Chapter 87
ဝူတျီမြို့ဟာ မော့ရှင်းမြို့ထက် အများကြီးပိုကြီးသည်။ ရွှီညီအကိုနှစ်ယောက်ဟာ တစ်နေ့လည်ခင်းလုံး မြို့ထဲ၌ လှည့်လည်သွားနေပြီး သူတို့တွေက မြို့ရဲ့လေးပုံတစ်ပုံကိုသာ ကြည့်လို့ပြီးသွားသည်။
"ဒီနေရာမှာ ပျော်စရာနေရာတွေ မရှိတော့ဘူးလား?" ရွှီဇီယန် ဂရုတစိုက် မေးလိုက်သည်။ ပစ္စည်းတွေရောင်းနေတဲ့ ဈေးခေါ်တဲ့နေရာကလည်း လျှိုကွမ်းဂိုဏ်းက ဈေးသေးသေးလေးနဲ့တောင် နှိုင်းယှဉ်လို့မရသလို တပည့်တွေကို အထူးပြုစုပေးရသည့် အစေခံတွေကိုလည်း သူလုံးဝစိတ်ဝင်စားခြင်းမရှိပေ။
နောက်ကလိုက်ပါလာသည့် အစေခံကအနည်းငယ် စိုးရိမ်နေပေမယ့် ခေါင်းဆောင်၏အပြုအမူတွေကနေ ရွှီညီအကိုနှစ်ယောက်၏ အချက်အလက်တွေကို သိရဖို့ဆိုတာ သိပ်မခက်ခဲလှပေ။ ဝူတျီမြို့၌ တကယ့်ကို ပျော်စရာကောင်းသည့် နေရာတွေရှိပါသည်။ ဒါပေမယ့် ဒီညီအကိုနှစ်ယောက်ကို အဲ့ဒီနေရာသို့ ခေါ်သွားဖို့ သင့်တော်ပါ့မလား?
"ဒီတော့ ပြဿနာရှိလို့လား?" အစေခံဟာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေတာကို ရွှီဇီယန်သိတာကြောင့် သူကသိချင်စိတ်ဖြင့်မေးလိုက်သည်။
"မရှိပါဘူး…" အစေခံက တွန့်ဆုတ်စွာ ပြန်ဖြေလိုက်သည်။
"မင်းပြောပြဖို့အတွက် အဆင်မပြေဘူးဆိုရင်လည်း မေ့လိုက်ပါတော့" ရွှီဇီယန်ကလည်း စိတ်မရှိပေ။ ထို့အပြင် သူတို့တွေက ဧည့်သည်တွေဖြစ်သည်။ အကယ်၍ နေရတာ အဆင်မပြေဘူးဆိုရင်တောင် သူတို့တွေက ကျန်မိသားစု၏အခမ်းအနားပြီးသည်အထိ စောင့်ရမည်။
သူကတော့စိတ်မရှိပေမယ့် ရွှီဇီရုန်ကတော့ စိတ်ရှိသည်။ အစေခံ၏မပြတ်သားသည့် အဖြေကို ကြားလိုက်ပြီးနောက် သူအနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။
သူမပျော်မရွှင် စိုက်ကြည့်လိုက်တာကြောင့် အစေခံ ကြောက်လန့်သွားသည်။ ခေါင်းဆောင်၏ဧည့်သည်တွေက အလွန်ကိုအရေးပါလှသည်။ အကယ်၍ သူသာ သူတို့တွေကို အမှားလုပ်မိလိုက်ပါက ကျန်မိသားစုကနေ နှင်ထုတ်ခံရတာထက် ပိုဆိုးတဲ့ အကျိုးသက်ရောက်မှုကို သူရင်ဆိုင်ရလိမ့်မည်။
သူကအလွန်ကြောက်လာတာကြောင့် သူလျင်မြန်စွာပြောလိုက်သည်။
"အချက်အလက်တွေအရဆိုရင် ဝူတျီမြို့ရဲ့အကောင်းဆုံး နေရာတွေက လျှိုယွင်အဆောက်အအုံနဲ့ ချိုင်ရှီအဆောက်အအုံဖြစ်နိုင်ပါတယ်"
"အိုး?" ရွှီဇီယန်အနည်းငယ် ထူးဆန်းသလိုဖြစ်သွားသည်။ ဒီနေရာရဲ့နာမည်တွေက သိပ်ပြီးထူးခြားတဲ့ပုံလည်းမပေါ်ပေမယ့် အစေခံကဘာလို့များ ဒီလိုပုံစံလုပ်နေရတာလဲ? "အဲ့ဒီနေရာနှစ်ခုနဲ့ပတ်သက်ပြီး ဘာပျော်စရာတွေများရှိလို့လဲ?"
အဲ့ဒီတုံ့ပြန်မှုကို မြင်လိုက်ပြီးနောက် အစေခံက ခါးသပ်သပ်ပြုံးကာ
"တကယ်တော့…လျှိုယွင်အဆောက်အအုံက မိန်းကလေးတွေအားလုံးဟာ အလွန်လှပပြီး…ချိုင်ရှီအဆောက်အအုံက…သခင်လေးတို့တွေကံကောင်းရင် ငွေအများကြီးဝင်နိုင်ပါတယ်"
『K: လျှိုယွင်အဆောက်အအုံဟာ 'ဆောင်ကြာမြိုင်'ဖြစ်ပြီး ချိုင်ရှီအဆောက်အအုံဟာ 'လောင်ကစားရုံ'ပါ အစေခံက စကားအလှပြောလိုက်တာပါ』
ရွှီဇီယန်: "…"
ဒီလောကကြီးမှာ ဖျော်ဖြေဖို့အတွက် ဒီလိုနေရာတွေက ဆောင်ကြာမြိုင်နဲ့ လောင်ကစားရုံပဲဖြစ်ရမည်။
ဟမ်…အဲ့ဒီနေရာတွေက ကျင့်ကြံသူအတွက် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဒီလိုနေရာမျိုးတွေက အခြားလူတွေကို ဘယ်တော့မှဆွဲဆောင်လို့ ရမှာမဟုတ်ဘူး။
ရွှီဇီရုန်က အစကတည်းက မပျော်မရွှင်ဖြစ်နေပြီး လျှိုယွင်အဆောက်အအုံက ဆောင်ကြာမြိုင်ဆိုတာကို သူသိသွားတာကြောင့် သူပုံစံကပိုပြီး စိတ်မချမ်းမြေ့လာတော့ပေ။ သူ့မျက်လုံးတွေက ခက်ထန်ပြီးအေးစက်လာကာ အစေခံကို စိုက်ကြည့်နေသည်။ အကယ်၍ သူ့ကိုကိုသာ ဒီနေရာမှာ ရှိမနေပါက အစေခံငိုသွားအောင် သူတကယ့်ရိုက်နှက်လိုက်ချင်သည်။
သူ့ကိုကိုက မိန်းမတွေကို ပိုနှစ်သက်နေသေးတယ်ဆိုတာ သူသေချာသိသည်။ သူ့အသက်အရွယ်နဲ့ဆိုရင် ဆောင်ကြာမြိုင်ကိုသွားတာ သာမန်ဖြစ်စဉ်သာဖြစ်သည်။
ဒါပေမယ့် လျှိုကွမ်းဂိုဏ်းမှာတုန်းက ဘယ်သူမှ ဆောင်ကြာမြိုင်ကိုသွားဖို့ အခွင့်အရေးမရှိပေ။ သူတို့တွေအပြင်ထွက်လာပြီးနောက် တစုံတယောက် သူ့ကိုကိုအား ချက်ချင်းဖိတ်ခေါ်လိမ့်မယ်လို့ သူမထင်ထားခဲ့ပေ။
သနားစရာအစေခံလေးဟာ သူ၏ကျောရိုးတစ်လျှောက် ရုတ်တရက် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ သူ့ကိုအလွန်အေးစက်စွာ စိုက်ကြည့်နေသည့် ရွှီဇီရုန်အား သူခေါင်းလှည့်ကာ ကြည့်လိုက်သည်။
အစေခံတွေးတောနေသည်က"အလွန်ကြောက်စရာကောင်းလိုက်တာ…ငါဘာအမှားများ လုပ်မိလိုက်လို့လဲ…"
ရွှီဇီရုန်ဟာ အစေခံအား လူသတ်တော့မည် အရိပ်အယောင်ဖြင့် စိုက်နေမှန်း ရွှီဇီယန်ကတော့မသိပေ။ သူခဏလောက်တွေးတောလိုက်ပြီးနောက် သူလက်ခုပ်တီးလိုက်ကာ
"ကောင်းပြီ လျှိုယွင်အဆောက်အအုံဆီ သွားလှည်ပတ်ကြည့်ကြတာပေါ့"
ထိုစကားကို ရွှီဇီယန် ပြောလိုက်ပြီးမကြာခင်မှာပင် ရွှီဇီရုန်၏မျက်နှာအမူအရာဟာ ပိုပြီးတော့ထိတ်လန့်တုန်လှုပ်သွားသည်။ အစေခံလေးကတော့ မြွေကကြွက်ကို ရှာတွေ့သွားမှာစိုးသည့်ပုံစံဖြင့် အနာဂတ်ဖြစ်နိုင်ချေတွေကနေ လွတ်မြောက်အောင် ကြိုးစားနေရသည်။ သူကိုယ်တိုင်ကကိုမှားတာ ရွှီညီအကိုနှစ်ယောက်အား ဒီနေရာနှစ်ခုအကြောင်းကို သူအကြံမပေးလိုက်သင့်ဘူး…
"ဟမ်? ဇီရုန် မင်းဘာဖြစ်နေတာလဲ?"
ရွှီဇီရုန်ဟာ အစေခံအား 'သတ်မယ်'ဆို့သည့် အကြည့်ဖြင့်ကြည့်နေတာကို နောက်ဆုံးတော့ ရွှီဇီရုန်၏အကြည့်ကို ရွှီဇီယန်မြင်လိုက်သည်။
"ကိုကိုက…တကယ်ပဲ ဆောင်ကြာမြိုင်ကို သွားမှာလား?" ရွှီဇီရုန်၏မျက်နှာဟာ ရွံရှာမှုတွေနဲ့ ပြည့်နက်နေသည်။ အဲ့ဒီလိုညစ်ညမ်းတဲ့နေရာမျိုးကို သူ့ကိုကိုအား သူကဘာကိစ္စကြောင့် သွားခွင့်ပြုရမှာလဲ?
ဇီရုန်၏ရွံရှာနေသည့် အကြည့်တွေကို မြင်လိုက်တာကြောင့် ရွှီဇီယန်က လျင်မြန်စွာ ပြန်ရှင်းပြလိုက်သည်။
"ငါတို့တွေက အဲ့ဒီနေရာကို သွားကြည့်ရုံပါပဲ၊ ငါတို့တွေက မိန်းကလေးသွားရှာမှာတို့၊ တစုံတခုသွားလုပ်မှာတို့ မဟုတ်ဘူးလေ"
အဲ့ဒီအဖြေကိုကြာလိုက်ပေမယ့်လည်း ရွှီဇီရုန် မပျော်ရွှင်လာဘူး။ အဲ့ဒီနေရာကို သွားကြည့်မယ်? သူ့ကိုကိုက မိန်းမတွေကို သွားကြည့်ရုံပေါ့! အဲ့ဒါက သူမိန်းမတွေကို နှစ်သက်နေဆဲလို့ ဆိုလိုတာပဲမဟုတ်ဘူးလား!
အဲ့ဒီလိုမျိုး…သေချာပေါက်မဖြစ်စေရဘူး!
"ရွှီ…သခင်လေး…" အစေခံက ရွှီဇီရုန်၏ခြိမ်းခြောက်နေသည့် အကြည့်တွေကို ရှောင်ရှားလိုက်ရင်း သူကစကားထစ်နေကာ
"အမ်…လျှိုယွင်အဆောက်အအုံက ဆောင်ကြာမြိုင်မဟုတ်ပါဘူး…အဲ့ဒီကမိန်းကလေးတွေက သခင်လေးတို့နဲ့ အဖော်လုပ်ပြီး အရက်သောက်ရုံ၊သီချင်းဆိုပြရုံပါ သူတို့တွေက သခင်လေးတို့နဲ့ မအိပ်ပါဘူး"
"ဟမ်?" ရွှီဇီယန်ကအံ့ဩသွားကာ လျှိုယွင်အဆောင်အအုံက ဒီလိုကောင်းမွန်တဲ့…ဆောင်ကြာမြိုင်ဖြစ်နေမယ်လို့ သူမထင်ထားမိခဲ့ဘူး။
"အဲ့ဒီတော့ပိုကောင်းသွားတာပေါ့ သွားကြစို့ ဇီရုန် မင်းကလည်း အရွယ်ရောက်နေပြီဆိုတော့ တစ်ချို့သော အကြောင်းအရာ အသစ်တွေကို သိဖို့အချိန်ရောက်ပြီ ပြီးတော့ တစုံတယောက်ကသာ မင်းကိုဖျားယောင်းသွေးဆောင်လာတယ်ဆိုရင် မင်းမှာခုခံနိုင်ဖို့ စွမ်းအားရှိသွားတာပေါ့" ရွှီဇီယန်ရယ်မောကာ ပြောလိုက်သည်။
ရွှီဇီယန် ဒီလိုအရာမျိုးကို နောက်ပြောင်ကျီစယ်လိုက်ပေမယ့် သူ့အတွက်စိတ်ပူစရာ တစ်ခုခုတော့ ရှိနေသေးသည်။
ရွှီဇီရုန်၏ဆွဲဆောင်နိုင်သည့် အကြည့်နဲ့သာဆိုရင် အမျိုးသမီးကျင့်ကြံသူတွေ သူ့အနားကို သေချာပေါက်ကပ်လာကြလိမ့်မည်။ သူ့ညီဖြစ်သူက မိန်းမတစ်ယောက်ကြောင့် ကျရှုံးသွားတာမျိုးကို ရွှီဇီယန်မလိုချင်ပေ။
အခုလိုသူ၏အသက်အရွယ်မျိုး၌ လူငယ်ယောင်္ကျားလေးတွေဟာ တခါတရံ ကာမဆက်ဆံခြင်းကို အကြမ်းပတမ်းပြုလုပ်တတ်သည်။ သူ့ညီ၏ခုခံမှုစွမ်းအားတွေ ပိုကောင်းလာနိုင်ဖို့ ဆောင်ကြာမြိုင်ကိုခေါ်သွားပြီး သူသင်ကြားပေရမည်။
ရွှီဇီယန်၏မဆုတ်မနစ်ကြိုးစားမှုကြောင့် ရွှီဇီရုန်ဟာ သူ့အကိုတော်အနောက်ကနေ အင်တင်တင်ဖြင့် လိုက်လာတော့သည်။
မိသားစုဝင်တွေထဲက အမွေဆက်ဆံမည့်သူတိုင်း ဒီလိုနေရာမျိုးသွားကာ လေ့ကျင့်ရသည်ဆိုသည့် ရွှီဇီယန်၏အကြောင်းပြချက်ကို သူမချေပနိုင်ပေ။ အစတုန်းက ရွှီဇီယန်၏အစေခံလော့ချီကို သူ၏လူပျိုရည်ကို ပျက်ပြားစေဖို့အတွက် အထူးပြင်ဆင်ပေးထားခြင်းဖြစ်သည်။ ကံမကောင်းစွာ လော့ချီဟာ ရွှီဇီယန်ကို အမှားလုပ်မိလိုက်တာကြောင့် ရွှီဇီရုန် အိမ်တော်ကို ရောက်ရောက်ချင်းနေ့၌ပင် သူမနှင်ထုတ်ခံလိုက်ရသည်။ နောက်ပိုင်းမှာတော့ ရွှီရှောင်ဟာ အခြားသောမိန်းကလေးတွေကို အသေးစိတ်ပြင်ဆင်ပေးခဲ့ပေမယ့် ရွှီဇီယန် တိတ်ဆိတ် သူတို့တွေကိုလည်း အဝေးသို့ပို့လိုက်သည်။
သူ့သားဖြစ်သူက မိန်းမတွေကို စိတ်မဝင်စားဘူးဆိုတာ သဘောပေါက်သွားပြီးနောက် ရွှီရှောင်ဟာ ချောမောသည့်ယောင်္ကျားလေးနှစ်ယောက်ကို သူ့ထံပြန်ပို့ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူတို့တွေလည်း ရွှီဇီယန်၏အဝေးသို့ နှင်ထုတ်ခြင်းကိုသာ ခံလိုက်ရသည်။
အကြိမ်များစွာငြင်းဆန်ပြီးနောက် ရွှီရှောင်ဟာ ရွှီဇီယန် ဆိုလိုချင်သည့် အဓိပ္ပါယ်ကို သဘောပေါက်သွားပြီး ဒီလိုလေ့လာတာနဲ့ပတ်သက်သည့် လိုအပ်ချက်တွေကို သူရပ်တန့်လိုက်သည်။ သူ့သားထံ အမျိုးမျိုးမိန်းမတွေပို့ခဲ့တာက သူ့သားကိုသူထိန်းချုပ်ချင်လို့မဟုတ်ပဲ သူ့သားကို အမျိုးသမီးတွေ၏ဆွဲဆောင်မှုနဲ့ ပတ်သက်ပြီး ခုခံနိုင်စေဖို့သာဖြစ်သည်။ ရွှီဇီယန်ကလည်း လက်ရှိအချိန်အထိ ဘယ်လိုသွေးဆောင်ဖျားယောင်းမှုကိုမဆို ဆန့်ကျင်နိုင်ခဲ့တာကြောင့် အဲ့ဒီမိန်းမတွေကိုလက်ခံဖို့ သူ့အားဖိအားပေးစရာမလိုတော့ပေ။
ရွှီဇီရုန်ကတော့ သူ့ရင်ထဲမှာ မကျေမချမ်းဖြစ်နေပေမယ့် သူ့မျက်နှာပေါ်မှာတော့ မဖော်ပြထားပေ။ သူ့ကိုကို၏အတွေးတွေက မမှားဘူးဆိုပေမယ့် ဒီလိုသွေးဆောင်ဖျားယောင်းတဲ့ အရာမျိုးတွေကို သူခုခံနိုင်တဲ့စွမ်းရည်ရှိမှန်း သူ့ကိုကိုအား သူရှင်းပြလို့လည်းမရပေ။
ရွှီဇီရုန်ဟာ အကူအညီမဲ့စွာ သူ့ကိုကိုအနောက်ကို နီးကပ်စွာလိုက်လာပြီး အဲ့ဒီပြည့်တန်ဆာတွေနဲ့ သူ့ကိုကိုနဲ့မနီးကပ်ရအောင် သေချာလုပ်ရမည်။
လျှိုယွင်အဆောက်အအုံဟာ ဝူတျီမြို့၏မြောက်ဘက် ရှန့်ရွှေရေကန်၌ တည်ရှိထားသည်။ ထိုရေကန်၏အလယ်၌ ကျွန်းလေးတည်ရှိနေပြီး လျှိုယွင်အဆောက်အအုံဟာ ထိုကျွန်းပေါ်၌ တည်ဆောက်ထားသည်။
ကျွန်းတစ်ခုလုံး၏ဧရိယာဟာ ၂၄၇၁ဧကလောက်သာ ကျယ်ဝန်ကြီး သိပ်မကြီးပေမယ့် လျှိုယွင်အဆောက်အအုံဟာ ထိုဧရိယာ၏လေးပုံသုံးပုံကို နေရာယူထားကာ ရောက်လာသည့်ဧည့်သည်တွေကို ကြိုဆိုရန်နဲ့ ထွက်သွားသည့်ဧည့်သည်တွေကို ပို့ပေးရန် ဆိပ်ကမ်းတံတားရှည်တစ်ခုကိုသာ ထားရှိထားသည်။
သူတို့တွေဟာ တစ်သွင်သွင်စီးနေသည့် အပြာရောင်ရေကန်ပေါ်၌ ဖောင်စီးနေကြသည်။ ရေကန်အလယ်က ကျွန်လေးဟာ မြူတွေကြားထဲမှာဖုံးလွှမ်းနေပြီး ထိုမြူတွေရွေ့သွားရင်တောင် အဆောက်အအုံ၏ထောင့်နားကိုသာ မြင်ရသည်။ ပိုးသားလိုသာယာလှသည့် အသံလေးနဲ့ ပေါ်လောပေါ်နေသည့် ဝါးတွေကလည်း မြူတွေကိုဖြတ်ကျော်နေသည်က များစွာသောခရီးသွားတွေကို ဆွဲဆောင်စေလိမ့်မည်။
"ဒီနေရာကမိုက်လိုက်တာ အတော်လေးကြည်နူးဖို့ကောင်းတာပဲ" ရွှီဇီယန်က သူတို့တွေ ဆိပ်ကမ်းတံတားကို မြင်လိုက်သည့်အခါ အပြုံးလေးဖြင့်ပြောလိုက်သည်။
ရွှီဇီရုန်ကတော့ ခံစားချက်မရှိသည့် အမူအရာဖြင့်သာ ကြည့်နေသည်။ ဘာကိုကြည်နူးဖို့ကောင်းတာလဲ? သူကတော့အဲ့ဒီနေရာကိုမုန်းတာပဲသိသည် သူတစ်စက်မျှကို သဘောမကျပေ။
"ကဲပါ ဇီရုန်ကလည်း အနည်းနည်းလောက်ပျော်စမ်းပါ ငါတို့ကခရီးသွားတွေလေ အဲ့ဒါကဆောင်ကြာမြိုင်ပဲကို နဂါးဂူမှမဟုတ်တာ" ဇီရုန်၏ကျောက်ရုပ်လို မျက်နှာကြီးကို မြင်လိုက်ပြီးနောက် ရွှီဇီယန် အကူအညီမဲ့သလို ခံစားလိုက်ရသည်။ အနာဂတ်မှာ ဘယ်လိုဖျားယောင်မှုကိုမဆို အလွယ်တကူခုခံနိုင်စေဖို့ ရွှီဇီရုန်အား မိန်းမတွေအများကြီးကို မြင်ခိုင်းစေချင်သည်။ ဒါပေမယ့် ရွှီဇီရုန်၏အကြည့်တွေကတော့ အလွန်ဒေါသထွက်ပုံပေါက်သည်။ အဲ့ဒါကထင်ပေါ်တဲ့ အမူအရာမျိုးမဟုတ်ပေမယ့် သူစိတ်တိုနေတယ်ဆိုတာတော့ အလွန်သိသာလှသည်။
သူတို့တွေ ဆောင်ကြာမြိုင်ထဲကို ဒီလိုပုံစံကြီးဝင်သွားပါက သူ့ညီအနားကို ဘယ်မိန်းမမှကပ်လာမည်မဟုတ်ဘူးဆိုတာ သူသေချာသိသည်။ အဲ့လိုသာဆိုရင် ဒီလေ့ကျင့်ရေးက အဓိပ္ပါယ်မရှိပဲဖြစ်သွားလိမ့်မည်။
ရွှီဇီရုန်၏မျက်နှာသာ တည်ငြိမ်သွားကာ သူကရွှီဇီယန်အား သူ၏အကြည့်တွေကို မရွေ့ပဲကြည့်လိုက်ကာ
"ခရီးသွားတွေ?"
ရွှီဇီယန်အနည်းငယ် အံ့ဩသွားရသည်။ ဘာဖြစ်သွားလဲဆိုတာ သူလည်းသေချာမသိပေ။ သူ၏တံခါးပိတ်ကျင့်ကြံခြင်းကနေ နိုးထလာပြီးနောက် ရင့်ကျက်သွားသည့်ဇီရုန်က သူ့အားဖိနှိပ်မှုတစုံတရာကို ပေးနေသလို့ သူခံစားနေရသည်။
"ဒီတော့ ကိုကိုက အဲ့ဒီနေရာက မိန်းမလှလေးတွေကို ကြည့်ဖို့သွားတာမဟုတ်ဘူးပေါ့?"
"သေချာပေါက်မဟုတ်ဘူးပေါ့!" ရွှီဇီယန် အနည်းငယ်အံ့အားသင့်ကာ တုံ့ပြန်လိုက်သည်။ သူကတကယ့်တော့ ပျော်စရာကောင်းတဲ့နေရာတွေကို သွားကြည့်ချင်ရုံသက်သက်သာဖြစ်သည်။ ထို့အပြင် သူကဒီလိုနေရာမျိုးကို တစ်ခါမှမရောက်ဖူးတာကြောင့်သာ သူလုံးဝစိတ်မဝင်စားဘူးဟု ပြောပြန်ရင်လည်း သူလိမ်ရာကျအုန်းမည်။ တစ်ခုတည်းသောအရာက…သူကအဲ့ဒီနေရာကို ပြည့်တန်ဆာအလှတွေအတွက် သွားတယ်ဆိုပြီး ရွှီဇီရုန်တွေးလိမ့်မယ်လို့ သူလုံးဝမထင်ထားခဲ့ပေ…ထားလိုက်ပါ အဲ့ဒီနေရာကိုသွားတာက အကြောင်းပြချက်များစွာရှိပေမယ့် အဓိကအချက်ကတော့ သူကရွှီဇီရုန်ကို သင်ကြားပေးချင်လို့ပင်ဖြစ်သည်။
သူ၏အဖြေကြောင့် ရွှီဇီရုန်၏မျက်နှာအမူအရာဟာ ပြောင်းလဲမသွားတာကို သဘောပေါက်လိုက်ပြီးနောက် ရွှီဇီယန် သူ၏မျက်လုံးတွေကို ပေကလပ်ပေကလပ်လုပ်ကာ သူ၏မျက်နှာပေါ်မှာ ဟန်လုပ်ပြုံးရှိနေပြီး
"အလှလေးတွေအကြောင်းပြောရရင် ဘယ်သူကများ ငါ့ရဲ့ဇီရုန်လေးထက် ပိုပြီးလှမှာလဲ?"
ဒီစကားဟာ အံ့ဩစရာကောင်းသည့် အကျိုးသက်ရောက်မှု ဖြစ်သွားစေသည်။ ရွှီဇီရုန်၏ပါးလေးတွေ ဖြည်းဖြည်းချင်းနီရဲသွားကာ ထိုပုံစံကိုမြင်ပြီး ရွှီဇီယန်ထိတ်လန့်သွားသည်။
『K: ဟဲ့ နှစ်ယောက်သား ပုံစံက roleမှားကုန်ပြီ』
အမ်…တကယ်တော့လေ ရွှီဇီယန်က လေထုအခြေအနေ ပေါ့ပါးသွားအောင် စနောက်လိုက်ခြင်းသာဖြစ်သည်။ ကဲပါ…အဲ့ဒါကြီးပဲတော့ မဟုတ်ဘူးပေါ့။ ဇီရုန်ကချောမောတဲ့ယောင်္ကျားလေးဖြစ်တာကြောင့် သူ့အကိုတစ်ယောက်အနေနဲ့ ရွှီဇီယန်က သူ့ညီ၏ရုပ်ရည်နဲ့ပတ်သက်ပြီး ဒီလိုပုံစံမျိုး ဆွေးနွေးခြင်းမရှိပေ။ ဒါပေမယ့် အမြဲတမ်းလိုလို အလွန်တည်ငြိမ်ပြီးအေးစက်နေတဲ့သူက ဒီစကားတစ်ခွန်းတည်းနဲ့ ရှက်သွေးဖြာသွားလိမ့်မယ်လို့ ရွှီဇီယန်ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ…
အု…ငါတော့အတော်လေး စလိုက်မိပြီထင်သည်။ ရွှီဇီယန်ခေါင်းကိုက်လာတော့သည်။ ဒါပေမယ့် ရွှီဇီရုန် ဒေါသထွက်နေတာတွေ ရပ်သွားတာကို မြင်လိုက်တာကြောင့် သူ၏စကားကို ပြန်ရှင်းပြဖို့ကိုလည်း သူရပ်ထားလိုက်တော့သည်။
သူပိုပြီးရှင်းပြလိုက်ရင် အသုံးဝင်လိမ့်မယ်လို သူခံစားမိပေမယ့်…ဇီရုန်ကလည်း အလှလေးပဲမဟုတ်လို့လား? ဒီတော့ သူကဘာအတွက် ကြိုးစားရုန်းကန်နေရအုန်းမှာလဲ?
ရွှီဇီယန် သူ့နာဖူးကိုပွတ်ကာ တွေးလိုက်သည်က
"အဲ့ဒါဘာလို့လဲဆိုတော့ ဇီရုန်အရွယ်ရောက်လာသည့်ပုံစံဖြင့် သူအသားမကျသေးလို့များလား?"
ရွှီဇီရုန်ကတော့ တစ်ဖက်၌ တိတ်တဆိတ်ထိုင်နေပြီး သူ့ကိုမကြည့်ပဲ ရွှီဇီယန်စိတ်ထဲ၌ ရုန်းကန်နေပုံတွေကို သူခံစားမိသည်။ အဲ့ဒီခံစားချက်တွေက ထင်ယောင်ထင်မှားမဟုတ်ပဲ မရေရာသည့်လေထုအခြေအနေကို သူတမင်ဖန်တီးလိုက်ခြင်းသာဖြစ်သည်။ အခုလေးတင် ရွှီဇီယန်သူ့ကို ရှက်သွားအောင် စဖို့ရည်ရွယ်လိုက်တာကြောင့် သူကလည်းရှက်ကိုးရှက်ကန်းပုံစံပြုလုပ်လိုက်ကာ ရွှီဇီယန်၏ရင်ထဲက သူ၏ကလေးဆန်သည့်ပုံရိပ်တွေကို ပြောင်းလဲစေချင်ဖို့အတွက် သူရည်ရွယ်လိုက်ခြင်းဖြစ်သည်။
သူက,ကလေးမဟုတ်တော့ဘူးဆိုတာ သူ့ကိုကိုအား ရှင်းလင်းသွားအောင် သူပြောပြဖို့လိုသည်။ သူကအရွယ်ရောက်နေပြီးဖြစ်သည်။ ဘယ်သူကမှ ကလေးတစ်ယောက်နဲ့ ချိန်းတွေ့မှာမဟုတ်ပေမယ့် သူ့ကိုကိုက ရွှီဇီရုန်ဟာအရွယ်ရောက်နေပြီဆိုသည့်အချက်ကို သိသိသာသာမေ့သွားလို့မရပေ။
သူ့ကိုကို၏ရင်ထဲက သူ၏ပုံရိပ်ကို တစ်ဆင့်ချင်း သူပြောင်းလဲရမယ်ဆိုရင်လည်း ကိစ္စမရှိပေ။ ရွှီဇီရုန်တွေးနေတာက သူ့ကိုကိုဟာ သူ၏အိမ်ထောင်ဖက်အဖြစ် ရွေးချယ်စရာ ဇီရုန်ပဲရှိတယ်ဆိုတာ အနှေးနဲ့အမြန် သူသဘောပေါက်လာလိမ့်မည်။ သူ့လိုအရည်အချင်းတွေ ဘယ်သူ့မှာမှမရှိဘူး!
ကိုးရိုးကားယားနိုင်လှသည့် လေထုအခြေအနေအောက်ကနေ သူတို့တွေဟာ သိပ်မကြာခင်မှာပင် လျှိုယွင်အဆောက်အအုံသို့ ရောက်ရှိလာတော့သည်။
#TK