Volume 3 : အမြန်ရထား
Chapter 73 (4 of Hearts – အမြန်ရထား ၀၆၊ သံသယရှိသူ)
အထောက်အထားတွေ စုဆောင်းပြီး ရထားတွဲရှေ့က အစောင့်ရုံးခန်းမှာ တင်ထားကြသည်။ ရှောက်လုံသည် စားပွဲပေါ်ရှိ ဆေးထိုးအပ်များနှင့် ပုလင်းအလွတ်များကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။ "အဖွဲ့ခေါင်းဆောင်ယွီ၊ ကျွန်တော်တို့ ခရီးသည်တွေရဲ့ အိတ်ကို တိုက်ရိုက်ရှာလို့ရမလား။ အဲဒီမှာ သဲလွန်စတွေ ရှိသင့်တယ်။"
ယွီဟန်ကျန်းက ထိုကိစ္စကို သေချာစဉ်းစားသည်။ "3 of Hearts မှာ ကျောင်းသားတွေက အားကစားကွင်းကိုသွားခဲ့ကြပြီး ကျောင်းလွယ်အိတ်တွေထဲမှာ အထောက်အထားရှာဖို့ ကိုယ် စာသင်ခန်းကိုသွားခဲ့တာ မှတ်မိတယ်။ ဒီလျှို့ဝှက်ခန်းထဲမှာလည်း ကိုယ်တို့ ဒီလိုပဲ လုပ်သင့်တယ်။ အစောင့်တစ်ဦးရဲ့ အထောက်အထားက အချိန်မရွေး ရှာဖွေဖို့ ကိုယ်တို့အတွက် အဆင်ပြေတယ်။" သူက ရိုးရိုးရှင်းရှင်း ပြောခဲ့သည်။ "စမ်းကြည့်ရအောင်။"
ရှောက်လုံက ခေါင်းငြိမ့်လိုက်ပြီး ယွီဟန်ကျန်းနောက်ကို အမှီလိုက်ခဲ့သည်။
အခန်း 1 သို့ လူနှစ်ဦးက သွားခဲ့ကြပြီး ယွီဟန်ကျန်းက တည်ငြိမ်စွာ ပြောသည်။ "လုံခြုံရေးဝန်ဆောင်မှုတွေရဲ့ တောင်းဆိုချက်အရ ခင်ဗျားတို့ရဲ့ခရီးဆောင်အိတ်ကို ရိုးရှင်းတဲ့ လုံခြုံရေးစစ်ဆေးမှုတစ်ခု လုပ်ဖို့လိုတယ်။ ပူးပေါင်းဆောင်ရွက်ပေးကြပါ။"
ခရီးသည်တွေက မကန့်ကွက်ဘူး။ သူတို့သည် ရထားစောင့်၏ လုံခြုံရေး လုပ်ဆောင်ချက်များတွင် ကျင့်သားရနေပုံရသည်။
အဘိုးအိုတစ်ယောက်က လာပြီး ရှောက်လုံကို မေးခဲ့သည်။ "လောင်လီက နှလုံးရောဂါနဲ့ ဆုံးသွားတာလား။"
ရှောက်လုံက သူ့ကို ပြုံးပြသည်။ "အတိအကျ ကောက်ချက်မချရသေးဘူး။ ဦးလေး ကျေးဇူးပြုပြီး ခင်ဗျားရဲ့အိတ်ကို ကျွန်တော့်ဆီပေးပါ။"
အဘိုးအိုက အိတ်ကို လွှဲပေးလိုက်သည်။ "မီးလောင်လွယ်တာတွေ၊ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေ ငါယူဆောင်လာခဲ့တာမရှိပါဘူး။ အိတ်က စားစရာတွေ ပြည့်နေတယ်။"
ရှောက်လုံ ဖွင့်ကြည့်လိုက်တော့ အမှန်တကယ် စားစရာတွေပြည့်နေသော အိတ်ကြီးတစ်လုံးဖြစ်သည်။ အဘိုးအိုသည် အစားအသောက်မက်သူဖြစ်သည်။
သူက မေးသည်။ "ခင်ဗျားတို့ လမြို့မှာ ဘယ်နှစ်ရက်နေကြမှာလဲ။"
အဘိုးအိုက ပြန်ဖြေခဲ့သည်။ "သုံးရက်ပြီးရင် ငါတို့ပြန်ကြမှာ။ အဲဒါကြောင့်မို့လို့ အားလုံးက ခရီးဆောင်အိတ်အများကြီး မပါဘူး။"
ရှောက်လုံက လှည့်ကြည့်လိုက်သည်။ ခရီးဆောင်အိတ်အားလုံးသည် ခရီးသွားအေဂျင်စီမှ တစ်ပြေးညီဝယ်ယူထားသည့် အနက်ရောင်အိတ်ဖြစ်သည်။ ကျောပိုးအိတ်မှာ နာမည်မမှားစေရန်အတွက် တံဆိပ်များပါရှိသည်။
ယွီဟန်ကျန်းသည် 'လုံခြုံရေးစစ်ဆေးမှုများ' ဟန်ဆောင်မှုအောက်တွင် သူ၏ခရီးဆောင်အိတ်ကို စစ်ဆေးခဲ့ပြီး ကျန်သုံးဦးသည် ကျောပိုးအိတ်များကို ယူချကာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
1A ရှိ အဘွားအိုသာ သတင်းစာဖတ်နေသေးသည်။ ဒီအမျိုးသမီးက အသက် 70 ကျော်ရှိပြီး ဆံပင်တွေက လုံးဝဖြူနေသည်။ သူမ၏ကျောသည် ကုန်းနေပြီး သူမ၏မျက်နှာသည် ပါးရေနားရေအတွန့်များနှင့် ပြည့်နေသည်။ သူမသည် ချိုင်းထောက်ဖြင့် လမ်းလျှောက်ကာ နားပြဿနာများလည်း ရှိခဲ့သည်။ အခြားသူများက သူမကို ဂရုစိုက်ကြပြီး သူမကို 'အစ်မမိန်'လို့ ခေါ်ကြသည်။
သူမ မတုံ့ပြန်တာကိုမြင်တော့ သူမဘေးနားရှိ အဘွားအိုက သူမလက်ကို ညင်သာစွာ ယမ်းလိုက်သည်။ "အစ်မမိန်၊ ရထားစောင့်က လုံခြုံရေးစစ်ဆေးမှု လုပ်နေတယ်။"
အစ်မမိန်က တုန်ခါသွားပြီး မေးခွန်းထုတ်သောပုံစံနဲ့ ကြည့်လိုက်သည်။ "ဘာလဲ။"
အဘွားအိုက ကျယ်လောင်စွာ အော်လိုက်သည်။ "အစောင့်က နင့်ရဲ့ ခရီးဆောင်အိတ်ကို စစ်ဆေးချင်တယ်တဲ့။"
အစ်မမိန်၏ မျက်နှာမှာ ကြောင်တောင်တောင်ဖြစ်နေသေးသည်။ "ဘာလဲ။"
ယွီဟန်ကျန်းက သူမ အိတ်ကို ချပေးရန် လက်ညှိုးထိုးပြလိုက်သည်။ နောက်ဆုံးတွင် သူမသည် လက်ဟန်အမူအရာကို နားလည်ပြီး လွယ်အိတ်ကို ဆွဲယူရန် တုန်တုန်ယင်ယင် မတ်တတ်ရပ်လိုက်သည်။ သူမဘေးနားရှိ အဘိုးအိုက သူမအဆင်မပြေတာတွေ့တော့ လက်တစ်ဖက်ကမ်းပေးသည်။
ယွီဟန်ကျန်းသည် သူမ၏အိတ်ကို ဖွင့်လိုက်ရာ အဝတ်ဟောင်းအနည်းငယ်၊ သွေးတိုးကျဆေးတချို့၊ သတင်းစာအနည်းငယ်နှင့် ဘာမှမရှိတာကို တွေ့ရသည်။
အဘိုးအိုက ရှင်းပြသည်။ "အစ်မမိန်က အသက်ကြီးပြီမို့ သူမက လှုပ်ရှားနိုင်စွမ်းလည်း မရှိသလို နားလည်းသိပ်မကောင်းဘူး။ သူမက ငါတို့ဌာနရဲ့ အကြီးဆုံးစီနီယာအဖွဲ့ဝင်ဖြစ်ပြီး သူဌေးစတင်ကတည်းက အဲဒီနေရာမှာ ရှိနေခဲ့တာ။ ကုမ္ပဏီဝန်ထမ်းဌာနမှာ ဝန်ထမ်းအများစုကို သူမက ကုမ္ပဏီထဲခေါ်ယူခဲ့တယ်။ သူမသမီးက ငါတို့နောက်ကို လိုက်ခဲ့တော့ သူမက ဒုက္ခပေးလွန်းတယ်လို့ ခံစားရတဲ့အတွက် သူမက မပျော်ဘူး။"
ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်သည်။ ဒီအစ်မမိန်သည် ကုမ္ပဏီ၏ အသက်အကြီးဆုံး စီနီယာဝန်ထမ်းဖြစ်သောကြောင့် သူမသည် နှောင်ကြိုးတချို့ကို သေချာပေါက် သိနေပေလိမ့်မည်။
သူမ၏ခရီးဆောင်အိတ်က ပုံမှန်မဟုတ်တာမျိုးမရှိသလို ယွီဟန်ကျန်းက သူမတစ်ယောက်တည်းရှိနေချိန် မေးခွန်းတွေမေးဖို့ ခဏလောက်စောင့်ရန် ရည်ရွယ်ထားသည်။ သူ့နားက ကောင်းကောင်းမကြားနိုင်ပေမဲ့ စာရေးနိုင်သည်။ စာဖတ်မျက်မှန်ထူထူဝတ်ထားသော သက်ကြီးရွယ်အိုက စကားလုံးတွေကို မြင်နိုင်ရမည်။
ကျောပိုးအိတ်နှစ်ခုလုံးမှာ ပြဿနာမရှိဘူး။ ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် ကျန်နှစ်ယောက်ကို သီးခြားစီ အမြန်စစ်ဆေးခဲ့သည်။
ယွီဟန်ကျန်းသည် ကျောပိုးအိတ်တစ်ခုတွင် ဆေးထိုးအပ်တချို့၊ ဝါဂွမ်းတံများနှင့် ဘောပင်တစ်ကတ်ကို တွေ့ရှိခဲ့သည်။ သူသေချာမသိတာကြောင့် ရှောက်လုံကို ပြလိုက်သည်။ အဲဒါကို ဂရုတစိုက်ကြည့်ပြီးနောက် ရှောက်လုံက ယွီဟန်ကျန်း၏နားထဲသို့ တိုးတိုးပြောလိုက်သည်။ "အဲဒါက အင်ဆူလင်ဘောပင်ပဲ။"
ယွီဟန်ကျန်းသည် အိတ်ပေါ်ရှိ စာတန်းကိုတွေ့ရန် လှန်လိုက်ရာ နာမည်က— နျိုတဖန်ဖြစ်သည်။
သူသည် IC ပေါ်က အဘိုးအိုကို ကြည့်ပြီး မေးသည်။ "ဦးလေးနျို၊ ဒီအိတ်က ခင်ဗျားဟာလား။"
နျိုတဖန်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပါတယ်။"
ရှောက်လုံက ပြုံးပြီးမေးသည်။ "ဦးလေးမှာ ဆီးချိုရှိလား။"
"ငါက နှစ်ပေါင်းများစွာ ဆီးချိုကြောင့် နာကျင်ခံစားခဲ့ရပြီး ထိန်းချုပ်ဖို့ ဒါကို အားကိုးနေခဲ့တာ။"
ယွီဟန်ကျန်းက မေးလိုက်သည်။ "လီကျယ်မင်မှာ ဆီးချိုရောဂါရှိတယ်ဆိုတာ ခင်ဗျားသိလား။"
နျိုတဖန်ပ ငြိမ်သက်စွာ ကြည့်နေသည်။ "ငါသိပါတယ်။ အရင်တုန်းကတော့ လောင်လီကို ဆေးရုံမှာ တွေ့ဖူးတယ်။"
ယွီဟန်ကျန်းသည် 'နျိုတဖန်'ဆိုသောနာမည်ကို ရေးထားခဲ့သည်။
နောက်ဆုံး ကျောပိုးအိတ်ထဲမှာ ဘာတစ်ခုမှ မတွေ့ဘူး။ အခန်း 1 မှ ထွက်လာပြီး အခန်း 2 ကို ဆက်လက်ရှာဖွေခဲ့သည်။
သေဆုံးသူသည် အခန်း 2 တွင် နေထိုင်သောကြောင့် ဤအခန်းကို အမှန်တကယ် စစ်ဆေးရန် လိုအပ်သည်။
သေဆုံးသူနှင့် ကုတင်ကို လဲလှယ်ပြီး အပေါ်ထပ်တွင် အိပ်ခဲ့သော အဘိုးအိုသည် အဖွဲ့တွင် အသိသာဆုံး ထိပ်ပြောင်သူဖြစ်သည်။ ဆံပင်ဖြူတွေက သူ့ခေါင်းတစ်ဝက်လောက်သာ ဖုံးလွှမ်းထားလို့ သူ့ကို ကောင်းကောင်းမှတ်မိသည်။ ဒီလူကို 'ကျန့်ဝေ့ကော်'လို့ ခေါ်သည်။ ယွီဟန်ကျန်းသည် သူ့အိတ်ကို ရှာဖွေခဲ့ရာ အလားတူ ဆေးထိုးအပ်များ၊ ဝါဂွမ်းတံများနှင့် အင်ဆူလင်ဘောပင်များကို တွေ့ရှိခဲ့သည်။
ယွီဟန်ကျန်းက မေးလိုက်သည်။ "ခင်ဗျား ဆီးချိုဖြစ်တာ ဘယ်လောက်ကြာပြီလဲ။"
ကျန့်ဝေ့ကော်က ရှက်သွားပုံရသည်။ "ငါက ငယ်ငယ်တုန်းက ဂရုမစိုက်ဘဲ ငါးနဲ့ အသားတွေကို မကြာခဏ စားတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က စစ်ဆေးကြည့်တော့ ငါ့မှာ ဆီးချိုနဲ့ သွေးတိုးရှိနေတာ တွေ့ရတယ်။ ငါ အင်ဆူလင်နဲ့ သွေးတိုးရောဂါကို ထိန်းချုပ်ဖို့ သုံးနေတာ။"
ထို့အပြင် ယွီဟန်ကျန်းသည် 'လျှိုယွီမင်' ဟုခေါ်သော အဖိုးအို၏ အိတ်ထဲတွင် ကတ်ထုပ်တစ်ထုပ်ကို တွေ့ရှိခဲ့သည်။ တစ်ဖက်လူက ရှင်းပြသည်။ "လောင်လီက ကတ်ကစားရတာကို နှစ်သက်တယ်။ ငါတို့လေးယောက်က မနေ့ညက အိပ်ရာမဝင်ခင် မနက် 2 နာရီအထိ ကစားခဲ့ကြတယ်။"
ယွီဟန်ကျန်းက မေးလိုက်သည်။ "မီးပိတ်သွားပြီကို။ ခင်ဗျားတို့ ဘယ်လိုကတ်ကစားကြတာလဲ။"
"ညဥ့်နက်သန်းခေါင်မှာ ငါ အိမ်သာသွားရတာကို အမြဲကြိုက်တယ်။ ငါ့မျက်လုံးက မကောင်းတော့ ညဘက်ဆို ဘာမှမမြင်ရဘူး။ ဒီတစ်ခါတော့ သားဖြစ်သူက အိမ်သာသွားတဲ့အခါ သုံးလို့ရအောင် မီးအိမ်လေး ပြင်ပေးခဲ့တယ်။ မနေ့ညက လောင်လီက ကတ်ကစားချင်တာကြောင့် မီးအိမ်ကိုဖွင့်ပြီး ကြမ်းပြင်ပေါ်မှာထားလိုက်တယ်။"
ကျန်နှစ်ယောက်က ခေါင်းငြိမ့်ကြသည်။
"ဟုတ်တယ်။"
"လောင်လီက မနေ့ညက ကတ်ကစားနေတုန်းက အရမ်းပျော်နေတာ။ ငါမထင်ထားခဲ့ဘူး… အိုင်းယား"
သက်ကြီးရွယ်အိုအုပ်စုသည် မနက် 2 နာရီအထိ ကတ်ကစားရန် မီးအိမ်ဖွင့်ထားခဲ့သည်။
ယွီဟန်ကျန်းက မေးလိုက်သည်။ "မနေ့ညက အိမ်သာသွားခဲ့တာလား။ တစ်ခုခုတွေ့လား။"
လျှိုယွီမင်က ခေါင်းယမ်းလိုက်သည်။ "မနက် 3 နာရီမှာ တစ်ခါထတယ်။ အားလုံးက အိပ်ပျော်နေပြီး တံခါးတွေ အကုန်ပိတ်ထားတယ်။"
"အဲဒီတုန်းက လီကျယ်မင် မလှုပ်ရှားဘူးလား။"
လျှိုယွီမင်က ဂရုတစိုက်တွေးလိုက်သည်။ "လောင်လီက တစ်ဖက်ကိုလှည့်ပြီး တိုးတိုးဟောက်နေတာကို ငါမှတ်မိတယ်။"
တစ်နည်းအားဖြင့် လီကျယ်မင်သည် မနက် 3 နာရီနောက်ပိုင်းမှ သေဆုံးသွားခဲ့သည်။
ဤအခန်းတွင် အခြားသော သံသယဖြစ်ဖွယ် အထောက်အထားများ မရှိပါ။ ခရီးဆောင်အိတ်ကို စစ်ဆေးဖို့ အခန်း 2 ကို သူတို့နှစ်ယောက် ရောက်လာသောအခါ အဘွားအိုတစ်ယောက်က ဒေါသအလွမ်ထွက်သွားသည်။ "ငါ့ရဲ့ ခရီးဆောင်အိတ်ကို နင်တို့ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ။ ဒါက ကိုယ်ရေးကိုယ်တာ ချိုးဖောက်မှုပဲ။"
သူမသည် အလွန်စိတ်လှုပ်ရှားနေပုံရ၏။
အဘွားအိုနာမည်က ရှူဖျင်ဖြစ်သည်။ သူမသည် အသက် 60 ရှိပြီဖြစ်သော်လည်း အသက် 40 ဝန်းကျင်အရွယ်သာ ရှိသေးသည်။ သူမ၏အသားအရေနှင့် ခန္ဓာကိုယ်ကို ကောင်းမွန်စွာထိန်းသိမ်းထားသည်။ ဤလှပသော အဘွားအိုသည် ဂါဝန်ကို ဝတ်ဆင်ထားပြီး ဆံပင်များသည် သူမ၏ ပခုံးဆီသို့ ကျဆင်းသွားသည်။ သူမသည် ဤအဖွဲ့တွင် အငယ်ဆုံးနှင့် အလှဆုံး အဘွားအိုဖြစ်သည်။
ယွီဟန်ကျန်းက အေးအေးဆေးဆေး အဆိုပြုသည်။ "ဒါက ပုံမှန်လုံခြုံရေး စစ်ဆေးမှုပါ။ ဒေါ်လေး ကျေးဇူးပြုပြီး ပူးပေါင်းပေးပါ။"
ရှောက်လုံက ပြုံးပြီး ယွီဟန်ကျန်းအတိုင်း သံယောင်လိုက်သည်။ "ဟုတ်ပါတယ်၊ အခြားလူတွေအားလုံးကလည်း စစ်ဆေးမှုမှာ ပူးပေါင်းကြပါတယ်။ ကိုယ်ရေးကိုယ်တာအတွက် စိတ်ပူရင် ကျွန်တော်နဲ့အတူ ရုံးခန်းကို တစ်ယောက်တည်း လိုက်သွားနိုင်ပါတယ်။ ကျွန်တော်တို့ သီးသန့်စစ်ဆေးပေးပါမယ်။"
ရှူဖျင်သည် သူမ၏ အိတ်ကို မလွတ်ဘဲ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
သူမ၏ထူးထူးဆန်းဆန်း အပြုအမူများက တစ်ခန်းတည်းရှိ လူသုံးယောက်အား တစ်ယောက်ကိုတစ်ယောက် ကြည့်သွားစေသည်။ ယွီဟန်ကျန်း မျက်မှောင်ကြုတ်လိုက်သည်။ "ခင်ဗျား ပူးပေါင်းဆောင်ရွက်ခြင်းမရှိရင် ကျွန်တော်တို့ ခင်ဗျားကို ခေတ္တထိန်းသိမ်းပြီး အစောင့်တွေက ခင်ဗျားကို ကိုင်တွယ်ဖို့ စောင့်ရုံပဲရှိတယ်။"
သူက တစ်ဖက်လူ၏ အိတ်ကို လှမ်းကိုင်လိုက်သည်။ ရှူဖျင်သည် ကျောပိုးအိတ်ကို ယွီဟန်ကျန်းအား မပေးအပ်မီ အချိန်အတော်ကြာ စိတ်ပူနေခဲ့သည်။
ယွီဟန်ကျန်းသည် အဲဒါကိုဖွင့်ပြီး အတွင်းထဲကို တစ်ချက်ကြည့်လိုက်သည်။ အဝတ်အစားများအပြင် အိတ်၏အောက်ခြေတွင် အင်ဆူလင်ကို ထပ်မံတွေ့ရှိခဲ့သည်။ ဒီ… ဆေးက အလွန်များလွန်းတယ်မဟုတ်ပါလား။ နျိုတဖန်နှင့် ကျန့်ဝေ့ကော်တို့အိတ်ထဲတွင် သယ်ဆောင်သွားသည့် အင်ဆူလင်များထက် နှစ်ဆနီးပါး ပိုများသည်။
၎င်းတို့ကို လေးလေးနက်နက် ရှာဖွေကြည့်တော့ အဘွားအို၏ မျက်နှာဟာ ရုတ်တရက် အလွန်ရုပ်ဆိုးသွားသည်။
ရှောက်လုံက ပြုံးပြီး မေးသည်။ "ဒေါ်လေ၊ ခင်ဗျား ဆီးချိုဖြစ်တာ ဘယ်လောက်ကြာပြီလဲ။ ခင်ဗျားဘာလို့ ဆေးအများကြီး ယူလာတာလဲ။"
ရှူဖျင်သည် သူမ၏အိတ်ကို ကိုင်လိုက်ပြီး ရှုံ့တွသော ပုံစံဖြင့် ပြန်ပြောသည်။ "မနှစ်ကမှ ငါသိတာ။ ငါ့ရောဂါက ပိုပြင်းထန်တဲ့အတွက် သာမန်လူထက် ဆေးကို ပိုသုံးရတယ်။"
သူမဘေးရှိ အဘွားအိုက တအံ့တသြနဲ့ စိုက်ကြည့်နေသည်။ "ရှောင်ဖျင်၊ နင့်မှာ ဆီးချိုရှိတာလား။ နင် ငါတို့ကို ဘာလို့ မပြောခဲ့တာလဲ။"
အခြားသူတစ်ဦးကလည်း ဆိုသည်။ "ဟုတ်တယ်၊ ဆီးချိုဆိုတာ ရှက်စရာမဟုတ်ပါဘူး။ လူကြီးတွေ တော်တော်များများ ဖြစ်ကြပါတယ်။ နင်ဘာလို့ လူတိုင်းကို ဖုံးကွယ်ထားတာလဲ။"
ရှူဖျင်၏မျက်နှာသည် အဖြူအစိမ်းပြောင်းနေ၏။ အချိန်အတော်ကြာအောင် တုန်လှုပ်သွားကာ ပြန်မဖြေနိုင်ပေ။
ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် အကြည့်ချင်းဖလှယ်ကာ အခန်းထဲမှ လှည့်ထွက်သွားသည်။
အခြားခရီးသည်များကလည်း စစ်ဆေးမှုများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ သို့သော် အများစုမှာ သက်ကြီးရွယ်အိုများနှင့် ဘာမှမဆိုင်ပါ။ သူတို့၏ ခရီးဆောင်အိတ်ထဲမှာ အဝတ်အစားကောင်းတွေနဲ့ ပြည့်နေသည်။
နံပါတ် 6 ရထားတွဲတစ်ခုလုံး ပြီးသည်နှင့် သူတို့နှစ်ဦးသည် ရထားရှေ့ရှိ အစောင့်ရုံးခန်းသို့ ပြန်ခဲ့ကြသည်။
ရထားရှေ့တွင် နေရာအကန့်အသတ်ရှိသည်။ ရုံးခန်းသည် 1.5 စတုရန်းမီတာသာ ကျယ်ဝန်းပြီး စားပွဲနှင့် ကုလားထိုင်လေး ပါရှိသည်။ အထဲမှာ မတ်တတ်ရပ်နေသော ယောင်္ကျားကြီးနှစ်ယောက်က အနည်းငယ် ကျပ်သွားသလို ခံစားလိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်များသည် နီးကပ်စွာ ရပ်နေခဲ့သည်။
ယွီဟန်ကျန်းသည် တစ်ယောက်နှင့်တစ်ယောက် နီးကပ်တာကို ကျင့်သားမရသေးပေ။ သူတို့နှစ်ယောက် စကားပြောသောအခါ အသက်ရှူသံတွေက တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်နေရလောက်အောင် နီးကပ်နေတာကြောင့် အလွန်မယဉ်ကျေးရာရောက်သည်။
သူက အကြံပြုခဲ့သည်။ "ပရော်ဖက်ဆာရှောက် ထိုင်လိုက်ပါ။"
ရှောက်လုံသည် မယဉ်ကျေးဘဲ ကုလားထိုင်တွင် ထိုင်လိုက်သည်။ ဤအရာက ယွီဟန်ကျန်းကို နေရာအတော်အတန်ကျယ်သွားစေသည်။ ရှောက်လုံသည် ရပ်နေသော ယွီဟန်ကျန်းကို မော့ကြည့်လိုက်ပြီး မေးသည်။ "အဖွဲ့ခေါင်းဆောင်ယွီ၊ ခင်ဗျား ဘယ်လိုထင်လဲ။"
ယွီဟန်ကျန်းသည် စားပွဲပေါ်ကို နောက်ပြန်မှီပြီး ခြေထောက်နှစ်ဖက်ကိုချိတ်ကာ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်ပြီး တိုးတိုးပြောသည်။ "လောလောဆယ်မှာ သံသယရှိသူ လေးယောက်ရှိနေပြီ။ အခန်း 1 က နျိုတဖန်။ သူက သေဆုံးသူနဲ့ အရင်က တူညီတဲ့ဆေးရုံမှာ တက်ဖူးတယ်။ သေဆုံးသူရဲ့ဆီးချိုရောဂါအကြောင်း သူကောင်းကောင်းသိရမယ်လို့ ဆိုလိုတာပဲ။"
"အခန်း 2 မှာရှိတဲ့ ကျန့်ဝေ့ကော်ဟာ သေဆုံးသူက သူ့အောက်မှာ အိပ်ပြီး မနေ့ည 2 နာရီအထိ ကတ်ကစားခဲ့ကြတယ်။ အခန်းထဲက အခြားသူတွေ အိပ်ပျော်နေသလားဆိုတာ အလွယ်တကူသိနိုင်တယ်။ သူက အိပ်နေတဲ့ လီကျယ်မင်ကို အလွယ်တကူသတ်နိုင်သလို ဆီးချိုလည်း ဖြစ်ထားတယ်။"
"အခန်း 2 က လျှိုယွီမင်က ညဘက် အိမ်သာတက်ဖို့ မကြာခဏ နိုးလာတတ်တယ်လို့ ပြောတယ်။ ဒါက ဖုံးကွယ်မှုတစ်ခုသာဖြစ်ပြီး လီကျယ်မင်းကိုသတ်ဖို့ မနက် 3 နာရီမှာ ထလာခဲ့တာလည်း ဖြစ်နိုင်တယ်။"
"နောက်ဆုံးက အခန်း 3 မှာရှိတဲ့ ရှူဖျင်ပဲ။ အဘွားအိုက စိတ်လှုပ်ရှားနေပြီး အင်ဆူလင်ကို အိတ်ရဲ့အောက်ခြေမှာ ဝှက်ထားတယ်။ ဆေးပမာဏက အခြားသူတွေထက် နှစ်ဆပိုများတယ်။ ရောဂါပြင်းတာကြောင့်လို့ ပြောပေမဲ့ အဓိပ္ပါယ်မရှိဘူးလို့ ထင်တယ်။"
ရှောက်လုံက သူ့မေးစေ့ကို ကိုင်ပြီး တွေးကြည့်သည်။
ယွီဟန်ကျန်းက မေးသည်။ "မင်းဘယ်လိုထင်လဲ။"
ရှောက်လုံ: "အဖွဲ့ခေါင်းဆောင်ယွီ၊ သက်ကြီးရွယ်အိုတွေသောက်တဲ့ အင်ဆူလင်က အမှိုက်ပုံးထဲမှာတွေ့တဲ့ အင်ဆူလင်နဲ့ မတူတာကို သတိထားမိလား။"
ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်သည်။ "သူတို့က ဘောပင်နဲ့ဆင်တူတဲ့ အင်ဆူလင်ကို ယူလာကြတယ်။ အင်ဆူလင်ဘောပင်လို့ မင်းပြောလိုက်သလား။"
ရှောက်လုံ၏ ညာလက်ကို စားပွဲပေါ်တွင် ပေါ့ပေါ့ပါးပါး တင်ထားပြီး သူ့လက်ချောင်းများကို အနည်းငယ်ကွေးသွားကာ စားပွဲကို အသာအယာခေါက်ရင်း သေချာစွာ ခွဲခြမ်းစိတ်ဖြာခဲ့သည်။ "ကျွန်တော့်မှာ endocrinology ဒေါက်တာ အတန်းဖော်တစ်ယောက်ရှိတယ်။ လက်ရှိမှာ ဆီးချိုရောဂါကို ကုသဖို့ အသုံးအများဆုံးနည်းလမ်းက အင်ဆူလင်ဘောပင်ပဲ။ သယ်ဆောင်ရလွယ်ကူပြီး ဒုတိယအချက်မှာ အဲဒါက အင်ဆူလင်ကို ဆေးထိုးအပ်နဲ့ ထုတ်ယူဖို့ လိုအပ်ချက်ကို ဖယ်ရှားပေးတယ်။"
သူက ဆက်မပြောခင် ခေတ္တရပ်လိုက်သည်။ "အင်ဆူလင်ဘောပင်မှာ ပါးလွှာတဲ့အပ်တစ်ချောင်းပါရှိပြီး အဲဒါက နာကျင်မှုကို သက်သာစေတယ်။ ဆေးပမာဏက တံဆိပ်ပေါ်မှာ သိသာထင်ရှားအောင်ရေးထားပြီး အလယ်ချောင်းကို အချိန်မရွေး အစားထိုးနိုင်တယ်။ အဲဒါက နေ့စဥ်ထိုးရတာ အရမ်းအဆင်ပြေတယ်။"
ယွီဟန်ကျန်း နားလည်အောင် ကူညီပေးရန်အတွက် ရှောက်လုံက ဥပမာတစ်ခုပေးခဲ့သည်။ "ဒါဟာ ဘောပင်နဲ့ ရိုးရိုးဘောပင်ကြားက ကွာခြားချက်နဲ့ တူတယ်။ ဘောပင်က မှင်မလိုဘဲ အဲဒါကိုဆက်လက်အသုံးပြုဖို့ အလယ်ချောင်းကို တိုက်ရိုက်ပြောင်းလဲနိုင်တယ်။ အပိုဘောပင်ချောင်းတွေကို သယ်ဆောင်ရာမှာလည်း အဆင်ပြေတယ်။ ဒါပေမဲ့ ရိုးရိုးဘောပင်တွေက မှင်ရေးဖို့ လိုအပ်ပြီး ကိုယ်က နည်းနည်းရေးမိတာ၊ များများရေးမိတာ ဖြစ်သွားနိုင်တယ်။ ဒါက အရမ်းအဆင်မပြေဖြစ်ပြီး ရိုးရိုးဆေးထိုးအပ်လိုပဲ။ အင်ဆူလင်ကို စုပ်ယူတာက ပိုဒုက္ခဖြစ်နိုင်သလို သယ်ရတာလည်း မလွယ်ဘူး။ ဒါကြောင့် အများစုက အင်ဆူလင်ဘောပင်နဲ့ ဆေးထိုးဖို့ အကြံပြုထားတယ်။"
ပရော်ဖက်ရှင်နယ် ဗဟုသုတတွေ အများကြီးရှိတော့ ယွီဟန်ကျန်းက ချက်ချင်း သဘောပေါက်သွားသည်။ "မင်းဆိုလိုတာက အမှိုက်မှာတွေ့တဲ့ ရိုးရိုးဆေးထိုးအပ်တွေက လီကျယ်မင်ဟာ မဟုတ်ဘူးပေါ့။"
ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်၊ လီကျယ်မင်က အရမ်းချမ်းသာပြီး အင်ဆူလင်ဘောပင်က သယ်ရလွယ်ကူပြီး သုံးရတာ အဆင်ပြေတယ်။ အင်ဆူလင်ဘောပင်အကြောင်း သူမသိတာမဖြစ်နိုင်သလို သူ့ကိုယ်သူ ဆေးထိုးဖို့ ရိုးရိုးဆေးထိုးအပ်ကို အသုံးပြုဖို့ မဖြစ်နိုင်ဘူး။"
ရှောက်လုံကသည် ဘောပင်ကို ကောက်ကိုင်လိုက်ပြီး စာအုပ်ပေါ်တွင် ပုံသေနည်းတစ်ခုကို အမြန်ရေးလိုက်သည်။ “ပြဿနာတစ်ခုရှိတယ်။ ကျွန်တော် သေသေချာချာစဉ်းစားပြီး အင်ဆူလင်ပမာဏကို ဒီဖော်မြူလာအရ ခန့်မှန်းနိုင်တယ်။ ဒေါ်လေးရှူဖျင်က အရမ်းပိန်ပါးပြီး အလေးချိန် 50 ကီလိုဂရမ်အထိရှိတယ်။ အင်ဆူလင်အသုံးပြုမှုနှုန်းက 20U ဖြစ်ပြီး သူမအိတ်ထဲက ဆေးပမာဏက တစ်လကြာအောင် လုံလောက်တယ်။"
ယွီဟန်ကျန်းက ပုံသေနည်းကို ငုံ့ကြည့်သည်။
အစာရှောင်ခြင်း သွေးတွင်းသကြားဓာတ် (mmol/L) x 18-100 x 10 x အလေးချိန် (kg) x 0.6 ÷ 1000 ÷ 2…
ရှောက်လုံသည် သူ၏ပြောင်မြောက်သော မှတ်ဉာဏ်ကြောင့် ရှည်လျားသော ပုံသေနည်းကို ရေးနိုင်ခဲ့သည်။
ယွီဟန်ကျန်းက ခေါင်းငုံ့ပြီး ခဏလောက် စဉ်းစားသည်။ "မင်းရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ ပုံးထဲက ဆေးထိုးအပ်တွေနဲ့ ပုလင်းတွေက လီကျယ်မင်ဟာမဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လီကျယ်မင်က ရိုးရိုးဆေးထိုးအပ်ထက် ပိုအဆင့်မြင့်တဲ့ 'အင်ဆူလင်ဘောပင်'ကို သေချာပေါက် အသုံးပြုလိမ့်မယ်။ ကိုယ်တို့က လီကျယ်မင်ရဲ့အိတ်ထဲမှာ အင်ဆူလင်ကိုမတွေ့ရှိပေမဲ့ ရှူဖျင်ရဲ့အိတ်က ပုံမှန်အင်ဆူလင်ပမာဏထက် ပိုများနေတယ်။ ဒါကြောင့် ရှူဖျင်က လီကျယ်မင်းရဲ့အင်ဆူလင်ကို ခိုးယူသွားဖို့ ဖြစ်နိုင်ခြေများတယ်။"
အဖွဲ့ခေါင်းဆောင်ယွီသည် ရှောက်လုံ၏ အဓိပ္ပါယ်ကို စက္ကန့်ပိုင်းအတွင်း နားလည်သွားသည်။
ရှောက်လုံက လေးစားသမှုဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ "ကျွန်တော် ဧည့်လမ်းညွှန်ချင်ကို မေးကြည့်တော့ ဒီခရီးသွားအဖွဲ့ရဲ့ ထွက်ခွာချိန်ကနေ ပြန်လာတဲ့အထိ ခရီးဟာ 10 ရက်ကြာတယ်။ အပြန်ခရီးကို လေယာဉ်နဲ့တိုက်ရိုက်သွားမှာဖြစ်ပြီး ရှူဖျင်က တစ်လစာလောက်ဆေးကို မလိုအပ်ဘူး။"
10 ရက်ခရီးအတွက် ရက် 30 စာ ဆေးယူခြင်းသည် လူနှစ်ယောက်အတွက် လုံလောက်ပါသည်။
လောင်လီသည် လူများစွာကို စော်ကားခဲ့ပုံရပြီး ရှူဖျင်က သူ့အင်ဆူလင်ကို အမှန်တကယ်ခိုးယူသွားပုံရသည်။
ယွီဟန်ကျန်းက သူ့အတွေးတွေကို စုစည်းလိုက်သည်။ "ရှူဖျင်က မျက်နှာပျက်နေပြီး သူမအိတ်ကို ကိုယ်တို့ကို မစစ်ဆေးစေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူမက လောင်လီရဲ့အင်ဆူလင်ကို ခိုးယူခဲ့ပြီး ကိုယ်တို့သိသွားမှာကို ကြောက်တာကြောင့်ဖြစ်တယ်။ အဲဒီအမျိုးသမီးမှာ ပြဿနာအကြီးကြီးရှိနေပြီ။"
ရှောက်လုံက အနီးကပ်လိုက်လာသည်။ "ဒါပေမဲ့ လောင်လီက ရိုးရိုးဆေးထိုးအပ်နဲ့ 30U နီးပါး ထိုးသွင်းခံခဲ့ရတယ်။ အဲဒါက ဒေါ်လေးရှူဖျင်လို့ သေချာပေါက် မပြောနိုင်ဘူး။ တကယ်လို့ သူမသာဆိုရင် လောင်လီရဲ့အင်ဆူလင်ဘောပင်ကို ခိုးယူဖို့ မလိုဘူး။"
ယွီဟန်ကျန်းက သဘောတူသည်။ "နောက်ထပ်စုံစမ်းစစ်ဆေးဖို့ လိုနေသေးတယ်လို့ မြင်မိတယ်။ ဒီသက်ကြီးရွယ်အိုအုပ်စုက တကယ်ကို မရိုးရှင်းဘူး။"
ထိုအချိန်တွင် ဧည့်လမ်းညွှန် ချင်ရှီယွဲ့သည် အချက်အလက်များစွာဖြင့် ရောက်လာသည်။
သူမသည် စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရပြီး သူမ၏ မျက်နှာက အလွန်ကောင်းမွန်ခဲ့သည်။ သူမသည် အစောင့်ရုံးခန်းတံခါးကို ခေါက်လိုက်ပြီး အချက်အလက်များကို ရှောက်လုံအား ပေးလိုက်သည်။ "ဒီအဖွဲ့အတွက် ကျွန်မရဲ့ ခရီးသွားအေဂျင်စီရဲ့ စာရင်းသွင်းခြင်း လိုအပ်ချက်တွေက အတော်လေး များတယ်။ စာရင်းသွင်းခြင်းဖောင်ကိူ အသေးစိတ် ဖြည့်သွင်းရတယ်။ ဒီမှာ ဝင်ခွင့်ဖောင် 12 ခုရှိပြီး သူတို့ရဲ့မိသားစုတွေနဲ့ အတိတ်သမိုင်း အချက်အလက်တွေ ပါဝင်တယ်။"
ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။ "ကျေးဇူးတင်ပါတယ်။"
ချင်ရှီယွဲ့သည် တစ်ခဏမျှ တိတ်ဆိတ်နေခဲ့ပြီး သူမ၏ လက်သီးများကို ဆုပ်ကိုင်လိုက်သည်။ "လူသတ်မှုဖြစ်ခဲ့ရင် လူသတ်သမားကို သေချာရှာပေးပါ။"
"စိတ်ချပါ ငါတို့ တတ်နိုင်သမျှ အမြန်ဆုံး ဖော်ထုတ်ပေးပါ့မယ်။" ရှောက်လုံက အချက်အလက်ကို အာရုံစိုက်ပြီး ယွီဟန်ကျန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ရှောင်ချင်၊ ငါ မင်းကို မေးခွန်းတချို့ မေးချင်တယ်။ လူ 12 ယောက်ကို မင်းလမ်းညွှန်ခဲ့တာ ဘယ်လောက်ကြာပြီလဲ။ လီကျယ်မင်နဲ့ ဘယ်သူက ပိုကောင်းတဲ့ဆက်ဆံရေးရှိလဲ။"
ချင်ရှီယွဲ့က မျက်မှောင်ကြုတ်ပြီး တွေးသည်။ "သူတို့ကို နေမြို့မှာ သုံးရက်လောက် လည်ပတ်ကြဖို့ ကျွန်မခေါ်လာတာ။ လောင်လီက လူသိများပြီး လူအများစုက သူ့ကို ကပ်ဖားရတာကြိုက်တယ်။ သူ့သားက အရမ်းချမ်းသားပြီး နေမြို့က ဈေးကြီးစားသောက်ဆိုင်တစ်ခုမှာ ပင်လယ်စာညစာစားဖို့ ကျွန်မတို့အားလုံးကိုဖိတ်တယ်။ တစ်နပ်တည်းနဲ့ ရွှေဒင်္ဂါးသိန်းပေါင်းများစွာကို သူစားခဲ့တယ်။ သူက အခြားသူတွေအပေါ် တာဝန်ဝတ္တရားရှိပြီး သူ့ကိုလိုအပ်သူတိုင်းကို ကူညီပေးတယ်။"
ယွီဟန်ကျန်းက တွေးဆလိုက်သည်။ "သူက ဘယ်သူနဲ့မှ စကားများတာမျိုးမရှိဘူးလား။"
ချင်ရှီယွဲ့က ခေါင်းယမ်းလိုက်သည်။ "သူတို့ကို ကျွန်မလမ်းညွှန်ခဲ့တဲ့ အခုရက်တွေမှာ သူတို့က အရမ်းအဆင်ပြေတယ်။ သူတို့က ဘာမှမဖြစ်ဘဲ ရယ်ရယ်မောမောနဲ့ စကားပြောနေကြတယ်။ မနေ့က လောင်လီက အားလုံးကို ထမင်းစားရထားတွဲပေါ်မှာ လာစားဖို့ ဖိတ်ခဲ့တယ်။"
ယွီဟန်ကျန်းက မေးသည်။ "သူ့ကို ဘယ်သူမှ မမုန်းဘူးလား။ ဥပမာအားဖြင့် သူတို့က သူ့ကို တိတ်တဆိတ် ရွံရှာနေတာမျိုးပေါ့။"
"ဒါက…" သူမသည် ခေါင်းကို ကုတ်လိုက်ပြီး တွေးခဲ့သည်။ "ဦးလေးနျိုက သူ့ကို မုန်းနေတာ သိသာတယ်။ သူတို့က ဘယ်တော့မှ စကားမပြောဘဒ ညစာစားပွဲမှာ မထိုင်ကြဘူး။ တစ်ယောက်နဲ့တစ်ယောက် မသိကြသလိုပဲ။ သူ့နောက်ကွယ်မှာ အမြဲတမ်း မျက်စောင်းထိုးနေတဲ့ ရှူဖျင်လည်းရှိတယ်။ လောင်လီက သူ့သားအကြောင်းပြောတဲ့အခါ သူမ လှောင်ရယ်တာကို အကြိမ်ပေါင်းများစွာ တွေ့ဖူးတယ်။"
ယွီဟန်ကျန်းက မေးလိုက်သည်။ "အခန်း 2 မှာရှိတဲ့ လူသုံးယောက်က လောင်လီနဲ့ အကောင်းဆုံးဆက်ဆံရေးရှိတာလား။"
ချင်ရှီယွဲ့က ခေါင်းငြိမ့်လိုက်သည်။ "လက်မှတ်ဝယ်တဲ့အခါ သူတို့ရဲ့ထိုင်ခုံတွေက အမြဲတမ်းအတူတူဖြစ်ပြီး လောင်လီက ကတ်ကစားချင်တာကြောင့် လက်မှတ်ရုံးမှာ ကျွန်မကို ထိုင်ခုံတွေပြောင်းခိုင်းတဲ့အတွက် သူတို့က တစ်ခန်းတည်းနေလိုက်ကြတယ်။"
ဒါက အခန်း 2 ၏ တွေ့ရှိချက်နဲ့ ကိုက်ညီပါသည်။ အဘိုးအိုလေးယောက်သည် မနေ့ညက ကတ်ကစားနေခဲ့ကြသည်။
ရှောက်လုံသည် အချက်အလက်များဆီမှ ရုတ်တရက် မော့ကြည့်လိုက်ပြီး ထပ်ပေါင်းပြောသည်။ "လောင်လီက ကောင်းကောင်းအိပ်ပျော်တတ်လား။"
ချင်ရှီယွဲ့က ခဏလောက် လန့်သွားပြီး ခေါင်းငြိမ့်လိုက်သည်။ "ထင်တာပဲ။ သူက အရမ်းပွင့်လင်းပြီး သူ့သားက ချမ်းသာပြီးတော့ သားဝတ္တရားကျေပွန်တယ်လို့ အားလုံးက ပြောကြတယ်။ သူ့မိသားစုက တိုက်ခန်းများစွာရှိပြီး စိတ်ပူစရာမရှိဘူး။ ဒါကြောင့် သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီး မိုးခြိမ်းရင်တောင် မနိုးဘူး။"
နောက်ဆုံးတွင် ဤအဖွဲ့နှင့် ဧည့်လမ်းညွှန်၏ အဆက်အသွယ်သည် အလွန်တိုတောင်းပြီး အချက်အလက်များစွာကို သူမ မသိခဲ့ပါ။ ယွီဟန်ကျန်းက နားလည်ပြီး သူမကို ပြောခဲ့သည်။ "ရှူဖျင်ကို သွားခေါ်ပေးဖို့ ငါမင်းကို ဒုက္ခပေးရဦးမယ်။"
ချင်ရှီယွဲ့သည် လှည့်၍ ရှူဖျင်ကို ခေါ်ရန် အခန်း 3 သို့ သွားခဲ့သည်။
အငယ်ဆုံးနှင့် အလှဆုံး အဘွားအိုသည် သာမာန်အားဖြင့် မာနကြီးသော အမူအရာ ရှိသော်လည်း သူမ၏မျက်နှာက လက်ရှိတွင် ဖြူဖျော့နေသည်။
သူမသည် အသက်ပြင်းပြင်းရှူပြီး အထဲမှာ လူနှစ်ယောက်ထိုင်နေသော ရုံးခန်းတံခါးဆီကို ဦးတည်သွားလိုက်သည်။
ကြည်လင်သော မျက်လုံးများနှင့် နူးညံ့သိမ်မွေ့သော အမူအရာဖြင့် ထိုင်နေသော ချောမောသော အမျိုးသားတစ်ဦးရှိသည်။ သူက အလွန်သဘောကောင်းပုံရသည်။
သူ့နောက်မှာရပ်နေသောလူက ရေခဲမြားလို စူးရှသောမျက်လုံးတွေရှိသည်။ သူ၏အေးစက်သော မျက်လုံးများက ဒီဘက်သို့ လှည့်ကြည့်လာသောအခါ ရှူဖျင်၏ခြေထောက်များသည် ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားသည်။ သူမသည် အလွန်ကောင်းမွန်သော ဒေါက်မြင့်ဖိနပ်ကို စီးထားကာ လဲကျလုနီးပါးဖြစ်ခဲ့သည်။ သူမဘေးနားရှိ တံခါးလက်ကိုင်ကို အမြန်ဆွဲကိုင်လိုက်ပြီး ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။
ယွီဟန်ကျန်းက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "ပြောပါ၊ ခင်ဗျားက လီကျယ်မင်ရဲ့ အင်ဆူလင်ကို ဘာလို့ခိုးခဲ့တာလဲ။"
ရှူဖျင်: "…"
𝑻𝑲'𝒔 𝑵𝑶𝑻𝑬; အင်ဆူလင်ဘောပင်(insulin pen)ဆိုတာက ရိုးရိုးဆေးထိုးအပ်နဲ့မတူဘဲ သေချာမကြည့်ရင် ဘောပင်တဲ့တကယ်တူပါတယ်။ ခရီးသွားတာတွေဆိုရင် ရိုးရိုးဆေးထိုးအပ်ကို ယူရအဆင်မပြေတာကြောင့် အင်ဆူလင်ဘောပင်ကို ယူသွားလေ့ရှိပါတယ်။ သိချင်ရင် ' insulin pen 'ဆိုပြီး google မှာ သွားရှာကြည့်နိုင်ပါတယ်။ တကယ့်ဘောပင်အစစ်လို့ လှလှလေးပါ။
#TK