတည်းသောအားသာချက်က ကျင့်ကြံသူနဲ့အတူ အမြဲတမ်းသယ်ဆောင်သွားနိုင်ပြီး ပျောက်ဆုံးတာတွေအတွက်စိတ်ပူစရာမလိုပေ။ ထိုအချက်ကလွဲရင် ကုဗတုံး၌ ဘာထူးခြားချက်မှာမရှိဘူး။

ကုဗတုံး၏ပြောင်းလဲမှုက ရွှီဇီယန်ကို အနည်းငယ် စိတ်လှုပ်ရှားမှုပေးစမြဲဖြစ်သည်။ ထို့အပြင် ဝတ္ထုတွေထဲ၌ ကျင့်ကြံသူတွေ၏ကိုယ်ပိုင်နယ်မြေတွေဟာ အလွန်အံ့ဩစရာကောင်းလှသည်။ ကု‌ဗတုံး၏စွမ်းရည်တွေကိုလည်း အဲ့ဒီလိုမျိုး သူမတွေးဖူးဘူးလို့ ပြောဖို့ဘယ်လို့မှမဖြစ်နိုင်ဘူး။

ကျင့်ကြံခြင်းလောက၌ ကျင့်ကြံသူတွေဟာ သူတို့တွေ၏ကိုယ်ပိုင်ရွှီမီနယ်မြေတွေပြုလုပ်လို့ရပေမယ့် ထိုအရာကို အမတဝိညာဉ်အခြေတည်စအဆင့်မှသာ စတင်ကျင့်ကြံလို့ရတာဖြစ်ပြီး နယ်မြေမန္တန်တွေပြုလုပ်ဖို့အတွက်ကလည်း ကျင့်ကြံသူဟာအရမ်းတော်မှသာပြုလုပ်နိုင်မည်ဖြစ်တာကြောင့် သာမန်လူတွေအလွန်ကိုခက်ခဲသည့်အရာပင်ဖြစ်သည်။

ထိုအရာမျိုးတွေရှိထားကြသည့်လူတွေကို ရွှီဇီယန်တကယ့်ကို အားကျမိသည်။ ရွှီဇီယန် ကုဗတုံးအားစစ်ဆေးပြီးနောက် ထိုအရာကကြီးမားလာပုံကလွဲရင် ဘာမှပြောင်းလဲသွားခြင်းမရှိဘူး။ သူ့ရင်ထဲ၌အနည်းငယ်စိတ်ပျက်မှုတွေရှိနေပေမယ့် ရွှီဇီယန်အရမ်းကြီးလည်း စိတ်ထဲမထားပေ။ ကုဗတုံးလေးက အစကတည်းက အသေးအဖွဲ့အရာလေးသာဖြစ်သည်။ ကုဗတုံးလေးက ဝတ္ထုထဲကဒီလောကကြီးအကြောင်းကို သူ့အားနားလည်နိုင်အောင် ပြောပြခဲ့ရုံသာမက အန္တရာယ်တွေကိုလည်း ထိုအရာနဲ့ရှောင်ရှားလို့ရပေသည်။ သူကလောဘကြီးသူမဟုတ်တာကြောင့် ထိုအချက်တွေနဲ့တင်လုံလောက်ပြီဖြစ်သည်။

တစ်ခါကသူစပ်စုချင်တာကြောင့် ကုဗတုံးထဲ၌ သူ့ကိုယ်သူပုန်းထားကြည့်ဖူးသည်။ ထိုအချိန်တုန်းက ကုဗတုံးလေးက အလွန်စိတ်ဝင်စား‌စရာကောင်းတယ်လို့ သူတွေးနေခဲ့ပေမယ့် ရန်သူတွေကိုစောင့်ကြည့်ရန် အာရုံဖြန့်ကျက်ခြင်းစွမ်းအားဖြင့် ဂူတစ်ခုလုံးကို ထိန်းချုပ်ထားသည့် ရွှီဇီရုန်ကတော့ အတော်လေးထိတ်လန့်သွားသည်။ အကယ်၍ သူတို့နှစ်ယောက်ကြားက သွေးစာချုပ်သာမရှိနေတော့ပါက ရွှီဇီရုန်ဒေါသတွေချက်ချင်း ပေါက်ကွဲထွက်သွားလိမ့်မည်။

ကုဗတုံးထဲ၌ အခန်းလိုပုံစံလေးရှိထားပြီး ထိုအခန်းထဲ၌ ဘာတံခါးမှမရှိပေမယ့် အပြင်လောကကြီးပြသနိုင်သည့် နံရံတစ်ခုသာရှိသည်။

ရွှီဇီယန်ပျောက်သွားပြီးနောက် ရွှီဇီရုန်ဟာ သူ၏စိတ်ငြိမ်ခန်းထဲကနေ ချက်ချင်းပြေးထွက်လာသည်။ သူကပတ်ဝန်းကျင်အား စိုးရိမ်တကြီး‌ဖြင့်ကြည့်နေပြီး နောက်ဆုံးမှာတော့ သွေးစာချုပ်ကနေတဆင့် ကုဗတုံး၏တည်နေရာကိုရှာတွေ့သွားပြီး ထိုအရာအားသူအပြင်းအထန်စိုက်ကြည့်နေတော့သည်။

ထိုစဉ် စားလို့မပြီးသေးသော မုန်လာဥဟာ ကုဗတုံး၏အောက်ဘက်သို့ လှိမ့်လာတာကြောင့် ရွှီဇီယန်အံ့ဩသွားရသည်။ ယုန်ကကုဗတုံးအား မြင်နိုင်တယ်လို့ ရွှီဇီယန်အရင်တုန်းသံသယရှိနေခဲ့ပေမယ့် ထိုဖြစ်စဉ်က အမှန်တကယ်ဖြစ်နေလိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး။

"ကိုကို? ဒီမှာရှိနေတာလား?" ရွှီဇီရုန်စိတ်လှုပ်ရှားစွာမေးလိုက်သည်။

ရွှီဇီယန်တိတ်ဆိတ်နေပြီး သူတွေးတောနေတာက 'ငါဘာလုပ်ရမလဲ? ငါထွက်သွားလိုက်ရမလား? အကယ်၍ ငါထွက်သွားပြန်ရင်လည်း ကုဗတုံးရဲ့တည်ရှိမှုကို ဖော်ထုတ်သလိုမဖြစ်နေဘူးလား? ဒါပေမယ့် ငါမထွက်သွားပြန်ရင်လည်း ဇီရုန်ရဲ့စိုးရိမ်နေတဲ့အမူအရာကိုမြင်နေရတာကြောင့် ငါ့ဘယ်လိုလုပ် ငါ့ညီလေးရဲ့စိတ်ပူနေတဲ့အမူအရာကို သည်းခံပြီးဆက်ကြည့်နေနိုင်မှာလဲ?'

စက္ကန့်အနည်းငယ်လောက် ဆန့်ကျင်ဘက်စကားတွေနဲ့ အတိုက်အခံပြုလုပ်ပြီးနောက် ရွှီဇီယန်ဝန်ခံရန် ဆုံးဖြတ်လိုက်တော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျင့်ကြံခြင်းလောက၌ ဒီလိုကိုယ်ပိုင်နယ်မြေမျိုးလည်းရှိကြပေမယ့် အမတဝိညာဉ်အခြေတည်စအဆင့်ထိရောက်ရှိအောင် အရင်ဆုံးကျင့်ကြံဖို့တော့လိုအပ်သည်။ သူ့မှာဒီလိုစွမ်းရည်မျိုးရှိတယ်လို့ ရွှီဇီရုန်အားပြောလိုက်ပြီး ရွှီဇီရုန်ကစစ်ဆေးချင်ရင်တောင် ကုဗတုံးထဲဝင်ရောက်ကြည့်ရှုလို့မရတာကြောင့် အခြားသောလူတွေ၏ရွှီမီနယ်မြေနဲ့ ကုဗတုံး၏ကွာခြားချက်ကို သိနိုင်လိမ့်မည်မဟုတ်ပေ။

စိုးရိမ်နေသောခံစားချက်တွေဖြင့် ရွှီဇီယန် ကုဗတုံးထဲကနေ ထွက်လာလိုက်တော့သည်။ သူ့ကိုကိုရုတ်တရက်ပေါ်လာတာကို ရွှီဇီရုန်မြင်လိုက်ချိန်၌ သူ၏မျက်ခုံးတွေပင့်တက်သွားပေမယ့် ဘာမှမေးမြန်းခြင်းတော့မရှိဘူး။

ရွှီဇီယန်ထိတ်လန့်သွားပြီး သူ့ညီလေး၏နားလည်သဘောပေါက်မှုကြောင့် သူဝမ်းသာသွားသည်။ ရွှီဇီရုန်ကသူ့မှာလျှို့ဝှက်ချက်ရှိမှန်း သိနေတယ်ဆိုတာ သိသာလှပေမယ့် သူကဇီရုန်၏လျှို့ဝှက်ချက်ကို မေးမြန်းခြင်းမရှိတာကြောင့် ဇီရုန်ကလည်းသူ၏လျှို့ဝှက်ချက်ကိုမမေးတာဖြစ်လိမ့်မည်။

#TK