Chapter 98
Viewers 23k

Chapter 98


ကံကောင်းစွာ နောက်နှစ်နှစ်ဆိုရင် ဖန့်ထျန်းယွင်က ထျန်းယွီဂိုဏ်းမှာ ဝင်ခွင့်စာမေးပွဲသွားဖြေရတော့မည်။ သူတို့တွေ၏စွမ်းအားအရဆိုရင် သာမန်အတွင်းဂိုဏ်းတပည့်တွေဖြစ်ဖို့ ဘာမှမခက်ခဲပေ။


"အကိုကျန် သွားကြစို့" ဖန့်မျန့်သူ့လက်ကို ထုတ်လိုက်ကာ ကျန်ထျန်းရှင်ကို ဧည့်ခန်းအတွင်းကနေ ခေါ်သွားတော့သည်။ 


သူ့ဦးလေးသူ့ကိုသတိပေးလိုက်မှ ထိတ်လန့်နေရာကနေ ဖန့်ထျန်းယွင်လန့်နိုးလာသည်။


အမတဝိညာဥ်အခြေတည်စအဆင့် ကျင့်ကြံသူရဲ့တပည့်?


ဒီမြို့သေးသေးလေးမှာ ရွှေအမြုတေကျင့်ကြံသူတောင်မရှိတာ အမတဝိညာဥ်အခြေတည်စအဆင့် ကျင့်ကြံသူဆိုတာ နတ်ဘုရားအဆင့်လောက်တောင် ရှိသည်။


အမတဝိညာဉ်အခြေတည်စအဆင့်ရဲ့တပည့်တွေတဲ့ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ?!


ထိုအချိန်၌ ဖန့်မိသားစုရော ကျန်မိသားစုကပါ ရွှီညီအကိုတွေကို မတူညီသည့် အမြင်သဘောထားတွေဖြင့် ကြည့်နေကြသည်။


သူတို့တွေက မနာလိုအားကျနေကြပေမယ့် နက်ရှိုင်းသည့် အကြောက်တရားတွေက ပိုလို့နေသည်။


ထိုအကြောင်းအရာနဲ့ပတ်သက်ပြီး ရွှီဇီယန် ဘာမှတွေးတောမနေပဲ သူကပြုံးနေပြီး အားလုံးနဲ့ ဆက်လက်စကားပြောနေသည်။


ရွှီဇီရုန်ကတော့ အစအဆုံး အေးစက်သည့်မျက်နှာ အနေအထားသာရှိသည်။ သူ့ကိုကိုကလွဲရင် ဘယ်သူ့ကိုမှ သူပြုံးပြမည်မဟုတ်ပေ။


ရွှီဇီယန်ဘေးနား၌ ထိုင်နေသည့် လူငယ်လေးတွေက အရမ်း‌ကိုကံကောင်းတယ်လို့ ခံစားကြသည်။ သူတို့တွေက အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူရဲ့တပည့်နဲ့ အတူတူထိုင်နေကြရပြီး ကျင့်ကြံခြင်းအကြောင်းအရာတွေကို ဆွေးနွေးနေကြသည်။ အဲ့ဒါကကြွားဝါပြောဆိုဖို့ အကောင်းဆုံးပင်ဖြစ်သည်။


ရွှီဇီယန်၏ပုံစံက အတော်လေး တည်ငြိမ်နေပေမယ့် တကယ့်တော့ အခြားသူတွေအတွက် သူအတော်လေး စိတ်လှုပ်ရှားနေသည်။


သူကောင်းမွန်စွာ ပြင်ဆင်ထားတယ်ဆိုပေမယ့် ထျန်းယွီဂိုဏ်းကနေ ဖန့်မိသားစုကို ဂုဏ်ပြုပေးဖို့လာသည့် တပည့်က ပိုင်ဟွဆိုသည့် နာမည်ကို သူကြားလိုက်ရပြီးနောက် သူအတော်လေး ထိတ်လန့်တုန်လှုပ်သွားသည်။


ပိုင်ဟွဘယ်သူလဲ? မူလဝတ္ထုထဲက အဓိက‌ဇာတ်ကောင်ဖြစ်ပြီး ပိုင်ဟွက 'သရဖူဆောင်းထားသည့်ဇာတ်ကောင်'မှန်း ရှင်းလင်းသိသာလှကာ အလွန်ဉာဏ်ထက်မြက်ပြီး မိစ္ဆာအားလုံးကိုသတ်ပစ်ပြီး တစ်မြို့လုံး၏အလှဆုံးဖြစ်ခဲ့သည်…ထို့အပြင် သူကအားလုံးကို စကားအလှတွေ သိမ်းသွင်းစည်းရုံခဲ့သည်!


မူလဝတ္ထု၏တတိယGongအနေနဲ့ ရွှီဇီယန် စိတ်ရှုပ်လာသည်။ ဝတ္ထုထဲ၌ ရွှီဇီယန်ဟာ ပိုင်ဟွကို မြင်မြင်ချင်းချစ်သွားခဲ့သည်။ သူမချစ်ရရင် သေတော့မယ့်အတိုင်းကို သူ၏ချစ်ခြင်းမေတ္တာတွေ ကြီးမားလာခဲ့သည်။


ရွှီဇီယန် ဝိညာဉ်ကူးပြောင်းလာတာ နှစ်ပေါင်းများစွာ ကြာလှပြီဆိုပေမယ့် ပိုင်ဟွနာမည်ကို ကြားလိုက်တိုင်း သူ့ရင်ထဲခက်ခဲရှုပ်ထွေးသလို ခံစားလာရသည်။ သူကပိုင်ဟွကို အပြင်မှာတစ်ခါမှမမြင်ဘူးပေမယ့် အကယ်၍ ပိုင်ဟွကသူ့ကိုတကယ်ဆွဲဆောင်နိုင်သွားပြီး သူတကယ်ကြီး ထိုယောင်္ကျားလေးကို အသည်းအသန်ချစ်သွားကာ အခြားယောင်္ကျားလေးနှစ်ယောက်နဲ့အတူ သူ၏အချစ်တွေကို မျှဝေခွင့်ပြုလိုက်ပါက သူ့ကိုယ်သူသတ်သေမိလိမ့်မည်။


"ဇီရုန် ထျန်းယွီဂိုဏ်းက တပည့်လာပြီးနောက် ငါထူးဆန်းတဲ့အရာ တစ်ခုခုကိုလုပ်လိုက်မယ်ဆိုရင်လေ ငါသတိရအောင်ရိုက်လိုက်နော်" ရွှီဇီယန် ရွှီဇီရုန်၏အင်္ကျီလက်အနားကို အသာလေးဆွဲကာ ခပ်တိုးတိုးပြောလိုက်သည်။


ရွှီဇီရုန်က ရွှီဇီယန်အား တည်ကြည်စွာကြည့်လိုက်ပြီး သူ၏မဲနက်နေသည့် မျက်လုံးတွေက စူးစမ်းရှာဖွေနေသည့် ပုံစံဖြစ်နေတာကြောင့် ရွှီဇီယန် လိပ်ပြာမလုံသလို ခံစားလိုက်ရသည်။


"ကောင်းပြီ" ရွှီဇီရုန်ရုတ်တရက်ပြုံးလိုက်ကာ ရွှီဇီယန်၏ညာဘက်လက်ကို ကိုင်လိုက်ပြီး သူ၏လက်ဖဝါးထဲ၌ ဖျစ်ညစ်ထားသည်။


ရွှီဇီယန် သူ၏ခေါင်းကို ကိုးရိုးကားယားနိုင်စွာ လှည့်လိုက်ပြီး သူ့ရင်ထဲက ထူးဆန်းသည့်ခံစားချက်ကို ဖိနှိပ်ထားရင်း တံခါးဘက်သို့ သူ၏အကြည့်တွေကို လှည့်လိုက်သည်။


ရွှီဇီရုန် သူ၏မျက်လုံးတွေကို အောက်သို့နိမ့်လိုက်ပြီး သူ၏အမဲရောင်မျက်လုံးတွေက နီရဲတောက်လာသည်။ သူကသူ၏လက်ချောင်းတွေကို အသုံးပြုကာ သူ့ကိုကို၏လက်ဖဝါးပေါ်က အသားမာလေးကို ကုတ်ခြစ်ကြည့်နေသည်။ သူ၏လက်ချောင်းတွေကနေ ထိုအသားမာလေးကို ထိကြည့်ပြီးနောက် သူ၏ရင်ထဲက‌ဒေါသစိတ်တွေကို ထူးဆန်းစွာ ဖိနှိပ်လိုက်နိုင်သည်။ သွေးရောင်ကဖြည်းဖြည်းချင်း လျော့သွားပြီးနောက် ရွှီဇီရုန် သူ့ကိုကို၏လက်ချောင်းတွေကို ကစားနေကာ သူ၏ပါးစပ်က ခပ်ရေးရေးပြုံးနေသည်။


ရွှီဇီယန် တံခါးဘက်ကို တည်ငြိမ်စွာ ကြည့်နေပေမယ့် သူ့ရင်ထဲမှာကတော့ သူနံရံကိုကုတ်ခြစ်ချင်သလို အလွန်သောကရောက်နေသည်။


မူလအကြောက်တရားဖြစ်သည့် ပိုင်ဟွကိုတောင် သူမေ့လျော့သွားပြီး လက်ရှိမှာတော့ ရွှီဇီရုန်၏လက်က သူ့ကိုစိတ်အနှောင့်အယှက်ပေးနေသည်!


လက်ကိုကိုင်တာက သာမန်ဖြစ်ရိုးဖြစ်စဉ်ပဲဆိုရင်တောင် ရွှီဇီယန် အားတက်သရော တုံ့ပြန်ခြင်းမရှိပေ။ ထို့အပြင် ရွှီဇီရုန်က သူအသက်၁၂နှစ်အရွယ်တုန်းကတော့ ရွှီဇီရုန်၏လုံခြုံရေးကို မပေါ့လျော့စေဖို့ သူ၏လက်အား တစ်ချိန်လုံးကိုင်ထားတာကို သူမငြင်းပယ်ခဲ့ပေ။


ဒါပေမယ့် ဒါကတကယ်ပဲ ဘယ်လိုဖြစ်နေရတာလဲ?!


ကုတ်လိုက် ညစ်လိုက်နဲ့လုပ်နေတာ ရွှီဇီရုန်ရော ဟုတ်သေးရဲ့လား?!


ချီးပဲ ဇီရုန်က အလွန်နာခံပြီးတော့ လက်ကိုကိုင်ထားတာက သာမန်အပြုအမူပဲကို ဘာလို့များဒီလိုခံစားနေရတာလဲ? 


ဟမ်…အကယ်၍ သူ့လက်ကိုကိုင်ထားသူက ရွှီဇီရုန်သာ မဟုတ်နေပါက ထိုလူဟာ သူ့အားပရောပရည်လာလုပ်နေတယ်လို့ သူထင်မိလိမ့်မည်။ ထို့အပြင် လက်ချောင်းတွေက အထိမခံတဲ့နေရာကို ရောက်ရောက်လာသည်။ ရွှီဇီယန်က ခေတ်ဘက်မှာ ရည်းစားမရှိခဲ့ပေမယ့် ကောင်မလေးတွေက ရွှီဇီယန်ကို ဖြားယောင်းချင်ရင် ဒီလိုနည်းလမ်းမျိုးကို အသုံးပြုလေ့ရှိကြသည်။ 


ရွှီဇီယန်ဟာ ဘာအရိပ်အယောင်မှမပြပဲ သူ၏လက်ကိုဆွဲထုတ်ရန် ကြိုးစားလိုက်သည်။ ဒါပေမယ့် ရွှီဇီရုန်၏လက်ရဲ့သွယ်လျသည့်လက်ချောင်းတွေနဲ့ ပြန်ဆွဲထားကာ မလွတ်ပေးပေ။


အနီးနားမှာ လူအများကြီးရှိတာကြောင့် ရွှီဇီယန် သိပ်လှုပ်ရှားလို့မရပဲ ရွှီဇီရုန်အား ဒေါသထွက်နေသည့် အကြည့်ဖြင့် သူကြည့်လိုက်တော့သည်။ 


သူ၏ဒေါသတွေကို သိသွားသည့်ပုံစံဖြင့် ရွှီဇီရုန်က တောင်းပန်သည့် အပြုံးမျိုးပြုံးပြီးနောက်—သူကလုံးဝမလွတ်သေးပါ။


ရွှီဇီယန် သူ့ခေါင်းကို တိတ်တဆိတ်လှည့်လိုက်ကာ သူ့ရင်ထဲမှာ ငိုကြွေးနေတော့သည်။ အကိုတစ်ယောက်အနေနဲ့ မင်းအတွက် စံပြပုဂ္ဂိုလ်မဖြစ်ခဲ့တာကြောင့် သူနောင်တရသလို ခံစားနေရသည်…


သူ့လက်ဖဝါးအား ကုတ်ခြစ်နေသည့် လက်ချောင်းတွေကို သူလျစ်လျူရှုဖို့ အကောင်းဆုံးကြိုးစားနေကာ ရွှီဇီယန် နောက်တစ်ကြိမ် တံခါးဆီသို့ သူ၏အာရုံတွေကို ပြန်ပို့လိုက်သည်။ အနည်းငယ် အကွာအဝေးလောက်ကနေ ဖန့်ထျန်းယွင်၏ပုံရိပ်ကို သူမြင်နေရပြီး သူ့အနောက်က လိုက်လာသည့် ယောင်္ကျားလေးက ကျစ်လျစ်သွယ်လျပြီး အရပ်ရှည်သည်။


"ကျင့်ကြံသူပေါ်?" ထိုယောင်္ကျားလေး၏မျက်နှာကို သူရှင်လင်းစွာ မြင်လိုက်သည့်အချိန်၌ ရွှီဇီယန် အံ့ဩသွားသည်။


ရွှီဇီရုန်၏မျက်လုံးတွေ ချက်ချင်းစူးရှသွားပြီး သူ၏သွေးမျက်လုံးတွေဟာ တစ်က္ကန့်လောက်ပေါ်လာကာ သူထိုအရာကို ပြန်လည်ဖိနှိပ်လိုက်သည်။


"ကျင့်ကြံသူရွှီ…" ပိုင်ဟွကလည်း အံ့ဩသွားသည်။ ဒီလိုနေရာမှာ ရွှီဇီယန်နဲ့ သူဆုံလိမ့်မယ်လို့ မထင်ထားတာကြောင့် သူ့ရင်ထဲက အံ့ဩနေသည့် ခံစားချက်တွေကို သူမရပ်တန့်နိုင်ပေ။


"ကျင့်ကြံသူပေါ်…မင်း…" ရွှီဇီယန် အနည်းငယ် စိတ်ရှုပ်သွားပေမယ့် သူချက်ချင်းပင် 'ပေါ်မုဟွ'ဆိုတာက 'ပိုင်ဟွ'၏နာမည်အတုဆိုတာကို သူနားလည်သွားပြီးနောက် သူဟာသတစ်ခုကို တွေ့လိုက်ရသလို ဖြစ်သွားသည်။


ဒါဆို သူက ပိုင်ဟွနဲ့ တွေ့ဖူးခဲ့ပြီးပြီပေါ့…


"ကျင့်ကြံသူရွှီ ငါ့ကိုခွင့်လွတ်ပေးပါ အဲ့ဒီအချိန်တုန်းက ငါအစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲကို မသိလိုက်ပဲဝင်ရောက်လာပြီးနောက် အခြားလူတွေက ငါ့အနောက်လိုက်လာလိမ့်မယ်လို့ ငါစိတ်ပူထားတာမို့ နာမည်အတုကို သုံးလိုက်ရတာပါ" ပိုင်ဟွကညင်သာစွာ ရှင်းပြလိုက်သည်။ သူကရွှီဇီယန်အပေါ် အလွန်ကောင်းမွန်သည့် ခံစားချက်မျိုးရှိထားပြီး နာမည်အတုတစ်ခုလေးအတွက် ရွှီဇီယန် သူ့အားအထင်လွဲသွားမှာကို သူမလိုချင်ပေ။


"ရပါတယ် မင်းကလည်း အဲ့လိုလုပ်ဖို့ကလွဲရင် ရွေးချယ်စရာမှမရှိခဲ့တာ" ရွှီဇီယန် သူ့ကိုသဘောထားကြီးကြီးဖြင့်သာ ခွင့်လွတ်ပေးလိုက်သည်။


သူဘာလုပ်နိုင်ဦးမှာလဲ? နာမည်တုအတွက်နဲ့ ပိုင်ဟွကို ရန်သူတစ်ယောက်အဖြစ် သူပြုမူလိုက်ရမှာလား? ဒီပိုင်ဟွက ဝတ္ထုထဲက အဓိက‌ဇာတ်ကောင်ဖြစ်ပြီး အမြဲတမ်း အခွင့်ထူးခံယောင်္ကျားတစ်ယောက်ဖြစ်သည်။ ရွှီဇီယန်က သူနဲ့ခပ်ဝေးဝေးနေချင်တယ်‌ဆိုပေမယ့် သူနဲ့ရန်သူတော့မဖြစ်ချင်ဘူး။


အဓိကဇာတ်ကောင်ကို ဆန့်ကျင်ပြုမူလိုက်ရင် ဘာဖြစ်မလဲ? အရင်ဘဝတုန်းက ရွှီဇီရုန်၏ကံကြမ္မာကိုပဲ ကြည့်လိုက်ပေါ့! ပိုင်ဟွက ရွှီဇီရုန်ကို သတ်ဖို့ မဆုံးဖြတ်ရသေးဘူးဆိုရင်တောင် ရွှီဇီယန် သူနဲ့ တတ်နိုင်သမျှ ခပ်ဝေးဝေးနေရမည်…သူ၏ကျန်ရှိနေသည့် ဘဝတစ်လျှောက်လုံး တစ်ယောက်နဲ့တစ်ယောက် ခပ်ဝေးဝေးနေတာက အကောင်းဆုံးပင်ဖြစ်လိမ့်မည်။


"ကျင့်ကြံသူရွှီက တကယ်ပဲ ခွင့်လွတ်ပေးတာလား ငါမင်းကို တကယ်ပဲ လေးစားမိပါတယ်" ပိုင်ဟွ၏မျက်လုံးတွေ လင်းလက်သွားပြီး သူ၏ပါးစပ်က ခပ်ရေးရေးလေး ပြုံးသွားသည်။


"ကျင့်ကြံသူပိုင်နဲ့ ကျင့်ကြံသူရွှီက တစ်ယောက်နဲ့တစ်ယောက် သိထားကြတာလား?" ဖန့်ထျန်းယွင် ပိုင်ဟွကို မိတ်မဆက်ခင်မှာပင် ရွှီဇီယန်က ကြားဖြတ်လိုက်တာကြောင့် သူတို့နှစ်ယောက်၏စကားအပြောအဆိုတွေက သူ့အားနားမလည်နိုင်အောင် ဖြစ်သွားစေသည်။


"ဟဟ ကျွန်တော်တွေက တစ်ခါဆုံဖူးလို့ပါ" ရွှီဇီယန် အပြုံးလေးဖြင့် ပြောလိုက်သည်။


 ပိုင်ဟွကတစ်ခစ်ခစ်ရယ်ကာ ထိုအကြောင်းအရာကို ရှင်းပြလိုက်ပြီး ဖန့်ထျန်းယွင်က ထိုအရာကိုနားလည်သွားပြီးနောက် သူကလည်း‌ရယ်မောလိုက်သည်။ ထို့နောက် သူကထပ်ပြီး ပိုင်ဟွကို ကောင်းမွန်စွာ မိတ်ဆက်ပေးလေသည်။


ဧည့်ခန်းထဲ၌ ရှိနေသည့် လူအားလုံးက လူငယ်တွေသာဖြစ်ကြသည်။ ပိုင်ဟွနဲ့ရွှီဇီယန်က ဂိုဏ်းကြီးတွေကတပည့်တွေဖြစ်ကြပေမယ့် သူတို့တွေက မာနမကြီးကြဘူး။ ဒါကြောင့် သူတို့တွေဟာ အခြားလူတွေနဲ့ စကားပြောရာတွင် ကွာဟချက်တွေမရှိဘူး။


ရွှီဇီရုန်ဟာ အစအဆုံး အေးစက်စက်မျက်နှာ အမူအရာမျိုးသာ ပြထားပြီး ဘာမှဝင်မပြောပေ။ ပိုင်ဟွပြုံးကာ သူ့ကိုနှုတ်ဆက်လိုက်သည့်အချိန်၌ သူကစိတ်မဝင်စားသည့် အကြည့်ဖြင့်သာ ကြည့်လိုက်ပြီး ဘာစကားလုံးမှ ပြန်မပြောပါ။


ပိုင်ဟွက ဖန့်မိသားစု၌ ရက်အနည်းငယ်လောက် နေခဲ့သည်။ သူ၏နွေးထွေးတဲ့စရိုက်နဲ့ ကြင်နာ‌မှုတွေကြောင့် ဖန့်မိသားစုက မျိုးဆက်လူငယ်တွေထဲမှာ သူကအလွန်ကိုနာမည်ကြီးနေသည်။


ဒီလူကသူတို့တွေကို အေးစက်စက်သာငြင်းပယ်တာကို မြင်နေရတာကြောင့် ထိုနေရာက လူငယ်အများစုဟာ ရွှီဇီရုန်၏လှပသည့်မျက်နှာကို မှင်တက်စွာကြည့်လိုက်ရင်း မျက်မှောင်ကြုတ်နေကြသည်။ ပြီးတော့ သူတို့တွေက သူ့အားသဘောမကျလာတော့ပေ။


"သူ့ကိုစိတ်မရှိပါနဲ့ ကျင့်ကြံသူပိုင် ဇီရုန်အမြဲအဲ့လိုပါပဲ" ရွှီဇီယန် ပိုင်ဟွအား ရှက်ရှက်ဖြင့် တောင်းပန်လိုက်သည်။ ဇီရုန်က ပိုင်ဟွ၏နှုတ်ဆက်မှုကို မယှဉ်ကျေးစွာပြုမူလိမ့်မယ်လို့ သူလုံးဝမထင်ထားဘူး။


"ရပါတယ်" ပိုင်ဟွ၏မျက်နှာက ငြိမ်းအေးနေပေမယ့် သူတကယ်တော့ အံ့ကြိတ်ထားသည်။ ဒီရွှီဇီရုန်က အရမ်းကို စိတ်အနှောင့်အယှက်ပေးလွန်သည်! သူကလေးအရွယ်ကတည်းက ရွှီဇီရုန်ဟာ သူ့ကိုသဘောမကျပေ သူအရွယ်ရောက်လာတော့ ပိုတောင်ဆိုးသေးသည်!


ရွှီဇီရုန်က ပိုင်ဟွကို စိတ်မဝင်စားရင်တောင် သူ့ဆီမှာ လိုအပ်သည့်အမြုတေရှိနေတာကြောင့် ထျန်းယွီဂိုဏ်းမှာ ချောမွေ့စွာ အချိန်ကုန်‌ဆုံးခဲ့ပြီးနောက် ရွှီဇီရုန်ကို ပိုင်ဟွအတော်လေး စိတ်ဝင်စားလာသည်။


မင်းကငါ့ကို သဘောမကျဘူးပေါ့ ဟမ်? ကောင်းပြီလေ မင်းငါ့ကိုတောင်းပန်လာသည်အထိ မင်းငါ့ကိုချစ်လာအောင် ငါလုပ်ပြမယ်!


ဒီအချိန်မှာ မင်းကငါ့ကိုအေးစက်စက်ပဲ ပြုမူနေအုန်းမလား၊ ငါ့အနောက်ကိုပဲ တမ်းတမ်းစွဲ လိုက်လာမလားဆိုတာ ငါသိချင်သေးသည်? အရင်တုန်းကလူတွေလည်း…ဒီအတိုင်းပါပဲ!


ပိုင်ဟွတွေးလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က ထူးဆန်းသည့်လှိုင်းတစ်ခုလွင့်လိုက်သည်။ 


ခန်းမအတွင်းက လူတွေဟာ ပိုင်ဟွအား ပိုပိုပြီးဆွဲဆောင်မှုရှိလာတယ်လို့ ရုတ်တရက် ခံစားလိုက်ရပြီး ပထမဆုံးအကြိမ်တွေ့လိုက်ကြသည့် ကျန်မိသားစုကလူတွေတောင် ထျန်းယွီဂိုဏ်းကတပည့်ဟာ ကြော့ရှင်းပြီးထူးခြားတယ်လို့ တွေးနေကြသည်။


ပတ်!


စွမ်းအင်တည်ရှိမှုထဲက မာဆတ်ဆတ်အသံနဲ့အတူ ရွှီဇီယန်၏မျက်လုံးတွေ ကျုံ့သွားပြီး သူ၏လက်ချောင်းတွေ စပ်ဖျဉ်းဖျဉ်းဖြစ်သွားသည်။


သူ့မျက်နှာအမူအရာကတော့ မပြောင်းလဲပေမယ့် သူ့ရင်ထဲမှာတော့ အတော်လေး တုန်လှုပ်နေသည်။ သူကလက်ရှိ ထူးဆန်းတဲ့အခြေအနေ၌ မကျရှုံးသွားပေမယ့် ပိုင်ဟွက ပိုပြီးဆွဲဆောင်မှုရှိလာတယ်လို့တော့ သူရုတ်တရက် တွေးလိုက်မိသည်။


ကံကောင်းစွာ သူ၏ချီပင်လယ်ထဲက အစိမ်းရောင်မိုးကြိုးသွားဟာ ဒီလိုဆွဲဆောင်သည့်မန္တန်တွေကို ခုခံတားဆီနိုင်သည်။ ထိုအရာက ခန္ဓာကိုယ်ကို တိုက်ရိုက်ထိရောက်နိုင်သည့် ကာမ‌အားတိုးဆေးလိုမျိုးသာ မဟုတ်နေရင် ဒီလိုဆွဲဆောင်တဲ့မန္တန်တွေက ရွှီဇီယန်အပေါ် အကျိုးသက်ရောက်မှုမရှိပေ။


သူ၏လက်ချောင်းတွေကို အသာလေးပွတ်လိုက်ပြီး ရွှီဇီယန် သူ၏ခေါင်းကို လှည့်လိုက်သည့်အချိန်၌ ရွှီဇီရုန်ဟာ သူ၏လက်သီးကို တင်းတင်းဆုပ်ထားပြီး တိုက်ခိုက်ဖို့ပြင်နေသည်။


"ငါအဆင်ပြေပါတယ်" ရွှီဇီယန်အကူအညီမဲ့စွာ ခပ်တိုးတိုးပြောလိုက်သည်။ သူထူးဆန်းတာ တစ်ခုခုဖြစ်သွားရင် ဇီရုန်ကို သူ့အားရိုက်ပေးဖို့ပြောထားတာပေမယ့် သူအခုဘာမှဖြစ်မနေဘူးလေ မဟုတ်ဘူးလား? ဘာကြောင့် ရွှီဇီရုန်က ဒီလိုမျိုးပြုမူနေရတာလဲ?


ရွှီဇီရုန်ဟာ သူ့ကိုကိုအား အပေါ်ကနေအောက်သို့ အချိန်အကြာကြီးကြည့်နေသည်။ သူ့ကိုကိုပုံစံက စွဲလမ်းသွားသည့်အပြုအမူမျိုး မပြလာတာကြောင့် သူတည်ငြိမ်သွားပြီး သူ၏လက်ကိုပြန်ချလိုက်သည်။


အခုလေးတင် ပိုင်ဟွကိုယ်ကနေ လွတ်လိုက်သည့် လှိုင်းတွေကို အရင်ဘဝတုန်းက သူအကြိမ်များစွာ တွေ့ဖူးပြီးဖြစ်သည်။ အကြိမ်များစွာ လင်ရှောင်ထျန်၊ မော့ကျီးယွမ်နဲ့ မူလရွှီဇီယန်ဟာ သူ့ကိုပုံမှန်အတိုင်းသာ စကားပြောနေကြပေမယ့် သူတို့တွေ ထိုလှိုင်းကိုခံစားမိလိုက်သည်နှင့် ပိုင်ဟွကို အိပ်ရာထဲသို့ ဆွဲသွင်းကြတော့သည်။


အစတုန်းကတော့ ပိုင်ဟွဟာ ရွှီဇီရုန်အား ဆွဲဆောင်ဖို့ကြိုးစားလိုက်ကာ သူကထိုလှိုင်းကို ခံစားမိလိုက်ပေမယ့် ရွှီဇီရုန် အပေါ်ဘာအကျိုးသက်ရောက်မှုမှမရှိပေ။ ဒါပေမယ့် ထိုထူးဆန်းသည့်လှိုင်းဟာ အခြားလူတွေကိုတော့ အလုပ်လုပ်သွားစေသည်။


#TK