Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း
Chapter 40 (3 of Diamonds – စာလုံးဝင်္ကပါ)
သူတို့၏ကိုယ်ပိုင်နေရာမှနေ၍ 3 of Diamonds ၏လျှို့ဝှက်ခန်းသို့ဝင်ရောက်ပြီးနောက် ဖြစ်စဉ်ကို ပြီးပြည့်စုံစွာရှင်းလင်းကာ သူတို့၏ကိုယ်ပိုင်နေရာသို့ ပြန်သွားရန် အချိန်က အလွန်တိုတောင်းပါသည်။
ရှောက်လုံက ယန္တရားကိုဖွင့်ခြင်းမပြုမီ ယွီဟန်ကျန်းသည် မေးခွန်းဖတ်ရန် အချိန်ပင်မရှိခဲ့ပေ။ ယွီဟန်ကျန်းသည် ‘လဲလျောင်းပြီးအနိုင်ရသည်’ကို ပထမဆုံးအကြိမ် တွေ့ကြုံခံစားခဲ့ရပြီး ရှုပ်ထွေးသော ခံစားချက်မျိုး ရှိနေခဲ့သည်။ ကိုယ်ပိုင်နေရာသို့ ပြန်ရောက်ပြီးနောက် သူ့မျက်လုံးများထဲတွင် ရှုပ်ထွေးမှုအရိပ်အယောင်များ ရှိနေသေးသည်။
ရှောက်လုံသည် အဖွဲ့ခေါင်းဆောင်ယွီ၏ ရှုပ်ယှက်ခတ်နေသော အမူအရာကို မြင်လိုက်သည်နှင့် ရုတ်တရက် ခံစားလိုက်ရသည်က... ဒီလို အေးစက်တဲ့ အဖွဲ့ခေါင်းဆောင်ယွီက ပိုလက်တွေ့ကျပြီး နည်းနည်းတော့ ချစ်ဖို့ကောင်းတယ်…
ရှောက်လုံက ဒီအဓိပ္ပာယ်မဲ့သော အတွေးကို ချက်ချင်း ဖယ်လိုက်ပြီး အပြုံးဖြင့် မေးသည်။
"အဖွဲ့ခေါင်းဆောင်ယွီ နောက်ဆုံးမေးခွန်းအတွက် စည်းမျဉ်းကို ရှာတွေ့ပြီလား"
ယွီဟန်ကျန်းက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်သည်။ သူ ဝန်မခံချင်ပေမဲ့ မလိမ်ချင်ဘူး။ ထို့ကြောင့် သူက ရှောက်လုံကိုကြည့်ကာ ခပ်ပြတ်ပြတ်ပြောသည်။
"ကိုယ် မေးခွန်းကိုဖတ်ပြီး စဉ်းစားဖို့ အချိန်မရှိခဲ့ဘူး"
ရှောက်လုံ: "…"
အဖွဲ့ခေါင်းဆောင်ယွီကို စဉ်းစားဖို့ အချိန်တောင် မပေးရလောက်အောင် သူ မြန်မြန်ဆန်ဆန် ရွေ့လျားမှုအတွက် အပြစ်တင်ခံရမှာလား။
ရှောက်လုံက ဂရုတစိုက် ရှင်းပြသည်။
"ဒီမေးခွန်းအတွက် နံပါတ်ကို ဂရပ်ဖစ်အဖြစ်စဉ်းစားပြီး ဂဏန်းဂရပ်ဖစ်မှာပါတဲ့ စက်ဝိုင်းအရေအတွက်ကို ရေတွက်ရတာ… 6 နဲ့ 9 မှာ စက်ဝိုင်းတစ်ခုစီရှိတယ်… 8 မှာ စက်ဝိုင်းနှစ်ခုရှိတယ်… 17896 မှာ စက်ဝိုင်း 4 ခု၊ 24568 မှာ စက်ဝိုင်း 3 ခု၊ 88888 မှာ စက်ဝိုင်း 10 ခုရှိတာကြောင့် အဖြေက 4310 ဖြစ်တယ်"
ယွီဟန်ကျန်း: "…"
သူငယ်တန်းကလေးတစ်ယောက်က ဒီမေးခွန်းကို ဖြေဆိုနိုင်ပေမဲ့ သူ မမြင်လိုက်တာကြောင့် သူ့ IQ က စော်ကားခံရတယ်လို့ ခံစားလိုက်ရသည်။
ရှောက်လုံသည် ထိုလူ၏ တင်းမာသောအမူအရာကိုမြင်ပြီး ပေါ့ပေါ့ပါးပါးပြုံးလိုက်သည်။
"စိတ်ထဲမထားပါနဲ့… ဒီမေးခွန်းကို အရင်က ကျွန်တော် တစ်ခါလုပ်ဖူးပြီး နောက်တစ်ကြိမ် ထပ်ကြုံရပြန်တော့ အရမ်းရိုးရှင်းသွားတယ်… ပုံမှန်အားဖြင့် ကိန်းဂဏန်းအယူအဆပြဿနာတွေကို မထိတွေ့ဖူးတဲ့သူတွေအတွက် အဖြေကို မစဉ်းစားတတ်တာက ပုံမှန်ပါပဲ"
ရှောက်လုံ၏နှစ်သိမ့်မှုက ယွီဟန်ကျန်းကို ခံစားရပိုမိုကောင်းမွန်လာစေသည်။ သူ၏ ပညာရေး စွမ်းဆောင်ရည်က တကယ်ကို မကောင်းသလို သူ၏ သင်္ချာ စွမ်းဆောင်ရည်ကလည်း အထူးညံ့ပါသည်။ ဂဏန်းတွေမြင်တိုင်း သူခေါင်းကိုက်သည်။ သို့တိုင် သူက တုံးအသည်ဟု မခံစားရပေ။ သူ၏ဉာဏ်ရည်ဉာဏ်သွေးက အခြားနေရာများမှာ ရှိသည်။
လဲလျောင်းပြီး အနိုင်ရတာက ကောင်းပါသည်။
ယွီဟန်ကျန်းသည် အနာဂတ် Diamonds လျှို့ဝှက်ခန်းများတွင် ရိုးရှင်းစွာ တွေးခေါ်မှုရန် လက်လျှော့ပြီး ရှောက်လုံ၏နောက်သို့သာလိုက်မည်ဟု တွေးခဲ့သည်။
ဒီနေ့၏ 3 of Diamonds လျှို့ဝှက်ခန်းသည် ဝင်္ကပါကို သွားလာနေရသည့်အချိန်ကြောင့်သာ မဟုတ်လျှင် မေးခွန်းတွေအားလုံးကို စုစည်းထားမယ်ဆိုရင် ရှောက်လုံက နှစ်မိနစ်အတွင်းမှာပဲ ပြီးပြည့်စုံစွာ ရှင်းလင်းနိုင်လိမ့်မည်။
Diamonds လျှို့ဝှက်ခန်းထဲက ရှောက်လုံ၏ စွမ်းဆောင်ရည်က အလွန်ပြင်းထန်လွန်းသည်။
ယွီဟန်ကျန်းသည် သူ၏တက္ကသိုလ်ဆရာလက်တွဲဖော်ကို လေးစားခဲ့သည်။
ထိုအချိန်တွင် ချစ်စဖွယ်ကလေးမလေး အသံတစ်ခုကို ကြားလိုက်ရသည်။
"နင်တို့နှစ်ယောက် ငါ့ဖြစ်တည်မှုကို လျစ်လျူမရှုပါနဲ့… ငါ နင်တို့ကို နှုတ်ဆက်ဖို့ စောင့်နေတာကို"
ရှောက်လုံ နောက်ပြန်လှည့်ကြည့်လိုက်တော့ ပန်းရောင်ဂါဝန်ကို ဝတ်ထားသော ကလေးမလေးက ဆိုဖာပေါ်မှာ ထိုင်နေပြီး သူမ၏ခြေထောက်တိုလေးများက လေထဲမှာ လှုပ်နေတာတွေ့လိုက်ရသည်။ သူက ပြုံးပြီး နူးညံ့သောအသံနဲ့ ပြောလိုက်သည်။
"မင်္ဂလာပါ A of Diamonds"
ကလေးမလေးက ဆိုသည်။
"ရှောက်လုံ… နင်က Diamonds လျှို့ဝှက်ခန်းရဲ့ စံချိန်ကို ချိုးဖျက်လိုက်ပြန်ပြီ… ဘယ်လိုယန္တရားဝင်္ကပါအမျိုးအစားက နင့်ကို အခက်တွေ့အောင် လုပ်နိုင်မလဲဆိုတာ ငါစဉ်းစားနေတာ"
ရှောက်လုံက ကျိုးနွံစွာ ပြန်ပြောသည်။
"ငါက ဂဏန်းတွေနဲ့ တရုတ်စာလုံးတွေကို ကောင်းကောင်း ကျွမ်းကျင်ပါတယ်… အခြားအမျိုးအစားတွေမှာတော့ ငါ ကောင်းကောင်း မကျွမ်းကျင်လောက်ဘူး"
ကလေးမလေးက တွေးကာ ခေါင်းငြိမ့်လိုက်သည်။
"B အဆင့် Diamonds လျှို့ဝှက်ခန်းရောက်မှသာ လျှို့ဝှက်ခန်းက ကျယ်ကျယ်ပြန့်ပြန့် ဝင်္ကပါဖြစ်လာမှာ… C အဆင့် လျှို့ဝှက်ခန်းတွေမှာ ဂဏန်းနဲ့ အက္ခရာအမျိုးအစားတွေအဖြစ် သတ်မှတ်ထားတဲ့ အပြင်အဆင်တစ်ခုရှိတယ်… ဒါက နင့်အတွက် အရမ်းရိုးရှင်းပါတယ်"
ရှောက်လုံ: "ငါက ဒီလိုမေးခွန်းမျိုးတွေ အများကြီးလုပ်ဖူးတယ်"
A of Diamonds က ပြုံးလိုက်သည်။
"နင်လုပ်တာ အရမ်းကောင်းပါတယ်… ကျေးဇူးပြုပြီး ဆုရယူပါ"
မူလ 2 of Diamonds လျှို့ဝှက်ခန်းတွင် နံရံလေးခုကို ဖွင့်ထားသော အပေါက်တစ်ခုမှ ရတနာသေတ္တာတစ်ခုစီပါရှိသည်။ စကားဝှက်သော့ကိုဖွင့်ပြီးသည်နှင့် ရတနာသေတ္တာအတွင်းရှိကတ်ကို တိုက်ရိုက်ယူနိုင်သည်။ သို့သော် 3 of Diamonds ရှိ ယန္တရားများသည် နံရံပေါ်တွင် စာလုံးဘုတ်ပြားတစ်ခုသာရှိပြီး လူနှစ်ဦးသည် ဒုတိယလျှို့ဝှက်ခန်းတွင် မည်သည့်ကတ်ကိုမျှ ရှာမတွေ့ခဲ့ပါ။
လျှို့ဝှက်ခန်းမှ ထွက်ခွာပြီးနောက်နှင့် ရှင်းလင်းရေးအဆင့်တွင် ဆုချီးမြင့်မည်ဖြစ်သည်။ ရှောက်လုံသည် ကတ်ထုပ်ကို ကျွမ်းကျင်စွာဖွင့်လိုက်ပြီး ကတ်အသစ်တစ်ခုကို တွေ့လိုက်သည်။
[စာအုပ်ကတ်: ခေတ်သစ်တရုတ်အဘိဓာန်]
ရှားပါးမှု: C
ဖော်ပြချက်: 3 of Diamonds အခန်းရှိ စာလုံးသုံးလုံး ကျားကွက်ယန္တရားကို သော့ဖွင့်ပြီး ဖြစ်စဉ်ကိုရှင်းလင်းပြီးနောက် သတ်မှတ်ထားသောဆုကို ရရှိနိုင်ပါသည်။
အကျိုးသက်ရောက်မှု: ကတ်ကမ္ဘာ၏ အဘိဓာန်သည် တရုတ်စာလုံးများ၏ pinyin နှင့် မူရင်းစာလုံးများကို စစ်ဆေးရန်အတွက်မဟုတ်ပါ။ အသုံးဝင်သော အချက်အလက်တချို့ကို ရယူရန် ၎င်းကို သင်အသုံးပြုနိုင်ပါသည်။ တကယ်တော့ လူများက တစ်ခါတစ်ရံမှာ တချို့အရာများကို လွယ်လွယ်ကူကူ မေ့တတ်ကြသည်။ ဤအဘိဓာန်ဖြင့် သင်သည် သင်မေ့သွားသောအရာကို ပြန်သတိရနိုင်သည်။
မှတ်ချက်: ဤကိရိယာစာအုပ်သည် အလွန်နာမည်ကြီးပြီး လက်တစ်ဖက်တည်းတွင် ကိုင်ဆောင်နိုင်သည်။
ရှောက်လုံသည် ကတ်ကိုဖွင့်လိုက်ပြီး သူ့လက်ထဲမှာ အဘိဓာန်ထူကြီးတစ်ခုပေါ်လာသည်။
သူဖွင့်ကြည့်လိုက်တော့ သုံးထားသော စာရွက်က နူးညံ့ပြီး အရေးအသားက ရှင်းပါသည် ဒါမှမဟုတ် အရောင်ဗားရှင်းတစ်မျိုးကို မြင်လိုက်ရသည်။
အဘိဓာန်သိမ်းယူထားသောစာရင်း:
စောင့်ရှောက်သူများ… စာမျက်နှာ 01
လျှို့ဝှက်ခန်းများ… စာမျက်နှာ 05
သက်ရှိသတ္တဝါများ… စာမျက်နှာ 52
ဇာတ်ကောင်များ… စာမျက်နှာ 66
ကတ်များ… စာမျက်နှာ 100
အဖွဲ့ဝင်များ... စာမျက်နှာ 201
ရှောက်လုံ၏ မျက်လုံးများ တောက်ပလာသည်။ ဤအဘိဓာန်သည် ဂိမ်း၏သရုပ်ဖော်လမ်းညွှန်စာအုပ်နှင့် အနည်းငယ်တူသည်။ စိန်ခေါ်သူများ တွေ့ကြုံခဲ့ရသည့် ဒုတိယလျှို့ဝှက်ခန်းများနဲ့ ဇာတ်ကောင်များက ဒီမှာပေါ်လာပြီး မတွေ့ကြုံရသေးသောသူများအားလုံးတွင် ‘??’ အမှတ်အသား ရှိကြလိမ့်မည်။
သူသည် လျှို့ဝှက်ခန်းများကဏ္ဍကို လှန်ကြည့်လိုက်တော့ ‘2 of Hearts: နှင်းဆီစျာပန’ နှင့် ‘3 of Hearts: သွေးစွန်းနေသောမေပယ်ရွက်’ ကို တွေ့လိုက်သည်။ ပုံများနှင့် စာသားများသည် ဂရပ်ဖစ်နှင့် စိမ်းလန်းစိုပြေပြီး ဖြစ်စဉ်အား သူတို့ရှင်းလင်းခဲ့သောနည်းလမ်းကို ဖော်ပြထားသည်ဟု ယူဆရသည်။ သူတို့မကစားဖူးသော လျှို့ဝှက်ခန်းများ အားလုံးက အလွတ်စာမျက်နှာများဖြစ်သည်။
သူသည် ‘သက်ရှိသတ္တဝါများ’ သို့ လှန်လိုက်ပြီး မှတ်တမ်းတင်ထားသည့် တစ်ခုတည်းသော အရာမှာ ‘လူသစ်ဇွန်ဘီများ’နှင့် ‘ဇွန်ဘီခေါင်းဆောင်’တို့ဖြစ်သည်။
ဇာတ်ကောင်များကို ‘ပုံသေဇာတ်ကောင်များ’ နှင့် ‘လွတ်လပ်သူများ’ဟူ၍ ခွဲခြားထားသည်။ ရင့်ရှောင်ယာနှင့် ကျန်းချင်တို့ ဓာတ်ပုံများ၊ အရပ်၊ အလေးချိန်နှင့် အခြားသော အချက်အလက်များကို အလွန်ပြည့်စုံသောပုံစံဖြင့် မှတ်တမ်းတင်ထားသည်။ ကျောက်စန်းနှင့် ရှဲ့ရှင်းဟယ်တို့သည် လက်ရှိတွင် ‘လွတ်လပ်သူများ’ ဖြစ်ကြပြီး သူတို့နှင့်ပတ်သက်သည့် အချက်အလက်များသည် အလွန်ပြည့်စုံပါသည်။ သူတို့အနောက်တွင် အလွတ်စာမျက်နှာများစွာရှိကာ အနာဂတ်တွင် ပိုမိုလွတ်လပ်သူများရှိလာမည်ဖြစ်ကြောင်း သက်သေပြခဲ့သည်။
‘ကတ်များ’ ကဏ္ဍတွင် ရှောက်လုံ ပိုင်ဆိုင်သည့် လက်ရှိကတ်များအားလုံးကို အတိုချုံး မိတ်ဆက်ပါရှိသည်။
ယွီဟန်ကျန်းက ဒါကိုမြင်ပြီး မနေနိုင်စွာ မှတ်ချက်ပေးခဲ့သည်။
"ဒါက ကတ်ကမ္ဘာရဲ့ စွယ်စုံကျမ်းပဲ"
ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်… ကျွန်တော်တို့ အချက်အလက်အတွက် အမြဲတမ်း တိုင်ပင်နိုင်တယ်… ဒါ့အပြင် ကျွန်တော်ရဲ့အဖွဲ့ဝင်အနေနဲ့ ခင်ဗျားရဲ့အချက်အလက်တွေက ကျွန်တော်စာအုပ်ထဲကို ရောက်ရှိလာပြီး ခင်ဗျားယူဆောင်ထားတဲ့ကတ်အားလုံးကို ကျွန်တော်မြင်နိုင်တယ်"
"ကိုယ့်စာအုပ်မှာလည်း မင်းရဲ့ကတ်အချင်အလက်တွေရှိတယ်… ဒီစာအုပ်မှာ တိုက်ခိုက်နိုင်စွမ်းမရှိပေမဲ့ လက်တွေ့ဆန်တယ်"
လျှို့ဝှက်ခန်းများ ပိုများလာမည်ဖြစ်ပြီး အသုံးနည်းသောကတ်တချို့ကို သူတို့ မေ့သွားနိုင်ဖွယ်ရှိသည်။ စာအုပ်၏ကျေးဇူးကြောင့် သူတို့အဖွဲ့ဝင်များ၏ ကတ်များကို အမြဲစစ်ဆေးနိုင်သည်။ ၎င်းသည် အလွန်အဆင်ပြေပြီး ဖြစ်စဉ်ကိုပိုမိုလွယ်ကူရှင်းလင်းစေမည့်နည်းလမ်းကို တွေးတောစေခဲ့သည်။
A of Diamonds က မေးသည်။
"ဒီသတ်မှတ်ထားတဲ့ဆုကို ကြိုက်လား"
ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။
"အင်း"
A of Diamonds က အလေးအနက် ပြောခဲ့သည်။
"အဲဒါက C အဆင့် ကတ်တစ်ခုအနေနဲ့ပဲ မကြည့်နဲ့… အဲဒါက ကတ်ကမ္ဘာမှာ အများဆုံးအသုံးပြုလေ့ရှိတဲ့ C အဆင့်ကတ်ဖြစ်ပြီး သိုလှောင်မှုနှုန်းအမြင့်ဆုံးနဲ့ C အဆင့်ကတ်ဖြစ်တယ်ဆိုတာ ငါတာဝန်သိစွာ နင်တို့ကို ပြောပြနိုင်တယ်"
သူမသည် စူးစူးရှရှ သတိပေးသည့် သဘောထားကို ထုတ်လိုက်ပြီး ရှောက်လုံက ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ်… ကျွန်တော်တို့ ဒါကို ကြိုက်ပါတယ်"
A of Diamonds က ပျော်ရွှင်ခဲ့သည်။
"ဒါက ပြီးပြည့်စုံသောရှင်းလင်းရေးဖြစ်လို့ နင်တို့ ကတ်ဆွဲဖို့ အခွင့်အရေးရှိတယ်"
ဒီတစ်ကြိမ်မှာတော့ ရှောက်လုံက အဖွဲ့ခေါင်းဆောင်ယွီကို အခွင့်အရေးပေးခဲ့သည်။ အထူးသဖြင့် သူသည် ထောင်ယွမ်မင်နှင့် တီရန်ကျယ်ကဲ့သို့သော ထူးဆန်းသော ကတ်များဆွဲခဲ့သောကြောင့် ထိုကတ်များကို သူ အမြဲမဆွဲနိုင်ပါ။
ယွီဟန်ကျန်းက အားနာမနေဘဲ ကတ်တစ်ခုဆွဲခဲ့သည်။
သူသည် နောက်ထပ်အသုံးအဆောင်ကတ်ကို ရရှိခဲ့ကြောင့် အသုံးအဆောင်ကတ်များနှင့် ဆက်ဆံရေးကောင်းမွန်ပုံရသည်။
[အသုံးအဆောင်ကတ်- အမွေးနုကုတ်အင်္ကျီ]
ရှားပါးမှု: S
ဖော်ပြချက်: ပြီးပြည့်စုံသော ရှင်းလင်းရေးတစ်ခုပြီးနောက် S ရမှတ်ရှိသည့်အခါ အကန့်အသတ်ကတ်ဆွဲခြင်းမှ ၎င်းကို ရယူရန် ဖြစ်နိုင်ခြေနည်းပါသည်။
ဤအရာသည် အထူးပစ္စည်းများဖြင့် ပြုလုပ်ထားသော အင်္ကျီဖြစ်သည်။ ဆောင်းတွင်းမှာ နွေးပြီး နွေရာသီမှာ အေးသည်။ ၎င်းသည် ခန္ဓာကိုယ်တွင် ပေါ့ပါးပြီး ခန္ဓာကိုယ်ပေါ်ရှိ အမွေးများကို အကာအကွယ်ပေးသော အလွှာတစ်ခု ဖန်တီးပေးကာ သင့်အား ပြင်းထန်သော ဒဏ်ရာတစ်ခုမှ အလိုအလျောက် ခုခံနိုင်စွမ်းရှိစေသည်။ ဝတ်ထားရင် နောက်ထပ်အသက်တစ်သက်ရတာနဲ့ ညီမျှသည်။
ဤကတ်သည် အလွန်အသုံးဝင်၏။ ကတ်ကမ္ဘာရှိ အန္တရာယ်များကို ကြိုတင်မှန်းဆ၍မရဘဲ ဤကတ်သည် သူတို့အား ဒဏ်ရာတစ်ခုမှ ခုခံနိုင်စွမ်းရှိစေပြီး အရေးကြီးသောအခိုက်အတန့်တွင် သူတို့၏အသက်များကို ကယ်တင်နိုင်ခဲ့သည်။ ယွီဟန်ကျန်းသည် စဉ်းစားပြီး ကတ်ကို ရှောက်လုံအား ပေးလိုက်သည်။
"မင်းယူလိုက်ပါ"
ရှောက်လုံက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"မဟုတ်တာ… အရင်က ခင်ဗျား ကျွန်တော့်ကို ဖိနပ်တစ်ရံ ပေးထားခဲ့ပြီပဲ… ဒါကို ခင်ဗျား သိမ်ထားလိုက်ပါ"
ယွီဟန်ကျန်းက နူးညံ့စွာပြောသည်။
"မင်းကို ပေးလိုက်မယ်… နောင်အခါမှာ သေရေးရှင်ရေးအခြေအနေကြုံလာလို့ ကိုယ်မရှိတဲ့အခါ မင်းကိုကာကွယ်နိုင်ပြီး မင်းအသက်ရှင်နိုင်တယ်…" ယွီဟန်ကျန်း၏ ဒီစကားသည် ကျီးကန်းပါးစပ်နှင့်တူတာကို သတိပြုမိသွားပြီး သူက စကားပြောင်းလိုက်သည်။ "ဘာပဲဖြစ်ဖြစ် မင်းအရင်သိမ်ထားလိုက်ပါ… မင်း အကောင်းဆုံး အသုံးပြုနိုင်မှာပါ"
ရှောက်လုံက ကူကယ်ရာမဲ့စွာ ပြုံးပြီး ကတ်ကို ယာယီယူထားလိုက်သည်။
"ကောင်းပြီ ကျွန်တော် အရင်ယူထားလိုက်မယ်"
A of Diamonds က ရှောက်လုံကို စူးစူးစိုက်စိုက်ကြည့်ပြီးနောက် ယွီဟန်ကျန်းကို ခဏကြာကြည့်လိုက်သည်။
"နင်တို့က အရင်က တစ်ယောက်နဲ့တစ်ယောက်သိတာလား"
ရှောက်လုံက နောက်ပြန်လှည့်လိုက်သည်။
"မင်းက ဘယ်လိုကြောင့် ရုတ်တရက် မေးရတာလဲ"
A of Diamonds က ရှင်းပြသည်။
"ငါ ပါတနာတော်တော်များများကို တွေ့ဖူးတယ်… ဖြစ်စဉ်တစ်ခုကို ရှင်းလင်းပြီး ကိုယ်ပိုင်နေရာကို ပြန်ရောက်တဲ့အခါ သူတို့က စကားစမြည်ပြောဆိုခြင်းမရှိဘဲ သူစိမ်းတွေလိုမျိုး ခံစားရတယ်… တချို့က အချင်းချင်း တိုက်ရိုက်မကျေမနပ်ဖြစ်ပြီး ရန်ဖြစ်ကြတယ်… နင်တို့နှစ်ယောက်က အချင်းချင်း နားလည်မှုရှိပြီး ဖြစ်စဉ်ရှင်းလင်းရေး အဆုံးကနေ အခုချိန်အထိ အချင်းချင်း စကားပြောတာမရပ်ဘူး… နင်တို့နှစ်ယောက်က အချိန်အကြာကြီးသိခဲ့တဲ့ သူငယ်ချင်းဟောင်းတွေနဲ့တူတယ်"
သူငယ်ချင်းတွေလား…
တကယ်တော့ ကမ္ဘာအစစ်မှာ သူတို့ကို ‘အသိအကျွမ်းများ’လို့သာ မှတ်ယူနိုင်သည်။ သူတို့က WeChat မှာ တစ်ယောက်နဲ့တစ်ယောက် ပေါင်းထည့်ထားပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မရှိသလောက်ပါပဲ။ ယင်းအစား ကတ်ကမ္ဘာတွင် မေပယ်တောအုပ်အထက်တန်းကျောင်း၏ အဖြစ်ဆိုးတွင် အသင့်စားခေါက်ဆွဲခြောက်များစားခြင်း၊ စင်္ကြံများတွင် အိပ်ခြင်း၊ ပြတင်းပေါက်များမှဖြတ်၍ တံခါးသော့ဖွင့်ခြင်းတို့ကို အတူတူတွေ့ကြုံခံစားခဲ့ကြရသည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးက ရုတ်တရက် ရင်းနှီးလာခဲ့သည်။
ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် သူတို့၏မျက်လုံးများထဲမှ နွေးထွေးမှုအနည်းငယ်ဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။
ဟုတ်ပါသည်။ အပြင်လူများအတွက်တော့ သူတို့က သူငယ်ချင်းဟောင်းတွေ ဖြစ်နေပါပြီ။ ဤကမ္ဘာတွင် နားလည်မှုရှိသော သူငယ်ချင်းများနှင့် တွေ့ဆုံရခြင်းသည် ကံကောင်းခြင်းပင်။
ရှောက်လုံက A of Diamonds ကို တစ်ချက်ကြည့်လိုက်သည်။
"Diamonds လျှို့ဝှက်ခန်းအတွက် အနားယူချိန်ရှိလား "
A of Diamonds က တွေးဆသည်။
"နင်တို့က Hearts ဘက်မှာ 8 နာရီတောင် အိပ်ခဲ့တာမဟုတ်ဘူးလား… နင်တို့နိုးလာပြီး မိနစ်အနည်းငယ်အတွင်း ဖြစ်စဉ်ကို ရှင်းလင်းခဲ့တယ်… နင်တို့ အနားယူဖို့ မလိုဘူးလို့ ငါထင်တယ်" သူမသည် စကားပြောပြီး လက်ကိုဝှေ့ယမ်းကာ ဖဲချပ်များက သူတို့ရှေ့တွင် လွင့်ပျံသွားခဲ့သည်။ "အချိန်ကုန်ခါနီးပြီ… နောက်ကတ်ကို ယူလိုက်ပါ"
ရှောက်လုံက နောက်ပြန်လှည့်ပြီး အဖွဲ့ခေါင်းဆောင်ယွီကို မေးလိုက်သည်။
"Spades ကိုသွားမလား"
ယွီဟန်ကျန်းသည် Diamonds လျှို့ဝှက်ခန်းရှိ သင်္ချာပုစ္ဆာများနှင့် ပတ်သက်၍ စိတ်ဒဏ်ရာများရှိသကဲ့သို့ ရှောက်လုံသည်လည်း Spades လျှို့ဝှက်ခန်းရှိ ဇွန်ဘီများနှင့် ပတ်သက်၍ စိတ်ဒဏ်ရာများ ရှိသည်။
တကယ်တော့ သူတို့သည် 4 of Diamonds ကို ဆက်သွားနိုင်ပေမဲ့... အလုပ်နဲ့ အနားယူမှု ပေါင်းစပ်ထားတာက အကောင်းဆုံး ရွေးချယ်မှုပါပဲ။ 4 of Hearts သည် ဦးနှောက်လောင်ကျွမ်းစေသော လူသတ်မှုဖြစ်ရပ်တစ်ခုဖြစ်ခဲ့လျှင် သူတို့သည် 4 of Diamonds ကို ကူးပြောင်းရန်နှင့် ချိန်ညှိရန်အတွက် အသုံးပြုနိုင်သည်။
Hearts၊ Diamonds၊ Spades နှင့် Clubs တို့၏ အစဉ်အတိုင်းမှာ သက်တောင့်သက်သာ အရှိဆုံးဖြစ်သည်။
ယွီဟန်ကျန်းက အဆိုပြုသည်။
"Spades ကိုသွားမယ်… ကိုယ်တို့ အဆင့်သုံးပြီးတာနဲ့ 4 of Hearts ကနေ ပြန်စမယ်"
ရှောက်လုံမှာ ထင်မြင်ချက်မရှိဘဲ အဖွဲ့ခေါင်းဆောင်ယွီ 3 of Spades ကတ်အား ဆွဲလိုက်တာကို ကြည့်နေခဲ့သည်။
မူးဝေစေသည့်အခိုက်အတန့်တွင် လူနှစ်ဦးသည် ကမ္ဘာသစ်တစ်ခုတွင် တစ်ချိန်တည်းပေါ်လာသည်။
[3 of Spades လျှို့ဝှက်ခန်း၊ ငွေကြေးအကျပ်အတည်းမှ ကြိုဆိုပါသည်။]
ဤလျှို့ဝှက်ခန်းသည် Spades နှင့် Clubs ချိတ်ဆက်ထားသော အခန်းဖြစ်သည်။ လျှို့ဝှက်ခန်းထဲသို့ ဝင်လိုက်သည်နှင့် စိန်ခေါ်သူများ၏ ယခင်ရွှေဒင်္ဂါးများအားလုံးကို အေးခဲသွားမည်ဖြစ်ပြီး သင်က နောက်ထပ် ရွှေဒင်္ဂါး 100,000 ကို ကနဦးဆုအဖြစ် ရရှိမည်ဖြစ်သည်။ ကျေးဇူးပြု၍ မိတ်ဖက်စပွန်ဆာအတွက် Clubs ကို ကျေးဇူးတင်ပြီး ငွေထုတ်ရန်အတွက် ကတ်ဘဏ်သို့ တိုက်ရိုက်သွားပါ။ သင်သည် Spades လျှို့ဝှက်ခန်းမှ ထွက်သွားသည်နှင့် သင့်လက်ထဲတွင် ကျန်နေသည့် ရွှေဒင်္ဂါးများကို ထုတ်ယူနိုင်သည်။
ရွှေဒင်္ဂါးများသည် 3 of Spades လျှို့ဝှက်ခန်းတွင် လည်ပတ်နေသော တစ်ခုတည်းသောငွေကြေးဖြစ်သည်။
ဤသည်မှာ ငွေကြေးအကျပ်အတည်း ပေါ်ပေါက်တော့မည်ကို မည်သူမျှ မသိသော သေးငယ်ပြီး သက်သောင့်သက်သာရှိသော မြို့တစ်မြို့ ဖြစ်သည်။
ဖြစ်စဉ်ရှင်းလင်းရေးအခြေအနေများ: မနက်ဖြန် နံနက် 8 နာရီတွင် စတော့များ ကျဆင်းပြီး ငွေကြေးအကျပ်အတည်း ဖြစ်ပွားပြီးနောက် သင့်လက်ထဲတွင် ရွှေဒင်္ဂါးပြားများ ကိုင်ဆောင်ထားကာ မြို့၌ ခုနစ်ရက်အသက်ရှင်ပြီး ခုနစ်ရက်ကုန်ဆုံးချိန်တွင် ဖြစ်စဉ်က အလိုအလျောက် ရှင်းလင်းသွားမည်ဖြစ်သည်။ လျှို့ဝှက်ခန်းသည် ပြီးပြည့်စုံသော ရှင်းလင်းရေးမရှိဘဲ အသက်ရှင်နေထိုင်ခြင်းက သင်၏တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။
မှတ်ချက်: မြို့တွင်းရှိ ထူးဆန်းသောဇာတ်ကောင်အားလုံးက လွတ်လပ်သူများဖြစ်နိုင်သည်။ သူတို့က သင့်လို စိန်ခေါ်သူများလည်း ဖြစ်နိုင်သည်။
***
ရှောက်လုံသည် လေးထောင့်ဘောင်ထဲရှိ သတိပေးချက်များကို ဖတ်ပြီးနောက် တောက်ပမှုက သူ၏မြင်ကွင်းဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူက ခေါင်းကို လှည့်လိုက်ကာ နက်နဲသော မျက်လုံးတစ်စုံကို ကြည့်လိုက်သည်။
ဒီတစ်ခါတော့ Spades လျှို့ဝှက်ခန်းက သူတို့နှစ်ယောက်ကို မခွဲထားဘဲ နှစ်ယောက်သားက လျှို့ဝှက်ခန်းထဲကို ဝင်သွားခဲ့သည်။
သူတို့သည် ‘ကတ်ဘဏ်၏ အလိုအလျှောက်စက်’နှင့် မနီးမဝေးရှိ ရှည်လျားသော လမ်းပေါ်တွင် ရပ်နေကြပြီး တန်းစီနေသော လူနှစ်ယောက် သို့မဟုတ် သုံးယောက်ရှိသည်။
ရှောက်လုံက ခေါင်းကိုက်နေသည်။
"ဒီလျှို့ဝှက်ခန်းက စီးပွားရေးစစ်ပွဲလား… ကျွန်တော်တို့က ကနဦးငွေကြေး 200,000 သာရှိပြီး ကျွန်တော်တို့လက်ထဲမှာ ငွေကို ဘယ်လိုသုံးစွဲရမလဲဆိုတာ တွက်ချက်ရမှာဖြစ်တယ်… ကတ်ကမ္ဘာရဲ့ဈေးနှုန်းအရ… 200,000 သုံးပြီး အသင့်စားခေါက်ဆွဲခြောက်တွေပဲ ဝယ်လို့ရတယ်… ကျွန်တော်တို့ နောက်ခုနစ်ရက်လောက် နေနိုင်ပါ့မလား"
အသင့်စားခေါက်ဆွဲခြောက်ကို သူတကယ်မစားချင်တော့ဘူး…
ယွီဟန်ကျန်းသည် မျက်မှောင်ကြုတ်ကာ ငွေထုတ်ယူရန် အဝေးက တန်းစီနေသော လူများကို ကြည့်လိုက်သည်။ သူကပြောလာသည်။
"3 of Spades ရဲ့ အခက်ခဲဆုံးအရာက ငွေကြေးပြဿနာမဟုတ်ဘဲ... ငွေကြေးအကျပ်အတည်းဖြစ်ပြီးနောက် မြို့ထဲမှာ မငြိမ်မသက်ဖြစ်သွားနိုင်တယ်"
ရှောက်လုံက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
"ဟုတ်တယ်… ဒီကမ္ဘာမှာ လွတ်လပ်သူတွေရှိတယ်"
A of Hearts သည် လွတ်လပ်သူများ၏ လှုပ်ရှားမှုများက စောင့်ရှောက်သူများ၏ စီရင်ပိုင်ခွင့်နှင့် မသက်ဆိုင်ကြောင်း မနေ့က ပြောကြားခဲ့သည်။
Hearts လျှို့ဝှက်ခန်းတွင် ရင့်ရှောင်ယာနှင့် ရှဲ့ရှင်းဟယ်ကဲ့သို့သော ဇာတ်ကောင်များသည် ဇာတ်ညွှန်းတစ်ခု၏ လှုပ်ရှားမှုအောက်တွင် ရှိနေပုံရပြီး ယေဘုယျ ဦးတည်ချက်မှာ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော် လွတ်လပ်သူများကမ္ဘာတွင် ဤလူများသည် သူတို့၏ကိုယ်ပိုင်ဆန္ဒရှိကြသည်။ သူတို့မှာ ပိုက်ဆံမရှိလို့ ဗိုက်ဆာရင် ရန်ဖြစ်ပြီး တခြားသူများကို ရိုက်နှက်ကာ ခိုးကြလိမ့်မည်။ တစ်မြို့လုံး ရှုပ်ပွနေပြီး စိန်ခေါ်သူများ၏ ရှင်သန်မှုကို ကြီးကြီးမားမား ခြိမ်းခြောက်လာမည်ဖြစ်သည်။
ထို့အပြင် ဒီမှာ အခြားသော စိန်ခေါ်သူများနှင့် လွတ်လပ်သူအများအပြားလည်း ရှိခဲ့သည်။
စိန်ခေါ်သူများ အချင်းချင်းလည်း ရွှေဒင်္ဂါးများ လုယူနိုင်ဖွယ်ရှိသည်။
ရှောက်လုံက အသက်ပြင်းပြင်းရှူလိုက်သည်။
"ပိုက်ဆံအရင်ထုတ်ပြီး နေစရာနေရာရှာဖို့ ပိုက်ဆံသုံးရအောင်… ပြီးရင် ညနေကျရင် စူပါမားကတ်ကို သွားပြီးတော့ ကျွန်တော်တို့ ကုန်ပစ္စည်းတွေ လိုက်ဝယ်ကြမယ်"
ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်သည်။
"ကိုယ်တို့ စျေးအသက်သာဆုံးနေရာမှာပဲ နေနိုင်လိမ့်မယ်… ဟိုတယ်တွေရဲ့ ဈေးနှုန်းတွေက အရမ်းမြင့်ပြီး ငွေကြေးအကျပ်အတည်း ဖြစ်ပြီးရင် ပိုလို့တောင် ကြောက်စရာကောင်းလာလိမ့်မယ်"
ရှောက်လုံက ခေါင်းငြိမ့်ပြပြီး လူနှစ်ယောက်သည် အလိုအလျောက်ငွေထုတ်စက်ဆီ ဦးတည်သွားကြသည်။
ဤငွေထုတ်စက်တွင် ကတ်ထည့်ရန် မလိုအပ်ပါ။ ၎င်းသည် သူတို့၏လက်ဗွေများကို တိုက်ရိုက်စကင်န်ဖတ်ပြီး သူတို့၏လက်ဗွေများကို A of Clubs မှ ကတ်ဘဏ်စနစ်ထဲသို့ ထည့်သွင်းထားသည်။ ရှောက်လုံသည် သူ၏လက်ဗွေရာများကို အာရုံခံကိရိယာသို့ နှိပ်လိုက်ရာ သူ၏အကောင့်လက်ကျန်မှာ 108,000 ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ 8,000 သည် သူ၏ယခင်ငွေဖြစ်သော်လည်း ‘အသုံးပြုနိုင်သောလက်ကျန်ငွေ’မှာ 100,000 သာရှိပြီး ယခင်ကရရှိသောငွေများမှာ အေးခဲသွားခဲ့သည်။
သူက 100,000 ထုတ်ယူပြီး ယွီဟန်ကျန်းလည်း 100,000 ထုတ်ယူခဲ့ကာ စီမံခန့်ခွဲရန် ရှောက်လုံကို 200,000 ပေးခဲ့သည်။
ထိုခဏတွင် ယွီဟန်ကျန်းသည် ဦးထုပ်ဆောင်းထားပြီး ဂျင်းဘောင်းဘီအပြဲဝတ်ထားသော ကောင်လေးကို တွေ့လိုက်ရသည်။ သူက အသက် 20 ဝန်းကျင်အရွယ်သာ ရှိသေးပြီး တက္ကသိုလ်ကျောင်းသားနဲ့တူသည်။ ကောင်လေးသည် ပတ်ပတ်လည်ကို စူးစမ်းနေသကဲ့သို့ သိသိသာသာ နေရာတစ်ခုလုံးကို ကြည့်နေခဲ့သည်။ ယွီဟန်ကျန်းကို မြင်ပြီးနောက် သူက ချက်ချင်း အကြည့်ကိုရုတ်သိမ်းပြီး အဝေးကရှုခင်းကို ကြည့်နေသလို ဟန်ဆောင်လိုက်သည်။
ယွီဟန်ကျန်းက ရှောက်လုံ၏နားထဲကို တိုးတိုးပြောလိုက်သည်။
"ဟိုဘက်မှာ ဦးထုပ်ဆောင်းထားတဲ့ စိန်ခေါ်သူတစ်ယောက်ရှိတယ်"
ရှောက်လုံက ခပ်ရေးရေး ပြုံးလိုက်သည်။
"သူ့နောက်က ရှပ်အင်္ကျီဝတ်ထားတဲ့သူကလည်း စိန်ခေါ်သူဖြစ်နိုင်တယ်"
ယွီဟန်ကျန်း၏အမြင်အာရုံကနေ ကောင်လေးအနောက်က လူကို မမြင်နိုင်ပေ။ ဒါကို ကြားတော့ သူက ရှောက်လုံ၏အနေအထားမှ ကြည့်လိုက်သည်။
အရပ်ရှည်ရှည် သွယ်လျပြီး ချောမောသော ယောင်္ကျားတစ်ယောက်သည် အနီရောင် ဆံပင်ရှည်ကို ဆံမြီးကျစ်တိုတိုလေး ချည်နှောင်ထားတာ သူတွေ့လိုက်ရသည်။ သူ့ရှပ်အင်္ကျီမှာ ကြယ်သီးနှစ်လုံးကို မတပ်ထားဘဲ အသားအရေတချို့က ပေါ်လွင်နေပြီး သူ့လက်များက အိတ်ကပ်ထဲမှာ ရှိနေသည်။ သူ့ရှေ့က ကောင်လေးနဲ့ ဆန့်ကျင်ဘက် ‘ငါ လမ်းလျှောက်နေတာ’ဆိုသောအမူအရာဖြင့် ပေါ့ပေါ့ပါးပါး သဘောထားရှိသည်။
ထိုလူတွင် အလွန်မှတ်မိလွယ်သော မျက်လုံးတစ်စုံရှိသည်။ ကျဉ်းမြောင်းပြီး ရှည်လျားသော ဖီးနစ်ငှက်မျက်လုံးများ၊ မျက်ရစ်တစ်ထပ်ပါသော မျက်ခွံများနှင့် ကြည်လင်သောအပြုံး။ သို့သော် ထိုမျက်လုံးများ ကျဉ်းသွားသည်နှင့် တပြိုင်နက် ၎င်းတို့သည် နားမလည်နိုင်သော အန္တရာယ်၏ အရိပ်အယောင်ကို ဖော်ပြကာ ပုန်းကွယ်နေသော သားရဲနှင့်တူသည်။
ထူးဆန်းသော ရင်းနှီးမှုတစ်ခု ရှိနေခဲ့သည်။
ယွီဟန်ကျန်းသည် သူ့မှတ်ဉာဏ်များကို ရှာဖွေခဲ့ပြီး မကြာမီ သတိရလာသည်။
"... Clubs လျှို့ဝှက်ခန်းမှာ ကိုယ်တို့တွေ့ခဲ့ဖူးတဲ့လူလား"
ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။
"သူ ဖြစ်နိုင်တယ်… စိတ်ပိုင်းဆိုင်ရာစစ်ပွဲနဲ့ စတင်ပြီး တိုက်ရိုက် all in လောင်းခဲ့တဲ့ နံပါတ် 5 ကစားသမားပဲ"
#TK