Chapter 148
Viewers 23k

Volume 7 : ဥပဒေဌာန


Chapter 148 (ပြစ်မှုမရှိကြောင်းချေပချက် ၀၁)


သင်တန်းစာမေးပွဲတွင် လူသတ်အစစ်အမှန်ကို 5 ရက်အတွင်း တွေ့ရှိရန် လိုအပ်သည်။ ယွဲ့ရှင်းဝမ်တို့အဖွဲ့သည် မြစ်ထဲသို့ ပြုတ်ကျခဲ့သော ကျောက်ချန်၏ လူသတ်သမားအစစ်အမှန်ကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။ စာမေးပွဲမှာ အမှတ်ရဖို့က ပြဿနာမရှိပါဘူး။ သို့ပေမဲ့ လူသတ်သမား၏ ပြစ်မှုကျူးလွန်ပုံနှင့် လျှိုလန်ပါဝင်ပတ်သက်မှု ရှိ မရှိသည် လူတိုင်း၏ သီအိုရီဆိုင်ရာ ထင်မြင်ယူဆချက်တစ်ခုသာဖြစ်ပြီး မသေချာဘဲ ပိုမိုအားကောင်းသော သက်သေများကို တွေ့ရှိရမှာဖြစ်သည်။


ဤသင်တန်းတွင် နောက်ထပ်မေးခွန်းများမရှိသော်လည်း ကျိုးကြောင်းဆင်ခြင်ခြင်းလုပ်ငန်းစဉ်သည် နောက်ဆုံးရမှတ်ကို သက်ရောက်မှုရှိမည်ဖြစ်သည်။ ယွဲ့ရှင်းဝမ်က အကြံပြုသည်။

"စာမေးပွဲမပြီးခင်း တစ်ရက်ကျန်သေးတယ်... သက်သေတွေထပ်ရှာပြီး လူသတ်သမားရဲ့ လုပ်နည်းလုပ်ဟန်ကို ရှာကြမလား..."


လန်ယာရုန်က ပြောသည်။

"လျှိုလန်က ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေကို ဖျက်လိုက်တယ်လို့ သံသယရှိနေရင် စစ်ဆေးဖို့ ဖုန်းလုပ်ငန်းခန်းမဆီ သွားကြည့်လို့ရတယ်... သူမက ည 11:30 ကိုပဲ ဖုန်းထဲမှာ ဖုန်းခေါ်ဆိုမှုအသံသွင်းထားတာ ပါတယ်... အဲဒီပြီးနောက် သူမက သူမခင်ပွန်းကို ထပ်ခေါ်လိုက်တယ်ဆိုရင် ‌သူမခင်ပွန်းကို ခေါင်မိုးပေါ်တက်ဖို့ လှုံ့ဆော်နိုင်တယ်..."


ကျန်းဖျင်စစ်က မေးလိုက်သည်။

"ဖုန်းခေါ်ဆိုမှုနဲ့ စကားပြောမှတ်တမ်းရဲ့ အတိအကျအကြောင်းအရာကို ရှာတွေ့နိုင်လား..."


လန်ယာရုန်က ခေါင်းခါလိုက်သည်။

"အော်ပရေတာက ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေကိုပဲ သိမ်းထားမှာ... ဆိုလိုတာက နင် ဘယ်သူ့ကိုခေါ်တာလဲ... နင် ဘယ်မိနစ်ဖုန်းပြောခဲ့လဲ... ပြီးတော့ နင် ဘယ်သူ့ကို ဖုန်းပြန်ဖြေခဲ့လဲဆိုတာပဲ... ရဲက တစ်ယောက်ယောက်ကို ဖုန်းခေါ်တဲ့အကြောင်းအရာ အတိအကျသိအောင် စောင့်ကြည့်ဖို့ ခိုး‌နားထောင်မနေဘူးဆိုရင် စုံစမ်းပြီးရင်တောင် သိဖို့ နည်းလမ်းမရှိဘူး..."


နိုင်ငံအတွင်း နေ့စဉ် ဖုန်းခေါ်ဆိုသူ အများအပြား ရှိနေပြီး တချို့သော စုံတွဲများသည် တစ်ကြိမ်လျှင် နှစ်နာရီ သို့မဟုတ် သုံးနာရီကြာ ဖုန်းဖြင့် စကားပြောဆိုနိုင်သည်မှာလည်း မှန်ပါသည်။ အော်ပရေတာသည် ခေါ်ဆိုမှု၏ အကြောင်းအရာအားလုံးကို သိမ်းဆည်းထားရန် မဖြစ်နိုင်ပေ။ လျှိုလန်က ဘာပြောတယ်ဆိုတာ ရှာရခက်သည်။


သို့သော် ကျောက်ချန်နှင့် ချင်ရှစ်ယင်းတို့နဲ့ အဆက်အသွယ်ရှိသည့်လူများနဲ့ သူမ၏ဖုန်းခေါ်ဆိုမှုမှတ်တမ်းများကို သူတို့ရှာနိုင်ရင် ‘လျှိုလန်က နောက်ကွယ်ကနေ ကူညီနေတယ်’ဆိုသော သက်သေများ ပိုရလာမှာဖြစ်ပြီး ဒီစာမေးပွဲ၏ရမှတ်လည်း မြင့်သွားနိုင်သည်။


ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်ကို ဆက်သွယ်ရေး လုပ်ငန်းခန်းမသို့ ခေါ်ဆောင်သွားပြီး ပြစ်မှုတစ်ခုအား စုံစမ်းစစ်ဆေးရန်အတွက် ကျောက်ချန်၊ ချင်ရှစ်ယင်း၊ ကျိုးကျီယန်နှင့် လျှိုလန်တို့၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများကို တွေ့ရှိခဲ့သည်။


အခင်းဖြစ်ပွားသည့်နေ့ ည 11:30 မှာ ကျိုးကျီယန်က လျှိုလန်ကို 5 မိနစ်ကြာ ခေါ်ဆိုခဲ့တယ်လို့ မှတ်တမ်းများအရ သိရသည်။ ဖုန်းခေါ်ဆိုမှု၏ ဤအပိုင်းကို လျှိုလန်၏ဖုန်းထဲတွင် မှတ်တမ်းတင်ထားပြီး ရဲများက ၎င်းကို ကြားသောကြောင့် သံသယဖြစ်ဖွယ်မရှိပေ။


ည 11:40 တွင် လျှိုလန်သည် ကျိုးကျီယန်ကို ထပ်မံခေါ်ဆိုခဲ့ပြီး ဖုန်းခေါ်ဆိုချိန်က မိနစ်ဝက်သာရှိသည်။


ကျိုးကျီယန်ကို ပြန်ခေါ်ပြီးနောက် သူမဘာပြောသည်ကို မည်သူမှ မသိခဲ့ပေ။ သူမကို မေးရင်တောင် ကျိုးကျီယန်ကို ခေါင်မိုးပေါ်တက်ဖို့ တွန်းအားပေးခဲ့တာကို သူမ ဝန်ခံမှာမဟုတ်ဘူး။ သူမသည် ဖုန်းပြန်ခေါ်ပြီး လူယုတ်မာကို ဆူပူကြိမ်းမောင်းတယ်လို့ ပြောနိုင်ပေမဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများကို ကြည့်ပြီး သူမကို အပြစ်ပေးဖို့ မလုံလောက်ဘူး။


ထို့အပြင် လျှိုလန်သည် ချင်ရှစ်ယင်းနှင့် ကျောက်ချန်တို့ကို ပြီးခဲ့သောနှစ်၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများတွင် တစ်ခါမှ မဆက်သွယ်ခဲ့ပေ။ သူမသည် ကျိုးကျီယန်နှင့်လည်း အဆက်အသွယ် သိပ်မရှိပေ။ အဆက်သွယ်ရဆုံးသူများကတော့ စိတ်ပညာဌာနက ဆရာဝန်နှင့် သူမသား၏ မူလတန်းကျောင်းဆရာမများဖြစ်ပြီး သံသယမရှိခဲ့ပေ။


ကျန်းဖျင်စစ်သည် ချင်ရှစ်ယင်းနှင့် ကျောက်ချန်တို့၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများကို တွေ့ရှိခဲ့ပြီး ဖခင်နှင့်သမီးတို့သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလကတည်းက ဖုန်းနံပါတ်တစ်ခုအား ခေါ်ဆိုနေကြတာကို တွေ့ရှိခဲ့သည်။ ထိုနံပါတ်ကို ‘အစ်မနင်’ဟု အမှတ်အသားပြုထားပြီး နံပါတ်၏နာမည်အစစ်အမှန်က အသက် 40 လူလတ်ပိုင်းအမျိုးသမီးဖြစ်သည်။


ပြီးခဲ့သည့် စက်တင်ဘာလက လျှိုလန်နှင့် ချင်ရှစ်ယင်းတို့ဟာ ဆေးရုံ၏ စိတ်ပညာဌာနမှာ ဆရာဝန်ကို အတူတူသွားပြသည့်နေ့ဖြစ်သည်။


ချင်ရှစ်ယင်းသည် ထိုနေ့တွင် လူနာ နံပါတ် 4 ဖြစ်ခဲ့ပြီး ဆရာဝန်ထံ ဦးစွာသွားခဲ့သည်။ ထိုအချိန်တွင် လျှိုလန်က အပြင်တွင် စောင့်နေသည်။ “ချင်ရှစ်ယင်း” ဟူသော နာမည်ကို မြင်ပြီး အခြားလူသည် ရှန်းဟိုင်ပင်းအမှု၏ ခံရသူဖြစ်ကြောင်း သိခဲ့သဖြင့် ချင်ရှစ်ယင်းကို နာမည်အတုဖြင့် ချဉ်းကပ်ခဲ့သည်။


ကျန်းဖျင်စစ်သည် အသံတိုးတိုးဖြင့် ပြောသည်။

"‘အစ်မနင်’ဆိုတဲ့ နာမည်အတုနဲ့လူက လျှိုလန်ဖြစ်နိုင်တယ်... သူမက ဖုန်းနံပါတ်ကို ဝယ်ပြီး ချင်ရှစ်ယင်းနဲ့ သူမရဲ့အဖေကို ဆက်သွယ်ဖို့အတွက် အထောက်အထားအတုကို အသုံးပြုခဲ့တာ... ချင်ရှစ်ယင်းနဲ့ သူမရဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်းက အရမ်းစိပ်လာပြီး ချင်ရှစ်ယင်းက ဆရာဝန်နဲ့တွေ့ဖို့ ဆေးရုံဆီတဲ့အခါ တိုက်ဆိုင်စွာ ထပ်ခါထပ်ခါ ဖုန်းခေါ်ခဲ့တယ်... သူမက ချင်ရှစ်ယင်းရဲ့အခြေအနေအတွက် စိတ်ပူပြီး ချင်ရှစ်ယင်းကို စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးဖို့ ကူညီပေးခဲ့တာဖြစ်နိုင်တယ်..."


ကျန်းဖျင်စစ်သည် ‘အစ်မနင်’၏ဖုန်း အချက်ပြမှု ထွက်ပေါ်လာသည့် အခြေစိုက်နေရာကို စစ်ဆေးခဲ့သည်— ၎င်းသည် ရှင်းဟိုင်အဆောက်အဦးအနီးတွင် ရှိနေသည်။


သို့သော် အချက်ပြနေရာသည် ရုံးခန်းအဆောက်အဦးများ၊ တိုက်ခန်းအဆောက်အဦးများနှင့် အနီးနားရှိ လူနေရပ်ကွက်ကြီးသုံးခုအပြင် ကျောင်းများနှင့် ဈေးဆိုင်အများအပြားကို ဖုံးအုပ်ထားသောကြောင့် အကွာအဝေးသည် အလွန်ကြီးမားသောကြောင့် အချက်ပြတည်နေရာကို အတိအကျရှာဖွေရန် မဖြစ်နိုင်ပေ။


ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ကာ ပြောသည်။

"ငါတို့ ဘယ်လိုပဲ စုံစမ်းနေပါစေ လျှိုလန်က ပြစ်မှုကျူးလွန်တဲ့ဖြစ်စဉ်နဲ့ တိုက်ရိုက်မပတ်သက်ဘူး... သူမက ကျိုးကျီယန်နဲ့ ကျောက်ချန်တို့နဲ့ပတ်သက်တဲ့ အချက်အလက်တချို့ကို ဖော်ပြခဲ့မယ်ဆိုရင်တောင် အဲဒါက တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး လူသတ်မှုအတွက် အခြေအနေတစ်ခု မဟုတ်ဘူး... ကျောက်ချန်က သူကိုယ်တိုင် လက်စားချေချင်ရင်တာကြောင့် သူ့ရဲ့အပြစ်တွေကို ဝန်ခံဖို့ အီးမေးလ်တစ်စောင် ပေးပို့ခဲ့တယ်... ရှေ့နေကျိုးရဲ့ကိစ္စတွေက သူ့ကို နှစ်ပေါင်းများစွာ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပြီး သက်သာရာရဖို့ နည်းလမ်းရှာချင်ခဲ့တယ်... ဒီလိုဆိုတော့ ငါတို့တွေ ဆက်ပြီးစုံစမ်းရင်တောင် ရလဒ်ကိုပြောင်းလဲနိုင်ခြင်း မရှိဘူး..."


ကျန်းဖျင်စစ်က ခေါင်းငြိမ့်ကာ ပြောသည်။

"ဟုတ်တယ်... လူတစ်ယောက်ကို ဖမ်းတဲ့အခါ ရဲတွေက သက်သေပြဖို့ လိုတယ်... လျှိုလန်က လူသတ်သမားနဲ့ ဆက်နွှယ်နေတယ်လို့ သံသယရှိရုံနဲ့ ငါတို့ ဖမ်းလို့မရဘူး... လူသတ်သမားကို ရှာတွေ့ရင် ငါတို့တွေ စာမေးပွဲပြီးမြောက်လိမ့်မယ်..."


သူတို့နှစ်ဦးသည် ကျန်းရှောင်နျန်၏နေအိမ်သို့ပြန်လာပြီး ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ၏ စုံစမ်းစစ်ဆေးမှုရလဒ်များကို သူတို့၏အဖွဲ့ဝင်များအား ပြောပြခဲ့သည်။


လန်ယာရုန်က သက်ပြင်းချလိုက်သည်။

"ပြစ်မှုမရှိဘူးလို့ ယူဆချက်အရ ပြစ်မှုဆိုင်ရာဥပဒေမှာ သက်သေအထောက်အထားတွေ မမှန်မကန် မလုံလောက်တဲ့အခါ တရားခံကို ပြစ်မှုကျူးလွန်တာအတွက် စုံစမ်းစစ်ဆေးလို့မရဘူး... လျှိုလန်က ခံရသူဖြစ်ခဲ့ပေမဲ့လည်း သက်သေမချန်ဘဲ ဓားငှားပေးပြီး လူတွေကိုသတ်ဖို့ သူမရဲ့အသိပညာကို အသုံးပြုခဲ့တယ်... ဒါပေမဲ့ ဒီချဉ်းကပ်မှုက လေးစားမထိုက်ဘူး..." လူတိုင်း၏စိတ်က ရှုပ်ထွေးနေသည်။


သူ စာကြည့်တိုက်ရှိ သင်တန်းများမှ ထွက်လာတိုင်း ယွဲ့ရှင်းဝမ်၏ခံစားချက်သည် ဖော်ပြရန် ခက်ခဲလှပြီး ယခင် ဗိသုကာဌာနနှင့် ဇီဝသိပ္ပံဌာနတို့အပါအဝင် သင်တန်းတိုင်းက သူတို့ကို အချက်အလက်တချို့ ပြောပြနေပုံရသည်။


အခြားဌာနများမှ ကျောင်းသားများသည် စာမေးပွဲကာလအတွင်း လက်ရှိဌာန၏ အသိပညာကို သင်ယူကြပြီး အသိအမြင်များလည်းရရှိမည်ဖြစ်သည်။ ဒီတစ်ခေါက် ဥပဒေဌာနသည် သိသာထင်ရှားစွာ လူတိုင်းအလေးအနက်စဉ်းစားရန် ‘အနုတ်လက္ခဏာဆောင်သောဥပဒေ’နှင့်တူသည်။


စာကြည့်တိုက်တည်ရှိမှု၏ အဓိပ္ပါယ်မှာ စိတ်လှုပ်ရှားဖွယ်ရာဂိမ်းများကစားရန် တက္ကသိုလ်ကျောင်းသားအုပ်စုကို ဖမ်းခေါ်ထားခြင်းကဲ့သို့ မရိုးရှင်းကြောင်း ယွဲ့ရှင်းဝမ် အမြဲခံစားခဲ့ရသည်။


မှောင်စပြုလာတာကိုမြင်တော့ ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။

"စာမေးပွဲခန်းထဲက ထွက်ဖို့ အသင့်ပြင်ထားတော့... နောက်အတန်းက ငါတို့ကို စောင့်နေပြီ..."


ည 12 နာရီအထိ အားလုံးစုဝေးကြပြီး လူတိုင်း၏ညာဘက်အပေါ်ထောင့်ရှိ လေးထောင့်ဘောင်ထဲတွင် ရင်းနှီးသောအချက်ပြမှုတစ်ခု ထွက်ပေါ်လာသည်။


သုတေသနအဖွဲ့: C-183


သင်တန်း: ရှေ့နေသေဆုံးခြင်း


Credit: 4


ရှင်းလင်းရေးရမှတ်: 95 မှတ်


နောက်ဆုံးအမှတ်: 4x95 = 380 မှတ်


သုတေသနအဖွဲ့အပိုဆု: အဖွဲ့ C က 1.5 ဆ အပိုဆုအမှတ်ရရှိပါသည်။ နောက်ဆုံးအမှတ် 570 မှတ် ရရှိပါသည်။


သင်တန်းကျရှုံးမှုနှုန်း: 35%


လူတိုင်းသည် သူတို့၏ ကျိုးကြောင်းဆင်ခြင်ခြင်းလုပ်ငန်းစဉ်သည် အခြေခံအားဖြင့် မှန်ကန်ကြောင်း ညွှန်ပြသော ရှင်းလင်းရေးရမှတ် 95 ဖြင့် ကျေနပ်ကြပြီး ကျိုးကြောင်းဆင်ခြင်ခြင်းအတန်းတွင် အမှတ်ပြည့်ရခဲပါသည်။ ထို့အပြင် သူတို့မှာ ပြီးပြည့်စုံအောင် မဖြေရှင်းနိုင်သည့် အသေးအဖွဲ့ ပြဿနာလေးတွေ ရှိနေတုန်းပါပဲ။


သူတို့ရှေ့တွင် မြင်ကွင်းသည် တောက်ပလာပြီး လူတိုင်း ရင်းနှီးသော စာကြည့်တိုက်သို့ ပြန်သွားကြသည်။


ယွဲ့ရှင်းဝမ်သည် တံခါးမှ ထွက်လာသောအခါ ဆန့်ကျင်ဘက် စာသင်ခန်းမှ ထွက်လာသော A-76 အဖွဲ့ကို တွေ့လိုက်ရသည်။ ကျိုတိုတက္ကသိုလ်၏ ခေါင်းဆောင် ယွိမင်ယွီသည် အနည်းငယ် ရုပ်ဆိုးနေ၏။ ယခုတစ်ကြိမ် သင်တန်းကိုဖြတ်ကျော်ရန်အတွက် နိုင်ငံရေးသိပ္ပံနှင့်ဥပဒေတက္ကသိုလ်မှ ပြင်ပအကူအညီအဖြစ် ဥပဒေဌာနကျောင်းသားကို ငှားယူခဲ့သည်။


ကျိုဖုန်းက စိုးရိမ်တကြီးနဲ့ ရှေ့ကို တိုးလာပြီး မေးသည်။

"လောင်ယွီ စာမေးပွဲရလဒ်က ဘယ်လိုလဲ..."


ယွိမင်ယွီက ဆိုသည်။

"အမှုကို ဖြေရှင်းခဲ့ပေမဲ့ ငါတို့ခြေတစ်လှမ်း နောက်ကျသွားတယ်... ကျန်းရုန်ဟွာသေဆုံးပြီးမှ သူနဲ့ ရှေ့နေကျိုးရဲ့ ပတ်သက်မှုကို ငါတို့ စစ်ဆေးခဲ့မိတယ်... ငါတို့ လူသတ်သမားကို ရှာတွေ့တဲ့အချိန် လူသတ်သမားက မြစ်ထဲကိုပြုတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပြီ... နောက်ဆုံးရမှတ်က အတော်လေးနည်းပြီး 75 မှတ်ပဲရခဲ့တယ်..."


ယွဲ့ရှင်းဝမ်က အံ့အားသင့်သွားပြီး မေးလိုက်သည်။

 "အခင်းဖြစ်ပွားတဲ့ညမှာ ဆန့်ကျင်ဘက် ဥပဒေလုပ်ငန်းကို မကြည့်ခဲ့ဘူးလား..."


ယွိမင်ယွီ: "ငါတို့ တစ်ချိန်လုံး စိုက်ကြည့်နေပြီး အဆောက်အဦးပေါ်ကနေ လူတစ်ယောက် ပြုတ်ကျသွားတာကို တွေ့တော့ အလောင်းကို အမြန်သွားရှာခဲ့တယ်... ဒါပေမဲ့ ဘာမှားနေမှန်း ငါတို့မသိဘူး... ငါ့ရဲ့ကျိုးကြောင်းဆင်ခြင်ခြင်းက ခြေတစ်လှမ်းနောက်ကျနေတယ်လို့ အမြဲခံစားရတယ်... ပြီးတော့ စုံစမ်းစစ်ဆေးရမဲ့အချိန်ကလည်း အရမ်းတင်းကျပ်နေတယ်..."


ကျန်းဖျင်စစ်က ပြောသည်။

"စီနီယာ ဓာတ်လှေကားကို ဂရုမစိုက်ခဲ့တာလား..."


ယွိမင်ယွီက ကြောင်တောင်တောင်ဖြင့် မေးသည်။

"ဘယ်ဓာတ်လှေကားလဲ..."


ယွဲ့ရှင်းဝမ်: "ရှေ့နေက အဆောက်အဦးပေါ်ကနေ ပြုတ်ကျတာကိုမြင်ပြီး တိုက်ခန်းအဆောက်အဦးမှာနေထိုင်တဲ့ အတန်းဖော်‌တော်တော်များများက အလောင်းကိုရှာဖွေဖို့ အောက်ထပ်ကိုဆင်းသွားကြတယ်... အဲဒီအချိန်မှာ ဓာတ်လှေကားတစ်စင်းက 17 ထပ်မှာ ရပ်နေရမှာကို ပထမထပ်မှာပဲ နှစ်စင်းစလုံးရပ်ထားတာကို တွေ့လိုက်ရပြီး တစ်စုံတစ်ယောက်က ထွက်သွားတယ်ဆိုတာ သိသာပါတယ်... တိုက်ခန်းစောင့်ကြည့်ရေးကင်မရာကို စစ်ဆေးကြည့်လိုက်တော့ ကျန်းရုန်ဟွာရဲ့ သဲလွန်စကို ကြိုတင်ရှာဖွေနိုင်ပြီး သူ့နောက်ကွယ်က ချမ်းသာတဲ့ဒုတိယမျိုးဆက်အုပ်စုက ရှေ့နေကျိုးနဲ့ ဆက်စပ်နေကြောင်း... ပြီးတော့ လွန်ခဲ့တဲ့ငါးနှစ်က ရှန်းဟိုင်ပင်း၊ ချင်ရှစ်ယင်းနဲ့ အခြားအဓိကလူတွေကိုလည်း ရှာတွေ့ခဲ့တယ်..."


ယွိမင်ယွီက အံ့ဩသွားသည်။ ဓာတ်လှေကားသည် ပထမထပ်မှာ ရပ်နေတာ ဒါမှမဟုတ် 17 ထပ်မှာ ရပ်နေသည့် ဒီအသေးစိတ်အချက်အလက်များကို သူ တကယ်အာရုံမစိုက်ခဲ့မိဘူး။


သို့သော် ဤအသေးစိတ်အချက်အလက်သည် သဲလွန်စအသစ်များဆီသို့ ဦးတည်သွားစေသည်။ သူ ဖမ်းမမိပါက ကျန်းရုန်ဟွာ၏မျဉ်းကြောင်းက လူသတ်သမားက သူ့ကို မသတ်မချင်း ပေါ်လာမည်မဟုတ်ဘဲ ကျိုးကြောင်းဆင်ခြင်ခြင်းသည် ဇာတ်လမ်း၏တိုးတက်မှုထက် ခြေတစ်လှမ်း နှေးကွေးသည်မှာ ပုံမှန်အတိုင်းဖြစ်သည်။


နောက်ဆုံးတွင် သူတို့သည် စာမေးပွဲကို ကျော်ဖြတ်နိုင်သော်လည်း ရှင်းလင်းရေးရမှတ်က အလွန်နည်းပါးလိမ့်မည်။


သူတို့ဘေးက စာသင်ခန်းထဲကနေ ထွက်လာသည့် ချင်းလန်က ခံစားချက်ဖြင့် ဆိုသည်။

"ဘာပြောရမှန်းတောင် မသိတော့ဘူး... ငါတို့အဖွဲ့ထဲက ဥပဒေဌာနရဲ့ ဂျူနီယာညီမလေးက ရှေ့နေမလုပ်ချင်တော့ဘူးတဲ့... လူတွေကို စော်ကားမိပြီး သူတို့မိသားစုတွေက လက်စားချေမှာကို ကြောက်လို့တဲ့... ဟင်း...."


အားလုံးက လေးလံနေကြသည်။


ယွဲ့ရှင်းဝမ်သည် လေထုကို အသက်သွင်းရန် အစပြုခဲ့သည်။

"စာမေးပွဲပြီးပြီဆိုတော့ အားလုံး အနားယူကြတာပေါ့... မနက်ဖြန် ဒုတိယသင်တန်းရှိသေးတယ်..."


အားလုံးထမင်းအတူတူစားရန် ကန်တင်းကိုသွားပြီးတော့ အိပ်ဆောင်ကိုပြန်သွားကြသည်။


နေ့ခင်းဘက်ရောက်တော့ အားလုံးက အိပ်ဆောင်ထဲမှာ ကွေးနေကြသည်။ ဥပဒေဌာန၏ မသင်မနေရသင်တန်းသည် လူတွေကို ခေါင်းမွေးပြောင်နေပြီဖြစ်၍ စိတ်ကြိုက်သင်တန်းကို မည်သူမျှ မထိချင်ကြပေ။ အင်္ဂါနေ့မနက်က ဒုတိယမသင်မနေရသင်တန်းကို အားလုံးစောင့်မျှော်နေကြသည်။


နောက်တစ်နေ့မနက်တွင် ယွဲ့ရှင်းဝမ်သည် အားလုံးကို 6 ထပ်ရှိ ဥပဒေဌာန၏ သင်တန်းရွေးချယ်ရေးခန်းမသို့ ခေါ်သွားကာ တက်ဘလက်သို့သွားပြီး သင်တန်းရွေးချယ်ရေးခလုတ်ကို နှိပ်လိုက်သည်။


ဖန်သားပြင်ပေါ်တွင် အကျွမ်းတဝင်အချက်အလက်များ ပေါ်လာသည်—


[မသင်မနေရသင်တန်း: ပြစ်မှုမရှိကြောင်းချေပချက်]


[ဌာန: ဥပဒေဌာန]


[Credit: 5 မှတ်]


[စာမေးပွဲခန်းစည်းမျဉ်းများ: စာမေးပွဲခန်းထဲရှိ အများဆုံးလူဦးရေမှာ 12 ဦးဖြစ်သည် (X အဖွဲ့ဝင်များ မပါဝင်ပါ)။]


[သင်တန်းဖော်ပြချက်: သင့်အမှုသည်သည် ရည်ရွယ်ချက်ရှိရှိ လူသတ်မှုဖြင့် တရားစွဲဆိုခံရပြီး ရဲတပ်ဖွဲ့မှ သိမ်းဆည်းထားသည့် သက်သေများသည် အမှုသည်အတွက် အလွန်အဆင်မပြေချေ။]


[စာမေးပွဲလိုအပ်ချက်များ: သင့်အမှုသည်အတွက် ချေပပြီး အမှုသည်အား မကျေနပ်ချက်များကို ရှင်းလင်းရန် ကူညီပေးပါ။ တရားရုံးက အမှုသည်အား ပြစ်မှုထင်ရှားကြောင်း စီရင်ချက်ချလိုက်ပါက စာမေးပွဲကျပါမည်။ တရားရုံးက အမှုသည်ကို ပြစ်မှုမရှိကြောင်း စီရင်ချက်ချပြီး တရားသေလွတ်ခဲ့ပါက စာမေးပွဲအောင်မြင်လိမ့်မည်။ တိကျသောရမှတ်သည် ချေပခြင်းလုပ်ငန်းစဉ်နှင့် သက်ဆိုင်သည်။ ချေပခြင်းဖြစ်စဉ်အတွင်း သဲလွန်စများကို ရှာဖွေဖော်ထုတ်ရန် တရားခွင်ရွှေ့ဆိုင်းခြင်း သုံးကြိမ်အထိ လျှောက်ထားနိုင်သည်။]


[မှတ်ချက်: အဖွဲ့ထဲတွင် ဥပဒေဌာနမှ သက်ဆိုင်ရာဘာသာရပ်များ၏ အဖွဲ့ဝင်များပါဝင်ရန် အကြံပြုပါသည်။ ဥပဒေဌာနတွင် ကျွမ်းကျင်သောအဖွဲ့ဝင်တစ်ဦးကို ရှာမတွေ့ပါက ဥပဒေဆိုင်ရာအကူအညီပေးရန် စာကြည့်တိုက်သို့ လျှောက်ထားနိုင်ပြီး စာကြည့်တိုက်မှ သင့်အား တရားခံရှေ့နေတစ်ဦး စီစဉ်ပေးနိုင်ပါသည်။]


[သင်တန်းရွေးချယ်မှုကို အတည်ပြုပါ: Yes/No]


[စာကြည့်တိုက်မှ တရားခံရှေ့နေစီစဉ်ပေးရန် လိုအပ်ပါသည်: Yes/No]


ယွဲ့ရှင်းဝမ်က လန်ယာရုန်ကို ပြန်ကြည့်လိုက်သည်။

"စီနီယာအစ်မက တရားရုံးမှာ ချေပခြင်းအတွေ့အကြုံရှိလား?"


လန်ယာရုန်က မျက်မှောင်ကြုတ်ကာ ပြောသည်။

"ငါ အလုပ်သင်တုန်းက လက်ထောက်အနေနဲ့ ငါ့ဆရာအနောက်ကလိုက်ပြီး တရားရုံးကို သွားဖူးတယ်... ယေဘုယျအဆင့်တွေကို ငါသိတယ်... စာကြည့်တိုက်က တရားခံရှေ့နေကို စီစဉ်ပေးရင် ငါတို့ကို လှည့်စားနိုင်ခြေရှိပြီး ငါတို့ကိုယ်တိုင်လုပ်တာက ပိုစိတ်ချရတယ်လို့ ထင်တယ်..."


လူတိုင်းကို လှည့်စားပြီး လမ်းမှားရောက်အောင်ပြုလုပ်ဖို့ ကြိုးစားသည့် ဇီဝသိပ္ပံဌာနမှ ပရော်ဖက်ဆာထန်ကို တွေးလို့ရသည်...


ယွဲ့ရှင်းဝမ်က ပြတ်ပြတ်သားသားပြောလိုက်သည်။

"ငါတို့ ကိုယ်တိုင်လုပ်မယ်..."


စာကြည့်တိုက်သည် တရားခံရှေ့နေကို စီစဉ်ပေးပြီး တရားသူကြီးအား ပါးနပ်စွာဖျောင်းဖျပြီး သူတို့ကို လဲလျောင်းအနိုင်ယူခိုင်းမှာလား။ ဒီလိုကောင်းသောကိစ္စမျိုး ဘယ်လိုလုပ်ရှိမှာလဲ။


ထို့ကြောင့် ဥပဒေဌာနတွင် မှန်ကန်သောအဖွဲ့ဝင်များကို ရှာမတွေ့သောအဖွဲ့ဝင်များအတွက် ဒုတိယရွေးချယ်မှုမှာ ရွေးချယ်စရာတစ်ခုဖြစ်သင့်သည်။ သူတို့၏ 183 သုတေသနအဖွဲ့တွင် ဥပဒေဌာနမှ စီနီယာအစ်မလန်ယာရုန်ရှိပြီး စာကြည့်တိုက်မှ ရှေ့နေအကူအညီ မလိုအပ်ပါ။


ယွဲ့ရှင်းဝမ်သည် Yes ကို နှိပ်ပြီးနောက် No ကို အမြန်နှိပ်လိုက်သည်။


သူ၏နားထဲတွင် အချက်ပြသံတစ်ခုထွက်ပေါ်လာသည်။

"သင်တန်းကို အောင်မြင်စွာရွေးချယ်နိုင်တဲ့အတွက် C-183 သုတေသနအဖွဲ့ကို ဂုဏ်ပြုပါတယ်... ဥပဒေဌာနရဲ့ မသင်မနေရသင်တန်း ‘ပြစ်မှုမရှိကြောင်းချေပချက်’ စာမေးပွဲစပါတော့မယ်... ကျေးဇူးပြု၍ စောင့်ပါ..."


မနက် 8 နာရီတွင် အားလုံး၏မျက်စိရှေ့၌ အလင်းရောင်များ တပြိုင်နက်တည်း ထွက်လာသည်...


ယွဲ့ရှင်းဝမ်သည် ကြမ်းပြင်မှ မျက်နှာကြက် ပြတင်းပေါက်များ၊ စားပွဲခုံနှင့် စာအုပ်စင်တို့ဖြင့် ပတ်ဝန်းကျင်ကို အလွန်ရင်းနှီးကြောင်း မမျှော်လင့်ဘဲ တွေ့ရှိခဲ့သည်။


ဒါက မင်ဟွေးဥပဒေလုပ်ငန်း မဟုတ်ဘူးလား...


ယွဲ့ရှင်းဝမ်သည် တံခါးကနေ အမြန်ထွက်လိုက်ပြီး သူ့မှတ်ဉာဏ်ထဲကအတိုင်း တံခါးဘေးရှိ ရုံးခန်းကို တွေ့လိုက်သည်။ သေချာပေါက် စီနီယာအစ်မလန်နဲ့ စီနီယာလင်းတို့ကို သူတွေ့လိုက်ရသည်။


လန်ယာရုန်က ထလိုက်ပြီး ဆိုသည်။

"ငါတို့သုံးယောက်က ဥပဒေလုပ်ငန်းမှာ ရှိနေတုန်းပဲ... ကျန်တဲ့သူတွေကကော..."


ယွဲ့ရှင်းဝမ်သည် သူ့ဖုန်းကို ထုတ်ပြီး ဆက်သွယ်ရေးနာမည်ကို ဖွင့်လိုက်သည်။ သင်တန်းအသစ် စာမေးပွဲစတင်ပြီး ဖုန်းထဲတွင် သိမ်းဆည်းထားသော နံပါတ်များအားလုံးကို ရှင်းလင်းသွားသော်လည်း ကျန်းဖျင်စစ်၏ ဖုန်းနံပါတ်မှာ 183765411XX ဖြစ်သည်ကို သတိရပြီး သူ့မှတ်ဉာဏ်ထဲက နံပါတ်ကို ချက်ချင်း ခေါ်ဆိုလိုက်သည်။


နှစ်ချက်မြည်ပြီးနောက် ကျန်းဖျင်စစ်၏ လေးနက်သောအသံက ဖုန်းတစ်ဖက်မှ ထွက်လာခဲ့သည်။

"ရှင်းဝမ်လား..."


ကျန်းဖျင်စစ်လည်း ယွဲ့ရှင်းဝမ်၏ဖုန်းနံပါတ်ကို မှတ်မိနေခဲ့ပြီး ခေါ်ဆိုသူ ID ကိုတွေ့သောအခါ ရှင်းဝမ်ဟု သူထင်ခဲ့သည်။


ယွဲ့ရှင်းဝမ်က သက်ပြင်းတစ်ချက်ချကာ ပြုံးလိုက်သည်။

"ဖုန်းနံပါတ်မပြောင်းသေးဘူးပဲ... ဖျင်စစ်က ရဲတစ်ယောက်ဖြစ်နေတုန်းပဲလား..."


ကျန်းဖျင်စစ်က ခေါင်းခါပြီး ပြန်ဖြေသည်။

"မဟုတ်ဘူး... ဒီတစ်ခေါက်တော့ ရဲတပ်ဖွဲ့မှာ ငါတို့အဖွဲ့ဝင်တစ်ယောက်မှ ရှိမှာမဟုတ်လောက်ဘူး... ငါ၊ ခယ်ရှောင်ပင်းနဲ့ ချင်မြောင်တို့က ‌တစ်ကျောင်းတည်းမှာပဲ... ငါတို့ရဲ့အထောက်အထားက တက္ကသိုလ်ကျောင်းသားတွေပဲ..."


ရဲတပ်ဖွဲ့မှာ တစ်ယောက်မှ မရှိတာ ပုံမှန်ပါပဲ။ မဟုတ်ပါက ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးရေး တိုးတက်မှုကို အချိန်မရွေး ထိန်းချုပ်နိုင်သည်။ တရားလိုရှေ့နေသည် အမှုသည်အား ရည်ရွယ်ချက်ရှိရှိ လူသတ်မှုဖြင့် တရားစွဲခဲ့ပြီး သူတို့သည် ရဲစခန်းမှာ သက်သေများကိုသိထားရင် ချေပဖို့ ပိုလွယ်ကူလိမ့်မည်။


ထို့ကြောင့် ကျန်းဖျင်စစ်တို့သုံးဦးကို တက္ကသိုလ်ကျောင်းသားအဖြစ် ကျောင်းသို့ ပြောင်းရွှေ့ခဲ့သည်။


ဒီတစ်ခေါက်ကိစ္စက ကျောင်းနဲ့ဆက်စပ်နေပုံရတယ်...


#TK