Chapter 109
ရွှီဇီယန်ကတော့ အခြားသောအသင်းငယ်တွေနဲ့ ပူးပေါင်းခြင်းမရှိပေ။ သူနဲ့ရွှီဇီရုန်၏ကျင့်ကြံခြင်းအဆင့်တွေက ကျော်လွန်နိုင်ပြီး သူတို့နှစ်ယောက်၏ပူးပေါင်းဆောင်ရွက်ခြင်းဟာ ဟာကွက်ပင်မရှိပေ။ အကယ်၍ အခြားလူတွေသာ ပူးပေါင်းလာပါက သူတို့တွေ၏ဝန်ထုပ်ဝန်ပိုးက ပိုမိုကြီးသွားလိမ့်မည်။
"ကျင့်ကြံသူရွှီ"
သူတို့တွေ မြှားပုံစံမျှော်စင်၌ ရပ်နေကြစဉ် ထိုအသံကိုကြားလိုက်တာကြောင့် ရွှီညီအကိုနှစ်ယောက်ဟာ အနည်းငယ်အံ့ဩသွားသည်။
ရွှီဇီယန်၏အမူအရာဟာ မာတောင့်သွားပေမယ့် သိပ်မကြာခင် သူပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။ အကွာအဝေးတစ်ခုက သူ၏ခေါင်းကိုမော့ကာ ယှဉ်ကျေးသည့်အပြုံးမျိုးဖြင့် "ကျင့်ကြံသူပိုင်"
ရွှီဇီရုန်၏မျက်လုံးတွေ အနည်းငယ်မည်းနက်သွားပြီး ထိုမျက်လုံးတွေထဲ၌ လူသတ်ချင်သည့်အရိပ်အယောင်တွေ ပုန်းအောင်းနေသည်။ အကယ်၍ အခုချိန်မှာသာ သူအခွင့်အရေးရရှိပါက ပိုင်ဟွကို သူချက်ချင်း သတ်လိုက်ပြီ!
"ကျင့်ကြံသူရွှီ တစ်နေ့ကလေ ငါ…" တောင်းပန်သည့်အကြည့်တွေဖြင့် လွန်ခဲ့တဲ့နှစ်ရက်ကအကြောင်းနဲ့ပတ်သက်ပြီး နားလည်မှုလွဲသွားကြောင့် ပိုင်ဟွရှင်းပြချင်နေသည်။
ဒါပေမယ့် ရွှီဇီယန်က သူ့အားထိုအခွင့်အရေးမျိုးမပေးပါ။ "ရပါတယ် အဲ့ကိစ္စကပြီးသွားပြီးပြီပဲ ကျင့်ကြံသူပိုင် ရည်ရွယ်ချက်ရှိရှိလုပ်တယ်လို့လည်း ငါမထင်ပါဘူး" ထို့နောက်မှာတော့ သူကခေါင်းညိတ်ပြကာ ကျန်ထျန်းရှင်ဘက်သို့ လှည့်သွားသည်။
ရယ်စရာကောင်းလိုက်တာ၊ အဲ့ဒီနေ့တုန်းက ပိုင်ဟွရဲ့အပြုအမူက ရည်ရွယ်ချက်ရှိရှိပြုလုပ်သည်ဖြစ်စေ၊ မပြုလုပ်သည်ဖြစ်စေ သူဂရုမစိုက်ဘူး။ သူကတော့ ဒီလိုလူမျိုးနဲ့ ခပ်ဝေးဝေးသာနေချင်သည်။ အဲ့ဒီနေ့တုန်းက အပြုအမူကလွဲရင် ပိုင်ဟွက ရွှီဇီယန်အား ပုံမှန်ဖော်ရွေစွာဆက်ဆံသည်။ ဒါပေမယ့် ဒီလိုဖော်ရွေသည့်ဆက်ဆံရေးမျိုးက တစုံတခုအဖြစ်ပြောင်းလဲသွားမှာကို ရွှီဇီယန်မလိုချင်သလို အဲ့ဒီလိုအရာမျိုးကိုလည်း သူလက်မခံနိုင်ဘူး။
ရွှီဇီယန်သာ တမင်တကာ ပိုင်ဟွနဲ့ ခပ်ကင်းကင်းနေလိုက်တာကြောင့် ထိုအရာက ရွှီဇီရုန်အား အရမ်းပျော်ရွှင်သွားစေသည်။ သူ၏နှုတ်ခမ်းထောင့်တွေက မြင့်တက်သွားပြီး ပြုံးလိုက်ကာ သူ့ကိုကို၏အနားသို့ လျှောက်သွားသည်။ သူဖြတ်လျှောက်သည့်အချိန်၌ ပိုင်ဟွ၏အကြည့်တွေနဲ့ ဆုံလိုက်ပြီး ရွှီဇီရုန်ဟာ ချက်ချင်း ထေ့ငေါ့သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ပိုင်ဟွ၏အကြည့်တွေ ကျောက်ရုပ်ဖြစ်သွားပြီး ရွှီဇီရုန်၏နောက်ကျောသို့ စိုက်ကြည့်နေသည်။ သူလုံးဝနားမလည်နိုင်တော့ပေ — သူ၏အနှစ်သာရအမြုတေက ရွှီဇီယန်အပေါ်၌ အလုပ်မလုပ်ရင်တောင် သူကဖော်ရွေသည့်ပုံစံပြနေတာပဲ မဟုတ်ဘူးလား? ပြီးတော့ သူကရန်လိုသည့်အပြုအမူလည်း တစ်ခါမှမပြရသေးတာကို ရွှီဇီယန်က ဘယ်လိုလုပ်ပြီး သူ့အပေါ်အေးစက်သွားရတာလဲ?
သူ၏အနှစ်သာရအမြုတေ၏အကျိုးသက်ရောက်မှုကို အသက်သွင်းပြီးသည့်တစ်လျှောက်လုံး ပိုင်ဟွတစ်ခါမှ ဒီလိုမျိုးအေးစက်စက် မဆက်ဆံခံရဖူးဘူး။ သူလုံးဝလက်မလွတ်ချင်သေးသလို ဒီယောင်္ကျား၏စိတ်နှလုံးကိုလည်း သူရယူသိမ်းပိုက်ချင်သေးသည်။
ပိုင်ဟွဟာ သူ့ရင်ထဲက ဒေါသတွေကို ဖိနှိပ်လိုက်ပြီး တဖြည်းဖြည်း တည်ငြိမ်သွားတော့သည်။ ရွှီဇီယန်၏အပြုအမူတွေက သူလုံးဝစိတ်မဝင်စားကြောင်း ပြသလို့နေသည်။ ရွှီဇီယန်က ဘယ်လိုဆက်ဆံရေးမျိုးကိုမှ မတွေးတောချင်တာလည်းဖြစ်နိုင်သလို၊ သူကပိုင်ဟွရဲ့ပုံစံကို မကြိုက်တာလည်းဖြစ်နိုင်သည်။
ပိုင်ဟွ၏နှုတ်ခမ်းတင်းကျပ်သွားပြီး သူကအတွေးတွေထဲက၌ နှစ်မြောနေသည်။ သူ၏လက်ရှိ စိတ်အားထက်သန်ပုံနဲ့ ပျော်ရွှင်တတ်သည့်ပုံစံဟာ ထျန်းယွီဂိုဏ်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ထားခြင်းဖြစ်သည်။ သူ၏ရှစ်ရှုန်းတွေနဲ့သာဆိုရင် ဒီလိုပုံစံအနေအထားမျိုးနဲ့ လွယ်ကူစွာပေါင်းသင်းဆက်ဆံနိုင်သည်။
ဒါပေမယ့် ဒီလိုဖော်ရွေတတ်သည့်ပုံစံမျိုးက အရမ်းတော်သည့်တပည့်တွေကို ဆွဲဆောင်ဖို့ခက်ခဲလှသည်။ အထူးသဖြင့် လင်ရှောင်ထျန်လိုလူမျိုးပင် ဖြစ်သည်။ လင်ရှောင်ထျန်နဲ့အတူ တာဝန်အတူတူကျပြီး သူ၏သနားစဖွယ်အခြမ်းကို ဖော်ထုတ်လိုက်တာကြောင့်သာ မဟုတ်ရင် လင်ရှောင်ထျန်က သူ့အတွက် သနားတယ်လို့လည်း ခံစားရမှာမဟုတ်သလို သူနဲ့လည်းနီးကပ်လာမှာမဟုတ်ဘူး။ ကံမကောင်းစွာ သူ့အပေါ်ထားသည့် လင်ရှောင်ထျန်၏ခံစားချက်တွေက နှစ်ကိုယ်ကျင့်ကြံဖို့အဆင့်ထိ မတိုးတက်လာတာကြောင့် လင်ရှောင်ထျန်အရှေ့၌ သူ၏အပြစ်ကင်းသည့်ပုံစံကိုသာ ထိန်းသိမ်းထားရသည်။
သူနဲ့နှစ်ကိုယ်တူကျင့်ကြံခဲ့သည့် ကျင့်ကြံသူအားလုံးဟာ အရေးမပါမှန်း ပိုင်ဟွသိလိုက်ပြီးနောက် ရွှီဇီယန်၏ယန်ဓာတ်ကို ပိုပိုပြီးလိုချင်လာသည်။
ကျင့်ကြံသူတစ်ယောက်၏ယန်ဓာတ်ဟာ ပိုင်ဟွအတွက် ကြီးမားသည့်အထောက်အကူဖြစ်စေပြီး အထူးသဖြင့် မိုးကြိုးသွားစိတ်ဝိညာဉ်သွေးကြောရှိကြသည့် ရွှီဇီယန်လိုလူမျိုးတွေဖြစ်သည်။ အကယ်၍ အဲ့ဒီပြင်းထန်သည့်စိတ်ဝိညာဉ်စွမ်းအင်သာ ပိုင်ဟွနဲ့အတူ ပေါင်းစပ်သွားပါက တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြင့် သူ့ကိုအကူအညီဖြစ်သွားစေလိမ့်မည်။
ပိုင်ဟွအနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ဒီချဉ်းကပ်မှုကို လက်လျော့လိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ လက်ရှိမှာ ရွှီဇီယန်က သူ့ကိုစိတ်ဝင်စားခြင်းမရှိတာကြောင့် သူအတင်းအကျပ်ကြီးပြောပြန်ရင်လည်း သူသာအမုန်းခံရလိမ့်မည်။
အခုသူထိုအကြောင်းကိုတွေးလိုက်ပြီး ရွှီဇီရုန်အား ရုတ်တရက် သူကျေးဇူးတင်ချင်သွားသည်။ ရွှီဇီယန်ဘေးနား၌သူအမြဲရှိနေတာကြောင့် ယောင်္ကျားတွေရော၊မိန်းမတွေရောက ရွှီဇီယန်ကို စိတ်ဝင်စားသည့်ပုံစံပြရင်တောင် သူတို့အားလုံးက မောင်းထုတ်ခံရလိမ့်မည်။
တစ်ဖက်မှာလည်း ရွှီဇီယန်လိုလူမျိုးက သူညီဖြစ်သူနဲ့ ချစ်သူဖြစ်သွားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ရွှီဇီရုန်ကမရည်ရွယ်လိုက်ပဲ သူ့အကိုရဲ့ဆက်ဆံရေးအပါအဝင် အရာအားလုံးဖျက်ဆီးမိလိုက်ပါက မျက်ရည်တွေဖြင့်သာ ကြည့်နေရမည်။
ပိုင်ဟွဟာ ရွှီညီအကိုတွေ၏နောက်ကျောကိုကြည့်ကာ ထူးဆန်းသည့်အပြုံးကိုပြသလိုက်ပြီး သူ၏ရင်ထဲ၌ပြောနေတာကာ 'အခုချိန်မှာတော့ ရွှီဇီယန်စောင့်ရှောက်ပေးဖို့ ငါမင်းလက်ထဲအပ်ထားဦးမယ် ဒါပေမယ့် မင်းရဲ့အကိုက ငါ့ရဲ့ချစ်သူတွေထဲက တစ်ယောက်ဖြစ်လာမယ့်နေ့ကို ငါတကယ်မျှော်လင့်နေမယ်'
ပိုင်ဟွဘာအစီအစဉ်တွေချနေလည်းဆိုတာ ရွှီဇီယန်မသိပေမယ့် အကယ်၍ သူသိသွားရင်တောင် သူသရော်လိမ့်မည်။
အခြားလူတွေမျက်လုံးထဲ၌ ပိုင်ဟွက အရမ်းလှပတယ်လို့မြင်ကြပေမယ့် ရွှီဇီယန်၏အမြင်မှာတော့ သူကရွှီဇီရုန်လောက်လည်း မချောဘူး၊ ရွှီဇီရုန်လောက်လည်း အကျင့်စရိုက်မကောင်းဘူး၊ ရွှီဇီရုန်လောက်လည်း ကျိုးနွံနာခံမှုမရှိဘူး၊ သူကကန်းနေတာမှမဟုတ်တာ ဒီတော့ သူကဘာလို့များ ပိုင်ဟွကိုစိတ်ဝင်စားရမှာလဲ?
(ဟေး နှိုင်းယှဉ်ပုံတွေက တစ်ခုခုတော့လွဲမှားနေတယ်မဟုတ်ဘူးလား? *ချစ်သူပုံစံနှိုင်းယှဉ်နေတယ်လို့ပြောတာပါ* ထားလိုက်ပါတော့ သူ့ကိုလွတ်ထားပေးလိုက်…)
ဘယ်လိုပဲဖြစ်ဖြစ် ဇီရုန်နဲ့သာယှဉ်လိုက်ရင် ပိုင်ဟွက အနံ့ဆိုးတစ်ခုသာဖြစ်သည်။ ရွှီဇီယန်သာ ရုတ်တရက် ရူးမသွားရင်ကလွဲလို့ သူဘယ်တော့မှ ပိုင်ဟွနဲ့ချစ်သူဖြစ်ဖို့ လက်ခံမှာမဟုတ်ဘူး။
"ကျန်ခေါင်းဆောင် အခင်းအကျင်းက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်လဲ?" ရွှီဇီယန်ပေါ့ပါးစွာ မေးလိုက်သည်။
"ဝိုင်းရံတဲ့ပမာဏက သိပ်မကြီးဘူးဆိုရင် အနည်းဆုံး သုံးရက်လောက်တော့ ခံနိုင်ရည်ရှိပါတယ်" ကျန်ထျန်းရှင်က သူ၏အင်အားအရင်းအမြစ်တွေနဲ့ ပတ်သက်ပြီး သေချာသိတာကြောင့် တစ်ချို့သောခန့်မှန်းချက်တွေဖြင့် သူရလဒ်ကိုပြောနိုင်သည်။
အကယ်၍ သုံးရက်အတွင်း တောကောင်တွေသာ ဝူတျီမြို့ထဲသို့ မဝင်ရောက်နိုင်ခဲ့ပါက သူတို့တွေ၌ ရန်သူတပ်တစ်ခုလုံးကို ဖယ်ရှားဖို့အစီအစဉ်မရှိထားဘူးဆိုရင် သူတို့တွေပြန်ဆုတ်ရလိမ့်မည်။ ဝူတျီမြို့နဲ့နီးကပ်ဆုံး ကြီးမားသည့်မြို့က ထျန်းယွီဂိုဏ်း၏အုပ်ချုပ်မှုအောက်၌ တည်ရှိနေသည့် လော့ရဲ့မြို့ပင်ဖြစ်သည်။ လော့ရဲ့မြို့ဟာ ဝူတျီမြို့ထက် ဆယ်ဆပိုကြီးမားသည်။ အကြီးမားဆုံးအကြောင်းအရာက ထိုနေရာ၌ အနည်းဆုံး ရွှေအမြုတေကျင့်ကြံသူ သုံးယောက်လောက်ရှိသည်။
ဝူတျီမြို့ထဲက ကျင့်ကြံသူတွေဟာ သုံးရက်အတွင်း အချက်ပြရန်လုံလောက်ပြီး အဲ့ဒီနေရာက ရွှေအမြုတေကျင့်ကြံသူတွေဟာ သူတို့ကိုလာကယ်လိမ့်မည်။
စစ်ပွဲပြီးသွားပြီးနောက် အဲ့ဒီနတ်ဆိုးကျင့်ကြံသူတွေ၏ကျင့်ကြံခြင်းအဆင့်ဟာ ချီစွမ်းအင်စုဆောင်းမှု နှောင်းပိုင်းအဆင့်ထက်မပိုဘူးဆိုတာ ကျန်ထျန်းရှင်သိလိုက်ရသည်။ တစ်နည်းဆိုရရင် ရွှေအမြုတေအဆင့် နတ်ဆိုးကျင့်ကြံသူတစ်ယောက်လောက်သာ ပါနေပါက ဝူတျီမြို့ကကြာကြာတောင့်ခံနိုင်မဟုတ်ပေ။
"မင်းတို့တွေ အရင်ဆုံးအနားသွားယူလိုက်လေ ရှာဖွေရေးအဖွဲ့ကို ငါတာဝန်ပေးထားလိုက်မယ်" ကျန်ထျန်းရှင်ဟာ ရွှီဇီယန်နဲ့ အခြားလူတွေကို အနားယူရန်သွားခိုင်းလိုက်သည်။ ကျင့်ကြံသူတွေဟာ မြို့အတွက် တိုက်ခိုက်ပေးရန် ထွက်သွားကြပြီးနောက် မြို့ထဲသို့ပြန်လာကြသည်။ အသက်ရှင်ကျန်ရစ်နေကြသည့် လူအားလုံးဟာ ပြုံးရွှင်နေကြပြီး ဒဏ်ရာရနေသည့်လူတွေတောင် သူတို့မျက်နှာထက်က ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ကြပေ။
ဒီအချိန်မှာ လူများစွာသေဆုံးသွားတယ်ဆိုပေမယ့် တောကောင်များစွာက ပိုပြီးသေဆုံးခဲ့သည်။ အဲ့ဒီတောင်ကောင်တွေ၏ အတွင်းပစ္စည်းတွေဟာ အရောင်းအဝယ်လောက၌ အလွန်တန်ဖိုးရှိသည်။
တစ်ကိုယ်တည်းသမားကျင့်ကြံသူတွေ၏ဘဝဟာ လွယ်ကူမနေပါ။ ကျန်မိသားစု၏တပည့်တွေက အကျိုးအမြတ်ကောင်းမွန်စွာ ရရှိကြတယ်ဆိုပေမယ့် ဒီစစ်ပွဲမှာ သူတို့တွေ၏အကျိုးအမြတ်ကတော့ မကောင်းလှပေ။ ငွေအိတ်အပြည့်ဟာ မပျော်ရွှင်သည့်အရာအားလုံးကို လွင့်ပါးပျောက်ကွယ်စေနိုင်သည်။ အသက်စွန့်သွားကြသည့်သူတွေအတွက် ဝမ်းနည်းတယ်ဆိုပေမယ့် သူတို့တွေဟာ အရှေ့သို့ဆက်သွားရလိမ့်မည်။
အောက်ဘက်က လူအုပ်ကြီးပြန်လာနေတာကို ကျန်ထျန်းရှင်ကြည့်လိုက်ပြီး သူသက်သာရာရသွားသည်။ မိသားစုထဲက တပည့်တွေအများကြီးတော့ မသေသွားကြပေ။ အဆင့်နိမ့်တပည့်တွေ အသက်ရှင်ပြန်လာဖို့အတွက် သူပိုပြီးဂရုစိုက်သည်။
ဒီလိုစစ်ပွဲမျိုးမှာ အဲ့ဒီလူတွေအသက်ရှင်နိုင်တာ သူတို့တွေဟာ ကျန်မိသားစု၏အနာဂတ် မျှော်လင့်ချက်ဖြစ်လာလိမ့်မည်။ သူတို့တွေကို တစ်ချို့သော အလယ်အလတ်ဂိုဏ်းတွေဆီသို့ ကျင့်ကြံဖို့အတွက် ပို့ရမယ်လို့ ကျန်ထျန်းရှင် စတင်တွေးတောနေသည်။
အစားထိုးထားသည့်အဖွဲ့တွေက မြို့တံတိုင်းပေါ်၌ ရပ်နေကြပြီး တောကောင်တွေ နောက်တစ်ကြိမ် ပြန်တိုက်ခိုက်လာမှာအတွက် စောင့်ကြပ်နေကာ ကျင့်ကြံသူတွေဟာ တချို့သောအိမ်တွေဆီသို့ ပြန်ဆုတ်ကြကာ စတင်ပြီးတရားထိုင်နေကြသည်။
ပိုင်ဟွထွက်သွားပြီးဆိုတာ ရွှီဇီယန်သိလိုက်တာကြောင့် သူတိတ်တဆိတ် သက်ပြင်းရှည်ချလိုက်ပေမယ့် ယွီဟော်ရဲ့အမေဖြစ်သူကို သူကယ်ဖို့မေ့နေမှန်းသိလိုက်တာကြောင့် သူထပ်ပြီးထိတ်လန့်သွားပြန်သည်!!!
ဒီအချိန်မှာ အနောက်ဘက်ဂိတ်ကို တောကောင်တွေ မချိုးဖျက်လို့မရသေးတာကြောင့် ဝူတျီမြို့၏လူဦးရေတစ်ဝက်ကို ရှင်းပစ်လို့လည်းမရသေးပေ။ ဤနည်းအားဖြင့် ယွီမိသားစုကလည်း ထွက်သွားရန် အလျင်မလိုနေပါက ယွီဟော်၏အမေကိုလည်း ကျန်သွားလိမ့်မည်မဟုတ်ပေ။
ဒါပေမယ့် အဓိကဇာတ်လိုက်ပိုင်ဟွဟာ ထူးခြားသည့်သက်ရောက်မှုရှိတာက ရွှီဇီယန်ကို အတော်လေး စိတ်ပူစေပြီး အကယ်၍များ ယွီဟော်ရဲ့အမေက ဘာသတိပေးချက်မှမရှိပဲ ရုတ်တရက် ပေါ်လာရင်ဘယ်လိုလုပ်မလဲ? ပိုင်ဟွက သက်ကြီးရွယ်အိုအား ကယ်တင်တာကို သူမဆန့်ကျင်ပေမယ့် အကယ်၍များ အဲ့ဒီသက်ကြီးရွယ်အိုက ယွီဟော်၏အမေဖြစ်နေရင် သူအနည်းငယ် မပျော်မရွှင်ဖြစ်လိမ့်မည်…
ပိုင်ဟွဆိုသည့်အဓိကဇာတ်လိုက်အနေအထားကပင် စိတ်အနှောင့်အယှက်ဖြစ်ဖို့ လုံလောက်နေပြီဖြစ်ပြီး အကယ်များ သတင်းစုံရနိုင်သည့် ချန်းဝမ်အဆောက်အအုံများ ပူးပေါင်းသွားပါက…အခြားလူတွေအတွက် အသက်ရှင်ဖို့လမ်းပင်ရှိမည်မဟုတ်တော့ပေ။
ပိုင်ဟွရဲ့စွမ်းအားတွေတိုးတက်စေမယ့် ဒီလိုအခွင့်အရေးမျိုးကို ရွှီဇီယန်မပေးလိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ ပြီးတော့ သူကယွီဟော်၏စွမ်းရည်ကို စိတ်ဝင်စားနေတာ ကြာလှပြီ။ ဒီလိုကောင်းမွန်သည့်အခွင့်အရေးမျိုးကို သူအမိအရဖမ်းဆုပ်ရမည်ဖြစ်ပြီး လွဲချော်သွားပါက သူ့ကိုယ်သူခွင့်လွတ်နိုင်မည်မဟုတ်ပေ။
"ငါ့နောက်လိုက်ခဲ့" ရွှီဇီရုန်အား ရွှီဇီယန်ပြောလိုက်၏။
"ကျွန်တော်တို့ ဘယ်သွားကြမလို့လဲ?" ရွှီဇီရုန် သူ့ကိုကိုအား နားမလည်စွာကြည့်လိုက်သည်။ သူတို့တွေ၏ပြီးပြည့်စုံသည့် ပူးပေါင်းဆောင်ရွက်မှုက သူ့စိတ်ကိုကောင်းမွန်စေသည်။ သူကအကျင့်ပါနေလို့သာ ပြန်မေးလိုက်ပေမယ့် ဓားပျံကိုထုတ်ပြီးနေပြီဖြစ်သည်။
"လူကယ်မလို့" ရွှီဇီယန်နားလည်ရန်ခက်စွာ ပြန်ဖြေလိုက်သည်။
"လူကယ်မလို့?" ရွှီဇီရုန်တန့်သွားသည်။
"သွားကြစို့ မင်းရောက်သွားရင် သိလာလိမ့်မယ် ပြီးတော့ ငါတို့သူမကို ကယ်လို့ရပါ့မလားဆိုတာတော့ ငါလည်းသေချာမသိဘူး" ပိုင်ဟွလက်ဦးသွားမှာကို ရွှီဇီယန်စိုးရိမ်တာကြောင့် သူလျင်မြန်စွာ ရွှီဇီရုန်ကို သူနဲ့အတူလိုက်စီးခိုင်းလိုက်သည်။
ရွှီဇီရုန်ကတော့ သူ့ကိုကိုနဲ့ နီးကပ်နေရတာကြောင့် ပျော်ရွှင်နေပြီး သူကဓားပျံကိုပြန်သိမ်းလိုက်ကာ ရွှီဇီယန်၏အနောက်၌ ယောင်္ကျားပီသစွာရပ်လိုက်သည်။
နောက်ငါးစက္ကန့်လောက်နေတော့ ရွှီဇီယန် သူ၏ဆုံးဖြတ်ချက်ကို နောင်တရသွားတော့သည်…
သူကဘာလို့များ ဇီရုန်ကိုသူ့အနောက်မှာ လျင်မြန်စွာတက်ခိုင်းလိုက်ရတာလဲ!? အဲ့ဒါကအရမ်းတုံးတာပဲ!
သူတို့နှစ်ယောက်ကအရမ်းနီးကပ်နေတာကြောင့် သူတို့တွေက အဝတ်အစားတွေကနေ တစ်ယောက်နဲ့တစ်ယောက်၏အပူချိန်ကို ခံစားမိနိုင်သည်။ ရွှီဇီယန်ဟာ သူ၏လည်ဂုတ်ပေါ်က ပူနွေးသည့်လေကို ခံစားမိလိုက်သည့်အချိန်၌ စစ်ပွဲမှာတုန်းက သူတို့တွေ၏စွမ်းရည်တွေကို ဘယ်လိုပေါင်းစပ်အသုံးပြုခဲ့လည်းဆိုတာ သူပြန်လည်တွေးတောလိုက်သည်။
သူ၏နားတွေပူနွေးနေသလို ခံစားလိုက်ရပြီး သူ၏နားဖျားတွေက တစ်ဖက်လူ၏အသက်ရှုသံကြောင့် အနည်းငယ်တုန်ရီနေသည်။ သူ၏ခါးနားက လက်မောင်းတွေကလည်း ကျစ်လျစ်ပြီး အလွန်သန်မာလှသည်။ ရွှီဇီရုန်က သူ၏ခါးကိုတင်းကျပ်စွာ ဖက်ထားတာကြောင့် သူတုပ်တုပ်မျှတောင် လှုပ်ရှားလို့မရဘူး။
ဒီလိုအပြုအမူက ရွှီဇီယန်နဲ့ရွှီဇီရုန်တို့နှစ်ယောက် ပူးပေါင်းဆောင်ရွက်ရာတွင် အမှားအယွင်းမရှိစေရန် သေချာစေပေမယ့် ရွှီဇီရုန်ဖက်ထားတာ အရမ်းကြီးတင်းကျပ်မနေဘူးလား?
ဘယ်အရာကသူ့ကို ပိုပြီးစိတ်အနှောင့်အယှက်ဖြစ်စေဆုံးလည်းဆိုတော့ သူမြှားကိုပစ်လိုက်ပြီးနောက် ဇီရုန်နဲ့သူအနည်းငယ် ဝေးဝေးနေချင်တာကြောင့် အရှေ့သို့ခြေလှမ်းအနည်းငယ် တိုးလိုက်ချင်ပေမယ့် ဇီရုန်ကသူ၏ခါးကို လက်မောင်းတွေဖြင့် ရုတ်တရက် တင်းကျပ်စွာဖက်လိုက်ပြီး သူ၏နောက်ကျောနဲ့ ဇီရုန်၏ရင်ဘတ်နဲ့ အနည်းငယ်တိုက်မိသွားသည်။ အဲ့ဒီလိုတိုက်မိသွားပြီးနောက် သူ၏တစ်ကိုယ်လုံးမာတောင့်သွားပြီး သူ၏တင်ပါးက ယောင်္ကျားတစ်ယောက်၏တစုံတခုနဲ့ ထိမိနေမှန်း သူခံစားလိုက်ရသည်…
သူ့စိတ်တွေမှိုင်ထွေသွားပြီး အရှေ့သို့ပြေးသွားကာ တောကောင်တွေအား စတင်တိုက်ခိုက်တော့သည်။ ဇီရုန်ကလည်း သူ့အနောက်ကနေ လိုက်လာတာကြောင့် အစတုန်းကတော့ ရွှီဇီယန် အနည်းငယ်ရှက်နေသေးပေမယ့် ဇီရုန်၏တည်ငြိမ်သည့်ပုံစံနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသည့် စိတ်သဘောထားက သူ့ကိုအံ့ဩသွားစေသည်…
သူခံစားမိလိုက်တဲ့အရာက မှားသွားတာလား?
#TK