Chapter 170
Viewers 22k

Volume 8 : ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန


Chapter 170 (ပတ်ဝန်းကျင်ညစ်ညမ်းခြင်း ၀၇)


ကြီးကျယ်ခမ်းနားသော လိမ္မော်သီးမိုးသည် မိနစ်အတော်ကြာအောင် ဆက်နေခဲ့သည်။ လျှိုကျောက်ချင်း၏ ပတ်တီးသည် လိမ္မော်သီးအလေးချိန်ကို မခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။ ဧည့်ခန်းထဲတွင် မရေမတွက်နိုင်သော လိမ္မော်သီးများ လိမ့်သွားသည်။ ဓားမိုးနှင့် အက်စစ်မိုးကို မြင်ရတာထက် သူတို့ရှေ့ရှိမြင်ကွင်းက ပို၍စိတ်လှုပ်ရှားစရာလည်း ကောင်းပါသည်။


အပျော်ဆုံးလူကတော့ ခယ်ရှောင်ပင်းပါပဲ။ သူသည် ချိုချဉ်အရသာကို ငယ်ငယ်လေးကတည်းက ကြိုက်သည်။ နောက်ရက်တွေမှာ လိမ္မော်သီးကို နေ့တိုင်းစားနိုင်ရင် 14 ရက်ကြာအောင် စားရလည်း သူ့အတွက် ပြဿနာမရှိဘူး။


ယွဲ့ရှင်းဝမ်သည် ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေသော လိမ္မော်သီးများကို ကြည့်ကာ ကူကယ်ရာမဲ့ ပြောလိုက်သည်။

"အားလုံး ဒီလိမ္မော်သီးတွေကို ဖယ်ကူပေးကြဦး…


လျှိုကျောက်ချင်းက ခေါင်းကိုက်နေသည်။

"လိမ္မော်သီးအများကြီးကို ဘာနဲ့ထုတ်မှာလဲ"


လန်ယာရုန်၏စိတ်က လင်းလက်သွားသည်။

"မန့်လော်ရဲ့နွယ်ပင်တွေနဲ့ သစ်သားပုံးတချို့ကို ရက်လုပ်ပြီး လိမ္မော်သီးတွေကို ထည့်ထားလို့ရတယ်"


လင်းမန့်လော်က ရှေ့ကိုလှမ်းလာပြီး ပြောသည်။

"ဒီနည်းက ကောင်းတယ်… ကျွန်မ စမ်းကြည့်လိုက်မယ်"


သူမသည် ညာလက်ကို မြှောက်လိုက်သည်နှင့် ချက်ချင်းပင် သူမ၏ လက်ချောင်းထိပ်မှ နွယ်ပင်သည် မြွေကဲ့သို့ ပေါ်ထွက်လာသည်။ ဆယ်မီတာရှည်သော နွယ်ပင်များသည် ဝိုင်းဝိုင်းလည်ကာ လျင်မြန်စွာ "သစ်သားပုံး" ပုံစံဖြစ်လာသည်။


လင်းမန့်လော်သည် သစ်သားပုံးများစွာကို အတန်းလိုက်လုပ်၍ သူတို့ဘေးတွင် ထားရှိလိုက်သည်။ ယွဲ့ရှင်းဝမ်က ပြောသည်။

"ဟုတ်ပြီ… အားလုံးက လတ်ဆတ်တဲ့ လိမ္မော်သီးတွေကိုကောက်ပြီး သစ်သားပုံးထဲကို ထည့်လိုက်ကြ… ပြုတ်ကျပြီး မကောင်းတဲ့လိမ္မော်သီးတွေကိုတော့ စားလိုက်ရုံပေါ့"


လိမ္မော်သီးများသည် အလွန်လတ်ဆတ်သော်လည်း တချို့မှာ ပြုတ်ကျသည့်ဖြစ်စဉ်တွင် ၎င်းတို့၏ အရေခွံများက မလွဲမသွေ ပျက်စီးသွားမည်ဖြစ်သည်။ ပျက်စီးသောအလုံးများကို ထုတ်ယူ၍ ရောင်းချရန် အဆင်မပြေသော်လည်း ၎င်းတို့ကို သူတို့ကိုယ်တိုင် စားနိုင်ပါသည်။


လိမ္မော်သီးတွေ ကောက်နေရင်း လူတိုင်းက ပျက်စီးနေသော အသီးတွေကို ကောက်ပြီး လူတိုင်းက မြိန်ရေရှက်ရေ စားကြသည်။


မကြာခင်မှာပဲ ခယ်ရှောင်ပင်းက ပုံစံကို ရှာတွေ့သွားသည်။

"ဒီလိမ္မော်သီးပုံစံက တစ်ပုံတည်းပါလား"


ယွဲ့ရှင်းဝမ်သည် လိမ္မော်သီးအနည်းငယ်ကို ကောက်ယူပြီး ၎င်းတို့ကို နှိုင်းယှဉ်ကာ ပြောလိုက်သည်။

"မိုးသည်းခြင်းစွမ်းရည်ထဲကို ထည့်လိုက်တဲ့ စွမ်းရည်တွေက ကော်ပီကူးပြီး ချဲ့ထွင်တာပဲ… လိမ္မော်သီးအားလုံးက ပထမတစ်လုံးကို ပုံတူကူးထားတာဖြစ်ပြီး တစ်ပုံတည်းဖြစ်နေတာက သာမန်ပါပဲ"


ခယ်ရှောင်ပင်းက ရုတ်တရက် တွေးမိပြီး ပြောလိုက်သည်။

"မင်းရဲ့မိုးသည်းခြင်းက အစားအစာကို ပုံတူကူးနိုင်တာလား… မနေ့က ငါတို့ စူပါမားကတ်မှာ ဘီစကွတ်တွေဝယ်ခဲ့တယ်လေ… ငါတို့တွေ ဘီစကွတ်တွေကို မိုးရေထဲထည့်လိုက်ပြီး နောက်ထပ်ဘီစကွတ်မိုးရွာခဲ့ရင် ပိုကောင်းသွားပြီမလား"


ရှင်းဝမ်၏ မိုးသည်းခြင်းကြောင့် အစားအစာတွေကို ပုံတူကူးချနိုင်ပြီး ဘီစကွတ်တစ်ဘူးကနေ ဘီစကွတ်ထောင်ပေါင်းများစွာရနိုင်သလို မိုးသည်းခြင်း၏ စောင့်ဆိုင်းချိန်က 1 နာရီသာရှိတာကြောင့် မြေအောက်ခန်းထဲမှာ 14 ရက်နေထိုင်တာကို မဆိုထားနှင့် အမြဲတစေပုံတူကူးနိုင်တာကြောင့် 14 နှစ်ကြာနေထိုင်ရန်မှာ ပြဿနာကြီးမဟုတ်ဘူး။


ခယ်ရှောင်ပင်း၏ စိတ်အားထက်သန်သော မျက်လုံးများကို မြင်လိုက်ရတော့ ယွဲ့ရှင်းဝမ်က ပြုံးပြီး သူ့ပခုံးကိုပုတ်လိုက်သည်။

"မင်းအတွေးလွန်နေပြီ… မိုးသည်းခြင်းက စာကြည့်တိုက်ရဲ့စွမ်းရည်တွေကိုပဲ ပုံတူကူးနိုင်တာ… အခြားပစ္စည်းတွေကို လုပ်လို့မရဘူး… မဟုတ်ရင် ငါမင်းကို အဲဒီအထဲပစ်ထည့်လိုက်ရင် ခယ်ရှောင်ပင်း အများကြီးက ကောင်းကင်ကနေ ပြုတ်ကျလာမှာလား…"


ခယ်ရှောင်ပင်းသည် ထိုမြင်ကွင်းကို စိတ်ကူးကြည့်ရာ သူ့နောက်ကျောတွင် ကြက်သီးမွေးညင်းထသွားသည်။ သူက ချောင်းဟန့်ကာ ပြောသည်။ "ငါက ပျင်းလို့ စဉ်းစားမိလိုက်တာပါ" သူသည် ခဏရပ်ပြီး ထောင့်စွန်းမှာ နာခံမှုရှိစွာ ရပ်နေသည့်ရှောင်ထူကို ကြည့်လိုက်တော့ သူ့မျက်လုံးတွေ တောက်ပလာသည်။ "စွမ်းရည်ကိုကူးယူနိုင်တာလား… ငါ့ရှောင်ထူကိုကော ကူးယူလို့ရလား"


သူ့အသံကိုကြားလိုက်ရသော ရှောင်ထူသည် ချက်ချင်းပင် ပြတ်သားသော စက်သံဖြင့် ပြောလာသည်။

"သခင် လုပ်လို့မရဘူး"


ခယ်ရှောင်ပင်းက ရှောက်ထူကို သိချင်စွာ စိုက်ကြည့်လိုက်သည်။

"လုပ်လို့မရဘူးဆိုတာ မင်းဘယ်လိုသိလဲ"


ရှောင်ထူက လေးနက်စွာ ပြောသည်။

"စက်ရုပ်ရဲ့ ရေဒါက တစ်ခုနဲ့တစ်ခု သက်ရောက်မှုရှိလိမ့်မယ်… ရှောင်ထူတွေ အများကြီးကို ပုံတူကူးထားရင်‌ ရှောင်ထူတွေက မှန်ကန်တဲ့ အချက်ပြမှုကို လက်ခံနိုင်မှာ မဟုတ်ဘူး… စနစ်က ဖရိုဖရဲဖြစ်သွားရင် ပျက်စီးသွားလိမ့်မယ်"


ခယ်ရှောင်ပင်းသည် သူ့မျက်မှန်ကို ပင့်တင်ကာ ပြောလိုက်သည်။

"အိုး… ငါက သိချင်လို့ မေးကြည့်ရုံပါ… စိတ်မပူပါနဲ့… မင်းရှိတာက ဒီသခင်အတွက် လုံလောက်ပါပြီ"


ဒါကိုကြားတော့ ယွဲ့ရှင်းဝမ်က မနေနိုင်စွာ ပြောလာသည်။

"ရှောင်ထူရဲ့ ဉာဏ်ရည်က ပိုပိုပြီးမြင့်လာပုံရတယ်… ရှောင်ထူက မင်းနဲ့ ပုံမှန်စကားမျိုးပြောနိုင်လား"


ခယ်ရှောင်ပင်း: "ဟုတ်တယ်… ငါ မကြာသေးမီကမှ သူ့ကို အဆင့်မြင့်ထားခြင်းမရှိပေမဲ့ ဌာနရဲ့အထပ်ကို ငါတို့ရှင်းလင်းလိုက်တိုင်း ရှောင်ထူရဲ့ ဉာဏ်ရည်အဆင့်က တိုးလာပြီး အရပ်လည်း 2 စင်တီမီတာတိုးလာတာကို တွေ့လိုက်ရတယ်… သူ့ရဲ့စွမ်းရည်တွေကတော့ အရင်အတိုင်းပါပဲ… ဒါပေမဲ့ အခုတော့ နေ့တိုင်း သူကငါ့ကို ‘မင်္ဂလာနက်နံခင်းပါ’၊ ‘ကောင်းသောညပါ’လို့ ပြောနိုင်သလို ငါနဲ့ စကားစမြည်ပြောနိုင်တယ်… သူက ဝိညာဉ်ဖြစ်လာသလို ခံစားရတယ်"


ရှောင်ထူ: "သခင်… ကျွန်တော်က ဝိညာဉ်မဖြစ်သေးပါဘူး… ပိုပြီးဉာဏ်ကောင်းလာရုံပါ"


အဖွဲ့ဝင်များ: "…"


ခယ်ရှောင်ပင်း ပျိုးထောင်ထားသော ဒီစက်ရုပ်က ထူးဆန်းပါသည်။


မျက်စိတစ်မှိတ်အတွင်းမှာပဲ လူတိုင်းက လိမ္မော်သီးတွေကို ထုပ်ပိုးကြသည်။


မြေအောက်ခန်းရှိ အပူချိန်သည် နိမ့်နေပြီး ဤလိမ္မော်သီးများသည် ရက်အနည်းငယ်ကြာပြီးနောက် ဆိုးရွားသွားမည်မဟုတ်ပါ။ ချင်လုသည် ကျောက်ထုလွှာလှုပ်ရှားမှုကို တိုက်ရိုက် အသုံးပြုပြီး ကျန်းရှောင်နျန် အသစ်တူးထားသော မြေအောက်ဂိုဒေါင်တွင် လိမ္မော်သီးအားလုံးကို အစားထိုးလိုက်သည်။


မြေတူးစက်ဖြင့် တူးလို့ပြီးသွားသော ကျန်းရှောင်နျန်က အံ့အားသင့်သွားသည်။

"စီနီယာအစ်မ… ဘာလို့ အဲဒီမှာ… လိမ္မော်သီးတွေ အများကြီးရှိနေရတာလဲ"


ချင်လုက ပြုံးကာ ပြောသည်။

"ရှင်းဝမ်က လိမ္မော်သီးမိုးရွာလိုက်တာ… နင် နည်းနည်းစားချင်လား"


ကျန်းရှောင်နျန်သည် သူ့မျက်နှာပေါ်တွင် ရှုပ်ယှက်ခတ်နေသော အကြည့်ဖြင့် လိမ္မော်သီးအနည်းငယ်ကို ယူလိုက်သည်။ သူနေထိုင်ရာသို့ ပြန်ရောက်သောအခါ အားလုံးက ရေဖုံးနေသော ဧည့်ခန်းကို သန့်ရှင်းရေးလုပ်လို့ပြီးသွားပြီ။ ယွဲ့ရှင်းဝမ်က ပြောသည်။

"အရင်စားရအောင်… ငါတို့စားပြီးမှ အပြင်ထွက်ပြီး ပိုက်ဆံရှာမလားဆိုတာ ဆွေးနွေးကြမယ်"


နံနက်စာက အလွန်ရိုးရှင်းသည်။ လူတစ်ဦးလျှင် လိမ္မော်သီးအနည်းငယ်၊ ဘီစကွတ်တစ်ထုပ်နှင့် ရေသန့်တစ်ပုလင်းဖြစ်သည်။ တန်ဖိုးမကြီးသော်လည်း ဒီကမ္ဘာမှာ နေထိုင်သူများနဲ့ နှိုင်းယှဉ်ရင် သူတို့စားရတာက ပွဲတော်အစားအစာဖြစ်သည်။


စားသောက်ပြီးသောအခါ အားလုံးက သစ်သားခုံတွင် ထိုင်ကာ ဆွေးနွေးကြသည်။


ကျန်းဖျင်စစ်: "ရေရောင်းရနိုင်ခြေက အတော်လေးကို မြင့်မားတယ်… ရေအရင်းအမြစ်တွေက ဒီကမ္ဘာကြီးမှာ ချုပ်ကိုင်ထားတဲ့ အရင်းအမြစ်တွေဖြစ်ပြီး ရေအများကြီး ဘယ်ကလာတယ်ဆိုတာကိုလည်း ရှင်းပြလို့ မရဘူး… ဒါ့အပြင် ဒီဒေသခံတွေက အရမ်းသတိရှိကြပြီး ရေက ဘေးကင်းပြီး အန္တရာယ်မဖြစ်နိုင်ဘူးလားဆိုတာကို ယုံကြည်ဖို့ မလိုအပ်ဘူး"


ရှင်းယန်: "ငါတို့မှာ ကွန်တိန်နာတွေလို ရေပုံးတွေ မရှိဘူး… ငါတို့ ပေါင်းခံပုလင်းတွေနဲ့ ရေရောင်းမယ်ဆိုရင် ပထမအချက် ဒီဖန်ပုလင်းတွေက သယ်ရမလွယ်ဘူး… ဒုတိယအချက် ဒီထူးဆန်းတဲ့ပုလင်းကြီးတွေက ဘယ်ကလာတယ်ဆိုတာ ရှင်းပြဖို့ခက်တယ်"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"အင်း… ငါတို့ရေတကယ်ရောင်းချင်ရင် ဒီမှာနေထိုင်သူတွေဆီကနေ ပုံးအလွတ်တချို့ယူရမှာပဲ… သူတို့သုံးတဲ့ရေကို ဖြည့်ပေးဖို့ ပုံးကိုအသုံးပြုပြီး ရောင်းလိုက်ရင် သူတို့က အရမ်းသတိထားမှာ မဟုတ်တော့ဘူး"


ခယ်ရှောင်ပင်းက အကြံပြုသည်။

"ငါတို့ လိမ္မော်သီးကို အရင်ရောင်းကြမလား… လိမ္မော်သီးက စည်းမျဉ်းမရှိတဲ့ အသီးတွေဖြစ်ပြီး ဒီကမ္ဘာပေါ်က အသီးတွေက အရမ်းစျေးကြီးပြီး ပန်းသီးတစ်လုံးက 200 ရှိတယ်… ငါတို့က အသီးစိုက်သူလိုဟန်ဆောင်ပြီး ရပ်ကွက်နဲ့ဂိတ်ပေါက်မှာ အသီးသွားရောင်းကြမယ်… မြို့အစိုးရက ငါတို့ကို ရှာတွေ့သွားရင် ငါတို့ အချိန်မီ ထွက်ပြေးနိုင်တယ်"


ယွဲ့ရှင်းဝမ်သည် ခဏမျှ တိတ်ဆိတ်သွားပြီး ခယ်ရှောင်ပင်းကိုကြည့်ကာ ပြောသည်။ 

"မနေ့က စူပါမားကတ်မှာ ဘာအသီးအနှံတွေရှိလဲ မှတ်မိလား"


ခယ်ရှောင်ပင်းက ချက်ချင်းပြောသည်။

"စပျစ်သီး၊ ပန်းသီး၊ ဖရဲသီး၊ သစ်တော်သီး၊ ငှက်ပျောသီး" သူစားခဲ့သည့်အရာကို ဘယ်တော့မှမမေ့ပေမဲ့ သူပြောပြီးသည့်နောက်မှာတော့ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရသည်။ "လိမ္မော်သီးမရှိဘူးလား"


"ဟုတ်တယ်… စူပါမားကတ်မှာ ရောင်းဖို့ လိမ္မော်သီးမရှိဘူးဆိုတာကိုလည်း ငါမှတ်မိတယ်" ယွဲ့ရှင်းဝမ်က အကြံပြုသည်။ "ဒီကမ္ဘာကြီးမှာ လိမ္မော်သီးကို လုံးဝမစိုက်ရသေးတာ ဖြစ်နိုင်ခြေများတယ်… ဒီဒေသခံတွေက မသိတဲ့အတွက် ဈေးကြီးကြီးနဲ့ ရောင်းလို့မရဘူး… ပြီးတော့ အားလုံးက လိမ္မော်သီးကို မစားဖူးတဲ့အတွက် ဒီအသီးရဲ့အရသာကို မသိတာကြောင့် မြည်းကြည့်ဖို့ ပိုက်ဆံကို မဆင်မခြင် သုံးရဲမှာမဟုတ်ဘူး"


ကမ္ဘာအစစ်မှာဆိုရင် လမ်းပေါ်မှာ လှည်းတွန်းသူတစ်ယောက်သည် အရင်က တစ်ခါမှမမြင်ဖူးသည့် အသီးတစ်လုံးကို ရောင်းကာ လူတော်တော်များများက စပ်စုပြီး မြည်းကြည့်ဖို့ ဝယ်ကာ အိမ်ပြန်ယူသွားကြလိမ့်မည်။


သို့သော် ဤကမ္ဘာတွင် နေထိုင်သူများသည် အစားအသောက်နှင့် အဝတ်အစား ပြဿနာကို ဖြေရှင်းရုံမျှသာ ဖြစ်သည်။ သူတို့သည် ငယ်စဉ်ကတည်းက ငြီးငွေ့စရာကောင်းသော ချက်ပြုတ်နည်းများကို အသုံးပြုကြသည်။ မရင်းနှီးသောအသီးများဝယ်ရန် အပိုငွေအများကြီးမရှိနိုင်ဘူး။ ဈေးနှုန်းက အလွန်နည်းရင် တစ်စုံတစ်ယောက်ကတော့ မြည်းစမ်းကြည့်နိုင်သည်။


ယွဲ့ရှင်းဝမ်: "လိမ္မော်သီးဈေးက စူပါမားကက်မှာရောင်းတဲ့ အသီးနဲ့ဈေးတူရင် တစ်နေကုန်ရောင်းရင်တောင်မှ တစ်လုံးတောင် မရောင်းရလောက်ဘူး… နေ့တိုင်းစားတဲ့ မုန့်နဲ့ ဘီစကွတ်တွေရဲ့ ဈေးနဲ့တူရင် တချို့လူတွေက ဝယ်ပြီး မြည်းစမ်းကြည့်ချင်ကြလိမ့်မယ်"


တစ်ခါမှ မမြင်ဖူးသည့်အရာတွေကို အလွန်ဈေးကြီးကြီးနဲ့ ရောင်းပါက ဘယ်သူမှဝယ်ချင်မှာမဟုတ်တာ သေချာပါသည်။ ‌လူတိုင်းက သေချာစဉ်းစားပြီးနောက် ရှင်းဝမ်၏‘စျေးနှုန်းနိမ့်သောနည်းဗျူဟာ’ သည် ပို၍ ယုံကြည်စိတ်ချရသည်ဟု လူတိုင်းခံစားခဲ့ရသည်။ ဈေးသက်သာပါက အသစ်ကို ဝယ်စားကြည့်ရင်တောင် အရှုံးမရှိဘူး။


ချင်လု: "ငါ့ရဲ့ကျောက်ထုလွှာလှုပ်ရှားမှုကို အသုံးပြုပြီး ဂိုဒေါင်ထဲကို လိမ္မော်သီးပုံးကြီးတချို့ကို ရွှေ့လိုက်လို့ရတယ်… ဒီအသုတ်မှာ သိုလှောင်ထားတဲ့ လိမ္မော်သီးပေါင်း တစ်ထောင်ကျော်ရှိတယ်လို့ အကြမ်းဖျင်း ခန့်မှန်းရတယ်… ငါတို့တွေ အလေးချိန်နဲ့ရောင်းရင် လေးလည်းလေးတာကြောင့် ရငွေက မထိရောက်ဘူး… ငါတို့တွေ တစ်လုံးချင်းရောင်းရင်ကော"


ခယ်ရှောင်ပင်းက ခေါင်းငြိမ့်သဘောတူသည်။

"ဒါက အဓိပ္ပါယ်ရှိတယ်… လိမ္မော်သီးတစ်လုံးကို 1 ယွမ်နဲ့ရောင်းရင် အလုံးတစ်ထောင်ဆို ယွမ်တစ်ထောင်ရလိမ့်မယ်… ဘာပဲဖြစ်ဖြစ် ရှင်းဝမ်က သင်တန်းတစ်ခုမှာ လိမ္မော်သီး 9 လုံးလုပ်နိုင်သလို မိုးသည်းခြင်းအတွက် ကန့်သတ်ချက်မရှိဘူးဆိုတော့ ငါတို့တွေ နောက်ထပ် လိမ္မော်သီးရှစ်လုံး ရွာလို့ရသေးတယ်မလား"


မိုးသည်းခြင်းပုံတူကူးခြင်း၏ အဓိကအနှစ်သာရမှာ "စွမ်းရည်" ဖြစ်ပြီး ကူးယူထားသော အရာများကို နောက်တစ်ကြိမ် ကူးယူ၍မရသောကြောင့် ၎င်းသည် အဆုံးမရှိသော ကွင်းဆက်တစ်ခု ဖြစ်လာမှာမဟုတ်ပေ။ ထို့ကြောင့် သီအိုရီအရ သူတို့တွင် လိမ္မော်သီးကို ပုံတူကူးရန် အခွင့်အလမ်း 8 ခု ကျန်သေးသည်။


ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်ကို ကြည့်ပြီး တစ်ဖက်လူ၏ သဘောထားကို မေးလိုက်သည်။

"တစ်လုံးကို 1 ယွမ်… ဒီဈေးက သင့်တော်တယ်လို့ မင်းထင်လား"


ကမ္ဘာအစစ်မှာဆိုရင် လိမ္မော်သီး 1 ယွမ်က ပိုဈေးကြီးသည် တကယ်တော့ အလေးချိန်နဲ့ ရောင်းသည်။ သို့သော် ဤကမ္ဘာပေါ်ရှိ အသီးများသည် ရှားပါးပစ္စည်းများဖြစ်ပြီး ပန်းသီးတစ်လုံးလျှင် 200 နှင့် စပျစ်သီးတစ်လုံးကို 50 ဖြင့် ရောင်းချနိုင်သည်။ လိမ္မော်သီးများကို 1 ယွမ်ဖြင့်သာ ရောင်းချရပြီး အသိစိတ်လွန်ကဲလွန်းသည့် အရောင်းအဝယ်ဖြစ်နေပါပြီ။


ကျန်းဖျင်စစ်: "အင်း… အမြတ်နည်းပေမဲ့ မြန်မြန်ရောင်းရတယ်… နောက်ထပ် အသုတ်တွေအနည်းငယ်ရောင်းပြီး ယွမ်ထောင်ဂဏန်းနဲ့ ဝင်ငွေက ဒီကမ္ဘာမှာ 14 ရက်နေဖို့ လုံလောက်တယ်"


ဤကမ္ဘာတွင် ဘီစကွတ်တစ်ထုပ်၏စျေးနှုန်းမှာ 3.5 ယွမ်ဖြစ်သည်။ ဘီစကွတ်များကို နံနက်ခင်းတွင် စားသုံးပြီးနောက် ဘီစကွတ်များသည် သူတို့စားလေ့ရှိသော ဘီစကွတ်များနှင့် မတူကြောင်း လူတိုင်းတွေ့ရှိခဲ့ကြသည်။ ယွဲ့ရှင်းဝမ်သည် ဘူးတစ်ဝက်သာစားပြီးနောက် ဗိုက်ပြည့်သွားသည်။ ၎င်းကို နည်းပညာဖြင့် လုပ်ဆောင်ပြီး စွမ်းအင်များစွာကို ချုံ့ထားနိုင်သည်။


သာမာန်မိသားစု သုံးယောက်က တစ်နေ့ကို ဘီစကွတ် 2 ထုပ် စားပြီး လူနေမှုစရိတ်က တစ်ရက်လျှင် 21 ယွမ်ဖြစ်သည်။ သောက်သုံးရေကို အစိုးရမှ ထိန်းချုပ်ပြီး မိသားစုကို ခွဲဝေပေးကာ တစ်ပတ်လျှင် 10 လီတာရပြီး ငွေသုံးစွဲရန် မလိုအပ်ပါ။ ဤနည်းဖြင့် တစ်လလျှင် ယွမ် 600 သည် မိသားစုသုံးယောက်အတွက် လုံလောက်သည်။


လူတွေ၏ စားသုံးမှုအဆင့်နဲ့ စားသုံးချင်သည့်ဆန္ဒဟာ အလွန်နည်းပါသည်။ အများစုမှာ "စားနိုင်ရုံ" လို့ တွေးနေကြပြီး သူတို့ဟာ ဇီဇာကြောင်သူတွေမဟုတ်သလို ဘယ်လို"အစားအစာ" ကိုမှလည်း တစ်ခါမှ မကြုံဖူးကြဘူး။ လူနေမှုဘဝနဲ့ပတ်သက်ရင်လား။ ဤကမ္ဘာရှိလူများသည် ငယ်စဉ်ကတည်းက ကြမ်းတမ်းသောပတ်ဝန်းကျင်တွင် နေထိုင်လာကြသည်။ နေထိုင်ရတာ အလွန်ခက်ခဲပြီး လူနေမှုဘဝ မြင့်တင်ရန်မှာ အလွန်ကြီးမားသော မျှော်လင့်ချက်တစ်ခုဟုပင် မတွေးဝံ့ကြပေ။


သို့ပေမဲ့ လတ်ဆတ်သော အသီးတစ်လုံးကို 1 ယွမ်နဲ့ ဝယ်ပြီး မြည်းစမ်းကြည့်မယ်ဆိုရင် လူတိုင်းက တတ်နိုင်ပါသေးသည်။


ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ဆုံးဖြတ်ချက်ချလိုက်သည်။

"အဲဒီလိုလုပ်ရအောင်… ငါတို့တွေ လှုပ်ရှားဖို့ အဖွဲ့ခွဲလိုက်မယ်… လူခြောက်ယောက်က မနက်ခင်းမှာ လိမ္မော်သီးသွားရောင်းပြီး ကျန်တဲ့လူတွေနေထားမယ်… ပထမဆုံး ဝင်ငွေနည်းနည်းရအောင် အရင်ရှာကြမယ်… နေ့ခင်းဘက်မှာ အခြားခြောက်ယောက် နားနေစဉ် ကျန်တဲ့ခြောက်ယောက်က ရေပုံးတွေဝယ်သွားမယ်… လိမ္မော်သီးရောင်းချင်တဲ့သူ စာရင်းသွင်းနိုင်တယ်"


ချင်လုက သူမလက်ကို မြှောက်လိုက်သည်။ 

"ငါသွားမယ်… ငါက ငါ့ရဲ့စွမ်းရည်ကို အသုံးပြုပြီး လူတိုင်းကို လိမ္မော်သီးတွေရွှေ့လို့ရအောင် ကူညီပေးမယ်… ဒီလိုဆိုရင် အားသိပ်ထုတ်စရာမလိုတော့ဘူး"


ခယ်ရှောင်ပင်းကလည်း စိတ်အားထက်သက်စွာ ပြောသည်။

"ငါလည်း သွားမယ်… ရှောင်ထူက လမ်းကြောင်းထောက်လှမ်းနိုင်ပြီး လမ်းကြောင်းကို မှတ်တမ်းတင်နိုင်တယ်"


ကျိုဖုန်းနှင့် လျှိုကျောက်ချင်းတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ချိန်တည်းတွင် လက်ကိုမြှောက်လိုက်သည်။ ကျိုဖုန်းက ပြောသည်။ "စီနီယာအစ်ကိုလျှိုနဲ့အတူ ငါသွားမယ်… ငါတို့အန္တရာယ်နဲ့ ကြုံလာရင် အနည်းဆုံး ငါ့မှာတိုက်ခိုက်ရေးစွမ်းရည်တွေဖြစ်တဲ့ လျှပ်စစ်နဲ့ ဆွဲငင်အားရှိတာကြောင့် လူတိုင်းနောက်ပြန်ဆုတ်နေတဲ့အချိန် ငါကာကွယ်ပေးနိုင်တယ်"


လျှိုကျောက်ချင်း: "မင်းတို့ dungeon ကို ရှင်းလင်းတဲ့အခါ ကုသသူတစ်ယောက်တော့ ခေါ်ရမှာပေါ့"


လင်းမန့်လော်က ပြုံးပြီး ကျန်းဖျင်စစ်ကို တစ်ချက်ကြည့်ကာ ပြောခဲ့သည်။

"ရှင်းဝမ် သွားမယ်ဆိုရင် ဖျင်စစ်လည်း သေချာပေါက် သွားမှာပေါ့ ဟုတ်တယ်မလား"


ကျန်းဖျင်စစ်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ "အင်း"


လင်းမန့်လော်: "ဒါဆို ရှင်းဝမ်၊ ဖျင်စစ်၊ လုလု၊ ရှောင်ခယ်၊ ကျိုဖုန်းနဲ့ စီနီယာအစ်ကိုလျှိုပေါ့… ဒီလူခြောက်ယောက်က မနက်ပိုင်းမှာ အရင်ထွက်သွားပြီး ကျန်တဲ့ငါတို့ခြောက်ယောက်က နေ့ခင်းဘက်မှာ အဆိုင်းပြောင်းမှာလား"


အဖွဲ့ဝင်များက ပြဿနာမရှိဘူးလို့ ပြောခဲ့သည်။


ကျန်းဖျင်စစ်သည် မနေ့က သူအသုံးပြုခဲ့သော မျက်နှာဖုံးကို ရှာရန် လှည့်လိုက်ပြီး ယွဲ့ရှင်းဝမ်ကို ပေးလိုက်သည်။

"တပ်လိုက်… အပြင်ထွက်ရင် မင်းမျက်နှာကို သဲမှုတ်ထုတ်လိမ့်မယ်"


ယွဲ့ရှင်းဝမ်သည် မျက်နှာဖုံးကိုယူ၍ ဝတ်ဆင်ထားပြီး ကျန်းဖျင်စစ်၏ သပ်ရပ်သောဆံပင်ကို လက်ညှိုးထိုးပြကာ "ဆံပင်ကိုကော ဂရုမစိုက်ဘူးလား"


လျှိုကျောက်ချင်း: "ငါတို့ မနေ့က ခေါင်းစည်းပဝါနဲ့ အကာအကွယ်အဝတ်အစား မဝယ်ခဲ့ဘူး… ငါတို့ဆံပင်ကို ပတ်တီးနဲ့ အရင်ခြုံသင့်တယ်မလား"


လူတိုင်း: "..."


ဒါဆို သူတို့က ဆေးရုံပြေးတွေ ဖြစ်သွားကြမှာမဟုတ်ဘူးလား… 


တစ်ယောက်ပြီးတစ်ယောက် သူတို့ခေါင်းကွဲသွားသလို သူတို့၏ခေါင်းများမှာ ပတ်တီးများစည်းထားကြသည်။ သူတို့ကို မြင်တာနဲ့ လူတိုင်းက သေချာပေါက် ပုန်းပြီး ရှောင်ထွက်သွားလိမ့်မည်။ သူတို့ဆီကနေ တစ်ခုခုကို ဝယ်ရဲကြပါ့မလား။


ယွဲ့ရှင်းဝမ်သည် ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး နှာခေါင်းကိုထိကာ ပြောသည်။

"စီနီယာအစ်ကို… ကျွန်တော်တို့ 183 သုတေသနအဖွဲ့က အမြဲတမ်း ပုံမှန်မဟုတ်ပေမဲ့ လိမ္မော်သီးရောင်းဖို့လုပ်နေတာက အုပ်စုလိုက်ရန်ဖြစ်ဖို့ စုနေတဲ့ပုံစံမျိုးကြီးဖြစ်နေတာ မများလွန်းဘူးလား"


#TK