Chapter 186
Viewers 23k

Volume 9 : ပထဝီဝင်ဌာန


Chapter 186 (ရေခဲခေတ် ၀၅)


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ပွေ့ဖက်ပြီး သိပ်မကြာခင် အိပ်ပျော်သွားသည်။


ဒီည၏ အိမ်မက်များက ကျန်းဖျင်စစ်၏ အသွင်အပြင်နဲ့ ပြည့်နေသည်။ အထက်တန်းကျောင်းတွင် ကျောင်းဝတ်စုံဝတ်ထားသည့် ကျန်းဖျင်စစ်သည် စာသင်ခန်းပြတင်းပေါက်ဘေးတွင် ထိုင်ကာ ခေါင်းငုံ့ပြီး သင်္ချာပုစ္ဆာများကို အပြင်းအထန်လုပ်နေခဲ့သည်။ သူ၏လက်ချောင်းများသည် အနက်ရောင်ဘောပင်ဖြင့် သွယ်လျပြီး သန့်ရှင်းသည်။ ပြတင်းပေါက်မှနေရောင်သည် သူ့အပေါ် ဖြာကျနေပြီး သူ၏ချောမောသောပုံရိပ်သည် idol ဇာတ်ကားထဲမှ ဇာတ်လိုက်မင်းသား ထွက်လာသကဲ့သို့ပင်။


ယွဲ့ရှင်းဝမ်သည် အိမ်မက်ထဲတွင် လှပသောမြင်ကွင်းကို ကြည့်ပြီး မသိစိတ်ကနေ ထုတ်ပြောလိုက်သည်။

"ငါတို့မိသားစုရဲ့ ဖျင်စစ်က အရမ်းချောတာပဲ"


ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်၏အိမ်မက်စကားများကိုကြားပြီး ရယ်မောကာ သူ့လက်ကိုဆန့်ပြီး ဆံပင်ကို ပွတ်သပ်လိုက်သည်။

"အိမ်မက်ထပ်မက်နေပြန်ပြီလား"


ရှင်းဝမ်က သူ့အကြောင်း အိမ်မက်ထပ်မက်နေပြီး ဒါက တကယ်ကောင်းသော ဖြစ်စဉ်တစ်ခုဖြစ်သည်။ လွန်ခဲ့သောနှစ်အတော်ကြာကတည်း ငယ်ငယ်ရွယ်ရွယ်နဲ့ မသိနားမလည်သော အထက်တန်းကျောင်းသားဘဝတုန်းက ကျန်းဖျင်စစ်၏အိမ်မက်ဟာ အမြဲတမ်း ယွဲ့ရှင်းဝမ်ဖြစ်ခဲ့တယ်ဆိုတာ မင်းသိရဲ့လား။


ယွဲ့ရှင်းဝမ်လည်း ဘာတွေမက်နေမှန်းမသိပေမဲ့ သူ့ကိုယ်သူ ဆက်ပြောနေသည်။

"ဘယ်သူမှ ငါတို့ဖျင်စစ်နဲ့ မထိုက်တန်ဘူး"


ကျန်းဖျင်စစ်က သူ့စကားအတိုင်း သံယောင်လိုက်ပြီး နူးညံ့စွာပြောခဲ့သည်။

"အင်း… မင်းတစ်ယောက်ပဲ ငါနဲ့ထိုက်တန်တာ"


ယွဲ့ရှင်းဝမ် ကြားလား၊ မကြားလား သူမသိပေမဲ့ ယွဲ့ရှင်းဝမ်က အနည်းငယ် မကျေနပ်ပုံရသည်။ သူ့လက်မောင်းများကို ဆန့်ထုတ်ပြီး ကျန်းဖျင်စစ်ကို ပိုင်နိုင်စွာ ပွေ့ဖက်လိုက်သည်။


နောက်တစ်နေ့မနက်တွင် ယွဲ့ရှင်းဝမ်က ရှောင်ထူ၏နှိုးစက်ကြောင့် ယွဲ့ရှင်းဝမ် နိုးလာသည်။


"မနက် 8 နာရီ ထိုးနေပြီ… 183 သုတေသနအဖွဲ့က ကျောင်းသားတွေ မအိပ်နဲ့တော့… စောစောအိပ်လို့ စောစောထလို့ အကျင့်ကောင်းတွေ မွေးမြူကြပါ" ရှောင်ထူသည် မြေအောက်ခန်းတွင် ဘီးလုံးများဖြင့် ခေါက်တုံ့ခေါက်ပြန်သွားကာ ကလေးဆန်သော စက်ရုပ်အသံဖြင့် စာသားများကို လေးနက်စွာ ပြောနေသည်။ 


ယွဲ့ရှင်းဝမ်သည် မှိန်းခနဲ လန့်နိုးလာပြီး သူ၏‌လက်နှင့် ခြေများက ကျန်းဖျင်စစ်ကို ရေဘဝဲတစ်ကောင်ကို ရစ်ပတ်ထားတာ တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်က တကယ်ကိုပူးကပ်နေပြီး အလွန်မရှင်းလင်းသောအနေအထားဖြစ်သည်။ ယွဲ့ရှင်းဝမ်၏ မျက်နှာသည် အနည်းငယ်နီမြန်းသွားပြီး လက်နှင့်ခြေများကို အမြန်ပြန်ဆုတ်ကာ လှည့်၍ထထိုင်ပြီး သင့်လျော်သောအကြောင်းပြချက်ကိုရှာကာ ပြောလိုက်သည်။

"အဟမ်း… မနေ့ညက အရမ်းအေးတော့ ငါ ပူးကပ်ပြီး အိပ်ပျော်သွားတာ… တော်တော်နွေးတယ်"


ကျန်းဖျင်စစ်၏နှုတ်ခမ်းထောင့်များက ပေါ့ပါးစွာ မြှောက်သွားပြီး သူက သဘောတူလိုက်သည်။

"မင်း အအေးကို ကြောက်ရင် နောင်ကျရင် အိပ်ဖို့ မင်းငါ့ကို ဖက်ထားလို့ရပါတယ်"


သူ့ကို နေ့တိုင်းဖက်ပြီး အိပ်ရတာက ဘယ်လောက်ရှက်ဖို့ကောင်းသလဲဆိုတာ ယွဲ့ရှင်းဝမ် တွေးလိုက်သည်။ သူ‌တို့က သူငယ်ချင်းကောင်းတွေဖြစ်ပြီး လက်ထပ်ထားသည့် လင်မယားတွေမဟုတ်တာကြောင့် ဒါက သိပ်ပြီးမသင့်လျော်ဘူး။ သူ့စိတ်ထဲက မသက်မသာခံစားချက်ကို လျစ်လျူရှုပြီး အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။

"ရေနွေးသွားသောက်ရအောင်"


ထိုအချိန်တွင် ခယ်ရှောင်ပင်းသည် မျက်လုံးများကိုပွတ်သပ်ပြီး တံခါးကိုဖြတ်သွားကာ ယွဲ့ရှင်းဝမ်က သူ့ကို ချက်ချင်းရပ်တန့်လိုက်သည်။

"ရှောင်ခယ်… ရှောင်ထူကို ပုံမှန်နှိုးစက်သံပေးဖို့ လုပ်ခိုင်းလိုက်ပါလား… 'စောစောအိပ်လို့ စောစောထလို့'ဆိုတာက အိပ်ဆောင်ကို စစ်ဆေးနေတဲ့ ဆရာနဲ့တူနေတယ်"


ခယ်ရှောင်ပင်းက အပြုံးဖြင့် ခေါင်းကုတ်လိုက်သည်။

"အိုး… ဒါဆို ငါ နောက်တစ်ခါ အားလုံးကိုနှိုးဖို့ သီချင်းဆိုခိုင်းလိုက်ရမလား"


ရှောင်ထူက ချက်ချင်း အလေးအနက် ပြောလိုက်သည်။

"ကောင်းပြီ သခင်… ကျွန်တော် ကျားနှစ်ကောင်သီချင်းဆိုပါ့မယ်"


အခြားအိပ်ခန်းများရှိ ကျောင်းသားများသည် ရှောင်ထူကြောင့် နှိုးခံရပြီး ရွှီယိရှန်းက နှာချေကာ အသံဩဩဖြင့် ညည်းညူသည်။

"ငါ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာခဲ့ပြီး ဒါက ပထမဆုံးအကြိမ် ပတ်တီးနဲ့လုပ်ထားတဲ့စောင်နဲ့ ရေခဲမြေအောက်ခန်းမှာ အိပ်ဖူးတာပဲ… ငါ အေးခဲလုနီးပါးပဲ"


လျှိုကျောက်ချင်းက နှာရှုံ့လိုက်သည်။

"ပတ်တီးက စောင်မဟုတ်တဲ့အတွက် အဲဒီလိုပဲဖြစ်မှာပေါ့"


လန်ယာရုန်က ပြုံးကာ မေးသည်။

"မနေ့ညက အားလုံး ဘယ်လိုအိပ်ခဲ့ကြလဲ"


ကျန်းရှောင်နျန်က ခါးသက်သက်မျက်နှာဖြင့် ပြောသည်။

"အရမ်းအေးတယ်… ညသန်းခေါင်မှာ ကျွန်တော် အေးလွန်းလို့ အကြိမ်ပေါင်းများစွာ နိုးခဲ့တယ်"


ချင်လု၏သွားများက တဆတ်ဆတ်တုန်ကာ ပြောခဲ့သည်။

"ညသန်းခေါင် သုံးနာရီလောက်မှာ ငါ တုန်ယင်စွာ အိပ်ပျော်သွားပြီး ရေခဲထဲမှာ နစ်မြုပ်နေတာကို အိမ်မက်မက်ခဲ့တယ်"


ယွဲ့ရှင်းဝမ်: "..."


သူ မနေ့ညက ကျန်းဖျင်စစ်နဲ့ အိပ်ခဲ့ပြီး ဖျင်စစ်၏လက်မောင်းများက နွေးထွေးသည်။ သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် သူအနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရပြီး အမှန်အတိုင်းပြောရန် ရှက်လွန်းခဲ့သည်။


ယွဲ့ရှင်းဝမ်သည် ခေါင်းကို လှည့်လိုက်ပြီး ကျန်းဖျင်စစ်၏ အကြည့်ကို တွေ့လိုက်ရသည်။ သူ့နှလုံးက ရုတ်တရက်ခုန်သွားကာ တစ်ဖက်လူ၏အကြည့်ကို အမြန်ရှောင်လိုက်သည်။ သူ၏နားရွက်များက အနည်းငယ်ပူလာကာ ချောင်းဟန့်လိုက်သည်။

"အားလုံး ကိုယ့်ရဲ့ခန္ဓာကိုယ်ကို နွေးစေဖို့အတွက် ရေနွေးလေးအရင်သောက်ကြရအောင်… ရှင်းယန်မှာ ပေါင်းခံပုလင်းရှိတော့ ရေနွေးကို အချိန်မရွေးလုပ်လို့ရတယ်… ဒါနဲ့ ရှင်းယန်ကော"


ရှင်းယန်က ရှောင်ထူထက်စောပြီး ယွဲ့ရှင်းဝမ် ပြောပြီးတာနဲ့ သူက ဧည့်ခန်းထဲကို ပေါင်းခံပုလင်းလေးများ ယူလာခဲ့ပြီး ပြောသည်။

"ငါ မနက်ထပြီး ပေါင်းခံရေလုပ်ပြီးတော့ နာရီဝက်လောက် အပူခံထားတယ်… အခုတော့ 55 ဒီဂရီရှိပြီ တစ်ခါတည်း သောက်လို့ရတယ်"


အေးခဲနေသောလူများသည် ပေါင်းခံပုလင်းကို ချက်ချင်းယူကာ ရေနွေးသောက်ကြသည်။ ရေနွေးနွေးက အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက်လုံး လည်ချောင်းအောက်ကို လျှောကျသွားပြီး တကယ်ကို သက်တောင့်သက်သာဖြစ်စေပါသည်။ လူတိုင်းသည် အနည်းငယ်သောက်ပြီး ခန္ဓာကိုယ် ပူနွေးလာစေရန် စောင့်ဆိုင်းပြီး ရေနွေးပုလင်းကို ဖယ်ကာ ပုလင်းကို လက်ထဲတွင် ကိုင်ပြီး နွေးနွေးထွေးထွေး နေစေခဲ့သည်။


ခယ်ရှောင်ပင်းက မေးလိုက်သည်။

"ငါ မနေ့ကတည်းက ဘာမှမစားရသေးဘူး… အားလုံး ဗိုက်မဆာကြဘူးလား"


သူတို့တွေ ဗိုက်မဆာဘူးလို့ပြောဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့အားလုံးက အသက် 20 အရွယ် တက္ကသိုလ်ကျောင်းသားများဖြစ်ပြီး တစ်ခါတစ်ရံ ‌တစ်နေ့ ထမင်းသုံးနပ်အပြင် အဆာပြေမုန့်၊ သရေစာများကဲ့သို့ စားတတ်သည်။ အခုတော့ သူတို့က လူသားတွေမရှိသော ရေခဲခေတ်ကို ရောက်နေသည်။ မနေ့မွန်းလွဲပိုင်းမှ နာရီ 20 နီးပါးရှိပြီဖြစ်ပြီး သူတို့သည် ရေနွေးအနည်းငယ်သာ သောက်ထားကာ သူတို့၏အစာအိမ်က ကျောဖြင့် ကပ်လုနီးပါး ဗိုက်ဆာနေခဲ့သည်။ သို့ပေမဲ့ ဒီအကြောင်းအရာကို စတင် တင်ပြရန် သူတို့က ရှက်ရွံ့ကြသည်။


ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"ငါအရင်ဆုံး လိမ္မော်သီးမိုးရွာလိုက်မယ်… အားလုံး အဆာပြေအောင် လိမ္မော်သီးအနည်းငယ် စားလိုက်ပေါ့*


လိမ္မော်သီးသည် အဓိက အစားအစာမဟုတ်သော်လည်း အနည်းဆုံးတော့ သူတို့က ဗီတာမင်တချို့ကို ပေါင်းထည့်နိုင်သည်။


ဤသည်ကို လူတိုင်းကြားသောအခါတွင် သူတို့သည် ချက်ချင်းပင် သတိရှိစွာ ထွက်ခွာသွားကာ ယွဲ့ရှင်းဝမ်အတွက် နေရာချန်ပေးကြသည်။ ယွဲ့ရှင်းဝမ်သည် "မိုးသည်းခြင်း"စွမ်းရည်ကို အသုံးပြုရန် "ခေတ်သစ် idiom အဘိဓာန်"ကို ဖွင့်လိုက်ပြီး ကောင်းကင်တွင် တိမ်တစ်ခုပေါ်လာသည်။ ထို့နောက် သူသည် "ခေတ်သစ်စာရေးဆရာများ၏ဂန္တဝင်လက်ရာများ"ကိုထုတ်ကာ "နောက်ကျောမြင်ကွင်း"ကိုသုံးပြီး သူ့လက်ထဲတွင် လိမ္မော်သီးတစ်လုံး ရောက်လာသည်။


သူ လိမ္မော်သီးကို တိမ်တွေထဲသို့ ပစ်ထည့်လိုက်ရင် ယခင်ကလို လိမ္မော်သီးမိုးရွာနိုင်မယ်လို့ ထင်ခဲ့သည်...


ရလဒ်အနေနဲ့ သူ့လက်ထဲက လိမ္မော်သီးကို တိမ်တွေထဲသို့ မပစ်ထည့်ခင်မှာ တိမ်က အက်ကွဲပြီး ကြီးမားသော မိုးသီးမုန်တိုင်းကြီး ကျလာသည်။


အနီးကပ်တွင် ရပ်နေသော လျှိုကျောက်ချင်းသည် သူ့မျက်နှာတစ်ခုလုံးကို ရိုက်ခံလိုက်ရပြီး ‌မနေနိုင်ဘဲ ကျိန်ဆဲလိုက်သည်။

"Fuck… ဘယ်လိုလုပ် မိုးသီးဖြစ်လာရတာလဲ"


ကျောင်းသားများသည် မြေပြင်ပေါ်တွင် ချက်ချင်းဆိုသလို ထူထပ်သော မိုးသီးအလွှာများကို တွေ့လိုက်ရသောအခါ အံ့အားသင့်သွားကြသည်။


ခဏအကြာတွင် ကျန်းဖျင်စစ်က ပြောလာသည်။

"ရှင်းဝမ်ရဲ့ မိုးသည်းခြင်းက ရေခဲခေတ်ပတ်ဝန်းကျင်မှာ စွမ်းရည်တွေကို ချဲ့ထွင်လို့မရဘူး… အပူချိန်က မိုးရွာဖို့အတွက် အရမ်းနိမ့်ပြီး မိုးသီးတွေပဲ ကျလာနိုင်တယ်"


လျှိုကျောက်ချင်းက သက်ပြင်းချကာ ခယ်ရှောင်ပင်းကို ကြည့်လိုက်သည်။

"ဒီတစ်ခါတော့ ငါတို့က လိမ္မော်သီးတောင်မစားရတော့ဘူး"


ယွဲ့ရှင်းဝမ်သည် မိုးသီးမုန်တိုင်းထဲက လိမ္မော်သီးကို ကောက်ကိုင်ကာ အပြုံးဖြင့် ပြောသည်။

"'နောက်ကျောမြင်ကွင်း'စွမ်းရည်က သုံးကြိမ်အသုံးပြုလို့ရပြီး တစ်ကြိမ်ကို ပစ်မှတ်သုံးခု သတ်မှတ်နိုင်တယ်… ငါ လိမ္မော်သီး 9 လုံး ပြုလုပ်နိုင်ပြီး အားလုံးက 3 လုံးအရင်စားထားလိုက်ပါ… ဗီတာမင်တချို့ကို ဖြည့်စွက်တဲ့သဘောပေါ့"


သူက လိမ္မော်သီး 3 လုံးကို လုပ်ထားပြီး ခယ်ရှောင်ပင်းဆီကို ပေးလိုက်ကာ ပြောခဲ့သည်။

"အပူချိန် အနှုတ် 30 ဒီဂရီမှာ လိမ္မော်သီးတွေကို အေးခဲစေနိုင်တာကြောင့် မျှဝေပြီး စားလိုက်ပါ"


လိမ္မော်သီးသုံးလုံးကို လူဆယ့်နှစ်ယောက်ကြားတွင် ဝေမျှခဲ့ပြီး လူတစ်ဦးစီသည် နှစ်စိတ်၊ သုံးစိတ်မျှသာ စားနိုင်သည်။


လူတိုင်းသည် ဤလိမ္မော်သီးကို ပါးစပ်ထဲသို့ထည့်ကာ တောင်တန်းများနှင့် ပင်လယ်များ၏ အရသာများကို စားရသကဲ့သို့ ဖြည်းညှင်းစွာဝါးစားကြသည်။


ယွဲ့ရှင်းဝမ်က ရေနွေးအနည်းငယ်သောက်ပြီး ပြောလိုက်သည်။

"ငါတို့ အရှေ့တောင်ဘက်ကို ဆက်သွားမယ်… ဒီနေ့တော့ ငါတို့ ကုန်းမြေရှာဖို့ နည်းလမ်းရှာရမယ်… နောက်တစ်ရက်လောက် ဗိုက်ဆာနေရင် ငတ်မွတ်ခြင်းနဲ့ အအေးဒဏ်ကို ခံစားရမှာကြောင့် ငါတို့အတွက် ပိုခက်လိမ့်မယ်"


လျှိုကျောက်ချင်း: "ငတ်မွတ်ခေါင်းပါးတဲ့အခြေအနေမှာ လူ့ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်ဟာ သဘာဝအတိုင်း ယိုယွင်းလာပြီး အပူချိန် အနုတ် 30 ဒီဂရီမှာ အလွယ်တကူ ဖျားနာလာလိမ့်မယ်… ပြီးတော့ ဒီအခြေအနေတွေမှာ ဆေးရုံတွေ၊ ဆေးဆိုင်တွေ မပြောနဲ့ဦး တရုတ်ဆေးဖက်ဝင်အပင်တစ်ပင်တောင် ရှာမတွေ့နိုင်ဘူး… ဖျားရင် လမ်းမှာသေနိုင်ချေများတယ်"


ဤသည်ကို လူတိုင်းကြားသောအခါတွင် သူတို့၏မျက်နှာများက လေးနက်လာသည်။


ကျန်းဖျင်စစ်က သူတို့ကို သတိပေးခဲ့သည်။

"သုတေသနအဖွဲ့မှာ သတ်မှတ်ချက်တွေရှိတယ်ဆိုတာ ငါမှတ်မိတယ်… အမှတ်တွေမျှဝေတဲ့ သင်တန်းမဟုတ်သ၍ အဖွဲ့ဝင်တစ်ဦးက စာမေးပွဲမှာ မမျှော်လင့်ဘဲ သေဆုံးသွားရင် အဖွဲ့ဝင်ကို သင်တန်းကျတယ်လို့ ဆုံးဖြတ်မှာဖြစ်ပြီး သုတေသနအဖွဲ့ကနေ အလိုအလျောက် ထုတ်ပယ်မှာမလား…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်တယ်… အတန်းဖော်တစ်ယောက် နေမကောင်းဖြစ်ပြီး လမ်းတစ်ဝက်မှာ အသက်မရှင်နိုင်ဘဲ ငါတို့ ကယ်တင်ဖို့ အချိန်မရှိရင် အဲဒီအတန်းဖော်ကို စာကြည့်တိုက်က သင်တန်းကျတယ်လို့ ဆုံးဖြတ်ပြီး သုတေသနအဖွဲ့ကနေ ထုတ်ပယ်ပြီးတော့ ပြန်ဖြေဖို့ ပထမထပ်ကို ပြန်ရောက်သွားလိမ့်မယ်… အဲဒါက နောင်အခါ ပြန်တွေ့ဖို့ ခက်ခဲလိမ့်မယ်"


သူသည် သူ့အနီးနားရှိ ကျောင်းသားများကို ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"အားလုံး ဒီစာမေးပွဲခန်းကို အတူတူလာပြီး အတူတူထွက်သွားကြလိမ့်မယ်လို့ ငါမျှော်လင့်တယ်… ဘယ်သူ့ကိုမှ ချန်ထားခဲ့မှာ မဟုတ်ဘူး"


ခယ်ရှောင်ပင်းက အလျင်အမြန် သဘောတူခဲ့သည်။

"မှန်တယ်… မင်းတို့အဆင်မပြေရင် အချိန်မရွေးပြောကြ… ငါတို့တွေ အတူတူနည်းလမ်းရှာကြမယ်… တောင့်မခံထားနဲ့" သူက တစ်ချိန်လုံး နှာချေနေသော ရွှီယိရှန်းကို ကြည့်ပြီး ပြောလိုက်သည်။ "စီနီယာအစ်ကိုရွှီ အအေးမိနေတာလား"


လျှိုကျောက်ချင်းက ချက်ချင်းလက်ကိုဆန့်ကာ ရွှီယိရှန်း၏နဖူးပေါ်ရှိ အပူချိန်ကိုစမ်းသပ်ပြီး ပြောခဲ့သည်။

"အဖျားမရှိတော့ အဆင်ပြေပါတယ်… ဒါပေမဲ့ မင်း ပိုပြီးသတိထားသင့်တယ်… အအေးပိုမိအောင်မလုပ်နဲ့"


ရွှီယိရှန်းက သူ့နှာခေါင်းကြိ ပွတ်သပ်ပြီး ပြောသည်။

"ကျွန်တော် လည်ချောင်းနာပြီး နှာရည်ယိုနေရုံပါ"


လျှိုကျောက်ချင်း: "ဒါက အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းကူးစက်မှုဖြစ်ပြီး ထိန်းချုပ်လို့ရသေးတယ်" သူက ခေတ္တရပ်ကာ ပြောခဲ့သည်။ "ဒီလိုလုပ်ပါလား… မင်း ဆဲလ်အဖြစ်ပြောင်းပြီး ငါ့ပခုံးပေါ်မှာ အိပ်နေလို့ရတယ်… ငါမင်းကို ပတ်တီးနဲ့ပတ်ပြီး မင်းကို အလွှာအနည်းငယ်လောက် ရစ်ပတ်ထားလိုက်ရင် မင်း မအေးတော့ဘူး"


ရွှီယိရှန်းက ရယ်ရမလား ငိုရမလား မသိတော့ပေ။

"ဒါဆို ကျွန်တော် အသက်ရှူကျပ်ပြီး သေမှာပေါ့"


လျှိုကျောက်ချင်းက ကြောင်တောင်တောင်ဖြင့် ‌ဆိုသည်။

"မင်းက ဆဲလ်ဖြစ်လာတဲ့အခါ အသက်ရှူဖို့ လိုသေးလား"


ရွှီယိရှန်းက အကူအညီမဲ့စွာ ပြောလိုက်သည်။

"ဆဲလ်တွေလို ပြောင်းလဲနိုင်တဲ့ ဇီဝသိပ္ပံဌာနရဲ့ စွမ်းရည်က တကယ်တော့ ကျွန်တော့်ကို လူ့ခန္ဓာကိုယ်ကနေ ဆဲလ်အဖြစ် ကျုံ့သွားစေတာပဲ… ကျွန်တော်က ပုံမှန်အတိုင်း စကားပြောနိုင် အသက်ရှူနိုင်တယ်… ဒါပေမဲ့ အဲဒါက အကြံကောင်းပဲ… ကျွန်တော် အသက်ရှူဖို့ အပေါက်သေးသေးလေးကို ထားခဲ့ပြီး ပတ်တီးအလွှာအနည်းငယ်နဲ့ ပတ်လိုက်ပါ… ဆဲလ်က သေးငယ်ပြီး စွမ်းအင်သုံးစွဲမှုနည်းတာကြောင့် ကျွန်တော် အရမ်းအေးမှာမဟုတ်ဘူး"


သူပြောပြီးနောက် ဆဲလ်အဖြစ်သို့ ပြောင်းသွားပြီး လျှိုကျောက်ချင်း၏လက်ဖဝါးထဲသို့ လှိမ့်ဝင်ကာ အပြုံးဖြင့်‌ ပြောလိုက်သည်။

"စီနီယာအစ်ကိုကို ကျွန်တော် ဒုက္ခပေးမိပြီ"


လျှိုကျောက်ချင်းသည် ပတ်တီးကို ဆုတ်ဖြဲကာ ရွှီယိရှန်းကို အလွှာများစွာဖြင့် ချိုချဉ်လုံးအဖြစ် ရစ်ပတ်လိုက်သည်။


အားလုံးက ပတ်တီးများဖြင့် ပတ်ထားသော ဘောလုံးလေးကိုကြည့်ပြီး ရယ်ရမလား ငိုရမလား မသိတော့ပေ။ ရွှီယိရှန်းက အလွန်ပျော်နေပြီး ပျင်းရိစွာပြောခဲ့သည်။

"မနေ့ညက ငါကောင်းကောင်းမအိပ်ရဘူး… ဒါကြောင့် အခုက အိပ်ဖို့အချိန်ကောင်းပဲ… အားလုံး အကူအညီလိုရင် ငါ့ကိုခေါ်လိုက်နော်"


လျှိုကျောက်ချင်းသည် သူ့ကိုပခုံးပေါ်တင်ကာ အခြားကျောင်းသားများကို ကြည့်လိုက်ပြီး ပတ်တီးကို လိုအပ်တာရှိမရှိ သူ့မျက်လုံးများဖြင့် မေးလိုက်သည်။


ယွဲ့ရှင်းဝမ်: "ကျန်းမာရေးမကောင်းတဲ့ ကျောင်းသားတွေက နွေးနွေးထွေးထွေးနေဖို့ ဂရုစိုက်ရမယ်… ငါတို့မှာ အပေါ်အင်္ကျီရှည်မရှိသလို အဝတ်အစားလုပ်ဖို့ တိရစ္ဆာန်သားမွေးတွေ မရှိဘူး… ဒီတော့ အခုချိန်မှာ စီနီယာအစ်ကိုလျှိုရဲ့ပတ်တီးကိုပဲ ငါတို့အားကိုးလို့ရမယ်… နှင်းကိုက်ခြင်းကို ကာကွယ်ဖို့ နောက်ထပ်အလွှာအနည်းငယ် ရစ်ပတ်လိုက်ကြ"


အားလုံးက ခေါင်းငြိမ့်လိုက်သည်။


ထို့ကြောင့် အားလုံးက သူတို့၏ခန္ဓာကိုယ်အနှံ့ ပတ်တီးများကို စတင်ရစ်ပတ်ကြပြီး အထူးသဖြင့် လက်တိုဝတ်ထားသော ကျောင်းသားများသည် သူတို့၏ လက်မောင်း အစိတ်အပိုင်းများအားလုံးကို ပတ်တီးဖြင့် ရစ်ပတ်ပြီး အလွှာများစွာ ပတ်ထားသည်။ နွေးထွေးမှု၏ အကျိုးသက်ရောက်မှုသည် ပျမ်းမျှဖြစ်သော်လည်း လေအေးကို အရေပြားက တိုက်ရိုက်ထိတွေ့ရန် ထုတ်ဖော်ဖို့မလိုတာက ကောင်းပါသည်။


"မမ်မီ"နဲ့ဆင်တူသော ပစ္စည်းကိုတပ်ဆင်ပြီးနောက် ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။ "ကောင်းပြီ… အားလုံး သွားဖို့ အဆင်သင့်ပြင်ထားကြ"


ကျန်းရှောင်နျန်က ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။

"မြေအောက်ခန်းကို စွန့်ပစ်မှာလား"


"ဒီနေ့တော့ ငါတို့ အတတ်နိုင်ဆုံး ကြိုးစားပြီး မမှောင်ခင် ကုနါမြေကိုရှာပြီးရင် မြေအောက်ခန်းတစ်ခုဆောက်မယ်… ဒီရေခဲမြေအောက်ခန်းကို ဒီမှာပဲချန်ခဲ့ပြီး ယူသွားဖို့ဆိုတာ မလွယ်ဘူး"


"အင်း… ကျွန်တော့်ရဲ့မြေတူးစက်က အမြဲတမ်း အဆင်သင့်ဖြစ်တယ်… အဲဒါကို ပြန်ဆောက်ဖို့ အချိန်အများကြီး မယူဘူး"


ယွဲ့ရှင်းဝမ်က ခယ်ရှောင်ပင်းကို ကြည့်ကာ ပြောလိုက်သည်။

"‌ရှောင်ထူကို အပြင်မှာ ရာသီဥတုကို သွားကြည့်ခိုင်းရအောင်"


ခယ်ရှောင်ပင်းက ရှောင်ထူကို ကြည့်ခိုင်းရန် အပြင်ထွက်ခိုင်းပြီး ရှောင်ထူက အားလုံးဆီအမြန်ပြန်လာကာ ရလဒ်ကို တင်ပြခဲ့သည်။

"ဒီနေ့ရဲ့ရာသီဥတု နှင်းထူထပ်တယ်… ပျမ်းမျှအပူချိန်က အနုတ် 35 ဒီဂရီပါ"


လူတိုင်း: "..."


အနုတ် 35 ဒီဂရီရှိပြီး နှင်းတွေထူထပ်တဲ့နေ့မှာ နှင်းတောထဲမှာ ခရီးဆက်ဖို့ သူတို့တွေ သတ္တိရှိဖို့လိုတာလား…


ယွဲ့ရှင်းဝမ်က အံကြိတ်ကာ ပြောလိုက်သည်။

"သွားကြရအောင်… ငါတို့ အချိန်ဆွဲလေလေ အားလုံးက ဖျားလာမှာဖြစ်ပြီး ဒီတော့ မြန်မြန်လုပ်ဆောင်ရအောင်"


#TK