Chapter 99
ရွှီဇီရုန်၏မဲနက်နေသည့် မျက်လုံးတွေထဲက လူသတ်ချင်သည့်အကြည့်တွေကို ဖုံးကွယ်လိုက်ပြီး ရွှီဇီရုန်ဟာ ပိုင်ဟွကို သတိထားစွာကြည့်နေသည်။ အစတုန်းကတော့ ဒီနေရာမှာ ဘယ်သူမှမရှိတော့ရင် သူ့ကိုသတ်ဖို့ နည်းလမ်းရှာရမယ်လို့ သူတွေးထားပေမယ့် ပိုင်ဟွက သူ့ကိုကို,ကို မြူဆွယ်ရဲတယ်—အဲ့ဒါက သူသည်းမခံနိုင်ဆုံးအရာပဲ!
မိုးနတ်မင်းကြီးက သူ့ကိုကိုရဲ့ဘဝကို သူ့ဆီပေးထားတာ! သူတစ်ယောက်တည်းရဲ့မူပိုင်ပဲ!
သူ့ကိုကို,ကို စိတ်ဝင်စားတဲ့ လူတိုင်းသေရမယ်!
"ဇီရုန်!" ရွှီဇီရုန်ဆီကနေ ပြင်းထန်စွာ လူသတ်ချင်နေသည့် ခံစားချက်မျိုး ရွှီဇီယန်ခံစားမိလိုက်တာကြောင့် ရွှီဇီရုန်၏လက်ကိုဆုပ်ကိုင်လိုက်ကာ သူ့ကိုတည့်တည့်လိုက်သည်။
"မင်းဘာသွားလုပ်မလို့လဲ?"
ရွှီဇီရုန်ထိတ်လန့်သွားကာ သူ၏မျက်လုံးတွေကို လျင်မြန်စွာ အောက်သို့ကြည့်လိုက်ပေမယ့် သူ၏ခေါင်းကို ပြန်မော့လာကာ သူ၏မျက်လုံးတွေက သူ့ကိုကိုအား စိုးရိမ်နေသည့် အကြည့်တွေဖြင့် ကြည့်လာကာ
"ကိုကို သူက…"
"အင်းပါ ငါသိတယ် ငါအဆင်ပြေပါတယ်" ရွှီဇီယန် သူ့ကိုချက်ချင်း ကြားဖြတ်ပြောလိုက်သည်။ ဇီရုန်ကသူ့ကိုစိုးရိမ်တာကြောင့် သူသတ်ဖို့ရည်ရွယ်မှန်း ရွှီဇီယန် နားလည်ပေမယ့် ဘာအကြောင်းပြချက်မှမရှိပဲ ထျန်းယွီဂိုဏ်းက လူအများတွေအရှေ့မှာ ပိုင်ဟွကိုသူသတ်လိုက်ပါက ဂိုဏ်းနှစ်ခုကို စစ်ဖြစ်အောင် ဖန်တီးသလိုဖြစ်သွားလိမ့်မည်။
အစတုန်းကတော့ ရွှီဇီယန်ဟာ ပိုင်ဟွအသုံးပြုသည့် ဆွဲဆောင်သည့်အတတ်ပညာကို ရှာမတွေ့ခဲ့ပေ။ အကယ်၍ သူ၏ခန္ဓာကိုယ်ထဲ၌ အစိမ်းရောင်မိုးကြိုးသွားမရှိနေပါက သူတိတ်တဆိတ် ဆွဲဆောင်ခံလိုက်ရလိမ့်မည်။ ဒါပေမယ့် ဒီဆွဲဆောင်သည့်အတတ်ပညာက ကြီးမားသည့်အကျိုးသက်ရောက်မှုကို မဖန်တီးနိုင်ပဲ သူ့အား လူတွေစိတ်ဝင်စားလာအောင် နှိုးဆော်ရုံသာလုပ်နိုင်တာကြောင့် ဆွဲဆောင်သည့်အတတ်ပညာလို့တောင် မခေါ်ဆိုနိုင်ပေ။
အကျိုးသက်ရောက်မှုက သိပ်ပြီးမပြင်းထန်ပေမယ့် ရွှီဇီယန် စိတ်တွေ ကမောက်ကမဖြစ်နေဆဲဖြစ်သည်။ ဒီလိုမျိုးဆွဲဆောင်ခံရသူတိုင်း ကောင်းမွန်သည့် စိတ်အခြေအနေမျိုး ရှိနေမည်မဟုတ်ပေ။ အကယ်၍ တစုံတယောက်ဟာ အဲ့လိုလုပ်ခဲ့မယ်ဆိုရင် ရွှီဇီယန် ထိုသူကိုသွားတိုက်ခိုက်ပြီး သင်ခန်းစာပေးပြီးပြီ။ ဒါပေမယ့် ထိုသူဟာပိုင်ဟွဆိုတာကို သူသတိရသွားပြီးနောက် သူခါးသီးစွာ သည်းခံနေရသည်။
အဓိကဇာတ်လိုက်ကို ဆန့်ကျင်ဖို့ သူမပြင်ဆင်ရသေးဘူး!
ပိုင်ဟွ၏အနှစ်သာရအမြုတေဟာ အလွန်အကျိုးသက်ရောက်မှုရှိပြီး ကောင်းမွန်စွာပိရိသည်။ ရွှီဇီယန်၏ အစိမ်းရောင်မိုးကြိုးသွားနဲ့ ရွှီဇီရုန်ကလည်း သွေးပင်လယ်နှလုံးကျင့်စဉ်ကို ကျင့်ကြံထားတာကြောင့် အကျိုးသက်ရောက်မှုမရှိခြင်းဖြစ်သည်။
ပိုင်ဟွလာပြီးနောက် ခန်းမတစ်ခုလုံး၏ လေထုအခြေအနေဟာ ပိုမိုတက်ကြွလာပေမယ့် ပိုင်ဟွကတော့ မပျော်ရွှင်ပေ ဘာလို့လဲဆိုတော့ ရွှီညီအကိုနှစ်ယောက်အား သူချောင်းကြည့်လိုက်တိုင်း သူတို့တွေက သူ့အားမကြည့်နေတာကိုသာ တွေ့နေရပြီး ရွှီညီအကိုနှစ်ယောက်ဟာ အခြားလူတွေနဲ့သာ ပျော်ရွှင်စွာ စကားပြောနေကြသည်။
ပိုင်ဟွ သူ၏အောက်နှုတ်ခမ်းကို အသာလေးကိုက်လိုက်ကာ သူ၏အနှစ်သာရအမြုတေက ရွှီညီအကိုတွေအပေါ် အကျိုးသက်ရောက်မှုမရှိတာ သူ့ကိုတကယ့်စိတ်ညစ်သွားစေသည်။
အနှစ်သာရအမြုတေ၏ ထိုစွဲလမ်းစေသည့်အကျိုးသက်ရောက်မှုဟာ လူတိုင်းအပေါ်၌ အကျိုးသက်ရောက်ခြင်းမရှိပေ။ ပိုင်ဟွထိုအရာကို သိနေပေမယ့် ရွှီညီအကိုနှစ်ယောက်ကို မြင်လိုက်ပြီးနောက် နှစ်ယောက်စလုံးကို ဆွဲဆောင်ကာ သူနဲ့အတူ နှစ်ကိုယ်တူကျင့်ကြံခြင်း ပြုလုပ်ရန် ဆုံးဖြတ်ချလိုက်သည်။
ငါးနှစ်အတွင်း ရွှီဇီယန်ဟာ အခြေခံကျင့်ကြံခြင်း အလယ်အလတ်အဆင့်ကနေ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ ရွှီဇီယန်နဲ့ သူမကျင့်ကြံဘူးဆိုရင် ဖြုန်းတီးသလိုဖြစ်သွားလိမ့်မည်။
ရွှီဇီရုန်၏စွမ်းရည်ကလည်း ရွှီဇီယန်ထက်မလျော့ကျဘူးဆိုတာ သက်သေပြနေသည်။ ဒီလောက်အဆင့်မြင့်သည့် ကျင့်ကြံသူနှစ်ယောက်ကို ဆွဲဆောင်လို့မရသေးတာကို ကြည့်လိုက်ပြီး ပိုင်ဟွအလွန်နောင်တရကာ အံကြိတ်နေသည်။
ဒီခန်းမအတွင်းက ဖန့်မိသားစုနဲ့ကျန်မိသားစု၏ လူငယ်မျိုးဆက်အားလုံးဟာ သူ၏လွှမ်းမိုးမှုအောက်သို့ ရောက်နေကြသည်။ ဒါပေမယ့် ဒီလူတွေက ပိုင်ဟွမျက်လုံးထဲ၌ ဘာမှအရေးမပါဘူး။
ရွှီဇီယန်အား ပိုင်ဟွစကားပြောဖို့ ကြိုးစားလိုက်တိုင်း ရွှီဇီယန် သူ့အားသတိထားနေကာ ပိုင်ဟွအား ပုံမှန်အမူအရာမျိုးသာပြပြီး ပိုင်ဟွနဲ့ လေးနက်စွာ စကားပြောဖို့ သူရည်ရွယ်ချက်မရှိပေ။ ပိုင်ဟွအကြိမ်များစွာ ကြိုးစားပေမယ့် ရွှီဇီယန်ကအမြဲတမ်း ခေါင်းစဉ်ပြောင်းကာ အခြားတစ်နေရာသို့ ထွက်သွားတတ်သည်။ သူကဒီလောကကြီးနဲ့ ပတ်သက်ပြီး ဘာမှမသိတာကြောင့် ရွှီဇီယန်က ဘာလို့သူ့အနားကို မကပ်ချင်တာလည်းဆိုတာ သူလုံးဝနားမလည်သေးပါ။
"ကျင့်ကြံသူရွှီ ငါမင်းကိုလိမ်ထားတာအတွက် မင်းစိတ်ဆိုးနေတုန်းလား?" ပိုင်ဟွဟာ တောင်းပန်သံဖြင့် မေးလိုက်ကာ "ဒါပေမယ့် ငါတကယ့်ကို ဖိအားပေး…ငါ…"
"ကျင့်ကြံသူပိုင်က ဘာလို့အဲ့ဒီလိုတွေးရတာလဲ?" ရွှီဇီယန် ထိတ်လန့်စွာမေးလိုက်ပြီး "ငါရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီမဟုတ်ဘူးလား? အဲ့ဒီအချိန်တုန်းက ကျင့်ကြံသူပိုင်က အဲ့ဒီလိုလုပ်ဖို့ ဖိအားပေးခံခဲ့ရတာကြောင့် ငါမင်းကို နားလည်ပေးနိုင်ပါတယ်"
"ဒါပေမယ့်…" ပိုင်ဟွမျက်မှောင်ကြုတ်ကာ အနည်းငယ် ဝမ်းနည်းနေသည့်အသံဖြင့် "ဒါပေမယ့် ကျင့်ကြံသူရွှီက ငါ့အပေါ်အနည်းငယ် အေးစက်နေသလိုပဲနော်…ကျင့်ကြံသူရွှီကို ငါအမှားလုပ်တာများရှိလို့လား?"
"အေးစက်တယ်? ဟားဟား…မင်းအတွေးတွေ များနေတာပါ" ရွှီဇီယန်ရယ်မောလိုက်ပြီးနောက် သူ၏လက်ဖဝါးက ကုတ်ခြစ်သလို ခံစားလိုက်ရတာကြောင့် သူလျင်မြန်စွာ ခေါင်းကိုလှည့်လိုက်ကာ
"ဘာဖြစ်လို့လဲ?"
ရွှီဇီရုန် ပိုင်ဟွကို ခံစားချက်မရှိသည့် အမူအရာဖြင့် ကြည့်လိုက်ပြီး သူ၏နူးညံသည့်မျက်နှာဟာ ရေခဲရုပ်ထုလိုဖြစ်နေပြီး သူ၏မဲနက်နေသည့် မျက်လုံးတွေဟာ လူသေတစ်ယောက်လို တည်ငြိမ်နေကာ အသက်ရှိတယ်လို့တောင် မထင်ရပေ။
ရွှီဇီရုန် သူ့အားကြည့်နေတာကြောင့် ပိုင်ဟွ အတော်လေး မလုံလဲသလိုခံစားလိုက်ရပြီး သူရုတ်တရက် ဘေးကျပ်နံကျပ် အခြေအနေကို ကြုံတွေ့နေရသည်။
သူ၏လက်ချောင်းကို လှုပ်ရှားလိုက်ကာ သူ၏လည်ပင်းမှာဆွဲထားသည့် နဂါးပုံသဏ္ဍာန်ကျောက်စိမ်းပြားကိုကိုင်လိုက်ကာ ခပ်မှိန်မှိန်အလင်းရောင်လေးကို ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွမ်းခြုံသွားပေမယ့် ရွှီဇီရုန်က သူမျှော်လင့်ထားသလို သူ့အားမတိုက်ခိုက်လာပဲ သူကပိုင်ဟွအား အေးစက်ကြည့်လိုက်ပြီးနောက် ရွှီဇီယန်ကို ပြောလိုက်သည်။
"ကိုကို ကျွန်တော်ဗိုက်ဆာနေပြီ"
"အိုး မင်းဗိုက်ဆာနေပြီလား ခဏလေးနော် ကိုကိုမင်းအတွက် ချက်ပြုတ်ပေးမယ်" ရွှီဇီယန်ပြုံးကာ ရွှီဇီရုန်၏ခေါင်းကို ပုတ်ပေးလိုက်ပြီးနောက် ပိုင်ဟွအား စိတ်မဝင်စားစွာ ကြည့်လိုက်သည်။
ထိုအကြည့်တစ်ချက်နဲ့တင် ရွှီဇီယန်အား ဆွဲဆောင်သည့် သူ၏အစီအစဉ်ဟာ လုံးဝကျရှုံးသွားမှန်း ပိုင်ဟွသဘောပေါက်လိုက်သည်။ သူ့ကိုယ်သူမထိန်းချုပ်နိုင်ပဲ အကာအကွယ်ကျောက်စိမ်းကို အသက်သွင်းလိုက်မိတာကြောင့် သူတိတ်တဆိတ် စိတ်တိုနေတော့သည်။ သူကရွှီဇီရုန်ကို မဆွဲဆောင်ရသေးဘူးဆိုပေမယ့် ကျောက်စိမ်းပြားကို အသက်သွင်းလိုက်ခြင်းဟာ သူသံသယရှိတယ်လို့ အဓိပ္ပါယ်သက်ရောက်သွားစေသည်။
အကယ်၍ ရွှီဇီရုန်သာ တိုက်ခိုက်ခဲ့ပါက သူ၏အပြုအမူနဲ့ပတ်သက်ပြီး ရှင်းပြဖို့လွယ်လေသည်။ ဒါပေမယ့် တစ်ဖက်လူက တိုက်ခိုက်ဖို့ အမူအရာတောင်မပြရသေးခင်မှာပင် သူကအရင်ဆုံး အကာအကွယ်လုပ်လိုက်တာကြောင့် ရွှီဇီယန် သေချာပေါက် ဒေါသထွက်သွားလိမ့်မည်။
ရွှီဇီယန်အား သူနားလည်သလောက် အခြေခံကြည့်ရမယ်ဆိုရင် သူ၏အချစ်တွေဟာ သူ့ညီလေးအပေါ် မခန့်မှန်းနိုင်သည့်အဆင့်ထိ ရောက်ရှိထားပြီးဖြစ်တာကြောင့် ရွှီဇီယန်အား သူတကယ်ကြီး အမှားလိုက်မိပြီဖြစ်သည်။
ခန်းမအတွင်းရှိလူတိုင်းဟာ ပိုင်ဟွက ကျောက်စိမ်းပြားကို အသက်သွင်းလိုက်မှန်း ရှင်းလင်းစွာ မြင်လိုက်ရပြီး သူကရွှီဇီယန်နဲ့ စကားပြောနေသည့်အချိန်၌ ပိုင်ဟွဟာထိုအရာကို အသက်သွင်းလိုက်မှန်း မြင်လိုက်ကြသည်။
ဒီလိုအပြုအမူက ကျင့်ကြံသူတွေကို အတော်လေး ရိုင်းစိုင်းတာနဲ့တူလှသည်။ ပြီးနောက် ဖန့်မိသားစု၏မျက်နှာကြောင့်သာ ရွှီဇီယန်ဟာ ပိုင်ဟွအား အေးစက်စက်သာ ကြည့်လိုက်သည်။
ဂိုဏ်းကြီး၏တပည့်တစ်ယောက်အနေနဲ့ ရွှီဇီယန်၏အဆင့်အတန်းဟာ ပိုင်ဟွထက် ပိုမြင့်သည်။ သူတို့ဆရာသခင်တွေ၏ ကျင့်ကြံခြင်းအဆင့်တွေနဲ့ ဆုံးဖြတ်မယ်ဆိုရင်လည်း အမတဝိညာဉ်အခြေတည်စအဆင့်က ရွှေအမြုတေအဆင့်၏အထက်၌ တည်ရှိနေသည်။
ခန်းမအတွင်းက လူတစ်ချို့ဟာ ပိုင်ဟွ၏အကျိုးသက်ရောက်မှုတွေ အနည်းငယ်လျော့သွားတာကြောင့် ပိုင်ဟွ၏အပြုအမူက ကျိုးကြောင်းမစဉ်းစားတဲ့ပတ်သက်ပြီး သဘောမကျကြောင်း တီးတိုးပြောဆိုနေကြသည်။
"အကိုဖန့် ဇီရုန်နဲ့ကျွန်တော် သွားစရာလေးရှိသေးလို့ ကျွန်တော်တို့ အရင်ဆုံး သွားလိုက်ပါတော့မယ် ကျွန်တော်တို့တွေ ညနေခင်းကျရင် ပြန်လာမယ်လို့ ခေါင်းဆောင်ကျန်ကို ပြောပေးပါလား?" ရွှီဇီယန်က ဖန့်ထျန်းယွင်အပေါ် ကောင်းမွန်သည့် ခံစားချက်မျိုးရှိတာကြောင့် သူကယှဉ်ကျေးစွာ ပြောဆိုလိုက်သည်။
ဖန့်ထျန်းယွင်ကလည်း အခုလေးတင် ဘာဖြစ်သွားလဲဆိုတာ မျက်မြင်တွေ့လိုက်တာကြောင့် ရွှီဇီယန်အား မတားနေတော့ပေ။ သူတို့တွေမထွက်သွားခင် သူ့အားအနည်းငယ် နှစ်သိမ့်လိုက်သည်။ ဘယ်သူမှမသိလိုက်သည်က သူတို့တွေထွက်လာသည့်အချိန်၌ ရွှီဇီရုန်၏နှုတ်ခမ်းထောင့်က လှောင်ပြုံးပြုံးနေသည်ကိုပင်။
မထွက်သွားခင် ဖန့်ထျန်းယွင် အကူအညီမဲ့စွာ ပိုင်ဟွအား ကြည့်လိုက်သည်။ သူကတစ်နေရာ၌ ရပ်နေကာ သူ၏ခေါင်းကိုငုံ့ကာ တစ်ခုခုကို တွေးတောနေသည်။
ဖန့်ထျန်းယွင် တိတ်တဆိတ် သူ၏ခေါင်းကိုညိတ်လိုက်ကာ ပိုင်ဟွအပေါ် သူ၏ချင့်တွက်မှုတွေ လျော့နည်းလာတော့သည်။ မူလအစတုန်းကတော့ ထျန်းယွီဂိုဏ်းက ကျင့်ကြံသူပိုင်ဟာ အတော်လေးအပြစ်ကင်းပြီး တရားမျှတတယ်လို့ သူတွေးခဲ့မိသည်။ ဒါပေမယ့် ဒီလိုအဖြစ်အပျက်ကြီး ဖြစ်သွားပြီးနောက်…သူထင်သလို ထိုသူကမရိုးရှင်းဘူးလို့ ယူဆမိသည်။ မဆင်မခြင်အပြုအမူကို ပြုလုပ်ပြီးနောက် သူကတောင်းပန်သည့် စကားတစ်လုံးမှမပြောတာကြောင့် ရွှီညီအကိုတွေက ထွက်သွားဖို့ ခွင့်တောင်းတာလည်း မဆန်းပေ။
လက်ထပ်ပွဲ၏သတို့သား တစ်ယောက်အနေနဲ့ လျှိုကွမ်းဂိုဏ်းကတပည့်တွေကို ဖန့်ထျန်းယွင် ပေါ့ပေါ့တန်တန် မဆက်ဆံချင်ဘူး။ ရွှီညီအကိုတွေကို အပြင်ထိ သူလိုက်ပို့ပြီးနောက် ငယ်ရွယ်သည့်တပည့်တွေဟာ ပိုင်ဟွအပေါ်၌ ကောင်းမွန်တဲ့ခံစားချက်မျိုးရှိတာကြောင့် သူ့အနားသို့ဝိုင်းလာပြီး နှစ်သိမ့်ပေးလေသည်။
သူ၏အမူအရာဟာ အနည်းငယ် မယှဉ်ကျေးသွားပေမယ့် ထိုသူတွေ၏မျက်လုံးထဲမှာတော့ ပိုင်ဟွက အမှားသေးသေးလေး လုပ်မိတယ်လို့သာ မြင်ကြသည်။ ဆန့်ကျင်ဘက်အနေနဲ့ ရွှီဇီယန်ကဟန်လုပ်ကာ ရိုင်းပျစွာထွက်သွားတယ်လို့တောင် သူတို့တွေကတွေးထင်နေကြသည်။
ဒီလိုနူးညံ့ပြီး နှစ်သိမ့်တဲ့အသံတွေကြောင့် ပိုင်ဟွ အနည်းငယ် ခါးသက်သက်ပြုံးလိုက်သည်။ သူ၏ခေါင်းကို ညင်သာစွာရမ်းလိုက်ရင်း
"အဲ့ဒါအားလုံးက ကျွန်တော့်အမှားပါ ဘာမှဖြစ်သွားတယ်ဆိုတာလဲ ကျွန်တော်သေချာမသိလိုက်ဘူး ကျွန်တော်ရုတ်တရက်ကြီး အန္တရာယ်ရှိသလို ခံစားလိုက်ရတာကြောင့် နှစ်ခါတောင်တွေးတောမနေဘဲ ကျောက်စိမ်းပြားကို ကျွန်တော်အသက်သွင်းလိုက်မိတယ် ကျွန်တော်တို့ ထျန်းယွီဂိုဏ်းမှာဆိုရင် တခါတလေ တစ်ယောက်နဲ့တစ်ယောက် အလစ်ချောင်းတိုက်ခိုက်ကြတာကြောင့် ကျွန်တော်အကျင့်ဖြစ်နေတာ ကျွန်တော်က အခုထျန်းယွီဂိုဏ်းမှာ မဟုတ်ဘူးဆိုတာကို မေ့သွားတယ်"
"အဆင်ပြေပါတယ် အဲ့ဒါကအမှားသေးသေးလေးပဲကို"
"ဟုတ်တယ် ဟုတ်တယ် ဘယ်သူကရော အမှားမလုပ်မိတဲ့လူရှိလို့လဲ?"
"ပြောရရင် ရွှီဇီယန်က ဒီလိုထွက်သွားတာ အတော်လေး မယှဉ်ကျေးတာပဲ"
"ဟုတ်တယ် သူကကျင့်ကြံသူပိုင် ရှင်းပြတာကို နားတောင်မထောင်ဘဲ ထွက်သွားတာ အတော်လေး ရိုင်းစိုင်းတာပဲ"
ထိုစကားတွေကို ကြားပြီးနောက် ပိုင်ဟွဟာ ခေါင်းခါပြီး သူ့ကိုယ်သူသာ အပြစ်တင်နေတာကြောင့် ဆွဲဆောင်ခံထားရသည့် လူတွေဟာ ရွှီဇီယန်ကို မကျေမနပ်ဖြစ်နေကြတော့သည်။ အနီးနားလူတွေ၏တိုက်တွန်းမှုကြောင့် သူတို့တွေဟာ ရွှီဇီယန်အား ပြောဆိုနေတာတွေ ရပ်တန့်သွားပေမယ့် ဒီနေ့အဖြစ်အပျက်၌ ရွှီဇီယန်က အရမ်းပိုလွန်းတယ်လို့ သူတို့တွေ ဆုံးဖြတ်ချက်ချလိုက်သည်။
ပိုင်ဟွကအကူအညီမဲ့စွာ သက်ပြင်းချလိုက်ပြီး စိတ်ပျက်နေသည့် အကြည့်တွေဖြင့် ထွက်လာခဲ့သည်။ သူကရွှီဇီယန်နဲ့ ပတ်သက်ပြီး အတော်လေး တက်ကြွပေမယ့် ရွှီဇီယန်၏ပုံစံက အနည်းငယ် အေးစက်လှသည်။ ရွှီဇီယန်ကို ပိုင်ဟွအပေါ် စွဲလမ်းချစ်ခင်နေသည့် လူတွေက မကျေမနပ်ဖြစ်အောင် ဆွပေးလိုက်သည်။ တချို့လူတွေက ရွှီဇီယန်အား သင်ခန်းစာပေးရန် အစီအစဉ်တောင်ဆွဲနေကြသည်။
ပိုင်ဟွ ဧည့်ခန်းထဲကနေ ထွက်လာပြီးနောက် သူ၏မျက်နှာအမူအရာဟာ ချက်ချင်းပြောင်းလဲသွားသည်။
သူ၏မျက်နှာပေါ်၌ စိတ်ပျက်ပြီး တောင်းပန်နေသည့် အရိပ်အယောင်တွေ ရှိမနေဘဲ သူ့မျက်လုံးထဲ၌ အတော်လေး မီးတောက်နေသည်။
သူ၏လက်ဖဝါးကို သူ့ဟာသူကုတ်ခြစ်လို့နေသည်။ သူ၏စစ်မှန်သည့် ခံစားချက်တွေကို ဘယ်လိုဖုံးကွယ်ရမလဲဆိုတာ နှစ်ပေါင်းများစွာ သင်ယူမထားပါက ဒီဧည့်ခန်းကြီးကို ပေါက်ကွဲအောင် လုပ်လိုက်ရုံသာ သူတတ်နိုင်လိမ့်မည်။
ရွှီဇီရုန် ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာပဲ!
ရွှီဇီရုန် သူ့အား ဒီအန္တရာယ်မျိုး ခံစားရစေအောင် ဘယ်လိုလုပ်လဲဆိုတာ သူမသိပေမယ့် ရွှီဇီရုန်ထွက်မသွားခင် သူ၏မလိုမုန်းထားသည့်အကြည့်ဖြင့် တမင်ဆွပေးသည့်အပြုံးမျိုးကို မြင်လိုက်တာကြောင့် ရွှီဇီရုန် ရည်ရွယ်ချက်ရှိရှိ လုပ်တယ်ဆိုတာ သူသေချာသိသည်!
ပိုင်ဟွ၏မျက်နှာအမူအရာဟာ ချက်ချင်း မဲမှောင်သွားကာ အေးစက်သွားပြီး ရွှီဇီရုန်အပေါ်ထားသည့် သူ၏ရွံရှာမှုက ထိပ်ဆုံးသို့ရောက်ရှိသွားသည်။
ရွှီဇီယန်ဖြစ်ဖြစ်၊ ရွှီဇီရုန်ဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးဟာ သူနဲ့နှစ်ကိုယ်တူကျင့်ကြံဖို့ အတော်လေးကောင်းမွန်သည့် လူတွေထဲ၌ပါဝင်သည်။ နှိုင်းယှဉ်လိုက်ရင်တော့ ရွှီဇီယန်က မိုးကြိုးသွားကျင့်စဉ်အမျိုးအစားဖြစ်တာကြောင့် ချီစွမ်းအင်ပိုများနိုင်ပြီး သူကရွေးချယ်ဖို့အကောင်းဆုံးဖြစ်သည်။
ရွှီဇီရုန်၏ခန္ဓာကိုယ်ထဲက အသက်ရှုနှုန်းတွေက ပိုပြီးအေးစက်လှသည်။ ပိုင်ဟွဟာ ရွှီဇီရုန်အပေါ်ထားသည့် သူ၏မနာလိုမှုတွေ ဒေါသတွေကို သူ့ရင်ထဲမှာ အချိန်အကြာကြီး မျိုသိပ်ထားရသည်။ ရွှီဇီယန်က ရွှီဇီရုန်အား ဂရုတစိုက်နဲ့ ညင်သာစွာ ဆက်ဆံတာကို သူမြင်လိုက်ပြီးနောက် ရွှီဇီရုန်အား သူမနာလိုဖြစ်လာသည်။
ထို့အပြင် ရွှီဇီရုန်၏ရုပ်ရည်ကလည်း ပိုင်ဟွမနာလိုရသည့် အကြောင်းပြချက်ထဲတွင်ပါဝင်သည်။ ရွှီဇီရုန်ဟာ သူ၏ရုပ်ရည်ကို ဂရုစိုက်မှုမရှိဘဲ စက်ဆုပ်ပေမယ့် ပိုင်ဟွအတွက်ကတော့ သူ့ဆီမှာ ရွှီဇီရုန်လို အလွန်လှပသည့်မျက်နှာမျိုးရှိနေပါက သူ၏အနှစ်သာရအမြုတေထက် ပိုပြီးတောင်သာသေးသည်။
#TK