Chapter 88
အံ့ဩစွာဖြင့် ထိုနေရာ၌ အလှအပတွေလိမ်းခြယ်ထားသည့် ပြည့်တန်ဆာတွေရှိမနေတာကို ရွှီဇီယန် တစ်ချက်ကြည့်လိုက်တာနဲ့ သိလိုက်ရသည်။ ထိုအစား ကြော့ရှင်းသည့် စားပွဲထိုးအမျိုးသမီးတစ်ယောက်က ဆိပ်ကမ်းတားတံပေါ်မှာ အဝါရောင်ထီးလေးဖြင့် ရပ်စောင့်လို့နေသည်။
သူတို့တွေနီးကပ်လာသည့်အခါ ကျွန်း၏အလယ်မှာ မိုးတွေရွာနေတာကို သူတို့တွေမြင်လိုက်ရသည်။
အဝါရောင်ထီးလေးဟာ မိုးစက်တွေထိသွားသည့်အခါ၌ ကျယ်လောင်ပြီး ရှင်းလင်းသည့်အသံမျိုး ထွက်ပေါ်လာသည်။ ကြော့ရှင်းသည့်မိန်းမပျိုဟာ ညီအကိုနှစ်ယောက်ကို မြင်သွားသည့်အခါ သူမ၏လှပသည့် မျက်လုံးတွေကို မကွယ်ထားပဲ သူမအနည်းငယ် ပြုံးလိုက်သည်။
"သခင်လေးတို့နှစ်ယောက်ကို လျှိုယွင်အဆောက်အအုံ ကြိုဆိုပါတယ်" ကြော့ရှင်းသည့်မိန်းမပျိုက မတ်တပ်ရပ်ပြီးဦးညွတ်လိုက်သည်။
ဒီအစေခံမက ကျင့်ကြံသူဆိုတာ အရိပ်အယောင်ပေါ်နေတာကြောင့် ရွှီဇီယန်အနည်းငယ် အံ့ဩသွားရသည်! လျှိုယွင်အဆောက်အအုံက ကျင့်ကြံသူအစေခံတွေလည်း ခန့်ထားလိမ့်မယ်လို့ သူတို့တွေမထင်ထားခဲ့မိပေ။ သူမကအဆင့်မြင့်ကျင့်ကြံသူပုံစံတော့ မပေါ်ပေမယ့် သာမန်လူတွေနဲ့တော့ အတော်လေးကွဲပြားသည်။ ဒါကတော့ရွှီဇီယန် မျှော်လင့်ထားတာနဲ့ ကွဲပြားနေသည်။
"သခင်လေးတို့နှစ်ယောက် ဒီနေရာကို ပထမဆုံးလာဖူးတာလို့ ကျွန်မမြင်မိတယ် သခင်လေးတို့တွေ တျိန်ရှင်းလုံနဲ့ လန်ယွဲ့ယွမ် နှစ်နေရာထဲက ဘယ်နေရာကို အရင်ဆုံးလည်ပတ်ချင်ကြလဲ?" မိန်းကလေးဟာ ပြုံးကာမေးလိုက်သည်။
"အိုး? အဲ့ဒီနေရာနှစ်ခုက ဘယ်လိုများကွဲပြားနေလို့လဲ?" ရွှီဇီယန် သိချင်စိတ်ဖြင့် မေးလိုက်သည်။
ရွှီဇီယန်ကို အစေခံမလေးက ဦးဆောင်ခေါ်သွားပေးပြီး လျှိုယွင်အဆောက်အအုံကို ထပ်ပြီးနေရာတွေ ပိုင်းခြားထားလိမ့်မယ်လို့ သူမထင်ထားပေ။
အစေခံမလေးက သူမပါးစပ်ကိုအုပ်ကာ ရယ်လိုက်ရင်း
"တျိန်ရှင်းလုံနေရာက ကျင့်ကြံသူတွေ အထူးသီးသန့်တည်ဆောက်ထားတာဖြစ်ပြီး လန်ယွဲ့ယွမ်နေရာကတော့ ကျင့်ကြံသူတွေရော သာမန်လူတွေရော တစ်နေရာတည်း စုဝေးလို့ရတဲ့နေရာပါ"
ဒါကအဆင့်မြင့်တဲ့ အဆောက်အအုံမှန်း ရွှီဇီယန် သဘောပေါက်လိုက်သည်။ လန်ယွဲ့ယွမ်က သာမန်လူတွေအတွက်သာဖြစ်ပြီး တျိန်ရှင်းလုံကတော့ အထူးအရေးကြီးသည့် လူပုဂ္ဂိုလ်တွေအတွက် ဖြစ်လိမ့်မည်…
ငါးနှစ်လောက် တံခါးပိတ်ကျင့်ကြံပြီးနောက် ရွှီဇီယန်ဟာ အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်အထိ ရောက်ရှိနေပြီးဖြစ်ပြီး ဒီအဆင့်မျိုးနဲ့ဆိုရင် ဝူတျီမြို့၌ သူဟာအဆင့်မြင့်ကျင့်ကြံသူအဖြစ် သတ်မှတ်လို့ရသည်။ ဒါပေမယ့် သူ့ကိုယ်သူအရမ်းစွမ်းအားကြီးတယ်လို့ မထင်တာကြောင့် သူကလန်ယွဲ့ယွမ်နေရာကိုသာ သွားလိမ့်မည်…
ဝင်ခအတွက် စိတ်ဝိညာဉ်ကျောက်တုံး နှစ်တုံးပေးပြီးနောက် ပတ်ဝန်းကျင်တစ်လျှောက်ကို လှည့်ပတ်ကြည့်ရင်း အစေခံမအနောက်ကနေ သူတို့တွေလိုက်သွားတော့သည်။ ပြီးနောက် သူတို့တွေက လန်ယွဲ့ယွမ်အရှေ့သို့ လျှောက်သွားသည်။
လန်ယွဲ့ယွမ်နေရာဟာ ကျွန်း၏အနောက်ဘက်၌ တည်ရှိပြီး ကျွန်း၏ဧရိယာတစ်ဝက်လောက်ကို နေရာယူထားသည်။ ထိုနေရာ၌ ဘာအခန်းမှမရှိပေ။ သူတို့တွေဟာ ပိုင်းခြားမှုတွေပြုလုပ်ရန် အလယ်ဗဟိုကနေရာကို သစ်ပင်တွေကိုသာ အသုံးပြုထားကြသည်။
ထိုအလယ်ဗဟိုကနေရာကို ခမ်းနားစွာပြင်ဆင်ထားပြီး တစ်ချို့ကချေသည်တွေဟာ ကြော့မော့စွာ ထိုနေရာ၌ကနေကြသည်။
အစေခံမဟာ ရွှီညီအကိုနှစ်ယောက်ကို ဝင်ပေါက်အထိခေါ်ဆောင်သွားသည်။ ထိုနေရာ၏ကောင်းကင်ဟာ ကြည်လင်တောက်ပနေပြီး တစ်ချို့သောအစီအရင်တွေသုံးထားကာ ဆိပ်ကမ်းတံတားပေါ်က မဲမှောင်နေသည့် ကောင်းကင်နဲ့နှိုင်းယှဉ်လျှင် အတော်လေးကွဲပြားနေသည်။
"သခင်လေးတို့နှစ်ယောက်စလုံး ဒီနေရာမှာ ကောင်းမွန်စွာအချိန်တွေကုန်ဆုံးနိုင်ဖို့ ကျွန်မမျှော်လင့်မိပါတယ်" အစေခံမဟာ အနည်းငယ်ဦးညွတ်လိုက်ပြီးနောက် ထွက်သွားတော့သည်။ ထို့နောက် အဲ့ဒီနေရာကမိန်းကလေးတွေဟာ သူတို့အနားကို စတင်ပြီးကပ်လာကြသည်။
"ဟေး ကျွန်မရှင့်ကိုတစ်ခါမှ ဒီနေရာမှာမတွေ့ဖူးဘူး လျှိုယွင်အဆောက်အအုံဆီလာတာ ရှင့်ရဲ့ပထမဆုံးအကြိမ်လား?"
"ဟုတ်ပါတယ် ဒီနေရာကိုလာတာ ငါတို့ရဲ့ပထမဆုံးအကြိမ်ပါ မင်းအကြံပေးချင်တာလေးများ မရှိဘူးလား?" ရွှီဇီယန်ကလည်း မငြင်းဆိုလိုက်ပဲ အပြုံးလေးဖြင့် ပြန်မေးလိုက်သည်။
မိန်းကလေးက သူမ၏ပါးစပ်ကိုကာပြီး ရယ်လိုက်သည်။ သူမတစုံတခုကို ပြောမည့်အချိန်၌ သူ၏အနောက်က ရွှီဇီရုန်အားမြင်သွားပြီး သူမမျက်နှာအမူအရာဟာ အေးခဲသွားတော့သည်…
မိန်းကလေးတွေးနေသည်က 'ရှင်ကျွန်မကို လာနောက်နေတာလား! ရှင့်ရဲ့အနောက်မှာ ဒီလောက်ရှားပါးတဲ့ အလှလေးရှိနေပြီပဲကို! ရှင်ကဘယ်လိုကြောင့်မို့များ ကျွန်မဆီကနေ အကြံဉာဏ်လိုချင်နေသေးတာလဲ? လန်ယွဲ့ယွမ်လိုနေရာကို ထားလိုက်ဦး တျိန်ရှင်းလုံနေရာမျိုးမှာတောင် ဒီလောက်လှပတဲ့မျက်နှာပိုင်ရှင်မျိုးမရှိဘူး!'
"အမ်…ဒီဧည့်သည်တော်ကြီးရှင့် ရှင်ကျွန်မကိုလာနောက်နေတာလား ရှင်က…" မိန်းကလေးဟာ အလွန်ကိုမပျော်မရွှင်ဖြစ်နေပြီး သူမက ရွှီဇီရုန်ကို ခေါင်းအစခြေအဆုံး ကြည့်လိုက်သည်။ သူမဆက်ပြောလိုက်သည်က
"ရှင်ကလျှိုယွင်အဆောက်အအုံဆီ ဒီလိုအလှလေးကို ခေါ်လာတယ်ဆိုတော့ ရှင်ကကျွန်မတို့စီးပွားရေးကို ဖျက်ဆီးဖို့ကြိုးစားနေတာလား?"
ရွှီဇီယန်ဟာ ရွှီဇီရုန်၏မျက်နှာအမူအရာကို ကြည့်လိုက်ပြီး ခေါင်းကိုက်သွားရသည်။ သူကရွှီဇီရုန်အရှေ့၌ ပိတ်ရပ်လိုက်ပြီး မိန်းကလေးကို ပြုံးပြလိုက်ကာ
"သူကငါ့ရဲ့ညီလေးပါ ဒီနေရာကိုရောက်လာတာက သူ့ကိုပြချင်ရုံသက်သက်ပါ"
"ဟ ဟ…" မိန်းကလေးကရယ်မောလိုက်ပြီး ဘာမှတော့ဆက်ပြောမလာတော့ပေ။ သူမက သူတို့တွေကို နေရာချပေးဖို့ အနည်းငယ်ချောင်ကျသည့် ထောင့်နားသို့ ခေါ်သွားသည်။ သူမတွေးနေသည်က သူမ၏ညီမတွေဟာ ဒီလိုအလှလေးနဲ့ စိတ်မဝင်စားရင် ပိုပြီးကောင်းလိမ့်မည်…
သူတို့နှစ်ယောက် ခဏလောက်ထိုင်စောင့်ပြီးနောက် မကြာခင်မှာပင် အစေခံတစ်ယောက်ဟာ ဝိုင်ပုလင်းနဲ့ အသီးတွေထည့်ထားသည့် ပန်းကန်ပြားလေးချပ်ကို လာချပေးသည်။ မိန်းကလေးဟာ သူတို့တွေက အရေးပါသည့်ဧည့်သည်တွေလို့ တွေးဆမိတာကြောင့် သူမကတော့မနေတော့ပေမယ့် ငယ်ရွယ်တဲ့အစေခံအား လိုအပ်တာ လုပ်ပေးဖို့ မှာကြားလိုက်သည်။
ထိုငယ်ရွယ်တဲ့အစေခံလေးဟာ အသက်၁၃,၁၄ လောက်သာရှိသေးပြီး သူ့ဆီ၌လှပသည့်ရုပ်ရည်ရှိပြီး ကောင်းမွန်စွာ ပြောဆိုဆက်ဆံတတ်သည်။ ဘယ်အရာက ရွှီဇီယန်ကို သဘောကျစေဆုံးလည်းဆိုတော့ ဒီငယ်ရွယ်တဲ့အစေခံလေးဟာ ဒီအသက်အရွယ်နဲ့ အနည်းငယ်သိမ်မွေ့နူးညံ့သည့် အသိတရားရှိနေပြီးဖြစ်သည်။
ဒီစိတ်နေသဘောထားမျိုးဟာ သဘာဝအတိုင်း ပေါ်လာတာမျိုးမဟုတ်တာကြောင့် သူအတော်လေး လေ့ကျင့်ထားရလိမ့်မည်။ ထို့အပြင် သူ့မှာခြေတံရှည်တွေရှိပြီး သွယ်လျသည့်ခါးနဲ့ ပျော့ပြောင်းသည့်ခန္ဓာကိုယ်ဟာ တစ်စုံတစ်ယောက်က ဧည့်သည်တွေအား ဧည့်ခံဖို့အတွက် သူ့ကိုလေ့ကျင့်ပေးခဲ့မှန်း သိသာလှသည်။
ရွှီဇီယန် ဝိုင်ခွက်ကိုချကာ သူတစ်ချက်ကြည့်လိုက်ပြီး ထိုငယ်ရွယ်တဲ့ကောင်လေးကို အချိန်ပြည့် သူကြည့်နေမိသည်။ သူအကူအညီမဲ့စွာ သက်ပြင်းချလိုက်မိသည်။
"ကိုကို?"
"အဆင်ပြေပါတယ် ငါအကြောင်းအရာတစ်ခုခုကို တွေးတောနေလို့ပါ" ရွှီဇီယန် ပေါ့ပါးစွာပြောလိုက်သည်။
ရွှီဇီရုန်၏အလွန်လှပသိမ်မွေသည့် မျက်နှာကိုမြင်လိုက်ပြီး ရွှီဇီယန် အကူအညီမဲ့စွာ သူ၏အတွေးတွေဟာ ဟိုရောက်လိုက်ဒီရောက်လိုက် ဖြစ်နေတော့သည်။ ဝတ္ထုထဲမှာ ဘာပြောထားလည်းဆိုတာ သူမှတ်မိသေးသည်—ရွှီဇီရုန် ရွှီမိသားစုအိမ်ကနေ လွတ်လာပြီးနောက် အလွန်သနားစရာကောင်းသည့် ဘဝမျိုး၌ သူနေထိုင်ရှင်သန်ခဲ့ရသည်။ အဲ့ဒီအချိန်တုန်းက သူဟာသူ၏မိစ္ဆာကျင့်ကြံခြင်းကို မပြီးဆုံးသေးတာကြောင့် သူအလွန်အားနည်းနေသေးသည်။ သူ၏လှပသည့်ရုပ်ရည်က သူ့အားအလွန်ကို ဒုက္ခပေးလေသည်။ သူဆောင်ကြာမြိုင်ဆီ ရောင်းစားခံရမည့် အခါတောင်ရှိခဲ့သေးသည်။ သူ့ကိုရောင်းစားမည့် ကျင့်ကြံသူလက်ထဲကနေ သူအကောင်းဆုံး ကြိုးစားပြီး လွတ်မြောက်အောင် မလုပ်ခဲ့ပါက ဒီငယ်ရွယ်တဲ့အစေခံလေးအတိုင်း သူ့ဘဝကိုဖြတ်သန်းနေရလိမ့်မည်။ ရုတ်တရက်ကြီး သူခေါင်းကိုက်လာတော့သည်။ ဒီအဖြစ်အပျက်တွေ သူရောက်လာပြီးနောက် ထပ်မဖြစ်တော့ဘူးဆိုတာ သူသိနေပေမယ့် ဝတ္ထုထဲက ရွှီဇီရုန်၏ကံကြမ္မာဟာ သူ့အားရင်ကွဲအောင်ကို ခံစားရစေသည်…
သူဒီလောကကိုပထမဆုံးရောက်လာပြီးနောက် သူကရွှီဇီရုန်အရှေ့၌ မားမားမတ်မတ်ရပ်ကာ မျှဝေခံစားခဲ့ပြီး ရွှီဇီရုန်ကို ရွှီဇီယွိ၏နေရာ၌ သူအစားထိုးမိတော့မလိုဖြစ်သွားပေမယ့် နှစ်တွေကြာလာပြီးနောက် ရွှီဇီရုန်ကို သူ၏မိသားစုဝင်အဖြစ် သူသတ်မှတ်ထားပြီးဖြစ်သည်။
မိသားစုဝင်ထဲကတစ်ယောက်ယောက်သာ ဒုက္ခရောက်နေရင် ဘယ်သူမှလျစ်လျူမရှုမည်မဟုတ်ပေ။ အဲ့ဒီလိုနာကျင်မှုမျိုးတွေ ထပ်ပြီးမဖြစ်လာတော့ဘူးဆိုပေမယ့် ထိုကိစ္စနဲ့ပတ်သက်ပြီး ရွှီဇီယန်စိတ်မကောင်းဖြစ်စွာ ခံစားနေရဆဲဖြစ်သည်။
သူ၏လက်တွေကိုထုတ်လိုက်ပြီး ရွှီဇီရုန်၏လက်မောင်းတွေကို ဆုတ်ကိုင်လိုက်ကာ ရွှီဇီရုန်၏နောက်ကျောကို အသာလေးထိလိုက်ရင်း
"ဇီရုန် မစိုးရိမ်နဲ့နော် မင်းဘယ်နေရာမှာပဲရှိရှိ ကိုကိုကမင်းကိုကာကွယ်ပေးမှာ မကောင်းတဲ့အရာတွေ မင်းဆီကျရောက်လာမှာကို ငါလုံးဝခွင့်မပြုနိုင်ဘူး…"
ရွှီဇီရုန်ဟာ သူ၏လက်မောင်းတွေကြားထဲ လိမ်မာစွာလဲလျောင်းလိုက်ရင်း သူ၏မျက်လုံးတွေကတော့ သံသယဖြစ်မှုတွေနဲ့ ပြည့်နက်လို့နေသည်။
သူ့ကိုကိုက ရုတ်တရက်ကြီး ဘာလို့ဒီစကားကို ပြောရတာလဲဆိုတာ သူသေချာမသိပေမယ့် သူကတော့ ဒုတိယစာကြောင်းကို ပိုပြီးအာရုံစိုက်နေသည်။
မကောင်းတဲ့အရာတွေ မင်းဆီကျရောက်လာမှာကို ခွင့်မပြုနိုင်ဘူး?
အဲ့ဒါကဘာကိုဆိုလိုတာလဲ? မကောင်းတဲ့အရာတွေက ဘယ်ဟာတွေဖြစ်နိုင်မလဲ?
ရွှီဇီရုန် တည်ငြိမ်ဖို့ခက်လောက်အောင်ကို စိတ်လှုပ်ရှားသွားသည်။ ပြန်လည်မွေးဖွားလာပြီးနောက် သူ့ကိုကို၏စကားက သူ့ကိုကြီးမားတဲ့တုံ့ပြန်မှုမျိုး ဖြစ်သွားစေသည်။
အချိန်ကြာလာပြီးနောက် သူ့ကိုကိုက ကြီးမားသည့်လျှို့ဝှက်ကို ဖုံးကွယ်ထားမှန်း သူခံစားမိပေမယ့် ထိုအရာကဘာလဲဆိုတာ သူလုံးဝရှာမတွေ့သေးပေ။ ဒါပေမယ့် အခုလေးတင် အဲ့ဒီလျှို့ဝှက်ချက်၏အဓိကအချက်ကို ခပ်ရေးရေးမျှသိလိုက်ရပြီးလို့ သူယူဆမိသည်။
အဲ့ဒီအဖြေဟာ သူ့ကိုမယုံကြည်နိုင်လောက်အောင် ခံစားသွားရစေတာက ဘာလို့လဲဆိုတော့ သူ့ကိုကိုကလည်း ပြန်လည်မွေးဖွားတယ်လို့ သူသံသယဖြစ်သွားလို့ပင်ဖြစ်သည်။
အဲ့ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် တကယ်ပဲ သူကဘယ်သူများလဲ? ရွှီဇီရုန်ကလည်း ပြန်လည်မွေးဖွားတယ်ဆိုတာ သူသိနေလား?
သူ့စိတ်ထဲကအတွေးတွေဟာ ရေပန်းတစ်ခုလို ဖြစ်လာပြီး ဟိုတစ်စုသည်တစ်စု အတွေးတွေဟာ သူ၏ဦးနှောက်အား ပေါက်ကွဲလုနီးနီးဖြစ်သွားစေသည်။
မမှန်သေးဘူး…မမှန်သေးဘူး…
စကားတစ်ခွန်းတည်းနဲ့ သူကောက်ချက်ချလို့မရသေးဘူးဆိုပြီး ရွှီဇီရုန် သူ့ကိုယ်သူတည်ငြိမ်သွားအောင် ဖိအားပေးလိုက်သည်။
သူ၏အရင်ဘဝတုန်းက ရွှီဇီရုန်၌ သူငယ်ချင်းတွေမရှိခဲ့ဘူး။ သူ၏အရင်ဘဝတုန်းက တစုံတယောက်ကသာ ပြန်လည်မွေးဖွားလာပါက သူ့ကိုကိုအဖြစ် ထိုလူက သူ့အားဘယ်တော့မှ ဂရုစိုက်မည်မဟုတ်ပေ။
စိတ်လျော့ထား! ရွှီဇီရုန်! မင်းစိတ်လျော့ထားရမယ်!
ရွှီဇီရုန် ထိုစကားကို သူ့စိတ်ထဲ၌ ထပ်ခါတလဲလဲပြောနေမိသည်။ တည်ငြိမ်သွားအောင် သူ့ကိုယ်သူဖိအားပေးသည်။ ဒီကိစ္စတွေအားလုံးကို သူပြန်လည်သုံးသပ်ဖို့ လိုအပ်သည်သာမက…
"ဟမ်? ဇီရုန်? မင်း…နေလို့မကောင်းလို့လား?" ရွှီဇီယန် ရုတ်တရက် ရွှီဇီရုန်ကျောပြင်အား ပွတ်ပေးနေတာကို ရပ်လိုက်ပြီး အနည်းငယ် သံသယဖြစ်နေသည့် အမူအရာဖြင့် မေးလိုက်သည်။
"ဟမ်? မဟုတ်ပါဘူး ဘာလို့လဲ?" ရွှီဇီရုန် ထိတ်လန့်နေသည့် သူ၏မျက်လုံးတွေကို ဖုံးကွယ်လိုက်ကာ သူ၏ခေါင်းကိုမော့လိုက်ပြီး ရွှီဇီယန်ကို တည်ငြိမ်စွာ သူ၏တောက်ပပြီးအရည်ရွှန်းနေသည့် မျက်လုံးတွေဖြင့် ကြည့်လိုက်သည်။
"အိုး…ထူးဆန်းလိုက်တာ မင်းထိတ်လန့်နေတယ်လို့ ငါဘာလို့များ ရုတ်တရက်ကြီး ခံစားမိပါလိမ့် ထားလိုက်ပါလေ ငါအမြင်မှားတာနေမှာပါ" ရွှီဇီယန် သူ့ခေါင်းကို ကုတ်ကာ ပြောလိုက်သည်။
ရွှီဇီရုန်ဟာ သူ၏မျက်နှာပေါ်မှာ အပြစ်ကင်းသည့်ပုံစံကိုဖော်ပြထားပြီး သူ၏လက်မောင်းတွေက ရွှီဇီယန်၏ခါးတစ်ဝိုက်ကို တင်းကျပ်စွာ ဖက်တွယ်ထားသည်။
သူတို့နှစ်ယောက်ဟာ သွေးစာချုပ်ပြုလုပ်တာကြောင့် တစ်ယောက်၏ခံစားချက်ကို အခြားတစ်ယောက်ကခံစားမိနိုင်သည်။ ခံစားချက်တွေပိုပြီးကြီးမားလာလေ သူတို့တွေလွယ်ကူစွာ တွေးဆမိနိုင်လေ ဖြစ်သည်။ ထို့အပြင် သွေးစာချုပ်၏အတိုင်းအတာဟာ သူတို့နှစ်ယောက်က မိုင်ပေါင်းများစွာ ဝေးကွာနေရင်တောင် တစ်ယောက်နဲ့တစ်ယောက်၏ခံစားချက်ကို ခံစားမိနေနိုင်ဆဲဖြစ်သည်။
သွေးစာချုပ်နဲ့ပတ်သက်သည့် ဒီလျှို့ဝှက်ချက်ကို ရွှီဇီယန်အား ရွှီဇီရုန်ပိတ်ထားပေမယ့် သူ၏ခံစားချက်က ကြီးမားလာပြီး သူတို့နှစ်ယောက်ကလည်း နီးကပ်နေတာကြောင့် ရွှီဇီယန် ရှင်းလင်းစွာ ခံစားမိလိုက်ခြင်းဖြစ်သည်။
လက်ရှိမှာတော့ သူလုံးဝတည်ငြိမ်သွားပြီဖြစ်ပြီး အတားအဆီးရှိထားလို့ ဒီဖြစ်ရပ်ဟာ သက်သာသွားသည်။
ရွှီညီအကိုနှစ်ယောက်ဟာ သူ့တို့အားလေ့လာစောင့်ကြည့်နေသည့် လူငယ်လေးကို လုံးဝလျစ်လျူရှုထားသည်။
ရွှီဇီယန်က ရွှီဇီရုန်အား အရမ်းအလိုလိုက်တာကို မြင်ရပြီးနောက် အစေခံလေးဟာ ရုတ်တရက် မနာလိုဖြစ်လာသည်။ ရွှီဇီရုန်၏အလွန်လှပသည့် အကြည့်တွေဟာ တျိန်ရှင်းလုံနေရာက ထိပ်တန်းမိန်းကလေးတွေတောင် ယှဉ်လို့မရဘူးဆိုတာ သူသိသည်။
သူကရွှီဇီရုန်ကို ရွှီဇီယန်၏ကိုယ်လုပ်တော်အဖြစ် တွေးထားပြီးဖြစ်သည်။ သူတို့နှစ်ယောက်ရဲ့ရုပ်တွေကလည်း တစ်စက်ကလေးမျှလည်းတူမနေကြတာကြောင့် သူတို့နှစ်ယောက်ဟာ ညီအကိုပုံစံဟန်ဆောင်နေတာ ဖြစ်လိမ့်မည်။
သူ့လိုမျိုးငယ်ရွယ်တဲ့လူတွေက သူတို့တွေငယ်ရွယ်ေနတုန်း အကောင်းဆုံးနည်းဖြင့် ဝင်ငွေရချင်မှန်း လူငယ်လေးကသဘောပေါက်သည်။ ဒါပေမယ့် သူ့အရှေ့ကလူကတော့ အလှဆုံးမျက်နှာကိုပိုင်ဆိုင်ထားရုံသာမက သူ၏ချစ်သူကိုလည်း လက်လွတ်မည့်ပုံမပေါ်ပေ။
ဟုတ်တယ် ရွှီဇီယန်က ရွှီဇီရုန်၏ချစ်သူဆိုတာ သူသေချာစွာပြောနိုင်သည် ချစ်သူတွေကလွဲရင် ဘယ်သူကများ ဒီလောက်အထိ အလိုလိုက်နေရမှာလဲ။
(ရွှီဇီယန်: ??!?!?!??!!! ဘာ?! ညီအကိုတော်စပ်တယ်လို့! ညီအကိုတွေပါဆို!)
လူငယ်လေးဟာ အရမ်းကိုမနာလိုဖြစ်လာသည်။ မိုးနတ်မင်းကြီးက မတရားတာပဲလို့ သူခံစားမိလာသည်။ ဒီယောင်္ကျားလေးကို မိုးနတ်မင်းကြီးက အရမ်းကိုလှပတဲ့အလှမျိုး ပေးထားပြီးဖြစ်သည်။ ဘာလို့များ မိုးနတ်မင်းကြီးက ဒီလောက်သိမ်မွေ့နူးညံ့တဲ့ ချစ်သူပါ ပေးလိုက်တာလဲ?
သူ၏အတွေးထဲ၌ ဒီချောမောသည့်ယောင်္ကျားလေးကို အဝေးသို့ခေါ်သွားချင်စိတ်ဖြစ်နေမိသည်။ ဒါပေမယ့် အဲ့ဒါကစိတ်ကူးသက်သက်သာဖြစ်ပြီး လျှိုယွင်အဆောင်အအုံက မရေမတွက်နိုင်သည့် မိန်းကလေးတွေဟာလည်း ဒီလိုစိတ်ကူးမျိုးရှိနေလိမ့်မည်။
ဒါပေမယ့် အကျိုးကျေးဇူးအဖြစ် ဘာများရလာမှာလဲ? အဲ့ဒီမိန်းကလေးအတွက် အကောင်းဆုံးအကျိုးကျေးဇူးကတော့ သူတို့တွေက ဝင်ငွေလုံလောက်ရနိုင်ဖို့ ရောင်းကြရမည်ဖြစ်ပြီး အကယ်၍ သူတို့တွေသာ ကံကောင်းရင် သူတို့တွေ ကောင်းမွန်သည့်ခင်ပွန်းသည်ကို ရှာဖွေနိုင်မည်ဖြစ်ပြီး အကယ်၍ သူတို့တွေသာ ကံမကောင်းပါက အကျိုးရလဒ်ဟာ ပိုပြီးတော့ စိတ်သောကရောက်ကျလိမ့်မည်။
လူငယ်လေးဟာ သူ့နှုတ်ခမ်းကိုကိုက်ကာ အရမ်းကိုဝမ်းနည်းနေသည်။ ဒီညီအကိုနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ပူးကပ်နေတာကို ကြည့်လိုက်ပြီးနောက် သူတိတ်တဆိတ်ထွက်သွားတော့သည်…
#TK