Chapter 110
ရွှီဇီယန် အရာအားလုံးကို ဂရုတစိုက် ပြန်လည်တွေးတောနေပြီး အမ်…အဲ့ဒီအချိန်တုန်းက သူအရမ်းထိတ်လန့်သွားတာကြောင့် ထိုအရာကဘာလဲဆိုတာ သူမေ့သွားတာဖြစ်လိမ့်မည်။ ပိုင်ဟွ၏အရှိန်အဝါတွေကြောင့် ရွှီဇီယန်ပုံမှန်မဟုတ်တော့ဘူးလို့ သူကိုယ်သူခံစားနေရသည်။ ဘယ်လိုလုပ်ပြီး ဇီရုန်က သူ့အကိုဖြစ်သူကို ဒီလိုပြုမူရမှာလဲ? အဲ့ဒါကဟာသသက်သက်ပဲ!
အဲ့ဒီအချိန်တုန်းက သူမှားယွင်းစွာခံစားမိတယ်လို့ ယုံကြည်နေပြီး ခေါင်းကိုတက်ကြွစွာ ခါယမ်းလိုက်ရင်း သူ့ညီဖြစ်သူက ဒီလိုညစ်ညမ်းတဲ့အတွေးတွေ ရှိနေတယ်လို့ သူတွေးမိတဲ့အတွက် အပြစ်ရှိသလိုခံစားနေရသည်…
အစတုန်းကတော့ ဇီရုန်ပျော်ရွှင်အောင် သူ၏အချက်အပြုတ်အရည်အချင်းတွေကို ပြသဖို့စီစဉ်ထားပေမယ့် ဓားပျံပေါ်၌ ဇီရုန်၏အပြုအမူက သူ၏တစ်ကိုယ်လုံးကို စိတ်မသက်မသာဖြစ်စေသည်…
သူတို့တွေက အတော်လေးနီးကပ်တယ်လို့ သူကျိန်ပြောရဲပေမယ့် သူတို့ခန္ဓာကိုယ်ချင်းကတော့ တစ်ယောက်နဲ့တစ်ယောက် ကပ်နေလို့မရဘူးလေ! ဒါပေမယ့်…ဘယ်လိုလုပ်ပြီး သူ့အောက်ပိုင်းကတစ်ခုခုက ပူနွေးလာသလို ခံစားနေရတာလဲ???
မိုးနတ်မင်းကြီးက သူ့ကိုသေခိုင်းစေချင်နေတာလား?
ရွှီဇီယန်အကူအညီမဲ့သလို ခံစားလိုက်ရပြီး သူ၏မူလခန္ဓာကိုယ်ဆီကနေ ပိုးကူးစက်သွားတာဖြစ်လိမ့်မည်…
ဝတ္ထုထဲ၌ သူ၏မူလခန္ဓာကိုယ်က အစကတည်းကဂေးဖြစ်ပြီး ဒီတော့ပိုင်ဟွ၏ချဉ်းကပ်မှုကြောင့် သူ၏မူလခန္ဓာကိုယ်ရဲ့ဂေးပိုးကို သူအသက်သွင်းလိုက်မိတာလား?
အဲ့လိုဆိုရင်တောင် အဲ့ဒီတစုံတယောက်က သူ့ညီမဖြစ်ရဘူးလေ! သူ၏ခန္ဓာကိုယ်က အစကတည်းက လူပျိုရည်ပျက်သွားပြီးပြီလား?
ရွှီဇီယန်ဆဲချင်လာတော့သည်…
ဇီရုန်ကအလွန်လှပသည့်မျက်နှာမျိုးကို ပိုင်ဆိုင်ထားတယ်ဆိုတာ သူဝန်ခံနိုင်သလို ယောင်္ကျားဖြစ်ဖြစ်၊မိန်းမဖြစ်ဖြစ် လူတိုင်းက ရွှီဇီရုန်ဟာ ဆွဲဆောင်မှုရှိမှန်း သဘောတူကြလိမ့်မည်။
ဒါပေမယ့် သူဘယ်လောက်ပဲ ဆွဲဆောင်မှုရှိနေပါစေ အဲ့ဒါကသူ့ညီလေးလေ!
သူ့ညီဖြစ်သူအပေါ်၌ ထူးဆန်းသည့်ခံစားချက်တွေရှိနေတာက သူ့အတွက်စိန်ခေါ်မှုအကြီးဆုံးပင်ဖြစ်သည်!
ပိုင်ဟွနဲ့သူနီးကပ်သွားတာကြောင့် ဒီလိုပုံစံဖြစ်သွားတာလို့ ရွှီဇီယန်တွေးလိုက်မိသည်။ ဘာလို့လဲဆိုတော့ အရင်တုန်းကလည်း ရွှီဇီရုန်နဲ့သူအမြဲတမ်းအိပ်နေခဲ့ပေမယ့် ဒီလိုခံစားချက်မျိုးတွေ မဖြစ်ခဲ့ဘူး။
အဲ့ဒါပိုင်ဟွရဲ့အမှားပဲဖြစ်ရမည်!
"ကိုကို…" သူ၏နားထဲသို့ လေပူတွေဝင်လာတာကြောင့် ရွှီဇီယန်တုန်ရီသွားပြီး သူ၏ဒူးတွေညွတ်ကျတော့မလိုဖြစ်သွားပြီး ပြုတ်ကျလုနီးနီးဖြစ်သွားရသည်။
သူအနောက်ဘက်သို့ ဒေါသထွက်စွာစိုက်ကြည့်လိုက်ပြီး ရွှီဇီရုန်ကအပြစ်ကင်းသည့်ပုံစံလေးဖြင့် ပြောလာသည်။
"ကိုကို…ကျွန်တော်တို့က လူကယ်ဖို့လာတာမဟုတ်ဘူးလား? အဲ့ဒီမှာတစ်ယောက်ယောက်ငိုနေတယ်"
ထားလိုက်ပါတော့ ငါအမြင်မှားတာပဲနေမှာပါ…
ရွှီဇီယန် သူ့ကိုယ်သူ ပြန်နှစ်သိမ့်လိုက်သည်။ သူ၏ခေါင်းငုံ့လိုက်သည့်အချိန်က မီးခိုးရောင်ဝတ်စုံနဲ့ အဒေါ်ကြီးတစ်ယောက်ဟာ လမ်းကြားထောင့်နားမှာ ငိုကြွေးနေသည်။
ရွှီဇီယန်က ယွီဟော်၏အမေကို မမြင်ဖူးပေမယ့် အောက်ဘက်က အိမ်သေးသေးက ယွီမိသားစု၏အိမ်ခြံမြေထဲကဖြစ်ရမည်။
"အဒေါ်…အဆင်ပြေရဲ့လား?" ရွှီဇီယန်အောက်သို့ ဆင်းသွားကာ အဒေါ်ကြီးကို မတ်တပ်ထရန် ကူညီပေးလိုက်သည်။
အဲ့ဒီအဒေါ်က အနည်းငယ်အသက်ကြီးပုံပေါ်သည်။ ရွှီဇီယန်၏ယူဆချက်အရဆိုရင် သူမကအသက်၃၀ဝန်းကျင်လောက်သာရှိသင့်သည်။ ဒါပေမယ့် သူမ၏မျက်နှာပေါ်ကနေ တွန့်နေသည့်အသားအရေတွေနဲ့ သူမ၏ဖြူဖွေးနေသည့်ဆံပင်တွေကို ကြည့်ရရင် သူမက၄၀ကျော်အရွယ်နဲ့တူလှသည်။
"ကျေးဇူးအများကြီးတင်ပါတယ် သခင်လေး ကျွန်မ…ကျွန်မအဆင်ပြေပါတယ်" ရွှီဇီယန်က ကောင်းကင်ပေါ်ကနေ ဆင်းလာတာကြောင့် အဒေါ်ကြီးက ထိတ်လန့်နေပုံပေါ်နေပြီး သူမတုန်ရီကာ သူမ၏လက်ကိုပြန်ရုပ်လိုက်သည်။
ရွှီဇီယန်ကလည်းစိတ်မရှိတာကြောင့် ဒီနေရာမှာ သူမဘာလို့ငိုနေတာလဲဆိုတာကို ရွှီဇီယန်ညင်သာစွာမေးလိုက်သည်။
အဒေါ်ကြီးဟာ မဖြေရဲတာကြောင့် သူမ၏ခေါင်းကိုသာ ခါယမ်းနေရသည်။ သူမအနောက်ဘက်လမ်းကြားက တံခါးဟာပြင်းထန်စွာ ရုတ်တရက်ပွင့်သွားပြီး သန်မာသည့်အမျိုးသမီးတစ်ယောက် ထွက်လာလိမ့်မယ်လို့ သူမမထင်ထားခဲ့ပေ။
ထိုအမျိုးသမီးဟာ အဒေါ်ကြီးကိုမြင်လိုက်ပြီးနောက် သူမ၏မျက်ခုံးတွေကို ပင့်လိုက်ပြီး အော်လိုက်သည်။
"သိုလှောင်ကန်ထဲကရေတွေ ဘာလို့မပြည့်သေးတာလဲလို့ ငါစဉ်းစားနေတာ မင်းကဒီနေရာမှာ အချောင်လာခိုနေတာပေါ့!"
သန်မာသည့်အမျိုးသမီးဟာ သူမအနောက်က ရွှီဇီယန်ကို သတိထားမိလိုက်သည်။ သူမ၏မျက်လုံးတွေကို လည့်လိုက်ပြီး ရက်ရက်စက်စက်ဆဲရေးတော့သည်။
"ဘာဖြစ်နေတာလဲ? မင်းကငယ်ရွယ်ချောမောတဲ့ကောင်လေးကိုတွေ့လိုက်လို့ ရုတ်တရက်လမ်းမလျှောက်နိုင်တော့တာလား? မင်းဖင်ပေါက်ကိုလည်း မင်းပြန်ကြည့်လိုက်ဦး၊ မင်းမျက်နှာနဲ့ ဘယ်လိုလုပ်ပြီး အခြားလူတွေကို ဆွဲဆောင်လို့ရဦးမှာလဲ? အောက်တန်းစားမိန်းမ! မင်းကသခင်ကြီးနဲ့အိပ်လိုက်လို့ သားတစ်ယောက်ကိုမွေးလိုက်ပြီး မင်းအထက်ကိုတက်သွားမယ်များထင်မနေနဲ့၊ အဲ့ဒီတော့ရောဘာဖြစ်လဲ? သခင်မကြီးက မင်းကိုထိန်းချုပ်ထားဆဲလေ! ငါသာမင်းနေရာမှာဆိုရင် သစ်ပင်ပေါ်ကနေ ဆွဲကြိုးချသေပြီးတာ ကြာလှပြီ၊ ဘာလို့များ မင်းရဲ့အချိန်တွေကို ဖြုန်းတီးနေသေးတာလဲ?" ထို့နောက်မှာတော့ အမျိုးသမီးဟာ အဒေါ်ကြီးကို သူမ၏အထင်သေးသည့်ခံစားချက်တွေကို အမှန်အတိုင်းပြောကာ ကျိန်ဆဲလေသည်။
"ကျွန်မ…ကျွန်မသားက အသက်ရှင်နေသေးတယ်…" အဒေါ်ကြီးဟာ အစအဆုံး ကျိုးနွံစွာနားထောင်နေပြီး သူမ,မငြင်းဆန်ရဲပေမယ့် အမျိုးသမီးက သူမသားဟာသေသွားပြီလို့ ပြောလိုက်သည့်အချိန်၌ သူမအလွန်ကြောက်လန့်နေသည့်ကြားက သူမပြန်၍ခံပြောလိုက်သည်။
"ဟေး! ရွံစရာကောင်းတဲ့ကောင်မ မင်းကများ ငါ့ကိုပြန်ခံပြောရဲတဲ့အထိ သတ္တိကောင်းနေတယ်ပေါ့! ငါမင်းကိုပြောပြလိုက်မယ် သခင်မကြီးပြောတယ် မင်းရဲ့သားသေသွားတာက ကြာလှပြီတဲ့ ပြီးတော့ ငါတို့တွေ မင်းရဲ့သားအလောင်းကို ရှာလို့မတွေ့ဘူး! ဒါပေမယ့် သခင်မကြီးက မင်းကိုအလေးထားလို့ အမှန်တရားကိုပြောပြတာ"
"နင်…နင်အဓိပ္ပါယ်မရှိတာတွေမပြောနဲ့!" အဒေါ်ကြီးဟာတုန်ရီကာ မျက်ရည်တွေကျလာတော့သည်။
သန်မာသည့်အမျိုးသမီးက အေးစက်စက်ပြုံးကာ
"ဘာလို့လဲ? မင်းမယုံဘူးလား? မင်းရဲ့သားဖြစ်သူက သူဘယ်လိုထွက်ပြေးသွားလဲဆိုတာ နင်ဘာလို့မတွေးကြည့်ရတာလဲ? ပြီးတော့ ဒီနားတစ်ဝိုက်မှာ တောကောင်တွေအများကြီးရှိတာပဲမဟုတ်ဘူးလား? သူကတောကောင်တွေရဲ့အစာ ဖြစ်သွားလောက်ပြီ မင်းသာနည်းနည်းလောက် အသုံးဝင်ခဲ့မယ်ဆိုရင် မင်းရဲ့သားကဘယ်တော့မှ သေသွားမှာမဟုတ်ဘူး ဒီတော့ အခုချိန်မှာ မင်းနဲ့ထိုက်တန်တာက သေခြင်းတရားပဲဆိုတာ မင်းနားလည်လား?"
အဒေါ်ကြီးဟာ တုန်ရီနေပြီး သူမမျက်လုံးတွေက မူးမေ့တော့မလို ဖျော့တော့လာသည်။
သန်မာသည့်အမျိုးသမီး၏မျက်လုံးတွေ လင်းလက်သွားသည်။ သူမက အဒေါ်ကြီး၏ဆံပင်ကိုဆွဲကာ သူမအားခြံဝင်းထဲသို့ ပြန်ခေါ်သွားချင်နေသည်။
"တော်လောက်ပြီ!" ရွှီဇီယန် သန်မာသည့်အမျိုးသမီးကိုကြည့်ကာ ရွံရှာလာပြီး အဒေါ်ကြီး၏အကြောင်းတွေကို သူအတည်မပြုရသေးပေမယ့် အချက်အလက်အားလုံးက သေချာတယ်လို့ညွှန်ပြနေသည်။
"ရို့ ဒီကကောင်လေးက ဘယ်ကနေလာတာလဲ? ဘာဖြစ်တာလဲ? ဒီလိုအဖွားကြီးအရွယ်ကို မင်းကဆာလောင်နေလို့လား?" သန်မာသည့်အမျိုးသမီးက ရွှီဇီယန် ကောင်းကင်ကဆင်းလာတာကြောင့် မမြင်လိုက်တာကြောင့် သူတို့တွေက ကျင့်ကြံသူတွေမှန်း သူမ,မသိပေ။
"ဘယ်လိုတောင်ရိုင်းစိုင်းရတာလဲ!" ခက်ထန်သည့်အသံက ကောင်းကင်ထက်ကနေ ထွက်ပေါ်လာပြီး အဖြူရောင်ဝတ်စုံနဲ့ လူငယ်လေးက သူ၏ဓားပျံဖြင့် ဆင်းသက်လာကာ သန်မာသည့်အမျိုးသမီးအား ဒေါသထွက်စွာကြည့်လိုက်သည်။
အမျိုးသမီးကအံ့ဩသွားပြီး ဓားပျံကိုစီးကြသည့်သူတွေက ကျင့်ကြံသူတွေပဲဆိုတာ သူမသတိထားမိလိုက်သည်။ ဒါပေမယ့် သူကယွီမိသားစုကအစေခံဖြစ်ပြီး ဝူတျီမြို့၏ကြီးမားသည့် မိသားစုလေးစုထဲက တစ်စုဖြစ်တာကြောင့် ယွီမိသားစုအား တစ်ချို့သောကျင့်ကြံသူတွေက မျက်နှာသာပေးကြသည်။
သူမကပိုင်ဟွအား ဦးညွတ်လိုက်ကာ "မင်္ဂလာပါ ကျင့်ကြံသူ၊ ဒီမိန်းမက ယွီမိသားစုကပါ ဒီတော့အသင်တို့တွေ သူမကိုခေါ်သွားလို့မရဘူးလေ ဟုတ်တယ်မလား?"
ပိုင်ဟွက အမျိုးသမီးကို အာရုံတောင်မစိုက်ပဲ ရွှီဇီယန်ဘက်သို့လှည့်ကာ ပြုံးလိုက်ရင်း "ကျင့်ကြံသူရွှီက အရမ်းကြင်နာတတ်ပြီးတော့ အခြားသူတွေကို လိုလိုလားလားကူညီပေးနေပေမယ့် ဒီလိုရိုင်းစိုင်းတဲ့လူတွေကိုတော့ ကျင့်ကြံသူရွှီ အဖက်လုပ်စရာမလိုပါဘူး ကျင့်ကြံသူတွေကို ရိုင်းပျတဲ့လူတွေကို ရှင်းပစ်လိုက်ရုံပေါ့ ယွီမိသားစုက ကျင့်ကြံသူရွှီကို မလေးမစားလုပ်တာလား?"
ရွှီဇီယန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ပိုင်ဟွက သေမျိုးတွေအား ပုရွတ်ဆိတ်လိုမျိုး သဘောထားတာကို သူမကြိုက်ဘူး။ တချို့သောလူတွေက သတ်ဖို့ထိုက်တန်တယ်ဆိုတာ သူသိပေမယ့် သူတို့တွေက သေမျိုးတွေဖြစ်တာနဲ့ သတ်ရမယ်လို့မဆိုလိုဘူး။
သန်မာသည့်အမျိုးသမီးဟာ ပိုင်ဟွ၏စကားလုံးတွေကြောင့် ထိတ်လန့်သွားသည်။ သူမကယုန်လေးလိုမျိုး သေးငယ်သည့်တံခါးနောက်သို့ ပြေးသွားကာ ဘမ်းခနဲဆိုသည့်အသံဖြင့် တံခါးကိုပိတ်လိုက်သည်။
ပိုင်ဟွရုတ်တရက်ပြုံးလိုက်ပြီး ရွှီဇီယန်အား မျက်စိတစ်ဖက်မှိတ်ပြလိုက်ရင်း ပြောလိုက်သည်။
"ကြည့်လိုက်၊ ပြဿနာကရှင်းသွားပြီမဟုတ်ဘူးလား?"
ပိုင်ဟွက သန်မာသည့်အမျိုးသမီးကို ခြောက်လန့်လိုက်မှန်း ရွှီဇီယန်သဘောပေါက်သွားတာကြောင့် သူအနည်းငယ် စိတ်သက်သာသွားသည်။
ရွှီဇီရုန်သူ၏ခေါင်းကိုငုံ့ထားပြီး သူ၏နှုတ်ခမ်းထောင့်တွေကမဲ့သွားကာ ပိုင်ဟွခန္ဓာကိုယ်ကနေ အလွန်ပြင်းထန်သည့် လှိုင်းတွေထုတ်လွတ်နေမှန်း သူခံစားလို့ရသည်။ သို့ပေမယ့် သူ့ကိုကိုကလည်း ပိုင်ဟွ၏ရည်ရွယ်ချက်ကို ခံစားမိလိမ့်မယ်ဆိုတာ သူယုံကြည့်သည်။
အကယ်၍ မာနကြီးသည့်ဝေ့ချင်ပဲဖြစ်ဖြစ်၊ ရိုးသားသည့်လဲ့ဟူပဲဖြစ်ဖြစ်၊ သူ့ကိုကိုက လူတွေ၏စစ်မှန်သည့် သဘောထားအတိုင်းသာ ပြန်လည်တုံ့ပြန်လေ့ရှိသည်။ အဲ့ဒီနှစ်ယောက်မှာ ချို့ယွင်းချက်တွေရှိတယ်ဆိုပေမယ့် အနည်းဆုံးတော့ သူတို့တွေက သူတော်ကောင်းဟန်ဆောင်ထားသူတွေ မဟုတ်ကြဘူး။
ပိုင်ဟွ၏ဟန်ဆောင်ထားသည့် လက္ခဏာပုံပန်းသွင်ပြင်တွေက သူနဲ့ယှဉ်လိုက်ရင် ပြည့်စုံမှုမရှိဘဲ သူ၏ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားသည့်နည်းလမ်းက မသေသပ်ပဲရယ်စရာကောင်းလှသည်။
"ကျင့်ကြံသူပိုင် ဒီနေရာကိုရောက်လာတဲ့ရည်ရွယ်ချက်က ဘာများလဲ?" ရွှီဇီယန် ဒီကိစ္စနဲ့ပတ်သက်ပြီး မဆွေးနွေးချင်တော့တာကြောင့် သူ့အားလျင်မြန်စွာ အဝေးသို့ထွက်သွားစေခိုင်းစေချင်သည်။ ပိုင်ဟွက သူ့ကိုပစ်မှတ်တစ်ခုအဖြစ် မြင်နေမှန်း သူရေးတေးတေးခံစားမိတာကြောင့် အဲ့ဒီခံစားချက်က အလွန်ကြောက်စရာကောင်းလှသည်။ ကြီးမားသည့်ပြဿနာက သူ့အားစောင့်ကြိုနေမှာကို ရွှီဇီယန်ခံစားနေရသည်…
ပျူငှာသည့်စကားလုံးတွေကို ပြန်လည်တုံ့ပြန်ဖို့ ပိုင်ဟွ ပြင်ဆင်ထားပြီးသားဖြစ်သည်။ သူဒီနေရာကို ရောက်လာတာက ရွှီဇီယန်ကြောင့်ဖြစ်တယ်ဆိုပေမယ့် သူထိုစကားကို တိုက်ရိုက်ကြီးပြောလိုက်လို့မရပေ။
"အိုး ဘာမှမဟုတ်ပါဘူး ငါဒီအတိုင်းဖြတ်သွားရင်းနဲ့ ကျင့်ကြံသူရွှီကိုမြင်တာကြောင့် ကျင့်ကြံသူရွှီများ အကူအညီလိုမလားလို့ ငါလာခဲ့တာပါ" ပိုင်ဟွ၏အမူအရာ၊ ပြောပုံဆိုပုံတွေက အလွန်ကိုစစ်မှန်သည့်ပုံစံဖြစ်နေပြီး သာမန်လူတွေသာဆိုရင် သူ၏ဆွဲဆောင်မှုအောက်သို့ ကျရောက်သွားလိမ့်မည်။
ကံမကောင်းစွာ ရွှီဇီယန်ကတော့ ပိုင်ဟွအပေါ်၌ သတိကြီးကြီးရှိထားပြီး မသေသပ်တဲ့ဖုံးကွယ်မှုကြောင့် သူကလည်း ပိုင်ဟွနဲ့ချစ်သူဖြစ်ဖို့ ရည်ရွယ်ချက်လုံးဝမရှိဘူးဆိုတာ ရွှီဇီယန် သူ့ကိုယ်သူပိုပြီးသေချာသွားသည်။
"အိုး အဲ့ဒီလိုဆိုရင်လည်း ငါကျင်ကြံသူပိုင်ကို မနှောင့်ယှက်တော့ပါဘူး ဒီအဒေါ်ကိုကြည့်ရတာ အရမ်းအားနည်းနေတာကြောင့် ငါသူမကို အရင်ဆုံး သမားတော်ဆီခေါ်သွားပါဦးမယ်" ရွှီဇီယန် စကားပြောလို့ပြီးသည်နှင့် ပိုင်ဟွတုံ့ပြန်ဖို့ အခွင့်အရေးကို မပေးလိုက်တော့ပေ။ သူကလျင်မြန်စွာ အဒေါ်ကြီးကိုခေါ်ကာ ဓားပျံပေါ်သို့တက်ပြီး ထွက်သွားတော့သည်။
ရွှီဇီရုန်က သူ၏ဓားပျံကို ဖြည်းညင်းစွာထုတ်ကာ သူ့ကိုကို အဝေးသို့ရောက်သွားရန် တမင်တကာစောင့်နေသည်။ ပိုင်ဟွ၏တွန့်ဆုတ်နေသည့် အမူအရာကိုကြည့်လိုက်ရင်း သူပြုံးလိုက်ပြီး အသံတိုးတိုးဖြင့်
"မင်းကများ ငါ့ကိုကိုအနားကို ကပ်ချင်နေတာလား? အိမ်မက်တောင်မမက်နဲ့!"
ပိုင်ဟွက သူ့ရင်ထဲကဒေါသတွေကို ဖိနှိပ်လိုက်ရင်း ခပ်ရေးရေးပြုံးကာ "ကျင့်ကြံသူဇီရုန်က အတွေးလွန်နေပြန်ပြီ မင်းရဲ့အစ်ကိုက သဘောကောင်းတဲ့လူဖြစ်တာကြောင့် ငါသူနဲ့မိတ်ဆွေဖြစ်ချင်ရုံပါ"
ရွှီဇီရုန်ကဒေါသမထွက်ဘဲ သူကပြုံးကာ "ငါ့ကိုကိုက ငါ့အပိုင်ပဲ အဲ့ဒါကြောင့် အိမ်မက်တောင်မမက်နဲ့!"
ပိုင်ဟွကတမင် အံ့ဩသည့်ပုံစံဖြင့်
"ကျင့်ကြံသူဇီရုန် မင်းဘာကိုပြောချင်တာလဲ ငါနားမလည်ဘူး ကျင့်ကြံသူရွှီက မင်းအစ်ကိုအရင်းလေ! သူကဘယ်လိုလုပ်ပြီး မင်းအပိုင်ဖြစ်နေရမှာလဲ? သူ့ကိုပိုင်တဲ့သူက သူ့ရဲ့အနာဂတ်ချစ်သူပဲဖြစ်မှာပေါ့!" သူကတမင်တကာ 'အစ်ကိုအရင်း'ဆိုသည့် စကားလုံးကို ဖိပြောလိုက်၏။
ရွှီဇီရုန်သရော်လိုက်ပြီး သူ၏အမူအရာက ချက်ချင်း ရေခဲတမျှအေးစက်သွားသည်။
"မင်းဘာတွေးနေလဲ ငါမသိဘူးလို့ မထင်လိုက်နဲ့၊ မင်းကလိုက်လိုးခံနေတယ်တဲ့ အပျက်မသာသာပဲ၊ မင်းကများ ငါ့ကိုကို,ကို မှန်းရဲတယ်?"
"မင်း!" ပိုင်ဟွ၏မျက်နှာအမူအရာက ရုတ်တရက်ပြောင်းသွားပြီး ရွှီဇီရုန်အား အစပေါင်းသန်းချီအောင် ဆုတ်ဖြဲပစ်ချင်နေသည့်ပုံစံဖြင့် သူကြည့်လိုက်၏။ သူ၏ကျင့်ကြံခြင်းအဆင့်မြင့်လာတာက နှစ်ကိုယ်တူကျင့်ကြံခြင်းကြောင့်ဆိုတာ မမှားပေမယ့် ရွှီဇီရုန်က အဲ့ဒီအမှန်တရားကို ဖုံးကွယ်ခြင်းမရှိဘဲ ထောက်ပြလိုက်ပြီးနောက် သူအရမ်းကိုရှက်သွားရသည်။
ရွှီဇီရုန်ကလည်း ပိုင်ဟွအပေါ်၌ သတ်ချင်နေသည့် သူ၏ရည်ရွယ်ချက်ကို မဖုံးကွယ်ထားပေ။ သူ၏လက်ချောင်းတွေကနေ အနီရောင်အလင်တန်းတွေ လက်သွားပြီး "တကယ်လို့ ငါ့ကိုကိုအနားကို မင်းနောက်တစ်ခါကပ်ရဲရင်ကပ်ကြည့် အဲ့ဒီမိန်းမလိုမျိုး မင်းအဆုံးသတ်သွားမယ်မှတ်!"
ပိုင်ဟွဟာ သူ၏တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းထသလို ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်နေရာတိုင်းကနေ ချွေးပေါက်တွေထွက်လာသလို သူခံစားမိသည်။ သူကအကူအညီမဲ့စွာ သူ၏လက်တွေဖြင့် ပခုံးတွေကိုရစ်ပတ်ပြီး တုန်ရီနေကာ ရွှီဇီရုန်အား ကြောက်လန့်စွာ ကြည့်လိုက်သည်။
"ဇီရုန် မင်းဘာလုပ်နေတာလဲ?" ဇီရုန်က ဓားပျံဖြင့် ပျံသန်းလာတာကို သူမမြင်သေးတာကြောင့် ရွှီဇီယန် စိတ်မရှည်လာတော့ပေ။
"ကျွန်တော်လာပြီ!" ရွှီဇီရုန်၏လူသတ်တော့မည့်ပုံစံဟာ နွေးထွေးသည့်အပြုံးသို့ ပြောင်းလဲသွားတော့သည်။ သူ၏ခေါင်းကိုမော့ကာ ရွှီဇီယန်အား ချစ်ခင်သည့်မျက်လုံးတွေဖြင့် ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ သူကပိုင်ဟွအား အေးစက်စက်ကြည့်လိုက်ပြီး တွန့်ဆုတ်မှုမရှိဘဲ ထွက်သွားတော့သည်။
#TK