Chapter 35
Viewers 19k

👻Chapter 35

သွေးနီလရဲ့ သမန်းဝံပုလွေ သတ်ဖြတ်ခြင်း (13)




ချူဟွိုက်က မှတ်ဥာဏ်ကောင်းသည့်သူ ဖြစ်သည်။


သူက သဲလွန်စပြိုင်ပွဲက 'ယဇ်ပူဇော်ခြင်း' အကြောင်း မိတ်ဆက်ကို မှတ်မိသွားသည်။ အပြစ်ကြီးကြီးမားမားရှိတဲ့သူတွေက ခွင့်လွှတ်မှုကို ရဖို့အတွက် သူတို့ကိုယ်သူတို့ ယဇ်ပူဇော်ပြီး ကမ်းလှမ်းလို့ရတယ်။


နတ်ဘုရားရဲ့ စွမ်းရည်နဲ့ ယဇ်ပူဇော်ခြင်းရဲ့ စွမ်းရည်မိတ်ဆက်ကြားမှ ကွာခြားတာက ယဇ်ပူဇော်ခြင်း ညွှန်ပြသွားတဲ့ ပြုလုပ်ရမယ့်သူက 'နတ်ဘုရား' ပဲ။


သူက သာမန်အခြေအနေတွင် ပြင်းပြသည့် ဆန္ဒဟူ၍ ရှိမနေချေ။ သို့သော်လည်း ယခုအချိန်တွင်ဖြင့် ထိုဆန္ဒက သူ့အတွက် များစွာ အရေးပါနေသည်။


ဤစွမ်းရည်ကို ယဇ်ပူဇော်ခြင်းဟု ခေါ်သော်လည်း ယဇ်ပူဇော်ရမည့်သူက သူမဟုတ်ပေ။ သို့သော်...


ချူဟွိုက် မြေကြီးပေါ် ဒူးထောက်ထိုင်နေသည့် အမျိုးသမီးကို ကြည့်လိုက်သည်။


သူက သဲလွန်စပြိုင်ပွဲတွင် အတွေ့အကြုံရှိပြီးသား ဖြစ်၍ 'ယဇ်ပူဇော်ခြင်း'၏ အဓိပ္ပါယ်ကိုလည်း သိလေသည်။


ယဇ်ပူဇော်ပြီး ကမ်းလှမ်းရမည် ဆိုသည်က လူ့အသားကို ပြောခြင်းပင်။


ဆန္ဒဆိုရင် ထိုအမျိုးသမီး အလိုရှိတဲ့ ဆန္ဒက ဘာလဲ။


သူမ၏ ဆန္ဒက သူမ၏ ကလေးလေး ဤဖြစ်ရပ်ထဲမှ ဘေးကင်းကင်းနှင့် ထွက်သွားနိုင်ရန် ဖြစ်သည်။


သူမက သူမခန္ဓာကို ဘယ်လို စွန့်လွှတ်နိုင်မလဲ။ သူမက ကိုယ့်ကိုယ်ကို သတ်သေပေးရမှာလား။


မဟုတ်ဘူး။ ဒါ မမှန်သေးဘူး။


ချူဟွိုက်က ပြိုင်ပွဲဝင်များကို ဇစ်မြစ်ဖော်ရန် အခွင့်အရေးနှစ်ခု ပေးထားသည့် ဖြစ်ရပ်၏ စည်းမျဥ်းကို ရုတ်တရက် အမှတ်ရသွားသည်။


စစချင်းတွင် သူက ဒုတိယမြောက် ဇစ်မြစ်ဖော်ခြင်းက သူတို့ကို လှည့်စားထားခြင်း ဖြစ်မည်ဟု တွေးခဲ့မိသည်။ သို့သော်လည်း ယခုတွင် နားလည်သွားပြီ ဖြစ်သည်။


ထိုအရာက အသက်ရှင်နိုင်မည့်လမ်း ဖြစ်သော်လည်း သေချာပေါက် နည်းလမ်းကောင်း မဟုတ်ကာ အသက်ရှင်နိုင်မည့် တစ်ခုတည်းသော လမ်းစလည်း မဟုတ်ပါချေ။


ယခုလောလောဆယ်တွင် ထိုနည်းလမ်းက အသုံးဝင်ဆုံး နည်းလမ်း ဖြစ်နေသေးသည်။


ပထမဆုံး ဇစ်မြစ်ဖော်ခြင်းက သရဲဖြစ်သွားစေနိုင်သည် ဆိုပါက ဒုတိယမြောက်ဇစ်မြစ်ဖော်ခြင်းက ကြည့်ရသလောက် ရိုးရှင်းမည် မဟုတ်ပဲ ပြိုင်ပွဲဝင်များကို ဖြစ်ရပ်မှ ထွက်သွားရန် အခွင့်အရေးတစ်ခုမှ ပေးလိုက်မည် မဟုတ်ပေ။  


သို့သော်လည်း ထိုနည်းလမ်းက လူများကို ရည်ညွှန်းခြင်း ဖြစ်သည်။


ကိုယ့်ဘာကို ဇစ်မြစ်ဖော်လိုက်ရင်ရော...။


ကိုယ့်ကိုယ့်ကို ပထမဆုံး သရဲလို့ ဇစ်မြစ်ဖော်လိုက်မယ်။ ပြီးတော့ ဒုတိယအကြိမ် ဇာတ်မြစ်ဖော်တဲ့နေရာမှာ အမှားတစ်ခု ဖြစ်လာပြီးတော့ သရဲက မင်းနောက်ကို လိုက်လာမယ်။ ဒါက မင်းကိုယ်တိုင် လောကကြီးကို ယဇ်ပူဇော်ပေးတယ်လို့ မဆိုလိုဘူးလား။


ယဇ်ပူဇော်မည့်သူများလည်း အသတ်ခံရမည့် အဖြစ်သို့ ရောက်သွားမည် မဟုတ်ပေ။ သူတို့တာဝန်က အသူရာချောက်ထဲ နစ်မြုပ်သွားပြီး သူတို့အပြစ်ကလည်း ပပျောက်သွားမည် ဖြစ်သည်။


သူတို့က ဘုရားသခင်ဆီမှ ခွင့်လွှတ်ခံရပြီး လိုချင်သည့်ဆုကိုလည်း ရမည် ဖြစ်သည်။


ရယ်တော့ရယ်ချင်စရာပဲ။ ဒီကမ္ဘာကြီးက ဆန်းကြယ်ပြီး ကိုယ့်ကိုယ် မှန်းဆကြည့်ဖြစ်အောင် ညှို့ငင်နေသလိုမျိုး ပုံမှန်မဟုတ်တဲ့ သတ်မှတ်ချက်တွေနဲ့ ပြည့်နေတာ။ 


သူသာ ကမ္ဘာကြီးရဲ့ ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်ရင် ကောင်လေးက သေသွားလိမ့်မယ်။


ဒါပေမယ့်လည်း သူ ခန့်မှန်းနိုင်ရင်ရော သေရမယ့်သူက အမျိုးသမီး ဖြစ်သွားလိမ့်မယ်။


ပြီးတော့လည်း သူက နတ်ဘုရားအဖွဲ့ကဆိုတဲ့ ဇစ်မြစ်လည်း ပေါ်သွားလိမ့်မယ်။


ကမ္ဘာကြီးက အတွက်အချက် တော်တော်ကောင်းတာပဲ။


ချူဟွိုက်က လှောင်ရယ်လိုက်သည်။


ချူဟွိုက်က မျက်လုံးပိတ်ထားရင်း နှုတ်ခမ်းတင်းတင်းစေ့ကာ ကောင်ငယ်လေး၏ လက်များကို မြဲနေအောင် ကိုင်ထားလိုက်သည်။


သူ၏ လက်ချောင်းများက ခရမ်းပုပ်ရောင် သန်းနေပြီ ဖြစ်သည်။


ကျင်းထျန်းယိက ချူဟွိုက်ကို ကြည့်လိုက်သည်။


သူ၏ မျက်တောင်ထူထူစိပ်စိပ်လေးများက လှုပ်ခတ်သွားပြီး မျက်နှာအမူအရာကလည်း အေးစက်နေကာ သွေးနီလရောင်အောက်တွင် လရောင်မျဥ်းမျဥ်းလေး ရလာသည့်ပုံပေါ်နေသည်။


ချူဟွိုက်က တစ်ဖန်ပြန်၍ မျက်လုံးဖွင့်လိုက်ချိန် သူ့မျက်လုံးများက ကြည်လင်ပြီး တောက်ပနေ၏။


ကျင်းထျန်းယိက ချူဟွိုက်ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ သူက တစ်ခုခုကို စိုးရိမ်နေသလို သူ့မျက်ဝန်းထက် နားလည်ရခက်သည့် ခံစားချက်တစ်ချို့ စီးဆင်းနေသည်။


ချူဟွိုက်က သရဲမဟုတ်၍ သူက နတ်ဘုရား သို့မဟုတ် သာမန်လူ ဖြစ်နိုင်သည်။


ချူဟွိုက်က သူ့ဇစ်မြစ်ကို မပြခဲ့၍ ကျင်းထျန်းယိက သူ့ကို သာမန်လူဟုသာ ထင်ထားခဲ့သော်လည်း ယခုတွင်ဖြင့်...။


သူ့ပတ်လည်က လေထုက နှေးကျသွားပြီး မည်းမှောင်ကာ ညှိုးငယ်နေသည်။


ချူဟွိုက်က နောက်ဆုံးတွင် ထိုအမျိုးသမီးကြီးဆီ လျှောက်သွားလိုက်ပြီး ကလေးကို လက်နှစ်ဖက်လုံးနှင့် အသာအယာ ချီထားလေသည်။


ထိုကောင်လေး၏ အဝတ်အစားများက တောက်ပြောင်ပြီး သပ်သပ်ရပ်ရပ် ဖြစ်နေကာ အရည်အသွေးကောင်းသည့် ချည်သားနှင့် ချုပ်ထားခြင်း ဖြစ်သည်။ ကောင်ငယ်လေး၏ မျက်လုံးများက တင်းတင်းစေ့ပိတ်ထားပြီး မျက်တောင်ရှည်ကြီးများက ထင်ရှားနေကာ ပါးစပ်ကလည်း ဟစိဟစ်ဖြစ်နေသည်။ နေ့လည်စာစားပြီး တရေးမှေးနေသည့်အတိုင်း ဆံပင်အုပ်အုပ်ကလေးကလည်း မျက်နှာပေါ် အနည်းငယ် ပွတ်တိုက်သွားသည်။ သို့သော်လည်း သူက နိုးထလာနိုင်တော့မည် မဟုတ်မှန်း လူတိုင်း သိကြလေသည်။


ချူဟွိုက်က ယခင်ကတည်းက သုံးခဲ့သည့် အပြုံးကို ဘေးဖယ်ထားလိုက်သည်။ သူ့တွင် ပြတ်သားပြီး ဂရုမစိုက်တတ်သည့် စိတ်ဓါတ်မျိုးရှိကာ အရပ်ရှည်ရှည်နှင့် လှပပြီး ဟိုးအဝေးက တောင်တစ်ခုလို မတုန်မလှုပ် မျက်နှာအမူအရာမျိုး ရှိသည်။ လူတိုင်း၏ အမြင်တွင် သူ့ပုံစံက မျက်ရည်ခိုးဝေနေသော်လည်း ဓာတ်ပုံရိုက်ပြီး သိမ်းထားချင်မိသည့် အလှအပတို့ ဖုံးလွှမ်းနေသည်။


သွေးနီလရောင်အောက်တွင် နတ်ဘုရားက နတ်သားကလေးကို ချီထားရင်း အနည်းငယ် ကုန်းလိုက်သည်။


အမျိုးသမီးက သူမ၏ သေနေသော ကလေးကို တုန်တုန်ယင်ယင် လက်များနှင့် ယူလာသည်။ သူမက လေထုထဲ တစ်ခုခု ပြောင်းလဲသွားမှန်း သတိထားမိသွားသလို ခေါင်းမော့ပြီး မျှော်လင့်ချက်ပြည့်နေသည့် မျက်လုံးများနှင့် ချူဟွိုက်ကို ကြည့်လာသည်။


သူမက ကလေး၏ အဝတ်အစားများကို တင်းတင်းဆုပ်ကိုင်ထားရင်း လက်ချောင်းများက တွန့်လိမ်စပြုလာသည်။


"ကျွန်မမှာ သူ့အသက်ပြန်ရှင်နိုင်မယ့် နည်းလမ်းတစ်ခု ရှိတယ်" ချူဟွိုက်က တည်တည်ငြိမ်ငြိမ် ပြောလာသည်။


သူ့အသံက အမှောင်ယံကို ထိုးဖောက်ဝင်ရောက်လာသည်။


ထိုအမျိုးသမီးက ဝမ်းသာလွန်း၍ မျက်ရည်လည်မိသည်။ ထိုအချိန် သူမ ဝမ်းသာလွန်း၍ စကားနှင့် မည်သို့ ဖော်ပြရမှန်း မသိတော့ချေ။


စုန့်ချန်၏ မျက်လုံးများက အနည်းငယ် ညွတ်ကျသွားရင်း သူ့မျက်လုံးထက် အရောင်တစ်ခု လက်လာသည်။ 


ကျင်းထျန်းယိက နှုတ်ခမ်းတင်းတင်းစေ့ပြီး လျှောက်သွားကာ ချူဟွိုက်နောက်တွင် တိတ်တိတ်လေး ရပ်လိုက်သည်။


သူ၏ ကျိုးပဲ့လွယ်သော နောက်ကျောကို တစ်ပါးသူများထံ မပြသသင့်ပေ။


ချူဟွိုက်...သူက နတ်ဘုရားလား။


ကျင်းထျန်းယိက မျက်လွှာချလိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။


ချူဟွိုက်က လူကယ်ပြီးတော့ သူ့ရဲ့ ဇစ်မြစ်ကို ပြလာရင်ရော...။ ဒါက သူသိတဲ့ ချူဟွိုက်ပဲလေ။ အသက်ရှင်ဖို့ လိုလားတောင့်တနေပေမယ့် သူ့ရဲ့ ကိုယ်ပိုင်စည်းမျဥ်းတွေကို ဘယ်တော့မှ ချိုးဖောက်မယ့်သူ မဟုတ်ဘူး။


သူနှင့်အတူ ဒီမှာ ရှိနေတဲ့အတွက် သူသာ နတ်ဘုရားကို မကာကွယ်နိုင်ရင် သူက ဘုရားသခင်ကို မယုံကြည်ဘူးဆိုတဲ့ သဘော သက်ရောက်သွားမှာပေါ့။


" ကျွန်မမှာ သူ ဒီကမ္ဘာကြီးထဲကနေ ထွက်သွားလို့ရနိုင်မယ့် နည်းလမ်းတစ်ခုလည်း ရှိတယ်" ချူဟွိုက်က ထပ်ပြောလာသည်။


ထိုအမျိုးသမီးက နောက်ဆုံး စကားပြောနိုင်သွား၍ အက်ကွဲနေသည့် အသံနှင့် ငိုပြီး ပြောလာသည်


 " တောင်းဆိုပါတယ်။ ကျေးဇူးပြုပြီး သူ့ကို ကယ်ပေးပါ"


သူမမျက်လုံးထဲ ခိုင်မာသည့် ယုံကြည်ချက်တစ်ခု ရှိနေသည်။


အကြောင်းတစ်ချို့ကြောင့် သူမရှေ့က နူးနူးညံ့ညံ့လူတစ်ယောက်အပေါ် မျှော်လင့်ချက်တို့ ပုံအောမိသည်။ 


ချူဟွိုက်က သူမ၏ မျက်နှာအမူအရာနှင့် ဆုံတွေ့လိုက်သည့်အချိန် ရင်မောမိသည်


 " သူ့ကို ကယ်နိုင်တာ ကျွန်မ မဟုတ်ပါဘူး။ ရှင်ပဲ။ ကျွန်မကို တောင်းဆိုဖို့ မလိုပါဘူး။ ကျွန်မက ရှင့်ကို ရွေးချယ်စရာပဲ ပေးနိုင်မယ်"


"ရှင့်ရဲ့ အသက်ကို ပေးလိုက်နိုင်လား..."


သူက စကားရပ်သွားပြီးမှ အနေခက်သလို ပြုံးလိုက်ရင်း " ကလေးရဲ့ အသက်နဲ့ အလှဲအလှယ်လုပ်ဖို့..."


အမျိုးသမီး၏ မျက်နှာသွင်ပြင်က တစ်စက္ကန့်မျှ အေးခဲသွားပြီးနောက် အမြန် ခေါင်းညိမ့်ပြလာရင်း မျက်ရည်သွင်သွင် စီးကျလာသည်။


" သူသာ အသက်ရှင်လျက်နဲ့ ဒီနေရာကနေ ထွက်သွားနိုင်သရွေ့ ငါ သေသွားလည်း ကိစ္စမရှိဘူး။ တောင်းဆိုပါတယ်။ ကျေးဇူးပြုပြီး သူ့ကို ကယ်ပေးပါ" 


သူမက ကလေးကို တင်းတင်းကျပ်ကျပ် ပွေ့ပိုက်ထားပြီး ချူဟွိုက်ခြေထောက်ကို ပြေးဖက်လာသည်။


ချူဟွိုက်က ထိုင်ချလိုက်ပြီး ဒူးတစ်ဖက်ထောက်ရင်း ထိုအမျိုးသမီးနားကို တိုးတိုးပြောလိုက်သည်။


ထိုအမျိုးသမီး၏ မျက်လုံးများက ဝမ်းနည်းရိပ်သန်းသွားသော်လည်း သူမမျက်နှာက ခါးသက်သက် အပြုံးတစ်ခု ဖြစ်တည်လာသည်။


ယခုတွင် ထိုအမျိုးသမီးက ဖုန်မှုန့်နှင့်မခြား ဖြစ်နေသည်။ သို့သော်လည်း ကလေး၏ မျက်နှာကို တွေ့သောအခါ ဖုန်မှုန့်က ရုတ်တရက် အသက်ဝင်လာသလို ချက်ချင်း ဆုံးဖြတ်ချက်ချလာသည် 


" ငါ သေပေးရဲတယ်"


ချူဟွိုက်၏ မျက်နှာက အနည်းငယ် ရှုပ်ထွေးလာသည် " ကျွန်မ ရှင့်ကို လိမ်မှာ မကြောက်ဘူးလား" 


“မင်းက လူကောင်းပဲ။ ငါ ပြောနိုင်တယ်" ထိုအမျိုးသမီးက တုံ့ဆိုင်းမနေပဲ ချက်ချင်း ဖြေလာသည်။


" ပြီးတော့ သူသေသွားတာကြောင့် ငါလည်း အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး။ သူက ငါ့ရဲ့ အရာရာပဲ။ ပြောရရင် ငါ့ဘဝထက်တောင် အရေးကြီးသေးတယ်။ သူမရှိတဲ့ ဘဝမှာ နေလို့လည်း ဘာမှအသုံးမဝင်တော့ဘူး။ ဒါကြောင့် ရွေးချယ်စရာ တစ်ခုပဲ ရှိရင်တောင် ငါ ကြိုးစားနေဦးမှာပဲ"


ချူဟွိုက်က အသံတိတ်သွားသည်။


" ငါ့မှာ နောက်ထပ် တောင်းဆိုစရာ ရှိသေးတယ်" ထိုအမျိုးသမီးက ခေါင်းမော့ပြီး ချူဟွိုက်ကို စိုက်ကြည့်လာသည်။


သူမ၏ မျက်လုံးများက တလက်လက် တောက်ပနေသည်။


သူမက ချူဟွိုက်ကို အချိန်နှင့် တည်နေရာကို ပြောပြလိုက်သည်။


"အန်အန့်ကို သူ့မိဘတွေဆီ ပြန်ပို့ပေးစေချင်တယ်။ သူတို့အတွက် စိတ်မကောင်းဖြစ်မိလို့ပါ" 


ထိုအမျိုးသမီးက စကားဆုံးသွားသည်နှင့် ရှက်စိတ်ကြောင့် ခေါင်းငုံ့ထားလေသည်။


ချူဟွိုက်က စကားတစ်ခွန်း မဆိုပဲ ခေါင်းသာ ညိမ့်ပြပြီး ကလေးကို သူမဆီမှ ယူလိုက်သည်။


" ငါ ကျန်းချွမ်ဖန့်ကို သရဲအဖြစ် သတ်မှတ်တယ်" 


သူမ ပြောပြီးသည်နှင့် မျက်ရည်များက အုပ်မှိုင်းနေသော မျက်နှာထက် တစ်လိမ့်လိမ့် စီးကျလာပြီး သူမ၏ အနည်းငယ် ကြမ်းတမ်းနေသော လက်ပေါ် တစက်စက် ကျလာသည်။


စုန့်ချန်၏ မျက်နှာက လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ကျန်းချွမ်ဖန့်က ဘယ်သူလဲ။ သူမ မျက်မှောင်ကြုတ်မိသည်။ ကိစ္စများက သူမထင်ထားသည်ထက် ကျော်လွန်နေမှန်း သိသာနေသည်။


သွေးနီရောင် စာတန်းကြီးက ထိုအမျိုးသမီး၏ ခေါင်းထဲ ပေါ်လာသည် - ပြိုင်ပွဲဝင် ကျန်းချွမ်ဖန့်က ကျန်းချွမ်ဖန့်ကို သရဲအဖြစ် သတ်မှတ်လိုက်တဲ့အတွက် သရဲအဖွဲ့ထဲကို အလိုလိုရောက်သွားပါတယ်။ 


ထိုအမျိုးသမီးက စိတ်ပျော်သွားသလို မျက်ရည်တို့ အိုင်ဖွဲ့နေသည်။


ဒါအမှန်ပဲ။ သူမရှေ့ကလူက မလိမ်ခဲ့ဘူးပဲ။ သူမသားလေး အသက်ရှင်နိုင်တော့မယ်။


ထိုအမျိုးသမီးက တုန်ယင်နေသည့် လက်တစ်ဖက်ကို ထုတ်ပြီး သူမသားဖြစ်သူ၏ မျက်နှာကို အသားမာတက်နေသည့် လက်ချောင်းထိပ်များနှင့် ထိလိုက်သည်။ သူမ၏ အိုမင်းပြီး မာကျောနေသည့် အသားအရေက ကလေး၏ နူးနူးညံ့ညံ့ အသားအရေလေးကို ခြစ်မိသွားမှာစိုးသည့်နှယ် သတိထားနေရသည်။


နောက်ထပ် သွေးနီရောင် စာတန်းကြီးက ပေါ်လာသည် - ပြိုင်ပွဲဝင် ကျန်းချွမ်ဖန့်က ကျန်းချွမ်ဖန့်ကို ဒုတိယအကြိမ်အဖြစ် သတ်မှတ်ချင်ပါသေးလား။


အမျိုးသမီးက တွန့်ဆုတ်မနေပဲ ဖြေလာသည် " ငါ ကျန်းချွမ်ဖန့်ကို ဒုတိယအကြိမ် သရဲအဖြစ် သတ်မှတ်တယ်"


သွေးနီရောင် စာတန်းကြီးက ပေါ်လာသည် - ဇစ်မြစ်ဖော်ခြင်း မှားယွင်းနေပါသည်၊ မကြာမီ သရဲ၏ သုတ်သင်ရှင်းလင်းခြင်းကို ခံရတော့မည် ဖြစ်သည်။


ထိုအမျိုးသမီး၏ မျက်လုံးထဲ ကြောက်ရွံ့မှုတို့ ရောက်မလာမီ သွေးနီရောင် စာတန်းကြီးက ထပ်ပေါ်လာသည်။


 -နတ်ဘုရားရဲ့ တည်ရှိမှုကို အာရုံခံမိတဲ့အတွက် ယဇ်ပူဇော်ခြင်း စတင်ပြီ။


သူမသားလေးကို ကယ်တင်နိုင်ပြီ။ ဒီနည်းလမ်းက တကယ် အသုံးဝင်တာပဲ။


ထိုအမျိုးသမီးက မျက်ရည်တို့ သီးလာသည်။


ချူဟွိုက်ခေါင်းထဲ ရုတ်တရက် နာကျင်လာသည်။ သွေးနီရောင် စာတန်းကြီးက ပေါ်ပေါက်လာသည် - ကမ္ဘာကြီးက သာမန်လူတွေအပေါ် စိုးရိမ်မှုကို ပြသပေးဖို့ မင်းကို လိုအပ်နေတယ်။ ကျေးဇူးပြုပြီး သူတို့ရဲ့ ရင်တွင်းဖြစ် ဆန္ဒတွေကို နားထောင်ပေးလိုက်ပါ။


"ငါ့သားကို ဒီကမ္ဘာကြီးကနေ ထွက်သွားစေချင်တယ်" ထိုအမျိုးသမီးက နောက်ဆုံး စကားဆိုလာသည်။


သူမ၏ အပြုံးက ယခင်ကထက်ပိုပြီး စိတ်သက်သာရာရနေသည့်ပုံပင်။


ထူးဆန်းသည့် မြင်ကွင်းတစ်ခု ဖြစ်သွားခဲ့သည်။


သွေးနီရောင် မြူခိုးတို့က သူတို့အားလုံးကို လွှမ်းခြုံသွားပြီး ဖြစ်ပျက်နေသည့် အရာတို့ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ခက်သွားသည်။


ချူဟွိုက်က ကျောချမ်းဖွယ် ယင်ဓါတ်ပြည့်နေသည့် လေထုကို ခံစားမိသည်။ 


သူတို့ရှေ့က သွေးနီရောင် မြူခိုးထဲတွင် အားကောင်းပြီး နတ်ဆိုးဆန်သည့် အငွေ့အသက်တို့ ခိုအောင်းနေသည်။


သရဲအစစ်က နောက်ဆုံးတွင် ပေါ်လာပြီ ဖြစ်သည်။


ချူဟွိုက့်ရင်ထဲ စုပြုံနေသည့် သံသယများက နောက်ဆုံး ပွင့်ထွက်လာပြီး ဖြေရှင်းလိုက်နိုင်သွားသည်။


ရူးသွပ်ဖွယ် သွေးနီလရောင် မြို့တော်၏ အဓိကပန်းတိုင်က ...သူတို့ကြားထဲတွင် ပုန်းနေသည့် သရဲကို သတ်မှတ်ရန် ဖြစ်သည်။


ဤသည်က ဝမ်းနည်းဖွယ်ရာ ယဇ်ပူဇော်ခြင်း မဟုတ်ပဲ အသက်ရှင်နိုင်မည့် နည်းလမ်းအမှန် ဖြစ်သည်။


ယဇ်ပူဇော်ခြင်းက အသက်ရှင်နိုင်မည့် နည်းလမ်းထဲမှ အရေးပါသည့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ 


သူတို့အကုန်လုံး မှားနေကြတာ။


အစကတည်းက သူတို့လုပ်တာတွေ မှားနေခဲ့တာ။


ချူဟွိုက်က ရူးသွပ်ဖွယ် သွေးနီလရောင် မြို့တော်၏ ညွှန်ကြားချက်ကို ရုတ်တရက် အမှတ်ရသွားသည်။ သွေးနီလ ၊ ရူးနေတဲ့သူ။


သွေးနီလသာနေသည့် အချိန်အတွင်း ရူးရူးမူးမူး လူသတ်နေကြသည့် သူများက သရဲ မဟုတ်ပဲ လူသားများ ဖြစ်သည်။


ထို့ကြောင့် လူတစ်ယောက်ကို ပထမအကြိမ် သတ်မှတ်ပြီးသည်နှင့် သရဲအဖွဲ့ထဲ အလိုလိုကျသွားသည့် အကြောင်းရင်းကလည်း အဖြေထွက်လာပြီ ဖြစ်သည်။


ဘာလို့လဲဆိုတော့ ဒီလူတွေက သရဲအဖွဲ့ထဲ ကျသွားရင်တောင် သူတို့က လူဖြစ်နေတုန်းပဲလေ။ 


အစကနေ အဆုံးထိ ဒါက လူသတ်နေတဲ့ ဂိမ်းကြီးပဲ။


သူတို့ကို ကမ္ဘာကြီးက ကစားနေတာ။


ကမ္ဘာကြီးက သူတို့ကို တစ်ယောက်နဲ့တစ်ယောက် လိုက်သတ်စေချင်တာ။


ဒီလိုမဟုတ်ရင် သရဲအဖွဲ့မှာ ဆင့်ခေါ်ခြင်းနဲ့ တည်နေရာရှာခြင်း ဆိုတဲ့ စွမ်းရည်နှစ်ခု ရှိမှာ မဟုတ်ဘူး။


သရဲက သရဲကို သတ်တာနဲ့ သရဲက လူကို သတ်တာလား။


မဟုတ်ဘူး။ နောက်ဆုံးမှာ လူက လူကို သတ်နေကြတာပဲ။


နတ်ဆိုးလို စိတ်ဓါတ်ရှိတဲ့သူတွေက သရဲတွေပဲ။


သွေးနီရောင် မြူခိုးတို့ လွင့်စင်သွားချိန် ထိုအမျိုးသမီးက မြေကြီးပေါ် ထူးဆန်းသည့်အနေအထားအတိုင်း လှဲနေပြီး သူမမျက်လုံးက မယုံကြည်နိုင်မှုများနှင့် ပြည့်နေသည်။


သရဲက ရောက်လာပြီး သူမ၏အသက်ကို နုတ်ယူသွားခဲ့သည်။ သူမက အသက်တစ်ချက်မှ မရှူတော့၍ ယဇ်ပူဇော်ခြင်းဖြစ်စဥ်က ပြီးမြောက်သွားပြီ ဖြစ်သည်။


အမျိုးသမီး၏ မျက်လုံးအစုံက ပြူးကျယ်နေသည်။ ချူဟွိုက်က သူမအကြည့်တို့ ဦးတည်ရာအတိုင်း လိုက်ကြည့်မိရာ စုန့်ချန်ကို တွေ့လိုက်ရသည်။



👻