Chapter 196
Viewers 22k

Volume 9 : ပထဝီဝင်ဌာန


Chapter 196 (မြို့ပြစီမံကိန်း ဇာတ်သိမ်း)


လူတိုင်းသည် မီးငြိမ်းသတ်ခြင်းနှင့် ရေနုတ်မြောင်းများတွင် မကျွမ်းကျင်ပါ။ လက်တွေ့တွင် ပရော်ဖက်ရှင်နယ် အင်ဂျင်နီယာများက ရေနုတ်မြောင်းများကို ဒီဇိုင်းထုတ်သည့် မြို့များစွာသည် မိုးသည်းထန်စွာရွာသွန်းနေချိန်တွင် ရေလျှံနိုင်ပြီး အတွေ့အကြုံမရှိသော တက္ကသိုလ်ကျောင်းသားအုပ်စုဆိုရင် ပြောစရာမလိုပေ။


လူတိုင်းက ကိုယ့်အသိဉာဏ်ဏ်နဲ့ ကိုက်ညီအောင် ဒီဇိုင်းထုတ်ဖို့ပဲ ကြိုးစားကြသည်။


ခယ်ရှောင်ပင်းက ပြဿနာတစ်ခုကို အမြန်ရှာဖွေတွေ့ရှိခဲ့သည်။

"ငါတို့ရဲ့သဲစားပွဲက မြေပြင်ပဲရှိပြီး မြေအောက်မရှိဘူး… ဒါကြောင့် မြေအောက်ရထားကို ငါတို့မဆောက်နိုင်ဘူး… ပြီးတော့ မြေအောက်ဓာတ်ငွေ့ပိုက်လိုင်းတွေနဲ့ ရေဆိုးပိုက်လိုင်းတွေကို မဆောက်နိုင်ဘူး… မြေပြင်အပေါ်အစိတ်အပိုင်းပဲ လုပ်လို့အဆင်ပြေပါ့မလား"


ယွဲ့ရှင်းဝမ်: "မြေအောက်မရှိရင် အခက်အခဲက အများကြီးနည်းသွားလိမ့်မယ်"


မြို့တစ်ခုလုံး၏ မြေအောက်ပိုက်လိုင်းများကို သူတို့ကိုယ်တိုင် ဒီဇိုင်းထုတ်မည်ဆိုပါက နောက်ကျသွားမည်ဖြစ်သည်။ စာကြည့်တိုက်သည် မြေပြင်သဲစားပွဲကိုသာ ပေးထားပြီး ဆိုလိုသည်မှာ သူတို့သည် တစ်မြို့လုံး၏ အပေါ်မြေပြင်အသွင်အပြင်ကို စီစဉ်ရန်သာ လိုအပ်ပြီး မြေအောက်ပိုက်များ၏ အသေးစိတ်အချက်အလက်များကို စိတ်ပူစရာမလိုပေ။


ခရိုင်လေးခုတွင် အားလုံးက စိတ်ရောကိုယ်ပါ မီးသတ်တပ်ဖွဲ့များကို ထူထောင်ကြသည်။ ကျန်းဖျင်စစ်သည် မြို့တောင်ဘက်တွင် စစ်တက်ခရိုင်ငယ်တစ်ခုအပြင် စစ်တပ်ခရိုင်မိသားစုဆေးရုံနှင့် စစ်ဆေးရုံကိုလည်း တည်ဆောက်ခဲ့သည်။


မြို့ပြရေနုတ်မြောင်းဒီဇိုင်းကို ကျိုဖုန်းထံလွှဲပေးခဲ့သည်။ 1cm ရှည်သော ပြွန်ဆောက်လုပ်ရေးတုံးများကို မြေပြင်ရေစီးကြောင်းအတိုင်း စီစဉ်ပေးကာ မိုးရွာသောအခါတွင် ရေစုပုံနိုင်သည့်နေရာများကို ဖောက်ထုတ်ကာ နောက်ဆုံးတွင် မြေအောက်ရေနုတ်မြောင်းများကို ဆွဲခဲ့သည်။


မီးငြိမ်းသတ်ခြင်းနှင့် ရေနုတ်မြောင်းများ ပြီးစီးပြီးနောက် ယွဲ့ရှင်းဝမ်သည် သူတို့၏ မြို့သဲစားပွဲကို ပြန်ကြည့်ပြီး ပြောလိုက်သည်။

"လူနေဧရိယာက 70% လောက်ကို နေရာယူထားတာ အရမ်းများလွန်းတယ်… တချို့လူနေအဆောက်အဦးတွေကို အမြင့်ကို တိုးမြင့်ပြီး ရုံးခန်းတွေနဲ့ အပန်းဖြေဟိုတယ်တွေအဖြစ် ပြောင်းလဲလိုက်မယ်"


ရွှီယိရှန်းက အကြံပြုခဲ့သည်။

"မြို့ရဲ့တောင်ဘက်မှာ ကြယ်ငါးပွင့် အပန်းဖြေဟိုတယ် နှစ်လုံး ဆောက်နိုင်ပြီး မြို့လယ်မှာ အထပ် 80 ရှိတဲ့ အထင်ကရ အဆောက်အဦးနှစ်ခုကို ဆောက်နိုင်တယ်… ခြုံငုံကြည့်ရတာသလောက်ကတော့ မြို့ထဲက အဆောက်အဦးတွေက အတက်အကျတွေ ဖြစ်နေပြီး ဒီတော့ ပိုကြည့်ကောင်းတယ်"


ရှင်းယန်တွင် အစွဲအလမ်းလွန်ကဲသော ရောဂါရှိနိုင်သည်။ သူသည် တောင်ပိုင်းခရိုင်ရှိ လူနေအိမ်အဆောက်အဦးများကို တာဝန်ယူခဲ့သည်။ သူဆောက်ထားသော အဆောက်အဦးများက အထပ် 30 မြင့်ပြီး တစ်ချက်ကြည့်ရုံဖြင့် ၎င်းတို့သည် ကွန်ပျူတာ copy နဲ့ paste ကဲ့သို့ သပ်ရပ်ပြီး လေးထောင့်ပုံပေါက်သည်။


သို့ပေမဲ့ တကယ့်မြို့မှာ တူညီသောအမြင့် အဆောက်အဦးများ ပြည့်နေသည့် ဧရိယာကြီးတစ်ခု မဖြစ်နိုင်ပါဘူး။ လူနေရပ်ကွက်များအပြင် ဟိုတယ်နှင့် ရုံးခန်းအဆောက်အဦးများလည်း လိုအပ်သောကြောင့် မဟုတ်ပါက ထိုလုပ်ငန်းကြီးများသည် အလုပ်နေရာမရှိပေ။


ရှင်းယန်က ဒါကိုကြားပြီး ချက်ချင်းပဲ လုပ်ဆောင်လိုက်သည်။ မူလနေထိုင်သူ အဆောက်အဦးများတွင် အဆောက်အဦတုံးများကို ဆက်လက်ထည့်သွင်းပြီး အများအပြားကို ဟိုတယ်ကြီးများနှင့် ရုံးခန်းအဆောက်အဦးများအဖြစ် ပြောင်းလဲခဲ့သည်။ သူသည် လူနေရပ်ကွက်တစ်ခုကို ဖြိုချကာ ပုံစံငယ်ကို ပြန်လည်မွမ်းမံပြီး စုစည်းထားသော ရုံးခန်းအဆောက်အဦးများရှိသည့် ရုံးခန်းဧရိယာအဖြစ် ပြောင်းလဲခဲ့သည်။ ထို့နောက် ချက်ချင်းပင် သူသည် ခယ်ရှောင်ပင်း၏ ဒီဇိုင်းကို အတုယူကာ တောင်ပိုင်းခရိုင်တွင် နေရာလွတ်သွားပြီး လမ်းဘေးအစားအသောက်တစ်ခုကို ဆောက်လုပ်ခဲ့သည်။


ရွှီယိရှန်းသည် သူ၏စိတ်ကူးစိတ်သန်းကို အပြည့်အဝကစားပြီး အထပ် 60 ရှိသော နည်းပညာမြင့် အဆောက်အဦးနှစ်ခုကို မြို့၏သင်္ကေတများအဖြစ် မြို့လယ်တွင် ထူးခြားသောပုံစံများဖြင့် တည်ဆောက်ခဲ့သည်။


စာမေးပွဲပြီးဆုံးရန် နောက်ဆုံးနာရီဝက်သာကျန်တော့သဖြင့် ယွဲ့ရှင်းဝမ်သည် သတ်မှတ်ချိန်အား တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

"အချိန်ကုန်တော့မယ်… ဘာတွေကျန်သေးလဲလို့ တွေးကြရအောင်… လက်ရေးလှတဲ့ကျောင်းသားတွေ ငါ့ဆီလာခဲ့ကြ… ရပ်ကွက်နဲ့ ဆိုင်နာမည်တွေအားလုံးကို တတ်နိုင်သမျှ အမြန်ဆုံး ငါတို့နာမည်ပေးရမယ်"


ဆိုင်မျက်နှာစာ၏ တံခါးနံပါတ်အဖြစ် အဆောက်အဦးပေါ်တွင် တိုက်ရိုက်ချိတ်ဆွဲထားနိုင်သည့် စာကြည့်တိုက်၏ အဆောက်အဦတုံးများတွင် "ဆိုင်းဘုတ်" ပုံသဏ္ဌာန်သေးငယ်သော လေးထောင့်ကွက်များစွာရှိသည်။ တစ်ချိန်တည်းမှာပင် ဆိုင်းဘုတ်ပေါ်တွင် လွတ်လပ်စွာ ရေးသားနိုင်သည့် ဆယ့်နှစ်ရောင် ဘောပင်များ တပ်ဆင်ထားသည်။


လျှိုကျောက်ချင်းက သူ့နှာခေါင်းကိုထိပြီး ပြောလိုက်သည်။

"ငါ့လက်ရေးကမလှဘူး… ဒေါက်တာလက်ရေးက ဘယ်လိုလဲဆိုတာ မင်းတို့သိပါတယ် ပြီးတော့ လက်ရေးကို ဘယ်သူမှ မဖတ်နိုင်ဘူးလို့ ခန့်မှန်းရတယ်"


ကျန်းရှောင်နျန်က တိုးတိုးပြောလိုက်သည်။

"ကျွန်တော့်ရဲ့လက်ရေးက မူကြိုအရွယ် ခွေးခြစ်ကြောင်ခြစ်အဆင့်ပဲရှိပြီး လက်မှတ်ထိုးတာလောက်တော့ အဆင်ပြေပါတယ် ဒါမှမဟုတ် ထားလိုက်ပါတော့…"


ကျန်းဖျင်စစ်၏လက်ရေးသည် ပုံနှိပ်စာကဲ့သို့ အလွန်မှန်ကန်ပါသည်။ ယွဲ့ရှင်းဝမ်၏လက်ရေးက ပို၍ပင်ခေတ်ဆန်ကြော့မော့သည်။ ကျိုဖုန်း၊ လန်ယာရုန်၊ ချင်မြောင်၊ ချင်လု၊ ရှင်းယန်နှင့် ခယ်ရှောင်ပင်းတို့လည်း အကူအညီပေးခဲ့သည်။ လူတိုင်းသည် ပြားချပ်ချပ်အတုံးများစွာကို ယူဆောင်လာပြီး မတူညီသောဘောပင်များဖြင့် စတင်ရေးသားကြသည်။


ခယ်ရှောင်ပင်းသည် လမ်းဘေးအစားအစာဆိုင်များ၏ အမည်များကို ရေးသားရာတွင် အထူးကျွမ်းကျင်သည်။ အရသာရှိသော အစားအသောက်များကို နေရာတိုင်းမှာ ရှာရတာ ကြိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူသည် မြို့ထဲမှာ လန်ကျိုးအမဲသားခေါက်ဆွဲ၊ ကွေ့လင်ဆန်ခေါက်ဆွဲ၊ တုပ်ထိုး၊ ဟော့ပေါ့၊ ကိုရီးယားအသားကင်၊ ငါးချဉ်၊ စစ်ချွမ်းစားသောက်ဆိုင်နှင့် အများအားဖြင့် အစားအသောက်ဆိုင်များကို ရေးခဲ့ပြီး ဆိုင်များစွာတွင်လည်း အခွဲများရှိကာ အစားအသောက်မျိုးစုံက အလွန်ကြွယ်ဝပါသည်။


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် ရှန်းရွှိန်ဥယျာဉ်၊ ဟယ်ဟွမ်မြို့၊ ပင်းကျန်းနိုင်ငံတကာမြို့သစ်၊ ကျင်းကျော့ဥယျာဉ် အစရှိသည့် လူနေရပ်ကွက်များကို အမည်ပေးရန်အတွက် တာဝန်ယူခဲ့ပြီး သူတို့သည် သူတို့၏ ဦးနှောက်များကို စုစည်းကာ သူတို့တွေးနိုင်သော ရပ်ကွက်များ၏ အမည်များကို ရေးခဲ့ပြီး မြို့တွင်းရှိ လူနေရပ်ကွက်အများစုကို နာမည်မထပ်အောင် ကြိုးစားခဲ့သည်။ သူတို့ဘာမှ မတွေးနိုင်တော့သည့်အချိန်တွင် အသုံးပြုပြီးသား အိမ်ခြံမြေကို ဒုတိယအဆင့်နှင့် တတိယအဆင့်များ ပေါင်းထည့်ခဲ့သည်။


ချင်မြောင်နှင့် ချင်လုတို့သည် ကျောင်းများကို အမည်ပေးခြင်းတွင် တာဝန်ယူပြီး နိုင်ငံတကာ ဘာသာစကားနှစ်မျိုးသုံး မူကြိုတန်း၊ ပင်းဟယ်အလယ်တန်းကျောင်း၊ အမှတ် 7 မြို့အလယ်တန်းကျောင်း…


ရှင်းယန်သည် ရှော့ပင်းမောလ်များ၊ ရုံးခန်းအဆောက်အဦးများနှင့် ဟိုတယ်များ၊ အမျိုးမျိုးသော ဝမ့်တာပလာဇာ၊ ဝူယွဲ့ပလာဇာ၊ SOHO တိုက်ခန်းများ၊ အပန်းဖြေဟိုတယ်များစသည်ဖြင့် အမည်ပေးရန်အတွက် တာဝန်ရှိသည်။ သူသည် အမည်များကို လက်ရေးဖြင့်မှန်ကန်စွာရေးပြီး သက်ဆိုင်ရာ အဆောက်အဦးများတွင် ထည့်သွင်းခဲ့သည်။


လန်ယာရုန်သည် အစိုးရဌာနများ၊ အစိုးရရှေ့နေရုံး စသည်တို့အတွက် တာဝန်ရှိသည်။


အချိန်သိပ်မကျန်တော့ဘဲ လူတိုင်းက အဆောက်အဦးတိုင်းနဲ့ ရပ်ကွက်တိုင်းမှာ နာမည်တစ်ခုတပ်ပြီး ယင်ကောင်လို အလုပ်လုပ်ကြသည်။


လမ်းမကြီးရှစ်ခုကို ဦးစွာစီစဉ်သောအခါ ၎င်းတို့ကို "ကျန့်ရှဲ့လမ်း"နှင့် "ရန်မင်လမ်း"ဟု အမည်ပေးခဲ့သည်။ နာမည်မရသော အခြားလမ်းငယ်များအတွက် ယွဲ့ရှင်းဝမ်က ကျိုဖုန်းနှင့် မန့်လော်တို့ကို စစ်ဆေးပြီး နာမည်ပေးဖို့ တောင်းဆိုခဲ့သည်။ သူတို့တွေ နာမည်များအားလုံးရေးပြီးသွားသောအခါ ယွဲ့ရှင်းဝမ်က သေသေချာချာစစ်ဆေးပြီး သက်ပြင်းချရင်း ပြောလိုက်သည်။

"ပြီးခါနီးပြီမလား"


စာမေးပွဲပြီးဖို့ 15 မိနစ်ကျန်သေးသည်။


လန်ယာရုန်သည် မြို့သဲစားပွဲကိုကြည့်ကာ ပြောလိုက်သည်။

"လမ်းဘေးဆိုင်တွေက အစားအသောက်ဆိုင်တွေဖြစ်ပြီး။အရမ်းရိုးရှင်းလွန်းတယ်… တချို့ကို သားဖွားနဲ့ကလေးသုံးပစ္စည်းဆိုင်တွေ၊ သွားဆေးခန်းတွေ၊ အလှကုန်နဲ့ အသားအရေထိန်းစင်တာတွေ ပေါင်းထည့်လိုက်ရင် ရမှတ်က ပိုတိုးလာမလား"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"ဒါက အဓိပ္ပါယ်ရှိတယ်… အားလုံး အစားအသောက်ဆိုင်တချို့ရဲ့ အမှတ်တံဆိပ်တွေကို ပြောင်းလိုက်ပါ"


ခယ်ရှောင်ပင်းသည် အစားအသောက်ဆိုင်များစွာ၏ ကုန်အမှတ်တံဆိပ်များကို ချက်ချင်းဖယ်ရှားပြီး အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။ ရလဒ်အနေဖြင့် ဒေါက်တာလျှို၏ သွားဘက်ဆိုင်ရာဆေးခန်းနှင့် ဒေါက်တာလီ၏ ရိုးရာတရုတ်တိုင်းရင်းဆေးပညာ ဆေးခန်းကဲ့သို့သော စတိုးဆိုင်များသည် တစ်မြို့လုံးတွင် လျင်မြန်စွာ ပေါ်လာခဲ့သည်။ မိန်းကလေးအများအပြားသည် အလှပြင်စင်တာများ၊ အထည်ဆိုင်များ၊ လက်သည်းအလှပြင်ဆိုင်များနှင့် အခြားအရာများအတွက် ကုန်အမှတ်တံဆိပ်များ ရေးသားခဲ့ကြသည်။


ချင်လု: "မူကြိုတန်း၊ မူလတန်းနဲ့ အလယ်တန်းကျောင်းတွေလောက်နဲ့ မလုံလောက်သေးဘူးမလား… အခုခေတ်ကလေးတွေက လက်တင်အက၊ ဂီတတူရိယာ၊ တိုက်ကွမ်ဒို၊ Go၊ လက်ရေးလှ၊ ပန်းချီစတဲ့ စွမ်းရည်တချို့ကို သင်ယူသင့်တယ်" သူမသည် ခရိုင်လေးခုရှိ လမ်းဘေးဆိုင်အနည်းငယ်ကို ရှာဖွေခဲ့ပြီး "စွမ်းရည်လေ့ကျင့်ရေးကျောင်း"၊ "လူငယ်အကစင်တာ"၊ "အဖြူအမဲ Go ကလပ်"ဟူသောစာလုံးများဖြင့် လမ်းဘေးတွင် ဆိုင်းဘုတ်ကြီးနဲ့ ချိတ်ဆွဲထားသဖြင့် ကလေးများ၏ ပညာရေးက ပိုမိုပြည့်စုံလာမည်ဖြစ်သည်။


သတ်မှတ်ချိန်က 10 မိနစ်ပဲ ကျန်တော့သည်။


ယွဲ့ရှင်းဝမ်၏ မျက်လုံးများသည် အစားအသောက်၊ အဝတ်အစား၊ အိမ်ရာ၊ လမ်းပန်းဆက်သွယ်ရေး၊ ဆေးပညာ၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေး၊ ခရီးသွားလာရေးနှင့် အပန်းဖြေခြင်းများ ရှားပါးခြင်းမရှိသော မြို့ပြသဲစားပွဲကို တစ်ဖန် လှည့်ပတ်ကြည့်လာသည်။ ဒေသခံများ၏နေ့စဉ်ဘဝကို အပြည့်အဝအာမခံနိုင်ပြီး အပျော်တမ်းဖျော်ဖြေရေးနေရာများစွာရှိသည်။ ဤမျှကြီးမားပြီး ကြွယ်ဝသော မြို့ပြစီမံကိန်းအတွက် အောင်မှတ်ရရန်မှာ ပြဿနာမရှိသော်လည်း မြင့်မားသောရမှတ်ကို ရနိုင်မလားဆိုတာမသိပါ။


လျှိုကျောက်ချင်းက သူ့မေးစေ့ကို ကိုင်လိုက်ပြီး ပြောသည်။

"အဆင်ပြေလောက်ပြီမလား… ငါတို့က ရှုပ်ထွေးတဲ့ သဲစားပွဲကို 8 နာရီအတွင်း လုပ်ရတာ ငါတို့က အရမ်းအစွမ်းထက်တာပဲ"


ယွဲ့ရှင်းဝမ်: "မွေးကင်းစကနေ အိုမင်းချိန်အထိ ဘဝကဏ္ဍပေါင်းစုံ လူသားတွေကြုံတွေ့နေရတဲ့ ပြဿနာအားလုံးကို ဒီမြို့မှာ ပုံဖော်ကြည့်ရအောင်… မြို့ထဲမှာ အဲဒါတွေကို ဖြေရှင်းနိုင်မလား"


လျှိုကျောက်ချင်း: "မင်းမွေးလာရင် အထွေထွေဆေးရုံတွေ အများကြီးရှိတယ်… မင်းကြီးပြင်းလာတဲ့အခါ မူကြိုတန်းနဲ့ စွမ်းရည်လေ့ကျင့်ရေးအဖွဲ့အစည်းအသီးသီးကို သွားနိုင်တယ်… မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနဲ့ ဒေသအလိုက် တက္ကသိုလ်တွေလည်း တက်နိုင်တယ်… အရွယ်ရောက်ပြီးရင် မြို့ထဲမှာ အလုပ်မျိုးစုံလုပ်လို့ရတယ်… အလုပ်ရှာ၊ ချစ်ကြိုက်၊ အိမ်ထောင်ပြု၊ အိမ်ဝယ်ပြီး မြို့ထဲမှာ အခြေချနေထိုင်တာက ပြဿနာမရှိပါဘူး"


ကျိုဖုန်းက ရုတ်တရက် ပြောလိုက်သည်။

"ငါတို့ မင်္ဂလာဆောင်တဲ့ကုမ္ပဏီကို မေ့သွားတယ်"


လူတိုင်း: "…"


ခယ်ရှောင်ပင်းက ညည်းညူသည်။

"Single dog အုပ်စုက မင်္ဂလာဆောင်နဲ့ပတ်သတ်ပြီး မေ့သွားတာ လက်ခံလို့ရပါတယ်… စီနီယာအစ်ကိုက ဘယ်လိုလုပ် မေ့သွားရတာလဲ"


ကျိုဖုန်းက ပေါ့ပါးစွာ ချောင်းဟန့်လိုက်သည်။

"ငါက လျှပ်စစ်ပတ်လမ်းနဲ့ ရေနုတ်မြောင်းတွေမှာ အလုပ်ရှုပ်နေတာ"


လင်းမန့်လော်: "ဒါက ရိုးရှင်းပါတယ်… ဆိုင်တချို့ကို နာမည်ပြောင်းပြီး မင်္ဂလာဓာတ်ပုံစတူဒီယို ဒါမှမဟုတ် မင်္ဂလာဆောင်ကုမ္ပဏီတစ်ခုနဲ့ အစားထိုးလိုက်ရုံပါပဲ… မင်္ဂလာဆောင်ပွဲတွေအတွက် ဟိုတယ်အများစုမှာ ဒီလိုလုပ်ငန်းမျိုးရှိပြီး ပရော်ဖက်ရှင်နယ်မင်္ဂလာဆောင်ပုံစံဟိုတယ်အဖြစ်လည်း ပြောင်းလဲနိုင်တယ်"


လန်ယာရုန်သည် ချက်ချင်းပင် ပြုပြင်မွမ်းမံပြီး ဆိုင်းဘုတ်ကို ဖြုတ်ချကာ နာမည်အသစ်ဖြင့် တင်လိုက်သည်။


လျှိုကျောက်ချင်းက ဆက်ပြောသည်။

"လက်ထပ်ခြင်းကိစ္စက ပြေလည်သွားပြီ… သက်ကြီးရွယ်အိုတွေအတွက် ငါတို့မှာ ကျွမ်းကျင်တဲ့ ဘိုးဘွားရိပ်သာတွေရှိတယ်"


ခယ်ရှောင်ပင်း: "ဒီအတိုင်းဆိုရင် မွေးကင်းစကနေ အသက်ကြီးတဲ့အထိ ဘဝရဲ့ ရှုထောင့်အားလုံးကို အာမခံချက်ပေးနိုင်တယ်… ကျွန်တော်တို့ရဲ့ မြို့ပြစီမံကိန်းက အရမ်းကောင်းတယ်လို့ ယူဆသင့်တယ်မဟုတ်ဘူးလား"


လျှိုကျောက်ချင်းက ရုတ်တရက် ပြောလိုက်သည်။

"မဟုတ်ဘူး… သေသွားရင်ကော"


လူတိုင်း အံ့ဩသွားကြသည်။


ယွဲ့ရှင်းဝမ်သည် ဒါကို အမြန်စဉ်းစားပြီး ရယ်ရမလား ငိုရမလား မသိတော့ပေ။

"ဟုတ်တယ်… မြို့ထဲမှာ သေသွားတဲ့လူတွေကိုကော… အသုဘအိမ်ကော… မီးသင်္ဂြိုဟ်ဖို့ကော… ပြီးတော့ သုသာန်ကော"


လူတိုင်း: "…"


ရှင်၊ အို၊ နာ၊ သေ ဆိုပြီး သူတို့တွေ စဉ်းစားဖို့လိုသည်။


မီးသဂြိုလ်နှင့် သုဿာန်များကို အစက မတွေးခဲ့မိဘဲ ယခုတွင် လူတစ်ဦး၏ ဘဝလမ်းကြောင်းကို မွေးဖွားချိန်မှ အသက်ကြီးပြီး သေဆုံးသည်အထိ ခွဲခြမ်းစိတ်ဖြာပြီးနောက် သူတို့၏ စီမံကိန်းတွင် ဆိုးရွားလှသော ဟာကွက်တစ်ခု ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။


လျှိုကျောက်ချင်းက အပြုံးဖြင့် ခေါင်းကုတ်လိုက်သည်။

"သတိရလို့တော်သေးတယ်… မဟုတ်ရင် ငါတို့မြို့မှာ လူတစ်ဦးသေဆုံးသွားတဲ့အခါ မြုပ်ဖို့၊ မီးသင်္ဂြိုဟ်ဖို့ နေရာမရှိဘဲ အိမ်မှာ အလောင်းပုပ်သွားမှာလား… ဒါက ကြောက်စရာကြီး"


ကျန်းဖျင်စစ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"တောင်အနောက်ရဲ့ နောက်ကျောမှာ သင်္ချိုင်းတစ်ခုဆောက်ကြရအောင်"


ကျိုဖုန်း: "တောင်ခြေမှာ မြေတွေအများကြီး ကျန်သေးတယ်… မီးသင်္ဂြိုဟ်ရုံနဲ့ အသုဘအိမ်ဆောက်လို့ရတယ်… အခြားနေရာတွေကို ဖြိုချပြီး ပြန်ဆောက်ဖို့ နောက်ကျနေပြီ"


လူတိုင်းသည် နောက်ဆုံးအချိန်မရောက်မီ စက်ရုံနှင့်တူသော အဆောက်အဦးကို လျင်မြန်စွာ စုစည်းကာ မီးသင်္ဂြိုသ်ရုံဟု အမည်ပေးခဲ့သည်။ အဲဒီနောက် အနက်ရောင် အဆောက်အဦးကို ပြုလုပ်ခဲ့ပြီး အသုဘအိမ်လို့ အမည်ပေးခဲ့သည်။ တောင်အနောက်၏ တစ်ဖက်ခြမ်းရှိတောင်စောင်းတွင် ကျန်းဖျင်စစ်သည် ပွင့်လင်းသောနေရာတစ်ခုကိုဖွင့်ပြီး ထူထပ်သောသင်္ချိုင်းဂူများကို အမြန်တည်ဆောက်ကာ တံခါးဝတွင်— ရှီးရှန်း(တောင်အနောက်)သုသာန်ဟူသော ဆိုင်းဘုတ်ကို ချိတ်ထားသည်။


ခယ်ရှောင်ပင်းက လေးနက်စွာ ပြောလိုက်သည်။

"မွေးလာပြီး ကျောင်းတက်၊ အရွယ်ရောက်၊ အလုပ်ရ၊ အိမ်ထောင်ပြု၊ အိမ်ဝယ်၊ အသက်ကြီးပြီး နောက်ဆုံးတော့သေတယ်… ဒေသခံတွေရဲ့ ဘဝတွေကို ရှင်းရှင်းလင်းလင်း စီစဉ်ပေးထားတယ်… ကျန်နေတာမျိုးမရှိတော့ဘူးမလား"


ယွဲ့ရှင်းဝမ်: "အရမ်းနောက်ကျသွားပြီ ထားလိုက်တော့"


သတ်မှတ်ချိန်၏ နောက်ဆုံးစက္ကန့် 30 တွင် လူတိုင်းသည် မြို့သဲစားပွဲဘေးမှာ စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်ပြီး သူတို့၏ 8 နာရီကြာလက်ရာကို တစ်ဖန်ပြန်လည်ကြည့်ရှုခဲ့ကြသည်။


မြို့သဲစားပွဲသည် ဘောလုံးကွင်းအရွယ်အစားရှိပြီး လမ်းများသည် အရပ်ရပ်သို့ ကျယ်ပြန့်လာပြီး မြို့ပတ်ပတ်လည်ရှိ အမြန်လမ်းသည် မြို့ကိုကာကွယ်ရန် လှပသော စက်ဝိုင်းနှစ်ခုသဖွယ် ဝန်းရံထားသည်။ မြို့အစွန်ရှိ လေဆိပ်၏ ကတ္တရာလမ်းပေါ်တွင် လေယာဉ်တစ်စင်း ဆင်းသက်နေပြီဖြစ်သည်။ ရထားဘူတာ၏ သံလမ်းများပေါ်တွင် ထွက်ခွာရန် ပြင်ဆင်နေသည့် ရထားများလည်း ရှိသည်။ ကောင်းမွန်သော သယ်ယူပို့ဆောင်ရေးစနစ်သည် မြို့ပြဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်သည်။


မြို့အတွင်းတွင် အထပ်မြင့် အဆောက်အဦးများစွာရှိသည်။ လမ်းဘေးတွင် စိမ်းလန်းသောသစ်ပင်များ အများအပြား စိုက်ပျိုးထားသောကြောင့် နွေရာသီတွင် နေလောင်ဒဏ်ကို တားဆီးနိုင်ပြီး ဒေသခံများ သွားလာရ အဆင်ပြေစေပါသည်။ ကြီးမားသော ရေစိုပန်းခြံများသည် မြို့တစ်ခုလုံး၏ ပတ်ဝန်းကျင်နှင့် လေထုအရည်အသွေးကို မြင့်တင်ပေးနိုင်သည်။


ပြည်သူ့လုံခြုံရေး၊ မြို့အစိုးရနှင့် စည်ပင်သာယာရေးအဖွဲ့များသည် မြို့တစ်ခုလုံး၏ စီမံခန့်ခွဲမှုနှင့် လည်ပတ်မှုအတွက် တာဝန်ရှိသည်။ စျေးဝယ်ပလာဇာများ၊ စူပါမားကတ်များ၊ ဈေးဆိုင်များ၊ လမ်းဘေးအစားအသောက်ဆိုင်များ၊ ဆေးပညာနှင့် ပညာရေးဌာနများရှိသည်။ စည်ပင်သာယာရေးစင်တာသည် ဒေသခံများအတွက် အမျိုးမျိုးသော လုပ်ငန်းများကို ကိုင်တွယ်ရန် အဆင်ပြေစေပါသည်။ ပြဇာတ်ရုံများ၊ အားကစားရုံများနှင့် စာကြည့်တိုက်များကဲ့သို့သော ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးစင်တာများသည် ဒေသခံများ၏ အေးချမ်းသောဘဝကို ကြွယ်ဝစေသည်။ ယာဉ်ထိန်းရဲ၊ မီးသတ်တပ်ဖွဲ့နှင့် လက်နက်ကိုင်တပ်ဖွဲ့များသည် ဒေသခံများ၏ ခရီးသွားလာမှုနှင့် အသက်အန္တရာယ်ကို အာမခံနိုင်မည်ဖြစ်သည်။


183 သုတေသနအဖွဲ့သည် 8 နာရီအတွင်းအလုပ်လုပ်ရန် အလျင်အမြန်လုပ်ဆောင်ခဲ့ပြီး စီစဉ်ထားသော "မင်ကျိုးမြို့" တွင် သေးငယ်သော်လည်း ပြည့်စုံသည်။


သတ်မှတ်ချိန် 0 သို့ရောက်ရှိသည်နှင့်အမျှ လူတိုင်း၏ညာဘက်အပေါ်ထောင့်တွင် ရင်းနှီးပြီးသား လေးထောင့်ဘောင်တစ်ခု ပေါ်လာသည်——


ပထဝီဝင်ဌာန၏ "မြို့ပြစီမံကိန်း" သင်တန်းပြီးဆုံးပြီဖြစ်သည့်အတွက် C-183 သုတေသနအဖွဲ့အား ဂုဏ်ပြုပါသည်။


#TK