Volume 5 : ဇီဝသိပ္ပံဌာန
Chapter 90 (မျိုးရိုးဗီဇသန္ဓေပြောင်းလဲခြင်း ၀၈)
အိုးထဲမှ နှင်းစွံပလွံသီးယာဂုထွက်လာတော့ ယွဲ့ရှင်းဝမ်က ခွက်နှစ်ခွက်ကို ထည့်ပြီး တစ်ဖက်သို့လှည့်ကာ ပရော်ဖက်ဆာထန်ဆီလာပြီး ယာဂုအပြည့်ပါသော လက်ခံပုလင်းကို ပေးလိုက်သည်။
"ပရော်ဖက်ဆာထန် ဗိုက်ဆာနေပြီမလား? အရင်ဆုံး စားလိုက်ဦး…"
ပရော်ဖက်ဆာထန်က သူ၏မျက်နှာပေါ်က ရှုပ်ထွေးသောအမူအရာဖြင့် ‘ပန်းကန်လုံးနှင့် တူ’ကို ယူလိုက်သည်။ သူ့အနားရှိလူတိုင်းက ခေါင်းမြှုပ်ပြီး စားနေကြတာကိုမြင်တော့ သူလည်း ခေါင်းငုံ့ပြီး တိတ်တိတ်လေး စားနေလိုက်သည်။
ပြောစရာမလိုအောင် သည်ယာဂုက အလွန်အရသာရှိသည်။ စွံပလွံသီးနှင့် နှင်းသီးကို ပြုတ်၍ ဆန်မည်းနှင့်တွဲကာ ကျောက်သကြားတချို့ကို ထည့်လိုက်တာက ပါးစပ်ထဲမှာ နူးညံ့ပြီး မွှေးပျံ့နေသည်။ ဇွန်းမရှိတာကြောင့် ယာဂုသောက်ရတာ အဆင်မပြေပေမယ့် နွယ်ပင်များနဲ့လုပ်ထားသည့် တူချောင်းတွေဖြင့် ယာဂုကို ပါးစပ်ထဲသို့ ထည့်နိုင်လေသည်။
ပရော်ဖက်ဆာထန်သည် သူ၏တူကို ကောက်ယူလိုက်ပြီး ကြီးမားသောစွံပလွံသီးကို ပါးစပ်ထဲသို့ ထည့်ဝါးလိုက်သည်။ အရင်က သေတ္တာထဲမှာ ပုန်းပြီး သုံးရက်ကြာအောင် ဆာလောင်နေခဲ့ကာ ပူပူနွေးနွေး ယာဂုကို အနည်းငယ်သောက်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်တွေဟာ ချက်ချင်းဆိုသလို ပြန်လည်နုပျိုလာသည်ဟု ခံစားခဲ့ရသည်။
ပရော်ဖက်ဆာထန်သည် အရှိန်မြင့်၍ မျိုချလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ယာဂုပန်းကန်ကို အပြီးသတ်လိုက်သည်။ သူက နှုတ်ခမ်းသပ်ကာ ယွဲ့ရှင်းဝမ်ကိုကြည့်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။
"နောက်–နောက်ထပ်ရှိသေးလား?"
ယွဲ့ရှင်းဝမ်က ပြန်ဖြေသည်။
"စိတ်မပူပါနဲ့၊ ဗိုက်ဝအောင် စားလို့ရပါတယ်…"
ပရော်ဖက်ဆာထန်၏လက်ထဲက လက်ခံပုလင်းကိုယူကာ ပန်းကန်လုံးအပြည့်ဖြင့် ပေးလိုက်သည်။ ပရော်ဖက်ဆာထန်သည် အလျင်အမြန်သောက်ပြီးသည်နှင့် ယွဲ့ရှင်းဝမ်ကို ပြန်ကြည့်လာသည်။
ယွဲ့ရှင်းဝမ်က ပြုံးလိုက်သည်။
"တတိယတစ်ခွက် လိုချင်သေးတာလား?"
ပရော်ဖက်ဆာထန်က သူ့မျက်မှန်ကို ပင့်တင်ပြီး ပြောသည်။
"ငါ ဘာမှမစားရတာ သုံးရက်ရှိပြီ…"
ရှင်းယန်က ယာဂုကို လူတိုင်း အနည်းဆုံး ပန်းကန်နှစ်လုံး သောက်နိုင်လောက်သည်အထိ ချက်ပြုတ်ထားသည်။ သနားစရာကောင်းသော ပရော်ဖက်ဆာထန်ကို မြင်တော့ ယွဲ့ရှင်းဝမ်က သူ့ကို ယုံကြည်မှုအပြည့်နဲ့စားဖို့ တတိယပန်းကန်ကို ပေးလိုက်သည်။
ပရော်ဖက်ဆာထန်သည် နောက်ဆုံးတွင် ဗိုက်ပြည့်သွားပြီး လေတက်ကာ ယွဲ့ရှင်းဝမ်ကို ကြည့်ပြီး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်…"
"ရပါတယ်၊ ငါတို့မှာ ကောက်ပဲသီးနှံတွေ အလုံအလောက်ရှိပြီး နေ့တိုင်း ယာဂု အမျိုးမျိုး သောက်လို့ရတယ်…"
ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ဆိုသည်။
"ကျွန်တော် ခင်ဗျားကို အဆာမခံခိုင်းပါဘူး…"
ပရော်ဖက်ဆာထန်က ရှုပ်ထွေးနေပုံရပြီး ဘာမှပြန်မပြောပေ။
ယွဲ့ရှင်းဝမ်က ရှင်းယန်ဘက်လှည့်ကာ မေးလိုက်သည်။
"ဒီပန်းကန်လုံးတွေနဲ့ တူတွေကို ငါတို့ဘယ်လိုလုပ်ကြမလဲ?"
ရှင်းယန်က ပြောသည်။
"ခွက်တွေကို ဆေးကြောဖို့ ငါလုပ်ထားတဲ့ ပေါင်းခံရေကို သုံးပြီး သိမ်းထားလိုက်… နောက်တစ်ခါ စားမယ်ဆိုရင် ထပ်ပြီးလုပ်စရာမလိုတော့ဘူး… အချိန်ကုန်သက်သာတယ်…"
အားလုံးက ပန်းကန်ဆေးဖို့ တန်းစီပြီး ဘေးကိုသွားကြသည်။
ရှင်းယန်သည် အခြားပေါင်းခံကိရိယာ၏ အရည်ဖွဲ့ပြွန်၏ အပေါက်ကို ဖွင့်လိုက်သည်။ လူတိုင်းက ပန်းကန်ဆေးရန်အတွက် ရေကို အမြန်စုဆောင်းကြပြီး ကျန်ရေများကို ရေဘူးအလွတ်များတွင် စုဆောင်းကြသည်။ ကျိုဖုန်းနှင့် ရွှီယိရှန်းတို့သည် ဓာတ်ဆီအတွက် စုဆောင်းထားသော စည်ပိုင်းအလွတ်အနည်းငယ်ကို ယူဆောင်လာကာ ကားပေါ်တွင် မြစ်ရေအပြည့်ပါသည့် ပုံးငါးပုံးကို ဖြည့်ပေးကြသည်။ နောက်ပိုင်းတွင် ရေမလုံလောက်သောအခါ ရှင်းယန်အား ရေငတ်ပြေစေရန် ပေါင်းခံရေကို ပြုလုပ်ဖို့ တောင်းဆိုနိုင်သည်။
ပေါင်းခံရေကို အချိန်အကြာကြီး မသောက်သင့်သော်လည်း သူတို့က သူတို့အသက်အတွက် ပြေးလွှားနေရတာဖြစ်ပြီး အခြေအနေများက ကန့်သတ်ချက်ရှိကာ အလွန်စည်းကမ်းလိုက်နာနေစရာမလိုအပ်ပေ။
အချိန်က ည 12 နာရီခွဲကို ညွှန်ပြပြီး ညစာစားတာက နာရီဝက်ခန့်သာ ကြာသည်။ ယွဲ့ရှင်းဝမ်က ပြောလာသည်။
"အားလုံး နောက်ထပ် 5 မိနစ်လောက်အချိန်ပေးပြီး ခြေလက်မျက်နှာဆေးကြောကြ၊ အိမ်သာသွားချင်တဲ့သူတွေက တောအုပ်ထဲကိုသွားကြ၊ ငါတို့ ဒီမှာ အကြာကြီးနေလို့မရဘူး…"
ပရော်ဖက်ဆာထန်: "ငါလည်း အိမ်သာသွားချင်တယ်…"
ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ပြောသည်။
"ကျွန်တော် ခင်ဗျားနဲ့ လိုက်ခဲ့မယ်…"
ပရော်ဖက်ဆာထန်က ထွက်ပြေးမှာကို စိုးရိမ်သည့်အတွက် သူ့နောက်ကို လိုက်လာပြီး တစ်ဖက်လူကို စိုက်ကြည့်နေခဲ့သည်။ သို့သော် ပရော်ဖက်ဆာထန်သည် ထွက်ပြေးရန် ရည်ရွယ်ချက်မရှိဘဲ တောအုပ်ထဲသွားပြီးနောက် ရိုးရိုးသားသား ပြန်လာခဲ့သည်။
အဖွဲ့ဝင်တွေက တစ်ယောက်ပြီး တစ်ယောက် ကားပေါ်တက်လာကြသည်။ ကျန်းဖျင်စစ်သည် ယာဉ်မောင်းထိုင်ခုံဆီသို့ လျှောက်သွားရန် အစပြုကာ ပြောလိုက်သည်။
"စီနီယာအစ်ကိုက နာရီတော်တော်ကြာအောင် ကားမောင်းခဲ့ပြီးပြီပဲ၊ ခဏအနားလိုက်ပါ… ငါဆက်မောင်းလိုက်မယ်…"
ရွှီယိရှန်းသည် 6 နာရီဆက်တိုက် ကားမောင်းခဲ့သည်။ လမ်းတစ်လျှောက် သူ၏စိတ်က တင်းမာနေပြီး သူ့လက်ဖဝါးတွေက အေးစက်နေသည့် ချွေးတွေအပြည့်နဲ့ သူတကယ်ကို ပင်ပန်းနေလေပြီ။ ဒါကိုကြားတော့ သူက ပြုံးလိုက်ပြီး သူ့နဖူးရှေ့က ဆံပင်ကောက်ကောက်လေးကို ပွတ်သပ်ကာ ပြောသည်။
"ကောင်းပြီ၊ ငါခဏအိပ်လိုက်မယ်… ညသန်းခေါင်မှာ မင်းငါ့ကို ခေါ်လိုက်လို့ရတယ်…"
ကျိုဖုန်းက မေးသည်။
"ဂျူနီယာညီလေးက တစ်ယောက်တည်း မောင်းလို့ဖြစ်ပါ့မလား? လမ်းမြင်ရအောင် ငါကူညီပေးရမလား?"
ကျန်းဖျင်စစ်က ကားကို အေးဆေးတည်ငြိမ်စွာနဲ့ စတင်လိုက်ပြီး ဂီယာနင်းကာ ပြောသည်။
"မလိုဘူး… အားလုံး အနားယူကြပါ… ဒီလမ်းမှာ အခြားကားတွေမရှိတာဘူး၊ ဒီတော့ ကျွန်တော် အပေါ်မီးတွေဖွင့်ပြီး ရှောင်ထူကို ထောက်လှမ်းခိုင်းလိုက်မယ်…"
ခယ်ရှောင်ပင်းက စက်ရုပ်ကို အလျင်အမြန် ဆင့်ခေါ်လိုက်သည်။
"ငါ ရှောင်ထူကို အားပြန်သွင်းထားပြီဖြစ်တာကြောင့် 10 နာရီ ဆက်တိုက် အလုပ်လုပ်နိုင်တယ်…"
ယွဲ့ရှင်းဝမ်က လျှောက်လာရင်း ယာဉ်မောင်းထိုင်ခုံနဲ့ အနီးဆုံး ထိုင်ခုံမှာ ထိုင်ပြီး တစ်ဖက်သို့လှည့်ကာ ပြောလိုက်သည်။
"အားလုံး ခဏလောက် အိပ်ကြ… ငါ ဖျင်စစ်နဲ့အတူ နေလိုက်မယ်… မနက် 5 နာရီလောက်မှ နောက်ယာဉ်မောင်းတစ်ယောက်ကို နှိုးလိုက်မယ်…"
ကျန်းဖျင်စစ်နှင့်အတူ ယွဲ့ရှင်းဝမ်ပါ နေမည်ဆိုသောကြောင့် လူတိုင်း စိတ်သက်သာရာရသွားသည်။
လန်ယာရုန်က ပြုံးကာ ပြောသည်။
"နင်တို့ အလုပ်ကြိုစားတဲ့အတွက် ကျေးဇူးတင်ပါတယ်… ငါတို့ကတော့ အားပြန်ဖြည့်ဖို့ ခဏလောက် အရင်အိပ်လိုက်ဦးမယ်…"
ဘတ်စ်ကားအတွင်းပိုင်းသည် အလွန်ကျယ်ဝန်းပြီး ထိုင်ခုံများ အများအပြားရှိသည်။ အိပ်စက်ရာတွင် အဆင်ပြေစေရန်အတွက် လူတစ်ဦးစီသည် ဘေးချင်းကပ် ထိုင်ခုံနှစ်ခုကို နေရာယူထားသည်။ တချို့လူတွေက ပြတင်းပေါက်မှာ ခေါင်းမှီပြီး အိပ်ကြကာ တချို့ကတော့ ကျောချပြီး အိပ်ကြသည်။ စီနီယာအစ်ကိုရွှီယိရှန်းသည် ထိုင်ခုံ၏နောက်ဆုံးတန်းတွင် ထိုင်ပြီး ခြေထောက်နှစ်ချောင်းကိုထပ်လျက် အိပ်နေသည်။ ပရော်ဖက်ဆာထန်ကို ဘတ်စ်ကားဒုတိယပိုင်း၌ လူတိုင်းဝိုင်းရံထားပြီး သူ၏မျက်လုံးကိုမှိတ်ကာ အနားယူနေတော့သည်။
သည်နေ့တစ်နေ့လုံး မောပန်းနွမ်းနယ်နေပြီး ကားဆောင့်တာတွေက ယိမ်းနွဲ့နေသည့် လှေနဲ့တူသည်။ အိပ်မွေ့ချသည့် အကျိုးသက်ရောက်မှုက ပထမအဆင့်ဖြစ်ပြီး မကြာခင်မှာဘဲ အားလုံး အိပ်ပျော်သွားကြကာ ကားထဲမှာ အသက်ရှူသံ အနည်းငယ်သာ ရှိတော့သည်။
ယွဲ့ရှင်းဝမ်က သူ့အဖွဲ့ဝင်တွေကို ပြန်ကြည့်လိုက်ပြီး သူ့စိတ်တွေက တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ဘာတွေပဲဖြစ်ဖြစ် အနီးနားက သူငယ်ချင်းများစွာနဲ့ အတူတူ တိုက်ခိုက်ရတာက အစမှာ တစ်ယောက်တည်း တိုက်ခိုက်တာထက် ပိုကောင်းပါသည်။
သူတို့အဖွဲ့၏ စွမ်းရည်တွေက နည်းနည်းတော့ ထူးဆန်းပေမယ့် လူတိုင်း၏ အကောင်းမြင်စိတ်က ယွဲ့ရှင်းဝမ်၏ စိတ်သက်သာရာရစေသည်။
ဘီစကွတ် သို့မဟုတ် နို့ကို ရှာမတွေ့သော်လည်း ယာဂုကို ချက်ချင်းပြုတ်နိုင်သည်။ ရေအလုံအလောက်မရှိသောကြောင့် မြစ်ရေကို ပေါင်းခံရေအဖြစ် တိုက်ရိုက်အသုံးပြုခဲ့သည်။ အခက်အခဲတွေ ကြုံလာသောအခါ လူတိုင်း၏ ပထမဆုံး တုံ့ပြန်မှုက ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာရန် အတူတကွ လုပ်ဆောင်ဖို့ပဲဖြစ်သည်။ အဖွဲ့၏လေထုသည် အလွန်ကောင်းမွန်ပြီး ယွဲ့ရှင်းဝမ်သည် အဖွဲ့ခေါင်းဆောင်ဖြစ်ရတာ အတော်လေးလွယ်ကူသည်။
ရှေ့လမ်းက ကွေ့ကောက်နေပြီး ကားက တောင်တွေကို ဖြတ်မောင်းနေသည်။
ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်က သူ့ဘေးတွင် ငြိမ်သက်စွာထိုင်နေပြီး စကားမပြောတာကို တွေ့ရသဖြင့် အသံကိုလျှော့ကာ အချင်းချင်းကြားနိုင်သော အသံဖြင့်သာပြောသည်။
"မင်းသွားအိပ်လို့ရပါတယ်… ငါတစ်ယောက်တည်း ရှောင်ထူနဲ့ ကားမောင်းလို့ရတယ်…"
ယွဲ့ရှင်းဝမ်က တိုးတိုးပြောသည်။
"ရပါတယ်၊ ငါပြိုင်ပွဲဝင်တုန်းကဆို နောက်ကျမှအိပ်လေ့ရှိတယ်… ဒါ့အပြင် ညသန်းခေါင်ကြီး မင်းတစ်ယောက်တည်း ကားမောင်းလို့ တစ်ခုခုဖြစ်ရင် ဆွေးနွေးစရာ ဘယ်သူမှမရှိဘူးလေ… ငါက မင်းဘေးမှာရှိနေတာကြောင့် မင်း ကားမောင်းရတာ ပင်ပန်းလာတဲ့အခါ မင်းကို ငါသတိပေးလို့ရတာပေါ့…"
ကျန်းဖျင်စစ်၏နှုတ်ခမ်းထောင့်များက အနည်းငယ် မြှောက်သွားသည်။
"ကောင်းပြီ…"
ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်က သူ့ဘေးမှာရှိချင်သည့်အတွက် အမှန်တကယ် ပျော်ရွှင်ရသည်။ အရင်က သူသည် ဘတ်စ်ကားမမောင်းဖူးသလို အကွေ့အကောက်တွေများသည့် တောင်ပေါ်လမ်းမှာ ကားမောင်းရသည့် အတွေ့အကြုံက ပိုလို့တောင် နည်းပါသည်။ သူ့ဘေးမှာ ရှင်းဝမ်ရှိနေတာကြောင့် သူ့စိတ်ခံစားချက်များ လျင်မြန်စွာ ငြိမ်သက်သွားပြီး စတီယာရင်ဘီးကို ကိုင်ထားသည့် လက်ချောင်းများက တင်းမာခြင်းမရှိပေ။ သူ၏အခြေအနေက အများကြီး ပြေလျှော့သွားသည်။
ကျန်းဖျင်စစ်က အသံတိုးတိုးဖြင့် မေးသည်။
"ဒီတာဝန်က အရင်ကထက် အများကြီး ပိုခက်တယ်…"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။
"ဟုတ်တယ်၊ အရင်တုန်းက အပိုမေးခွန်းတွေက ဖြေရှင်းရတာတွေ၊ ရှာရတာတွေပဲရှိပြီး အခုတစ်ကြိမ်မှာတော့ ပရော်ဖက်ဆာထန်က ထိန်းချုပ်ရခက်တဲ့ ကိုယ်ပိုင်အတွေးအမြင်တွေနဲ့ သက်ရှိလူဖြစ်တယ်… အစကလည်း သူ ငါ့ကို တမင်ချစ်ပ်ပြားအတုပေးပြီး ငါတို့တွေ သေတော့မလို့… သူက အရမ်းသတိကြီးပြီး အခုထိ ငါတို့ကို လုံးဝမယုံကြည်သေးဘူး…"
ကျန်းဖျင်စစ်: "သူက ငါတို့ချက်ပြုတ်တာကိုကြည့်ပြီး အရမ်းအံ့ဩနေခဲ့တယ်… ဒါပေမယ့် သူဘာမှမပြောဘူး… ဒီလူက ငါတို့ထင်ထားတာထက် ပိုဉာဏ်ကောင်းပြီး သတိကြီးတာကြောင့် သူက ရုတ်တရက် ထွက်မပြေးအောင် တားဆီးဖို့ သူ့ဘေးနားမှာ စောင့်ကြည့်နေဖို့ လိုတယ်…"
နှစ်ယောက်သား တိုးတိုးလေးပြောနေကြပေမယ့် ဘတ်စ်ကားနောက်တန်းမှာ ထိုင်နေသော ပရော်ဖက်ဆာထန်၏ မျက်တောင်တွေက မသိမသာ လှုပ်ခါသွားတာကို သတိမထားမိလိုက်ပေ။
သည်နေ့မှာတော့ ယွဲ့ရှင်းဝမ်လို့ အမည်ရသည့် သည်လူငယ်က သူ့ကို ယာဂုသုံးပန်းကန် သောက်ခိုင်းခဲ့သည်။ သူသည် မွှေးကြိုင်သော နှင်းစွံပလွံသီးယာဂုကို သောက်ကာ ယွဲ့ရှင်းဝမ်၏ ပြုံးနေသော မျက်နှာကို ကြည့်လိုက်ရာ သူသည် အသတ်မခံရမီတွင် အစောင့်များက အကျဉ်းသားကို ကျွေးမွေးသော ခံစားချက်မျိုးရခဲ့သည်။ “စားလိုက်၊ ဒါမှ မင်းရဲ့ဘဝခရီးကို ဖြတ်သန်းလို့ရမှာ”
သူက ဗိုက်ပြည့်နေသည်။
သည်တော့ ဤလူအုပ်စုက သူ့ကို သူ့ဘဝခရီးလမ်းဆီ ခေါ်သွားမလို့များလား?
သူတို့က သူ့ကို ဘယ်ခေါ်သွားမလို့လဲ? သန္ဓေပြောင်းတွေက သိပ္ပံပညာနဲ့ ရှင်းပြ၍မရသော သဘာဝလွန်စွမ်းအားတွေရလာပြီး ဆင့်ကဲပြောင်းလာတာများလား?
ရှင်းယန်လို့ခေါ်သည့် ကောင်လေးက ရောဂါရှိသလိုမျိုး ဖြူဖပ်နေပြီး သူက မျိုးရိုးဗီဇပြုပြင်ပြောင်းလဲခံထားရပုံပေါ်သည်။ သူ့မျက်လုံးတွေကလည်း အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ အေးစက်နေပြီး သူ့ကိုကြည့်သောအခါတွင် ကျောရိုးများကို အေးစက်သွားစေသည်။ သူက လေထဲကနေ ပေါင်းခံပုလင်းများနှင့် အရက်မီးခွက်ကိုလည်း ထုတ်ယူနိုင်သည်…
ရှည်လျားဖြောင့်စင်းသော အနက်ရောင်ဆံပင်ရှိသည့် လင်းမန့်လော်သည် သူမ၏လက်ဖဝါးထဲကနေ အစိမ်းရောင်နွယ်ပင်ရှည်တစ်ပင်ကို ထုတ်နိုင်သည်။ သည်လူတွေက လူသားအသွင်ပြောင်းသည့် စမ်းသပ်မှုတွေ လုပ်သောအခါ အပင်မျိုးဗီဇကိုလည်း ထည့်သွင်းခဲ့တာလား?
ကျန်းဖျင်စစ်ဟုခေါ်သော ဤလူသည် အိပ်ခေါင်မိုးပေါ်မှ လူတွေကို ပျံသန်းအောင် ပြုလုပ်နိုင်သည်။ သူ၏မျိုးရိုးဗီဇထဲ ဘာထည့်ထားသလဲ မသိပေ။ ပျံသန်းနိုင်သော တစ်ခုတည်းသောမျိုးစိတ်မှာ ငှက်များဖြစ်သောကြောင့် ကျန်းဖျင်စစ်သည် လင်းယုန်လား? သိမ်းငှက်လား?
ပရော်ဖက်ဆာထန်က စိတ်ရှုပ်ထွေးနေသည်။
သူသည် ကျားတွင်းမှ လွတ်မြောက်ပြီး ဝံပုလွေတွင်းသို့ ထပ်မံဝင်ရောက်ခဲ့မိကြောင်း အမြဲလိုလို ခံစားခဲ့ရသည်။
ထို့အပြင် သူ့ရှေ့ရှိ “အဆင့်မြင့်သော သန္ဓေပြောင်းလူ” များသည် သူသိထားသည့် သန္ဓေပြောင်းများထက် ပို၍ကြောက်စရာကောင်းသည်။
သန္ဓေပြောင်းများသည် ပြုပြင်မွမ်းမံပြီး ကြံ့ခိုင်ရုံသာဖြစ်သည်။ သူတို့၏ အားသာချက်ကတော့ ဘယ်ကရမှန်း မသိသော သေနတ်နဲ့ ကျည်ဆံများဖြစ်ပြီး သို့ပေမယ့် သူ့အရှေ့က သည်လူတွေဟာ သိပ္ပံနည်းကျ ရှင်းပြလို့မရနိုင်သည့် ထူးဆန်းသော စွမ်းရည်တွေ အများကြီးရှိပါသည်။
ပရော်ဖက်ဆာထန်သည် သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး ဤအချိန်သည် ကံကောင်းတာထက် ပိုဆိုးသည်ဟု အမြဲခံစားရသည်။
သူလွတ်မြောက်နိုင်ပါ့မလား။
ကျန်းဖျင်စစ်သည် အကွေ့အကောက်များသော တောင်ပေါ်လမ်းကိုဖြတ်၍ သူ့ကားကို သတိထားပြီး မောင်းနှင်ခဲ့သည်။
ရှေ့ကလမ်းသည် အရင်ကထက် ပိုကျယ်ပြီး လမ်းခွဲတစ်ခုရှိသည်။ ရှေ့မီးများသည် လမ်း၏ညာဘက်ခြမ်းရှိ လမ်းဆိုင်းဘုတ်ကို လင်းစေသည်။ အပြာရောင်နောက်ခံဖြင့် လမ်းဆိုင်းဘုတ်ကို အဖြူရောင်စာလုံး “←ဟေးဟော်မြို့” နှင့် “→ချင်းရွှေမြို့” ဖြင့် မှတ်သားထားသည်။
အပေါ်မီးသည် အရှေ့မီတာ ဒါဇင်နှင့်ချီသော အကွာအဝေးကို အလင်းပေးနိုင်သည်။ ပြတင်းပေါက်မှန်မှတစ်ဆင့် ယွဲ့ရှင်းဝမ်သည် ဘယ်ညာရှေ့ရှိ မြို့ငယ်လေးကို ယောင်ဝါးဝါးမြင်နိုင်ပြီး အဆောက်အဦးအနိမ့်များကို လမ်းဘေးတွင် သေသေသပ်သပ်စီရီထားသည်။
မနက် 3:30 ပင်ရှိနေပြီဖြစ်၍ ရံဖန်ရံခါ ခွေးဟောင်သံမှလွဲ၍ မြို့တစ်ဝိုက်တွင် ဘယ်လူမှမရှိပုံရသည်။ လမ်းမပေါ်တွင် အလောင်းများနှင့် သွေးများလည်း မတွေ့ရပေ။ လက်ရှိတွင် အဆိုပါမြို့နှစ်မြို့သည် လုံခြုံနေပြီး သန္ဓေပြောင်းများ၏ အင်အားသည် ဤနေရာတွင် မချဲ့ထွင်သေးပေ။
ကျန်းဖျင်စစ်သည် ကားကို လမ်းခွဆုံမှာ ရပ်လိုက်ပြီး မေးသည်။
"ဘယ်လမ်းသွားရမလဲ?"
ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ကာ ပြောသည်။
"ဒီလမ်းကို ငါမကျွမ်းဘူး… ဒေသခံတစ်ယောက်ကို မေးကြည့်မလား?"
ကံမကောင်းစွာပဲ ညသန်းခေါင်ကြီးဖြစ်၍ အနီးနားမှာ လူတစ်ယောက်မှ မရှိဘဲ သူတို့က ဒေသခံတွေ၏အိမ်ကိုသွား၍ တံခါးခေါက်ကာ နှိုးရမည်။
ထိုအချိန်တွင် ပရော်ဖက်ဆာထန်သည် ရုတ်တရက် မျက်လုံးဖွင့်လာပြီး စိတ်ရှုပ်စွာ မေးသည်။
"ဘာလို့ရပ်လိုက်တာလဲ?"
ယွဲ့ရှင်းဝမ်သည် ကားရှိ နောက်ကြည့်မှန်မှ ဤမြင်ကွင်းကို မြင်လိုက်ရပြီး ပြောသည်။
"ပရော်ဖက်ဆာထန်၊ F မြို့ကိုသွားမယ့် လမ်းကြောင်းကို သိလား? ဘယ်ဘက်က ဟေးဟော်မြို့နဲ့ ညာဘက်က ချင်းရွှေမြို့၊ ဘယ်လမ်းကို သွားရမှာလဲ?"
ပရော်ဖက်ဆာထန်က သေသေချာချာ စဉ်းစားပြီး ပြောလိုက်သည်။
"ညာဘက်ဖြစ်လောက်တယ်… F မြို့က C မြို့ရဲ့ မြောက်ဘက်မှာရှိတယ်… ငါတို့ရဲ့ လက်ရှိဦးတည်ချက်က အရှေ့ဘက်ပဲ… ငါတို့ ညာဘက်ကိုကွေ့လိုက်ရင် မြောက်ဘက်ကို ရောက်လိမ့်မယ်…"
ယွဲ့ရှင်းဝမ်သည် ကောင်းကင်တွင် တောက်ပနေသော မြောက်ကြယ်ကို မော့ကြည့်လိုက်သည်။
ပရော်ဖက်ဆာထန်ပြောတာ မှန်သည်။ ညာဘက်က မြောက်ဘက်ဖြစ်ပြီး F မြို့က မြောက်ဘက်တွင် တည်ရှိသည်။
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြောလိုက်သည်။
"ညာဘက်ကိုကွေ့ပြီး ချင်းရွှေမြို့သွားတဲ့လမ်းကို သွားမယ်…"
ကျန်းဖျင်စစ်သည် ယာဉ်ကို နောက်တစ်ကြိမ် စတင်ပြီး လမ်းခွဲတွင် ညာဘက်သို့ လှည့်ခဲ့သည်။
ပရော်ဖက်ဆာထန်သည် မျက်လုံးမှိတ်ကာ အိပ်ပျော်နေပုံရသည်။
ယွဲ့ရှင်းဝမ်သည် သူအေးချမ်းစွာအိပ်စက်နေသည့်ပုံစံကို ပြန်ကြည့်ကာ ပရော်ဖက်ဆာထန်သည် ယနေ့တွင် အနည်းငယ်ထူးဆန်းသည်ဟု အမြဲခံစားရသည်—— လူတိုင်း ယာဂုလုပ်ရန် စွမ်းရည်အမျိုးမျိုးကို အသုံးပြုကြတာကို သူ့မျက်လုံးဖြင့် မြင်လိုက်ရသည်။ လူတိုင်း၏ အထောက်အထားကို သူသံသယရှိမည်မဟုတ်ဘူးလား?
သာမာန်လူတွေ၏ အတွေးအမြင်အရ ထူးဆန်းသော စွမ်းရည်များစွာကို ရုတ်တရက်တွေ့လိုက်ရတော့ သူတို့ဟာ အသွင်ပြောင်းထားသည့် သန္ဓေပြောင်းလို့ ထင်သွားပြီး ကြောက်လန့်ကာ သူ့ကိုပြန်ပေးဆွဲ၍ ခန္ဓာကိုယ်ထဲက ချစ်ပ်ပြားကို ထုတ်ယူချင်နေကြောင်း ခံစားမိလိမ့်မည်။
ပရော်ဖက်ဆာထန်သည် ဤလူအုပ်စုက သူ့ကိုကယ်တင်ရန် ရောက်လာသည်ဟု တိုက်ရိုက်ယုံကြည်ရန် မဖြစ်နိုင်ပေ။
ယွဲ့ရှင်းဝမ်က သူ့မေးစေ့ကို ထိပြီး သေချာစဉ်းစားလိုက်သည်။ ရှောင်ထူ၏ ရေဒါစောင့်ကြည့်ရေးတွင် ပြသထားသည့် လမ်းကြောင်းကို ကြည့်လိုက်ရာ နောက်တစ်လမ်းက စက်ဝိုင်းပုံဖြစ်နေကြောင်း တွေ့ရှိရသည်။ အကွေ့အကောက်က အတော်လေးသေးငယ်သော်လည်း လမ်းကြောင်းသည် မြောက်ဘက်ကိုမဟုတ်ကြောင်း မြင်နိုင်သည်။
သူက ကျန်းဖျင်စစ်ကို တစ်ချက်ကြည့်လိုက်ပြီး သုတေသနအဖွဲ့၏ chat channel တွင် ပြောလိုက်သည်။
"ပရော်ဖက်ဆာထန်က ငါတို့ကို လမ်းကြောင်းအမှားပြောခဲ့တယ်… သူက ငါတို့ကို မြောက်ဘက်ဆိုပြီး လှည့်စားခဲ့တာပဲ…"
သူတို့ကားသည် အရှေ့မှလာ၍ တောင်နှင့်မြောက် လမ်းခွဲနှစ်ခုတွင် ဆုံသည်။ F မြို့သည် C မြို့၏မြောက်ဘက်တွင်ရှိကြောင်းသိရသဖြင့် မြောက်ဘက်ရှိ ချင်းရွှေမြို့သို့သွားသောလမ်းက မှန်ကန်သည်ဟု ပရော်ဖက်ဆာထန်မှပြောကြားခဲ့သည်။ သို့သော် နောက်လမ်းသည် မြောက်ဘက်သို့သွားသော အဝိုင်းပုံသဏ္ဌာန်လမ်းဖြစ်သောကြောင့် မြောက်ဘက်သို့သွားသောလမ်းမဟုတ်ပေ။
တောင်ဘက်ကိုဦးတည်ကာ လမ်းကြောင်းအမှန်ကိုမသွားမီ လမ်းကွေ့ရသည်။
ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်ကို ပြတ်သားသော အကြည့်ပေးကာ လမ်းကို တိတ်တဆိတ် လှည့်လိုက်သည်။
အိပ်ပျော်ဟန်ဆောင်သော ပရော်ဖက်ဆာထန်သည် ဒါကို သတိပြုမိပြီး သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
ထို့အပြင် သူနဲ့တွေ့သည့်လူအုပ်စုက အလွန်အစွမ်းထက်ရုံသာမက ဉာဏ်လည်းအလွန်ကောင်းသည်။ သည်တစ်ခါတော့ သူတကယ် ရုန်းမထွက်နိုင်တော့ပေ။
သူ့ကို အလောင်းခွဲစိတ်ဖို့ ခေါ်သွားတာလား?
#TK