Volume 7 : ဥပဒေဌာန
Chapter 156 (ပြစ်မှုမရှိကြောင်းချေပချက် ၀၉)
ကျောင်းအများစုတွင် အမျိုးသားနှင့် အမျိုးသမီးအိပ်ဆောင်များတွင် ဝင်ပေါက်ထိန်းချုပ်မှုစနစ်များရှိသည်။ ကျောင်းသားများ ပြန်နောက်ကျရင် အိပ်ဆောင်ရုံးမှာ အကြောင်းအမျိုးမျိုးပြပြီး မှတ်ပုံတင်ဖို့ လိုအပ်ကာ အိပ်ဆောင်က အန်တီသည် ကိုယ့်အတွက် တံခါးဖွင့်ပေးလိမ့်မည်။ မိန်းကလေးအိပ်ဆောင်သို့ ဝင်ရောက်လိုသော ယောင်္ကျားလေးများသည် ကျောင်းသူအိပ်ဆောင်များ၏ လုံခြုံမှုရှိစေရန်အတွက် သူတို့သွားလိုသော အိပ်ဆောင်တွင်မည်မျှကြာမည်ကို ရှင်းရှင်းလင်းလင်းရေးထားသင့်သည်။
သို့သော် ယခုအချိန်တွင် ပေရှန်းတက္ကသိုလ် မတူပေ။ အိပ်ဆောင်၏ဝင်ပေါက်ထိန်းချုပ်မှုစနစ်နှင့် စောင့်ကြည့်ရေးစနစ်သည် ယခုရက်ပိုင်းအတွင်း ပျက်သွားသောကြောင့် မောင်ယွဲ့နှင့် ကျူးရှောင်ထင်တို့သည် နံနက် ၅ နာရီတွင် အိပ်ဆောင်သို့ ပြန်နိုင်ပြီး အိပ်ဆောင်ကို အန်တီဖြစ်သူက ပိတ်ဆို့ထားခြင်းမရှိသောကြောင့် ဖြစ်နိုင်သည်။ ယောင်္ကျားလေးများလည်း မိန်းကလေးများအိပ်ဆောင်ကို မနက်စောစော ခိုးဝင်နိုင်သည်။
703 အိပ်ဆောင်တွင် ရှဲ့ရှန်းချင်ကိုသတ်ခဲ့သော လူသတ်သမားသည် မိန်းကလေးများအိပ်ဆောင်တွင် သူမကိုမုန်းတီးသူများအပြင် ယောင်္ကျားလေးလည်း ဖြစ်နိုင်သည်။
ယွဲ့ရှင်းဝမ်က အလျင်အမြန် ပြောလိုက်သည်။
"ချင်မြောင်... အိပ်ဆောင်အန်တီကို မေးကြည့်လိုက်... ဒီမနက် 5 နာရီဝန်းကျင်လောက်မှာ မိန်းကလေးတွေရဲ့ အိပ်ဆောင်ထဲကို ထူးထူးဆန်းဆန်းလူတွေ ဝင်လာတာကို တွေ့လားလို့"
ချင်မြောင်က ပြန်ဖြေသည်။
"ဒီမနက် အခင်းဖြစ်ပွားရာနေရာကို သူတို့ရောက်လာတုန်းက ရဲအရာရှိကမေးလိုက်တယ်... အန်တီက အိပ်ပျော်နေတာကြောင့် အခြားလူကို တွေ့ဖို့မပြောနဲ့ မောင်ယွဲ့နဲ့ ကျူးရှောင်ထင် ပြန်လာတာကိုတောင် မတွေ့ခဲ့ဘူး"
ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ပြီး ဆက်မေးသည်။
"ကျိုးယိကျားကို စုံစမ်းဖို့သွားတုန်းက သံသယဖြစ်စရာတွေရှိလား"
ခယ်ရှောင်ပင်းက ပြောသည်။
"ကျိုးယိကျား အရပ်က 175 စင်တီမီတာလောက်ပဲရှိပေမဲ့ သူက တော်တော်ချောတယ်... သူက ကြင်နာတတ်ပြီး အခြားသူတွေကို ကူညီချင်စိတ်ရှိတဲ့ သူတစ်ယောက်ပဲ... သူက ဂိမ်းဆော့ရတာ ကြိုက်ပြီး မနေ့ညက သူ့အခန်းဖော်တွေနဲ့ မနက် 4 နာရီအထိကစားခဲ့ပြီး နေ့လယ် 11 နာရီမှထခဲ့တာ"
ယွဲ့ရှင်းဝမ်: "ဆိုလိုတာက သူတို့အိပ်ဆောင်က လူလေးယောက်ဟာ မနက် 4 နာရီမှအိပ်ပြီး နေ့လယ် 11 နာရီလောက်မှာ နိုးလာတယ်... နောက်ကျမှအိပ်တာကြောင့် လူတိုင်းက အိပ်မောကျနေကြတယ်... အခန်းဖော်တစ်ယောက်ယောက်က ထွက်သွားသလားဆိုတာ သူတို့သေချာမသိနိုင်ဘူး ဟုတ်တယ်မလား"
ခယ်ရှောင်ပင်းသည် ခဏလောက် ထိတ်လန့်သွားပြီး နောက်ဆုံးတော့ ဟာကွက်ကို သတိထားမိလိုက်သည်။
သူတို့ လေးယောက်စလုံးက ‘ငါတို့ နေ့လယ်အထိ အိပ်ခဲ့ကြတယ်’လို့ ပြောကြပေမဲ့ တကယ်တမ်းတော့ ကျန်သုံးယောက်က အိပ်ပျော်နေချိန်မှာ အခန်းဖော်တွေ အပြင်ထွက်တာ ရှိမရှိကို မသိခဲ့ကြဘူး။
အိပ်ပျော်နေသောလူက အခြားသူများအတွက် အလီဘိုင်မဖြစ်နိုက်ဘူး။
ကျန်းဖျင်စစ်: "ကျိုးယိကျားက အဆောက်အဦး 5၊ အိပ်ဆောင် 105 မှာနေထိုင်တာ... အဲဒီအိပ်ဆောင်က လူတွေအတွက် အဆောက်အဦး 6 ကို သွားရတာ အရမ်းအဆင်ပြေပါတယ်... အပြင်ထွက်ပြီး တောအုပ်ကိုပတ်ပြီးတော့ မီတာဒါဇင်လောက်နဲ့ အဆောက်အဦး 6 ရဲ့ အနောက်ဘက်ခြမ်းက တံခါးကို ရောက်နိုင်တယ်...
ပထမထပ်မှာ အပြင်ထွက်ရတာ အလွန်အဆင်ပြေသည်။
ယွဲ့ရှင်းဝမ်က မေးသည်။
"ယောင်္ကျားလေးအိပ်ဆောင်က စောင့်ကြည့်ရေးကကော ဘယ်လိုလဲ"
ခယ်ရှောင်ပင်းက အကူအညီမဲ့စွာ ဆိုသည်။
"အဆောက်အဦး 5 ရဲ့ ဝင်ပေါက်က စောင့်ကြည့်ရေးလည်း ပျက်နေတယ်... ဒီကျောင်းက ဝယ်ပေးတဲ့ စောင့်ကြည့်ရေးတွေက အရည်အသွေးညံ့လိုဖြစ်မယ်... လတ်တလော စောင့်ကြည့်ရေးတွေပျက်နေပြီး ပြုပြင်နေဆဲပဲ... ပြုပြင်နေတဲ့ကာလမှာ လူသတ်မှုဖြစ်ခဲ့တာဆိုတော့ လူသတ်သမားက စိတ်မြန်လက်မြန်သတ်တာမဟုတ်ဘဲ ကြိုတင်စီစဉ်ထားတဲ့လူသတ်မှုများလား"
ယွဲ့ရှင်းဝမ်သည် လက်ရှိသံသယများကို ဂရုတစိုက်ရှင်းထုတ်ပြီး သူ့အတွေးများကို အဖွဲ့ထဲတွင် တင်ပြခဲ့သည်။
"ပထမအချက်... ရွှီရုန်းရုန်းနဲ့ ဝမ်ရှောင်လုတို့က 811 နဲ့ 812 က 8 ထပ်မှာ အသီးသီးနေထိုင်ကြတယ်... သူတို့ဟာ မနေ့ညက အိပ်ဆောင်ထဲမှာရှိတာကြောင့် အောက်ထပ်ဆင်းရတာ အဆင်ပြေတယ်... သူတို့က လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကို နားလည်ပြီး ဓားနဲ့လူသတ်နိုင်တယ်... သူတို့ရဲ့သံသယကို ဖယ်ထုတ်လို့မရဘူး"
"ဒုတိယအချက်... 703 အိပ်ဆောင်ရှ် မိန်းကလေးတွေကြားမှာ ဓားကိုင်ဆောင်ထားတဲ့ ကျူးရှောင်ထင်ရဲ့မြင်ကွင်းကို မြင်လိုက်တဲ့အချိန်မှာ မောင်ယွဲ့က ဘာလို့ မနက်စောသော ပြန်လာတာလဲ... ရှဲ့ရှန်းချင်ကိုသတ်ပြီးနောက် မောင်ယွဲ့က သူမအခန်းဖော်ကို ချောက်ချဖို့အတွက် ရည်ရွယ်ချက်ရှိရှိ အော်ဟစ်ဖို့ ပြန်လာခဲ့တာလား... ဒီဖြစ်နိုင်ခြေကိုလည်း ထည့်သွင်းစဉ်းစားရမယ်"
"တတိယအချက်... 703 အိပ်ဆောင်မှာ အခန်းဖော်ဖြစ်တဲ့ ဇီဝသိပ္ပံဌာနမှ လီဟွေ့ကျွမ်းက အခုအချိန်အထိ မပေါ်လာသေးဘူး... မနေ့ညက သူမ ဘယ်သွားလဲဆိုတာမသိဘူး... အဲဒီလူဆီကနေ တူးဖော်ဖို့ လိုအပ်တဲ့ သဲလွန်စတွေ ရှိကောင်းရှိနိုင်တယ်"
"စတုတ္ထအချက်... လူသတ်မှုကျူးလွန်တာက ယောင်္ကျားလေးတစ်ယောက်ဆိုရင် သေဆုံးသူရဲ့ချစ်သူ ကျိုးယိကျားနေထိုင်နေတဲ့ အိပ်ဆောင်က အရမ်းသံသယဖြစ်စရာကောင်းတယ်... ပထမဆုံးအနေနဲ့ ကျိုးယိကျားက 703 အိပ်ဆောင်ရဲ့သော့ကို ပျောက်သွားခဲ့တယ်... အဲဒီသော့က အရမ်းအရေးကြီးတယ်... ကျိုးယိကျားက ‘ပျောက်သွားတယ်’လို့ အကြောင်းပြချက်နဲ့ သော့ကိုဝှက်ထားပြီး စိတ်ပိုင်းဆိုင်ရာအရှုပ်အထွေးတွေကြောင့် သူ့ချစ်သူကို သတ်ခဲ့တာလည်းဖြစ်နိုင်တယ်... သူ့အခန်းဖော်က သော့ကိုခိုးပြီး အချစ်အမုန်းဆက်ဆံရေးကြောင့် ရှဲ့ရှန်းချင်ကို သတ်ခဲ့တာလည်း ဖြစ်နိုင်တယ်"
တစ်နေကုန် စုံစမ်းစစ်ဆေးပြီး စီစစ်ပြီးနောက် ဒီအမှုကို တွေးခေါ်ပုံက တဖြည်းဖြည်း ရှင်းလာသည်။
လျှိုကျောက်ချင်းက အဖွဲ့ထဲ စနောက်လေသည်။
"ရှင်းဝမ် ဖော်ပြထားတဲ့ အချက်လေးချက်က စာမေးပွဲရဲ့ အဓိကအချက်တွေမို့ မှတ်ထားဖို့ လိုတယ်"
လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ပြောလာကြသည်။
"Screenshot ရိုက်ပြီးပြီ... အဲဒါတွေကို အလွတ်ကျက်လိုက်ရအောင်"
"ရွှယ်ပနဲ့ စာမေးပွဲဖြေရတာက အရမ်းကောင်းတယ်... ဒီတစ်ခေါက်တော့ အမှတ် 90 ကျော်နဲ့ စာမေးပွဲဖြေနိုင်မယ်ထင်တယ်"
ယွဲ့ရှင်းဝမ်က ပြုံးကာပြောလိုက်သည်။
"စီနီယာအစ်ကိုလျှိုက ဆေးကျောင်းသူတွေ ရွှီရုန်းရုန်းနဲ့ ဝမ်ရှောင်လုတို့အခြေအနေကို ဆေးရုံမှာ စုံစမ်းကြည့်ပါ... စီနီယာဆေးကျောင်းငားတွေက ဆေးရုံမှာ အလုပ်သင်ဆင်းကြတာမို့ သူတို့ရဲ့နေ့စဉ်ဘဝအကြောင်း မေးကြည့်လိုက်ပါ... စိတ်ခံစားချက်ပြဿနာတွေနဲ့ ဆက်ဆံရေးတွေပေါ့"
လျှိုကျောက်ချင်းက ‘အိုကေ’အီမိုဂျီပို့ခဲ့သည်။
"ကိစ္စမရှိဘူး... မနက်ဖြန် အလုပ်သွားတဲ့အခါ သူတို့အလုပ်သင်ဆင်းတဲ့ ဌာနဆီ သွားလိုက်မယ်"
လန်ယာရုန်: "ရှင်းဝမ်... မနက်ဖြန် ကျူးရှောင်ထင်ကို သွားကြည့်ရအောင်... သူမက ကျိုးယိကျားကို နှစ်အတော်ကြာ သဘောကျနေခဲ့တာဆိုတော့ ကျိုးယိကျားရဲ့အခြေအနေကို ရှင်းရှင်းလင်းလင်း သိလိမ့်မယ်... သူမနဲ့ လျှိုကျားကျားတို့က အချစ်ဆုံးသူငယ်ချင်းတွေပဲ... ဒါကြောင့် သဲလွန်စတွေကို နက်နက်နဲနဲ တူးထုတ်ရမယ်"
ကျူးရှောင်ထင်က သီးသန့်ဆန်ပြီး ကျိုးယိကျားသည် သူမ၏ဂျူနီယာမောင်လေးဖြစ်သည်။ သူမသည် တစ်ဖက်လူကို သဘောကျခဲ့ပြီး ဘယ်တော့မှ ဖွင့်မပြောရဲခဲ့ပေ။ သို့ပေမဲ့ သူမက တစ်ဖက်လူ၏ စိတ်ဝင်စားမှုနဲ့ ဝါသနာများကို သိထားနိုင်ပြီး တစ်ဖက်လူ၏အခန်းဖော်များ၏ အခြေအနေများကိုလည်း သူမသိနိုင်သည်။
ထို့အပြင် 703 အိပ်ဆောင်ရှိ အခန်းဖော် လီဟွေ့ကျွမ်းက ယခုအချိန်အထိ ပေါ်မလာသေးပေ။
ရဲများက သူမအား ထွက်ဆိုချက်တစ်ခုပြုလုပ်ရန် တောင်းဆိုခဲ့သော်လည်း ရွှီယိရှန်းသည် ဆဲလ်ပုံစံအဖြစ် ရောက်လာသောအချိန်က ကျူးရှောင်ထင်၏ ရဲများစစ်ဆေးခြင်းလုပ်ငန်းစဉ်ကိုသာ နားထောင်ရန် အချိန်ရှိသဖြင့် အခြားလူများအား ရဲများမေးသော အချက်အလက်ကို မကြားခဲ့ရပါ။ သူတို့သည် ထိုအခန်းဖော်ကိုရှာပြီး ဆက်လက်စုံစမ်းစစ်ဆေးရမည်။
ကျန်းဖျင်စစ်: "703 အိပ်ဆောင်က လူသတ်မှုအတွက် သဲလွန်စရသွားပြီ... ကမ်းခြေမှာ အဆိပ်ခတ်တဲ့အမှုအတွက် သံသယရှိသူကိုလည်း ဘောင်ခတ်ထားပြီ ဟုတ်တယ်မလား"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်... အားလုံးရဲ့တိုးတက်မှုက အတော်လေး မြန်နေပါသေးတယ်... ဖျင်စစ်ရဲ့မေးလိုက်တဲ့ အဓိကသဲလွန်စက အရမ်းအရေးကြီးတယ်... ဓာတုဗေဒဌာနရဲ့ သော့နဲ့ကိုက်ညီတဲ့ ပုံစံခွက်ယူခဲ့တဲ့ ချန်ခိုင်မင်ကို အာရုံစိုက်ဖို့လိုတယ်"
မနေ့က ကမ်းခြေကို ဘာဘီကျူးစားဖို့လာသော ဧည့်သည်စာရင်းကို ချင်လုက ထုတ်လိုက်ပြီး ပြောသည်။
"ချန်ခိုင်မင်က မနေ့က ကမ်းခြေကို ရောက်လာတယ်... သူက ဧရိယာ C မှာ လေးယောက်ထိုင်ခုံကို ကြိုတင်မှာထားခဲ့တယ်..."
ကျန်းရှောင်နျန်က ထွက်လာပြီး ပြောသည်။
"သူတို့ကိုမှတ်မိတယ်... ဧရိယာ C မှာရှိတဲ့ 66 စားပွဲမှာ ထိုင်နေတာ... အဲဒီအချိန်တုန်းက ကျွန်တော် သူတို့ဆီ အသားသွားပို့တာ... သူတို့က စုံတွဲနှစ်တွဲဖြစ်နိုင်တယ်... ချန်ခိုင်မင်က မျက်မှန်တပ်ထားပြီး အရမ်းနူးညံ့တယ်... သူက စားစရာတွေမှာပြီး ငါ့ကို သန့်စင်ခန်းဘယ်မှာလဲလို့ မေးခဲ့တယ်... သူနဲ့အတူပါတဲ့ မိန်းကလေးက သေးသေးလေးနဲ့ ချစ်ဖို့ကောင်းပြီး သူ့ကို အသားကင်လုပ်ပေးဖို့ ကူညီပေးခဲ့တယ်"
စုံတွဲနှစ်တွဲလား... ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။
"အဲဒီလူလေးယောက်ကို ဘောင်ခတ်ထားပြီး လျှိုကျားကျားကို သတ်ခဲ့တဲ့လူသတ်သမားက သူတို့ထဲမှာပဲ"
ဓာတုဗေဒဌာနမှ ချန်ခိုင်မင်သည် ဓာတ်ခွဲခန်းသော့ကို သီးသန့်ပြုလုပ်ခဲ့သည်။ သူသည် သော့ကိုပြုလုပ်ခဲ့တာက သူကိုယ်တိုင်သိမ်းထားချင်လို့ပဲဖြစ်စေ၊ အခိုးခံလိုက်ရတာပဲဖြစ်စေ သူနှင့် သူ့အနီးနားရှိလူများသည် အဲဒီသော့ကိုရရှိသွားပြီး ဓာတ်ခွဲခန်းမှ potassium cyanide ကို ထုတ်ယူနိုင်သည်။
အဆိပ်ကိုရသွားပြီး မနေ့က ကမ်းခြေမှာ လျှိုကျားကျားကို အဆိပ်ခတ်အတွက် လိုအပ်ချက်များကို လိုက်နာခဲ့သည်။
နောက်ထပ်ကတော့ ဒီလူလေးယောက်ထဲက ဘယ်သူသည် လျှိုကျားကျားကို အငြိုးထားနေသလဲဆိုတာ ကြည့်ရမည်။
***
အမှုနှစ်ခုလုံးကို ရှင်းရှင်းလင်းလင်း ခွဲခြမ်းစိတ်ဖြာပြီး ယွဲ့ရှင်းဝမ်သည် ထိုညတွင် ကောင်းမွန်စွာ အိပ်ပျော်ခဲ့သည်။
နောက်နေ့မနက်စောစောမှာ သူနဲ့ လန်ယာရုန်တို့ဟာ ရဲစခန်းသို့ သွားခဲ့ကြပြီး နှစ်ယောက်စလုံးက တရားခံရှေ့နေအဖြစ် ကျူးရှောင်ထင်ကို ထပ်မံတွေ့ဆုံခဲ့သည်။
မိန်းကလေးသည် ညတွင်းချင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး စိတ်ဓာတ်ကျနေကာ ဆံပင်များသည် ပေါင်းပင်ကဲ့သို့ ရှုပ်ထွေးနေသည်။ သူတို့နှစ်ဦးကိုမြင်ပြီးနောက်တွင် သူမ၏မျက်လုံးများသည် သိသာထင်ရှားစွာ ရွှင်လန်းမှုနှင့်အတူ မျက်လုံးများတောက်ပလာကာ သူမ၏အသံမှာ အနည်းငယ်ပို၍ တက်ကြွလာသည်။
"ရှေ့နေလန်နဲ့ ရှေ့နေယွဲ့... ရှင်တို့ ရောက်လာပြီပေါ့"
မိန်းကလေး၏ အားကိုးအားထားပြုသော မျက်လုံးများက လန်ယာရုန်၏နှလုံးသားကို ပျော့ပြောင်းစေခဲ့သည်။ သူမ၏မျက်လုံးများသည် အလွန်ပျော့ပျောင်းသွားကာ သူမရှေ့မှ မိန်းကလေးကို ကြည့်ပြီး မေးလိုက်သည်။
"ရှောင်ထင်... ဓာတုဗေဒဌာနက ချန်ခိုင်မင်ကို နင်သိလား"
ကျူးရှောင်ထင်သည် ထိတ်လန့်သွားပြီး ခဏလောက် သေချာစဉ်းစားပြီးမှ သူမက ပြောလာသည်။
"ကျွန်မသိတယ်... သူက ကျွန်မတို့အထက်တန်းတုန်းက သိပ္ပံအတန်းထဲက ကျောင်းသားဟောင်းပါ... ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ သူ့ကို တစ်ကြိမ်တွေ့ဖူးတယ်... အဲဒီကောင်လေးက ကျွန်မထက်တောင် တသီးတသန့်နေတတ်ပြီး ကျွန်မ သူနဲ့ စကားတစ်ခွန်းမှ မပြောဖူးဘူး"
ယွဲ့ရှင်းဝမ်: "အထက်တန်းကျောင်းသားဟောင်းတစ်ယောက်ဆိုတော့ သူက လျှိုကျားကျားကို သိမှာပေါ့"
ကျူးရှောင်ထင်က ခေါင်းငြိမ့်လိုက်သည်။
"လျှိုကျားကျားက ကျွန်မတို့အထက်တန်းကျောင်းရဲ့ ပန်းကလေးလေ... သူမက အဆင့်လည်း ကောင်းတယ်... အထက်တန်းကျောင်းမှာ သူမကိုမသိတဲ့သူ ဘယ်သူမှမရှိလောက်ဘူး... ဒါပေမဲ့ ကျားကျားနဲ့ ကျွန်မက ဝိဇ္ဇာအတန်းမှာ ရှိပြီး ချန်ခိုင်မင်က သိပ္ပံအတန်းမှာဆိုတော့ အထက်တန်းကျောင်းတုန်းက တစ်ထပ်တည်းမကျဘူး... ကျားကျားကတော့ ချန်ခိုင်မင်ကို မသိလောက်ဘူး... ကျားကျားဆီကနေ သူ့အကြောင်းပြောတာကို ကျွန်မ တစ်ခါမှ မကြားဖူးဘူး"
အထက်တန်းကျောင်းသားဟောင်း ချန်ခိုင်မင်သည် ဓာတုဗေဒဘာသာရပ်ဖြင့် ပေရှန်းတက္ကသိုလ်သို့ ရောက်ရှိလာခဲ့သည်။ လျှိုကျားကျားနှင့် ကျူးရှောင်ထင်တို့သည် အမြဲတမ်း သူငယ်ချင်းကောင်းများဖြစ်သည်။ သူတို့နှစ်ယောက်က ဝိဇ္ဇာအတန်းမှ ဖြစ်ကြပြီး တစ်ယောက်က ဥပဒေဌာနကိုတက်ကာ နောက်တစ်ယောက်က ဘာသာပြန်ဌာနကို တတ်ခဲ့သည်။
ယွဲ့ရှင်းဝမ်သည် သူ၏အထက်တန်းကျောင်းသာဘဝအကြောင်းကို တွေးလိုက်မိသည်။
သူသည် ဝိဇ္ဇာအတန်းတွင် အဆင့် 1 ဖြစ်ပြီး ကျန်းဖျင်စစ်က သိပ္ပံအတန်းတွင် အဆင့် 1 ဖြစ်သည်။ သူတို့နှစ်ယောက်သည် အထက်တန်းကျောင်းတုန်းက စကားသိပ်မပြောဖြစ်ကြပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းအာရုံစိုက်ခဲ့ကြသည်။ တက္ကသိုလ်ရောက်မှ သူတို့သည် ရင်းနှီးသောသူငယ်ချင်းများဖြစ်လာပြီး သူတို့၏ဆက်ဆံရေးက ပိုနီးကပ်လာသည်။
ထို့ကြောင့် ဝိဇ္ဇာအတန်းမှ လျှိုကျားကျားသည် သိပ္ပံအတန်းမှ ချန်ခိုင်မင်ကို မသိသော်လည်း ချန်ခိုင်မင်က ဤကျောင်းပန်းကလေးကို အာရုံစိုက်ခဲ့နိုင်တယ်မလား။ လျှိုကျားကျားသည် လှပပြီး အဆင့်ကောင်းကာ အထက်တန်းကျောင်းတက်တုန်းက သူမကို သဘောကျသော ယောင်္ကျားလေးတွေ အများကြီးရှိနိုင်သည်။ ဆယ်ကျော်သက်အရွယ် ယောင်္ကျားလေးများသည် စတင်ချစ်လာကြပြီဆိုရင် လူအများက သူမအား နတ်ဘုရားမအဖြစ် မှတ်ယူကြသည်။
ပင်လယ်ထဲ ရေနစ်သောနေ့မှာ သူမဟာ အနီရောင်တောက်တောက် ဂါဝန်ကို ဝတ်ဆင်ထားပြီး ညနေစောင်းမှာ မိန်းကလေးအနည်းငယ်နဲ့ ကမ်းခြေမှာ ဓာတ်ပုံများစွာ ရိုက်ခဲ့ပါသည်။ ထိုအချိန်တွင် ချန်ခိုင်မင်သည် ဧရိယာ C ရှိ ကမ်းခြေတွင် အသားကင်စားနေသည်။ လျှိုကျားကျားသည် အခြားသူများနှင့်အတူ ကမ်းခြေတွင် ဓာတ်ပုံရိုက်တာကို မြင်ခဲ့လောက်သည်။
—— သူက သူမကို မရနိုင်တော့ သတ်ပစ်လိုက်ရောလား။
လူသတ်မှုရည်ရွယ်ချက်ကလည်း ခိုင်လုံသည်။ တချို့လူများသည် စိတ်ပိုင်းဆိုင်ရာချို့တဲ့နေပြီး နက်နဲသောအချစ်ကြောင့် လူသတ်တွေကို သတ်ဖြတ်ခဲ့သော လူသတ်သမားတွေ အများကြီးရှိပါသည်။
ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူပြီး မေးလိုက်သည်။
"မင်းနဲ့ လျှိုကျားကျားက အရာအားလုံးကိုပြောပြလေ့ရှိတဲ့ အခင်ဆုံးသူငယ်ချင်းတွေပဲ မဟုတ်ဘူးလား... သူမကို ဘယ်သူက လိုက်ပိုးနေတာတို့ ဒါမှမဟုတ် အချစ်အပေါ် သူမရဲ့အမြင်က ဘယ်လိုရှိတယ်တို့ အဲဒါတွေ မင်းကိုပြောပြဖူးလား"
ကျူးရှောင်ထင်: "ကျားကျားကို လိုက်ပိုးနေတဲ့သူတွေ အများကြီးရှိတယ်... လူတချို့က သူမကို ရည်းစားစာတွေ မကြာခဏပေးကြပေမဲ့ သူမက ကောင်းကောင်းမွန်မွန်ပဲ ပြန်ငြင်းလေ့ရှိတယ်... သူမရဲ့အိမ်မက်က ရှေ့နေကောင်းတစ်ယောက်ဖြစ်ဖို့ဖြစ်ပြီး သူမရဲ့စိတ်ကို စာလေ့လာခြင်းမှာပဲ အသုံးပြုတယ်... သူမက လူတွေနဲ့ မချစ်ချင်သေးဘဲ သူမ အလုပ်ရမှ ရင့်ကျက်တည်ငြိမ်တဲ့ အမျိုးသားတစ်ယောက်ကိုရှာဖို့ စီစဉ်ထားတာ"
ကျူးရှောင်ထင်၏ဖော်ပြချက်မှ သုံးသပ်ကြည့်လျှင် လျှိုကျားကျားသည် လှပပြီး ဉာဏ်ရည်ထက်မြက်ကာ အလွန်ဆင်ခြင်တုံတရားရှိသော မိန်းကလေးဖြစ်သည်။ သူမသည် ရုပ်ရည်ချောမောရုံမျှမက ယောင်္ကျားလေးများ၏ ခံစားချက်များကိုလည်း မကစားခဲ့ဖူးပေ။ သူမသည် သူမ၏လိုက်ပိုးသူများအား ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည်။
သာမန်ကောင်လေးတစ်ယောက်ကို ငြင်းပယ်ရင် ဒီလိုမိန်းကလေးကို သတ်ပစ်ဖို့ မဖြစ်နိုင်ဘူး။
သို့ပေမဲ့ လူသားတွေထဲမှာ စိတ်ဖောက်နေသောသူများက အမြဲရှိနေသည်။
ယွဲ့ရှင်းဝမ်က လန်ယာရုန်ကိုကြည့်ကာ နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကြသည်။ လန်ယာရုန်က သူမဖုန်းထဲရှိ ဓာတ်ပုံတစ်ပုံကို ထုတ်လိုက်ပြီး မေးသည်။
"ချန်ခိုင်မင်နဲ့ သူ့ရဲ့ချစ်သူ လင်ရွှယ်ဖေး... မနေ့က သူတို့နှစ်ယောက်လည်း ကမ်းခြေမှာရှိနေတာ... နင် သူတို့ကို တွေ့ခဲ့လား" ကျူးရှောင်ထင်သည် ခဏလောက် ထိတ်လန့်သွားပြီး ရုတ်တရက် ပြောလာသည်။ "အာ... ဒီကောင်မလေးက..."
ယွဲ့ရှင်းဝမ်က အလေးအနက်ထားပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
ကျူးရှောင်ထင်: "မနေ့က ကမ်းခြေမှာ ကျွန်မနဲ့ ကျားကျားတို့ ဓာတ်ပုံရိုက်နေတုန်းက အဲဒီကောင်မလေး ဖြတ်သွားတာ မှတ်မိတယ်... ကျွန်မ သူမကိုတားပြီး ကျွန်မတို့အတွက် အဖွဲ့လိုက်ဓာတ်ပုံတွေ ရိုက်ပေးဖို့ တောင်းဆိုခဲ့သေးတယ်... သူမရဲ့ဓာတ်ပုံရိုက်တဲ့အရည်အချင်းက တော်တော်လေး ကောင်းတယ်"
လန်ယာရုန်က ချက်ချင်း မတ်မတ်ထိုင်လိုက်သည်။
"ပြီးတော့ကော"
ကျူးရှောင်ထင်က ခဏလောက်စဉ်းစားပြီး ပြောသည်။
"ပြီးတော့ သူမထွက်သွားတယ်... သူမက ဧရိယာ A က ကမ်းခြေမှာ ကစားနေခဲ့တာ... သူမကို ဥပဒေဌာနကလို့ ထင်ခဲ့တာကြောင့် ကျွန်မလည်း အာရုံမစိုက်ခဲ့ဘူး"
ကျူးရှောင်ထင်သည် ဥပဒေကျောင်းသူမဟုတ်သော်လည်း သူမ၏ အချစ်ဆုံးသူငယ်ချင်း လျှိုကျားကျားနှင့် ဒီဘာဘီကျူးပွဲတွင် ပါဝင်ခဲ့သည်။ ဥပဒေဌာနမှ အတန်းဖော်အများစုကို သူမ မသိသောကြောင့် ဖြတ်သွားသော လမ်းသွားလမ်းလာ မိန်းကလေးကို သူမ ဂရုမစိုက်ပေ။
ယွဲ့ရှင်းဝမ်က မေးလိုက်သည်။
"မင်း အရင်က အသားကင်စားဖူးလား"
ကျူးရှောင်ထင်: "မကြာခဏ စားဖြစ်တယ်"
ယွဲ့ရှင်းဝမ်က ထပ်မေးသည်။
"စားပြီးရင် မင်း ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်လား"
ကျူးရှောင်ထင်က ခဏလောက် အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်ကာ တိုးတိုးလေးပြောသည်။
"ကျွန်မ အရင်က ဒီလောက်အထိ ဝမ်းပျက်တာမျိုးမရှိဘူး... ဗိုက်လည်း ကောင်းတယ်... ဒီတစ်ခေါက် ကမ်းခြေက အစားအသောက်တွေ မသန့်ရှင်းတာကြောင့်များ ကျွန်မ ဝမ်းပျက်တာလား"
ယွဲ့ရှင်းဝမ်က အသံတိုးတိုးဖြင့် ဆိုသည်။
"အစားအသောက်က မသန့်ရှင်းတာမဟုတ်ဘူး... တစ်ယောက်ယောက်က မင်းကို ဝမ်းနုတ်ဆေးခတ်ခဲ့တာ—— လျှိုကျားကျားကို တစ်ခုခုလုပ်ချင်လို့ ကျားကို တောင်ပေါ်ကနေ ရွှေ့လိုက်တာ"
ကျူးရှောင်ထင်: "..."
သူမသည် မနေ့က တစ်ညလုံး ဝမ်းပျက်နေခဲ့ပြီး မနက်စောစောတွင် သူမ သည်းမခံနိုင်တော့ဘဲ တဲကထွက်ကာ ကျောင်းသွားခဲ့သည်။ သူမ၏အိပ်ဆောင်သို့ ပြန်သွားကာ အနားယူရန် စီစဉ်ခဲ့ပြီး အလုပ်မဖြစ်ပါက ဆရာဝန်ကိုပြရန် ဆေးရုံဆီ သွားရမည်။
ဒါက တိုက်ဆိုင်မှု မဟုတ်ဘူးလား... ကမ်းခြေ ဘာဘီကျူးအစားအသောက်မှာ ပြဿနာရှိနေတာမဟုတ်ဘူးလား...
ကျူးရှောင်ထင်သည် ကျောရိုးတစ်လျှောက်အေးစက်သွားကာ ယွဲ့ရှင်းဝမ်ကို ကြည့်ရင်း ပြောလိုက်သည်။
"တစ်—တစ်ယောက်ယောက်က ကျွန်မစားခဲ့တဲ့ အသားကင်ထဲကို ဝမ်းပျက်အောင် တမင်တကာ ဆေးခတ်ခဲ့တာပေါ့"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်... လူသတ်သမားက မင်းကို ရန်ငြိုးထားတာမျိုး မရှိနိုင်သလို အဲဒီသူက မင်းကို ရည်ရွယ်ချက်ရှိရှိ ချောက်ချချင်တာမျိုးမဟုတ်ဘဲ မင်းက လျှိုကျားကျားကို ထားခဲ့တာမျိုး ဖြစ်စေချင်တာ... အဲဒါမှ လူသတ်သမားက သူမကို အလွယ်တကူ အဆိပ်ခတ်နိုင်မှာ... ပုလင်းပေါ်မှာ မင်းရဲ့လက်ဗွေရာတွေပဲဆိုတဲ့အချက်ကတော့ လူသတ်သမားက အဆိပ်ခတ်တုန်းက လက်အိတ်ဝတ်ထားလို့ပဲ"
တစ်ခါသုံး ပလတ်စတစ်လက်အိတ်များကို အသားကင်သည့်နေရာအနှံ့ ဖြန့်ကျက်ထားသည်။
လူသတ်သမားသည် ကျူးရှောင်ထင်ကို တမင်တကာ ချောက်ချတာမဟုတ်ဘဲ လျှိုကျားကျား၏ပုလင်းကို အဆိပ်သင့်စေရန် တစ်ခါသုံးလက်အိတ်များကို ဝတ်ဆင်ထားခဲ့သည်။ သို့သော် ပုလင်းကို ကျူးရှောင်ထင်မှ လျှိုကျားကျားအား ပေးခဲ့သောကြောင့် ကျူးရှောင်ထင်၏ လက်ဗွေရာများသာ ကျန်ခဲ့သည်။
ဒါက ယွဲ့ရှင်းဝမ်၏ကနဦးမှန်းဆချက်နဲ့ ကိုက်ညီပါသည်——
ကမ်းခြေအမှု၏ လူသတ်သမားသညိ ကျူးရှောင်ထင်ကို လေးလေးနက်နက် မုန်းတီးမှု မရှိသလို သူမကို တမင်တကာ ချောက်ချခဲ့ခြင်းမရှိပေ။ လူသတ်သမားသည် ကျူးရှောင်ထင်ကို မသိပေမဲ့ကျူးရှောင်ထင် ထွက်သွားတာကိုသာ အခွင့်ကောင်းယူခဲ့သည်။
အိပ်ဆောင်အမှု၏ လူသတ်သမားသည် ဖုန်းဆက်ပြီး WeChat ကနေ စာပို့ခဲ့တာကြောင့် အဲဒါကမှ ကြိုတင်ကြံရွယ်ထားသော ချောက်ချခြင်းဖြစ်သည်။
#TK