Chapter 112
"ကိုကို ဒီကိစ္စကို ကျွန်တော့်ဆီပဲ အပ်လိုက်လေ" ရွှီဇီရုန်က ပြုံးကာပြောလိုက်သည်။
"အင်း ဒါလည်းအဆင်ပြေသားပဲ" ရွှီဇီယန်တွေးဆပြီးနောက် သဘောတူလိုက်သည်။ ဇီရုန်က တစ်ခါမှ လူတွေနဲ့ ရင်းရင်းနှီးနှီးမဆက်ဆံဖူးတော့ သူ၏အနာဂတ်တိုးတက်မှုအတွက် သူ၏ပုံစံကမကောင်းနိုင်ပေ။ သူကဘာလို့ ဒီလိုတောင်းဆိုတာလည်းဆိုတာ ရွှီဇီယန်မသိပေမယ့် ဒီလိုပုံစံမျိုးကိုမြင်ရတော့ သူပျော်သည်။
"ကိုကို ကျွန်တော်ပြန်လာမှာကိုပဲ စောင့်နေလိုက်ပါ အကယ်၍ ကျွန်တော်ဒီကိစ္စကို ကောင်းအောင်လုပ်ဆောင်ခဲ့ရင် ကိုကို ကျွန်တော့်ကိုဆုချရမယ်နော်" ရွှီဇီရုန်ပျော်ရွှင်စွာ တိုက်တွန်းလိုက်သည်။
"ကိစ္စမရှိပါဘူး ဒီနည်းလမ်းအတိုင်းပဲ လုပ်ကြတာပေါ့ မင်းစိတ်ဝိညာဉ်ကျောက်တုံး အလုံးတစ်ထောင်ကို အသုံးပြုချင်တယ်ဆိုရင် ငါမင်းကိုပေး…" သူပြောလိုက်မပြီးသေးခင် ကြားဖြတ်ခံလိုက်ရပြီး "ကိုကို, ကျွန်တော်က ကျွန်တော့်ကိုယ်ပိုင်ဆုကို ရွေးချယ်ရတာ ပိုကြိုက်တယ် အဲ့ဒီအချိန်ရောက်မှ ကိုကို ကျွန်တော်ကိုပေးပါနော်"
ရွှီဇီရုန်ကဂရုမစိုက်ဟန်ပြောလိုက်သည်။
"ကောင်းပြီလေ" ရွှီဇီယန်ကလည်း အပြုံးဖြင့် သဘောလိုက်သည်။ ဇီရုန်က အဓိပ္ပါယ်မရှိတဲ့ တောင်းဆိုချက်တွေ ပြုလုပ်မှာမဟုတ်ဘူးဆိုတာ သူတွေးစရာတောင် မလိုတာကြောင့် သူ့အတွက်ဘာဖိအားမှ မရှိပေ။
ရွှီဇီရုန်ခပ်ရေးရေးပြုံးကာ ယွီမိသားစု၏ပြဿနာကိုဖြေရှင်းရန် လှည့်ထွက်သွားတော့သည်။ ရွှီဇီယန်ကတော့ အခန်းထဲ၌နေကာ တရားထိုင်နေသည်။ သူ၏ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအင်တွေက ပိတ်ဆို့နေသည်အထိသို့ ရောက်ရှိထားပြီဖြစ်ပြီး အကယ်၍ သူသာကျော်ဖြတ်နိုင်ပါက နောက်ထပ်တစ်ဆင့်ဖြစ်သည့် ဝိညာဉ်ကြောချဲ့ထွက်ခြင်းအဆင့်သို့ သူတက်ရောက်သွားမည်ဖြစ်သည်။
ဒါပေမယ့် ဒီပိတ်ဆို့နေသည့်အရာကို ဖြတ်ကျော်ဖို့က အတော်လေး ခက်ခဲလှသည်။ ရွှီဇီယန်အနေဖြင့် ဒီလိုတောကောင်တွေ လာရောက်ဝိုင်းရံတိုက်ခိုက်တာက ဒီအဆင့်ကိုကျော်ဖြတ်ဖို့အတွက် သူ့အတွက်ကြီးမားသည့် အခွင့်အရေးပင်ဖြစ်သည်။
သူ့စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ပြီးနောက် ရွှီဇီယန် ကျင့်ကြံခြင်းကို စတင်တော့သည်။ သူ၏စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို တတ်နိုင်သမျှ မြန်မြန်ပြန်လည်စုဆောင်းရမည်ဖြစ်ပြီး ထို့နောက်ပြန်လည်တိုက်ခိုက်ပြီးတိုင်း ပြန်လည်စုဆောင်းသည်။ အဲ့ဒီဖြစ်စဉ်ကို သူထပ်ခါတလဲလဲအသုံးပြုပြီး တောကောင်တွေကိုအသုံးချကာ ကျင့်ကြံခြင်းကိုလုပ်ဆောင်နေသည်။
ညရောက်သည့်အချိန်၌ မီးအိမ်ကလင်းလာပြီး ရွှီဇီယန် ဖြည်းညင်းစွာ သူ၏မျက်လုံးတွေကိုဖွင့်လိုက်ပြီး သူ၏နှုတ်ခမ်းတွေကို အသာလေးဟလိုက်ပြီး အပြာရောင်မြူခိုးတွေ ထွက်လာသည်။
"ဖီး…အဟွတ် အဟွတ် အဟွတ်…ဇီရုန် မင်းအဲ့မှာဘာလုပ်နေတာလဲ?!!!" ရွှီဇီယန် ချီတွေအားလုံးကို မထုတ်ရသေးခင် သူမွန်းကျပ်လာသည်။ အလွန်လှပသည့်မျက်နှာကို သူမြင်လိုက်ရပြီး ရွှီဇီရုန်ကလွဲရင် ဘယ်သူများဖြစ်နိုင်အုန်းမှာလဲ?
"ကိုကို, ကျွန်တော် ကိုကို,ကို စောင့်နေတာလေ" ရွှီဇီရုန်က ရိုးစင်းစွာပြောလိုက်သည်။
ရွှီဇီယန်ကြည့်လိုက်ပြီး အပြင်ဘက်၌ မှောင်နေပြီဆိုတာ သဘောပေါက်လိုက်သည်။ တရားထိုင်ပြီး သူပြန်နိုးလာပြီးနောက် အချိန်ကဒီလောက်တောင် ကြာသွားလိမ့်မယ်လို့ သူမထင်ထားပေ။ အခုလေးတင် သူပြောလိုက်သည့်လေသံကြောင့် သူအားတုံ့အားနာဖြစ်သွားရသည်။
သူကရွှီဇီရုန်၏ဆံပင်အား ထိလိုက်ပြီးပြောလိုက်သည်။
"အဟမ်း…ငါတောင်းပန်ပါတယ် အကို့လေသံက အတော်လေးကြမ်းသွားတယ် တကယ်တော့ ငါကမင်းကိုအံ့အားသင့်သွားရုံပါ ငါအခုလိုထိတ်လန့်သွားပြီး မင်းကို စိတ်လိုလက်ရောက် တိုက်ခိုက်မိသွားရင် ဘယ်လိုလုပ်မလဲ? မင်းရိုက်ခံရတယ်ဆိုရင် မင်းအမှန်အတိုင်းပြောလို့ရတယ်နော်"
"အကယ်၍ ကိုကိုကကျွန်တော့်ကို ရိုက်ချင်တယ်ဆိုရင်တောင် အကြောင်းပြချက်ရှိမှာပေါ့ ကျွန်တော့် ကိုကို,ကို ယုံပါတယ်" ရွှီဇီရုန်ပေါ့ပါးစွာပြောလိုက်ပြီး သူ၏လေသံက သံသယဖြစ်ဖွယ်မရှိ ယုံကြည်နေသည်။
ရွှီဇီယန်နွေးထွေးသလို ခံစားလိုက်ရပြီး ရွှီဇီရုန်၏ခေါင်းကို အကြိမ်အနည်းငယ်လောက် ပွတ်သပ်လိုက်ကာ ရှုပ်ပွအောင်လုပ်လိုက်သည်။ သူ၏ဆံပင်က ငှက်သိုက်အဖြစ်သို့ ပြောင်းလဲသွားတာကို မြင်လိုက်ပြီး ရွှီဇီယန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဇီရုန်၏ဆံပင်ကို ဒီလိုပုံစံဖြစ်အောင်လုပ်တာက မကြင်နာရာကျတယ်ဆိုတာ သူလက်ခံပေမယ့် ဒီလိုအပြုအမူက သူတို့တွေရင်းနှီးတယ်ဆိုတာကို ပြသလို့နေသည်။ ဒါပေမယ့် သူတို့နှစ်ယောက်အတူတူရပ်နေတိုင်း အမျိုးသမီးကျင့်ကြံသူတွေ၏အကြည့်တွေဟာ ရွှီဇီရုန်၏ကိုယ်ပေါ်၌သာ ရှိနေကြပြီး ရွှီဇီရုန်၏အကြည့်တွေကတော့ သူ၏ကိုယ်ပေါ်၌သာရှိနေသည်…
သူ၏အလှကဘယ်လိုလဲ၊ သူ့ကိုကိုမျက်လုံးထဲမှာတော့ ထိုအရာကို ပေါ့ပေါ့တန်တန် နင်းချေနိုင်တဲ့အရာမဟုတ်ဘူးမလား? အကယ်၍ သူ၏ဆံပင်က ငှက်သိုက်လို့ ရှုပ်ပွနေရင်တောင် သူကချောမောနေဆဲဖြစ်သည်!
"ကိုကို…" ရွှီဇီရုန် သူ့ကိုကို၏အပြုအမူကို လုံးဝမမုန်းပေ။ သူကထိုအခွင့်အရေးကိုယူကာ သူ့ကိုကို၏လက်မောင်းတွေထဲသို့ ပစ်ဝင်လိုက်ပြီး နှစ်ယောက်သားစတင်ရယ်မောနေကြသည်။
နှစ်ယောက်သားရယ်မောနေကြပြီး ကုတင်ပေါ်၌ လှိမ့်နေကြသည်။ အဲ့ဒီအပြုအမူက အတော်လေး ကလေးဆန်တယ်ဆိုပေမယ့် သူတို့တွေ၏ရင်းနှီးမှုကို ပိုမိုတိုးတက်စေသည် — အနည်းဆုံးတော့ ထိုအရာက ရွှီဇီယန်၏အတွေးပင်ဖြစ်သည်။
ရွှီဇီရုန်အတွက်ကတော့ ရွှီဇီယန်နဲ့ကစားနေရာကနေ အကျိုးအမြတ်တွေရရှိမှန်း သူသိသည်…
*********
တောကောင်တွေ၏ဝိုင်းရံမှုက အဆုံးမသတ်တာမျိုးမဟုတ်ပဲ သူတို့တွေလည်း အနားယူဖို့လိုအပ်ပေသည်။ တောကောင်တွေဟာ တိုက်ခိုက်တာနဲ့ တစ်ချိန်တည်း၌ အစားအစာကိစ္စကိုပါ ဖြေရှင်းပြီးသားဖြစ်သည်။ ကျင့်ကြံသူတွေသေသည်ဖြစ်စေ၊ တောကောင်တွေသေသည်ဖြစ်စေ အသက်ရှင်ကျန်ရှိနေသည့် တောကောင်တွေက အလောင်းတွေကို အစားအစာအဖြစ် စားသောက်လို့ရပေသည်။
နောက်တစ်နေ့မနက်၌ စစ်မြေပြင်က ကြီးမားသည့်စပါးကြီးမြွေသည် အရိုးစုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုတောကောင်၏အသွေးနဲ့အသားက သူ၏ခေါင်းကထွက်လာသည့် ရွှေရောင်အရည်တွေထက်စာရင် နိမ့်ကျတယ်ဆိုပေမယ့် အဆင့်နိမ့်တောကောင်တွေအတွက်တော့ ထိုတောကောင်က ကောင်းမွန်သည့်အသားဖြစ်သည်။
တစ်ညတာလောက် အနားယူလိုက်ပြီးနောက် အရင်နေ့တုန်းက မြို့အပြင်၌ တိုက်ခိုက်ခဲ့ကြသည့် ကျင့်ကြံသူအများစုဟာ သူတို့တွေ၏စွမ်းအင်တွေကို ပြန်လည်စုစည်းနိုင်လိုက်ပြီး တစ်ချို့သောကျင့်ကြံသူတွေက မနေ့ကစစ်ပွဲကြောင့် ကျင့်ကြံခြင်းအဆင့်တွေ ကျော်ဖြတ်နိုင်သွားသည်။
"အခြေအနေ ဘယ်လိုရှိလဲ?" အဝေးမှာရှိနေသည့် တောကောင်တွေအားကြည့်လိုက်ရင်း ရွှီဇီယန် အသံခပ်တိုးတိုးမေးလိုက်သည်။
"အဆင်ပြေပါတယ် ဒါပေမယ့် အနောက်ဘက်ဂိတ်မှာ တောကောင်တွေလာစုစည်းနေတာ မနေ့တုန်းကထက် ပိုများတယ်လို့ထင်မိတယ်" ကျန်ထျန်းရှင်၏အမူအရာက အနည်းငယ် ပင်ပန်းနေသည်။ အနောက်ဘက်ဂိတ်ကို စောင့်ကြပ်သည့်လူတစ်ယောက်အနေနဲ့ သစ္စာဖောက်ကို သူရှာဖွေဖို့လိုပေသည်။ ဒီရက်အတွင်း သူနည်းနည်းမျှ အနားမယူရသေးပေ။ ကံကောင်းစွာ သူကချီစွမ်းအင်စုဆောင်းမှု နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေသည့်သူဖြစ်တာကြောင့် လဝက်လောက်အနားမယူရင်တောင် သူ့အတွက်ဘာပြဿနာမှမရှိပေ။
"တစ်ယောက်ယောက် မြို့ဂိတ်ကို ရုတ်တရက်ဝင်တိုက်လာနိုင်တာကြောင့် သတိထားပါ" သစ္စာဖောက်က အနောက်ဘက်ဂိတ်ကို အသုံးချကာ ချိုးဖောက်ချင်နေကြောင်းကို ကျန်ထျန်းရှင်အား ရွှီဇီယန်မပြောရသေးဘူး။ သူက မြို့ဂိတ်အောက်က ကာကွယ်ရေးအခင်းအကျင်းကို ဖျက်ဆီးမည့် သစ္စာဖောက်ကို ရှာဖွေ့ဖို့ပင်ဖြစ်သည်။ အဲ့ဒီတစ်ချက်တည်းနဲ့ပင် တောကောင်တွေက သစ္စာဖောက်ကိုအသုံးချကာ အနောက်ဘက်ဂိတ်အား ချိုးဖျက်မည်ဆိုတာကို သက်သေပြရန် လုံလောက်သွားလိမ့်မည်။
"အင်း" ကျန်ထျန်းရှင်၏မျက်နှာ အမူအရာဟာ ပြောင်းလဲသွားခြင်းမရှိပေ။ လက်ရှိမှာ သူကဒီအကြောင်းကို သိသွားပြီဖြစ်တာကြောင့် သူဘက်ကနေ တုံ့ပြန်ရေးအစီအစဉ် ဘယ်လိုလုပ်ပြီး မရှိပဲနေရမှာလဲ? ချီစွမ်းအင်စုဆောင်းမှု နှောင်းပိုင်းအဆင့်ကို ရောက်ရှိထားသည့် ကျင့်ကြံသူသုံးယောက်ဟာ တံတိုင်းပေါ်၌ အားလုံးစောင့်ကြပ်နေကြပေမယ့် ကျန်ထျန်းရှင်၏အမိန့်ဖြင့် အကြီးအကဲတစ်ယောက်က ဖုံးကွယ်စွာနေထားပြီး အနောက်ဘက်ဂိတ်ကို တင်းကျပ်စွာ စောင့်ကြည့်နေသည်။
ဘယ်လိုအန္တရာယ် အခြေအနေမျိုးပဲဖြစ်ဖြစ် သူလုံးဝလှုပ်ရှားလို့မရပေမယ့် တစ်ယောက်ယောက်ကသာ မြို့ဂိတ်ကိုချိုးဖျက်ဖို့ ကြိုးစားခဲ့ပါက ပြိုင်ဘက်၏မျှော်လင့်ချက်အားလုံးကို သူလျင်မြန်စွာ ပျောက်ကွယ်သွားအောင် ပြုလုပ်ရမည်။
ဝေါ်—
ထျယ်ရှီး၏ရှည်ကြာလှသည့် အော်ဟစ်သံက ဒုတိယစစ်ပွဲကို စတင်ရန် အချက်ပြလိုက်တော့သည်။
ဒီနေ့အသစ်ပါဝင်လာကြသည့်လူတွေက အရင်နေ့တုန်းကစစ်ပွဲ၌ ပါဝင်ခဲ့ခြင်းမရှိပေ။ အဲ့ဒီလူတွေထဲ၌ တစ်ကိုယ်တည်းကျင့်ကြံသူတွေနဲ့ ကျန်မိသားစုက တပည့်တွေလည်းပါဝင်သည်။
ဒီစစ်ပွဲမှာတော့ ကျန်ထျန်းရှင်က လက်ရွေးစင်တွေကိုပဲ သူလိုချင်တာကြောင့် ကျန်မိသားစု၏ငယ်ရွယ်သော တပည့်တွေထဲက သူဆုံးဖြတ်ချက်ချကာ ရွေးထုတ်ခဲ့ခြင်းဖြစ်သည်။ တပည့်တွေအနေနဲ့ စစ်ပွဲကိုမဝင်ရောက်ချင်ဘူးဆိုရင်လည်း ကျန်ထျန်းရှင်ဟာ သူတို့တွေအား ဖိအားမပေးပေမယ့် သူတို့တွေ၏အခွင့်အရေးအားလုံးကိုတော့ သူဖယ်ရှားပစ်မှာဖြစ်သည်။ အဲ့ဒီနေ့မှစ၍ အဲ့ဒီလူတွေအား ထောက်ပံ့ပေးနေသည့် အရင်းအမြစ်တွေ ဆက်လက်ပြီးရရှိတော့မှာမဟုတ်ပေ။
အထက်တန်းလွှာကတပည့်တွေ၊ ဂိုဏ်းတွေကတပည့်တွေလို့ မခွဲခြားပဲနဲ့ သူတို့တွေနဲ့ တစ်ကိုယ်တည်း ကျင့်ကြံသူတွေကြားက အကြီးမားဆုံးကွာခြားချက်က သူတို့တွေ၌ ထောက်ပံ့ပေးသည့် အင်အားအရင်းအမြစ်ရှိသည်။ အဲ့ဒီအရာတွေသာမရှိရင် သူတို့တွေက တစ်ကိုယ်တည်း ကျင့်ကြံသူတွေနဲ့ ဘာမှကွာခြားတော့မဟုတ်တော့သလို သူတို့တွေထက်တောင် ပိုဆိုးချင်ဆိုးသွားနိုင်သည်။ ထို့အပြင် တစ်ကိုယ်တည်း ကျင့်ကြံသူတွေက ပိုက်ဆံရရန် တစ်ချို့သောနည်းလမ်းတွေ ရှိကြပေမယ့် အဲ့ဒီတပည့်တွေက မိသားစုကပေးသည့် အထောက်အပံ့ကို အသုံးပြုရတာကြောင့် အသက်မွေးဝမ်းကြောင်းပြုရန် နည်းလမ်းမရှိပေ။
တပည့်တွေသာ ကျင့်ကြံခြင်းအတွက် အထောက်အပံ့တွေကို ပိတ်ပင်ခံလိုက်ရပါက ကြမ်းတမ်းသည့်ဘဝ၌ သူတို့တွေသေချာပေါက် အသက်ရှင်ရလိမ့်မည်။
ကျန်ရင်း(က)ကတော့ သာမန်လူငယ်လေးအဖြစ် အဲ့ဒီတပည့်တွေထဲ၌ ဖုံးကွယ်ထားသည်။ သူ၏ပုံစံကြောင့် အစကတော့ ဒီလိုလူမဆန်သည့်မြင်ကွင်းတွေကို သူမကြိုက်ပေမယ့် သူ၏သခင်ဖြစ်သူက မျက်လုံးတွေဖြင့် အချက်ပြလိုက်တာကြောင့် သူကနာခံစွာ မြို့တံတိုင်းပေါ်ကနေ ခုန်ချလိုက်ပြီး တောကောင်တွေနဲ့ စတင်တိုက်ခိုက်တော့သည်။
ကျန်ရင်း၏မျက်နှာက ရုန်းကန်လှုပ်ရှားနေပြီး ကျားအရွယ်အစားလောက်ရှိသည့် တောဝက်အား သူ၏ဓားဖြင့်ထိုးဖောက်လိုက်သည်။ နီရဲနေသည့် သွေးတွေဟာ သူ၏မျက်နှာသို့စင်သွားပြီး သူကဖုံးကွယ်ထားတယ်ဆိုပေမယ့် သွေး၏ပူနွေးမှုကို ခံစားလို့ရသည်။
"ငါတို့တွေ သခင့်ကို အပြစ်လုပ်မိလိုက်ပြီလား?" နူးညံ့သည့်ကျန်ရင်းက တောဝက်ကို မြေပြင်ပေါ်သို့ပစ်ချလိုက်ပြီး ရွံရှာစွာကြည့်လိုက်ရင်း အခွင့်အရေးယူကာ တစ်ချိန်တည်း၌ ထိုတောကောင်အား အဝေးသို့ကန်ထည့်လိုက်သည်။
"ငါဘယ်လိုလုပ်ပြီးသိမှာလဲ?!" နတ်ဆိုးကျန်ရင်းက ဒေါသထွက်စွာ ပြန်ပြောလေသည်။ ဖန့်ထျန်းရွေ့ကို သူတစ်နေ့လုံး မတွေ့ရသေးတာကြောင့် သူသည်းမခံနိုင်တော့ပေ။
"ကဲပါ ဖန့်အိမ်တော်ဆီကနေ ဘာသတင်းမှမကြားရဘူးဆိုတော့ ထျန်းရွေ့အဆင်ပြေမှာပါ" နူးညံ့သည့်ကျန်ရင်းက အကူအညီမဲ့သလိုခံစားလိုက်ရပြီး သူ၏အခြားတစ်ခြမ်းကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ ထို့နောက် သူကသူ၏ဓားကို အသုံးပြုကာ ထိုတောဝက်၏ခေါင်းကို ဖွင့်လိုက်ပြီး လက်မလောက်ရှိသည့် အမြုတေကိုဆွဲထုတ်လိုက်သည်။
"ငါသိပါတယ် ဒါပေမယ့်…ချီးပဲ! အဲ့ဒီညက သူ့ကိုကြည့်ရတာ ဒဏ်ရာရပုံပဲ!" နတ်ဆိုးကျန်ရင်း၏အကြည့်တွေဟာ မဲမှောင်သွားပြီး သူ၏မျက်လုံးတွေ အနည်းငယ် ကျုံ့သွားတာကြောင့် သူ၏အရှေ့က အဆိပ်ရှိမြွေဟာရုတ်တရက် တုန်လှုပ်သွားပြီး နှေးကွေးသွားတာကြောင့် သူ့အားမှင်တက်သွားစေပြီး ဓားဖြင့်ထိုးဖောက်လိုက်တော့သည်။
"အဲ့လိုတွေဖြစ်ရတဲ့အကြောင်းအရင်းက မင်းကိုယ်မင်း မထိန်းချုပ်နိုင်လိုက်လို့လေ!" အဲ့အဖြစ်အပျက်ကို ပြန်တွေးလိုက်ရင်း ကျန်ရင်းဒေါသထွက်လာသည်။ သူကနတ်ဆိုးကျန်ရင်းကို သုံးကြိမ်တိုင်တိုင် သတိပေးခဲ့ပြီးဖြစ်သည်။ အဲ့လိုလုပ်တာက ဖန့်ထျန်းရွေ့အတွက် ပထမဆုံးအကြိမ်ဖြစ်တာကြောင့် နတ်ဆိုးကျန်ရင်းက သူ့အားဖိအားမပေးသင့်ပေ။ နောက်ဆုံးကျတော့ သူကဘာမှမရှိတော့သည့် ကုတင်ပေါ်၌နိုးလာပြီး အိပ်ရာခင်းတွေပေါ်၌ သွေးတွေပေကျန်ထားသည်…
နတ်ဆိုးကျန်ရင်းဟာ မှင်တက်သွားပြီး သူဘာပြောရမလဲမသိတော့ဘူး။ သူ၏ဒေါသတွေအားလုံးကို အဲ့ဒီတောကောင်တွေအပေါ်၌သာ ပေါက်ကွဲတော့သည်။
ရုတ်တရက် ကျန်ရင်း၏အကြည့်တွေကြောင့် သူ၏ဘေးပတ်ပတ်လည်က တောကောင်တွေအားလုံးဟာ အရက်မူးနေသလို ကောင်းကောင်းတောင်မရပ်နိုင်ကြတော့ပဲ လွယ်ကူစွာအသတ်ခံလိုက်ရတော့သည်။
ဒါပေမယ့် အဲ့ဒီလှည့်ကွက်ကို အသုံးပြုပြီးနောက် ကျန်ရင်း၏မျက်နှာ အရမ်းကိုဖြူရော်လာတော့သည်။ သူကအနောက်သို့ အနည်းငယ်ဆုတ်ကာ သူ၏အဖော်အနောက်၌ ခဏလောက်နားကာ အရှေ့သို့ထပ်မံ ပြန်ပြေးသွားတော့သည်။
နူးညံ့သည့်ကျန်ရင်းက သက်ပြင်းခပ်ရေးရေးချကာ သူ့ခန္ဓာကိုယ်၏ထိန်းချုပ်မှုကို လက်လွတ်ထားလိုက်သည်။ နတ်ဆိုးကျန်ရင်းက ဖန့်ထျန်းရွေ့ကို ရှာမတွေ့တာကြောင့် စိုးရိမ်ပူပန်နေမှန်း သူသိပေမယ့် သူ၏မကောင်းတဲ့သခင်က သူ့ကိုအနည်းဆုံး အမြုတေနှစ်ထောင်လောက် ရရှိရမယ်လို့ပြောထားတာကြောင့် အရေအတွက်ကြီးက အရမ်းကိုများလွန်းလှပြီး ဒီတာဝန်ကိုပြီးမြောက်ဖို့ သူ၏အသက်တောင် ပေးရလုနီးနီးဖြစ်လိမ့်မည်။
『K: ကြည့်စမ်း ဇီရုန်တို့ကတော့ တပည့်အသစ်လေးကို ခိုင်းစားနေတာ အကျင့်ပုပ်ချက်』
ကျန်ရင်းကတော့ အောက်ဘက်၌ တိုက်ခိုက်နေပေမယ့် ရွှီဇီယန်ကတော့ ကျန်ထျန်းရှင်းဘေး၌ မျက်နှာသေဖြင့်ရပ်နေသည်။ မနက်ကတည်းက သူအရမ်းကိုဒေါသထွက်နေတာကြောင့် ရွှီဇီရုန်အား သူစကားလုံးမျှမပြောပေ။
ရွှီဇီရုန်ကတော့ သူ့ကိုကိုအနောက်ကို နီးကပ်စွာလိုက်နေဆဲဖြစ်ပြီး တစ်မီတာထက်အဝေး၌ ဘယ်တော့မှမရပ်ပေ။ သူ၏အမူအရာကအေးစက်နေပေမယ့် သူ့ကိုကိုအား သူကြည့်သည့်အကြည့်တွေက အရမ်းကိုနူးညံ့လှသည်။ လူအများစုဟာ ဒီလိုချစ်တတ်သည့်ညီလေးမျိုး လိုချင်တယ်လို့ သူတို့တွေရင်ထဲ၌ အော်ဟစ်နေကြသည်။
"ကိုကို ဒေါသမထွက်ပါနဲ့တော့" ဘယ်သူမှသတိမထားမိသည့်အချိန်၌ ရွှီဇီရုန်က အခွင့်အရေးယူကာ ရွှီဇီယန်၏အင်္ကျီကို တိတ်တဆိတ် ဆွဲလိုက်သည်။
"ပါးစပ်ပိတ်ထား ငါမင်းနဲ့စကားမပြောချင်ဘူး!" ရွှီဇီယန်၏နားထင်၌ အကြောတွေသိသိသာသာထောင်ထနေပြီး သူ၏အင်္ကျီလက်တွေကို ပြန်ဆွဲယူလိုက်သည်။
ထိုအချိန်၌ ရွှီဇီရုန်၏မျက်လုံးတွေ မဲနက်သွားပေမယ့် အဲ့ဒီမနက်က ဘာဖြစ်သွားလဲဆိုတာကို သူပြန်လည်တွေးတောမိသည့်အချိန်၌ သူရုတ်တရက် ငါးတစ်ကောင်လို့ လူးလွန့်ကာရယ်လိုက်မိသည်။ သူကအသံခပ်တိုးတိုးဖြင့် "ကိုကို ကျွန်တော် အဲ့ဒီလိုဖြစ်သွားဖို့ တကယ်မရည်ရွယ်ပါဘူး…"
"လီးပဲ! အဲ့ဒီလိုအရာမျိုးက မတော်တဆတဲ့လား? မင်းအရိုက်ခံချင်နေပြီနဲ့တူတယ်!" ရွှီဇီယန်အံကြိတ်ကာ သူ့အားစိုက်ကြည့်လိုက်သည်။
ရွှီဇီရုန်ဟာ အရမ်းကိုအပြစ်ကင်းသည့်ပုံစံဖြင့် ခေါင်းညိတ်လိုက်ပြီး "ကျွန်တော်တကယ့်ကို အအိပ်လွန်သွားပြီးတော့ စိတ်ရှုပ်သွားလို့ပါ ဒီအပြင်…ကိုကိုကလည်း မဟုတ်…"
"ပါးစပ်ပိတ်ထား! ထပ်မပြောနဲ့!" ရွှီဇီယန်ဒေါသထွက်စွာ အော်လိုက်ပြီး သူ၏မျက်နှာတစ်ခုလုံး နီရဲနေသည်။
"အင်းပါ ဒါပေမယ့် အဲ့ဒါကတကယ်တော့ ကျွန်တော့်အမှားမဟုတ်ပါဘူး…အနည်းဆုံးတော့ အဲ့ကိစ္စအားလုံးက ကျွန်တော့်အမှားတစ်ခုတည်းတော့ မဟုတ်ဘူးလေ" ရွှီဇီရုန်ပြန်ပြောလိုက်ရင်း သူ၏မျက်နှာက အနည်းငယ်နီမြန်းသွားသည်။
ရွှီဇီယန် သူ့အား အမူအရာမဲ့စွာ စိုက်ကြည့်လိုက်ရင်း သူ၏ရင်ထဲ၌ အော်ဟစ်နေတော့သည်။
'ငါလည်းမှားတယ်ဆိုတာ ငါသိပါတယ် ဒါပေမယ့် မင်းမျက်နှာက ဘာလို့နီမြန်းသွားရတာလဲ?! ဒီလိုကိစ္စမျိုးက ရှက်သင့်တယ်မဟုတ်ဘူးလား?! ဒီမနက်တုန်းကတောင် မင်းပုံစံကအရမ်းကိုတည်ငြိမ်နေပြီး အခုမှမင်းကဘာလို့ လာရှက်နေရတာလဲ?!'
Original Author's Note : အားလုံးပဲခန့်မှန်းကြည့်လိုက်ပါ၊ မနက်ကဘာတွေများ ဖြစ်ပျက်သွားတာလဲ?
#TK