Chapter 113
Viewers 23k

Chapter 113


"ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီအကြောင်းကို နောင်ကျရင် ငါ့ကိုဘယ်တော့မှလာမပြောနဲ့!" ရွှီဇီယန်အော်ပြောလိုက်သည်။ အဲ့ဒါကြီးက သူ့ဘဝရဲ့အမည်းစက်ကြီးဖြစ်ပြီး သူအဲ့ဒီမှတ်ဉာဏ်ကို ဖျက်ပစ်လိုက်ချင်သည်။

ရွှီဇီရုန်ကလည်း နောင်တရစွာ ခေါင်းညိတ်လိုက်ပြီး ဒီနေ့သူ၏အကျိုးအမြတ်အတွက် သူအခွင့်အရေးယူတာက လုံလောက်သွားပြီဖြစ်တာကြောင့် အကယ်၍ သူဆက်တိုးနေရင် သူ့ကိုကိုပိုပြီးဒေါသထွက်လာပြီးတော့ ဘေးအန္တရာယ်ဖြစ်လာနိုင်သည်။

ဒီမနက်မြင်ကွင်းကို ပြန်လည်တွေးတောလိုက်ပြီးနောက် ရွှီဇီရုန် သူ၏မျက်လုံးတွေကျဉ်းမြောင်းသွားပြီး သူ၏နှုတ်ခမ်းထောင့်တွေ မြင့်တက်သွားသည်။ ဒီလိုအဆင့်ထိ သူ့ကိုကိုနဲ့အတူ ခပ်စောစော ရောက်ရှိသွားမယ်လို့ မ‌ထင်ထားခဲ့ပေမယ့် မတော်တဆတစ်ခုကို သူအခွင့်အရေးယူပြီး သူ့ကိုကို၏အဓိကအချက်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်လိုက်သည်။

လက်ရှိအခြေအနေကို ခန့်မှန်းကြည့်မယ်ဆိုရင် အဲ့ဒါကအတော်လေး အကျိုးသက်ရောက်မှုရှိနေဆဲဖြစ်သည်။ ထို့အပြင် သူ့ကိုကိုက ပုံမှန်အားဖြင့် တုံ့ပြန်မှုနှေးတာကြောင့် မကြာခင် သူအဖြစ်အပျက်ကို မေ့သွားလိမ့်မည်…

ဒါပေမယ့် တစ်ခါတစ်ရံမှာ ဒီလိုအရာမျိုးကို လွယ်ကူစွာမမေ့သွားအောင် ရွှီဇီရုန်မကြာခဏ သူ့ကိုကို၏မှတ်ဉာဏ်ကို အစပြန်ဖော်ပေးမည်။

ရွှီဇီယန်ကိုယ်ကိုလှည့်ကာ သူ၏အကြည့်တွေကို အောက်ဘက် စစ်မြေပြင်ဆီသို့ ပို့လိုက်ပြီး အမူအရာမဲ့စွာကြည့်နေပေမယ့် သူ၏စိတ်ကတော့ သူမျက်နှာကပုံစံအတိုင်း တည်ငြိမ်မှုမရှိပေ။

ဒီမနက်က ဖြစ်ပျက်ခဲ့သည့်အကြောင်းကို ပြောရရင် ရွှီဇီယန် သူ့ဆီ၌ အချိန်နောက်ပြန်ဆုတ်သည့် စွမ်းရည်ရှိပါစေလို့သာ ဆုတောင်းချင်လိုက်တော့သည်။ အဲ့ဒီမနက်ကိုပြန်သွားပြီး သူ့ကိုယ်သူ ပြန်ရိုက်ကာ နိုးလိုက်ချင်တော့သည်။

အဲ့ဒါကကိစ္စကြီးမဟုတ်ပေမယ့် သူအိပ်ပျော်ရင်း သူ၏အနောက်ဘက် အောက်ပိုင်းကို တစ်ခုခုက လာထောက်နေသလို ခံစားလိုက်ရသည်။ သူကလည်းပုံမှန်အတိုင်း လှည့်လိုက်ကာ ထိုအရာကြီးကို ထိကြည့်လိုက်ပြီး အဲ့ဒါကပျော့အိနေပေမယ့် တစ်ချိန်တည်း အဲ့ဒါကနွေးနေတာကြောင့် သူ့စိတ်တွေရှုပ်ထွေးသွားသည်။ အဲ့ဒါကဘာလဲဆိုတာ သူသဘောမပေါက်ခင်မှာပင် တစ်ယောက်ယောက်က သူ၏လက်ကိုကိုင်ကာ အဲ့ဒါကိုလှုပ်ရှားပေးသည်…

သူ့ဘေးနား၌ အိပ်နေသည့်လူက ငြင်းဆိုစရာမရှိ ရွှီဇီရုန်သာဖြစ်လိမ့်မည်။ ရွှီဇီယန်ဘာမှမပြင်ဆင်ထားတာကြောင့် သူ့လက်ပေါ်သို့ အရည်ပူတွေပန်းထွက်လာသည့်အထိ ဘာဖြစ်သွားလဲဆိုတာ ရွှီဇီယန် နားမလည်ခဲ့ပေ…

"အင်း…အရမ်း သက်သောင့်သက်သာရှိတာပဲ…" ရွှီဇီရုန်၏မျက်နှာကနီသွားပြီး သူ၏မျက်နှာက အားရကျေနပ်နေသည့် အမူအရာဖြင့် ပျင်းရိနေသည့်ကြောင်လို့ ရွှီဇီယန်၏လက်မောင်းတွေကို သူ့ကိုယ်သူပွတ်သပ်နေသည်။

ဘာဖြစ်သွားလဲဆိုတာ သူသဘောပေါက်လိုက်ပြီးနောက် ရွှီဇီယန်အရမ်းကို ထိတ်လန့်သွားသည့် အခြေအနေသို့ ရောက်ရှိသွားပြီး ဘာတုံ့ပြန်မှုမှတောင် မပေးနိုင်တော့ဘူး။

"ကိုကို?" ရွှီဇီရုန်မျက်တောင်ခတ်လိုက်ပြီး ရွှီဇီယန်၏အရှေ့တွင် ရုတ်တရက် မတ်မတ်ရပ်ကာ စိုက်ကြည့်နေသည်။

သူ၏မျက်လုံးတွေက အရမ်းကိုကြည်လင်နေပေမယ့် ထိုပုံစံက ရွှီဇီယန်အား ကြီးမားသည့် ဖိအားကိုဖြစ်ပေါ်စေသည်။ ဖားကို‌အဆိပ်ရှိသည့်မြွေက စိုက်ကြည့်နေသလို သူခံစားနေရပြီး အနည်းငယ်ပြောင်းလဲသွားပါက ချက်ချင်းမျိုချတော့မည်ပုံစံနဲ့တူလှသည်။

"ကိုကိုလည်းလိုချင်လား?" ရွှီဇီရုန်မေးလိုက်ပြီး ရုတ်တရက်ပြုံးသွားသည်။

လိုချင်လား? ငါကဘာကိုလိုချင်ရမှာလဲ?

သူ၏အတွေးတွေနဲ့ ဇီရုန်၏ရှုထောင့်က တစ်ထပ်တည်းမကျဘူးလို့ ရွှီဇီယန်ခံစားနေရတာကြောင့် တစ်ဖက်လူပြောတဲ့အဓိပ္ပါယ်ကို သူဘယ်လိုလုပ် နားလည်ရမှာလဲ?

ဒါပေမယ့် သိပ်မကြာခင် ထိုအဓိပ္ပါယ်ကို သူသဘောပေါက်သွားသည်…

ရွှီဇီရုန်ဟာ သူ၏နူးညံ့ပြီးချော‌မွတ်သည့်လက်တွေဖြင့် သူ၏လိင်အင်္ဂါကို ဆုပ်ကိုင်လိုက်သည့်အချိန်၌ ရွှီဇီယန်မှင်တက်သွားသည်။ သူရုတ်တရက်ထကာ ကုတင်ပေါ်ကနေခုန်ချချင်ပေမယ့် ဇီရုန်လှည့်ကာ သူ့အားဖိထားလိုက်သည်။

"ငါ့အပေါ်ကဖယ်စမ်း!" ရွှီဇီယန်၏နားထင်ကြောတွေ သိသိသာသာ ထောင်ထနေသည်။

"မရဘူး ကိုကိုကကျွန်တော့်ကို အခုလေးတင် သက်သောင့်သက်သာဖြစ်အောင် လုပ်ပေးလိုက်တာဆိုတော့ ကျွန်တော်ကလည်း ကိုကို,ကိုပြန်ပြီး သက်သောင့်သက်သာဖြစ်အောင် လုပ်ပေးရမှာပေါ့" ရွှီဇီရုန်ခေါင်းမာစွာပြောလေသည်။

"မလိုချင်ဘူး!" ရွှီဇီယန်အံကြိတ်ပြီး ငြင်းဆိုလိုက်သည်။

"မရဘူး…" အဲ့ဒီအချိန်၌ ရွှီဇီရုန်ယဉ်ကျေးစွာ ပြုမူမနေတော့ပေ။ သူ၏သွယ်လျသည့်လက်ချောင်းတွေက အောက်ဘက်သို့ လျင်မြန်စွာ လျှောဆင်းသွားပြီး နှစ်ပေါင်းများစွာ မထွက်ပေါ်ပဲနေလာသည့် ရွှီဇီယန်၏အိုဟောင်းနေသည့် လူပျိုလေးကထောင်မတ်လာသည်။

ရွှီဇီယန်အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။ သူဒီအရသာမျိုးမခံစားရတာ နှစ်ပေါင်းများစွာရှိပြီဖြစ်ပြီး ဒီခံစားချက်‌က သူ၏ခါးကိုအားပျော့သွားစေသည်။ သူကအစကတည်းက ဖိနှိပ်ခံထားရသည့် အခြေအနေသို့ ရောက်ရှိနေပြီးဖြစ်သည်။ သူ့ခါး၏အထောက်အပံ့မပါပဲနဲ့ သူဘယ်လိုမှမခုခံနိုင်ပေ။

"မင်း…အင်း…လွတ်စမ်း!" ရွှီဇီယန်ဆဲလုနီးပါးဖြစ်သွားရသည်။ အကယ်၍ ဒီလိုအရာကိုလုပ်နေတာ ဇီရုန်သာမဟုတ်ဘူးဆိုရင် သူတွန့်ဆုတ်မှုမရှိဘဲ တိုက်ခိုက်ပြီးဖြစ်သည်။ ဒါပေမယ့် သူ့ကိုစော်ကားနေသည့်သူက သူနှစ်ပေါင်းများစွာချစ်ခဲ့ရသည့် သူ့ညီလေးဖြစ်ပြီး ဇီရုန်ကလည်း ဘာခုခံမှုမှ မလုပ်ထားတာကြောင့် အကယ်၍ သူသာတိုက်ခိုက်လိုက်ရင် ဇီရုန်ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မည်။

သူကသူ့ညီလေးကို ဒီလိုကိစ္စမျိုးအတွက်နဲ့ ဒဏ်ရာအပြင်းအထန်ရသွားအောင် လုပ်ရမှာလား? ရွှီဇီယန် ဒီလိုအရာမျိုးကို ဘယ်လိုလုပ်ပြီးလက်ခံနိုင်မှာလဲ?

ရွှီဇီယန်၏ရုပ်ပိုင်းဆိုင်ရာခုခံမှုက ဖိနှိပ်ခဲ့ထားရပြီး သူ၏မန္တန်တွေကိုလည်း အသုံးပြုလို့မရဘူး။ နောက်ဆုံးမှာတော့ သူအထွတ်အထိပ်သို့မရောက်ခင်အထိ ရွှီဇီရုန်သူ့အား လုပ်ချင်သလို လုပ်ပါစေလို့သာ ရွှီဇီယန်လွတ်ထားလိုက်တော့သည်။

သာယာပျော်ရွှင်မှုတွေ ဖြစ်ပေါ်လာသည့် အခိုက်အတန့်၌ ရွှီဇီယန်၏မျက်လုံးတွေ အာရုံစူးစိုက်မှု ပျောက်ဆုံးလုနီးပါးဖြစ်သွားသည်။ တစုံတခုက သူ့ပါးစပ်ထဲကလျှာကို ခေါက်တုံ့ခေါက်ပြန် ပွတ်တိုက်နေတာကို သူခံစားမိလိုက်သည်။ တွေဝေနှစ်မြောနေရင်း သူ၏လျှာကိုထုတ်ကာ တစ်ဖက်ကအရာအား လျက်မိလိုက်ပြီး ရွှီဇီရုန်ခဏလောက် မှင်တက်သွားရသည်။ ထို့နောက်မှာတော့ ရွှီဇီရုန်က သူ၏လျှာကို သူ့ကိုကို၏ပါးစပ်ထဲသို့ နက်ရှိုင်းစွာဝင်ရောက်လိုက်ပြီး သူတို့တွေကပြင်းပြစွာ နမ်းနေ‌ကြတော့သည်။

"အင်း…အင်း!" သူချစ်ရသည့်ညီလေးက သူ့အားအပြင်းအထန်နမ်းနေမှန်း ရွှီဇီယန် သဘောပေါက်သွားပြီးနောက် သူမိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။ သူဟာ ရွှီဇီရုန်၏ပါးကိုရိုက်လိုက်ပြီး အဝေးသို့ကန်လိုက်သည်။ သူ၏ဘောင်းဘီတွေကို ဆွဲတက်လိုက်ပြီး သူအဝေးသို့ထွက်ပြေးသွားကာ သူ၏အပေါ်ဝတ်ရုံကို ယူဖို့တောင် အချိန်မရှိတော့ပေ။

ဘေးနားသို့အကန်ခံလိုက်ရသည့် ရွှီဇီရုန်ကတော့ ဘာဖြစ်သွားလဲဆိုတာ သဘောမပေါက်သေးပေ။ ပြင်းပြစွာနမ်းနေစဉ်အတွင်း အကန်ခံလိုက်ရပါက ဘယ်သူမဆို ဒီအတိုင်းပဲတုံ့ပြန်လိမ့်မည်။

ကုတင်ထောင့်နားကနေ သူ၏ခေါင်းကိုမော့လိုက်ချိန်၌ အိပ်ရာခင်းတွေသာ ရှုပ်ယှက်ခက်နေသည့် ကုတင်အလွတ်သာရှိနေတာကို သူမြင်လိုက်ရပြီး လေထဲ၌ ခပ်ရေးရေးသင်းရနံ့တွေ ရှိနေသေးသည်။

ရွှီဇီရုန်ကမဲမှောင်စွာ ကြည့်လိုက်ပေမယ့် သူ၏လက်ချောင်းတွေကြားထဲက စေးကပ်မှုကို သတိထားမိလိုက်တာကြောင့် သူနက်နက်ရှိုင်းရှိုင်း ရယ်မောလိုက်သည်။ အဲ့ဒီရယ်မောသံဟာ ရွှီဇီရုန် ဘယ်လောက်တောင်ပျော်ရွှင်နေလဲဆိုတာ ထွက်ပြေးသွားသည့် ရွှီဇီယန်က သိပ်မဝေးသေးတာကြောင့် ထိုလူ၏ရင်ထဲဘယ်လောက်တောင် ပီတိဖြစ်နေမလဲဆိုတာ သူခံစားလို့ရသည်။

ဒါပေမယ့်မကြာခင်မှာပင် ရွှီဇီယန်၏ဂုဏ်သိက္ခာကျဆင်းသွားပြီဖြစ်ပြီး သူ့ညီဖြစ်သူနဲ့သူဒီလိုအရာမျိုး လုပ်ခဲ့ရတာက အရမ်းကိုဆိုးဝါးသွားစေသည်။ အဲ့ဒါကြောင့် အခုချိန်မှာ ရွှီဇီရုန်၏မျက်နှာကို သူမကြည့်ချင်သေးတာကြောင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။

ထွက်ပြေးသွားပြီး ဂုဏ်သိက္ခာကျဆင်းသွားတယ်ဆိုသည့် သူ၏ကိုကိုနဲ့နှိုင်းယှဉ်လိုက်ရင် ရွှီဇီရုန်၏အခြေအနေက အရမ်းကိုကောင်းမွန်နေသည်။

သူ၏အရာက ဒီမနက်မှာထောင်လာလိမ့်မယ်လို့ သူမထင်ထားခဲ့သလို သူ့ကိုကိုကလည်း အမှတ်မထင် သူ၏အရာကို လာထိလိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး။ နောက်ထပ်ပြုလုပ်သည့် အပြုအမူတွေကတော့ သူ၏စိတ်ထဲက အလိုအလျောက်တုံ့ပြန်မှုတွေဖြစ်ပေမယ့် သူ့ကိုကို၏တုံ့ပြန်မှုက မျှော်လင့်ထားသည့်ထက် အနည်းငယ်ပိုနေသည်။ သူအစတုန်းကတွေးခဲ့တာက သူ့ကိုကို,ကို သူထိလိုက်တာနဲ့ သူ့ကိုကိုကချက်ချင်း မန္တန်တွေသုံးကာ သူ့အားရိုက်လိမ့်မယ်လို့ တွေးထင်ခဲ့သည်။ မမျှော်လင့်ပဲ သူ့ကိုကိုက ပြန်လည်မတိုက်ခိုက်ခဲ့ဘူး။ 

သူ၏လက်ချောင်းထိပ်တွေက အရည်ကြည်လေးတွေကို လျက်လိုက်ပြီးနောက် ရွှီဇီရုန် နောက်တစ်ခါ ထပ်ရယ်မောနေသည်။ သူ့ကိုကိုက သူတွေးထားသည့်ထက် သူ့အားပိုသည်းခံနိုင်တယ်လို့ ယူဆမိသည်။ ဒါဆိုရင် သူတိုးတက်မှုကို အရှိန်‌မြှင့်လို့ ရလောက်သည်…

အဲ့ဒါကတော့ ဒီမနက်ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာပင်ဖြစ်သည်။ ရွှီဇီယန်၏အမြင်မှာတော့ သူကသူ့ညီလေးကို မိုက်မဲတဲ့နည်းလမ်းတွေနဲ့ ကူညီပေးခဲ့ပြီး ရွှီဇီရုန်ကလည်း သူ့အားဝန်ဆောင်မှု ပြန်ပေးခဲ့တာကြောင့် တရားမျှတယ်လို့သာ မှတ်ယူလိုက်သည်။ ရယ်မောနေသည့်အသံနဲ့ ရွှီဇီရုန်ပြင်းပြစွာ နမ်းခဲ့သည့်အနမ်းကိုကတော့ ရွှီဇီယန်လျစ်လျူရှုထားလိုက်တော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအရာမျိုးကို သူတစ်ကြိမ်၊နှစ်ကြိမ်ထက်ပိုပြီး လျစ်လျူမရှုနိုင်ဘူး။

ဘာပဲဖြစ်ဖြစ် ရွှီဇီရုန်မနက်တုန်းက အအိပ်လွန်သွားပြီး စိတ်ရှုပ်ထွေးတာလို့ ရှင်းပြပြီးပြီဖြစ်တာကြောင့် ရွှီဇီယန် ဒီအကြောင်းအရာကို လက်ခံပေးနိုင်သည်။ ရွှီဇီရုန်တကယ်စိတ်‌ရှုပ်‌ထွေးသည်ဖြစ်စေ၊ စိတ်မရှုပ်ထွေးသည်ဖြစ်စေ ဒီဖြစ်ရပ်ကြီးကို သူမတော်တဆလို့သာ မှတ်ယူပြီးဖြစ်သည်။

သူကဇီရုန်ကို မတော်တဆကူညီပေးလိုက်မိတာဖြစ်ပြီး ဇီရုန်ကသူ့အား ပြန်လုပ်တာကလည်း မတော်တဆသာဖြစ်သည်။ အနမ်းကျတော့လား အဲ့ဒါကတော့ မတော်တဆအနောက်က မတော်တဆသာဖြစ်သည်။ အဲ့ဒီအရာတွေက မမျှော်လင့်ထားပေမယ့် သူတို့တွေ ဒီလိုမျိုး နောင်တစ်ခါ ဘယ်တော့မှထပ်ဖြစ်မှာမဟုတ်ဘူး!

(တင်းတောင်! ရွှီဇီယန်က ဘယ်လိုမျက်စိစုံမှိတ်ပြီး မျက်ကွယ်ပြုရမလဲဆိုတာ ကျွမ်းကျင်မှုအဆင့်သို့ ပြည့်မှီစွာတက်ရောက်သွားပြီဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်)

ဒီမနက်ကအဖြစ်အပျက်တစ်ခုလုံး၏ ပုံစံကိုဆုံးဖြတ်ချက်ချပြီးနောက် ရွှီဇီယန် ထိုကိစ္စကို လျင်မြန်စွာ ဘေးဖယ်ထားလိုက်သည်။ အဲ့ဒီမတော်တဆအဖြစ်အပျက်က ပြန်ပြင်လို့လည်းမရတော့သလို မြို့ထဲသို့ဝင်ရောက်ရန် တောကောင်တွေကလည်း တိုက်ခိုက်နေတာကြောင့် ဒီလိုရုပ်ထွေးလှသည့်ပြဿနာက စစ်ပွဲလောက် အရေးမကြီးပေ…

ဒီနေ့တောကောင်တွေဝိုင်းအုံလာမှုက အရင်နေ့တုန်းကထက် ပိုပြီးတော့တောင်များပြားသည်။ အမြောက်စာတောကောင်တွေက အရင်နေ့ကစစ်ပွဲ၌ သေဆုံးခဲ့ပြီးဖြစ်သည်။ ဒီနေ့မြို့ကို တိုက်ခိုက်လာကြသည့် တောကောင်တွေအများစုက အခြေခံကျင့်ကြံခြင်းအဆင့်ထက် မြင့်ကြသည်။ အဲ့ဒီတောကောင်တွေက အမျိုးမျိုးသော စွမ်းအင်တွေကို ထုတ်လွတ်ကြပြီး အောက်ဘက်က ကျင့်ကြံသူတွေကို ကြီးမားသည့် ဖိအားတွေပေးကြသည်။

နှစ်နာရီအတွင်း ကျင့်ကြံသူတွေကို နှစ်ခါလောက် နေရာလွဲပြောင်းသွားပြီးဖြစ်သည်။ အဲ့ဒီကျင့်ကြံသူတွေက ဖြူရော်လာပြီး ပင်ပန်းနွယ်နယ်လာတာကြောင့် စစ်မြေပြင်ကနေ သူ့ဟာသူတို့ ဆုတ်ခွာလာကြသည်။

ကျန်မိသားစုကတပည့်တွေထဲက ကျန်ရင်းကလည်း ပြန်လည်ဆုတ်ခွာလာပြီး သီးသန့်အဆောက်အအုံ၌ အနားယူနေသည်။ ဒီစစ်ပွဲက သူ့အားရှီးဟွမ်ကျင့်စဉ်၏အသုံးပြုပုံကို နားလည်မှုအသစ်ပေးလိုက်သည်။ ရှီးဟွမ်ကျင့်စဉ်အသုံးပြုပြီး တစ်ကိုယ်တည်းတိုက်ခိုက်တာထက် အဖွဲ့နဲ့တိုက်ခိုက်တာက ပိုကောင်းမွန်တယ်ဆိုတာ သူသိရှိသွားသည်။

ဝမ်းနည်းစရာက သူကကျန်မိသားစု၏အိမ်တော်ထဲမှာ နှစ်ပေါင်းများစွာ ပိတ်ခံထားရသည်။ သူ့မှာသူငယ်ချင်းလည်းမရှိသလို သူ၏ချစ်သူကိုလည်း မတွေ့ရတာ အရက်တော်တော်ကြာလှပြီ။

ထိုအကြောင်းကို အချိန်အကြာကြီး တွေးတောပြီးနောက် တိုက်ခိုက်ရာတွင် သူနဲ့အတူပူပေါင်းဆောင်ရွက်ဖို့ သူလူတစ်ယောက်ကိုတောင် မရှာဖွေနိုင်တာကြောင့် သွေးတွေအန်ထွက်လုမတတ် သူအရမ်းကိုစိတ်ပျက်နေသည်။

"ကျန်ပင်" အစိမ်းရောင်ဝတ်စုံနဲ့ အခြွေအရံက တံခါးဝကနေ အော်ခေါ်လိုက်သည်။

"ဒီမှာပါ" ကျန်ရင်း(က)မျက်မှောင်ကြုတ်သွားသည်။ ကျန်မိသားစုထဲက မထင်ပေါ်တဲ့တပည့်ဖြစ်သည့် ကျန်ပင်အဖြစ် သူဟန်ဆောင်ထားခြင်းဖြစ်သည်။ သူကတစ်ယောက်တည်းသာနေတတ်ပြီး အခြားလူတွေနဲ့ အဆက်အသွယ်မရှိသလောက်ပင်ဖြစ်သည်။ ဒီအချိန်မှာ ဘယ်သူကများ သူ့ကိုရှာနေတာလဲ?

"မင်းကကျန်ပင်လား?" အခြွေအရံကမေးလိုက်သည်။

"ဟုတ်ပါတယ်" ကျန်ရင်းကပြန်‌ဖြေလိုက်သည်။

"ကောင်းပြီ ငါနဲ့လိုက်ခဲ့ လျှိုကွမ်းဂိုဏ်းက ဧည့်သည်နှစ်ယောက်က မင်းကိုခေါ်ခိုင်းလိုက်လို့" အခြွေအရံက အရမ်းကိုယှဉ်ကျေးသည်။ သူတို့နှစ်ယောက်က ကျန်ပင်ကို ဘာကြောင့်ရှာလဲဆိုတာ သူမသိပေမယ့် သူ့အတွက်‌ကံကောင်းခြင်းတွေ စောင့်ကြိုနေမည်ဆိုတာကိုတော့ သူသိသည်။

"ကောင်းပြီ" အကိုရွှီဇီယန်က ကျန်ပင်ကို ရှာနေတယ်ဆိုတာ သူကြားလိုက်ရပြီးနောက် ကျန်ရင်းချက်ချင်း စိတ်အေးသွားသည်။ သူ့သခင်က သူ၏ပုံစံအသစ်ကိုသိတာကြောင့် သူ့အားအဝေးသို့ ခေါ်သွားစေချင်တာဖြစ်လိမ့်မည်။

သူကအခြွေအရံနောက်ကနေ မျှော်စင်ပေါ်သို့လိုက်ပါလာပြီး ရွှီဇီယန်နဲ့ ကျန်ထျန်းရှင်က 'ကျန်ပင်'၏လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ချီးကျူးနေကြတာကို သူကြားလိုက်ရသည်။

ကျန်ထျန်းရှင်က တောကောင်များစွာကို သတ်ဖြတ်ခဲ့သည့် ကျန်မိသားစုကတပည့်ဖြစ်သူကို အရမ်းကိုအထင်ကြီးပေမယ့် သူဝင်ရောက်လာသည့်အချိန်၌ ကျန်ထျန်းရှင်၏မျက်နှာအမူအရာဟာ ချက်ချင်းပြောင်းလဲသွားတော့သည်။

"မင်း…" ကျန်ထျန်းရှင်၏မျက်လုံးတွေ ဝိုင်းစက်သွားပြီး ခဏလောက် မှင်တက်သွားသည်။

ကျန်ပင်က‌တော့တည်ငြိမ်စွာရပ်နေပြီး ဘာအမူအရာမှမပြပေ။

ကျန်ထျန်းရှင်၏မျက်နှာ ပြာနှမ်းသွားပြီး သူကခပ်တိုးတိုးမေးလိုက်သည်။
"မင်းဘာလို့ဒီနေရာမှာရှိနေတာလဲ?"

"ကျွန်တော်အထဲမှာမနေချင်လို့ ထွက်လာတာပေါ့ ဘာပဲဖြစ်ဖြစ် ဒီလိုထွက်တာက ပထမဆုံးအကြိမ်မှမဟုတ်တော့တာ" ကျန်ပင်၏လေသံ ရုတ်တရက် ပြောင်းသွားပြီး သူကအေးဆေးတည်ငြိမ်စွာ ကြည့်လိုက်သည်။

ကျန်ထျန်းရှင်၏မျက်နှာ ရုတ်တရက် မဲမှောင်သွားပြီး ကျန်ပင်နဲ့သီးသန့်စကားပြောရန် သူ၏လက်ကိုမြှောက်ကာ အသံလုံမန္တန်ကို အသက်သွင်းလိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်ဟာ တစ်ခုခုပြောဆိုနေကြပြီး ကျန်ပင်၏အမူအရာက အမြဲတမ်း ဆွပေးသည့်အကြည့်ဖြင့်သာ ကြည့်ပေမယ့် ကျန်ထျန်းရှင်က တဖြည်းဖြည်း တည်ငြိမ်သွားပုံပေါ်သည်။

ရွှီဇီယန်ကလည်း အခြားလူတွေ၏အိမ်တွင်းရေးကိစ္စထဲ မပါဝင်ချင်ပေ။ ကျန်ရင်းက သူ့အနောက်သို့လိုက်ချင်တယ်လို့ ဇီရုန်ကသူ့အားပြောထားပေမယ့် သူ့အဖေဖြစ်သူ၏ခွင့်ပြုချက်မပါဘဲ ကျန်ရင်းကို ရွှီဇီယန် ဖိအားမပေးချင်ဘူး။

#TK