Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း
Chapter 42 (3 of Spades – ငွေကြေးအကျပ်အတည်း ၀၂၊ ငွေရှာနည်းများ)
သူတို့ နေ့လယ်စာစားပြီးသောအခါ နေ့လယ်ခင်းသာ ရှိနေသေးသည်။ သုံးယောက်သား စားသောက်ဆိုင်မှ ထွက်သွားပြီး မြို့ကို လှည့်ပတ်ကြည့်ကြသည်။
ပူပြင်းသော မွန်းတည့်နေရောင်သည် ခေါင်းပေါ်မှာ တွဲလောင်းကျနေပြီး လမ်းများ အရည်ပျော်လုနီးပါး ဖြစ်နေသည်။ မြေပြင်ကိုထိလိုက်သော သူတို့၏ခြေထောက်များသည် ပူပြင်းလာပြီး ဆွယ်တာအင်္ကျီများဝတ်ထားသော ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် လမ်းသွားလမ်းလာများ၏ အာရုံစိုက်မှုကို မကြာခဏ ခံရလေ့ရှိသည်။ ရှောက်လုံသည် နေပူခံပြီး နွေရာသီအဝတ်အစားများကို ဈေးသက်သက်သာသာနှင့် ဝယ်ရန်အတွက် အဖွဲ့ခေါင်းဆောင်ယွီနှင့် အလျင်အမြန်သွားကာ အထည်ဆိုင်ကိုရှာဖွေခဲ့သည်။
ရှောက်ချင်းကော်သည် လက်ရှည်အင်္ကျီကိုဝတ်ထားပြီး လက်တိုအင်္ကျီတစ်ထည်ကိုလည်း ဝယ်ခဲ့သည်။
အဝတ်အစားလဲပြီး ရှောက်လုံသည် သူ့အိတ်ကပ်ထဲက လက်ကျန်ငွေကို ရေတွက်လိုက်သည်။ သူ့မှာ ရွှေဒင်္ဂါး 185,000 ကျန်သည်။
လျှို့ဝှက်ခန်းထဲသို့ ဝင်ပြီးနောက် A of Clubs သည် စိန်ခေါ်သူ တစ်ဦးလျှင် ယွမ် 1,000 နှင့်ညီမျှသော ရွှေဒင်္ဂါး 100,000 ကို ထောက်ပံ့ပေးခဲ့သည်။ သာမာန်စျေးနှုန်းများရှိသောကမ္ဘာတွင် ဤပမာဏက တစ်ပတ်ကြာရပ်တည်ရန် ပြဿနာမရှိဘူး။ ချွေတာတတ်သူတစ်ယောက်ဆိုရင် တစ်လခွဲတောင် ကြာနိုင်သည်။
ငွေကြေးအကျပ်အတည်းက မနက်ဖြန်မနက်အထိ မထွက်ပေါ်သေးဘူး။ စိန်ခေါ်သူများသည် ဒီနေ့အတွက် ပြင်ဆင်စရာတွေ ရှိနေပါသည်။
လမ်းဘေးတွင် စူပါမားကတ်ငယ်များ၊ စီးကရက်နှင့် အရက်ဆိုင်များနှင့် 24 နာရီစတိုးဆိုင်များကို ဖွင့်လှစ်ထားသည်။ ရှောက်လုံသည် ကုန်ပစ္စည်း အမျိုးအစားအားလုံးကို ကြည့်ရှုရန် ဝင်သွားပြီး သူ့စိတ်က ရွှေဒင်္ဂါးများကို ယွမ်အဖြစ် အလိုအလျောက် ပြောင်းလဲပေးခဲ့သည်။ တွင်းထွက်ရေတစ်ပုလင်းလျှင် နှစ်ယွမ်ဖြစ်သဖြင့် ဈေးနှုန်းများမှာ ပုံမှန်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အချိန်ကာလများစွာ ရှိပါသေးသည်။ ရှောက်လုံက ယွီဟန်ကျန်း၏နားထဲကို တိုးတိုးလေးပြောလိုက်သည်။
"ရှောက်ချင်းကော် ဘယ်လိုငွေရှာမလဲဆိုတာသိဖို့ ကျွန်တော်တို့ သူ့နောက်ကိုလိုက်သင့်တယ်"
ယွီဟန်ကျန်းမှာ ဘာအထင်အမြင်မှမရှိသဖြင့် သူတို့သည် ရှောက်ချင်းကော်နှင့်အတူ လောင်းကစားရုံရှာရန် အတူတကွသွားကြသည်။
ပြည်တွင်းသတင်းအချက်အလက်များကို မေးမြန်းရန် အကောင်းဆုံးနည်းလမ်းမှာ တက္ကစီယာဉ်မောင်းကို မေးမြန်းခြင်းဖြစ်သည်။ တက္ကစီယာဉ်မောင်းအများစုသည် နိုင်ငံခြားခရီးသွားများနှင့် တွေ့ကြုံရသောအခါတွင် မြို့ကို နွေးထွေးစွာ မိတ်ဆက်ပေးကြသည်။ လမ်းက အလွန်ပူပြီး လူသုံးယောက်သည် တက္ကစီတစ်စီးကို တားလိုက်ပြီး လေအေးပေးစက်ကိုခံရန် အထဲကို ဝင်သွားသည်။
ရှောက်လုံက ယဉ်ကျေးစွာပြောသည်။
"ကားဆရာ… ကျွန်တော်တို့က နိုင်ငံခြားသားတွေပါ… ရင်းနှီးအောင် ကျေးဇူးပြုပြီး ကျွန်တော်တို့ မြို့ထဲပတ်ပြီး ခေါ်သွားပေးပါ"
ယာဉ်မောင်းက ပြုံးလိုက်သည်။
"မင်္ဂလာပါ… ငါမင်းတို့ကို အထူးအဆာပြေမုန့်တွေ အကြံပေးရမလား"
ရှောက်လုံက သူ့ကို ပြောလိုက်သည်။
"မလိုပါဘူး"
သူတို့ ဒီကို လည်ပတ်ဖို့ လာတာ မဟုတ်ဘူး။
ယာဉ်မောင်းက လူသုံးယောက်ကို ခေါ်သွားသည်။ ပတ်ဝန်းကျင်နှင့် ရင်းနှီးလာရန် သူတို့က ပြတင်းပေါက်ကို စေ့စေ့ကြည့်နေကြသည်။
3 of Spades ၏ကမ္ဘာသည် သေးငယ်သောမြို့ဖြစ်သည်။ အဓိကလမ်းများမှာ အရှေ့လမ်း၊ အနောက်လမ်း၊ တောင်လမ်းနှင့် မြောက်လမ်းများဖြစ်သည်။ ဤလမ်းလေးခု၏ဆုံရာတွင် ဗဟိုရင်ပြင်တစ်ခုအပြင် ကုန်တိုက်တစ်ခုနှင့် ‘လမ်းဆုံစူပါမားကတ်ကြီး’ ရှိသည်။
လမ်းမကြီးလေးလမ်းသည် နှစ်လမ်းသွား၊ လေးလမ်းသွားဖြစ်ပြီး အလွန်ကျယ်ပါသည်။ အခြားလမ်းများမှာ အဓိကလမ်းမကြီးလေးလမ်းနှင့် ဆက်သွယ်ထားသည့် နှစ်လမ်းသွား ၊တစ်လမ်းသွားဖြစ်သည်။ တစ်မြို့လုံးသည် စတုရန်းပုံဖြစ်ပြီး မှတ်မိရန်လွယ်ကူသည်။
ယာဉ်မောင်းက နေရာကို အားရပါးရ မိတ်ဆက်ပေးသည်။
"ဒီနေရာက ကမ္ဘာမှာ အနိမ့်ဆုံးဈေးနှုန်းတွေရှိပြီး နေရတာ အရမ်းအဆင်ပြေတယ်… လူငယ်တွေအပေါ် ဖိအားက နည်းပြီး ပေါင်နှံမှုရဲ့ 80% ကို ပိုလျှံနေတဲ့ လုပ်ခလစာနဲ့ ပေးချေနိုင်တယ်"
ရှောက်ချင်းကော်က ပေါ့ပါးစွာမေးရန် ဟန်ဆောင်လိုက်သည်။
"လောင်းကစားရုံတို့၊ ကာစီနိုတို့၊ အဲဒီလိုနေရာမျိုးတွေ မရှိဘူးလား"
ယာဉ်မောင်းက နှာခေါင်းရှုံ့လိုက်သည်။
"ဟင့်အင်း… ငါတို့က ဒီနေရာမှာ သက်ကြီးရွယ်အိုစောင့်ရှောက်ဖို့အတွက် သင့်လျော်တယ်… အများစုကတော့ အဘွားအိုတွေက မာကျောက်စားပွဲတွေ အနည်းငယ်ကို ပြင်ဆင်ကြတယ်… လောင်းကစားလုပ်ချင်ရင်တော့ လမြို့ကို သွားလို့ရတယ်… အဲဒီမှာ ချမ်းသာတဲ့သူတွေ အများကြီးရှိပြီး အရမ်းပရော်ဖက်ရှင်ကျတဲ့ အကြီးစားကာစီနိုလောင်းကစားရုံတွေ ရှိတယ်"
ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်သည်။ တက္ကစီစီးခြင်းမှ သတင်းအချက်အလတ်များစွာရရန် သူတို့မမျှော်လင့်ထားခဲ့ကြပေ။
လမြို့တဲ့လား… ရှောက်လုံက မနေနိုင်စွာ မေးလိုက်သည်။
"လမြို့ဆိုတာ ဘာလဲ"
ယာဉ်မောင်းသည် သူ့ကို မကောင်းဆိုးရွားတစ်ကောင်ကဲ့သို့ မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်သည်။ "ကမ္ဘာ့အကြီးဆုံးမြို့လေ… ဒါကိုတောင် မသိဘူးလား… မင်းတို့က ဘယ်ကလာတာလဲ" သူ၏အမူအရာသည် ‘မင်းတို့သုံးယောက်က ကမ္ဘာကြီးကို တစ်ခါမှမမြင်ဖူးဘူး’လို့ ပြောနေပုံရသည်။
အထင်အမြင်သေးခံနေရသော လူသုံးယောက်: "…"
သူတို့ တကယ်မသိတာဖြစ်သည်။ သူတို့သည် နိုင်ငံခြားသားများသာမက အခြားကမ္ဘာမှပင်ဖြစ်သည်။
ရှောက်လုံက ရဲတင်းစွာ ပြန်ပြောလိုက်သည်။
"အိမ်ရဲ့အခြေအနေက သိပ်မကောင်းတော့ ကျွန်တော်တို့ ညီအစ်ကိုသုံးယောက်က အပြင်သိပ်မထွက်ကြဘူး… ဒါက ကျွန်တော်တို့ ပထမဆုံးအကြိမ် အပြင်ထွက်ဖူးတာပဲ"
"အိုး… အံ့ဩစရာမရှိပါဘူး… လမြို့က နေရာကောင်းတစ်ခုပဲ… လူဦးရေ သန်းဆယ်ချီရှိတဲ့ မြို့ကြီးတစ်မြို့ဖြစ်ပေမဲ့ ဈေးနှုန်းတွေက အရမ်းဈေးကြီးတယ်… အဲဒီနေရာရဲ့ဈေးနှုန်းတွေက ဒီနေရာထက် သုံးဆ၊လေးဆလောက်ရှိနိုင်တယ်… အခွင့်အရေးရရင် မင်းတို့လည်း သွားကြည့်သင့်တယ်"
ရှောက်လုံ၏ရင်ထဲတွင် အယူအဆတစ်ခု ရုတ်တရက် ပေါ်လာသည်— အဓိကမြို့။
ဤကမ္ဘာမှာ ဂိမ်းကစားသူ၏ အဓိကမြို့တစ်မြို့ ရှိပါသလား။
သူသည် မြို့လယ်ရှိ စူပါမားကတ်အသစ်မှ မထွက်ခွာမီ ဒေသပေါက်ဈေး၊ လုပ်ခ၊ အိမ်ဈေးစသည်ဖြင့် တက္ကစီယာဉ်မောင်းနှင့် စကားပြောဆိုခဲ့သည်။
ရှောက်လုံက ပါးစပ်ကို ဖွင့်လိုက်သည်။
"လမြို့က စိန်ခေါ်သူတွေရဲ့ အဓိကမြို့ ဒါမှမဟုတ် လျှို့ဝှက်ခန်းတွေကမ္ဘာရဲ့ ‘ဗဟိုမြို့တော်’ဖြစ်နိုင်တယ်… ယာဉ်မောင်းက အချက်အလက်တွေကို ထုတ်ဖော်ပြောရဲတဲ့အတွက် အဲဒါက လျှို့ဝှက်ချက်မဟုတ်ဘူးဆိုတာ ပြသနေတယ်"
ယွီဟန်ကျန်း: "ကိုယ်တို့ ယာယီတော့ အဲဒီသွားလို့မရဘူး… နောက်ပိုင်းမှာ အခွင့်အရေးရှာပြီး အဲဒီမှာ ကိုယ်တို့သိတဲ့သူတွေလည်း ရှိကောင်းရှိနိုင်တယ်"
ရှောက်လုံက သဘောတူညီမှု အသံထွက်ပြီး ရှောက်ချင်းကော်ကို ကြည့်လိုက်သည်။
"ဒီမှာ ကာစီနိုတွေ မရှိဘူး… မစ္စတာရှောက်ရဲ့အစီအစဉ်က ဘာလဲ"
ရှောက်ချင်းကော်သည် မဝေးလှသော မိုးမျှော်တိုက်ကို မျှော်ကြည့်ကာ မျက်လုံးများကို ကျဉ်းမြောင်းထားသည်။
"ငါ့ရဲ့လုပ်ငန်းဟောင်းကို ပြန်သွားရုံပဲရှိတာပေါ့"
ရှောက်လုံက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
"စတော့တွေဝယ်တာလား"
ရှောက်ချင်းကော်၏ မျက်လုံးများ အာရုံစိုက်ထားသည့်နေရာသည် 'စတော့ရှယ်ယာရောင်းဝယ်ရေးစင်တာ' ဟူသော စကားလုံးဖြင့် အဆောက်အဦးတစ်ခုဖြစ်သည်။ ထို့အပြင် သူ၏အလုပ်အကိုင်မှာ စတော့ရောင်းဝယ်သူတစ်ဦးဖြစ်သောကြောင့် ရှောက်လုံသည် ငွေရှာရန် ပရော်ဖက်ရှင်နယ်နည်းလမ်းများကို အသုံးပြုမည်ဟု သဘာဝကျကျ ထင်မြင်ခဲ့သည်။
သို့သော် စတော့ရှယ်ယာဈေးကွက် ထိုးကျသည်အထိ အချိန်များစွာ မပေးနိုင်ခဲ့ပေ။ နေ့တစ်ဝက်ပဲကျန်တော့သည် မဟုတ်ပါလား။
ရှောက်ချင်းကော်က ရှောက်လုံ၏ သံသယတွေကို မြင်ပြီး ရှင်းပြခဲ့သည်။
"ဒီကမ္ဘာက စတော့ဈေးကွက်ဟာ ကမ္ဘာအစစ်နဲ့ အတူတူပဲလားဆိုတာ ငါရှာဖွေကြည့်ရမယ်… အဲဒါက T+1 ရောင်းဝယ်ရေးစနစ်ဖြစ်ဆိုရင် အရမ်းနောက်ကျနေပြီ… T+0 ဆိုရင် ကစားဖို့ နေရာကျန်သေးတယ်… မင်းတို့ သွားကြည့်ချင်သလား"
ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်ကာ အနောက်ကနေ လိုက်သွားသည်။
သူတို့သည် စတော့ရှယ်ယာများကို နားမလည်သော်လည်း ဤကမ္ဘာတွင် စတော့ရှယ်ယာရောင်းဝယ်ရေးဈေးကွက်တစ်ခုရှိကာ သူတို့သုံးယောက် 3 of Spades ထဲဝင်လာချိန်တွင် စတော့ရှယ်ယာများက မနက်ဖြန်နံနက် 8 နာရီတွင် ထိုးကျသွားမည်ဖြစ်ကြောင်း အကြံပြုချက်ပေးခဲ့သည်။ ရှောက်ချင်းကော်၏ ကျွမ်းကျင်မှုသည် ဒီစီးပွားရေးလျှို့ဝှက်ခန်းတွင် အဆင်ပြေသွားပေလိမ့်မည်။
လူသုံးဦးသည် စတော့ခန်းမထဲသို့ ဝင်သွားကာ စတော့ရှယ်ယာရောင်းဝယ်ရေးတွင် နေထိုင်သူအများအပြားကို တွေ့လိုက်ရသည်။
ရှောက်ချင်းကော်သည် ကွန်ပြူတာတစ်လုံးကို တိုက်ရိုက်ရှာဖွေပြီး ဖန်သားပြင်ပေါ်ရှိ စတော့ရှယ်ယာအများအပြား၏ အတက်အဆင်း အကွေ့အကောက်များကို ကြည့်ရှုခဲ့သည်။ ထို့နောက် သူက ဝန်ထမ်းများအား မေးခွန်းအချို့မေးရန် သွားကာ ရှောက်လုံနှင့် ယွီဟန်ကျန်းတို့ဆီ သွားခဲ့သည်။
သူသည် ပေါ့ပါးသောအသံဖြင့် သူတစ်ပါး၏အာရုံကို မဆွဲဆောင်ရန် ကြိုးစားခဲ့သည်။
"ဒီမှာ စတော့စျေးကွက်က T+0 ရောင်းဝယ်ရေးစနစ်ဖြစ်ပြီး လက်တွေ့ကမ္ဘာက US စတော့တွေနဲ့ ဆင်တူတယ်… အဲဒါကို တစ်နေ့တည်းဝယ်ရောင်းလို့ရတယ်… စတော့ရှယ်ယာတွေကို အတိုချုံးနိုင်ပြီး ငွေပေးငွေယူပမာဏနဲ့ အကြိမ်အရေအတွက်အပေါ် ကန့်သတ်ချက်မရှိဘူး…" သူက တိုင်ကပ်နာရီကို လှည့်ကြည့်လိုက်သည်။ "ဆိုင်ပိတ်ချိန်က ညနေငါးနာရီဖြစ်ပြီး သုံးနာရီကျန်သေးတယ်"
ရှောက်လုံက မေးလိုက်သည်။
"ဒါက အရှိန်ကောင်းကောင်းရထားတဲ့ စတော့တချို့ကို ဝယ်ပြီး ငွေရှာဖို့ မပိတ်ခင်မှာ ရောင်းနိုင်တယ်ဆိုတာ ဆိုလိုတာလား"
"ဟုတ်တယ်… အခု ငါ့မှာ ‘အမြန်ငွေ’ မရှိဘူး။ ဆိုလိုတာကတော့ တည်ငြိမ်ပြီး လျင်မြန်စွာ ရွေ့လျားနေတဲ့ စတော့တွေကို ရှာဖွေခြင်းပဲ… မြင့်တက်လာတဲ့စတော့တွေကို များများကိုင်ပြီး မြန်မြန်ရောင်းခြင်းနဲ့ ငါငွေနည်းနည်းလောက်ရနိုင်တယ်"
ရှောက်လုံက တွေးလိုက်မိသည်။
"ခင်ဗျားရဲ့ ကနဦးအရင်းအနှီးက ရွှေဒင်္ဂါး 100,000 ဖြစ်ပြီး သုံးနာရီကျန်သေးတယ်… ခင်ဗျားဘယ်လောက်ဝင်ငွေရနိုင်လဲ"
ရှောက်ချင်းကော်က စတော့ရှယ်ယာဈေးကွက်အကွေ့အကောက်ကို စောင့်ကြည့်ခဲ့သည်။
"နှစ်ဆတိုးတာလောက်တော့ ပြဿနာမရှိဘူး"
ရှောက်လုံ: "…"
ဤလူ၏ အမူအရာမှာ အလွန်ယုံကြည်မှုရှိပြီး ထိတ်တန်းမျဉ်းကွေးကို စိုက်ကြည့်ရင်း သူ့တစ်ကိုယ်လုံးက အလင်းရောင်တစ်မျိုးဖြင့် တောက်ပနေသည်။ ရှောက်လုံက ယွီဟန်ကျန်းကို တစ်ချက်ကြည့်လိုက်ပြီး တိုးတိုးပြောသည်။
"ခင်ဗျား သူ့ကို စမ်းကြည့်ခိုင်းဖို့ ပိုက်ဆံနည်းနည်းလောက်ပေးချင်လား"
ယွီဟန်ကျန်း: "မင်းပဲဆုံးဖြတ်လိုက်ပါ"
ငွေကြေးအင်အားသည် ရှောက်လုံ၏လက်ထဲတွင်ရှိပြီး ယွီဟန်ကျန်းသည် မည်သို့ပင်ဖြစ်စေ ငွေကို လုံးဝအာရုံမစိုက်ပေ။
ရှောက်လုံက ပြုံးပြီး သူ့အိတ်ကပ်ထဲက ရွှေဒင်္ဂါးတစ်ဝက်ကို ရှောက်ချင်းကော်အား ပေးလိုက်သည်။
"ဒါဆို ခင်ဗျား ကျွန်တော်တို့ စတော့ရှယ်ယာတွေ စျေးချဖို့ ကူညီပေးချင်လား"
"ပြဿနာမရှိဘူး" ရှောက်ချင်းကော်က ပြုံးလိုက်သည်။ "ဒါပေမဲ့ ငါက စာရင်းရှင်းနည်းကို သိတဲ့ ညီအစ်ကိုတစ်ယောက်ပါ… ငါမင်းကို ဘာမှမကြွေးချင်သလို မင်းလည်း ငါ့ကို ပိုက်ဆံအကြွေးတင်စရာမလိုဘူး… ငါမင်းကိုကူညီတဲ့ငွေအတွက် အမြတ်ကို 4:6 ခွဲမယ်… အလုပ်ကြိုးစားမှုရဲ့ 40 ရာခိုင်နှုန်းကို ငါလိုချင်တယ်"
"ကောင်းပြီ" ရှောက်လုံက ချက်ချင်း သဘောတူပြီး သူ့ကို 100,000 ပေးလိုက်သည်။
သူငွေရှာနိုင်သ၍တော့ အမြတ်၏ 40% ကို ပေးရတာ လုံးဝမရှုံးပါဘူး။
ရှောက်ချင်းကော်သည် စတော့ရှယ်ယာဈေးကွက်တွင် အကောင့်တစ်ခုကို အမြန်စာရင်းသွင်းပြီး ခန်းမအတွင်းရှိ အများသုံးကွန်ပျူတာကို အသုံးပြု၍ လော့ဂ်အင်ဝင်ရန် သူ၏လက်များနှင့် လက်ချောင်းများက ကီးဘုတ်ကို နှိပ်လိုက်သောအခါတွင် လွင့်ပျံသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူက စတော့တွေ အများကြီးဝယ်ခဲ့သည်။ သူဝယ်သော ရှယ်ယာတစ်ခုစီတိုင်းဟာ အများကြီးမဟုတ်ပေမဲ့ ကြီးမားသော ကုန်သွယ်မှုဈေးကွက်ကနေ တည်ငြိမ်သည့်စတော့တွေကို အမြန်ရွေးထုတ်ခဲ့သည်။ ဒီလူသည် တကယ့်ကို ပရော်ဖက်ရှင်နယ်ပီသပြီး သူ့မျက်လုံးများက စူးရှထက်မြက်သည်။
ကတ်ကမ္ဘာ၏ စတော့များကို တစ်နေ့တည်းတွင် ဝယ်ယူရောင်းချနိုင်သည်။ ရှောက်ချင်းကော်သည် အလွန်အဆင်ပြေစေသော အကောင့်တစ်ခုတည်း၏ ငွေပေးငွေယူ စုစုပေါင်းအရေအတွက်ကိုလည်း ကန့်သတ်မထားပေ။
ရှောက်လုံသည် ကွန်ပြူတာဖန်သားပြင်ပေါ်ရှိ အနီရောင်နှင့် အစိမ်းရောင် မျဉ်းကွေးအမျိုးမျိုးကို ကြည့်ပြီး ခေါင်းကိုက်လာသည်။ သူက ပြောလိုက်သည်။
"မစ္စတာရှောက်… ခင်ဗျား အလုပ်များနေပြီး မပိတ်ခင် ကျွန်တော်တို့ပြန်လာမယ်… ကျွန်တော်တို့အရင်ဆုံး အခြေချနေထိုင်ဖို့ နေရာရှာဖို့အတွက် အနီးနားကိုသွားလိုက်ဦးမယ်"
ရှောက်ချင်းကော်က ရှောက်လုံကို ပြန်ကြည့်လာသည်။
"ငါ ငွေထုပ်နဲ့ ထွက်ပြေးသွားတာကို မင်းမစိုးရိမ်ဘူးလား"
ရှောက်လုံက သိမ်မွေ့သောမျက်လုံးများဖြင့် ပြန်ကြည့်လိုက်သည်။
"မစ္စတာရှောက်က ထက်မြက်တဲ့လူတစ်ယောက်လို့ ကျွန်တော်ယုံကြည်တယ်"
ရှောက်ချင်းကော်နှင့် ရှောက်လုံတို့သည် တစ်ယောက်ကို တစ်ယောက် ခဏလောက် စိုက်ကြည့်ရင်း ရှောက်ချင်းကော်၏နှုတ်ခမ်းများ အနည်းငယ် ကြွလာသည်။
"မင်းတို့သွားပြီး 6 နာရီမထိုးခင် ပြန်လာခဲ့… ငါမင်းတို့ကို ညစာကျွေးမယ်"
ရှောက်လုံက ယုံကြည်မှုအပြည့်နဲ့ လှည့်ထွက်သွားသည်။
ရောင်းဝယ်ရေးအထပ်မှ သူတို့ ထွက်လာသောအခါ ယွီဟန်ကျန်းက သံသယဖြစ်စွာ မေးသည်။ "မင်း သူ့ကို အရမ်းယုံတာလား" ဒီလူက သူတို့ပိုက်ဆံယူဖို့ သတ္တိမရှိဘူးလို့ ယွီဟန်ကျန်းလည်း ခံစားမိသည်။ ထို့အပြင် သူတို့က ကမ္ဘာ့စံချိန်ကို အကြိမ်ကြိမ်ချိုးဖျက်ခဲ့ပြီး သူတို့၏နာမည်များကို ကြေညာခဲ့သည်။ ထက်မြက်သူတိုင်းက ရွှေဒင်္ဂါး 100,000 အတွက် ရန်သူလုပ်မည့်အစား သူငယ်ချင်းလုပ်ကာ ရေရှည်ပူးပေါင်းလုပ်ဆောင်ခြင်းက ပိုကောင်းကြောင်း သိလိမ့်မည်။
ရှောက်လုံက နူးညံ့စွာ ပြောလိုက်သည်။
"ရှောက်ချင်းကော်… ဒီလူအကြောင်း ခင်ဗျားအရင်က ကြားဖူးလား"
ယွီဟန်ကျန်းက ခဏလောက် မျက်မှောင်ကြုတ်ကာ ပြောလာသည်။
"ကိုယ်မသိဘူး"
ရှောက်လုံက ရှင်းပြသည်။
"သူက ထျန်းဟွမ်ရန်ပုံငွေရဲ့ ခေါင်းဆောင်ရှောက်ပဲ… အသက်ငယ်ငယ်နဲ့ အရမ်းကြီးမားတဲ့ ရန်ပုံငွေကုမ္ပဏီကို ကိုယ်တိုင်ဖန်တီးခဲ့ပြီး ကျန်းကျိုးမြို့ရဲ့ စွန့်ဦးတီထွင်ကိုယ်စားလှယ်ဖြစ်လာခဲ့တာ… သူ့နာမည်က ငွေကြေးချန်နယ်သတင်းတွေမှာ မကြာခဏပေါ်လာတတ်တယ်"
ရှောက်လုံက ဆက်ပြောသည်။
"ကျွန်တော်က ငွေကြေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး နည်းနည်းတော့ စိတ်ပူတတ်တာကြောင့် သူ့ကို TV မှာ အကြိမ်ပေါင်းများစွာ တွေ့ဖူးတယ်… အဲဒါကြောင့် သူ့ကို ကျွန်တော်တို့ပိုက်ဆံတွေ ပေးရဲတယ်… သူ့ပညာနဲ့ ကျွန်တော်တို့ရဲ့ ပိုက်ဆံနည်းနည်းလေးကို လိုချင်မှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်… သူက ဒီကမ္ဘာကြီးမှာ ရောင်းဝယ်ရေးစတော့တွေကနေ ငွေရှာချင်နေပြီး သူ့ကို နည်းနည်းလောက် ရာခိုင်နှုန်းပေးလိုက်တာက ကျွန်တော်တို့အတွက် မထိခိုက်ပါဘူး"
ယွီဟန်ကျန်းက စဉ်းစားနေသည်။
"သူ့နာမည်ကိုကြားလိုက်တဲ့အခါ မင်းရဲ့အမူအရာက ဘာလို့တစ်ခုခုဖြစ်သွားလဲဆိုတာ မဆန်းပါဘူး"
ရှောက်လုံက ရယ်လိုက်သည်။
"အဲဒါကြောင့် သူ့နာမည်ကို ကျွန်တော်ကြားလိုက်တာနဲ့ ကျွန်တော်တို့ ဒီလျှို့ဝှက်ခန်းထဲမှာ လဲလျောင်းပြီး အနိုင်ယူမယ်လို့ ထင်ခဲ့တာ"
ယွီဟန်ကျန်းသည် လဲလျောင်းပြီး အနိုင်ရတာက မည်မျှ အေးချမ်းတာကို သိသည်။
ရှောက်ချင်းကော်က သူတို့၏ငွေကို နှစ်ဆတိုးပေးမည်ဆိုပါက ဖြစ်စဉ်ကိုရှင်းလင်းရန် ပို၍လွယ်ကူမည်မဟုတ်ပါလား။
ဒီနေရာက… Spades လျှို့ဝှက်ခန်းဖြစ်တာကြောင့် အဲဒါက တကယ်ပဲ ရိုးရှင်းပါ့မလား…
ယွီဟန်ကျန်းသည် ငွေကြေးအကျပ်အတည်းအပြင် အခြားအရာများ ရှိလာမည်ဟု အမြဲခံစားခဲ့ရသည်။
ပထမဆုံး နေထိုင်ဖို့ နေရာရှာတာက အရေးကြီးပါသည်။
မြို့လယ်တွင် ကြယ်ငါးပွင့်ဟိုတယ်တစ်ခုရှိ၍ ၎င်းသည် သဘာဝအတိုင်း တတ်နိုင်မှရလိမ့်မည်။
ပတ်ဝန်းကျင်တွင် တည်းခိုနေထိုင်ရန် လိုက်ရှာကြရာ ပတ်ဝန်းကျင်ကောင်းရှိသော တည်းခိုခန်းငယ်ကို တွေ့ရှိခဲ့သည်။ ၎င်းသည် နှစ်ထပ်မြင့်ပြီး မီးဖိုချောင်နှင့် ရေချိုးခန်းပါသည့် နှစ်ယောက်အိပ်သာမန်အခန်းဖြစ်ကာ တစ်ညလျှင် ရွှေဒင်္ဂါး 10,000 သာ လိုအပ်သည်။ အရည်အသွေးကောင်းပြီး စျေးသက်သာပါသည်။
သူတို့သည် ဒီနေ့ နေ့လယ်စာစားပြီး အဝတ်အစား နှစ်စုံဝယ်ခဲ့သည်။ သူတို့က 20,000 နီးပါးသုံးပြီး ရှောက်ချင်းကော်ကို 100,000 ပေးလိုက်သည်။ ဆိုလိုသည်မှာ ရှောက်လုံတွင် 80,000 ကျန်သေးသည်။
သူက အရှေ့စားပွဲဆီသို့ သွားခဲ့သည်။
"သူဌေး… ကျွန်တော်တို့ သာမန်အခန်းတစ်ခန်းပေးပါ… ကျွန်တော်တို့ ဒီမှာ တစ်ပတ်လောက်နေချင်တယ်"
သူဌေးက လူလတ်ပိုင်းအရွယ်ဦးလေးဖြစ်ပြီး အနည်းငယ်ဝသည်။
"ကောင်းပြီ… အခန်းတစ်ခန်းပဲကျန်တော့တယ်… ငါမင်းတို့ကို ဦးစားပေးဈေးပေးမယ်"
ရှောက်လုံက တွေးဆလိုက်သည်။
"တစ်ပတ်စာအတွက် တစ်ခါတည်း ပေးချေလို့ရမလား?"
"ငါတို့က နေ့စဉ်ငွေပေးချေမှုကို လက်ခံပါတယ်… ငါတို့မြို့ရဲ့ လုပ်အားခကိုလည်း နေ့ချင်းပြန်ပေးတာပါ"
ဒါဟာ နေ့စဉ်အခြေခံဖြစ်ခဲ့ပြီး ကြီးမားသော တွင်းကြီးတစ်ခုပါပဲ။ ငွေကြေးအကျပ်အတည်း ဖြစ်ပွားပြီးသည်နှင့် တပြိုင်နက် စျေးများ တက်လာကာ ရွှေဒင်္ဂါးများ နေ့စဥ် ကျဆင်းလာပါသည်။ စုဆောင်းငွေများများစားစားမရှိသည့်သူတွေဟာ တခဏချင်း ချောက်ထဲကျသွားလိမ့်မည်။ အစားအသောက်နဲ့ အဝတ်အစားတွေတောင် ပြဿနာဖြစ်လာနိုင်သည်။
ရှောက်လုံက အကြံပြုလိုက်သည်။
"ကျွန်တော် တစ်ပတ်စာအတွက် တိုက်ရိုက်ပေးလို့ရရင် ခင်ဗျားကို ရွှေဒင်္ဂါး 10,000 အပိုပေးမယ်လေ အဆင်ပြေလား"
သူဌေးက သူ့ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။
"ငါ့ကို 10,000 အပိုပေးမယ်… လူချောလေး… မင်းမှားပြောမိတာလား"
ရှောက်လုံက ကောင်းမွန်သောစိတ်ထားဖြင့် ပြန်ဖြေသည်။
"ကျွန်တော်တို့က မြို့ပြင်က ဧည့်သည်တွေဆိုတော့ ဟိုတယ်ရှာရတာ တော်တော်ကို ဒုက္ခရောက်တယ်… ကျွန်တော်တို့က ခင်ဗျားနေရာရဲ့ အလှဆင်ထားတာကို နှစ်သက်ပြီး နေရာထိုင်ခင်းအတွက် ချက်ချင်း အခြေချလိုတယ်… အဆင်ပြေရဲ့လား"
အပို 10,000 ပေးခြင်းသည် ကောင်းသောကိစ္စဖြစ်ပြီး သဘာဝအားဖြင့် ပြဿနာမဟုတ်ပေ။ သူဌေးက အဆင်သင့်ပဲ သဘောတူလိုက်သည်။
"ကိစ္စမရှိပါဘူး… တစ်ပတ်ကို 80,000"
ထိုအချိန်တွင် သူတို့နောက်မှ အသံတစ်ခုကြားလိုက်ရသည်။ "သူဌေး… ခင်ဗျားမှာ အခန်းရှိသေးလား"
ရှောက်လုံက နောက်ပြန်လှည့်ကြည့်လိုက်တော့ ဒီနေ့ ဘဏ်မှာ တန်းစီနေသော ခေါင်းစွပ်အင်္ကျီဝတ်ထားသည့် ကောင်လေးကို တွေ့လိုက်ရသည်။
တစ်ဖက်လူသည် လန်းဆန်းတက်ကြွသော အင်္ကျီလက်တိုနှင့် ဘောင်းဘီတိုအဖြစ်သို့ ပြောင်းလဲသွားကာ သူ့နောက်တွင် ဂစ်တာတစ်လုံးကို သယ်ဆောင်ထားသည်။ ရှောက်လုံကိုမြင်ပြီးနောက် အံ့အားသင့်သွားပြီး သူဌေးကို အလေးအနက်ထားကာ စိုက်ကြည့်ရန် သူ့အကြည့်လွှဲလိုက်သည်။
သူဌေးက ပြုံးလိုက်သည်။
"ရှိပါတယ်… ဒါနောက်ဆုံးအခန်းဖြစ်ပြီး ဦးစားပေးဈေးပေးပါ့မယ်"
ရှောက်လုံ: "..."
အခုလေးတင် အခန်းတစ်ခန်းပဲကျန်တော့တာလို့ သူပြောခဲ့တာမဟုတ်ဘူးလား…
ဒါက လမ်းပေါ်ရှိ အထည်ဆိုင်လိုပါပဲ။ ၎င်းသည် 'နောက်သုံးရက်၊ ရှင်းလင်းရေးလုပ်ဆောင်ခြင်း၊ စျေးနှုန်းရောင်းချခြင်း' ကို ထပ်ခါတလဲလဲ ဖွင့်ပါမည်။ ရလဒ်သည် သုံးရက်အကြာတွင် 'နောက်သုံးရက်၊ ရှင်းလင်းရေးလုပ်ဆောင်ခြင်း' ဟု အော်နေသေးသည်။ ထို့နောက် တစ်လအကြာတွင် အထည်ဆိုင်င ဆက်လက်တည်ရှိနေခဲ့သည်။
ဧည့်သည်ရောက်လာတိုင်း သူဌေးက 'နောက်ဆုံးအခန်း' ဟု ပြောမယ်ဆိုတာ ခန့်မှန်းရသည်။
ကတ်ကမ္ဘာရှိ လွတ်လပ်သူတစ်ဦးသည် အမှန်တကယ် ယုံကြည်ကိုးစားလို့မရပါ။
ရှောက်လုံတွင် သံသယများ ပြင်းပြင်းထန်ထန် ရှိနေသည်။ ခုနစ်ရက်အတွက် သူ ပိုက်ဆံပေးလိုက်ပါက ဒီသူဌေးက သူ့စကားပြန်ရုတ်သိမ်းမှာလား။ ထို့ကြောင့် သူက အဆိုပြုခဲ့သည်။ "သူဌေး… ကျွန်တော်တို့ ခုနစ်ရက်စာ အရင်ပေးချေပြီး ကျွန်တော်တို့ကို ပြေစာပေးပါ… ခုနစ်ရက်တာ တည်းခိုခကို ပြေပြေလည်လည် ပေးဆောင်ပြီးပြီဆိုတာမျိုးပေါ့"
သူဌေးက ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီ… ငါ မင်းတို့အတွက် ဒါကို လုပ်ပေးမယ်"
ကတ်ကမ္ဘာရှိ နေထိုင်သူများသည် ငွေကြေးအကျပ်အတည်းစတင်တော့မည်ကို မသိခဲ့ကြပါ။ သူဌေး၏အမြင်အရတော့ ရှောက်လုံအတွက် ပြေစာတစ်ခုရဖို့က ပုံမှန်ပါပဲ။
သူတို့ဘေးနားက ကောင်လေးသည် ဒီစကားကိုကြားပြီး တိုးတိုးလေးပြောလိုက်သည်။
"ဒါဆို ကျွန်တော်လည်း ခုနစ်ရက်နေမယ်… ကျေးဇူးပြုပြီး ပြေစာတစ်ခု ပေးပါ"
သူဌေးက ပြောသည်။
"မင်း ခုနစ်ရက်စာ ပေးချေမယ်ဆိုရင် စျေးတက်လာပြီး ဒင်္ဂါး 10,000 ထပ်ပေးရမယ်… အခုဆို အခန်းတွေက အရမ်းကျပ်တယ်… ဒီနေ့ဘာလို့ နိုင်ငံခြားခရီးသည်တွေ ဒီလောက်များလာတာလဲမသိဘူး… အတူတူများ ဆွေးနွေးပြီးလာနေကြတာလား"
ရှောက်လုံနှင့် အဖွဲ့ခေါင်းဆောင်ယွီတို့သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်သည်။
နိုင်ငံခြားခရီးသွားတွေ အများကြီးရှိခဲ့သည်။ ဤတည်းခိုခန်းတွင် စိန်ခေါ်သူများစွာ ရှိကောင်းရှိနိုင်သည်။
ဤသည်မှာ ထိုဒေသရှိ ဈေးအသက်သာဆုံး ဟိုတယ်ဖြစ်သည်။ ရှောက်လုံသည် ခေါင်းစွပ်အင်္ကျီနဲ့ကောင်လေးကို ကြည့်ကာ တစ်ဖက်လူက အမြန်လှည့်ထွက်သွားသည်။
သူ check-in ပြီးတာနဲ့ ကောင်လေးက သူ့လက်ထဲမှာ လက်ဆွဲအိတ်သေးသေးလေးကိုင်ပြီး လှေကားထစ်ကို အမြန်တက်လိုက်သည်။ သူဘာဝယ်ခဲ့လဲမသိပေမဲ့ ရှောက်လုံကတော့ ဂရုမစိုက်ပါဘူး။ ၎င်းသည် စိန်ခေါ်သူများအတွက် ယာယီစုစည်းခြင်းစခန်းဖြစ်သောကြောင့် လူတစ်ဦးက ပြစ်မှုမကျူးလွန်သရွေ့ အဆင်ပြေပါသည်။
သို့သော် ကောင်လေးသည် ငွေထုတ်စက်တွင် ဘာတစ်ခုမှမသယ်လာဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် ဂစ်တာတစ်လုံးရှိလာသည်။ ဂစ်တာဝယ်ဖို့ သူ့ပိုက်ဆံကို သုံးခဲ့တာလား။ ၎င်းက အလွန်ဟောင်းနွမ်းနေပုံရပြီး တစ်ပတ်ရစ်ဈေးကွက်မှ ဖြစ်ကောင်းဖြစ်နိုင်သည်။
ရှောက်လုံက ယွီဟန်ကျန်း၏နားထဲကို တိုးတိုးလေးပြောလိုက်သည်။
"ဒီကောင်လေးက ဂစ်တာတီးပြီး ဝင်ငွေရှာချင်နေတာဖြစ်မယ်"
ယွီဟန်ကျန်းက လေးနက်စွာ ခေါင်းငြိမ့်လိုက်သည်။
"ဖြစ်နိုင်တယ်"
ရှောက်လုံသည် သူ့မေးစေ့ကို လေးလေးနက်နက် ထိလိုက်သည်။
"ဒါက အကြံကောင်းပဲ"
မြောက်ဘက်မှ ခြေသလုံးအိမ်တိုင် အများစုသည် ဂီတကို နှစ်သက်ကြပြီး စားဝတ်နေရေးစရိတ်အတွက် ဤလမ်းပေါ်တွင် သီချင်းဆိုခြင်းကို အားကိုးကြသည်။ ရှောက်ချင်းကော်သည် စတော့ရှယ်ယာရောင်းဝယ်သူတစ်ဦးဖြစ်ပြီး အချိန်တိုအတွင်း ငွေအမြောက်အများရနိုင်သည်။ ခေါင်းစွပ်အင်္ကျီဝတ်ထားသည့် ဆယ်ကျော်သက်သည် ဂစ်တာတီးကာ သီချင်းဆိုနိုင်ပြီး တဖြည်းဖြည်း ငွေအနည်းငယ်ရနေသည်။
ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး ငွေရှာရာတွင် အထူးကျွမ်းကျင်ပုံမပေါ်တာကို တွေ့လိုက်ရသည်။
နှစ်ယောက်သား အပေါ်ထပ်သို့ တိတ်တဆိတ်တက်သွားကြသည်။
Hearts နှင့် Diamonds လျှို့ဝှက်ခန်းတွင် သူတို့သည် ကမ္ဘာ့စံချိန်ကို တိုက်ရိုက် ချိုးဖျက်ခဲ့သည်။ Spades လျှို့ဝှက်ခန်းက တိုက်ခိုက်ရေးအခန်းဖြစ်ပြီး ယွီဟန်ကျန်းကတော့ မကြောက်ပါ။ သို့သော် ငွေဖြင့်ဖြေရှင်းရန် လိုအပ်သော လျှို့ဝှက်ခန်းကို ကြုံတွေ့ရသဖြင့် လူနှစ်ဦးသည် အမှန်တကယ်ပင် ခေါင်းကိုက်နေခဲ့သည်။
#TK