Chapter 200
Viewers 22k

Volume 10 : အနုပညာဌာန


Chapter 200 (ပန်းချီထဲကပုံရိပ်ယောင် ၀၃)


လရောင်အောက်တွင် အဖြူရောင်အရိုးစုသုံးခုသည် အအေးဓာတ်အလွှာတစ်ခုဖြင့် တောက်ပနေပုံရပြီး ပတ်ဝန်းကျင်ရှိ နှင်းဆီနက်များနှင့် ပြတ်သားားနားစွာ ဖြစ်ပေါ်လာသည်။ ဒီပုံဟာ အလွန်ထူးဆန်းပြီး ခယ်ရှောင်ပင်းက သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြက်သီးမွေးညင်းများကို မနေနိုင်ဘဲ ပွတ်သပ်လိုက်သည်။

"အလောင်းတွေက အရိုးစုတွေ ဖြစ်သွားပြီ… သူတို့ရဲ့ အထောက်အထားကို ဘယ်လိုအတည်ပြုမလဲ… မျိုးရိုးဗီဇစစ်ဆေးလို့လည်း မရဘူး"


လျှိုကျောက်ချင်းသည် ဆေးကျောင်းသားဖြစ်ပြီး သူ့မျက်လုံးထဲတွင် ဤအရိုးစုများသည် ခန္ဓာဗေဒဆရာပြသော ပုံစံများနှင့် ဆင်တူသည်။ သူ့မှာ အကြောက်တရား နည်းနည်းမှ မရှိဘူး။ အနီးကပ်ကြည့်ဖို့ သူ ရှေ့ကို လှမ်းပြီး ထိုင်ချလိုက်သည်။ ခဏအကြာတွင် သူက ကောက်ချက်ချလိုက်သည်။

"တင်ပါးဆုံရိုးပုံသဏ္ဌာန်ကို ကြည့်ပြီး အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်ပဲ… အရိုးဖွံ့ဖြိုးမှုအတိုင်းအတာကို တွက်ချက်ကြည့်ရင် သူတို့ထဲကနှစ်ယောက်မှာ အရိုးပွရောဂါရှိနေပြီး အသက်ကြီးပြီးတော့ နောက်တစ်ယောက်က ငယ်တယ်… လူတွေကို မြေကြီးထဲမှာ မြုပ်နှံပြီး အရိုးတွေအဖြစ်ပြောင်းလဲသွားဖို့ သေဆုံးချိန်ကနေ အနည်းဆုံး 2 နှစ်ကြာတယ်"


ရွှီယိရှန်းက ညည်းညူသည်။

"စီနီယာအစ်ကိုလျှိုက ရေခဲခေတ်မှာ ရှေးခေတ်တိရစ္ဆာန်တွေကို ခွဲစိတ်ပေးတဲ့ တိရစ္ဆာန်ဆရာဝန်ဖြစ်ပြီး ဒီသင်တန်းမှာ အလောင်းတွေကို ခွဲခြမ်းစိတ်ဖြာတဲ့ မှုခင်းဆရာဝန်ပဲ… သူက ကျွန်တော်တို့ရဲ့ဒဏ်ရာတွေကိုလည်း ပတ်တီးနဲ့ကုသနိုင်တာဆိုတော့ ဘက်စုံတော်တဲ့ဆရာဝန်ပဲ"


လျှိုကျောက်ချင်းက သူ့ကို အကူအညီမဲ့စွာ ကြည့်လိုက်သည်။

"ငါ့ကို မစပါနဲ့… ငါ့ရဲ့မလုံလောက်တဲ့အရည်အချင်းနဲ့ ဖြည့်စွက်ရုံကလွဲပြီး ရွေးချယ်စရာမှမရှိတာ"


ယွဲ့ရှင်းဝမ်က မေးလိုက်သည်။

"စီနီယာအစ်ကို သေဆုံးရတဲ့အကြောင်းရင်ကို ပြောနိုင်လား… ဥပမာ အရိုးပေါ်မှာ ချွန်ထက်တဲ့ဒဏ်ရာတွေ ကျန်ခဲ့သလား ဒါမှမဟုတ် လည်ပင်းမှာ အရိုးကျိုးနေတဲ့ လက္ခဏာတွေရှိသလား" သူသည် ကျိုးကြောင်းဆင်ခြင်ခြင်းဝတ္ထုများကို ဖတ်ရှုလေ့ရှိပြီး မှုခင်းဆေးပညာဆိုင်ရာ ခွဲခြားသတ်မှတ်ခြင်း၏ ရိုးရှင်းသော အသိပညာအနည်းငယ်ကိုလည်း သိကာ ထို့ကြောင့် သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လူ့အရိုးများကို ဂရုတစိုက်ကြည့်ရှုရန် လျှိုကျောက်ချင်း အနားတွင် ထိုင်နေခဲ့သည်။


လျှိုကျောက်ချင်းသည် ချက်ချင်းပင် အာရုံစူးစိုက်ပြီး ထပ်မံစစ်ဆေးခဲ့သည်။

"ရှင်းဝမ်က တကယ်ကို ထိရောက်တယ်… အလောင်းသုံးလောင်းမှာ လည်ပင်းရိုးကျိုးနေပြီး အခြားနေရာတွေမှာ ဒဏ်ရာလက္ခဏာတွေ မတွေ့ရတဲ့အတွက် ဒီလူသုံးယောက်က လည်ပင်းညှစ်သစ်ခံရဖို့ အလားအလာ တော်တော်များတယ်"


ကောက်ချက်ချသံကိုကြားတော့ အခြားကျောင်းသားများက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။


ရုတ်တရက် ရှင်းယန်က အသံတိုးတိုးဖြင့် မေးလိုက်သည်။

"အလောင်းကို မြေကြီးထဲမှာ မြုပ်ထားရင် ဖြည်းဖြည်းချင်း ပုပ်သွားပြီး ခန္ဓာကိုယ်ပေါ်က အဝတ်တွေ ပျောက်သွားမှာလား"


မေးခွန်းကြောင့် လူတိုင်း အံ့အားသင့်သွားကြသော်လည်း ယွဲ့ရှင်းဝမ်က သော့ချက်ကို လျင်မြန်စွာ သိရှိလိုက်သည်။

"“သေခြင်းကုဒ်”အတန်းမှာ သေဆုံးသူကို သိုလှောင်ခန်းထဲမှာ တွေ့ရှိခဲ့ပြီး ခန္ဓာကိုယ်က အရိုးစုတွေအဖြစ် ပြောင်းလဲသွားခဲ့ပေမဲ့ အရိုးစုတွေမှာ သတို့သမီးရဲ့မင်္ဂလာဝတ်စုံပတ်ထားတုန်းဆိုတာ ငါမှတ်မိတယ်"

 

အနီရောင်မင်္ဂလာဝတ်စုံနဲ့ ရစ်ပတ်ထားသော အဖြူရောင်အရိုးစုများ၏ မြင်ကွင်းက အဲဒီအတန်းကို တွေ့ကြုံခဲ့ရသည့် ကျောင်းသားများ၏ အမှတ်ရစရာများအဖြစ် လန်းဆန်းနေဆဲဖြစ်သည်။


လျှိုကျောက်ချင်း: "ဟုတ်တယ်…အလောင်းက ပုပ်သွားပေမဲ့ ခန္ဓာကိုယ်ပေါ်မှာဝတ်ထားတဲ့ အဝတ်အစားတွေက နှစ်အနည်းငယ်အတွင်း ပျောက်သွားမှာမဟုတ်ဘူး… အလောင်းသုံးလောင်းကို မြေအောက်မှာ မြုပ်ထားတုန်းက အဝတ်အစားတွေကို လူသတ်သမားက ချွတ်ပစ်လိုက်တာ"


ကျန်းရှောင်နျန် တူးထားသော အလောင်းသုံးလောင်း၏ ပတ်ပတ်လည်မှာ အဝတ်အစားအရိပ်အယောင်များ မတွေ့ရဘူး။ တစ်ခုတည်းသောရှင်းပြချက်မှာ လူသတ်သမားသည် သူတို့ကို မြေမြုပ်သောအခါ သူတို့၏အဝတ်အစားများကို ချွတ်လိုက်ခြင်းဖြစ်သည်။


ခယ်ရှောင်ပင်း: "လူသတ်သမားက ဘာလို့ဒီလိုလုပ်ရတာလဲ"


ကျန်းဖျင်စစ်က တည်ငြိမ်စွာ ပြောသည်။

"အကြောင်းပြချက် နှစ်ခုရှိမယ်ထင်တယ်… ပထမက လူသတ်သမားဟာ သူတို့ကို အရမ်းမုန်းလို့ပဲ… အလောင်းကို မြေမြုပ်တုန်းက သူတို့အဝတ်အစားတွေကို ချွတ်လိုက်တဲ့အတွက် သေဆုံးသူတွေကို အရှက်ရစေတယ်… ဒုတိယက သေဆုံးသူတွေရဲ့အဝတ်အစားတွေက အလွယ်တကူ အထောက်အထားကို ထုတ်ဖော်ပြသနိုင်လို့ပဲ… အထောက်အထားနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ဖယ်ရှားလိုက်တဲ့အခါ အရိုးစုတွေပဲကျန်တော့ပြီး ကျိုးကြောင်းဆင်ခြင်ဖို့အခက်အခဲက အရမ်းတိုးလာမယ်"


ယွဲ့ရှင်းဝမ်သည် ဖျင်စစ်၏ ဖော်ပြချက်ကို သဘောတူပြီး အကျဉ်းချုံးခဲ့သည်။

"သေဆုံးသူ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်၊ လည်ပင်းရိုးကျိုးပြီး သေဆုံးရတဲ့အကြောင်းရင်းက လူလုပ်အသက်ရှူကျပ်ခြင်းကြောင့်ဖြစ်ပြီး သေဆုံးချိန်က 2 နှစ်ကျော်ရှိပြီ… သူတို့အနက် အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က အသက်ကြီးပြီး ကျန်မိန်းကလေးတစ်ယောက်က အသက်ငယ်တယ်… လူသတ်သမားက သူတို့ရဲ့အဝတ်အစားတွေကို ချွတ်ပြီး နှင်းဆီနက်တွေပြည့်နေတဲ့ ဥယျာဉ်တစ်ခုမှာ မြုပ်နှံထားတာကြောင့် နှင်းဆီပန်းတွေကို အာဟာရဖြစ်စေဖို့အတွက် သူတို့ရဲ့ပုပ်နေတဲ့အလောင်းတွေကို အသုံးပြုဖို့ပဲ… ဒီအချက်အလက်အားလုံးက ငါတို့သိနိုင်သလောက်ပဲ… ဆက်လက်စုံစမ်းဖို့ ရဲတိုက်ဟောင်းဆီပြန်သွားရအောင်"


လူတိုင်းသည် ယွဲ့ရှင်းဝမ်နောက်ကနေ ရဲတိုက်သို့ ပြန်လိုက်သွားကြသည်။


ယွဲ့ရှင်းဝမ်က ပြောသည်။

"ဒုတိယထပ်ကနေ ရှာဖွေမှုကို စတင်ရအောင်"


ဒုတိယထပ်သို့ ခရုပတ်လှေကားကိုတက်ရင်း ဒုတိယထပ်အဝင်ဝတွင် နံရံမှာချိတ်ဆွဲထားသော ပန်းချီကားတစ်ချပ်ကို သူတို့တွေ့လိုက်ရသည်။ ဒီပန်းချီကားကို ရွှီဖေးရွှယ်က ပြောစရာမလိုဘဲ လူတိုင်းသိကြသည်။ ခယ်ရှောင်ပင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"မိုနာလီဆာရဲ့အပြုံး၊ လီယိုနာဒိုဒါဗင်ချီရဲ့လက်ရာပဲ ဟုတ်တယ်မလား"


ဤကမ္ဘာ့နာမည်ကြီးပန်းချီကားကို လူတိုင်းက ပထမဆုံးအကြိမ်အဖြစ် မှတ်မိခဲ့သည်။


နက်မှောင်သောအရောင်ဖြင့် ဆံပင်အနက်ရောင် အမျိုးသမီးတစ်ဦးကို ဆွဲထားသည်။ ပန်းချီကားထဲမှ အမျိုးသမီးသည် မျက်ခုံးနှင့် မျက်တောင်များ မပါရှိသော်လည်း သူမ၏ မျက်နှာသွင်ပြင်မှာ အံဝင်ခွင်ကျမဖြစ်သောနေရာမရှိဘဲ အလွန်နူးညံ့သိမ်မွေ့သော ခံစားချက်ကို ပေးသည်။ သူမသည် ပြုံးနေပုံရသော်လည်း သူမ၏မျက်နှာပေါ်တွင် ထင်ရှားသောအပြုံးမရှိသဖြင့် ပန်းချီကားကိုမြင်ရသောအခါတွင် အားလုံးကို ခံစားချက်အမျိုးမျိုးပေးစွမ်းသည်။


ဒီပန်းချီကားကို လူတိုင်း ပုံမှန်မြင်လေ့ရှိရင် ကြောက်စရာမလိုပါဘူး။ ယခုမူ ရှင်းယန်၏ အရက်မီးခွက်အလင်းရောင်၏ အကူအညီဖြင့် အမှောင်ရဲတိုက်တွင် ဒုတိယထပ်ဝင်ပေါက်မှာ ထိုကဲ့သို့သောပန်းချီကားတစ်ချပ်ကို ရုတ်တရက်မြင်လိုက်ရသည်။


ပန်းချီကားထဲက အမျိုးသမီး၏ မျက်လုံးများက သူတို့ကို စိုက်ကြည့်နေသလိုမျိုး လူတိုင်းက ကျောရိုးများတလျှောက် ချမ်းစိမ့်စိမ့် ခံစားနေရသည်။


ရွှီဖေးရွှယ် တည်ငြိမ်စွာ ပြောလိုက်သည်။

"တကယ်တော့ "မိုနာလီဆာ"ပန်းချီကားချပ်က သိပ်မရိုးရှင်းဘူး… ဒီပန်းချီကားနဲ့ပတ်သက်ပြီး ကောလဟာလတစ်ခုလည်း ရှိတယ်—— လီယိုနာဒိုဒါဗင်ချီက မိုနာလီဆာဗားရှင်းကို ပထမဆုံးရေးဆွဲခဲ့တယ် ပြီးတော့ ပထမဗားရှင်းရဲ့အခြေခံအပေါ်ကနေ ပုံတူအလွှာတွေဖုံးအုပ်ထားပြီး အနီးကပ်ကြည့်လိုက်ရင် ဒီပန်းချီကားမှာ မျက်နှာနှစ်ခုရှိတယ်"


ခယ်ရှောင်ပင်းသည် ဒီစကားကိုကြားသောအခါ မစပ်စုဘဲမနေနိုင်ပေ။ 

"မျက်နှာနှစ်ခုလား… ဘယ်မှာလဲ… ဘာလို့ ငါမတွေ့ရတာလဲ…"


ရွှီဖေးရွှယ်: "ပထမဆုံးမျက်နှာကို နောက်ပိုင်းဆွဲထားတဲ့မျက်နှာနဲ့ ဖုံးအုပ်ထားပြီး ပုံမှန်မျက်စိနဲ့ မမြင်နိုင်ပေမဲ့ နောက်ပိုင်းမှာ ပညာရှင်တွေက ကွန်ပျူတာစက်နဲ့ထိန်းချုပ်ပေးတဲ့ အလွှာတွေကို ပြန်လည်ထိန်းသိမ်းဖို့နဲ့ ချဲ့ထွင်ဖို့ အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့ကြပြီး သူမရဲ့မျက်လုံးထဲမှာ အခြားမျက်လုံးတစ်စုံရှိနေတယ်ဆိုတာ တွေ့ရှိခဲ့တယ်… ဒါက ဒီမျက်နှာအောက်မှာ ပထမဆုံးဗားရှင်းရဲ့ မျက်နှာလည်းရှိတယ်"


ပန်းချီဆရာအများစုသည် ပုံကြမ်းကို ဖယ်ရှားပြီး ကင်းဗတ်အသစ်ကို ယူကာ ထပ်ရေးဆွဲကြလိမ့်မည်။ ဒဏ္ဍာရီလာ လီယိုနာဒိုဒါဗင်ချီသည် ဗားရှင်းတစ်ခုကို ပထမဦးစွာ ရေးဆွဲခဲ့ပြီး မူလပန်းချီကားကို ဖုံးကွယ်ရန် ဒုတိယတစ်ခုကို ရေးဆွဲခဲ့ပါက ဤပန်းချီကားသည် "ဒုတိယမျက်နှာ" ကို အမှန်တကယ် ဖုံးကွယ်ထားသည်။


သူတို့တွေနားထောင်လေလေ ဆံပင်များထောင်လာလေလေဖြစ်သည်။ ဒီလို ပန်းချီကားတစ်ချပ်ကို ရဲတိုက်ထဲမှာ ထည့်ထားတာ ဘာကိုဆိုလိုတာလဲ။


ယွဲ့ရှင်းဝမ် စကားပြောခါနီးတွင် ရုတ်တရက် သူ့ရှေ့က ပန်းချီကားထဲရှိ မိန်းမ၏ နှုတ်ခမ်းထောင့်က အနည်းငယ် မြှောက်တက်လာပုံရသည်။


သိသိသာသာမဟုတ်သောကြောင့် ယွဲ့ရှင်းဝမ်က သူ့မျက်လုံးများကို ပွတ်သပ်ပြီး သေချာကြည့်လိုက်သည်။ ပန်းချီကားထဲက အမျိုးသမီးဟာ မလှုပ်မယှက်ရှိနေပြီး “သူမ၏နှုတ်ခမ်းထောင့် မြှောက်တက်ခြင်း”လှုပ်ရှားမှုကို မလုပ်ခဲ့ပါ။


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို တိုးတိုးလေးမေးလိုက်သည်။

"သူမရဲ့နှုတ်ခမ်းထောင့်က လှုပ်သွားတာ မင်းမြင်လိုက်လား"


ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ပြီး ပြောသည်။

"မမြင်ပါဘူး"


ယွဲ့ရှင်းဝမ်သည် အခြားကျောင်းသားများကိုကြည့်ကာ မေးလိုက်သည်။

"မင်းတို့ကော"


အခြားသူများကလည်း ခေါင်းယမ်းကြသည်။ "မလှုပ်ပါဘူး"


ခယ်ရှောင်ပင်းသည် သူ့မျက်မှန်ကို ပင့်တင်ကာ တောင့်တင်းစွာ ပြောလိုက်သည်။

"ပန်းချီကားထဲကလူက ဘယ်လိုလုပ်လှုပ်ရှားနေမှာလဲ… ရှင်းဝမ် ငါ့ကို မခြောက်ပါနဲ့"


ရှင်းယန်: "လေတိုက်တာကြောင့် အရက်မီးခွက်ရဲ့မီးရောင်က ပန်းချီကားကို ထင်ယောင်ထင်မှားဖြစ်စေတာ ဖြစ်မယ်"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"အဲဒါက အဓိပ္ပါယ်ရှိတယ်"


ပန်းချီကားများထဲက လူများသည် မည်သို့လှုပ်ရှားနိုင်မည်နည်း။


သူ စိတ်အလွန်လှုပ်ရှားပြီး အလင်းရောင်မှိန်မှိန်ကြောင့် ထင်ယောင်ထင်မှားဖြစ်ခဲ့သည်။ ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူလိုက်ပြီး အကြောင်းအရာကိုပြောင်းလိုက်သည်။

"ဆက်ပြီးစုံစမ်းကြည့်ရအောင်… ဒုတိယထပ်မှာ အခန်းနှစ်ခန်းရှိတယ်… အားလုံး အုပ်စုနှစ်စုခွဲပြီး အရက်မီးခွက်ကိုယူပြီးတော့ လုံခြုံရေးကို ဂရုစိုက်ကြပါ… သဲလွန်စတွေရှာတွေ့တာနဲ့ သုတေသနအဖွဲ့ chat channel မှာ အချိန်မရွေး ဆက်သွယ်နိုင်တယ်"


လူ 13 ယောက်ကို အဖွဲ့နှစ်ဖွဲ့ခွဲကာ အခန်းနှစ်ခန်းစီ ဝင်သွားကြသည်။


ယွဲ့ရှင်းဝမ်သည် အခန်းတံခါးဆီသို့ လျှောက်သွားသောအခါတွင် သူ့နောက်တွင် တစ်ယောက်ယောက်က သူ့ကို စောင့်ကြည့်နေသည်ဟု အမြဲလိုလို ခံစားမိသည်။ သူ ရုတ်တရက် ခေါင်းကို လှည့်လိုက်ပြီး အပေါက်ဝမှာ ချိတ်ဆွဲထားသော "မိုနာလီဆာ" ဆီဆေးပန်းချီကားကို ကြည့်လိုက်သည်။ ပန်းချီကားထဲက အမျိုးသမီးသည် မလှုပ်မယှက်ဖြင့် အခုလေးတင် တကယ်ပဲ ထင်ယောင်ထင်မှားဖြစ်ခဲ့ပုံရသည်။


သူက စိတ်သက်သာရာရကာ အခန်းထဲသို့ လှည့်ဝင်သွားလိုက်သည်။


သူတို့အားလုံး အခန်းထဲ ဝင်သွားပြီးနောက် အဝင်ပေါက်ရှိ ပန်းချီကားထဲမှ အမျိုးသမီးသည် နှုတ်ခမ်းထောင့်က ရုတ်တရက် မြှောက်သွားကာ ထူးဆန်းသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်ပြီး သူမ၏ မျက်နှာတစ်ခုလုံးက ချက်ချင်း လှည့်သွားကာ ပန်းချီနောက်တွင် ဖုံးကွယ်ထားသော ဒုတိယ မျက်နှာတစ်ခု ပေါ်လာသည်။


ဒုတိယအမျိုးသမီး၏ မျက်နှာပေါ်တွင် သူမ၏မျက်လုံးထောင့်မှ သွေးမျက်ရည်များ စီးကျလာသည်။


***


ယွဲ့ရှင်းဝမ်ဦးဆောင်သောအဖွဲ့က ပန်းချီဆွဲခန်းသို့ ဝင်ရောက်ခဲ့သည်။


ပန်းချီဆွဲခန်းအလယ်တွင် ကင်းဗတ်ဗလာတစ်ခု၊ ၎င်းဘေးတွင် ရောင်စုံဆေးဘူးကြီးတစ်ခု၊ မြေပြင်ပေါ်တွင် စွန့်ပစ်ထားသော ပုံကြမ်းတချို့ရှိသည်။


ရွှီဖေးရွှယ်သည် ပုံကြမ်းအနည်းငယ်ကို ကောက်ယူပြီး ဖြန့်ကာ သူတို့ကို ကြည့်လိုက်သည်။

"ဒါက အောက်ထပ်မှာ မြင်ခဲ့ရတဲ့ စိတ်ကူးယဉ်ပန်းချီကားတွေရဲ့ ပုံကြမ်းပဲ… ငါတို့ကောက်ချက်ချတာက မှန်တယ်… ဒီရဲတိုက်ဟောင်းမှာ ဆွဲထားတဲ့ ပန်းချီကားတွေအားလုံးက ပုံတူဆွဲထားတဲ့လက်ရာတွေပဲ… ဒါပေမဲ့ မူရင်းပန်းချီကားနဲ့ တူအောင် ပုံတူဆွဲဖို့ ဒီပန်းချီဆရာရဲ့ပန်းချီစွမ်းရည်က အရမ်းလေးစားစရာကောင်းလိမ့်မယ်"


ကျန်းဖျင်စစ်က ရုတ်တရက် ငုတ်တုတ်ထိုင်ချလိုက်ပြီး ရှည်လျားသောဆံပင်ကို ကြမ်းပြင်မှကောက်ကာ ယွဲ့ရှင်းဝမ်ကိုကြည့်လိုက်သည်။

"ဒါက အမျိုးသမီးဆံပင်ရှည်လား"


ရွှီဖေးရွှယ်က ပြန်ကြည့်လိုက်ပြီး ပြောသည်။

"အတိအကျမပြောနိုင်ဘူး… အနုပညာလောကထဲ ဝင်လာတဲ့ အမျိုးသားတော်တော်များများက သူတို့ရဲ့ပင်ကိုယ်စရိုက်ကို ပြသဖို့ ဆံပင်အရှည်ထားရတာကို ကြိုက်ကြတယ်… ငါတို့အနုပညာဌာနမှာ ဆံပင်ရှည်တဲ့ ယောင်္ကျားလေးတွေ တော်တော်များများ ရှိတယ်"


ကျန်းဖျင်စစ်သည် ခေါင်းငြိမ့်လိုက်ပြီး ဆံပင်ကို ခေတ္တသိမ်းဆည်းလိုက်သည်။


ခယ်ရှောင်ပင်းသည် ရှောင်ထူကို မြင်ကွင်းအား ဓာတ်ပုံရိုက်ခိုင်းပြီး ပြောလိုက်သည်။

"ဒီကနံရံမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားတချို့ရှိတယ်… ဒါက ဘာကိုဆိုလိုတာလဲ" သူက ပန်းချီဆွဲခန်း၏ တစ်ဖက်ခြမ်းက နံရံကို ညွှန်ပြလိုက်သည် 


ရွှီဖေးရွှယ်က ချက်ချင်း ဖြတ်လျှောက်လာပြီး ပြောလိုက်သည်။

"အလယ်မှာရှိတဲ့ ပန်းချီကားက ဗန်ဂေါ့ရဲ့လက်ရာဖြစ်တဲ့ "ကြယ်ရောင်လင်းလက်သောည"ပဲ"


အပြာရောင်နှင့် အဝါရောင်တို့ ရောနှောကာ လှည့်ပတ်ခြင်း၊ ကွေးညွတ်ခြင်းများဖြင့် "ကြယ်ရောင်လင်းလက်သောည"က စိတ်ကူးယဉ်ဆန်သော အရောင်များ ပြည့်နှက်နေသည်။ "ကြယ်ရောင်လင်းလက်သောည"အောက်ရှိ ရွာကလေးသည် တောက်ပနေပြီး ဘေးတွင် နက်မှောင်သော မီးတောက်ကဲ့သို့ ကြီးမားသော အရာတစ်ခုရှိသည်။


ကျန်းရှောင်နျန်သည် ပန်းချီကား၏ အနက်ရောင် အစိတ်အပိုင်းကို ညွှန်ပြပြီး ရွှီဖေးရွှယ်ကို မေးလိုက်သည်။

"ဒါက ဘာလဲ"


"အဲဒါက မီးတောက်ကြီးလို ပုံသဏ္ဍာန်ရှိတဲ့ အညိုရင့်ရောင်သစ်ပင်ကြီးပါ… ကောင်းကင်ကို ပြေးတက်ပြီး ကြယ်နဲ့လရဲ့ ပွဲတော်ကြီးကို ကိုယ်စားပြုတယ်"


ကောင်းကင်သို့ တက်လာသော မီးတောက်ကဲ့သို့ သစ်ပင်ကြီးနှင့် ၎င်းဘေးနားရှိ တိတ်ဆိတ်သော ရွာကလေးကြား ခြားနားချက်မှာ ပန်းချီကားတစ်ချပ်လုံးကို ထူးခြားသွားစေသည်။


ရွှီဖေးရွှယ်က ဆက်ပြောသည်။

"ဒီပန်းချီကားရဲ့ မူလအစက အရမ်းထူးခြားတယ်… အဲဒီအချိန်တုန်းက ဗန်ဂေါ့ဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းပြီး စိတ်ကျန်းမာရေးဆေးရုံမှာ ဆေးကုသမှုခံယူနေရတာ… ဆေးရုံတက်နေတုန်း ဒီပန်းချီကားကို သူရေးဆွဲခဲ့တာ ပြီးတော့ ဒီပန်းချီကားထဲကရွာဟာ သူ့စိတ်ကျန်းမာရေးဆေးရုံ တည်ရှိရာနေရာပဲ"


ဒါကိုကြားတော့ ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်လိုက်သည်။ 

"ရဲတိုက်ဟောင်းမှာ ဆွဲထားတဲ့ ပန်းချီကားတွေက အရမ်းထူးဆန်းတာကို သတိထားမိလား… အရင်က ပထမထပ်မှာ မြင်ခဲ့ရတဲ့ "ကျောက်သင်ပုန်း"ရဲ့ ပန်းချီဆရာက သူငယ်ချင်းတစ်ယောက်ရဲ့ ပခုံးပေါ်မှာ ထိုင်ပြီး ပေါ့ပေါ့ပါးပါး ရေးခြစ်ခဲ့တာ… ဒဏ္ဍာရီလာ"မိုနာလီဆာ"မှာ ပထမမျက်နှာနဲ့ဖုံးအုပ်ထားတဲ့ ဒုတိယမျက်နှာရှိတယ်… "ကြယ်ရောင်လင်းလက်သော‌ည"ကို ဗန်ဂေါ့က သူ့စိတ်ရောဂါကုသမှုခံယူနေတုန်း ရေးဆွဲခဲ့တာ"


ခယ်ရှောင်ပင်းက သူ့ခေါင်းကို ကုတ်လိုက်သည်။

"ဒီပန်းချီကားတွေက ဘာမှထူးခြားတာ မရှိဘူးမလား"


ကျန်းဖျင်စစ်က ရုတ်တရက် ပြောလိုက်သည်။ 

"တကယ်တော့ ရှိတယ်"


လူတိုင်းက သူ့ကိုကြည့်ဖို့ ခေါင်းကိုလှည့်လာပြီး ကျန်းဖျင်စစ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီလျှို့ဝှက်ခန်းရဲ့ အဓိကဆိုလိုရင်းက အစားထိုးခြင်းနဲ့ လဲလှယ်ခြင်းပဲ… ပထမထပ်မှာရှိတဲ့ စိတ်ကူးယဉ်ပန်းချီကားတွေထဲကတစ်ခုမှာ တောက်ပသောအရောင်တုံးများစွာကိုအသုံးပြုထားတဲ့ "လဲလှယ်ခြင်း"ဆိုတဲ့ ပန်းချီကားတစ်ချပ်ရှိတယ်… ဒုတိယထပ်က "မိုနာလီဆာ"မှာ ဒုတိယမျက်နှာက ပထမဆုံးမျက်နှာကို ဖုံးအုပ်ထားတာကြောင့် နောက်လူက အရင်လူနေရာကို အစားထိုးလိုက်တာနဲ့ တူညီတယ်… ပန်းချီဆွဲခန်းမှာ ချိတ်ဆွဲထားတဲ့ ဒီ"ကြယ်ရောင်လင်းလက်သောည"မှာ မီးတောက်လိုမျိုးတက်လာတဲ့ သစ်ပင်တွေနဲ့ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်တဲ့ ရွာတွေနဲ့ သိသိသာသာ ဆန့်ကျင်ဘက်ဖြစ်နေပြီး လူသတ်သမားဟာ အပေါ်ယံမှာ တည်ငြိမ်နေပေမဲ့ သူ့ရင်ထဲမှာ ရူးသွပ်နေတယ်ဆိုတာ သတိပေးနေပုံရတယ်"


ယွဲ့ရှင်းဝမ်သည် သူ့စကားများအတိုင်း ဆက်လက်၍ပြောသည်။

"ရဲတိုက်ဟောင်းမှာ လူတစ်ယောက်မှမရှိဘူး… သေဆုံးသူတွေထဲမှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က အသက်ကြီးပြီး ကျန်မိန်းကလေးက ငယ်တယ်… သူတို့သုံးယောက်က မိသားစုနဲ့အရမ်းတူတယ်… လူသတ်သမားက တစ်မိသားစုလုံးကိုရှင်းပစ်ပြီး အစားထိုးလိုက်တာများလား"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်လိုက်သည်။

"ဒါက ငါ့ရဲ့ခန်းမှန်းချက်ပါပဲ… လက်ရှိ သဲလွန်စတွေက အကြောင်းရာတွေကို အသေးစိတ်သိပ်ပြီး ခွဲခြမ်းစိတ်ဖြာလို့ မရဘူး"


ယွဲ့ရှင်းဝမ်: "အင်း… ငါတို့ နောက်ထပ် အထောက်အထားတွေ ရှာရမယ်… စီနီယာအစ်ကိုလျှိုတို့ တစ်ခုခုရထားပြီးလားဆိုတာ မေးကြည့်လိုက်မယ်" ထိုသို့ပြောပြီးနောက် သုတေသနအဖွဲ့ chat channel သို့ သူက မက်ဆေ့ခ်ျပေးပို့ခဲ့သည်။ "စီနီယာအစ်ကိုလျှို သဲလွန်စတွေရှာတွေ့လား"


မက်ဆေ့ချ်ပို့ခဲ့သော်လည်း အကြောင်းပြန်ခြင်းမရှိပေ။


ယွဲ့ရှင်းဝမ် အံ့သြသွားသည်။

"စီနီယာအစ်ကိုလျှို… စီနီယာအစ်ကိုရွှီ…"


လန်ယာရုန်က အလျင်အမြန် စာရိုက်ခဲ့သည်။

"မန့်လော်… ကျိုဖုန်း… ချင်လုနဲ့ချင်မြောင်၊ နင်တို့ မက်ဆေ့ခ်ျတွေကို မမြင်ရဘူးလား"


သုတေသနအဖွဲ့တွင် သူတို့ရိုက်ထားသည့် စကားလုံးများသာ ကျန်ရှိတော့ပြီး အခြားအဖွဲ့မှ အဖွဲ့ဝင်များက တုံ့ပြန်ဖြေကြားခြင်းမရှိပေ။


အခုလေးတင် ဒုတိယထပ်မှာ သူတို့နဲ့ စကားစမြည်ပြောနေသော လူခြောက်ယောက် ဘာဖြစ်သွားတာလဲ။


ယွဲ့ရှင်းဝမ်၏ မျက်နှာက ပြောင်းလဲသွားသည်။ သူက ချက်ချင်း တံခါးပေါက်ကနေ ပြေးထွက်သွားပြီး ဝင်ပေါက်မှာ ချိတ်ဆွဲထားသော "မိုနာလီဆာ"နှင့် မျက်နှာမူနေခဲ့သည်။ ပန်းချီကားထဲမှ အမျိုးသမီးသည် အမှန်တကယ် မျက်နှာပြောင်းလဲသွားခဲ့သည်။


【TK — "Mona Lisa"ပန်းချီကားချပ်ကို အီတလီပန်းချီဆရာ "Leonardo da Vinci" က (1503-1506)ကြားမှာ ရေးဆွဲခဲ့ပါတယ်။ Leonardo ရဲ့ နာမည်အရင်းက Leonardo di ser Pieroda Vinci ဖြစ်ပါတယ်။


— "The Starry Night"ပန်းချီကားချပ်ကို ဒတ်ခ်ျပန်းချီဆရာ "Van Gogh" က 1889 မှာ ရေးဆွဲခဲ့ပါတယ်။ Van Gogh ရဲ့ နာမည်အရင်းက Vincent Willem van Gogh ဖြစ်ပါတယ်။】


#TK