Chapter 169
Viewers 22k

Volume 8 : ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန


Chapter 169 (ပတ်ဝန်းကျင်ညစ်ညမ်းခြင်း ၀၆)


နောက်တစ်နေ့မနက်မှာ ဇီဝနာရီက ယွဲ့ရှင်းဝမ်ကို အချိန် 7:30 မှာ နိုးစေခဲ့သည်။


တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေသကဲ့သို့ သူ့ခန္ဓာကိုယ်က နွေးထွေးနေတာကို တွေ့ရှိခဲ့သည်။ ယွဲ့ရှင်းဝမ် မော့ကြည့်လိုက်တော့ မြေအောက်ခန်းမှာ မီးရောင်မရှိသလို အရက်မီးခွက်က ငြိမ်းသွားသည့်အတွက် တစ်ဖက်လူ၏မျက်နှာကို မမြင်ရပေမဲ့ သူ့အနီးနားက ရင်းနှီးသောဝင်သက်ထွက်သက်နဲ့ တစ်ဖက်လူ၏ခန္ဓာကိုယ်အပူချိန်က သူ့ကို ရှင်းရှင်းလင်းလင်းပြောပြနေသည်— ဒီလူက ကျန်းဖျင်စစ်ပဲ။


ယွဲ့ရှင်းဝမ်၏နှလုံးခုန်သံသည် ရုတ်တရက် လျင်မြန်သွားပြီး ကျန်းဖျင်စစ်၏လက်တစ်ဖက်က သူ့ပခုံးကို ရစ်ပတ်ထားပြီး ကျန်တစ်ဖက်က သူ့ခါးပေါ်တွင် ပေါ့ပေါ့ပါးပါးတင်ထားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို သူ့လက်မောင်းနှစ်ဖက်ဖြင့် ပတ်ထားကြောင်း မကြာမီ သူသတိပြုမိလိုက်သည်။


သူသည် သုံးနှစ်သားအရွယ် သူငယ်တန်းကတည်းက ကိုယ်ပိုင်အခန်းရှိခဲ့ပြီး ကလေးဘဝကတည်းက တစ်ယောက်တည်း အိပ်လေ့ရှိသည်။ ဒီလိုမျိုး အိပ်ရတာက နည်းနည်းတော့ ထူးဆန်းသလိုလိုပါပဲ…


သို့သော်လည်း စိုစွတ်ပြီး အေးသော မြေအောက်ခန်းတွင် ပွေ့ဖက်မှုကြောင့် လူနှစ်ဦး၏ ကိုယ်အပူချိန်သည် တစ်ယောက်ကိုတစ်ယောက် ဖြတ်သွားကာ ကုတင်တစ်ခုလုံးကို နွေးထွေးသွားပြီး ယွဲ့ရှင်းဝမ်သည် တစ်ဖက်လူကို တွန်းထုတ်ရန် ဝန်လေးနေလေသည်။


ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က သူငယ်ချင်းကောင်းတွေမို့ ကောင်လေးနှစ်ယောက်က တစ်ညလောက် ဖက်အိပ်တာ ဘာမှမဖြစ်ဘူးမလား။


ဒါက နွေးထွေးနေဖို့ပဲ။


ယွဲ့ရှင်းဝမ်သည် ဤနည်းဖြင့် သူ့ကိုယ်သူ လှည့်စားကာ ကျန်းဖျင်စစ်၏ ရင်ခွင်ထဲတွင် သက်တောင့်သက်သာ ဆက်လက် ခိုအောင်းနေခဲ့သည်။ ထိုအချိန်တွင် ကျန်းဖျင်စစ်၏ တိုးလျပြီး ချိုသာသောအသံက သူ့နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ "နိုးပြီလား"


ယွဲ့ရှင်းဝမ်သည် အသပ်ရှူကျပ်ပြီး တိုးတိုးပြောသည်။

"ငါနိုးနေမှန်း မင်းဘယ်လိုသိတာလဲ… ငါဘာမှမပြောဘူးလေ"


ကျန်းဖျင်စစ်၏အသံမှာ ရယ်သံအရိပ်အမြွက်ကို သယ်ဆောင်ထားသည်။

"မင်း အခုပဲ လှုပ်သွားပြီး ငါ့ကို မော့ကြည့်တာလေ"


ယွဲ့ရှင်းဝမ်: "..."


သူသည် ထိုအသေးစိတ်လှုပ်ရှားမှုများကို သတိပြုမိခဲ့ပြီး နိုးလာတာကြာပြီဖြစ်ကြောင်း ညွှန်ပြနေသည်။


ကျန်းဖျင်စစ်သည် သူ့လက်ကို ဆန့်တန်းပြီး သူ့လက်မောင်းထဲလူ၏ဆံပင်တွေကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

"မင်း မနေ့ညက ဘာအိမ်မက်တွေမက်နေခဲ့တာလဲ"


ယွဲ့ရှင်းဝမ်သည် မနေ့ညက ထူးထူးဆန်းဆန်းအိပ်မက်ကို ဂရုတစိုက် တွေးပြီး ပြောသည်။

"ငါ အထက်တန်းကျောင်းတုန်းက အိမ်မက်မက်တာ… ကျောင်းအားကစားကွင်းက အရမ်းကြီးပြီး မင်းက ရှေ့ကနေပြေးပြီးတော့ ငါက မင်းနောက်ကို ပြေးလိုက်တယ်… ဘာကြောင့်မှန်းမသိပေမဲ့ ငါ ဘယ်တော့မှ လိုက်မမီခဲ့ဘူး"


"အဲဒါကြောင့် မင်းငါ့နာမည်ကို ခေါ်ခဲ့တာလား"


ယွဲ့ရှင်းဝမ်၏နားတွေပူလာပြီး သူက မယုံနိုင်စွာ မေးလိုက်သည်။

"မနေ့ညက ငါမင်းကိုခေါ်ခဲ့တာလား"


ကျန်းဖျင်စစ်သည် ခေါင်းငြိမ့်ကာ ပြောသည်။

"အင်း… မင်း ‘ဖျင်စစ်’လို့ ဆက်တိုက်နေတာကြောင့် မင်းငါ့ကို အိမ်မက်မက်နေတာလို့ ခန့်မှန်းခဲ့တာ"


ယွဲ့ရှင်းဝမ်သည် ပေါ့ပေါ့ပါးပါး ချောင်းဟန့်ပြီး ရှင်းပြသည်။

"မင်းက မြန်မြန်ပြေးနေတာကို ငါအိမ်မက်မက်ပြီး မင်းကိုလိုက်မမီလို့ ငါ့ကိုစောင့်ပေးဖို့ မင်းကို နောက်ကနေ ခေါ်လိုက်တာဖြစ်မယ်"


အိမ်မက်ထဲမှာတော့ သူတို့နှစ်ယောက်စလုံးက အထက်တန်းကျောင်းဝတ်စုံတွေဝတ်ထားပြီး ပြေးလမ်းမှာ တစ်ယောက်နောက်ကနေ အခြားတစ်ယောက်က လိုက်နေခဲ့သည်။ ကျန်းဖျင်စစ်သည် ခဏလောက်ပြေးပြီးတိုင်း ခေါင်းလှည့်ပြီး သူ့ကို ရပ်စောင့်နေခဲ့သည်။ ကျန်းဖျင်စစ်၏မျက်နှာပေါ်တွင် နေရောင်ခြည်က တောက်ပနေပြီး ကောင်လေး၏ မျက်လုံးများတွင် တိမ်မြုပ်နေသော အပြုံးတစ်ခု ရှိနေပုံရကာ သူ၏ခန္ဓာကိုယ်က နွေးထွေးနေသည်။ သူက တောက်ပနေပြီး အေးစက်သော ကျန်းဖျင်စစ်နဲ့ မတူညီသော လူနှစ်ယောက်နှင့်တူသည်။


ယွဲ့ရှင်းဝမ်က ကြောင်တောင်တောင်ဖြစ်ကာ ပြောသည်။

"မင်းက ခဏလောက်ပြေးပြီးရင် ငါ့ကိုရပ်စောင့်မယ်လို့ အိမ်မက်မက်ခဲ့တာ ထူးဆန်းလိုက်တာ"


ကျန်းဖျင်စစ်: "မင်းကိုစောင့်ပြီးရင် ငါတို့က ဘေးချင်းကပ်လျက် ရှေ့ကိုလျှောက်သွားနိုင်လို့ ဖြစ်မှာပေါ့"


ယွဲ့ရှင်းဝမ်သည် နားမလည်ဘဲ မေးလိုက်သည်။

"မင်းဘာကိုဆိုလိုတာလဲ… အိမ်မက်တွေကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ရသလဲဆိုတာ မင်းသိတာလား"


အမှောင်ထဲမှာ ကျန်းဖျင်စစ်သည် ရှင်းဝမ်ကို နူးညံ့မှုအပြည့်ဖြင့် ကြည့်နေခဲ့သည်။


ငါ့ဘဝတလျှောက်လုံး မင်းနဲ့အတူတူ လျှောက်ချင်တယ်… အဲဒါကြောင့် စောစောချစ်မိတဲ့သူက နောက်မှချစ်လာမဲ့သူကို စောင့်ရမှာပေါ့… သူင မင်းကို အရှိန်မြင့်ခိုင်းတာမဟုတ်ဘူး… သူက မင်းသူ့ကိုမီသွားတဲ့အထိ သူ့အရှိန်ကိုနှေးလိုက်တာပဲ…


အထက်တန်းကျောင်းမှစ၍ ပြေးလမ်းပေါ်တွင် တတိယလူတစ်ဦးရှိနေတာမျိုး၊ အနှောင့်အယှက်မျိုး မရှိခဲ့ဘူး။ နှလုံးသား၏ ဖုံးကွယ်ထားသောတစ်နေရာမှာ သူတို့နှစ်ယောက်ပဲရှိခဲ့သည်။ တစ်ယောက်က အရွယ်နဲ့မလိုက်အောင် ထက်မြက်ပြီး ပိုမြန်ပြီးတော့ နောက်တစ်ယောက်က အမီလိုက်ဖို့ ကြိုးစားနေရုံပါပဲ။


တချို့သောခံစားချက်များကို ရှင်းရှင်းလင်းလင်းဖော်ပြရန်မလိုအပ်ဘူး။ ကျန်းဖျင်စစ်သည် ရှင်းဝမ်ကို တိုက်တွန်းရန် သို့မဟုတ် ရှင်းဝမ်အား ဖိအားတစ်စုံတစ်ရာပေးရန် မရည်ရွယ်ခဲ့ပေ။


ဒီလိုမျိုး ရပ်ပြီး အမီလိုက်ဖို့အတွက် သူ့ကို စောင့်နေတာက ကောင်းပါတယ်…


ရှင်းဝမ် နားလည်မယ်လို့ သူယုံကြည်တယ်…


ကျန်းဖျင်စစ်: "မင်းငါ့ကို နောက်တစ်ခါ ထပ်ပြီးအိမ်မက်မက်ခဲ့ရင် ငါနဲ့အတူ ဆက်ဆွေးနွေးဖို့ ကြိုဆိုပါတယ်"


"မင်းကို ဘယ်သူက နေ့တိုင်းအိမ်မက်မက်နေမှာလဲ… မနေ့ညက အဖြစ်အပျက်တစ်ခုကြောင့်ပါပဲ… ဘာကြောင့်လဲဆိုတော့…" ယွဲ့ရှင်းဝမ်က ရုတ်တရက် ရပ်တန့်သွားသည်။


ကျန်းဖျင်စစ်က အသံတိုးတိုးနဲ့ မေးလိုက်သည်။

"ဘာကြောင့်လဲ"


ယွဲ့ရှင်းဝမ်သည် အပြစ်ရှိစိတ်ဖြင့် သူ့နှာခေါင်းကို ထိလိုက်သည်။ 

"ဘာမှမဟုတ်ပါဘူး… ငါ အထက်တန်းကျောင်းတုန်းက တစ်ခုခုကို ရုတ်တရက် သတိရလိုက်တာ"


တကယ်တော့ မနေ့ညက ရေချိုးရင်း အဖြစ်အပျက်ကြောင့် သူအိပ်ရာမဝင်ခင်မှာ သူ့စိတ်က ကျန်းဖျင်စစ်နဲ့ ပြည့်နေခဲ့သည်။ ဖျင်စစ်က သူ့အိမ်မက်ထဲမှာ ပေါ်လာခြင်းဟာ နေ့ဘက်မှာ အတွေးလွန်ပြီး ညဘက် အိမ်မက်ထဲမှာ ပေါ်လာခြင်းဟု ခေါ်တယ်မဟုတ်ပါလား။ ယွဲ့ရှင်းဝမ်သည် ဒီအကြောင်းအရာကို ဆက်မပြောချင်တော့ဘဲ ကုတင်ပေါ်မှ ထလိုက်သည်။


အိပ်ခန်းထဲက ထွက်လာတော့ စင်္ကြံမှာ ရှောင်ထူကို သူတွေ့လိုက်ရသည်။


ညပိုင်းတွင် အတန်းဖော်များအားလုံး အရက်မီးခွက်ကို ပိတ်လိုက်ရာ ခယ်ရှောင်ပင်းသည် "ညအလင်းရောင်" အဖြစ် ရှောင်ထူကို ချန်ထားခဲ့ကာ ရှောင်ထူသည် ၎င်း၏ခေါင်းပေါ်မှ အလင်းရောင်ကို တစ်ညလုံး ဖွင့်ထားပြီး ယွဲ့ရှင်းဝမ်ကိုမြင်သောအခါ ၎င်းက နှုတ်ဆက်လာသည်။

"မင်္ဂလာနံနက်ခင်းပါ"


ယွဲ့ရှင်းဝမ်သည် စိတ်ဝင်တစား လျှောက်သွားပြီး ၎င်းကို အပေါ်အောက်ကို ကြည့်လိုက်သည်။

"ငါတို့မိသားစုဝင် ရှောင်ထူက တိုးတက်လာပြီပဲ… မင်္ဂလာနံနက်ခင်းပါလို့တောင် ပြောတတ်နေပြီလား"


ရှောင်ထူက လေးနက်စွာ ဆိုသည်။

"ကျွန်တော်က ယဉ်ကျေးတဲ့စက်ရုပ်ဖြစ်ရမယ်လို့ သခင်ကပြောထားတယ်"


ယွဲ့ရှင်းဝမ်: "…"


ခယ်ရှောင်ပင်း… မင်း ဘာတွေသင်ထားပေးတာလဲ…


ခဏကြာတော့ အခြားအိပ်ခန်းများထဲက ကျောင်းသားများလည်း တစ်ယောက်ပြီးတစ်ယောက် ထလာကြသည်။ ရှင်းယန်သည် အိပ်ခန်းတစ်ခုစီရှိ အရက်မီးခွက်ကို တဖန်ပြန်လည်ထွန်းညှိလိုက်ပြီး မြေအောက်ခန်းက အလင်းရောင်ပြန်လည်ရရှိလာသည်။ ခယ်ရှောင်ပင်းသည် ရှောင်ထူ၏ခေါင်းပေါ်ရှိ အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

"8 နာရီ ထိုးနေပြီ… မျက်နှာသစ်ပြီး မနက်စာ စားကြမလား"


ယွဲ့ရှင်းဝမ်: "အင်း… မျက်နှာသစ်ဖို့ တန်းစီလိုက်ရအောင်… မနေ့ညက မိုးရွာတဲ့အခါ ရှင်းယန်ရဲ့ ပုလင်းနဲ့လုပ်ထားတဲ့ ‘ဇလုံ’က မင်းတို့မျက်နှာကို ဆေးကြောဖို့လုံလောက်တဲ့ မိုးရေတွေ အများကြီးရခဲ့တယ်… သွားတိုက်တံမရှိဘူးဆိုတော့ ပလုတ်ပဲကျင်းလိုက်တော့"


သူပြောပြီးသည်နှင့် သူက ရှင်းယန်ကို ကြည့်လိုက်သည်။

"လူတိုင်းသောက်ဖို့ ရေသန့်နည်းနည်းလုပ်ရအောင်… ‘ကျင်းရှန်းဘုရားကျောင်းရေလွှမ်းခြင်း’ကို ငါအသုံးပြုပြီး မင်းရဲ့ပုလင်းထဲကို ရေထည့်ပေးမယ်… မင်းရဲ့ပေါင်းခံပုလင်းကို ဘယ်လောက်အထိကြီးနိုင်လဲ"


ရှင်းယန်: "အကျယ် တစ်မီတာ၊ အမြင့် နှစ်မီတာ… လူတစ်ယောက်လောက်ဆန့်တယ်"


ယွဲ့ရှင်းဝမ်သည် idiom အဘိဓာန်ကိုဖွင့်ပြီး ဖော်ပြထားသော idiom မှတ်ချက်ကို တွေ့ခဲ့သည်။

"ရေလွှမ်းခြင်းကို ဆင့်ခေါ်ရင် သတ်မှတ်ထားတဲ့ ဧရိယာ 100 စတုရန်းမီတာကို နစ်မြုပ်စေပြီး စောင့်ဆိုင်းချိန်က 24 နာရီဖြစ်တယ်"


ရှင်းယန်လည်း ဖော်ပြချက်ကိုမြင်ပြီး ခဏလောက် စဉ်းစားပြီးနောက် သူက ပြောလာသည်။

"သတ်မှတ်ထားတဲ့ 100 စတုရန်းမီတာကို ရေနစ်မြုပ်စေတယ်… အမြင့် 1 မီတာဆိုရင် 100 ကုဗမီတာနီးပါးလောက် ပမာဏရှိတယ်… ငါ ပုလင်းတွေ အများကြီး ထပ်ယူလို့ရတယ်… မင်းရဲ့စွမ်းရည်က ထုတ်လွှတ်လိုက်တဲ့ ညစ်ညမ်းရေကို သန့်စင်လိုက်ရင်တောင် သိပ်လျော့သွားတာမဟုတ်ဘူး… နောက်ဆုံးထွက်ကုန်က လီတာ 100,000 လောက်ရှိမှာဖြစ်ပြီး ငါတို့ အကုန်လုံးကို မသောက်နိုင်ဘူး"


1 လီတာ = 0.001 ကုဗမီတာ၊ ရှင်းဝမ်၏ ‘ကျင်းရှန်းဘုရားကျောင်းရေလွှမ်းခြင်း’သည် ရှင်းယန်၏ ‘ပေါင်းခံပုလင်း’နှင့် ပူးပေါင်းပြီး ရေ 100 ကုဗမီတာ ပြုလုပ်လိုက်ရင် လီတာ 100,000 မဟုတ်ပါလား။ ဒါက များလွန်းပါသည်။


အခုလေးတင် နိုးလာသော ရွှီယိရှန်းသည် သမ်းဝေနေရင်း လီတာ 100,000 ကိုကြားလိုက်ပြီး အေးခဲသွားကာ သူ့မျက်လုံးများကို ကျဉ်းမြောင်းရင်း ပြောလိုက်သည်။

"လီတာ 100,000 လား… ဒီကမ္ဘာမှာ နေထိုင်တဲ့သူတွေ တစ်ပတ်ကို ရေသန့်ဘယ်လောက်ရတာလဲ"


ကျန်းဖျင်စစ်က ဆိုသည်။

"10 လီတာ"


ရွှီယိရှန်း၏ မျက်လုံးများက တောက်ပလာပြီး ဝင်ငွေရှာရန် နည်းလမ်းကို ရှာတွေ့ခဲ့သည်။

"ဒါဆို ငါတို့တွေ ရေသန့်ကိုလုပ်ပြီး တစ်ခါတည်း အိပ်ထောင်စု 10,000 အတွက် တစ်ပတ်ရဲ့ ရေသုံးစွဲမှုကို မဖန်တီးနိုင်ဘူးလား… ရောင်းရအောင်… ရေသွားရောင်းရအောင်"


ကျန်းဖျင်စစ်က အေးဆေးတည်ငြိမ်စွာပြောခဲ့သည်။

"အရမ်းမပျော်ပါနဲ့ဦး… ကျွန်တော် အရင်က လူတစ်ယောက်ကို မေးထားပြီးပြီ… ဒီကမ္ဘာရဲ့ ရေအရင်းအမြစ်တွေကို အထူးအာဏာပိုင်တွေက ထိန်းချုပ်ပြီး ခွဲဝေချထားပေးတာကြောင့် ဒီမှာရှိတဲ့လူတွေက ကျွန်တော်တို့ကို ယုံမှာမဟုတ်ဘဲ ရေတွေစိတ်ကြိုက်ရောင်းဖို့ မဖြစ်နိုင်ဘူး…"


ယွဲ့ရှင်းဝမ်က ထောက်ခံသည်။

"ဟုတ်တယ်… သတိထားတာ ပိုကောင်းတယ်… ရေကို အရင်လုပ်ပြီး ပေါင်းခံပုလင်းထဲမှာ အရင်သိမ်းထားလိုက်မယ်"


ရှင်းယန်က ခေါင်းငြိမ့်ပြသည်။

"အင်း… ရောင်းလို့ရရ မရရ ရေသန့်စင်ပြီး သိမ်းထားလိုက်မယ်… စကားမစပ် ဒီမြေအောက်ခန်းမှာ ရေအတွက် နေရာမရှိဘူး… ဂျူနီယာညီလေး ဘယ်မှာလဲ… ဂိုဒေါင်တူးဖို့ အဆင်ပြေလား"


ကျန်းရှောင်နျန်က ချက်ချင်းပြောသည်။

"ရတယ်… မနေ့ညက 12 နာရီနောက်ပိုင်းမှာ ကျွန်တော့်ရဲ့စွမ်းရည်‌တွေ စောင့်ဆိုင်းချိန်ပြီးဆုံးသွားပြီး မြေအောက်ဂိုဒေါင်တစ်ခု ထပ်ဆောက်လိုက်မယ်" ကျန်းရှောင်နျန်သည် သူ့ဘေးနားရှိ လှေကားထစ်ကိုတက်ကာ အလုပ်လုပ်ရန် မြေတူးစက် ဆင့်ခေါ်လိုက်သည်။


ယွဲ့ရှင်းဝမ်: "အားလုံး နောက်ဆုတ်ကြ"


အဖွဲ့ဝင်များသည် ဧည့်ခန်းထဲက အမြန်ထွက်သွားသည်။ ရှင်းယန်သည် ပေါင်းခံပုလင်းများကို ဆက်တိုက် ဆင့်ခေါ်ခဲ့ပြီး ဧည့်ခန်းထဲမှာ ပုလင်းများ ပြည့်ကျပ်နေသည်။ ယွဲ့ရှင်းဝမ်က အဘိဓာန်ကိုဖွင့်ပြီး ရွတ်ဆိုလိုက်သည်။

"ကျင်းရှန်းဘုရားကျောင်းရေလွှမ်းခြင်း"


ရှင်းယန်၏ပုလင်းများ ချက်ချင်း ပြည့်သွားသောအခါ ကောင်းကင်မှ ရေအမြောက်အမြား ကျဆင်းလာကာ တချို့သောရေတွေက ပုလင်းများအဟကြောင့် လျှံထွက်လာကာ လျှိုကျောက်ချင်းက ပတ်တီးဖြင့် စုပ်ယူသွားလေသည်။


ရှင်းယန်က ရေသန့်ကို စတင်ပြုလုပ်ခဲ့သည်။ အခန်းတွင်းရှိ ပေါင်းခံပစ္စည်းများကို အရက်မီးခွက်ဖြင့် တစ်ချိန်တည်း အပူပေးသည်။ ပုလင်းအတွင်းရှိရေသည် လျင်မြန်စွာ ပွက်ပွက်ဆူလာကာ ကိရိယာမှ ရေနွေးငွေ့များ ထွက်လာပြီး ရေသန့်အဖြစ် ပေါင်းခံကာ နောက်ဆုံးရေစက်က လက်ခံပုလင်းထဲသို့ ရောက်သွားသည်။


ပေါင်းခံယူနစ် ရာပေါင်းများစွာ တပြိုင်နက်တည်း အလုပ်လုပ်ပြီး မြင်ကွင်းက တကယ့်ကို အံ့မခန်းပါပဲ။


ရေချိုးခန်းထဲကထွက်လာသော လင်းမန့်လော်က အံ့အားသင့်သွားသည်။

"ဂျူနီယာမောင်လေးရှင်းယန်က ဓာတုစက်ရုံကို ဒီရွှေ့လိုက်တာလား"


လန်ယာရုန်က အပြုံးဖြင့် ပြောသည်။

"လျှိုကျောက်ချင်းက အထည်အလိပ်စက်ရုံကို ရွှေ့လိုက်တာ"


ကျိုဖုန်းက ပြောခဲ့သည်။

"ငါ့မှာ ဓာတ်အားပေးစက်ရုံရှိပါသေးတယ်… ဒါပေမဲ့ မီးလုံးမရှိဘဲ ငါ့ရဲ့လျှပ်စစ်ဓာတ်အားကို မထုတ်ရဲဘူး"


စွမ်းရည်များစွာဖြင့် အစားအသောက်နှင့် သောက်စရာအတွက် သူတို့တွေ စိတ်ပူရန် လိုအပ်သေးပါသလား။


ခယ်ရှောင်ပင်းက ကောက်ချက်ချသည်။

"ဒီသင်တန်းက credit 3 မှတ်ပဲရှိတာ အံ့သြစရာ မရှိပါဘူး… အစပိုင်းမှာတော့ ကျွန်တော်တို့အားလုံးက ကြောက်စရာကောင်းတဲ့ ပတ်ဝန်းကျင်ကို ထိတ်လန့်ခဲ့ကြပေမဲ့ ဒါကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် စွမ်းရည်တွေအများကြီးနဲ့ ကျွန်တော်တို့က ဒီကမ္ဘာကို ရောက်လာခဲ့တာ… 14 ရက် အသက်ရှင်ဖို့က မခက်ခဲဘူးမလား"


ကျိုဖုန်းက ခေါင်းငြိမ့်ပြီး ပြောသည်။

"ဟုတ်တယ်… ဒီမှာတားမြစ်ထားတဲ့ စွမ်းရည်တွေ မရှိတာကြောင့် ဒီသင်တန်းက တကယ်မခက်ဘူး… တားမြစ်ထားတဲ့စွမ်းရည်တွေနဲ့ စာကြည့်တိုက်က ငါတို့ကို ဒီနေရာပစ်ချခဲ့မယ်ဆိုရင် အဲဒါက credit 3 မှတ်ထက်ပိုလောက်ပြီး ဇီဝသိပ္ပံဌာနရဲ့ ရှင်သန်ခြင်းအတန်းလိုမျိုး credit 6 မှတ်ဖြစ်လိမ့်မယ်"


ယွဲ့ရှင်းဝမ်: "ရေပြဿနာက ဖြေရှင်းဖို့ လွယ်ပါတယ်… ရှင်းယန်ရဲ့ပေါင်းခံပုလင်းက ရေသန့်ကို ပြုလုပ်ပေးနိုင်ပြီး ခဏလောက်သောက်သုံးတာက ခန္ဓာကိုယ်ကို မထိခိုက်ပါဘူး… ကျွန်တော့်မှာ ရေစွမ်းရည်နှစ်ခုရှိတာကြောင့် အထောက်အပံ့က အဆုံးမဲ့ပဲ… အဓိက စားစရာပဲ"


လင်းမန့်လော်က ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။

"စားစရာပြုလုပ်ဖို့က ငါတို့အတွက် တကယ်ခက်ခဲတယ်"


ခယ်ရှောင်ပင်းသည် ရုတ်တရက် ခေါင်းလှည့်ပြီး ယွဲ့ရှင်းဝမ်ကို ကြည့်လိုက်သည်။

"ရှင်းဝမ်… မင်းရဲ့လိမ္မော်သီးတွေ ဘယ်မှာလဲ"


ကျောင်းအားကစားပြိုင်ပွဲတွင် ရှင်းဝမ်သည် သူ၏ပြိုင်ဘက်များ လမ်းလျှောက်ခြင်းကို တားဆီးရန်အတွက် လိမ္မော်သီးကို ဝယ်ပေးခဲ့သည်။ ရလဒ်အနေနဲ့ သူဝယ်လာသော လိမ္မော်သီးအားလုံးကို ခယ်ရှောင်ပင်းက စားပစ်လိုက်သည်။ စာကြည့်တိုက်ဖိုရမ်တွင်လည်း ခယ်ရှောင်ပင်းက ယွဲ့ရှင်းဝမ်၏မွေးစားသားဖြစ်ကြောင်း စနောက်ခဲ့ကြသည်။


ခယ်ရှောင်ပင်းသည် စားဖူးသမျှထဲမှာ အရသာအရှိဆုံး လိမ္မော်သီးကို ကျူးကျစ်ချင်း၏ ‘နောက်ကျောမြင်ကွင်း’စွမ်းရည်ဖြင့် ရှင်းဝမ်မှ ဝယ်ပေးခဲ့သည်။


ယွဲ့ရှင်းဝမ်က ပြောသည်။

"စွမ်းရည်ကို အဆင့်မြင့်ပြီးနောက် လိမ္မော်သီး 9 လုံးအထိ ဝယ်လို့ရတယ်… လိမ္မော်သီးကို ပိုက်ဆံနဲ့ လဲလှယ်ဖို့ ဆိုလိုတာလား"


ခယ်ရှောင်ပင်းက ခေါင်းခါလိုက်သည်။

"ငါ့မှာ အကြံကောင်းရှိတယ်… မင်းရဲ့‘မိုးသည်းခြင်း’က ဓာတုဗေဒဌာနရဲ့ အက်စစ်နဲ့ပေါင်းလိုက်ရင် အက်စစ်မိုးဖြစ်သွားတယ်… ဆေးပညာဌာနရဲ့ ခွဲစိတ်ဓားနဲ့ပေါင်းလိုက်ရင် ဓားမိုးဖြစ်သွားတယ်… ရူပဗေဒဌာနရဲ့ လျှပ်စစ်ဓာတ်အားနဲ့ပေါင်းလိုက်ရင် လျှပ်စစ်မိုးဖြစ်သွားတယ်… အရက်မီးခွက်နဲ့ဆိုရင် ရေနွေးဖြစ်သွားတယ်… ဒီစွမ်းရည်က အခြားစွမ်းရည်ရဲ့ အကျိုးသက်ရောက်မှုကို ချဲ့နိုင်တယ်မဟုတ်ဘူးလား"


"သီအိုရီအရတော့ ဟုတ်ပါတယ်… ‘မိုးသည်းခြင်း’က အခြားဌာနတွေရဲ့ စွမ်းရည်တွေကို ချဲ့ထွင်ဖို့ ကြားခံတစ်ခုအနေနဲ့ လုပ်ဆောင်တာ"


"ဒါဆို မင်းရဲ့တရုတ်ဘာသာစကားဌာနရဲ့ ကိုယ်ပိုင်စွမ်းရည်တွေကိုကော ချဲ့ထွင်လို့မရဘူးလား"


ယွဲ့ရှင်းဝမ်၏မျက်လုံးများ တောက်ပလာသည်။

"ငါ ဒါကို တစ်ခါမှ မစမ်းဖူးဘူး"


ခယ်ရှောင်ပင်းက စိတ်လှုပ်ရှားစွာ တိုက်တွန်းခဲ့သည်။

"မြန်မြန်စမ်းကြည့်လိုက်… ‘နောက်ကျောမြင်ကွင်း’နဲ့ ဝယ်ထားတဲ့ လိမ္မော်သီးကို တိမ်ထဲထည့်လိုက်ပြီး လိမ္မော်သီးမိုးအဖြစ် ပြောင်းလဲနိုင်လောက်တယ်"


လူတိုင်း: "..."


ခယ်ရှောင်ပင်းသည် ယွဲ့ရှင်းဝမ်၏လိမ္မော်သီးများကို နေ့တိုင်း မက်မောကာ အစားအသောက်မက်သူဖြစ်ရန် ထိုက်တန်ပြီး သူသည် ထိုကဲ့သို့ အံ့သြဖွယ်နည်းလမ်းကို တီထွင်ခဲ့သည်။


ယွဲ့ရှင်းဝမ်: "စီနီယာအစ်ကိုလျှို လိမ္မော်သီးတွေထည့်ဖို့ လေထဲမှာ ပတ်တီးအလွှာကို ဆွဲထားလိုက်ပါ… ကျွန်တော် စမ်းကြည့်မယ်" သူက ခယ်ရှောင်ပင်းကို ကြည့်ပြီး အပြုံးဖြင့် ပြောလိုက်သည်။ "ငါလိမ္မော်သီး သွားဝယ်ဦးမယ်… မင်းဒီမှာနေပြီး လှည့်မကြည့်နဲ့…"


ခယ်ရှောင်ပင်းသဘ် ချက်ချင်းပင် မလှုပ်နိုင်သော ရုပ်တုအဖြစ် ပြောင်းလဲသွားသည်။


ယွဲ့ရှင်းဝမ်၏လက်ထဲတွင် လတ်ဆတ်သောလိမ္မော်သီးတစ်လုံး ပေါ်လာသည်။ သူသည် အဘိဓာန်ကို ပြန်ဖွင့်လိုက်သည်။ "မိုးသည်းခြင်း"


ကောင်းကင်မှာ တိမ်လွှာကြီးတစ်ခုပေါ်လာပြီး မိုးသက်မုန်တိုင်းကျလာကာ ယွဲ့ရှင်းဝမ်သည် လိမ္မော်သီးကို တိမ်လွှာထဲ ပစ်ထည့်လိုက်သည်။


ထို့နောက် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်လာသည်——


လိမ္မော်သီးတွေ ထူထပ်စွာ ကောင်းကင်ကနေ ပြုတ်ကျလာကာ တကယ်ပဲ "လိမ္မော်သီးမိုး"ဖြစ်လာခဲ့သည်။


အဖွဲ့ဝင်များက အံ့အားသင့်သွားသည်။


ဤလိမ္မော်သီးများ၏အကျိုးသက်ရောက်မှုသည် ‘နောက်ကျောမြင်ကွင်း’စွမ်းရည်နဲ့ ကွဲပြားသော်လည်း ၎င်းကိုစားနိုင်သည်။


လျှိုကျောက်ချင်းက လက်မထောင်ပြသည်။

"အံ့ဩစရာပဲ… ငါတို့သုတေသနအဖွဲ့က ကိုယ်ပိုင်ဓာတုစက်ရုံ၊ အထည်အလိပ်စက်ရုံနဲ့ ရေအားစက်ရုံသာမက ကိုယ်ပိုင်အသီးဥယျာဉ်ကိုလည်း ယူဆောင်လာတာပဲ"


ခယ်ရှောင်ပင်းသည် စိတ်လှုပ်ရှားစွာ လိမ္မော်သီးအနည်းငယ်ကောက်ပြီး ပြန်လာကာ မြန်မြန်အခွံနွှာပြီး စားရင်း ရယ်မောလိုက်သည်။

"ရှင်းဝမ်ရဲ့စွမ်းရည်ကနေ အံ့ဩစရာအသုံးဝင်မှုကို ငါရှာတွေ့ခဲ့ပြီ… အခုကစပြီး လိမ္မော်သီးကို အချိန်မရွေး နေရာမရွေး စားလို့ရပြီ… ရှင်းဝမ်… မင်းကို ငါ အဖေလို့ ခေါ်ဖို့လိုအပ်သေးလား"


ရှောင်ခယ်သည် အစားအသောက်နှင့်ပတ်သက်၍ တစ်ခါမျှ ကိုယ်ကျင့်တရားမရှိခဲ့ပေ။


ယွဲ့ရှင်းဝမ်သည် သူ့ရှေ့တွင် စုပုံထားသော လိမ္မော်သီးများကို ကြည့်ပြီး ရယ်ရမလား ငိုရမလား မသိတော့ချေ။

"ငါတို့ ဒါတွေကို စားကုန်မှာမဟုတ်တာကြောင့် ရောင်းကြမလား"


ရေရောင်း၊ လိမ္မော်သီးရောင်းရင်း သူတို့က ဒီကမ္ဘာမှာ ငွေအမြောက်အမြားရှာကြမှာလား…


#TK